ဆီးရီးယားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကာတာဝန်ကြီးချုပ်နှင့် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

News Image

ဆီးရီးယားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကာတာဝန်ကြီးချုပ်နှင့် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဆီးရီးယား၏ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammed bin Abdulrahman Al Thani နှင့် ဆီးရီးယား ကြားဖြတ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး Assd al-Shibani တို့ ဖေဖော်ဝါရီ ၂၃ ရက်က ဒိုဟာမြို့၌ တွေ့ဆုံခဲ့ကြကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ရုရှားအပေါ် အကြီးမားဆုံးသော ဒဏ်ခတ်ပိတ်ဆို့မှုတစ်ရပ် ချမှတ်ရန် ဗြိတိန်စီစဉ်

News Image

ရုရှားအပေါ် အကြီးမားဆုံးသော ဒဏ်ခတ်ပိတ်ဆို့မှုတစ်ရပ် ချမှတ်ရန် ဗြိတိန်စီစဉ်

ယူကရိန်းပဋိပက္ခ ၃ နှစ်ပြည့်အကြိုအနေဖြင့် ရုရှားနိုင်ငံအပေါ် အကြီးမားဆုံးသော ဒဏ်ခတ်ပိတ်ဆို့မှုတစ်ရပ်ကို ချမှတ်လုပ်ဆောင်သွားရန် ပြင်ဆင်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က ထုတ်ဖော် ပြောကြားခဲ့ပါသည်။

ရာထူးမှနုတ်ထွက်ရန်အသင့်ရှိကြောင်း ဇီလန်စကီးပြော

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး က ယူကရိန်းနိုင်ငံကို NATO အဖွဲ့ဝင်နိုင်ငံဖြစ်ရေးကိစ္စနှင့် ပတ်သက်လျှင် မိမိ၏ရာထူးနှင့် လဲလှယ်ရန်ပင် အသင့်ရှိကြောင်း၊ ယူကရိန်း၏ ငြိမ်းချမ်းရေးအတွက် လိုအပ်မည်ဆိုပါက မိမိ အနေဖြင့် သမ္မတရာထူးမှ နုတ်ထွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိသည် အာဏာကို နှစ်ပေါင်းများစွာ ဖက်တွယ်ထားရန် ဆန္ဒမရှိကြောင်း “၂၀၂၅ ခုနှစ် ယူကရိန်း ဖိုရမ်” တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်းဝါသနာရှင်အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

News Image

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ၂၀၂၅ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်းဝါသနာရှင်အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Burmese Golf (BG) မှ အဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်းဝါသနာရှင်အဆင့် ပြိုင်ပွဲများ၏ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ပြုလုပ်ရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ရန်ကုန်ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။