သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲများအပြီး အီရန်နိုင်ငံတစ်ဝှမ်းလုံး အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲများလုပ်ဆောင်ရန် လှုံ့ဆော်

News Image

သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲများအပြီး အီရန်နိုင်ငံတစ်ဝှမ်းလုံး အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြပွဲများလုပ်ဆောင်ရန် လှုံ့ဆော်

သောကြာနေ့ (ဇွန် ၂၀) တွင် အစ္စရေး၏တိုက်ခိုက်မှုများအပေါ် နိုင်ငံသားများ၏ အမျက်ဒေါသကိုပြသရန်နှင့် အီရန်၏ အောင်ပွဲဆီသို့ရှေးရှုသည့် ထောက်ခံဆန္ဒပြချီတက်ပွဲများတွင် နိုင်ငံတစ်ဝှမ်းလုံးပါဝင်ရန် အီရန် နိုင်ငံသားများအား တိုက်တွန်းထားကြောင်း အီရန်မီဒီယာများ၏ ဖော်ပြချက် အရ သိရှိရသည်။ 

အီရန်နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများသည် အစ္စရေးကိုဆန့်ကျင်သည့် “ပြည်သူလူထု၏အမျက်ဒေါသ” ကို ပြသရန်နှင့် နိုင်ငံ၏ စစ်တပ်အား ထောက်ခံအားပေးသည့် ရပ်တည်မှုကိုပြသရန် စုစည်းကြမည်ဟု Tasnim သတင်းဌာနမှ မျှဝေထားသော ဆန္ဒပြပွဲပိုစတာ တစ်ခုအရ သိရှိရသည်။

ထရမ့်က အီရန်ကို စစ်ရေးအရ တုံ့ပြန်မည့်ဆုံးဖြတ်ချက်မချမီ ညှိနှိုင်းဆွေးနွေးရန် ၂ ပတ် အချိန်ပေး

News Image

ထရမ့်က အီရန်ကို စစ်ရေးအရ တုံ့ပြန်မည့်ဆုံးဖြတ်ချက်မချမီ ညှိနှိုင်းဆွေးနွေးရန် ၂ ပတ် အချိန်ပေး

သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်ကို စစ်ရေးအရ တုံ့ပြန်မည့် ဆုံးဖြတ်ချက် မချမီ ညှိနှိုင်းဆွေးနွေးရန် နှစ်ပတ်ကြာ အချိန်ပေးရန် ဆုံးဖြတ်ချက်သည် လွန်ခဲ့သောတစ်ပတ်က အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှု စတင်ပြီးနောက် လမ်းဆုံးနေခဲ့သော ဆွေးနွေးပွဲများကို အရေးတကြီး ပြန်လည်စတင်ရန် အားထုတ်မှုများကို လှုံ့ဆော်ပေးလိုက်သည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့မှုကြောင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦး သေဆုံး

News Image

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့မှုကြောင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

22 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်အချို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအား ပြည်သူ လူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦး သေဆုံး

News Image

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦး သေဆုံး

22 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။