ဆွေးနွေးညှိနှိုူင်းမှုများပြုလုပ်ရန် ထရမ့်၏ ကိုယ်စားလှယ်အဖွဲ့ မော်စကို သို့ ရောက်ရှိ

News Image

ဆွေးနွေးညှိနှိုူင်းမှုများပြုလုပ်ရန် ထရမ့်၏ ကိုယ်စားလှယ်အဖွဲ့ မော်စကို သို့ ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ အဆင့်မြင့် ဆွေးနွေးပွဲများအတွက် မော်စကိုသို့ ရောက်ရှိလာခဲ့သည်ဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။

လေကြောင်းပျံသန်းမှု မှတ်တမ်းများနှင့် ရုရှားနိုင်ငံပိုင် မီဒီယာများ၏ ဖော်ပြချက်များအရ Witkoff ၏ လေယာဉ်သည် မော်စကို Vnukovo လေဆိပ်သို့ ဒေသစံတော်ချိန် မတ်လ ၁၃ ရက်(ကြာသပတေး)နေ့ မွန်းတည့် ၁၂:၃၀ နာရီခန့်တွင် ဆိုက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

DR Congo နှင့် M23 သူပုန်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာမီ စတင်မည်

News Image

DR Congo နှင့် M23 သူပုန်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာမီ စတင်မည်

DR Congo နှင့် M23 သူပုန်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မတ်လ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း အန်ဂိုလာနိုင်ငံက မတ်လ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။ အာဖရိကအလယ်ပိုင်းရှိ ပဋိပက္ခဒဏ်ခံနေရသောနိုင်ငံတွင် ရေရှည်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို စေ့စပ်ပေးရန် အန်ဂိုလာက ကြိုးပမ်းနေခြင်းဖြစ်သည်။

ဆွေးနွေးပွဲများကို အန်ဂိုလာနိုင်ငံ၏မြို့တော် Luanda တွင် ကျင်းပမည်ဖြစ်ကြောင်း အန်ဂိုလာသမ္မတ Joao Goncalves Lourenco ၏ ရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံတွင် တရားမဝင် ဆိုက်ဘာကာစီနိုများ၌ လောင်းကြေး နှစ်စဉ် အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ ရှိကြောင်း စစ်တမ်းအရတွေ့ရှိ

News Image

ဂျပန်နိုင်ငံတွင် တရားမဝင် ဆိုက်ဘာကာစီနိုများ၌ လောင်းကြေး နှစ်စဉ် အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံ ရှိကြောင်း စစ်တမ်းအရတွေ့ရှိ

ဂျပန်ရဲတပ်ဖွဲ့အေဂျင်စီသည် အွန်လိုင်းလောင်းကစားနှင့် ပတ်သက်သည့် ပထမဆုံးစစ်တမ်းကို ကောက်ယူခဲ့ပြီး နိုင်ငံအတွင်း လူပေါင်း ၃.၃၆ သန်း ခန့်သည် ဆိုက်ဘာကာစီနိုများတွင် လောင်းကစားလုပ်ခဲ့ကြသည် ဟု ခန့်မှန်းခဲ့ပြီး တစ်နှစ်တာလောင်းကြေးငွေစုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၈.၄ ဘီလီယံခန့်ရှိသည်ဟု ၎င်းတို့ကခန့်မှန်းပါသည်။

ရုရှားတပ်ဖွဲ့များသည် Kursk ဒေသတွင် ယူကရိန်းတပ်ဖွဲ့များ ထိန်းချုပ်ထားသော အကြီးဆုံးမြို့ကို သိမ်းပိုက်

News Image

ရုရှားတပ်ဖွဲ့များသည် Kursk ဒေသတွင် ယူကရိန်းတပ်ဖွဲ့များ ထိန်းချုပ်ထားသော အကြီးဆုံးမြို့ကို သိမ်းပိုက်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Sudzha မြို့မှ ကျန်ရှိနေသော ယူကရိန်း တပ်ဖွဲ့များကို တိုက်ထုတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ Sudzha မြို့သည် ယူကရိန်းတပ်ဖွဲ့များ ရုရှား၏ Kursk ဒေသတွင်းသို့ ဝင်ရောက်တိုက်ခိုက်စဉ်က သိမ်းပိုက်ထားသော အကြီးဆုံးမြို့ဖြစ်သည်။

ထို့အပြင် အနီးရှိ Melovoy နှင့် Podol ကျေးရွာများကိုလည်း ပြန်လည် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဌာနက မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။