မြန်မာ့အရေးတွင် ဝင်စွက်ဖက်သော မီဇိုရမ်ဝန်ကြီးချုပ်၏ လုပ်ရပ်နှင့် ပတ်သက်၍ အကြောင်းပြချက်ပေးသောစကားမှာ မမှန်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးငြင်းပယ်

News Image

မြန်မာ့အရေးတွင် ဝင်စွက်ဖက်သော မီဇိုရမ်ဝန်ကြီးချုပ်၏ လုပ်ရပ်နှင့် ပတ်သက်၍ အကြောင်းပြချက်ပေးသောစကားမှာ မမှန်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးငြင်းပယ်

မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့သော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ၏လုပ်ရပ်နှင့်ပတ်သက်၍ အကြောင်းပြချက်ပေးသော စကားမှာ မမှန်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Shri Randhir Jaiswal က အဆိုပါဝန်ကြီးဌာန၏ မတ်လ ၇ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ငြင်းဆိုပြောကြားခဲ့သည်။

ကဘော်ချိုင့်ဝှမ်းနှင့် မဏိပူရ ကွန်ဖက်ဒရေးရှင်း မြန်မာလက်နက်ကိုင်များကိုပေးသည့်သင်ခန်းစာ

Posted_Date

Image

ကဘော်ချိုင့်ဝှမ်းနှင့် မဏိပူက ကွန်ဖက်ဒရေးရှင်း မြန်မာလက်နက်ကိုင်များကိုပေးသည့် သင်ခန်းစာ

Body

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ တမူး-ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယအစိုးရက ပြန်လည် သိမ်းယူပြီး မဏိပူရပြည်နယ်အတွင်း ထည့်သွင်းပေးရန် မဏိပူရ်ပြည်နယ် လွှတ်တော်အမတ်က အိန္ဒိယ အထက်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာနယ်စပ် မြို့များမှာကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါသည်။လွန်ခဲ့ဆယ်နှစ်ခန့်မှာ ရုရှားက ယူကရိန်းခရိုင်းမီးယား ကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းသွင်းခဲ့ခြင်းနည်းတူကဘော်ချိုင့်ဝှမ်းသည် အိန္ဒိယနှင့် မြန်မာအကြား တုတ်တပြက်၊ ဓားတပြက် ဖြစ်လာမည်လားဟု နှစ်နိုင်ငံပြည်သူများအတွင်း မှာသာမက နိုင်ငံတကာ မှာပါ လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့ရပါသည်။

မြန်မာ ချင်းတွင်းမြစ် နှင့် အိန္ဒိယ မဏိပူရပြည်နယ်အကြား ၈.၅၇၅ စတုရန်းမိုင်ကျယ်ဝန်းသော မြေပြန့် လွင်ပြင်ဒေသသည် ၁၄၅ဝ ပြည့်နှစ်ကတည်းက မဏိပူရ၏ နယ်မြေ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ၁၉၅၃ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နေရူးက မြန်မာဝန်ကြီးချုပ် ဦးနုထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း မဏိပူရလွှတ်တော်အမတ်ကစွပ်စွဲပြောခဲ့ပါသည်။

၎င်းပြောသည့် အတိုင်း မှန်ကန်ပါသလားဟု လက်လှမ်းမီသမျှ ရှာဖွေကြည့်မိပါသည်။ ၁၄၇ဝ ပြည့်နှစ်မှာ မေထေး(ကသည်း) ဘုရင်နှင့် တိုင်(ရှမ်း) ဘုရင်တို့က “ကဘော်” ဟု ခေါ်သည့် အဆိုပါ နယ်မြေကို အတူတကွ အောင်နိုင်ခဲ့ကြောင်း မဏိပူရ် သမိုင်းမှတ်တမ်းများမှာ တွေ့ရှိရပါသည် ။ယနေ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းခရိုင် သောင်ထွဋ်မှ ယနေ့ ချင်းပြည်နယ် အစပ် ခန်းပတ်မြို့အထိ ဖြစ်ဖွယ် ရှိပါသည်။ ၎င်းတို့နှိမ်နင်းခဲ့သည် ဆိုသော “ကျန်း” ဆိုသည်မှာ ယနေ့ “ချင်း” လူမျိုးများဖြစ်ပြီး အိန္ဒိယဘက်မှာ “ကူကီး” ဟု ခေါ်ပါသည်။ မေထေး တို့သည် မြန်မာဘက်မှာ ကသည်းများအဖြစ် သိရှိကြပြီး ဇာတ်မြင့် ဟိန္ဒူ ပုဏ္ဍားများဖြစ်ကြပါသည်။

အိန္ဒိယနိုင်ငံ၏အဓိကလူမျိုးနွယ်ကြီး ၄-ခုမှာ လူမျိုးစုပေါင်း ၂၀၀၀ ခန့်ရှိပါသည်။ အဆိုပါလူမျိုးစု များသည် အရှေ့မြောက် ပြည်နယ် (၈) တွင် အများဆုံးနေထိုင်ကြပြီး ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကွာခြားကြ ပါသည်။ ချင်း မျိုးနွယ်ကြီးတစ်ခုတည်းမှာပင် ချင်းလူမျိုးစု ၇၀ ခန့် ရှိပြီး ၄၀ ခန့်မှာ မြန်မာပြည်ဘက်ရောက်နေပါသည်။ အတိတ်ကာလ ကမ္ဘာအရပ်ရပ်မှာ ကျေးရွာ များကို စုပေါင်းပြီး မြို့ပြနိုင်ငံအဖြစ်ထူထောင်အုပ်ချုပ်သော ဘုရင့်နိုင်ငံငယ်များ ထွန်းကားခဲ့ပါ သည်။ ၁၅၅၅-ခုနှစ် တောင်ငူ မင်းဆက် ဘုရင့်နောင်လက်ထက် ယနေ့ခေတ် မြန်မာ ဖြစ်လာမည့် တစ်နိုင်ငံလုံးကို စုစည်းခဲ့ရာမှာ မဏိပူရနှင့် အာသံသည် မြန်မာဘုရင်လက်အောက်ခံ သက်ဆိုင်ရာ စော်ဘွားများ အုပ်ချုပ်သည့် နယ်မြေ ဖြစ်လာပါသည်။ ယနေ့ခေတ် မဏိပူရ်တို့ကို ကမ္ဘာသိဖြစ်စေမည့် “ပိုလိုကစားနည်း” အတွက် မြင်းစီးခြင်း အတတ်ပညာကို မြန်မာတို့ထံမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ သို့သော် မြန်မာတို့ အင်အား ချိနဲ့သည့် (၁၇၁၄-၁၇၅၄) ခုနှစ်၌ ကသည်းတို့သည် စစ်ကိုင်းနှင့် အင်းဝမြို့တော်အထိ လာရောက် တိုက်ခိုက်ခဲ့ဖူးပါသည်။

၁၇၅၂ ခုနှစ်၊ ကုန်းဘောင်မင်းဆက်အလောင်းဘုရားက တတိယမြန်မာနိုင်ငံတော်ကို ပြန်လည် စုစည်းစဉ် သောင်ထွဋ်-တမူး-ကလေးနှင့် ခန်းပတ်အပါအဝင် မဏိပူရနှင့် အာသံတို့လည်း ပါဝင်ခဲ့ပါ သည်။၁၈၂၄ ခုနှစ် ဘကြီးတော်မင်းလက်ထက် အာသံ-မဏိပူရအရေးနှင့်ပတ်သက်ပြီး အင်္ဂလိပ်-မြန်မာပထမစစ်ပွဲဖြစ်ပွားခဲ့ပါသည်။၂ နှစ်ခန့်အကြာမှာ မြန်မာတို့စစ်ရှုံးသည့်အတွက် စစ်လျော်ကြေး စတာလင်ပေါင် တစ်သန်းအပြင် ကမ်းရိုးတန်းဒေသ ရခိုင်နှင့် တနင်္သာရီတို့ကို အင်္ဂလိပ်ထံ ပေးအပ် ရပါသည်။ အာသံနှင့် မဏိပူရတို့ကိုလည်း မြန်မာတို့လက်လွှတ်ခဲ့ရသော်လည်း ကဘော်ချိုင့်ဝှမ်း သည် မြန်မာ့ပိုင်နက်အဖြစ် အင်္ဂလိပ်က သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အင်္ဂလိပ် သံအမတ်ဖြစ်သူ မေဂျာဘာနေး၏ “၁၃၇ဝ ပြည့်နှစ်မှ စစ်ပွဲမတိုင်မီ ၁၂ နှစ်အထိ ကဘော်ချိုင့်ဝှမ်းသည် မြန်မာတို့ ပိုင်နက်ဖြစ်ကြောင်း” အိန္ဒိယဘုရင်ခံချုပ်ထံ အစီရင်ခံချက်သည် အမှန်ဖြစ်ပါလိမ့်မည်။ မြန်မာနောက်ဆုံး မင်းဆက် မင်းတုန်း-သီပေါမင်းဘုရင်တို့လက်ထက် ဝန်ကြီး ၄ ပါးအနက် “ခန်းပတ်မင်းကြီး”သည် အဆိုပါမြို့ကို စားရသော ဘုန်းကြီးလူထွက်ဖြစ်ကြောင်း တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။ ကဘော်ချိုင့်ဝှမ်းအတွက် မဏိပူရထံ လစဉ် ရူးပီး ၅၀၀ ပေးရသည် ဆိုသည်မှာ ဗြိတိသျှအိန္ဒိယအစိုးရက ပေးခြင်းဖြစ်ပါသည်။ နေရူး၏ဦးနုထံလက်ဆောင်က အထောက်အထား မတွေ့ရပါ။ တမူးမြို့နယ်အတွင်း ပါဝင်သည့် ချင်းနယ်စပ် ခန်းပတ်မြို့ကို ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလမှာ PDF တို့က သိမ်းယူထားပါသည်။ လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းသောင်းကျန်းမှုအတွင်း ရှေးယခင် ကျွန်တော်တို့ ဘိုးဘေးများ ထူထောင်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အချုပ်အခြာပိုင်နက်မှာ စိန်ခေါ်မှုများ ပြည့်နှက်လာပါသည်။ မြို့ပေါင်း ၉၀ ခန့် ကို လက်နက်ကိုင်အုပ်စုအသီးသီးတို့က တိုက်ခိုက်သိမ်းပိုက်ထားပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တို့က ၎င်းတို့လူမျိုးစုအလိုက် ကွန်ဖက်ဒရေးနိုင်ငံငယ် ထူထောင်မည့်အကြောင်း ကြုံးဝါးနေကြစဉ် အိမ်နီးချင်း တိုင်းပြည်များကလည်း နယ်စပ် မြန်မာနယ်မြေအချို့သည် ၎င်းတို့အပိုင်ဖြစ်ကြောင်း စစ်ရေးလှုပ်ရှားမှုများအထိ တွေ့ရှိလာ ရပါသည်။
စင်စစ်၌ ယနေ့ကမ္ဘာမှာ ကွန်ဖက်ဒရေးရှင်းများ စုပေါင်းပြီး တိုင်းပြည်တစ်ခုတည်းအဖြစ် ထူထောင် ထားခြင်း တစ်နိုင်ငံမျှ မရှိပါ။ ၁၇၇၅-၁၇၈၃ ခုနှစ် အင်္ဂလိပ်ကို တော်လှန်ပြီး ကွန်ဖက်ဒရေးရှင်း ပြည်နယ်များနှင့် ထူထောင်ခဲ့သည့် အမေရိကန်ပြည်ထောင်စုသည် ယခုလို ပြည်ပ ခြိမ်းခြောက်မှု များကို တွန်းလှန်နိုင်မှု မရှိခြင်းအပါဝင် အခြား ဘဏ္ဍာရေး ဥပဒေရေးပြဿနာများကြောင့် (၁၈၆၁-၁၈၆၅ ခုနှစ်) ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရပါသည်။ ကွန်ဖက်ဒရေးရှင်းများ၏အားနည်းချက်ကိုမြန်မာပြည် မည်သည့်မီဒီယာ မည်သည့်နိုင်ငံရေးသမားမျှ မရေးကြ ၊မပြောကြပါ၊ ကဘော်ချိုင့်ဝှမ်း နှင့် မဏိပူနိုင်ငံရေးသမားများကတော့ ကွန်ဖက်ဒရေးရှင်းထူထောင်မည် ဆိုသည့် မြန်မာ လက်နက်ကိုင် များကို သင်ခန်းစာ ပေးနေပါပြီ။

လွှစာမှုန့်များမှရရှိသည့် ကာဗွန်ကို အသုံးပြု၍ စွမ်းအင်သိုလှောင်မှု စနစ် တီထွင်ဖန်တီးခြင်း

Posted_Date

Image

လွှစာမှုန့်များမှရရှိသည့် ကာဗွန်ကို အသုံးပြု၍ စွမ်းအင်သိုလှောင်မှု စနစ် တီထွင်ဖန်တီးခြင်း

Body

လွှစာမှုန့် စူပါပါဝါ- သစ်သားစွန့်ပစ် ပစ္စည်းအသုံးပြုထားသည့် ဘက်ထရီသည် အကြိမ် ၁၀,၀၀၀ အားသွင်းပြီးသည့် နောက်တွင် စွမ်းရည် ၆၀ ရာခိုင်နှုန်းကို သိုလှောင်ထိန်းသိမ်းထားနိုင်ပါသည်။

အဆိုပါစနစ်သည် ကုန်ကျစရိတ်နည်းသော လျှပ်ကူးပစ္စည်းများဖြင့် မြင့်မားသောစွမ်းအင်ကို သိုလှောင်ထားပြီး 700 Wh/kg တွင် 105 Wh/kg ကို ပေးစွမ်းနိုင်သည်။

Basque Country (UPV/EHU) တက္ကသိုလ်မှ သုတေသီများသည် ထင်းရှူးပင် (Pinus radiata) ၏ စွန့်ပစ်ပစ္စည်း များမှရရှိသော ကာဗွန်ကို အသုံးပြု၍ ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်အတွက် လီသီယမ်-အိုင်းယွန်းနည်းပညာနှင့် လျှပ်စစ်နှစ်ထပ်အလွှာ လျှပ်ကူးပစ္စည်း (Capacitor (EDLC)) တည်ဆောက်မှုတို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ် လျှပ်ကူးပစ္စည်း (Hybrid supercapacitor) ကို တီထွင်ခဲ့သည်။ 

လီသီယမ်-အိုင်းယွန်း capacitor တွင် စွန့်ပစ်ထားသော သစ်သားအမှုန်များနှင့် ပြုလုပ်ထားသည့် လျှပ်ကူးပစ္စည်း ပါ၀င်သောကြောင့် ရေရှည်တည်တံ့ပြီး ကုန်ကျစရိတ်သက်သာသော စွမ်းအင်သိုလှောင်မှု ဖြေရှင်းချက်တစ်ခုလည်း ဖြစ်ပါသည်။

စပိန်နိုင်ငံရှိ Basque ဒေသတွင် ဇီဝလောင်စာအရင်းအမြစ်များ ပေါများသဖြင့် သုတေတီအဖွဲ့သည် စွမ်းဆောင်ရည် မြင့်မားသော လျှပ်ကူးပစ္စည်းဖန်တီးရန်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေပြီး ဈေးနှုန်း သက်သာသော လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အသုံးပြုခဲ့ပါသည်။ ၎င်းတို့၏ တွေ့ရှိချက်များသည် ထိရောက်မှုရှိပြီး ဂေဟစနစ်သုံး စွမ်းအင်သိုလှောင်မှုစနစ်များ ထုတ်လုပ်ရာတွင် ဇီဝလောင်စာအခြေခံပစ္စည်းများ၏ အသုံးဝင်ပုံကို မီးမောင်းထိုးပြခဲ့သည်။

သုတေသီများ၏ အဆိုအရ လွှစာမှုန့်များမှစွမ်းအင်သိုလှောင်မှုစနစ် တီထွင်ဖန်တီးခြင်းသည် စွမ်းအားမြင့် စွမ်းအင် သိုလှောင်မှုတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်မှုကို လျှော့ချနိုင်မည့် အခြားရွေးချယ်စရာများ (Greener Alternatives) အတွက် နည်းလမ်းတစ်ခုအဖြစ် လမ်းခင်းပေးနိုင်ပြီး သမားရိုးကျပစ္စည်းများအပေါ် မှီခိုအားထားမှုကို လျှော့ချကာ စွမ်းအားမြင့် စွမ်းအင်သိုလှောင်မှုကဏ္ဍတွင်လည်း ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးနိုင်ပါသည်။

ဇီဝလောင်စာစွမ်းအင်သုံး လျှပ်ကူးပစ္စည်းများ (Biomass-powered capacitors)

ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ စွမ်းအင်လိုအပ်ချက် မြင့်မားလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို မဖြစ်စေမည့် ရေရှည်တည်တံ့သော စွမ်းအင်သိုလှောင်မှုရွေးချယ်စရာများ လိုအပ်လာပါသည်။ စွမ်းအင်သိုလှောင်ရာတွင် လစ်သီယမ်- အိုင်းယွန်းဘက်ထရီများ (LIBs) နှင့် supercapacitor (SCs) တို့ကို အသုံးပြုမှု များပြားသော်လည်း၎င်းတို့တစ်ခုချင်းစီတွင် အားနည်းချက်များရှိပါသည်။ SCs များတွင် စွမ်းအင် မြင့်မားသော်လည်း လျင်မြန်စွာ အလိုအလျောက် အားလျော့သွားနိုင်ပြီး၊ LIBs များသည် စွမ်းအင်မြင့်မားသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းသွားနိုင်ပါသည်။

နည်းပညာနှစ်ခုကို ပေါင်းစပ်ထားသည့် လီသီယမ်-အိုင်းယွန်း လျှပ်ကူးပစ္စည်းများ (LICs) သည် မြင့်မားသော စွမ်းအင်၊ ပါဝါနှင့် ကြာရှည်စွာ အသုံးပြုနိုင်မှုကို ပေးစွမ်းနိုင်သောကြောင့် ၎င်းတို့ကို လျှပ်စစ်ကားများနှင့် လေအားသုံးတာဘိုင် များတွင် အသုံးပြုရန်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။

လျှပ်ကူးပစ္စည်းရွေးချယ်မှုသည် LICs ၏ စွမ်းဆောင်ရည်အပေါ် သိသာသည့် သက်ရောက်မှုရှိပါသည်။ လျှပ်ကူးပစ္စည်းအတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည့် ဂရပ်ဖိုက် (Graphite) သည် အဓိကကုန်ကြမ်းဒြပ်စင်ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင်အတွက် စျေးနှုန်းကြီးမြင့်ပါသည်။ ဘက်ထရီ အမတိုင် (Anode Material) အတွက် အသုံးပြုရသော မြင့်မားသည့် အပူချိန်တွင် Graphite အဖြစ်သို့ အလွယ်တကူမပြောင်းနိုင်သည့် (Hard Carbon)များ၊ မြင့်မားသည့် အပူချိန်တွင် Graphite အဖြစ်သို့ အလွယ်တကူပြောင်းနိုင်သည့် (Soft Carbon)များနှင့် နာနိုကာဗွန်များကဲ့သို့သော အခြားရွေးချယ်စရာများကို လျှပ်ကူးပစ္စည်းများအဖြစ် အသုံးပြုမည့် အလားအလာရှိသော်လည်း ၎င်းတို့၏ ကုန်ကျစရိတ် ကြီးမြင့်မှုနှင့် ရှုပ်ထွေးမှုများကြောင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ခြင်း မရှိပါ။

UPV/EHU အဖွဲ့သည် စပိန်နိုင်ငံ၊ Biscay ဒေသရှိ ပေါများပြီး ရေရှည်တည်တံ့သော အရင်းအမြစ်တစ်ခုဖြစ်သည့် ထင်းရှူးပင် (Pinus radiata) ၏ စွန့်ပစ်ပစ္စည်းများမှ ကာဗွန်ကို အသုံးပြု၍ ကုန်ကျစရိတ်သက်သာသော LIC ကို တီထွင် ခဲ့သည်။ ကုန်ကျစရိတ်ကြီးမားသည့် ဓာတုပစ္စည်းများ သို့မဟုတ် စွမ်းအင်အများအပြား သုံးစွဲရန်လိုအပ်သည့် လုပ်ငန်းစဉ်များအစား ဇီဝလောင်စာမှ ကာဗွန်အရင်းအမြစ်ကို အသုံးပြု၍ စွမ်းဆောင်ရည်မြင့် လျှပ်ကူးပစ္စည်းကို ထုတ်လုပ်ခဲ့သည်။ 

“မိမိတို့အနေဖြင့် စွမ်းအင်ကို သိုလှောင်နိုင်ရန်အတွက် အသုံးပြုနိုင်မည့် ကုန်ပစ္စည်းအသစ်များကို တီထွင်နေပါကြောင်း၊ ပတ်ဝန်းကျင်ရှိ ထင်းရှူးပင်များ၏ သစ်သားအမှုန်အမွှားများမှ ကာဗွန်များကို လျှပ်ကူးပစ္စည်းဖန်တီးရန်အတွက် ပြင်ဆင်ထားပြီး လက်သမားအလုပ်ရုံများတွင် အဆိုပါပစ္စည်းများကို အသုံးပြုကြပါကြောင်း” UPV/EHU မှ ကထိကနှင့် သုတေသနအဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ Idoia Ruiz de Larramendi က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် ဘက်ထရီများ (Eco-friendly Batteries)

ဘက်ထရီနှင့် Supercapacitors များသည် စွမ်းအင်သိုလှောင်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး တစ်ခုစီတွင် ထူးခြားသော အားသာချက်များရှိသည်။ Supercapacitors များသည် အချိန်တိုအတွင်း ကြီးမားသော စွမ်းအင်ထုတ်ပေးနိုင်မှု (Power Output) ရှိသော်လည်း ဘက်ထရီများသည် စွမ်းအင်ကို ပိုမိုထိန်းသိမ်းပေးသည်။ Supercapacitors များသည် ကြာရှည်စွမ်းအင်ထောက်ပံ့မှုအတွက် အသုံးပြုရန် သင့်တော်မှုမရှိသော်လည်း ၎င်းတို့သည် အမြန်စွမ်းအင် ထုတ်လွှတ်မှု လိုအပ်သော Application များအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။

သုတေသနသည် နည်းပညာနှစ်ခုလုံး၏ အားသာချက်များကို ပေါင်းစပ်ထားသည့် ပေါင်းစပ် လစ်သီယမ်-အိုင်းယွန်း စက်ပစ္စည်းတစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းပစ္စည်းသည် ဘက်ထရီကဲ့သို့ ပါဝါမြင့်မားသော စွမ်းအင်ကို သိမ်းဆည်းထား နိုင်ပြီး supercapacitor ၏ ကြံ့ခိုင်မှုနှင့် အားသွင်းမြန်ဆန်မှု အရည်အသွေးများလည်း ပါဝင်ပါသည်။ ဘက်ထရီနှင့် Supercapacitor အမျိုးအစားများ၏ လျှပ်ကူးပစ္စည်းကိုများ ပေါင်းစပ်ခြင်းဖြင့် အဆိုပါစက်ပစ္စည်း၏ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးပါသည်။

ဇီဝလောင်စာအရင်းအမြစ်များမှ ဂရုတစိုက်ရွေးချယ်ထားသော ကာဗွန်အမျိုးအစား အမျိုးမျိုးကို လျှပ်ကူးပစ္စည်း ဖန်တီးရန် အသုံးပြုခဲ့ကြသည်။ ဇီဝလောင်စာအားလုံးသည် စွမ်းအင်သိုလှောင်မှုအတွက် သင့်လျော်သည့် ကာဗွန်ကို ပေးနိုင်ခြင်းမရှိသော်လည်း ရလဒ်များက ထင်းရှူးပင် (insignis pine) မှရရှိသော ကာဗွန်၏ထိရောက်မှုကို သက်သေ ပြနိုင်ခဲ့ပါသည်။

လျှပ်ကူးပစ္စည်းတစ်ခုသည် Hard carbon နှင့် အခြား Activated carbon တို့ဖြင့် ဖွဲ့စည်းထားကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ကုန်ကျစရိတ်သက်သာသော ပေါင်းထည့်ပစ္စည်းများ (cost-effective additives) ကို အသုံးပြုပြီး ဓာတုတုံ့ပြန်မှုပြုလုပ်မည့် သီးခြားအပူချိန် (synthesis temperatures) 700°C အောက်ကို ထိန်းသိမ်းထားသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း ရေရှည်တည်တံ့မှုနှင့် ကုန်ကျစရိတ်သက်သာမှုတို့ကို ဦးစားပေးထားသည်။

ယခု တီထွင်လိုက်သည့် ပုံစံအသစ်တွင် တူညီသောကာဗွန်ဖြင့်ဖွဲ့စည်းထားသည့် အဖိုဓာတ်ရှိသောလျှပ်ကူးပစ္စည်း (Positive Electrode) သည် ကြီးမားသောမျက်နှာပြင်ဧရိယာရှိပြီး အမဓာတ်ရှိသောလျှပ်ကူးပစ္စည်း (Negative Electrode) သည် စျေးနှုန်းကြီးမားသော ဓာတုပစ္စည်းများ လိုအပ်ခြင်းမရှိဘဲ စွမ်းအင်များစွာကို သိမ်းဆည်းထားနိုင်သည်။ အဆိုပါ စနစ်သည် 700 W/kg တွင် 105 Wh/kg စွမ်းအင်ထောက်ပံ့ပေးနိုင်ပြီး အကြိမ် ၁၀,၀၀၀ အားသွင်းပြီးသည့်နောက်တွင် စွမ်းရည် ၆၀ ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်သည်။

ယခုလေ့လာမှုသည် လစ်သီယမ်-အိုင်းယွန်း လျှပ်ကူးပစ္စည်း (Lithium-ion Capacitors) များအတွက် ကုန်ကျစရိတ် သက်သာပြီး ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် အစားထိုးရွေးချယ်မှုအဖြစ် ဒေသတွင်း ဇီဝလောင်စာ၏ အလားအလာကို ထောက်ပြထားသည်။ သုတေသီအဖွဲ့အနေဖြင့် ဇီဝလောင်စာမှရရှိသောပစ္စည်းများသည် စွမ်းအင်မြင့်မားသော စွမ်းအင်သိုလှောင်မှုအတွက် အလားအလာရှိသောအခွင့်အလမ်းများကို ပေး ဆောင်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ရေရှည်တည်တံ့သောဖြေရှင်းချက်များဖြင့် စွမ်းအင်သိုလှောင်မှုနည်းပညာများ ပိုမိုကောင်းမွန်လာစေရန် ဆက်လက်သုတေသနပြုရန် လိုအပ်ကြောင်းလည်း အလေးပေးဖော်ပြထားသည်။

သုတေတီအဖွဲ့၏ သုတေသန အသေးစိတ် စာတမ်းအား Power Sources ဂျာနယ်တွင် ထုတ်ဝေထားပြီးဖြစ်ပါသည်။

Source: https://interestingengineering.com/energy/sawdust-superpower-wood-waste-battery-breakthrough

(Interesting Engineering တွင် စာရေးသူ Jijo Malayil ရေးသားသည့် “Sawdust superpower: Wood waste battery retains 60% capacity after 10,000 cycles” အား အလွတ်သဘော ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။)

ဖခင်ဖြစ်သူ ဒူတာတေးကို ကူညီရန်အတွက် ဖိလစ်ပိုင်ဒုသမ္မတ နယ်သာလန်သို့ သွားရောက်

News Image

ဖခင်ဖြစ်သူ ဒူတာတေးကို ကူညီရန်အတွက် ဖိလစ်ပိုင်ဒုသမ္မတ နယ်သာလန်သို့ သွားရောက်

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) ၏ ဝရမ်းဖြင့် မနီလာတွင် ဖမ်းဆီးခံရပြီးနောက် သည်ဟိဂ့်သို့ ပါသွားသည့် ဖခင်ဖြစ်သူ ရိုဒရီဂို ဒူတာတေးကို ကူညီရန်အတွက် သမီးဖြစ်သူ ဖိလစ်ပိုင်ဒုသမ္မတ ဆာရာ ဒူတာတေးသည် နယ်သာလန်သို့ လိုက်သွားခဲ့သည်ဟု သိရသည်။