ရုရှား၊ ယူကရိန်းတို့နှင့် ဆွေးနွေးနေပြီဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ပြောကြား
အမေရိကန်အစိုးရသည် ယခုအခါ ရုရှား၊ ယူကရိန်းတို့နှင့် အမြင်များ ဖလှယ်ဆွေးနွေးနေပြီး၊ အခြားသော ယူကရိန်းကိစ္စဖြေရှင်းနိုင်ရေး နည်းလမ်း များကို ဆွေးနွေးနေသည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz က Fox News ကို အတည်ပြုပြောကြားလိုက်ပါသည်။
“မိမိတို့အနေဖြင့် ရုရှားဘက်က တာဝန်ရှိသူများနှင့် ဆွေးနွေးနေသလို ယူကရိန်းဘက်ရှိ တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးနေပါသည်။ သမ္မတ ထရမ့်က စေ့စပ်ညှိနှိုင်းမှု အကျွမ်းကျင်ဆုံးတစ်ဦးဖြစ်ပြီး ယခုစစ်ပွဲကို ပြီးဆုံးစေရန် မျှော်မှန်းထားပါသည်” ဟု သူက ပြောကြားပါသည်။
Fox News မှ သတင်းထောက်တစ်ဦးက ယူကရိန်းသည် NATO ထဲသို့ ဝင်မည်မဟုတ်ကြောင်း၊ သဘောတူညီမှုဖြင့် Donbass နှင့် အခြားဒေသများကို ရုရှားထံ ပေးအပ်ရနိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါသည်။ Mike Waltz က ထိုမှန်းဆချက်အပေါ် တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိချေ။
ကိုးကား- TASS
Photo: WSJ
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃