မြောက်ကိုရီးယားမှ ရုရှားသို့ ဒုံးလက်နက်အစင်းရေ ၁၀၀ လွှဲပြောင်းပေးခဲ့သည်ဟု ဒဏ်ခတ်ပိတ်ဆို့မှုစောင့်ကြည့်လေ့လာရေးအဖွဲ့ ထုတ်ပြန်

News Image

မြောက်ကိုရီးယားမှ ရုရှားသို့ ဒုံးလက်နက်အစင်းရေ ၁၀၀ လွှဲပြောင်းပေးခဲ့သည်ဟု ဒဏ်ခတ်ပိတ်ဆို့မှုစောင့်ကြည့်လေ့လာရေးအဖွဲ့ ထုတ်ပြန်

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအား စောင့်ကြည့်လေ့လာရေးအဖွဲ့ (Multilateral Sanctions Monitoring Team) က မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်တွင် ရုရှားသို့ အနည်းဆုံး ဒုံးလက်နက် အစင်းရေ ၁၀၀ ကို တရားမဝင် လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။ 

၂၀၂၄ ခုနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်တင်ပို့မှု အမြင့်ဆုံးဖြစ်၊ အမေရိကန်ဒေါ်လာ မီလီယံ ၂၀၀ အထိ ဝင်ငွေရရှိ

News Image

၂၀၂၄ ခုနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်တင်ပို့မှု အမြင့်ဆုံးဖြစ်၊ အမေရိကန်ဒေါ်လာ မီလီယံ ၂၀၀ အထိ ဝင်ငွေရရှိ

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ ဇုန်အတွင်းလုပ်ငန်း လည်ပတ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများမှ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ မီလီယံ ၂၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ပို့ကုန် ပမာဏမှာ အမြင့်မားဆုံး တင်ပို့နိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ 

ထို့အပြင် ၂၀၂၅ ခုနှစ်တွင် သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်း လည်ပတ်ဆောင်ရွက် ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ်နှစ်ခု၏ အဆိုပြုလွှာများကိုလည်း လက်ခံရရှိထားပြီ ဖြစ်ကြောင်း သိရှိရပါသည်။

မြောက်ကိုရီးယားမှ ရုရှားသို့ စစ်သည်များနှင့် ဒုံးကျည်များအပါအဝင် လက်နက်ခဲယမ်းသန်းချီ ပေးပို့ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာက ဖော်ပြ

News Image

မြောက်ကိုရီးယားမှ ရုရှားသို့ စစ်သည်များနှင့် ဒုံးကျည်များအပါအဝင် လက်နက်ခဲယမ်းသန်းချီ ပေးပို့ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာက ဖော်ပြ

အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့၏ လတ်တလော အစီရင်ခံစာတွင် မြောက်ကိုရီးယားသည် လွန်ခဲ့သော တစ်နှစ်အတွင်း ရုရှားသို့ စစ်သည်များနှင့် ဒုံးကျည်၊ ဒုံးပျံများအပါအဝင် လက်နက်ခဲယမ်းသန်းချီ ပေးပို့ခဲ့ကြောင်း ဆိုသည်။ အဆိုပါအချက်သည် ပြုံယမ်းအနေဖြင့် ယူကရိန်း နိုင်ငံအား သုံးနှစ်ကြာ စစ်ပွဲဖြစ်ပွားစေရာတွင် ရုရှားကို မည်မျှအထိ ကူညီ ထောက်ပံ့ခဲ့ကြောင်း ရှင်းလင်းစွာ ညွှန်းဆိုနေသည်ဟု အဆိုပါ အစီရင်ခံ စာ၌ ဖော်ပြထားသည်။

ရုရှား၏ NATO ချဲ့ထွင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုသည် မျှတမှုရှိသည်ဟု Trump ၏ ကိုယ်စားလှယ်ပြောကြား

News Image

ရုရှား၏ NATO ချဲ့ထွင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုသည် မျှတမှုရှိသည်ဟု Trump ၏ ကိုယ်စားလှယ်ပြောကြား

NATO ၏ ချဲ့ထွင်မှုနှင့်ပတ်သက်၍ ရုရှား၏ ကာလရှည်ကြာ လုံခြုံရေးစိုးရိမ်မှုများသည် သင့်တင့်မျှတသည်ဟု အမေရိကန်သမ္မတ၏ အထူး ကိုယ်စားလှယ် Keith Kellogg က ABC သတင်းဌာနနှင့် အင်တာဗျူးတွင် ကြာသပတေးနေ့ (မေ ၂၉) က ပြောကြားခဲ့သည်။

မော်စကိုက NATO ခေါင်းဆောင်များအနေဖြင့် အထူးသဖြင့် ယူကရိန်း၊ မော်လ်ဒိုဗာနှင့် ဂျော်ဂျီယာတို့ကို အမေရိကန်ဦးဆောင်သော စစ်ရေး မဟာမိတ်အဖွဲ့အတွင်းသို့ ထည့်သွင်းခြင်းကို ရပ်တန့်ရန် စာဖြင့် ကတိပြု ထုတ်ပြန်ပေးရန် တောင်းဆိုနေကြောင်း သတင်းများနှင့်ပတ်သက်၍ မေးမြန်းခံရသည့်အခါ ၎င်းက ထိုသို့ပြန်လည်ဖြေကြားခဲ့သည်။