ဓားစာခံဖမ်းဆီးသွားသည့် စစ်သွေးကြွအားလုံးကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့က ချေမှုန်း၍ ခရီးသည်အားလုံးကို ကယ်ဆယ်

News Image

ဓားစာခံဖမ်းဆီးသွားသည့် စစ်သွေးကြွအားလုံးကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့က ချေမှုန်း၍ ခရီးသည်အားလုံးကို ကယ်ဆယ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်၌ ခရီးသည်တင် မီးရထားတစ်စင်းအား တိုက်ခိုက်ပြီး ခရီးသည်များအား ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည့် စစ်သွေးကြွအားလုံးကို လုံခြုံရေးတပ်ဖွဲ့က ချေမှုန်း၍ ဓားစာခံအားလုံးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည့် ထရမ့်၏ အထူးသံတမန် ဦးဆောင်သော အမေရိကန် စေ့စပ်ဆွေးနွေးသူများ ရုရှားသို့ရောက်ရှိ

ယူကရိန်းနိုင်ငံတွင် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ     ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဝှစ်ကော့ ဦးဆောင်သော စေ့စပ်ဆွေးနွေးသူများသည် ရုရှားနိုင်ငံသို့ရောက်ရှိလာပြီဖြစ်ကြောင်း ရုရှားအစိုးရက မတ်လ ၁၃ ရက်တွင် အတည်ပြုသည်။

မာလကာသီးကပေးတဲ့ အသားအရေလှပခြင်း

Posted_Date

Image

မာလကာသီးကပေးတဲ့ အသားအရေလှပခြင်း

Body

မာလကာသီးက စားလို့ကောင်းတာတင်မဟုတ်ဘူး။ အသားအရေကိုလည်းလှပစေပါတယ်တဲ့။ ဒီတစ်ခေါက်တော့ မာလကာသီးကပေးတဲ့ အသားအရေလှပခြင်း အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ မာလကာသီးက ပေးတဲ့ အသားအရေလှပခြင်းက ဘာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် လေ့လာလိုက်တော့နော်။

မာလကာသီးမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေလဲ!

ကျန်းမာရေးကိုကောင်းစေတဲ့ မာလကာသီးကို ဖျော်ထားတဲ့ မာလကာသီး ဖျော်ရည်လေးထဲမှာ

  • ကစီဓာတ်

  • သကြားဓာတ်

  • အမျှင်ဓာတ်

  • ဆိုဒီယမ်

  • ပိုတက်ဆီယမ်

  • ဗီတာမင် B

  • ဗီတာမင် C တို့ ပါဝင်နေပါတယ်။

မာလကာသီးကပေးတဲ့ အသားအရေလှပခြင်း

မာလကာသီးက အသားအရေကို လှပစေသလားဆိုတော့ လှပစေပါတယ်။ ဘယ်လို လှပစေလဲ ဆိုတာကိုတော့

အသားအရောင် ညီစေတယ်

အရေပြားပေါ်က အမည်းစက်တွေနဲ့ အစက်အပြောက်တွေကို သက်သာချင်တယ်ဆိုရင်တော့ မာလကာသီးကို စားပေးလို့ရပါတယ်။ မာလကာသီးက အသားအရေကို ကြည်လင်လန်းဆန်းစေပြီး အသားအရောင်ကို ညီစေ သလို အသားအရေကို ကြည်လင်လှပစေမှာပါ။ မာလကာသီးကို စားပေးလို့ ရသလို မာလကာသီးကို အရေပြား ပေါ်မှာ တိုက်ရိုက်သုံးပေးတာကလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ဆဲလ်သေတွေကို ထိထိ ရောက်ရောက် ဖယ်ရှားပေးပြီး အညစ်အကြေးကင်းပြီး ကြည်လင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

နေလောင်ဒဏ် ကာကွယ်ပေးတယ်

မာလကာသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကို နေလောင်ဒဏ် ကနေ ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ မာလကာသီးမှာ Lycopene ပါဝင်နေတာကြောင့် ခရမ်းလွန် ရောင်ခြည်ကြောင့် အသားအရေပျက်စီးတာမျိုးမဖြစ်ဖို့ရော ညစ်ညမ်းမှုတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မရှိစေဖို့ပါ ထောက်ကူပေးပါတယ်။

အရွယ်တင်စေနိုင်တယ်

မာလကာသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့အတူ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C နဲ့ ပိုတက် ဆီယမ်တို့ ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အရွယ်တင် နုပျိုစေဖို့ ထောက်ကူ ပေးပါတယ်။

သဘာဝရဲ့ Toner တစ်ခုပါ

မာလကာသီးအစိမ်းက မျက်နှာသစ်ပြီးချိန်မှာ အရေပြားပေါ်က ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးသလို အသားအရေကို လန်းဆန်းစေပြီး အရေးအကြောင်းတွေ ကင်းစေဖို့လည်း ထောက်ကူပေး ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း အသားအရေကို တင်းရင်းစေဖို့ ထောက်ကူ ပေးနိုင်မှာပါ။

ဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာစေနိုင်တယ်

မာလကာသီးတင်မဟုတ်ပါဘူး။ မာလကာရွက်မှာလည်း ဝက်ခြံကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ အမည်းစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ မာလကာသီးကို ပုံမှန်စားပေးလို့ရသလို။ မာလကာသီးကို အနှစ်တိုက်ပြီးလိမ်းတာ၊ မာလကာရွက်ကို အနှစ်ကြိတ်ပြီးလိမ်းတာကလည်း ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာ စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။

အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်

တစ်နေ့တာကို ရေ ၈ ခွက်ပြည့်အောင် သောက်ဖို့ပျင်းတယ်။ အရေပြားကိုလည်း ရေဓာတ်ပြည့်ဝစေချင်တယ် ဆိုရင် ရေဓာတ် ၈၁% ပါဝင်နေတဲ့ မာလကာသီးကို စားပေးလို့ရပါတယ်။ အရေပြားဆဲလ်တွေကို ရေဓာတ် ပြည့်ဝစေပြီး အရေပြားဆဲလ်တွေအတွက် လိုအပ်တဲ့အာဟာရတွေကို ဖြည့်ပေးပါတယ်။

ဆားဝက်ခြံကို သက်သာစေတယ်

ဆားဝက်ခြံ သက်သာဖို့ မာလကာသီးကို အရေပြားမှာ တိုက်ရိုက်လိမ်းပေးလို့ရသလို မာလကာရွက်ကို အနှစ် တိုက်ပြီး ဆားဝက်ခြံဖြစ်တဲ့နေရာမှာလည်း လိမ်းပေးလို့ရပါတယ်။ အရေပြားယားယံတာကို သက်သာစေသလို ဓာတ်မတည့်တာကြောင့် အသားအရေနီမြန်းတာ၊ ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အဆီပြန်တာကို သက်သာစေတယ် 

အဆီပြန်တာက ဝက်ခြံကိုဖြစ်စေသလို ဆားဝက်ခြံတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ မာလကာရွက်တွေကို အနှစ်ဖြစ်အောင် ကြိတ်ခြေပြီးသံပုရာရည်လေး နည်းနည်းထည့်လို့ မျက်နှာပေါ်မှာ လိမ်းပေးလို့ ရပါတယ်။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင်တော့ အဆီပြန်တာကို သိသိသာသာ သက်သာစေမှာပါ။

အရေပြား အနာအဆာကင်းစေတယ်

မာလကာသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် K တွေ ပါဝင်နေတာကြောင့် သွေးစီးဆင်းမှု ကောင်းစေပြီး အရေပြား ပေါ်က အနက်ရောင် အစက်အပြောက်တွေ၊ အရေပြားပြဿနာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။

မာလကာသီး စားပေးတာဖြစ်ဖြစ် မာလကာရွက်ကို အရေပြားမှာ တိုက်ရိုက်အသုံးပြုပေးတာဖြစ်ဖြစ် လုပ်ပေး တာက အသားအရေကို ကျန်းမာစေပြီး လှပစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။

ကိုးကား- https://hellosayarwon.com/

နိုင်ငံခြားသား တချို့ မီဇိုရမ်ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံထဲက သူပုန်များ ကို စစ်သင်တန်းပေးနေသည့်အတွက် အိန္ဒိယက PAP စနစ်ကျင့်သုံးဖို့ ပြန်လည်သတ်မှတ်

News Image

နိုင်ငံခြားသား တချို့ မီဇိုရမ်ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံထဲက သူပုန်များ ကို စစ်သင်တန်းပေးနေသည့်အတွက် အိန္ဒိယက PAP စနစ်ကျင့်သုံးဖို့ ပြန်လည်သတ်မှတ်
နိုင်ငံခြားသား တချို့ မီဇိုရမ်ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံထဲက သူပုန်များကို စစ်သင်တန်းပေးနေသည့်အတွက် အိန္ဒိယက PAP စနစ်ကျင့်သုံးဖို့ ပြန်လည်သတ်မှတ်
နိုင်ငံခြားသား တချို့ မီဇိုရမ်ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံထဲက သူပုန်များ ကို စစ်သင်တန်းပေးနေသည့်အတွက် အိန္ဒိယက PAP စနစ်ကျင့်သုံးဖို့ ပြန်လည်သတ်မှတ်

နိုင်ငံခြားသားတချို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံကိုဝင်ရောက်ကာ ချင်းတောင်တန်းပေါ်က သူပုန်များကို စစ်သင်တန်း လေ့ကျင့်သင်ကြားပေးနေကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုမာက မတ်လ ၁၀ ရက်နေ့က ပြောကြားလိုက်ကြောင်း အိန္ဒိယ NDTV သတင်းမှာ ဖော်ပြထားပါသည်။