ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

News Image

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ်။

22 June 2025

၂၀၂၅ ခုနှစ်ု၊ ဇွန် ၂၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၂)ရပ်ကွက်၊ အောင်ဖြိုးဝေလမ်းနေ ပွင့်ဦး(၅၇)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၃၈ သိန်း)အား ဖမ်းဆီးရမိသဖြင့် ပွင့်ဦး အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

ကရင်မလင်က အမေရိကန်၏ အီရန်ကို တိုက်ခိုက်နိုင်ခြေနှင့်ပတ်သက်၍ မှတ်ချက်ပြု

News Image

ကရင်မလင်က အမေရိကန်၏ အီရန်ကို တိုက်ခိုက်နိုင်ခြေနှင့်ပတ်သက်၍ မှတ်ချက်ပြု

ဝါရှင်တန်သည် အီရန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ပါက ကြီးမားသော အမှားတစ်ခုကို ကျူးလွန်မိမည်ဖြစ်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က RT သို့ ပြောကြားခဲ့သည်။ အမေရိကန် သည် အစ္စလာမ်မစ်သမ္မတနိုင်ငံအီရန်နှင့် အစ္စရေးနိုင်ငံတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ခြင်းသည် ဒေသတွင်း အခြေအနေကို ပိုမိုဆိုးရွားစေမည်ဟု ၎င်းက သတိပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ကော့သောင်းမြို့တွင်ဖွင့်လှစ်

News Image

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက် အအုံသစ်ကို ကော့သောင်းမြို့တွင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံသစ်ကို မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွား ဆက်သွယ်ရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နယ်စပ်ဖြတ်သန်းမှု စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။