ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်
News Image

နေပြည်တော်၊ မတ် ၆
ရုရှား – မြန်မာ စီးပွားရေးဖိုရမ်အား မတ်လ ၄ ရက်နေ့တွင် မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ Business Hall ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
“မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ် အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင် တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ခြေလှမ်းသစ်စတင်နိုင်သည့်အတွက် များစွာ အားရကျေနပ်မိပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ပြောသည်။