အိုဘားမား၏ ဇနီးက သားယောက်ျားလေး မရှိသည်ကို ဟာသ လုပ်ကာ ပြောဆို

News Image

အိုဘားမား၏ ဇနီးက သားယောက်ျားလေး မရှိသည်ကို ဟာသ လုပ်ကာ ပြောဆို

သမ္မတဟောင်း အိုဘားမား၏ဇနီး မီရှဲအိုဘားမားက သူမတွင် သား ယောက်ျားလေး မရှိသည်ကို ဝမ်းသာကြောင်း ဟာသလုပ်ပြောခဲ့ပြီး သား ရှိခဲ့ပါက သူမ၏ခင်ပွန်းနှင့်တူသော သားတစ်ယောက်ဖြစ်လာမည်ဟု ဆိုခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် မစ္စစ် မီရှဲအိုဘားမားနှင့် သူမ၏မောင် ခရိတ် ရော်ဘင်ဆင်တို့သည် လူ့အဖွဲ့အစည်း၏ ယောက်ျားပီသမှုအပေါ် အမြင်များ၊ ယောက်ျားလေးများနှင့် လူငယ်ယောက်ျားလေးများ ပျိုးထောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ဆွေးနွေးသည့် အစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့ကြသည်။

“ကျွန်မမှာ သားမရှိသည်ကို ဝမ်းသာပါသည်” ဟု မီရှဲက ပြောခဲ့သည်။

ရွှေတိဂုံစေတီတော်သို့ ယခုနှစ်ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်းကျော် လာရောက်ဖူးမြော်

News Image

ရွှေတိဂုံစေတီတော်သို့ ယခုနှစ်ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်းကျော် လာရောက်ဖူးမြော်

ရန်ကုန် ဇွန် ၂၂

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် သုံးသောင်း ကျော် လာရောက်ဖူးမြော်ကြကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပက အဖွဲ့မှ သိရသည်။

အဆိုပါကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ဇန်နဝါရီလက ၈၈၂၁ ဦး၊ ဖေဖော်ဝါရီလက ၇၆၄၀ ဦး၊ မတ်လက ၇၅၀၂ ဦး၊ ဧပြီလက ၄၁၇၃ ဦး၊ မေလက ၅၂၆၂ ဦး စုစုပေါင်း ၃၃၃၉၈ ဦးနှင့် ပြည်တွင်းခရီးသွားဝင်ရောက်မှုအနေဖြင့် ၃၀၉၉၆၉၀ ဦး ရှိကြောင်း သိရသည်။

ထရမ့်က အမေရိကန်တွင် အားလပ်ရက် များပြားလွန်းသည်ဟု ပြောဆို

News Image

ထရမ့်က အမေရိကန်တွင် အားလပ်ရက် များပြားလွန်းသည်ဟု ပြောဆို

အမေရိကန်နိုင်ငံတွင် လူမည်းလူမျိုးများ လွတ်မြောက်ရေး နှစ်ပတ်လည်နေ့ အခါသမယတွင် သမ္မတထရမ့်က “အားလပ်ရက် များလွန်းခြင်းကြောင့် ဒေါ်လာဘီလီယံချီဆုံးရှုံးနေသည်” ဟု သတိပေးချက်ပြုလုပ်ခဲ့သည်။

“အမေရိကန်မှာ အလုပ်မလုပ်ရသည့် အားလပ်ရက်တွေ အရမ်းများနေပြီ ၊ အရာရာပိတ်ထားတော့ နိုင်ငံအတွက် ဒေါ်လာဘီလီယံချီ ကုန်ကျ နေသည်၊ အလုပ်သမားတွေလည်း မပျော်ကြပါ” ဟု သမ္မတ ဒေါ်နယ် ထရမ့်က ဇွန် ၁၉ ရက်တွင် Truth Social လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

မလေးရှား-အမေရိကန် ကုန်သွယ်မှု အခွန်အခဆိုင်ရာ ဆွေးနွေးပွဲ “အခြေအနေ အလွန်ကောင်းကြောင်း” ၊ အန်နဝါက အာဆီယံအတွက်ပါ သမမျှတတဲ့ သဘောတူညီချက်ဖြစ်ရန် တိုက်တွန်း

News Image

မလေးရှား-အမေရိကန် ကုန်သွယ်မှု အခွန်အခဆိုင်ရာ ဆွေးနွေးပွဲ “အခြေအနေ အလွန်ကောင်းကြောင်း” ၊ အန်နဝါက အာဆီယံအတွက်ပါ သမမျှတတဲ့ သဘောတူညီချက်ဖြစ်ရန် တိုက်တွန်း

ကွာလာလမ်ပူ၊ ဇွန် ၁၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တစ်ဖက်သတ် အခွန်နှုန်းထားများ သတ်မှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဝါရှင်တန်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး “အခြေအနေ အလွန်ကောင်းကြောင်း” မလေးရှား ဝန်ကြီးချုပ် ဒါတွတ်ဆရီအန်နဝါ အီဘရာဟင်က ယနေ့ ပြောကြားလိုက် ကြောင်း ဇွန်လ ၁၉ ရက်နေ့ထုတ် မလေးမေးလ် သတင်းတွင် ဖော်ပြ ပါရှိပါသည်။