လူမှုဖူလုံရေးဥပဒေတွင် အလုပ်ရှင်၊ အလုပ်သမားက ရရှိလစာပေါ်မူတည်၍ လစာ၏ ရာခိုင်နှုန်းအတိုင်း ထည့်ဝင်နေရပါတယ်။ အလုပ်ရှင်ကလစာလျော့၍ သူထည့်ဝင်ရမည့် လစာကိုထည့်နေသော်လည်း အလုပ်သမားကလည်း သူ့သဘောတူညီချက်နှင့်အညီ လစာကို လျော့ပြ၍ ထည့်ဝင်နေခြင်းဖြစ်ပါတယ်။ တစ်ခုခုထိခိုက်မှုရှိမှသာ အလုပ်သမား က သူ့လစာ ဒီလောက်မကရ နေပါတယ်ဟု တိုင်ကြားလာပါက မျှတမှု ရှိ/မရှိ သိရှိလိုပါ ကြောင်း။

လူမှုဖူလုံရေးကို လစဉ်ထည့်ဝင်ကြေး ပေးသွင်းရမည့် တာဝန်သည်အလုပ်ရှင်၏ တာဝန် ဖြစ်ပါတယ်။ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၇နှင့် ၅၀ ၊ နည်းဥပဒေ ၅၄ နှင့် ၅၇ တို့အရ အလုပ်ရှင်သည် လူမှုဖူလုံရေးအဖွဲ့သို့ ပေးသွင်းရမည့်ထည့်ဝင်ကြေးများကို အလုပ်သမား၏ လုပ်ခလစာမှ ဖြတ်တောက်၍ လူမှုဖူလုံရေးအဖွဲ့သို့ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့မှ ဖွင့်လှစ် ထားသော ဘဏ်စာရင်းသို့ ဖြစ်စေ လစဉ်ပေးသွင်းရန်တာဝန်ရှိပါသည်။ အလုပ်သမားများ၏ လုပ်ခလစာ မှန်မှန်ကန်ကန်ဖြင့် ထည့်ဝင်ကြေးပေးသွင်းရန် အလုပ်ရှင်တွင် တာဝန် ရှိပါသည်။ အကယ်၍ အလုပ်သမားမှ အလုပ်ရှင်၊ အလုပ်သမားသဘောတူညီချက်ဖြင့် လုပ်ခလျော့ပြပါကလည်း ထည့်ဝင်ကြေးပေးသွင်းရန် တာဝန်မှ

နီပေါဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းက အိမ်ရှင်နီပေါအမျိုးသမီးအသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူး

News Image

နီပေါဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာအမျိုုးသမီးအသင်းက အိမ်ရှင်နီပေါအမျိုးသမီးအသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူး

ရန်ကုန်   ဖေဖော်ဝါရီ ၂၆

နီပေါနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် နီပေါဖိတ်ခေါ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ယနေ့မြန်မာစံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်တွင် မြန်မာအမျိုးသမီးအသင်းနှင့် နီပေါအမျိုးသမီးအသင်းတို့ကစားခဲ့ရာ မြန်မာအမျိုးသမီးအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အလုပ်သမားတစ်ဦး အလုပ်စတင်လုပ်ချိန်မှစ၍ လူမှုဖူလုံရေးငွေကြေးများကို ပုံမှန် ထည့်ဝင်နေပြီး အသက်အရွယ်ကြီးရင့်၍သော်လည်းကောင်း၊ အလုပ်ဆက်မလုပ်လို၍ သော်လည်းကောင်း အလုပ်မှထွက်ပါက မည်သည့်အကျိုးခံစားခွင့်ရရှိပါမည်နည်း။

ဥပေဒေနှင့်အညီ ထည့်ဝင်ကြေးပေးသွင်းထားသူသည် ယခင် ၁၉၅၄ လူမှုဖူလုံရေး အက်ဥပဒေနှင့် လက်ရှိကျင့်သုံးနေသော ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှစ်ရပ်ပေါင်း လပေါင်း ၁၈၀ ရှိပြီး၊ သို့မဟုတ် လက်ရှိဥပဒေမှာပဲ လပေါင်း ၁၈၀ ထည့်ဝင်ပြီး ဖြစ်တယ် ဆိုရင် ပင်စင်ယူတဲ့အခါ ထည့်ဝင်ကြေးဆက်မသွင်းလည်း သတ်မှတ်ချက်များနှင့်အညီ ဆေးကုသမှုခံယူခွင့်ရှိပါတယ်။ တကယ်လို့ ပင်စင်လစာနှင့် ထည့်ဝင်ကြေး ဆက်သွင်းမယ် ဆိုရင်လည်း ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုစနစ်ပါ အကျိုးခံစားခွင့်များကိုရရှိမှာ ဖြစ်တဲ့အပြင် ဆုံးပါးသွားခဲ့လျှင် နာရေးစရိတ်ကို ခံစားခွင့်ရှိပါတယ်။

အလုပ်ရှင်တစ်ဦးသည် ၎င်း၏ အလုပ်သမားကို လူမှုဖူလုံရေး ထည့်ဝင်ရန်အတွက် မှတ်ပုံတင်ထားခြင်းမရှိပါက လုပ်ငန်းရှင်များကို အရေးယူဆောင်ရွက်မှုများ ရှိပါသလား။ ရှိခဲ့ရင် ဆောင်ရွက်ခဲ့မှုများအား သိရှိလိုပါသည်။

အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ နယ်မြေအတွင်းမှ လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ရန် တာဝန်ရှိပါတယ်။ အလုပ်ဌာနကို မှတ်ပုံတင်တဲ့အခါ အလုပ်သမားများကိုပါ တစ်ခါတည်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံ တင်ရမှာဖြစ်ပါတယ်။ အလုပ်သမားတစ်ဦးတိုးတိုင်းလည်း မဖြစ်မနေ ၁၀ ရက် အတွင်း မှတ်ပုံတင်ဖို့လိုပါတယ်။ လူမှုဖူလုံရေးအဖွဲ့မှာမှတ်ပုံတင်ပြီးလျှင် ဥပဒေပါခံစားခွင့်ရှိရန် ဖြစ်ပေါ်သည့်အခါ လူမှုဖူလုံရေးအဖွဲ့က တာဝန်ယူမှာဖြစ်ပြီး မှတ်ပုံတင်ရမည့်ဌာန၊ မှတ်ပုံ တင်ရမည့်အလုပ်သမားကို ဥပဒေနှင့် အညီမှတ်ပုံမတင်ထားလျှင် ဥပဒေပုဒ်မ ၆၉ အရ ထည့်ဝင်ကြေးများ ပြန်လည်ပေးသွ