G20 ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အား တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိမျှော်မှန်း
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သို့ ဆက်လက်တက်ရောက်ခဲ့သည်။
ဝမ်ယိက “စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှု၊ စဉ်ဆက်မပြတ်ရှိမှု” ဟူသော ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ် အကြောင်းအရာနှင့် ပေါင်းစပ်ကာ G20 ၏ နောက်တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အပေါ် တရုတ် နိုင်ငံ၏အကြံပြုချက်အား ပြောကြားခဲ့သည်။