အနောက်နိုင်ငံများ၏ ယူကရိန်းနှင့် ပါကစ္စတန် ကိစ္စရပ်များတွင် ရပ်တည်မှုအပေါ် အိန္ဒိယဝေဖန်

News Image

အနောက်နိုင်ငံများ၏ ယူကရိန်းနှင့် ပါကစ္စတန် ကိစ္စရပ်များတွင် ရပ်တည်မှုအပေါ် အိန္ဒိယဝေဖန်

အိန္ဒိယ၏ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar က အနောက်နိုင်ငံများသည် အိန္ဒိယက ရုရှားကို ပြင်းပြင်းထန်ထန် ရှုတ်ချရန် မျှော်လင့် နေစဉ် ကက်ရှ်မီးယားတွင် ပါကစ္စတန်၏ အကြမ်းဖက်လှုပ်ရှားမှုများကို မသိကျိုးကျွံပြုနေခြင်းသည် ဒွိဟဖြစ်စရာကောင်းသည်ဟု ပြောကြား ခဲ့သည်။

Euractiv နှင့် အင်တာဗျူးတစ်ခုတွင် Jaishankar က ရုရှား-ယူကရိန်း ပဋိပက္ခတွင် အိန္ဒိယအနေဖြင့် ဘက်မလိုက်သည့် သဘောထားကို ထပ်လောင်းအတည်ပြုခဲ့သည်။

“စစ်မြေပြင်မှ အဖြေရှာခြင်းဖြင့် ပဋိပက္ခများ ဖြေရှင်းနိုင်မည်ဟု မိမိတို့ မယုံကြည်ပါ” ဟု ၎င်းက ဆိုသည်။

ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယား လက်နက်များရှိသည်ဟု ပူတင် ပြောကြား

News Image

ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယား လက်နက်များရှိသည်ဟု ပူတင် ပြောကြား

ရုရှားတွင် ကမ္ဘာ့အဆင့်မီ အဆန်းကြယ်ဆုံး နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားပြီး ၎င်းသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် ကမ္ဘာ့စစ်ရေး ဟန်ချက်ညီမှုကို အာမခံပေးသည်ဟု သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ကျင်းပသော အမျိုးသားလက်နက်တပ်ဆင်ရေး အစီအစဉ်ဆိုင်ရာ အစိုးရအစည်းအဝေး၌ ပြောကြားရာတွင် ၎င်းက နိုင်ငံ၏ နျူကလီးယားသုံးဘက်စုံ (Nuclear Triad) ဖွံ့ဖြိုးတိုးတက်ရေးအတွက် “အထူးအာရုံစိုက်ရန်” တိုက်တွန်းခဲ့သည်။

အမေရိကန်က အရှေ့အလယ်ပိုင်းရှိ သံရုံးများမှ ဝန်ထမ်းအချို့ ထွက်ခွာ ခွင့်ပြု

News Image

အမေရိကန်က အရှေ့အလယ်ပိုင်းရှိ သံရုံးများမှ ဝန်ထမ်းအချို့ ထွက်ခွာ ခွင့်ပြု

အမေရိကန်နိုင်ငံသည် အီရန်နှင့်တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် အရှေ့အလယ်ပိုင်းရှိ သံရုံးများနှင့် စစ်စခန်းများမှ သာမန်ဝန်ထမ်းများနှင့် မိသားစုဝင်များကို စတင် ရွှေ့ပြောင်းနေပါသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်က တီဟီရန်သည် ညှိနှိုင်းမှုများကို “တမင်နှေးကွေးစေသည်” ဟု စွပ်စွဲပြောဆိုပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အီရန်ကို ဆန့်ကျင်တိုက်ခိုက်သည့် Operation Rising Lion (ခြင်္သေ့ စစ်ဆင်ရေး) ကို ဝန်ကြီးချုပ် နေတန်ယာဟုက အတည်ပြု ပြောကြား

News Image

အီရန်ကို ဆန့်ကျင်တိုက်ခိုက်သည့် Operation Rising Lion (ခြင်္သေ့ စစ်ဆင်ရေး) ကို ဝန်ကြီးချုပ် နေတန်ယာဟုက အတည်ပြု ပြောကြား

အီရန်ကို ဆန့်ကျင်တိုက်ခိုက်သည့် Operation Rising Lion (ခြင်္သေ့ စစ်ဆင်ရေး) ကို ဝန်ကြီးချုပ် နေတန်ယာဟုက အတည်ပြု ပြောကြားလိုက်ပါသည်။

 “Tehran of TYRANTS” အီရန်၏ ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်အတွက် 'ရက်များစွာကြာမြင့်မည့်' စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အချိန်တိုအတွင်း နျူကလီးယား မပြုလုပ်မီ အီရန်ကို ရပ်တန့်ရန် လိုအပ်သည် ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ကိုးကား- အင်တာနက်စာမျက်နှာ