အီရန်က အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ယူရေနီယမ် စွမ်းအင်မြှင့်တင်ခြင်းအတွက် အကျိုးတူပူးပေါင်းအဖွဲ့ ဖွဲ့ရန် အဆိုပြု

News Image

အီရန်က အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ယူရေနီယမ် စွမ်းအင်မြှင့်တင်ခြင်းအတွက် အကျိုးတူပူးပေါင်းအဖွဲ့ ဖွဲ့ရန် အဆိုပြု

အီရန်နိုင်ငံသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံ များ ပူးပေါင်းဆောင်ရွက်မည့် ယူရေနီယမ် စွမ်းအင်မြှင့်တင်ခြင်း လုပ်ငန်းစဉ်အတွက် အကျိုးတူပူးပေါင်းအဖွဲ့ ဖွဲ့ရန် အဆိုပြုခဲ့ကြောင်း The New York Times သတင်းစာအရ သိရပါသည်။ 

မလေးရှားဘုရင်ကို မော်စကိုသို့ လာရောက်လည်ပတ်ရန် ပူတင်ဖိတ်ကြား

News Image

မလေးရှားဘုရင်ကို မော်စကိုသို့ လာရောက်လည်ပတ်ရန် ပူတင်ဖိတ်ကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟီမ်နှင့် ကရင်မလင်တွင် ကျင်းပသော အစည်းအဝေး၌ တွေ့ဆုံစဉ် မလေးရှားဘုရင် အီဗရာဟီမ် အစ်စကန်ဒါကို ရုရှားသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားပါကြောင်း ပြောကြားလိုက်ပါသည်။

“မိမိအနေဖြင့် တောင်းဆိုစရာရှိပါသည်။ ကျေးဇူးပြု၍ နိုင်ငံတော်အကြီးအကဲ ဆူလတန် အီဗရာဟီမ်ထံ မိမိ၏ အကောင်းဆုံး ဆုမွန်ချီးကျူးစကားကို ပြောကြားပေးပါ၊ မိမိတို့အနေဖြင့် ၎င်းကို ရုရှားသို့ လာရောက် လည်ပတ်ရန် စောင့်မျှော်နေပါသည်” ဟု ပူတင်က မလေးရှား ဝန်ကြီးချုပ်ကို ပြောကြားခဲ့ပါသည်။

အစ္စတန်ဘူလ် ဆွေးနွေးပွဲ ပူတင် တက်ရောက်ပါက ထရမ့်လည်း လာရောက်နိုင်ကြောင်း အမေရိကန်အထူးကိုယ်စားလှယ် ပြောကြား

News Image

အစ္စတန်ဘူလ် ဆွေးနွေးပွဲ ပူတင် တက်ရောက်ပါက ထရမ့်လည်း လာရောက်နိုင်ကြောင်း အမေရိကန်အထူးကိုယ်စားလှယ် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မေလ ၁၅ ရက်တွင် အစ္စတန်ဘူလ် မြို့၌ ကျင်းပမည်ဟု မျှော်မှန်းထားသော ဆွေးနွေးပွဲသို့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင် ကိုယ်တိုင် တက်ရောက်ပါက ၎င်းလည်း လာရောက် နိုင်ကြောင်း အမေရိကန်၏ ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ကီးသ်ကဲလော့ဂ်က ပြောကြားလိုက်ပါသည်။

“မိမိတို့အနေဖြင့် သမ္မတပူတင်လည်း ပါဝင်လာမည်ဟု မျှော်လင့်နေပါသည်၊ ဒါဆိုရင် သမ္မတထရမ့်လည်း လာတက်ရောက်မှာပါ။ ဒါဟာ တကယ့်ကို အံ့သြစရာ အစည်းအဝေးတစ်ခု ဖြစ်လာနိုင်ပါသည်” ဟု အထူးကိုယ်စားလှယ်က Fox Business သို့ ပြောကြားထားပါသည်။

ယခုနှစ်တွင် စိန်တလုံး သရက်သီး တင်ပို့သူများ အခက်အခဲများ ရင်ဆိုင်ရလျက်ရှိ

News Image

ယခုနှစ်တွင် စိန်တလုံး သရက်သီး တင်ပို့သူများ အခက်အခဲများ ရင်ဆိုင်ရလျက်ရှိ

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ စိန်တလုံးသရက်သီးများကို တင်ပို့နိုင်ခြင်းမရှိပါက မြန်မာစိန်တလုံးဈေးကွက်ပျောက်ဆုံးနိုင်ကြောင်း မန္တလေးမြို့မှ “ခွာညို” သစ်သီးဒိုင်ဆိုင်များက ပြောကြားထားပါသည်။ 

မြန်မာစိန်တလုံးသရက်များသည် ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိသော်လည်း စိုက်ပျိုးမှုမှာ ပြည်တွင်းစားသုံးမှုလိုအပ်ချက်ထက် များစွာ ပိုလျှံလျက်ရှိနေသည့်အပြင် ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စိန်တလုံး သရက် စားသုံးမှုသည် ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းလျက်ရှိပါသည်။