ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်းများအတွက် Online Training နှင့် In House သင်တန်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/ မရှိ ဖြေကြားပေးစေလိုပါသည်။
မေးခွန်းနှင့်စပ်လျဉ်း၍ Online နှင့် In-house ရော၍ ဖွင့်လှစ်ရာတွင် အင်တာနက်လိုင်း အခက်အခဲရှိခြင်း၊ သင်တန်းသားများနှင့် သင်တန်းဆရာအကြား အချိန်အကန့် အသတ်ရှိသဖြင့် ပြည့်စုံစွာ ပြန်လည်မေးခွန်းမေးမြန်း ရာတွင် ဖြေကြားပေးနိုင်မှုမရှိခြင်း၊ Online ဖြစ်၍ သင်တန်းသားများ သင်တန်းတက်ရောက်မှု မမှန်ခြင်း၊ သင်တန်းသားများ၏ အာရုံစူးစိုက်မှုနည်းပါးခြင်း၊ Online ဖြင့် စာမေးပွဲ ဖြေဆိုရာတွင် အမှန်တစ်ကယ် ဖြေဆိုခြင်း ဟုတ်-မဟုတ် စိစစ်ရန်အခက်အခဲရှိခြင်း စသည့် အားနည်းချက်များရှိကြောင်း တက်ရောက်ပြီး သင်တန်းသားများ၏သင်တန်းဆင်းသုံးသပ်အကြံပြုချက်များ၊သင်တန်းသား အများ