ထရမ့်က ဇီလန်စကီးအား ရုရှား-ယူကရိန်း ပဋိပက္ခအတွက် အပစ်အခတ် ရပ်စဲရေးကို သဘောတူရန် တောင်းဆို

News Image

ထရမ့်က ဇီလန်စကီးအား ရုရှား-ယူကရိန်း ပဋိပက္ခအတွက် အပစ်အခတ် ရပ်စဲရေးကို သဘောတူရန် တောင်းဆို

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတ ဇီလန်စကီးအား ရုရှား-ယူကရိန်း ပဋိပက္ခအတွက် အပစ်အခတ်ရပ်စဲရေးကို သဘောတူရန် တောင်းဆိုခဲ့ပါသည်။

ယူကရိန်းတွင် ပြဿနာကြီးကြီးမားမားရှိနေပြီး ပဋိပက္ခကို အောင်မြင် နိုင်မည့် အလားအလာမရှိကြောင်း၊ ယခုတောင်းဆိုချက်ကို ဇီလန်စကီး အနေဖြင့် ကျေးဇူးတင်သင့်ကြောင်း၊ ဇီလန်စကီးတွင် နိုင်ဖဲများ မရှိကြောင်း၊ ယူကရိန်းစစ်သား အများစုသည် တိုက်ပွဲကျကုန်ပြီဖြစ်ပြီး ၎င်းတွင် စစ်သားမလုံလောက်တော့ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားခဲ့ပါသည်။ 

ကိုးကား - RIA Novosti

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇီလန်စကီးအား ယူကရိန်း၏ လုပ်ရပ်များကို အကြောင်းပြပြီး ရုရှားအပေါ်အပြစ်တင်သည့်အခါ ၎င်း၏ မလေးစားမှုအတွက် ပြင်းထန်စွာ ပြစ်တင်ဝေဖန်

News Image

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇီလန်စကီးအား ယူကရိန်း၏ လုပ်ရပ်များကို အကြောင်းပြပြီး ရုရှားအပေါ်အပြစ်တင်သည့်အခါ ၎င်း၏ မလေးစားမှုအတွက် ပြင်းထန်စွာ ပြစ်တင်ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇီလန်စကီးအား ယူကရိန်း၏ လုပ်ရပ်များကို အကြောင်းပြပြီး ရုရှားအပေါ်အပြစ်တင်သည့်အခါ ၎င်း၏ မလေးစားမှုအတွက် ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့ပါသည်။

အမေရိကန်သမ္မတ ထရမ့်က ဇီလန်စကီးအား “၎င်းမှာ အနိုင်ရရန် အခွင့် မရှိဘဲ သန်းနှင့်ချီသော ပြည်သူများ၏ အသက်များနှင့် ကစားနေကြောင်း၊ ၎င်းသည်တတိယကမ္ဘာစစ်ကို ဖြစ်ပွားရန် လှုံ့ဆော်နေကြောင်း” ပြောဆို ခဲ့ပါသည်။ 

ဒုတိယသမ္မတ ဗန့်စ်ကလည်း ဇီလန်စကီးအား “ဒီမိုကရက်များအတွက် ကျေးဇူးမသိတတ်သည့်လှုံ့ဆော်သူ'”အဖြစ် ပြောဆိုခဲ့ပါသည်။

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း နေတိုးမဟာမိတ်အဖွဲ့၏ တိုးချဲ့ရေးကို ဆန့်ကျင်ကြောင်း ပြောကြား

News Image

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း နေတိုးမဟာမိတ်အဖွဲ့၏ တိုးချဲ့ရေးကို ဆန့်ကျင်ကြောင်း ပြောကြား

ရုရှားလုံခြုံရေးကောင်စီရုံး၏ သတင်းထုတ်ပြန်ချက်အရ ဆွေးနွေးမှုများ အတွင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူးနှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်း နေတိုး၏ တာဝန်ယူမှုနယ်မြေ တိုးချဲ့ခြင်းကို ခွင့်မပြုနိုင်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။

“အာရှ-ပစိဖိတ်ဒေသရှိ အခြေအနေများကို ဆွေးနွေးရာတွင် အထူး အာရုံ စိုက်ခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံများရှိ လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ ယုံကြည်မှုရှိရှိ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။