ဂါဇာတွင် အကူအညီဖြန့်ဖြူးရေး ကစဉ့်ကလျားဖြစ်လာသည်နှင့်အမျှ အစ္စရေးအပေါ် ကန့်ကွက်မှုများ တိုးပွားလာနေ
News Image

အမေရိကန်နှင့် အစ္စရေးတို့ ကျောထောက်နောက်ခံပြုထားသည့် အငြင်းပွားဖွယ် အကူအညီဖြန့်ဖြူးရေး ယန္တရားသစ်စတင်ချိန်၌ ဂါဇာတွင် အကူအညီဖြန့်ဖြူးမှုများ ကစဉ့်ကလျားဖြစ်လာသည်နှင့်အမျှ အစ္စရေး အပေါ် နိုင်ငံတကာဖိအား မြင့်တက်လာနေသည်။
ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခု သီတင်းပတ်အစောပိုင်းတွင် အကူအညီဖြန့်ဖြူးရေးနေရာများ ဖွင့်လှစ်ချိန်မှစ၍ ဂါဇာတောင်ပိုင်းရှိ အကူအညီစုဆောင်းရာနေရာများသို့ အရှိန် အဟုန်ဖြင့်စုဝေးရောက်ရှိလာသော ပြည်သူများကြောင့် လူ ၁၁ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီဒဏ်ရာရရှိခဲ့သည်။