ရုရှားက စေ့စပ်ညှိနှိုင်းမှုအဖွဲ့ စတင်ဖွဲ့စည်း

News Image

  • ရုရှားက စေ့စပ်ညှိနှိုင်းမှုအဖွဲ့ စတင်ဖွဲ့စည်း

ရုရှားသည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် အဖွဲ့တစ်ဖွဲ့ စတင် ဖွဲ့စည်းလိုက်ပြီး ထိုအဖွဲ့အနေဖြင့် ယူကရိန်းအခြေအနေကိုပါ ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒိမ်ထရီ ပက်စကိုဗ် က သတင်းထောက်များကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်ပါသည်။

စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို မည်သူဦးဆောင်မည်ကို သမ္မတပူတင်က ဆုံးဖြတ်ပြီးပါက ဆက်လက် အသိပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားထားပါသည်။

မကြာသေးမီက သမ္မတ ဒေါ်နယ်ထရမ့်က မော်စကိုနှင့် ဝါရှင်တန် တို့သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် ဆွေးနွေးပွဲများကို ချက်ချင်း စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဖက်မှ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို၊ CIA ဒါရိုက်တာ ဂျွန် ရက်ကလစ်ဖ်၊ အမျိုးသားလုံခြုံရေး အကြံပေး မိုက်ကယ် ဝေါ့ဇ်နှင့် အထူးသံတမန် စတီဗ် ဝစ်ကော့ဖ်တို့ကို ဆွေးနွေးပွဲများ ဦးဆောင်ရန် ထရမ့်က တာဝန် ပေးအပ်ထားသည်။

ကိုးကား-  ကရင်မလင်