SPIEF ၌ ဒေါ်လာဘီလီယံ ၈၀ တန်ဖိုးရှိသည့် စာချုပ်ပေါင်း ၁၀၆၀ ကို လက်မှတ်ရေးထိုးနိုင်
News Image

ရုရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် စိန့်ပီတာစဘာ့ အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF)၌ အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ တန်ဖိုးရှိသည့် စာချုပ်ပေါင်း ၁၀၆၀ ကို လက်မှတ်ရေးထိုးနိုင်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အမှုဆောင် အတွင်းရေးမှူး အန်တွန်ကော့ယာကော့က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ ယခုသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကော့ယာကော့က ဆက်ပြောသည်။
ထိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခြင်းမရှိသလို လွှတ်တော်ကိုလည်း ဖျက်သိမ်းမည်မဟုတ်
News Image

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်တ် ရှင်နာဝပ်အနေဖြင့် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကြောင့် ရာထူးမှ နုတ်ထွက်ခြင်းမရှိသလို လွှတ်တော်ကိုလည်း ဖျက်သိမ်းသွားမည်မဟုတ်ကြောင်း အာဏာရဖူထိုင်းပါတီမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၂၁ ရက်တွင် ပြောသည်။
နိုင်ငံက ရင်ဆိုင်နေရသော ပဋိပက္ခများကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ရန် တာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးက လူမှုကွန်ရက်တွင် တင်ထားသည်။ ထိုင်းဝန်ကြီးချုပ်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောသည့် အသံဖိုင်ပေါက်ကြားပြီးနောက် နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။