ရန်ကုန်မြို့၌ ထိုင်းနိုင်ငံတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကျင်းပမည်

News Image

ရန်ကုန်မြို့၌ ထိုင်းနိုင်ငံတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကျင်းပမည်

ထိုင်းနိုင်ငံတက္ကသိုလ်ဘွဲ့ရ မြန်မာ ကျောင်းသားများအသင်းမှကြီးမှူး၍ ထိုင်း နိုင်ငံရှိ ထိပ်သီးတက္ကသိုလ်များပါဝင်မည့် (၉) ကြိမ်မြောက် ထိုင်းနိုင်ငံတက္ကသိုလ် ပေါင်းစုံပညာရေးပြပွဲကို ရန်ကုန်မြို့ရှိNovotel Hotel ၌ မေလ ၂၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

ငလျင်ကြောင့် ပျက်စီးခဲ့သည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများကို ဦးစားပေး အဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်မည်

News Image

ငလျင်ကြောင့် ပျက်စီးခဲ့သည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများကို ဦးစားပေး အဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်မည်

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ ပျက်စီးခဲ့သည့်အတွက် ဦးစားပေးအဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ (၆၀) ရာခိုင်နှုန်း ပျက်စီးခဲ့သည့်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်သည်။

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ တည်းခိုရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

News Image

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ တည်းခိုရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ပြည်သူ (၄၆၉) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့်အပြင် ပြည်သူ(၂၇၄၀)ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။