၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီ။ အင်္ဂလိပ်စစ်သေနာပတိချုပ် ဂျင်နရယ်ပရင်ဒါဂတ်က တပ်များချီတက်ရန် အမိန့်ထုတ်ပြန်ပြီးနောက် အင်္ဂလိပ်စစ်သင်္ဘောများ မန္တလေးမြို့ ဂေါဝိန်ဆိပ်သို့ ဆိုက်ရောက်လာကြသည်။ တစ်မြို့လုံးတိတ်ဆိတ်ငြိမ်သက်လျက် ရှိပေသည်။

နန်းတော်အတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်အဆက်အသွယ်ပြုခြင်း မရှိသဖြင့် ကာနယ်စလေဒင်တို့လူစု ရှေ့ဆောင်လမ်းပြ၍ ခေါ်ဆောင်သွားသော အင်္ဂလိပ်တပ်များသည် မြို့ရိုး၏ တောင်ဘက်တံခါးဝသို့ ညနေ ၃ နာရီတွင် ရောက်ရှိသွားကြသည်။ ထိုတံခါးမှ အတားအဆီးအခုအခံမရှိဘဲ ဝင်ရောက်သွားပြီးနောက် နန်းတော်သစ်တပ်အရှေ့ဘက်တံခါးဆီသို့ ဆက်လက်ချီတက်သွားကြ၏။ ထိုသစ်တပ်အရှေ့ဘက်တံခါးဝတွင် မိနစ်အနည်းငယ်မျှ အပန်းဖြေကြပြီးနောက် ကင်းဝန်မင်းကြီးကို စောင့်ဆိုင်းနေကြသည်။
ဤသို့စောင့်ဆိုင်းနေကြစဉ် ခပ်ဝေးဝေးမှ ကင်းဝန်မင်းကြီးဆင်စီး၍ အမြန်လာရောက်နေ သည်ကိုတွေ့ကြရ၏။ ထို့နောက် ကင်းဝန်မင်းကြီးက ကာနယ်စလေဒင်တစ်ဦးတည်းသူနှင့်အတူ နန်းတော်ထဲသို့ ဝင်ရောက်လိုက်ပါစေလိုကြောင်း၊ အတူပါလာသော အင်္ဂလိပ်တပ်များအား မည်သည့်အကြောင်းနှင့်မျှ သစ်တပ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း ပြောကြားလေသည်။
သို့ဖြင့် ကာနယ်စလေဒင်သည် ရှေးဦးစွာ ကင်းဝန်မင်းကြီးနှင့်အတူ လွှတ်တော်ရုံးသို့ ရောက်ရှိသွား၏။ ထို့နောက် ကာနယ်စလေဒင်သည် ကင်းဝန်မင်းကြီးနှင့် မှူးမတ်များလိုက်ပါလျက်သီပေါမင်းရှိရာ ရွှေနန်းတော်ဆောင်သို့ ဝင်ရောက်၍ တွေ့ဆုံပြီး အိန္ဒိယဘုရင်ခံချုပ်အမိန့်အရ အရှင်နှစ်ပါးကို ကောင်းစွာစောင့်ရှောက်ဆောင်ယူခဲ့ရန် လာရောက်ခြင်းဖြစ်ကြောင်း လျှောက်ထားလေသည်။
သီပေါမင်းက “ယခုချက်ချင်း မိမိကိုရပ်ဝေးသို့ ရုတ်တရက်ခေါ်ဆောင်သွားမည့်အစား နန်းတော်တွင်းမှာပင် တစ်ရက်နှစ်ရက်မျှ စံမြန်းနေလိုကြောင်း၊ ဤအတွင်း မိမိသည် နန်းတော်မှဆင်း၍ တောင်ဥယျာဉ်တော်ရှိ နွေရာသီစံနန်းသို့ ပြောင်းရွှေ့စံနေတော်မူရန် ဆန္ဒရှိကြောင်း” ကာနယ်စလေဒင်အား မိန့်ကြားခဲ့သည်။
ကာနယ်စလေဒင်က ဤအခွင့်ကိစ္စအတွက် မိမိသည် စစ်သေနာပတိချုပ် ဂျင်နရယ် ပရင်ဒါဂတ်ထံ အကြောင်းကြားပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် မနက်ဖြန်ကျလျှင် ဘုရင်မင်းမြတ်သည် စစ်သေနာပတိချုပ်ထံ မိမိကိုယ်ကိုပေးအပ်ရန်လိုအပ်ကြောင်း ပြန်လည်လျှောက်ထားပြီး နန်းတော်မှ ပြန်လည်ထွက်ခွာကာ ပရင်ဒါဂတ်ထံ သတင်းပို့လေသည်။ ထိုအတောအတွင်း သီပေါမင်းသည် နန်းတော်တောင်ဥယျာဉ်ရှိ နွေရာသီစံအိမ်တော်တွင် စံမြန်းနေရာ ဟမ်ရှိုင်းယားတပ်မဟာမှ တပ်သားများက အထပ်ထပ်စောင့်ကြပ်ထားသည်။
နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် အင်္ဂလိပ်တပ်များသည် ဂေါဝိန်ဆိပ်မှစတင် ချီတက်သွားကြရာ မွန်းလွဲပိုင်းတွင် နန်းတော်သို့ရောက်ရှိကြသည်။ ဂျင်နရယ်ပရင်ဒါဂတ်သည် အရေးပါသောဝန်ကြီး လေးပါးကိုခေါ်ယူပြီးလျှင် ကာနယ်စလေဒင်တို့နှင့်အတူ သီပေါမင်းကို သွားရောက်တွေ့ဆုံပြီးနောက် သီပေါမင်းနှင့်မိဖုရားအား ယခုပင်သင်္ဘောဖြင့် ခေါ်ဆောင်သွားတော့မည်ဖြစ်ကြောင်း ပြောကြားလေသည်။ ဘုရင်နှင့် မိဖုရားတို့က ရက်ရွှေ့ဆိုင်းနိုင်လျှင် ရက်ရွှေ့ပေးရန် မေတ္တာရပ်ခံခဲ့ကြသော်လည်း ပရင်ဒါဂတ်က မဖြစ်နိုင်ကြောင်း၊ ယခုချက်ချင်းလိုက်ပါရန် ပြင်ဆင်မှုပြုတော်မူပါဟု ပြောကြားပြီး နန်းတော်မှ စတင်ထွက်ခွာရန်တပ်များကို အစီအစဉ်ပြုလုပ်လေတော့သည်။
ညနေ ၃ နာရီခွဲအချိန်တွင် အင်္ဂလိပ်တပ်များသည် မင်းမိဖုရားနှစ်ပါးကို ခေါ်ဆောင်၍ နွေရာသီစံအိမ်မှ စတင်ထွက်ခွာခဲ့ကြလေသည်။ မြို့တော်ပြလမ်းမကြီး နံဘေးတစ်လျှောက်တွင်လည်းကောင်း၊ လမ်းဆုံလမ်းမများတွင်လည်းကောင်း မြို့သူမြို့သားများသည် ကြိတ်ကြိတ်တိုးလျက် ငိုကြွေးကြရင်းကပင်လျှင် အရှင်နှစ်ပါးအား နောက်ဆုံးဖူးမြော်ခြင်းဖြင့် ဖူးမြော်နှုတ်ဆက်ကြလေသည်။ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဂေါဝိန်ဆိပ်သို့ ရောက်ရှိပြီး ဘုရင်နှင့်တကွ မိဖုရားအခြွေအရံများကို “သူရိယ” သင်္ဘောပေါ်သို့ ပို့ဆောင်ထားလိုက်၏။ ထိုနေ့ကား မြန်မာတို့မမေ့နိုင်သော မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ ဖြစ်လေသည်။
ထို့နောက် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် အထက်မြန်မာနိုင်ငံနှင့်တကွ သီပေါမင်းပိုင်ဆိုင်အုပ်စိုးခဲ့ကြသော နယ်မြေတို့ကို အင်္ဂလိပ်ဧကရီ ဘုရင်မကြီးပိုင် နယ်မြေတစ်ခုအဖြစ် သိမ်းယူကြောင်း အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က လက်မှတ်ရေးထိုးကြေညာချက်ထုတ်ပြန်လိုက်လေ သည်။
ဤသို့အားဖြင့် နှစ်ပေါင်းများစွာ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် ခမ်းနားထည်ဝါစွာ ရပ်တည်ခဲ့သော မြန်မာတို့သည် သီပေါမင်းအဖမ်းခံရသော တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့မှ စ၍ အင်္ဂလိပ်တို့လက်အောက် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ကြရလေသည်။
မြန်မာတို့ စစ်ရှုံးရသော အကြောင်းအချက်များစွာရှိသည့်အနက် နိုင်ငံရေးညီညွတ်မှုမရှိခြင်း၊ လက်နက်ချင်းကွာခြားခြင်း၊ လေ့ကျင့်မှုမတူညီခြင်းတို့ကြောင့် ဖြစ်သည်။ အင်္ဂလိပ်တို့နှင့်ဖြစ်ပွားခဲ့သော စစ်ပွဲသုံးပွဲစလုံးတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော မြန်မာတပ်မှူး၊ တပ်သားတို့၏ သူရသတ္တိနှင့် ဇွဲဝီရိယတို့ညံ့ခဲ့ကြ၍မဟုတ်ဟု သမိုင်းပညာရှင်များက ဆိုခဲ့ကြသည်။
ပထမစစ်ပွဲ (၁၈၂၄-၁၈၂၆)တွင် ဦးစီးခဲ့သော စစ်သူကြီးမဟာဗန္ဓုလနှင့် ဝက်ထီးကန်တိုက်ပွဲတွင် အင်္ဂလိပ်တို့ကို တပ်လုံးပြုတ်လုနီးပါးချေမှုန်းခဲ့သော ဗိုလ်ချုပ်မဟာနေမျိုးတို့၏ စစ်စွမ်းရည်နှင့် သူရသတ္တိကို အင်္ဂလိပ်တို့ကပင် စံနမူနာတင်ကြရ၏။ ဒုတိယစစ်ပွဲ (၁၈၅၂-၁၈၅၄)တွင်လည်း ရွှေတိဂုံကုန်းခံတပ်ကိုဦးစီးသော မြို့ဝန်သတိုးမင်းကြီး မဟာမင်းလှမင်းခေါင်၊ ပဲခူးစစ်နယ်ဝှန်းတွင် ဦးစီးသော တောင်တွင်းကြီးမြို့စား မင်းရဲမင်းခေါင်ကျော်၊ ပြည်မြို့စစ်နယ်ဝှန်းကိုဦးစီးခဲ့သော ဗိုလ်မှူးဝန်ကြီး သတိုးသုဓမ္မမဟာမင်းခေါင် စသောတပ်မှူးကြီးများသည် ဇွဲသတ္တိကြီးမားစွာဖြင့် တိုက်ခိုက်ခဲ့ကြသည်။
တတိယစစ်ပွဲ (၁၈၈၅-၁၈၈၆)၌ မင်းလှခံတပ်မှ နေ၍ သဲသဲမဲမဲခုခံတိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်မဟာသမိန်ဗရမ်းနှင့် တပ်မှူးတို့၏ ဇာတိမာန်စိတ်ဓာတ်နှင့် သူရသတ္တိမှာလည်း ရန်သူတို့ကပင် လေးစားချီးကျူးခြင်းခံခဲ့ရ၏။
မင်းလှခံတပ်တိုက်ပွဲနှင့်ပတ်သက်၍ အင်္ဂလိပ်သတင်းစာဆရာ၊ သမိုင်းဆရာတစ်ဦးဖြစ်သူ ဂရက်တန်ဂျယ်ရီက “မည်သို့ပင်ဖြစ်စေ၊ မြစ်အနောက်ဘက်ကမ်းမင်းလှခံတပ်မှ မြန်မာတပ်များသည် အားတက်သရော တိုက်ခိုက်သွားပေသည်။ အဂတိတရားမလိုက်စားဘဲ အမှန်အတိုင်းပြောရလျှင် မြန်မာတို့ကို သူရဲဘောကြောင်သောသူများဟု အညွန့်ချိုးနှိမ်ချခြင်းမပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရဲရဲရင့်ရင့်ဇွဲနဘဲကြီးစွာ အားသွန်တိုက်ခိုက်ခဲ့သောကြောင့်ဖြစ်သည်” ဟု ဝေဖန်ရေးသားခဲ့သည်။
သမိုင်းဆရာတစ်ဦးဖြစ်သူ ဒေါက်တာဒီ၊ ဒီဆင်ဟာကလည်း “အရှုံးပေးအညံ့ခံရသည်ထက် အမျိုးသားဇာတိမာန်စိတ်ဖြင့် တိုက်ခိုက်ရင်းသေသွားသည်ကမှ ကောင်းသေး၏ဟု ယူဆကာ တိုက်ခိုက်သွားကြလေသည်”ဟု ရေးသားခဲ့လေသည်။
ထို့အတူ နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်သူ့ကျွန်ဘဝသို့ မြန်မာနိုင်ငံကျရောက်ချိန်တွင်လည်း “သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ ဪ-ကောင်း၏”ဟူသော ဆီဘန်းနီဆရာတော်၏ “တဖန်မှတ်စေ” ချီရတု ကဲ့သို့ မြန်မာ့ထီးနန်း ကျိုးပျက်ခြင်းကိုမခံနိုင်သော မျိုးချစ်ပုဂ္ဂိုလ်များသည် နယ်ချဲ့လက်အောက် သူ့ကျွန်ဘဝတွင် အသက်ရှင်နေရခြင်းထက် အမျိုးဘာသာသာသနာအတွက်၊ လွတ်လပ်ရေးအတွက် တိုက်ရင်းသေရသည်ကကောင်းသေး၏ဟူသော ဇာတိမာန်ဖြင့် စစ်နိုင်သောအင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြပြန်လေသည်။
ထိုသို့ ဇွဲသတ္တိကြီးမားစွာ တွန်းလှန်တိုက်ခိုက်ခဲ့ကြသော မြင်းစိုင်းမင်းသား၊ လင်းပင်မင်းသား၊ ရွှေဂျိုးဖြူ မင်းသား၊ ဝန်းသိုစော်ဘွား ဦးအောင်မြတ်၊ မင်းကြီးရွှေလရောင်ဘွဲ့ခံ ဦးမင်းရောင်၊ ဗိုလ်ချို၊ ဗိုလ်ရာညွန့်၊ ဗိုလ်ရွဲစသော အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား မျိုးချစ်အင်အားစုများကို အင်္ဂလိပ်တို့ သည် ရှစ်နှစ်ကြာမျှ နှိမ်နင်းခဲ့ကြရလေသည်။
တစ်ဖန် သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါမင်းပါတော်မူပြီးနောက် သူ့ကျွန်ဘဝတွင် မြန်မာတို့အလေးအမြတ်ကိုးကွယ် ဆည်းကပ်ရာ ဗုဒ္ဓမြတ်စွာသာသနာတော်မှာလည်း မှေးမှိန်လာခဲ့သည်။ လူသူစည်ကားရာ မြို့ကြီးပြကြီးတွင် မှီခိုသီတင်းသုံးတော်မူကြသော ရဟန်းသံဃာတော်များပင် ဆွမ်း၊ ကွမ်းပါးရှားလာရာ စစ်ကိုင်းတောင်ရိုးပျော် ရဟန်းသံဃာတော်များကား ဆိုဖွယ်ရာပင်မရှိအောင် ပို၍ခက်ခဲလာခဲ့ကြသည်။
သို့နှင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ရှေးရှုသောအားဖြင့် မန္တလေးမြို့ခံ၊ မြို့မိ မြို့ဖများနှင့် ပြည်သူများသည် ဘုရင်မရှိလို့ သာသနာပျက်ရ လေခြင်းအဖြစ်မျိုး မဖြစ်ရလေအောင် သာသနာတော်ဆက်လက်ရှင်သန်ပြန့်ပွားနိုင်ရေးအတွက် ဘုရင်ပါတော်မူပြီး ၁၁ နှစ်အကြာ ၁၂၅၈ ခုနှစ်တွင် မလွန်ဆန်လှူအသင်းကြီးကိုလည်းကောင်း၊ ပါတော်မူပြီး ၁၃နှစ်အကြာ ၁၂၆၀ ပြည့်နှစ်တွင် ပရိ ယတ္တိသာသနဟိတအသင်းကြီးကိုလည်းကောင်း ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။
လမင်း၏အလယ်တွင် ယုန်မင်းတံဆိပ်ခတ်နှိပ်ထားသော မလွန်ဆန်လှူအသင်းကြီးသည် စစ်ကိုင်းတောင်ရိုး၌ တရားရှာမှီးနေကြသော ရဟန်းသံဃာတော်၊ သီလရှင်နှင့် သူတော်စင်များအား မြန်မာဗုဒ္ဓ ဘာသာဝင် ရှင်ဘုရင်အဆက်ဆက်က ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းသည့် နည်းတူ ဆွမ်း ဆန်တော်များကို ဆက်လက်ထောက်ပံ့လှူဒါန်းခဲ့ ကြပါသည်။
ထို့အတူ ပရိယတ္တိသာသနဟိတအသင်းကြီးကလည်း သီပေါမင်းပါတော်မူပြီးနောက် သူ့ကျွန်ဘဝတွင် မြို့ပျက်မတတ်ဖြစ်ပြီး သံဃာတော်များလည်း လျော့နည်းကာ သာသနာမှေးမှိန်သထက်မှေးမှိန်လာသည့်အတွက် ကျောင်းတိုက်ကြီးများမှ ကျန်ရှိရစ်ခဲ့သည့် စာချဆရာတော်ကြီးများ၏ စာရင်းကိုလိုက်ယူကာ လစဉ်ဆွမ်းဆန်တော်များနှင့်အတူ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်များပါလှူဒါန်းခဲ့ကြသည်။ ထို့ပြင် စာတော်ပြန်ပွဲ မကျင်းပနိုင်ခဲ့သည်မှာ ၁၈ နှစ်ခန့်ရှိလာသဖြင့် ၁၂၆၅ ခုနှစ်တွင် ပရိယတ္တိသာသနဟိတအသင်းကြီးက စာပြန်ပွဲကို စတင်ကျင်းပပေးခဲ့သည်။ စာပြန်ပွဲများကို သကျသီဟဘုရားကြီးဝင်းအတွင်းရှိ ဦးသာညှင်း၏ ကိုးခန်းအုတ်ဇရပ်ကြီးတွင်ကျင်းပခဲ့ရာမှ ပရိယတ္တိစာမေးပွဲများကို ရဟန်းလောကက “သကျသီဟစာမေးပွဲ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။
မလွန်ဆန်လှူအသင်းကြီးနှင့် ပရိယတ္တိသာသနဟိတအသင်းကြီးကို မြို့လူထုနှင့်တကွ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်ပြည်သူအပေါင်းက ဝိုင်းဝန်းလှူဒါန်းခဲ့ကြရာမှ ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀ ကျော် သမနိရှည်ကာ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကို ထိထိရောက်ရောက် အကျိုးပြုလျက်ရှိသည်။ တိပိဋကဓရမင်းကွန်းဆရာတော်ကြီးကလည်း မလွန်ဆန်လှူအသင်းကြီးကို သာသနာ၏ မိခင်အသင်း၊ ပရိယတ္တိသာသနဟိတအသင်းကြီးကို သာသနာ၏ ဖခင်အသင်းအဖြစ် အသိအမှတ်ပြု သတ်မှတ်တော်မူခဲ့ပါသည်။
ထို့အတူ မြန်မာတို့သည် အမျိုးဘာသာသာသနာအကျိုးအတွက် ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြန်ပါသည်။ ဝိုင်အမ်ဘီအေကဲ့သို့ မြန်မာအသင်းအပင်းများ မပေါ်ပေါက်သေးချိန်က တိုင်းသူပြည်သားများသည် နယ်ချဲ့ဗြိတိသျှတို့၏ အုပ်ချုပ်ခံသက်သက်ပင်ဖြစ်ခဲ့သည်။ ဝိုင်အမ်ဘီအေပေါ်ပေါက်လာသောအခါ “အမျိုးဘာသာသာသနာပညာ” ဆိုသည့် ခေါင်းစဉ်အောက်မှ တိုင်းရေးပြည်မှုများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ဗြိတိသျှအစိုးရထံတင်ပြတောင်းဆိုခဲ့ကြသည်။
သာသနာ့မြေနှင့် ဘုရားပုထိုးစေတီရင်ပြင်များတွင် နိုင်ငံခြားသားများ ဖိနစ်စီးသွားလာနေကြသည့်အတွက် ဖိနပ်ပြဿနာပေါ်ပေါက်လာသောအခါတွင်လည်း ဝိုင်အမ်ဘီအေအသင်းကြီးကပင် တိုင်းပြည်ကိုယ်စားဗြိတိသျှအစိုးရကို အရေးဆိုခဲ့ပါသည်။
တစ်ဖန် အိန္ဒိယကို အုပ်ချုပ်ရေးအဆင့်အတန်းတိုးပေးရန် ဗြိတိသျှအစိုးရကစီစဉ်သည့်အခါတွင်လည်း မြန်မာပြည်ကိုအလားတူ တိုးမြှင့်ပေးရန် ဝိုင်အမ်ဘီအေက ဦးစု၊ ဦးဖေ၊ ဦးဘဘေ၊ ဦးမေအောင်တို့လေးဦးကို အိန္ဒိယသို့ကိုယ်စားလှယ်လွှတ်ကာ အရေးဆိုခဲ့သည်။ သို့ရာတွင် ဗြိတိသျှအစိုးရက မြန်မာပြည်ကိုအုပ်ချုပ်ရေးတိုးမပေးဘဲ ချန်လှပ်ခဲ့သဖြင့် ၁၉၁၉ ခုနှစ်တွင် ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန် “ဘေ-ပု-ရှိန်” ကိုယ်စားလှယ်ကြီး သုံးဦးကို ဝိုင်အမ်ဘီအေကပင် အင်္ဂလန်သို့စေလွှတ်ကာ ထပ်မံအရေးဆိုစေခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေအဖြစ် တိုးချဲ့ဖွဲ့စည်းကာ ဟုမ္မရူး (Home Rule) ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ပြန်သည်။ ထိုမှအစပြု၍ မြန်မာပြည်သူများ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အရေးကိစ္စများတွင် နိုးနိုးကြားကြားပါဝင်လာခဲ့ကြ၍ ဝိုင်အမ်ဘီအေအသင်းကြီးကို “မြန်မာနိုင်ငံရေးအစ ဝိုင်အမ်ဘီအေက”၊ “လွတ်လပ်ရေးအစ ဝိုင်အမ်ဘီအေက”၊ “ဝံသာနုရက္ခိတအစ ဝိုင်အမ်ဘီအေ”က စသည်ဖြင့် ဆိုစမှတ်ပြုခဲ့ကြလေသည်။
ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေမှသည် ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးပေါ်ပေါက်လာသည်။ မြန်မာလူမျိုးများသည် ကျွန်လူမျိုးမဟုတ်၊ ကိုယ့်မင်းကိုယ်ချင်းသခင်ဘဝဖြင့် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော လူမျိုးဖြစ်၍ “သခင်မျိုးဟေ့- တို့ဗမာ” ဟူသည့် ကြွေးကြော်သံနှင့်အတူ နာမည်ရှေ့တွင် သခင်ဘွဲ့ခံခဲ့ကြလေသည်။ ထို့အတူ -
“ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါ
တို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါ”
ဟူ၍ တပ်လှန့်ကြွေးကြော်ခဲ့ကြသည်။ တို့ဗမာအစည်းအရုံးကို သခင်ဘသောင်းက စတင်တည်ထောင်ခဲ့သည်။
ထို့နောက် တို့ဗမာအစည်းအရုံးမှသည် ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသော ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်မြောက်ရေးတပ်မတော်(BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပေါ်ပေါက်လာကာ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးများကို ဆက်တိုက်ဆင်နွှဲခဲ့ပြီး စစ်ပြီးခေတ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်၏ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် နယ်ချဲ့ဗြိတိသျှ၏ အထက်မြန်မာနိုင်ငံကို နှစ်ပေါင်း ၆၀ ကျော်၊ အောက်မြန်မာပြည်ကို နှစ်ပေါင်း ၁၀၀ ကျော်အုပ်ချုပ်ခဲ့သည့် သူ့ကျွန်ဘဝမှလွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ပေသည်။
ယခုလာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ သည် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါ သမယဖြစ်သည်။ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် တို့ကိုယ်ကျိုးလုံးလုံးမပါ၊ နောင်လာ နောက်သားကောင်းစားဖို့ရာဟူသည့် မွန်မြတ်သည့် စိတ်ထားဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေးများစွာပေးဆပ်ပြီး တာဝန်ကျေပွန်ခဲ့ကြသည့် အတိတ်ကမျိုးဆက်များနည်းတူ မျိုးဆက်သစ်များအနေဖြင့်လည်း ကိုယ်စီကိုယ်စီတာဝန်ကျေပွန်ကြရပါမည်။
မျက်မှောက်ကာလတွင် ကိုလိုနီနယ်ချဲ့လက်သစ်တို့သည် နိုင်ငံငယ်များအပေါ် ၎င်းတို့ဩဇာလွှမ်းမိုးနိုင်ရေးအတွက် နောက်ကွယ်မှကြိုးကိုင်ကာ အချင်းချင်းအကြားသွေးခွဲ၍ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းလျက်ရှိပေသည်။
သို့ဖြင့် အတိတ်က စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရာမှ သီပေါမင်းပါတော်မူပြီး အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်အပေါ် သမိုင်းသင်ခန်းစာရယူပြီး ကမ္ဘာတည်သရွေ့ အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးမှာ လက်ရှိမျိုးဆက်များနှင့် အနာဂတ်မျိုးဆက်သစ်များ၏ သမိုင်းပေးတာဝန်တစ်ရပ်သာဖြစ်ပေသည်။ ။
ကိုးကား - နတ်မောက်ဘုန်းကျော်၏
“အင်္ဂလိပ်-မြန်မာ စစ်သမိုင်း”
Source: www.moi.gov.mm

၁၉ ရာစုမှာ ကုန်ထုတ်စွမ်းအားနဲ့ စစ်အင်အားတိုးတက်ကြီးမားလာကြတဲ့ လောဘတက်တိုင်းပြည်တွေအနက် ဖက်ဆစ်ဂျပန်နဲ့ နယ်ချဲ့အရင်းရှင် ဗြိတိသျှတို့က ၎င်းတို့ထုတ်လုပ်နိုင်တဲ့ထုတ်ကုန်တွေကို ဈေးကွက်တိုးချဲ့ရယူနိုင်ရေးအပြင် ကုန်ကြမ်းတွေရရှိရေးတို့အတွက်ပါ ဖွံ့ဖြိုးတိုးတက်မှုနည်းပြီး စစ်အင်အားချည့်နဲ့တဲ့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေ ပေါကြွယ်ဝမှုကို မျက်စိကျလာခဲ့ကြပါတယ်။
အရင်းရှင်နယ်ချဲ့ကိုလိုနီကာလ

ကိုလိုနီနယ်ချဲ့အရင်းရှင် ဗြိတိသျှတို့က သူတို့ခြေကုပ်ရယူထားတဲ့ အိန္ဒိယနိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ တစ်ဆင့်ချင်း အုပ်ချုပ်ခြယ်လှယ်ခြင်းပြုခဲ့ပါတယ်။
နယ်ချဲ့အရင်းရှင်ဗြိတိသျှတို့ရဲ့ ကိုလိုနီကျွန်ဘဝက လွတ်မြောက်ဖို့အတွက် မိမိတို့ တိုင်းပြည်ကို ကူညီကယ်တင်ပေးနိုင်စွမ်းရှိတဲ့ ဂျပန်နိုင်ငံကို ခက်ခဲစွာလျှို့ဝှက်ချိတ်ဆက်ပြီး ကြိုးပမ်းခဲ့ကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ဟာ ဂျပန်နိုင်ငံကို တိတ်တဆိတ်သွားရောက်ကာ စစ်ပညာသင်ယူခဲ့ကြပါတယ်။ အဲဒီနောက် ဂျပန်တို့ရဲ့အကူညီနဲ့ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့အရင်းရှင်တို့ကို တွန်းလှန်နိုင်ခဲ့ကြပါတယ်။
သို့သော်လည်း ဂျပန်တို့ကတစ်ဖန် ၁၉၄၂ ခုနှစ် မှ ၁၉၄၅ ခုနှစ်အထိ မြန်မာနိုင်ငံကို ဂျပန်ကိုလိုနီအဖြစ် ထပ်မံအုပ်ချုပ်ကာ ဖက်ဆစ်ဝါဒီတို့ရဲ့ ရက်စက်မှုတွေအတိုင်း ငယ်ထိပ်ပေါ်ကို ရေတစ်စက်ချင်း၊ တစ်စက်ချင်းချကာ အသည်းခိုက်အောင်နာကျင်စေတဲ့ ပြစ်ဒဏ်ပေးခြင်း၊ လက်ကိုရေနွေးစိမ်ထားပြီး လက်သည်းခွံများကို ရက်စက်စွာ ချွတ်ခွာအပြစ်ဒဏ်ပေးခြင်းစတဲ့ ယုတ်မာမှု၊ နှိပ်စက်မှုအမျိုးမျိုးကို ဆိုးရွားစွာ ပြုလုပ်ခဲ့ကြပါတယ်။
လွတ်လပ်ရေးရအောင်ကြိုးပမ်းမှု
ဖက်ဆစ်တပ်တွေကို တိုက်ထုတ်နိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာ့တပ်မတော်နဲ့ တို့ဗမာအစည်းအရုံးဝင်တို့ဟာ အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်တွေနဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့ကြပါတယ်။ ထို့နောက် ဖ-ဆ-ပ-လ ခေါ် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဖ-ဆ-ပ-လ အဖွဲ့ကြီးနဲ့အတူ မြန်မာလူငယ်ခေါင်းဆောင်တွေကလည်း တစ်ခဲနက်ပါဝင်ကြကာ ၁၉၄၅ ခုနှစ် မတ်လက အစပြုလို့ ဖက်ဆစ်ကို တော်လှန်ခဲ့ကြပါတယ်။ ထိုတော်လှန်နိုင်မှုကြောင့် ထိုနှစ်မှာပဲ ဗြိတိသျှတပ်တွေ မြန်မာနိုင်ငံကို လွယ်ကူစွာ ဝင်ရောက်နိုင်ကြပြီး ဖက်ဆစ်တွေကို အပြီးအပိုင် မောင်းထုတ်နိုင်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဖ-ဆ-ပ-လ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၄၆ ခုနှစ်မှာ ဖ-ဆ-ပ-လ ခေါင်းဆောင်တဲ့ မြန်မာလူထုက တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ရေး၊ အချုပ်အခြာအာဏာပိုင်သော လွတ်လပ်ရေးရရေးစတဲ့ အဆိုတွေကို အတည်ပြုတင်သွင်းကြပါတယ်။ ဖ-ဆ-ပ-လ ဦးစီးတဲ့ ပြည်မဒေသနဲ့ တောင်တန်းဒေသအင်အားကို မခံနိုင်တော့လို့ ဗြိတိသျှအစိုးရက အုပ်ချုပ်ရေးအာဏာကို အပ်နှင်းပေးခဲ့ပြီး တစ်နိုင်ငံလုံးလွတ်လပ်ရေးကိုလည်း မကြာမီပေးပါမယ်လို့ ကတိပြုဝန်ခံမှုပေးခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖ-ဆ-ပ-လ အစိုးရက ၁၉၄၇ ခုနှစ်မှာ တိုင်းပြုပြည်ပြုလွှတ်တော်ကို ကျင်းပပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေ အစည်းအဝေးပြုလုပ်နေစဉ်မှာ ဂဠုန်ဦးစောဦးဆောင်တဲ့ မသမာသူလူတစ်စုရဲ့ လုပ်ကြံခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ဖ-ဆ-ပ-လ ဒုတိယဥက္ကဋ္ဌ သခင်နုက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အောင်မြင်စွာ အပြီးသတ်ရေးဆွဲနိုင်ခဲ့ကြပါတယ်။ အဲဒီနောက် မြန်မာခေါင်းဆောင်တွေဟာ ဗြိတိသျှအစိုးရအက်တလီနဲ့ သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ကြတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အချုပ်အခြာ အာဏာပိုင်ထာဝရလွတ်လပ်တဲ့ မြန်မာနိုင်ငံလို့ ကမ္ဘာကို ကြေညာနိုင်ကာ ဗြိတိသျှအလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံတော်အလံကို လွှင့်ထူနိုင်ခဲ့ကြတယ်။
မျက်စိကိုမှိတ်၊ အံကိုကြိတ်လို့ သူ့ကျွန်ဘဝနဲ့ ဖက်ဆစ်ဝါဒီတို့ရဲ့ နှိပ်စက်ခံရတဲ့ဘဝက လွတ်မြောက်ကင်းဝေးစွာနေနိုင်ဖို့အတွက် ဘိုးဘွားတွေက အသက်ကိုနှင်း၊ ဘဝကိုရင်းကာ ဆင်းရဲဒုက္ခများစွာကို ခေါင်းငုံ့ခံခဲ့ကြပြီး ကိုလိုနီနယ်ချဲ့အရင်းရှင်ရဲ့ လက်ကနေ မိမိတို့တိုင်းပြည်ကို ပြန်လည်တိုက်ခိုက်ရယူကာ မြန်မာနိုင်ငံတိုင်းရင်းသား မျိုးနွယ်စုလူငယ်တွေလက်ကို လွှဲအပ်ပေးခဲ့ပါတယ်။
လက်ခံရယူလိုက်ကြရတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမရင်းချာတွေဖြစ်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုတဲ့ မျိုးနွယ်စု ရှစ်စုတို့ရဲ့ လူငယ်တွေကလည်း မိမိတို့ လက်ခံရယူပိုင်ဆိုင်ထားကြတဲ့ ဒီခေတ်သစ်မြန်မာနိုင်ငံတော်ကြီးကို တိုင်းတစ်ပါးနယ်ချဲ့အရင်းရှင်တို့ရဲ့ ကိုလိုနီကျွန်ဘဝအဖြစ် ထပ်မံမရောက်စေဘဲ ရှေ့သို့သာတက်လှမ်းချီလို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ အင်အားစွမ်းပကားကြီးမားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်စေဖို့၊ စည်းလုံးညီညာစွာ ခိုင်ခိုင်မြဲမြဲလက်ချိတ်တွဲလို့ တည်ဆောက်ကြဖို့ တာဝန်ယူကြရမယ့်အချိန် ရောက်လာခဲ့ပါပြီ။
စီးပွားရေးတောင့်တင်းပြီး ခေတ်မီအဆင့်မြင့်ရေး
ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကမ္ဘာ့တန်ဖိုးမြင့် ကျောက်သံပတ္တမြား၊ ပုလဲနဲ့ ရွှေ၊ ငွေ၊ ကြေးနီ၊ သွပ်၊ ခဲ၊ ဒန်သတ္တု (အလူမီနီယံ)၊ သံဖြူ (Tin)၊ မဂ္ဂနိစ်၊ ခနောက်စိမ်းအပါအဝင် သံနဲ့သံမဏိထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းမျိုးစုံလှတဲ့ မိမိတိုင်းပြည်ရဲ့ သဘာဝသယံဇာတတွေကို တိုင်းတစ်ပါးနယ်ချဲ့တို့ ကျူးကျော်ဝင်ရောက် တူးဖော်အမြတ်ထုတ်ယူခြင်းမျိုးတွေ ခံခဲ့ကြရပြီးဖြစ်ပါတယ်။ ကျူးကျော်လာတဲ့ တိုင်းတစ်ပါးနယ်ချဲ့အရင်းရှင်တွေရဲ့ ကုပ်သွေးစုပ်အမြတ်ထုတ်ခြင်းမျိုး နောက်ထပ်မခံရလေအောင် ကာကွယ်နိုင်ကြဖို့ အလေးထားကြရန် လိုအပ်လှပါတယ်။ မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်ဖားတွေပိုင်ဆိုင်ထားကြပြီးဖြစ်တဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီး ငြိမ်းချမ်းအေးချမ်းသာယာဝပြောကာ အစဉ်ခေတ်မီဖွံ့ဖြိုးတိုးတက်နေအောင် မိမိတို့ တိုင်းရင်းသားတွေအားလုံးရဲ့ စုစည်းခိုင်မာကြီးမားလှတဲ့ အင်အားစုကြီးနဲ့ ဆက်လက်ဖော်ဆောင်ပေးကြရမှာဖြစ်ပါတယ်။
ဒီလိုဖော်ဆောင်ရာမှာ ရှေးဦးစွာ အခြေခံအရင်းအမြစ်တွေဖြစ်ကြတဲ့ လျှပ်စစ်စွမ်းအား တိုးတက်တည်ငြိမ်မှုရရှိရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစက်မှုလက်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် နည်းပညာအတတ်ပညာများ ထူးချွန်စွာတတ်မြောက်တဲ့ ကျွမ်းကျင်သူတွေ တိုးပွားရေးစတာတွေကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ရည်မှန်းချက်တွေ ဖော်ဆောင်ရာမှာ မြန်မာတို့ရဲ့ ထူးခြားပြောင်မြောက်တဲ့ သမိုင်းမှတ်တမ်းဖြစ်စေအောင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးက မိမိတို့အခြေချနေထိုင်ရာ ဒေသအသီးသီးမှာ အောင်မြင်ဖြစ်ထွန်းနိုင်တဲ့ လယ်ယာသီးနှံ စိုက်ပျိုးခြင်း၊ တိရစ္ဆာန်မွေးမြူခြင်းတွေကို အောင်မြင်စွာဖော်ဆောင်ကြပြီး ဆက်စပ်ထပ်ဆင့်ထွက်ပေါ်လာတဲ့ ထွက်ကုန်တွေကိုလည်း လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်ပစ္စည်းတွေအဖြစ် ထုတ်လုပ်ရောင်းချ ဈေးကွက်ဖန်တီးယူကြကာ ဝင်ငွေထပ်ဆင့်တိုးရအောင် ကြံဆနိုင်စွမ်းရှိကြဖို့ လိုအပ်ပါမယ်။
လုပ်ငန်းဖော်ဆောင်သူ တိုင်းရင်းသားတွေနဲ့အတူ သူတို့ပိုင်ဆိုင်ထားတဲ့ ပြည်ထောင်စုကြီးကိုပါ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်လိုက်ထပ်တိုးရရှိလာနိုင်တဲ့ ထွက်ကုန်ပစ္စည်းတွေကနေ ထပ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန် (value added products)တွေရဲ့ ထပ်တိုးဝင်ငွေများစွာရရှိစေနိုင်တာကလည်း ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို ထိရောက်စေမှာဖြစ်တဲ့အတွက် တိုင်းသူပြည်သားအားလုံးက တစ်ခဲနက်စုပေါင်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
ဥပမာပြရရင် ဝါစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းတဲ့အရပ်ဒေသမှာ ဝါစိုက်ပျိုးခြင်းကနေ ထွက်ရှိလာတဲ့ဝါတွေကို ဝါနဲ့ ဝါစေ့ခွဲထုတ်၊ ဝါမှချည်မျှင်ကို ထုတ်ယူပြီး အထည်အလိပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချတာ၊ ထိုမှ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုး စတာတွေကို ထပ်ဆင့်တိုးထုတ်လုပ်ရောင်းချတာ စသဖြင့် ထပ်ဆင့်တန်ဖိုးမြှင့် ထုတ်ကုန်တွေကနေ ဝင်ငွေတိုးအောင် ဆောင်ရွက်နိုင်ကြရပါမယ်။
ဝါစေ့ကိုကြိတ်လို့ ဆီထုတ်ရောင်းချ၊ ဆီကြိတ်ဖတ်တွေကိုလည်း တိရစ္ဆာန်အစားအစာအဖြစ် ပြုလုပ်ရောင်းချပြီး ဝင်ငွေတိုးစေနိုင်တာကိုပါ အလေးထားစဉ်းစားဖော်ဆောင်နိုင်ကြရပါမယ်။ အခုအခါ နှစ်ရှည်စွာ စိုက်ပျိုးဖြစ်မြောက်နေတဲ့ အုန်းပင်ကြီးတွေရဲ့တစ်ပင်လုံးက ရယူနိုင်တဲ့ အရည်၊ အသားဖတ်တို့ကနေ ဝင်ငွေရယူနေကြရာမှ ထပ်ဆင့်လို့ အုန်းသီးရဲ့အပြင်အခွံနဲ့ အတွင်းအခွံမာတို့က နေလည်း လူသုံးအလှကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်ပြီး ဝင်ငွေရအောင် ဖန်တီးယူနိုင်နေကြတဲ့အပြင် ရှားပါးနေတဲ့စားသုံးဆီကိုလည်း အုန်းဆီကနေအောင်မြင်စွာ ထုတ်ယူနိုင်အောင် မြန်မာ့သုတေသနပညာရှင်တွေက ဖန်တီးပေးနိုင်နေကြပါပြီ။
ထန်းလက်၊ ထန်းပင်ရဲ့ပင်စည်ပါမကျန် အဆောက်အအုံဆောက်လုပ်ရာမှာသုံးတဲ့ ကုန်ကြမ်းအဖြစ်နဲ့ လူသုံးပရိဘောဂကုန်ပစ္စည်းအမျိုးမျိုးအဖြစ် စုံလင်စွာ တီထွင်ပြုလုပ်နိုင်ကြခြင်းကြောင့် ဝင်ငွေထပ်တိုးရှာနိုင်လာကြတာကို ချီးကျူးမိပါတယ်။ အလားတူပဲ မွေးမြူရေးလုပ်ငန်းတွေမှာလည်း တိရစ္ဆာန်ရဲ့အရေခွံနဲ့ အမွေးတွေကနေ လူသုံးအဝတ်အထည်တွေ၊ အလှခြုံလွှာတွေ၊ လက်ကိုင်အိတ်တွေအဖြစ်၊ အရိုးတွေကိုလည်း လူသုံးအလှကုန်ပစ္စည်းအဖြစ် ပြုလုပ်ပြီး value added products ဖန်တီးရောင်းချကာ ထပ်ဆင့်ဝင်ငွေ ဖြည့်စွက်ပေါင်းစပ်ရယူနိုင်ကြပါတယ်။
ဒီလိုဆောင်ရွက်နိုင်တာက လုပ်ငန်းလုပ်ကိုင်ကြသူ တိုင်းရင်းသားမျိုးနွယ်စု ညီအစ်ကိုမောင်ဖား အားလုံးနဲ့အတူ နိုင်ငံတော်ကြီးကိုပါ ခေတ်မီတိုးတက်အဆင့်မြင့်ရေးအတွက် အကျိုးဖြစ်ထွန်းမှုများစေမှာဖြစ်ပါတယ်။ ဒီလိုပြည်သူအားလုံးက အလေးထားဖော်ဆောင်နိုင်စွမ်းရှိကြခြင်းဟာ မျိုးနွယ်စုအားလုံးနဲ့ နိုင်ငံတော်အတွက်ပါ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြင့်တက်စေမှာဖြစ်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေ အားလုံးရဲ့ကြီးမားတဲ့ စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ လက်တွေ့ကြိုးပမ်းပြနိုင်ကြခြင်းကို သမိုင်းမှတ်တမ်းတင်နိုင်ကြပါစေ။
ခေတ်သစ်မြန်မာနိုင်ငံတော်ကြီး အစပြုတည်ဆောက်နေတဲ့ကာလမှာ ပမာဏကြီးမားတဲ့ မဟာဓာတ်အားစီမံကိန်းကနေ လျှပ်စစ်စွမ်းအင်ရရှိရေးကို စောင့်မျှော်မနေကြဘဲ နိုင်ငံဒေသအနှံ့ကျေးလက်တွေပါမကျန် မိမိတို့ကိုယ်ပိုင် တစ်ပိုင်တစ်နိုင်လုပ်ငန်းအသီးသီး အစပြုဖို့လိုအပ်တဲ့ ပမာဏနည်းတဲ့ လျှပ်စစ်စွမ်းအင်အသီးသီးကို အချိန်တိုအတွင်းရနိုင်မယ့် သဘာဝကလက်ဆောင်ပေးနေတဲ့ နေရောင်ခြည်စွမ်းအင်၊ လေအားစွမ်းအင်၊ မြစ်ချောင်းအင်းအိုင်တို့ကနေ ရယူနိုင်တဲ့စွမ်းအင်တွေကို နည်းပညာတတ်ကျွမ်းတဲ့ပညာရှင်တွေ ဖန်တီးထားတဲ့ နည်းစနစ်တွေကိုအသုံးပြုပြီး တစ်စုတစ်ဖွဲ့ချင်း ကိုယ်စီရယူနိုင်ကြပါတယ်။
သဘာဝစွမ်းအင်အနက်မှ မိမိတို့နေထိုင်ရာ အရပ်ဒေသအသီးသီး အခြေအနေနဲ့ကိုက်ညီသင့်မြတ်တဲ့ သဘာဝစွမ်းအင်မျိုးကိုရွေးပြီး တစ်ပိုင်တစ်နိုင်တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းကလည်း ကိုယ်စီဖော်ထုတ်ရယူကာ မိမိတို့လုပ်ငန်းငယ်တွေကို အလျင်အမြန်အစပြုကြရမှာဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်စွမ်းအား အပြည့်အဝရနိုင်ချိန်မှာလည်း မိမိတို့လုပ်ငန်းတွေကို ဖြည့်စွက်တိုးချဲ့ရာမှာ လျင်မြန်မှုရစေရေးအတွက် အသင့်ပြင်ဆင်ထားမှုကိုလည်း လက်ဦးရထားပြီး ဖြစ်နေရပါမယ်။
ကျူးကျော်ဝင်ရောက်လာနိုင်တဲ့ တိုင်းတစ်ပါးနယ်ချဲ့တွေကိုခုခံနိုင်ဖို့ တိုင်းရင်းသားမျိုးနွယ်စုဝင် တွေအားလုံးက စစ်ရေးပညာကျွမ်းကျင်စွာနဲ့ ခေတ်မီလက်နက်စွဲကိုင်ကာ ဘတစ်ပြန်ကျားတစ်ပြန် ကာကွယ်တွန်းလှန်နိုင်ဖို့ ကြိုတင်ပြင်ဆင်ကြရပါမယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး စွမ်းပကားထက်မြက်တဲ့ ပြည်ထောင်စုကြီးဖြစ်အောင် ဖော်ဆောင်ကြရာမှာ ငွေကြေးတောင့်တင်းပြီး အသိအတတ်ပညာနဲ့ အတွေ့အကြုံရှိကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေအားလုံးက အတ္တထက်ပရစိတ်နဲ့ နေရာစုံ၊ ထောင့်အနှံ့ကပါဝင်ကာ ကြီးမားတဲ့စုစည်းအင်အားနဲ့ ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။
တိုင်းပြည်နဲ့ လူမျိုးအတွက် လိုအပ်တဲ့ ခေတ်မီစက်ပစ္စည်းကိရိယာ စုံလင်စွာထုတ်လုပ်ပေးနိုင်တဲ့ စက်မှုလက်မှုလုပ်ငန်းတွေကို ဦးဆောင်ပေးစွမ်းနိုင်ရေး၊ တတ်ကျွမ်းထူးချွန်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ သိပ္ပံနည်းပညာရှင်တွေ ဖြစ်ထွန်းပေါ်ပေါက်ရေးနဲ့အတူ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်လုံလောက်ပြည့်ဝရေးတို့ကိုလည်း ယှဉ်တွဲပြည့်စုံစေဖို့ စီမံကြစေလိုပါတယ်။
စီးပွားရေးအလျင်အမြန်တိုးတက်ဖို့၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစား စက်မှုလုပ်ငန်းတွေ လျင်မြန်စွာတိုးတက်လာစေရေးနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အားလုံးအပါအဝင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လိုအပ်တဲ့ ခေတ်မီနည်းပညာတွေ ပြန့်ပွားစေရေးလည်း လိုအပ်ပါတယ်။ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းအသီးသီးကို အစပြုနိုင်ဖို့ လုပ်ငန်းဖော်ဆောင်ကြမယ့် ပြည်သူအစုအဖွဲ့ တွေလိုအပ်တဲ့ ရင်းနှီးငွေကိုလည်း ဘဏ်လုပ်ငန်း၊ သမဝါယမလုပ်ငန်းတွေကနေ ထုတ်ချေးပေးနိုင်ရေး၊ လုပ်ငန်းအသီးသီးစနစ်တကျ အောင်မြင်ဖြစ်ထွန်းဖို့အတွက် အထွေထွေလိုအပ်ချက်တွေကို ဝိုင်းကူပံ့ပိုးဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ ခရိုင် စတာတွေမှာ နိုင်ငံတော်က တာဝန်ပေးအပ်ထားတဲ့ အုပ်ချုပ်ကွပ်ကဲမှုပေးနေကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ အနီးကပ်ကြီးကြပ်မှုကလည်း အလွန်အရေးပါလှပါတယ်။
အမိနိုင်ငံတော်ကြီး အလျင်အမြန် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြရအောင်လိုအပ်တဲ့ အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစားစက်မှုလက်မှုလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းစတာတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အထွေထွေလုပ်ငန်းအားလုံးအတွက်ပါမကျန် တည်ငြိမ်ပြည့်ဝတဲ့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စက်ရုံတွေ တည်ဆောက်ပေးခြင်းနဲ့ ရေအားလျှပ်စစ်စက်ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံတွေကိုလည်း နိုင်ငံတော်အစိုးရက အလေးထားတည်ဆောက်ပေးနေပြီဖြစ်ကြောင်းကို ရုပ်သံနဲ့ သတင်းမီဒီယာတွေမှာဖတ်ရလို့ အားရှိရပါတယ်။
အဓိကအခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနေဆဲမှာ တိုင်းရင်းသားမျိုးနွယ်စုအားလုံးက အမိနိုင်ငံတော်ကြီး အလျင်အမြန်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အသီးသီးကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုအားလုံးက စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်မယ့် တိုင်းပြုပြည်ပြုအစိုးရသစ် ရွေးချယ်ဖို့ ဆန္ဒမဲပေးနိုင်သူပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမတွေဖြစ်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုတဲ့ မျိုးနွယ်စုဝင်အားလုံးက တစ်ခဲနက်ပါဝင်ကာ ရွေးချယ်တင်မြှောက်ပေးကြရပါမယ်။
တိုင်းရင်သားမျိုးနွယ်စုများရဲ့ ကြီးမားတဲ့စွမ်းပကား
ခေတ်သစ်ပြည်ထောင်စုကြီးကို အစပြုတည်ဆောက်နေတဲ့ကာလ၊ ကြီးမားတဲ့နိုင်ငံကြီး တစ်ခုလုံးအတွက် မဖြစ်မနေလိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို အလေးထားဦးစားပေးတည်ဆောက်ပေးနေရချိန်မှာ ငွေကြေးချမ်းသာတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်ကြီးတွေကလည်း တစ်ဖက်တစ်လမ်းကနေ မိမိတို့ကျွမ်းကျင်တဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းကြီးတွေမှာ ပါဝင်အားဖြည့်ကူကြစေလိုပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံးရဲ့ ငြိမ်းချမ်းအေးချမ်းသာယာတဲ့ ခေတ်သစ်ပြည်ထောင်စုကြီးကို တိုင်းရင်းသားညီအစ်ကိုတွေက စည်းလုံးညီညွတ်စွာ ကြီးမားတဲ့စုစည်းအင်အားနဲ့ အလျင်အမြန်တည်ဆောက်ကြပြီး ကမ္ဘာမှာမြန်မာလို့ ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြစေလိုပါတယ်။
ပြည်ထောင်စုဖွားတိုင်းရင်းသား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ မျိုးနွယ်စုတွေအားလုံးရဲ့ ဗလငါးတန်ပြည့်ဝတဲ့ လူငယ်တွေအားလုံးက စည်းလုံးညီညွတ်စွာ လက်ချိတ်တွဲလို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာတဲ့ ခေတ်သစ်စနစ်သစ်နိုင်ငံတော်ကြီးကို တည်ဆောက်ကြဖို့ အဓိဋ္ဌာန်ပြုကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်လာတော့မယ့် (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဦးညွှတ်ဂုဏ်ပြုကြိုဆိုလိုက်ကြပါစို့။ ။

၁။ ပြည်ထောင်စုစနစ်ကို အင်္ဂလိပ်ဘာသာဖြင့် “Federal System” သို့မဟုတ် “Federalism” ဟုခေါ်ဆို သည်။ “Federal System” သို့မဟုတ် “Federalism” ဟူသော စကားလုံးကို ၁၆ ရာစု နောက်ပိုင်းတွင် ဥရောပတိုက်၌ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတော်များ (Sovereign States) ပေါ်ထွန်းခဲ့ပြီးမှသာ စတင် သုံးစွဲခဲ့သော ခေတ်သစ်နိုင်ငံရေး ဝေါဟာရစကားလုံးပင် ဖြစ်ပါသည်။

၂။ Federal ဟူသော စကားလုံးသည် လက်တင်ဘာသာစကားဖြစ်သည့် “Foedus” မှ ဆင်းသက်လာခြင်း ဖြစ်ပြီး အဓိပ္ပါယ်မှာ သဘောတူခြင်း၊ အပြန်အလှန် ညှိနှိုင်းအပေးအယူပြု ဆောင်ရွက်ခြင်း၊ နှစ်ဦးနှစ်ဘက် ကောင်းကျိုးအတွက် ပဋိညာဉ်ပြု ဆောင်ရွက်ခြင်း၊ နှစ်ဦးနှစ်ဘက် သဘောတူညီချက်များ ပြုလုပ်ထားရှိခြင်း တို့ဖြစ်သည်။
၃။ ခေတ်သစ်နိုင်ငံရေးပညာရှင်များက ဖက်ဒရယ်ပြည်ထောင်စုစနစ် လက်တွေ့ကျင့်သုံးမှု နှင့်စပ်လျဉ်း၍ “ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားစွမ်းအားကို အခိုင် အမာတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စု(ဗဟို)အစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအာဏာ ခွဲဝေကျင့်သုံးသောစနစ်” ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၄။ ဖက်ဒရယ်စနစ်ကို မတူညီသော ဒီဂရီအမျိုးမျိုးဖြင့် ကျင့်သုံးနေကြသော်လည်း၊ “အဓိကကျသည့် အချက်မှာ အာဏာခွဲဝေမှု နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ကျင့်သုံးမှု” ဖြစ်သည်။
(က) အာဏာခွဲဝေမှု ဆိုသည်မှာ အုပ်ချုပ်ရေးအာဏာကို ခွဲဝေကျင့်သုံးခြင်းဖြစ်သည်။ နိုင်ငံ တစ်ခုလုံးကို အုပ်ချုပ်သည့် ဗဟိုအစိုးရအာဏာနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ တွင် အုပ်ချုပ်သည့် အစိုးရတို့အကြား အာဏာမည်သို့ခွဲဝေထားသနည်း ဆိုခြင်းပင်ဖြစ် သည်။ တချို့သောနိုင်ငံများတွင် နှစ်ဆင့်မက သုံးဆင့်မျှ ခွဲဝေထားသည်လည်းရှိသည်။
(၁) အုပ်ချုပ်ရေး
(၂) ဥပဒေပြုရေး
(၃) တရားစီရင်ရေး
(ခ) ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည်မှာကား အဆိုပါခွဲဝေထားသော အာဏာများကို မိမိတို့ဒေသ အတွက် အကောင်းဆုံးဟု ယုံကြည်ယူဆသည့်အတိုင်း လွတ်လပ်စွာ ဆုံးဖြတ်ချက်ချ၊ လုပ်ပိုင်ခွင့်ရှိရေးပင်ဖြစ်သည်။ နိုင်ငံတစ်ခုလုံး၏ အစိတ်အပိုင်း ဖြစ်သည်ကို သိရှိနားလည် ရမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် ဥပဒေများကို ရိုသေလိုက်နာရန် လိုအပ်မည် ဖြစ်သည်။
၅။ နိုင်ငံရေးသုတေသီများက ဖက်ဒရယ်စနစ် ကျင့်သုံးလာရခြင်း အခြေခံအချက် (၆) ချက် ရှိကြောင်း ဆိုသည်။
(က) အုပ်ချုပ်မှုလွယ်ကူစေရန်၊
(ခ) ပြည်ပခြိမ်းခြောက်မှုရန်ကို ကာကွယ်ရန်၊
(ဂ) ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရန်၊
(ဃ) စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊
(င) တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားမှုကို အသိအမှတ်ပြု ထိန်းသိမ်းရန်။
(စ) လူများစုနည်းတူ လူနည်းစုက ဒီမိုကရေစီအခွင့်အရေးများ ခံစားနိုင်စေရန်စသည့်အကြောင်း များကြောင့် ဖြစ်လေ့ရှိသည်။
၆။ ဖက်ဒရယ်စနစ်တွင် ပေါင်းစည်းမှုစနစ် (၂) မျိုး ရှိပါသည်။ နိုင်ငံသားတို့လိုက်နာရန် ဥပဒေများကို ဗဟိုအဆင့်ကသော်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ကသော်လည်းကောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွဲဝေသတ်မှတ်ထားသည့်အတိုင်း ပြဌာန်းအုပ်ချုပ်လေ့ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် ဖက်ဒရယ်စနစ် စတင်ဖြစ်တည်လာပုံ သို့မဟုတ် အာဏာများမည်သို့ ခွဲဝေထားပုံကိုကြည့်၍ အတူတကွယှဉ်တွဲ နေထိုင်ရေး ဖက်ဒရယ်စနစ် (Coming together federalism)၊ အတူပေါင်းစည်းရေး ဖက်ဒရယ်စနစ် (Holding together federalism) ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။
(က) အတူတကွယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ်ပုံစံ (Coming together federal) မှာ မူလက လွတ်လပ်စွာတည်ရှိခဲ့သော နိုင်ငံများ (သို့မဟုတ်) ယူနစ်များက စိတ်တူကိုယ်တူဖြင့် တစ်နိုင်ငံတည်းအဖြစ် ပေါင်းစည်းကြရန် ရည်ရွယ်ပြီး ဗဟိုအစိုးရ တစ်ရပ်ကိုဖန်တီးကာ အာဏာမည်မျှအပ်နှင်းမည်နည်းဆိုသည့် သမိုင်းဆိုင်ရာ အခြေခံမှပေါ်ပေါက်လာသည့် ပုံစံ ဖြစ်ပါသည်၊ အထင်ရှာဆုံး သာဓကမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဆွစ်ဇာလန်နှင့် ဩစတြေးလျနိုင်ငံတို့လည်း ပါဝင်သည်။
(ခ) အတူပေါင်းစည်းရေး ဖက်ဒရယ်ပုံစံ (Holding together) မှာ မူလဗဟိုက တစ်စုတစ်စည်းထဲ ချုပ်ကိုင်ထားသော တစ်ပြည်ထောင်နိုင်ငံရေးစနစ်မှ လိုအပ်ချက်များအရ အာဏာများကို ဗဟိုနှင့် အောက်အဆင့်များ ခွဲဝေကျင့်သုံးသည့်ပုံစံဖြစ်သည်။
၇။ ပြည်နယ်များ၏ နယ်နိမိတ်သတ်မှတ်ရာတွင် ကျင့်သုံးသောပုံစံ (၂)မျိုးရှိပြီး ပြည်ထောင်စုအဖွဲ့ဝင် အဆင့်ဆင့်သတ်မှတ်ရာတွင် အောက်ပါစနစ် (၂) ရပ်အနက် မိမိနိုင်ငံနှင့် သင့်တော်မည့် စနစ်ကို အခြေခံ အသုံးပြုကြပါသည်-
(က) ပထဝီအနေအထားကို အခြေခံ၍ သတ်မှတ်ခြင်း။ နယ်မြေဒေသကို အခြေခံ၍ ဖွဲ့စည်းသော စနစ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဩစတြေးလျ၊ ဘရာဇီးလ်စသည့် ပြည်ထောင်စု နိုင်ငံများတွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးအမည်များကို အခြေမခံဘဲ နေထိုင်ကြ သည့် နယ်မြေဒေသများကိုသာ အခြေခံ သည်။
(ခ) လူမျိုးရေးကို အခြေခံ၍ သတ်မှတ်ခြင်း။ လူမျိုးအခြေခံ၍ဖွဲ့စည်းသော ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ ယခုအခါ ပြိုကွဲသွားပြီးဖြစ်သော ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယား၊ ချက်ကို ဆလိုဗက်ကီးယားနှင့် ဘယ်လ်ဂျီယမ် စသည်တို့ဖြစ်သည်။
၈။ ဖက်ဒရယ်စနစ်ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် ၂၅ နိုင်ငံမှ ကျင့်သုံးလျက်ရှိပါသည်။ ပြည်ထောင်စု စနစ် တစ်နည်းအားဖြင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူညီကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ် များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းရာ၌ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားတစ်ရပ်ဖြစ်သည်။ ဖက်ဒရယ်စနစ်ကို တစ်သမတ်တည်း ပုံသေမှတ်ယူ၍ မရပါ။ ကမ္ဘာပေါ်ရှိ ဖက်ဒရယ်စနစ် ကျင့်သုံးသောနိုင်ငံများ၏ ဖက်ဒရယ်စနစ်ကျင့်သုံးမှုမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြဘဲ နိုင်ငံ၏ကွဲပြားခြားနားသော ပထဝီဒေသ၊ လူမျိုးဘာသာများအပေါ် အခြေခံပြီး ကျင့်သုံးပုံ အမျိုးမျိုးရှိကြောင်း တွေ့ရှိရသည်။
၉။ ပြည်ထောင်စု(ဖက်ဒရယ်)စနစ် ကျင့်သုံးသည့် နိုင်ငံတော်ဆိုရာတွင် ကွဲပြားခြားနားစွာ တည်ရှိ နေသော ပထဝီအနေအထား၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေ၊ သမိုင်းကြောင်း စသည့် အမျိုးသားရေးစရိုက်လက္ခဏာများအရ တိုင်းရင်းသားလူမျိုးများ၏ နယ်မြေဒေသများကို ပြည်ထောင်စုဝင် ပြည်နယ်များအဖြစ် စုစည်းသတ်မှတ်ကာ ၎င်းတို့အားလုံး၏ တူညီသောအကျိုးစီးပွားအတွက် စနစ်တကျ ဖွဲ့စည်းထားသည့် နိုင်ငံတော်၏ ဖွဲ့စည်းမှုပုံစံတစ်ရပ်ပင်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
မှီငြမ်း။ NSPD

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်စပ်မှုရှိနေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ စီးပွားရေးအားကောင်းခြင်းနှင့်လည်း ဆက်စပ်မှုရှိနေပါတယ်။ ငြိမ်းချမ်းမှုမရှိသည့်အခါ နိုင်ငံ့စီးပွားရေး အခြေခံအဆောက်အအုံ (Infra- structure)များ တည်ဆောက်ရာတွင် အခက်အခဲများ ရှိနေပြန်ပါတယ်။ ဒါ့ကြောင့် ပဋိပက္ခဖြေရှင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်မည့် မော်ဒယ်မျိုးရှိရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတွေ့ဆုံညှိနှိုင်းမှု ရသလောက်ပြုလုပ်ပြီး အပစ်အခတ် ရပ်စဲမှုကို ဖြစ်နိုင်သမျှဖြစ်အောင် လုပ်သော်လည်း တစ်ခါတစ်ရံ အသိပညာမဲ့၊ ကိုယ်ကျိုးစီးပွား ဦး
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်စပ်မှုရှိနေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ စီးပွားရေးအားကောင်းခြင်းနှင့်လည်း ဆက်စပ်မှုရှိနေပါတယ်။ ငြိမ်းချမ်းမှုမရှိသည့်အခါ နိုင်ငံ့စီးပွားရေး အခြေခံအဆောက်အအုံ (Infra- structure)များ တည်ဆောက်ရာတွင် အခက်အခဲများ ရှိနေပြန်ပါတယ်။ ဒါ့ကြောင့် ပဋိပက္ခဖြေရှင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်မည့် မော်ဒယ်မျိုးရှိရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတွေ့ဆုံညှိနှိုင်းမှု ရသလောက်ပြုလုပ်ပြီး အပစ်အခတ် ရပ်စဲမှုကို ဖြစ်နိုင်သမျှဖြစ်အောင် လုပ်သော်လည်း တစ်ခါတစ်ရံ အသိပညာမဲ့၊ ကိုယ်ကျိုးစီးပွား ဦးစားပေး၊ လက်နက်အားကိုး၊ ပုဂ္ဂိုလ်စွဲဝါဒစွဲဖြင့် ပဋိပက္ခဖော်ဆောင်သူများကြောင့် ငြိမ်းချမ်းရေးကို လက်နက်ကိုင် တိုက်ပွဲများဖြင့် ရယူလိုက်ရတာလည်း ရှိနိုင်ပါတယ်။ “တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက်”မှ ရရှိလာသော ရလဒ်ဖြင့် ပဋိပက္ခငြိမ်းချမ်းသွားသော ဒေသများတွင် အခြေအနေပေးသမျှ အခွင့်အလမ်းများမှတစ်ဆင့် ပြည်သူလူထု အကျိုးစီးပွားကို တိုက်ရိုက်ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။
ပဋိပက္ခများ၏ အရင်းခံ
ပဋိပက္ခတွေဆိုတာက ပါဝင်ပတ်သက်သူတွေရဲ့ ရည်မှန်းချက်၊ ယုံကြည်ချက်၊ ခံယူချက်၊ တန်ဖိုး ထားမှုတွေနဲ့ပတ်သက်လို့ အခြေအနေတစ်ခုမှာဖြစ်ပွားတဲ့ အငြင်းပွားမှုတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံအကြောင်းတွေဟာ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေအပေါ်မှာ အခြေခံ ခဲ့တယ်လို့ ယေဘုယျပြောနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာက နိုင်ငံရေးအရင်းခံ အကြောင်းတရားတစ်ခု တည်း မဟုတ်ပါဘူး။ နိုင်ငံရေးရဲ့ နောက်ကွယ်က အတ္တတွေ၊ ကိုယ်ကျိုးစီးပွားတွေ၊ အာဃာတတွေနဲ့ မယုံကြည်မှုတွေပါဝင်နေပြီး အဲဒါတွေက ပဋိပက္ခတွေကို အမြစ်ပွားစေခဲ့ပါတယ်။ ဒါ့အပြင် အင်အားကြီး နိုင်ငံတွေဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့ အင်အားနည်းတဲ့ နိုင်ငံတွေကို အသုံးချကြပါတယ်။ နိုင်ငံငယ်တွေအတွက် အကျိုးနည်းနည်း၊ သူတို့အတွက် အကျိုးများများ လုပ်ဆောင်ကြပါတယ်။ အင်အားကြီး နိုင်ငံအချင်းချင်း အားပြိုင်ရာမှာလည်း နိုင်ငံငယ် တွေဟာ ကြားခံစစ်နယ်မြေအဖြစ် အသုံးချခံနေကြရပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ နိုင်ငံတကာဆက်ဆံရေးစတဲ့ ရှုထောင့်အသီးသီးကနေ သူ့ဘက် ကိုယ့်ဘက် အခြေအနေတွေကို အပြန်အလှန် မျှတစွာရှုမြင်မှသာ ပြဿနာတွေရဲ့ အဖြစ်မှန်နဲ့ ဇာစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းသည့် ယဉ်ကျေးမှုအားနည်း
မြန်မာနိုင်ငံမှာ နိုင်ငံရေးသဘောထား ကွဲလွဲတဲ့အခါတိုင်းလည်း လက်နက်ကိုင်ဖြေရှင်းခဲ့ကြပါတယ်။ လက်ရှိမှာဆိုရင် ပဋိပက္ခတွေဟာ ပြည်တွင်းရေးအဆင့်ကို ကျော်လွန်ပြီး ပြည်ပရဲ့ စွက်ဖက်ကြိုးကိုင်တာ တွေကို ရင်ဆိုင်နေရပါတယ်။ ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် အကျပ်အတည်းတွေဟာ ပိုနက်နဲလာပြီး နိုင်ငံ၏အချုပ်အခြာအာဏာ၊ နယ်မြေ၊ စည်းလုံးညီညွတ်မှုတွေမှာ ကြီးမားတဲ့အန္တရာယ်တွေဖြစ်လာနေပါ တယ်။ ဒီဆိုးကျိုးတွေကို အမြစ်ဖြတ်ဖို့ဆိုရင် ပြဿနာရဲ့ဇာစ်မြစ်ကို နားလည်လက်ခံပြီး ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းဖြေရှင်းကြဖို့လိုပါတယ်။
တိုင်းပြည်အတွက် ကြီးမားတဲ့အန္တရာယ်
ယနေ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ နိုင်ငံ၏ အချုပ်အခြာအာဏာနဲ့ နယ်မြေတွေအတွက် ကြီးမားတဲ့အန္တရာယ်တွေ ဖြစ်ပါတယ်။ ယခင်ကတော့ နိုင်ငံရေးသဘောထား ကွဲလွဲ မှုတွေကြောင့်ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ပြည်တွင်းရေးသက်သက်ပါပဲ။ အခုတော့ အဲဒီပဋိပက္ခ အခြေအနေဟာ ပြည်တွင်းရေးအဆင့်ကို ကျော်လွန်ပြီး တိုင်းပြည်အတွက် ကြီးမားတဲ့အန္တရာယ်အဖြစ် တွေ့နေရပါတယ်။ ဒီတော့ ကိုယ့်ပြည်တွင်းရေး ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်းနိုင်သရွေ့ ပြည်တွင်း၊ ပြည်ပ ခြိမ်းခြောက်ခံရမှုတွေက တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်စရာအဖြစ် ရှိနေဦးမှာပါ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အချင်းချင်းကာလရှည်ကြာ စိတ်ဝမ်းကွဲတဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးဟာ အခက်အခဲတွေ ရှိနေဆဲပါ။ ဒါကြောင့် နိုင်ငံ တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်ကို ပြပါဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပဲ ညွှန်ပြ ရမှာဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ နိုင်ငံ့အင်အား လျော့နည်းခဲ့တဲ့အတွက် သူတစ်ပါးရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရပြီးပါပြီ။ အဲဒီအတိတ်သမိုင်းဟာ ကြီးမားတဲ့သင်ခန်းစာ ဖြစ်ပါတယ်။ ဒါကြောင့် ထိရောက်တဲ့ရလဒ် ရရှိဖို့အတွက် ကြိုးစားအားထုတ်မှု၊ ပေးဆပ်မှု၊ အရည်အချင်း၊ ခေါင်းဆောင်နိုင်မှု၊ စိတ်ရှည်သည်းခံမှု၊ စိတ်ရင်းစေတနာတွေ လိုအပ်ပါတယ်။
ပြည်တွင်းအင်အား တည်ဆောက်ဖို့အတွက် ဦးစွာပြည်တွင်းအင်အားကို လျော့ကျစေတဲ့ ပဋိပက္ခ တွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့နဲ့ လျှော့ချဖို့လိုပါတယ်။ ဖြေရှင်းရာမှာလည်း ပြဿနာတွေဟာ ကွင်းဆက်ပမာ ဆက်နွယ်နေတဲ့အတွက် ဟန်ချက်ညီညီ ဖြေရှင်းဖို့လိုပါတယ်။ ပဋိပက္ခတွေ မပြေလည်ဘဲနဲ့ အမျိုးသား ရင်ကြားစေ့ရေး မတည်ဆောက်နိုင်သလို အမျိုးသားရင်ကြားစေ့ရေးမရှိဘဲနဲ့ ငြိမ်းချမ်းရေးရဖို့ ခက်ခဲ ပါတယ်။ ငြိမ်းချမ်းမှုမရှိဘဲနဲ့ နိုင်ငံတည်ဆောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ပြဿနာရဲ့ မူလအရင်းခံ အကြောင်းတရားတွေကို ဖြေရှင်းဖို့အတွက် သက်ဆိုင်သူတွေအားလုံး ညှိနှိုင်းဆွေးနွေးကြဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို အမာနည်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းခဲ့ကြလို့ ရှိပြီးသားပြဿနာတွေ မပြေ လည်တဲ့အပြင် ပြဿနာအသစ်တွေနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ငြိမ်းချမ်းစွာနဲ့ မျှတစွာမဖြေရှင်းနိုင်ခြင်းက ပဋိပက္ခတွေကို ပိုပြီးကြာရှည်စေခဲ့ပါတယ်။ နောက်ပြီး ပြဿနာတစ်ရပ် ဖြေရှင်း ရာမှာ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းကိုပဲ ဇွတ်မှိတ်ရပ်တည် နေခြင်းကလည်း အပြုသဘောရလဒ်တွေနဲ့ ဝေးကွာစေခဲ့ပါတယ်။ ဒီတော့ သူ့ဘက်ကိုယ့်ဘက် ပြည်သူလူထုဘက်ဆိုတဲ့ သုံးဖက်မြင်ကြည့်ဖို့ လိုအပ် ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးဆီ
ပဋိပက္ခများချုပ်ငြိမ်းသည်နှင့် ထိုငြိမ်းချမ်းသောဒေသများမှာ ဒေသခံပြည်သူများ၏ စီးပွားရေး လုပ်ငန်းများ ချက်ချင်းအကောင်အထည်ဖော်ရန် စတင်နိုင်ပါတယ်။ တစ်ပိုင်တစ်နိုင်မှသည် ပို၍ကြီးမားသော စီးပွားရေးအခင်းအကျင်းများအထိ လုပ်နိုင်အောင် ရှေးရှုအားထည့်ရပါမည်။ ငြိမ်းချမ်းပြီးသောဒေသများမှာ ငြိမ်ချမ်းရေးကို လုံခြုံရေး၊ ကာကွယ်ရေး အစီအမံများဖြင့် ခိုင်မာအောင်လုပ်ပြီး စီးပွားရေးအခြေခံ အဆောက်အအုံများကို တည်ဆောက်ရပါမည်။ စီးပွားရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်စတင်ရန် ပညာနှင့် နည်းပညာ၏ကဏ္ဍကိုလည်း လိုအပ်သလို အားကိုးရပါမည်။ ထိုအခါ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ပုံမှန်လုပ်ကိုင် စားသောက်ဖို့ လုံခြုံမှုရှိလာခြင်းက ထွက်ပြေး တိမ်းရှောင်နေရသူများအတွက် အင်အားတစ်ခုဖြစ်လာပြီး လက်နက်ကိုင်ထားသူ လက်နက်စွန့်ချင် စိတ်များပေါ်လာမှာဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းက အေးမြမှုကိုပေးစွမ်းကြောင်း တိုက်ပွဲမရှိငြိမ်းချမ်းသော ဒေသများမှ ငြိမ်းချမ်းရေးအသီးအပွင့် ခံစားရသူများက သက်သေခံနေပါတယ်။
ငြိမ်းချမ်းပြီးသည့် ဒေသတစ်ခုမှာ ရန်သူမလွှမ်းမိုးအောင်၊ ရန်သူလာမတိုက်နိုင်အောင် စည်းရုံးရေး အခြေခံသည့် ပြည်သူ့လုံခြုံရေးစနစ်ပါသော ကာကွယ်ရေးအစီအမံများကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်နေရမှာဖြစ်ပါတယ်။ ဒီမိုကရေစီကိုသွားမည်ဆိုလျှင် မျိုးချစ်စိတ်ရှိသည့်ပါတီများ၊ အမျိုးသား ရေးတည်ဆောက်မည့် ပါတီများဖြစ်ရန်အတွက် နိုင်ငံသားကောင်းပီသပြီး အောက်ခြေခိုင်သည့် စည်းရုံးရေး မှူးများကို အခြေခံမှသာ ပို၍ဖြစ်နိုင်မည်ဟု ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေး ကွက်ကွက်လေး ရသမျှလေးမှာ ပြန်လည်ထူထောင်ရေးအမြင်ဖြင့် ကိုယ်ချင်းစာမှုအပြည့်ဖြင့် ဦးဆောင်မှုပေးနိုင်လျှင် ထိုဒေသရှိပြည်သူ များ၏ လူနေမှုဘဝလေးများ အထိုက်အလျောက် တိုးတက်လာမှာ သေချာပါတယ်။ ဦးဆောင်သူများ၏ စေတနာ အပြည့်ဖြင့် ကူညီလုပ်ကိုင်ပေးမှုများအပေါ် ပဋိပက္ခဖြစ်ပွားရာဒေသခံများ၏ ယုံကြည်လေးစားမှု သည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် အပြုသဘောများစွာပါသော သက်ရောက်မှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
လက်တွေ့လည်းကျ ထိရောက်မှုလည်းရှိဖို့ လိုအပ်
ထို့အပြင် အပြန်အလှန်ယုံကြည်မှုမှတစ်ဆင့် အပြန်အလှန်နားလည်မှု ရရှိလာခြင်းသည် ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အဖိုးတန်လှပါတယ်။ ငြိမ်းချမ်းပြီး ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု ကို အခြားမငြိမ်းချမ်းသောဒေသများက လက်နက်ကိုင်များ၊ ပြည်သူများက မြင်ရကြားရသည့်အခါ ငြိမ်းချမ်းမှုကို လိုချင်မည်သာဖြစ်ပါတယ်။ အဖျက်သမားမှလွဲ၍ မငြိမ်းချမ်းသောဒေသမှ လက်နက်ကိုင်တွေ၊ ပြည်သူတွေကို ငြိမ်းချမ်းခြင်း၏အရသာ ဘယ်လိုရှိသလဲ မြင်အောင်၊ ကြားအောင် လုပ်နိုင်စွမ်းရှိရမှာ ဖြစ် ပါတယ်။ ဒါ့အပြင် လှုံ့ဆော်နိုင်စွမ်း၊ မျှဝေနိုင်စွမ်း ရှိရမှာဖြစ်သလို၊ လုပ်သမျှလက်တွေ့ပါ၍ လက်တွေ့ လည်းကျ ထိရောက်မှုလည်းရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရဘဲနှင့်လည်း စီးပွားရေးလုပ်လို့ မရဟု ယေဘုယျဆိုသော်လည်း ငြိမ်းချမ်းရေး ဒီနေ့ရ၊ ဒီနေ့ပဲ စီးပွားရေးကိုစလုပ်ဖို့ စဉ်းစားတာကလည်း သဘာဝကျပါတယ်။ နေထိုင်ဖို့နေရာထက် အာဟာရအတွက် ဝမ်းရေးကပိုအရေးကြီးသည် မဟုတ်ပါလား။ နိုင်ငံရေးကြောင့် စစ်ဖြစ်ရသလို စီးပွားရေးကြောင့်လည်း စစ်ဖြစ်ရသည့်အတွက် စီးပွားရေးပြေလည်လျှင် စစ်ကိုခဏ မေ့ထားလို့ရပါတယ်။ နောက်ဆက်တွဲအခက်အခဲနှင့် စိန်ခေါ်မှုများက ဖြေရှင်းရမှာ တသီကြီးဆို သော်လည်း နောက်ကျသည်ဆိုသည်မှာ မရှိပါ။ ပဋိပက္ခဖြစ်ပွားမှုပုံစံ၊ ပါဝင်ပတ်သက်သူများနှင့် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များ၊ ပြည်ပမှ ပါဝင်ပတ်သက်မှု အားလုံးထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ခြင်းနှင့်အတူ နယ်မြေဒေသခံများ၏ အကျိုးစီးပွား၊ ဒေသခံများ၏ အကျိုးကို လိုလားလက်ခံသည့် လက်နက်ကိုင်အဖွဲ့များ၏ အကျိုးစီးပွားနှင့် တရားမဝင်စီးပွားရေးများမှာ သာယာနေသည့် လက်နက်ကိုင်သူပုန်များ၏ အကျိုးစီးပွားခြားနားချက်၊ အစိုးရယန္တရားများ အမြန်ပြန်လည် လည်ပတ်နိုင်မည့်အခြေအနေနှင့် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးကိစ္စများပါ အားလုံးထည့်တွက်ရမှာ ဖြစ်ပါတယ်။
ထို့ကြောင့် စိန်ခေါ်မှုနှင့် အခက်အခဲများဟူသည် ချက်ချင်းဖြေရှင်း၍ ရနိုင်မည်မဟုတ်ဘဲ အချိန်ယူ စည်းရုံး၍ များစွာပညာပေးရန် လိုအပ်နေမှာဖြစ်ပါကြောင်းနှင့် ဖြေလျှော့ပေးမှုများ လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းနှင့် မက်လုံးပေးမှု များစွာလိုအပ်ကြောင်း တွေ့ရပါတယ်။ ပျက်စီးသွားသည့် လမ်းတံတား စသည့် အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ရန်သည် ဦးစားပေး ပြန်လည်ထူထောင် ရမည့် လုပ်ငန်းများဖြစ်ပြီး ဒေသခံများနှင့် ပြန်လာသည့် ရွှေ့ပြောင်းစစ်ရှောင်များ၏ ကျန်းမာရေးနှင့် ပျက်စီး သွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်ရေးသည်လည်း အရေးကြီးကိစ္စရပ်ဖြစ်ပါတယ်။ ရေရှည် ပဋိပက္ခများနှင့် နပန်းလုံးနေရသည့် အခြေအနေအောက်မှာ မည်မျှပြင်းထန်နေပါစေ၊ ငြိမ်းချမ်းရေးလမ်းစ တစ်ခုသည် မမျှော်လင့်ဘဲ ရှိလာနိုင်ပါတယ်။ အပစ်အခတ်ရပ်စဲထားသည့် အခြေအနေလည်း ဖြစ်နိုင်သလို မည်သည့်အခြေအနေမျိုး ဖြစ်လာပါစေ အခွင့်အရေးကို မိမိရရအသုံးချနိုင်ရန် လိုပါတယ်။ တည်ငြိမ်ရေးကို လုံခြုံရေးဖြင့်ထိန်းထားပြီး တစ်ဖက်က ရသမျှ၊ ပေးသမျှဖြင့် အခြေအနေကောင်းများ ဖန်တီးနိုင်ရန် လိုပါ တယ်။ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းကို ချက်ချင်းစလုပ်ရန် လိုပါတယ်။ အမှန်တကယ်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၏ သားကောင်ဖြစ်ရသူများသည် အပြစ်မဲ့ပြည်သူများသာ ဖြစ်ပါတယ်။ ထို့ကြောင့် ရေတိုအောင်မြင်မှုလေးများသည် ဒေသခံများအတွက် အကျိုးစီးပွားဖြစ်စေသလို ကျန်ရှိသည့် မငြိမ်းချမ်းသောဒေသများရှိ လက်နက်ကိုင်များအတွက်လည်း အတုယူစရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါတင်မကဘဲ ကိုယ့်လူမျိုးအချင်းချင်း ကရုဏာတရားဖြင့် ကူညီစောင့်ရှောက်တတ်သည့် ပြည်တွင်းအလှူ ဒါနရှင်များအတွက်လည်း ရေရာသေချာသည့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် ယုံကြည်မှုရှိလာပြီး လူမှုစီးပွား အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရာမှာ တတ်အားသမျှ ပါဝင်လာနိုင်မည်ဟု ယူဆပါတယ်။ ရေတိုအောင်မြင်မှုများ ဖန်တီး၍ ပြည်သူနှင့် ကျန်လက်နက်ကိုင်အဖွဲ့များကို ရသလောက် ဆွဲဆောင်စည်းရုံးနိုင်မှာဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း တည်ဆောက်သွားမှသာ ထိုမှတစ်ဆင့် ‘ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး’ကို အခိုင်အမာရရှိလာမည်ဟု ယုံကြည်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
မှီငြမ်း
၁။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် PAN Website ၏ ဆောင်းပါးကဏ္ဍ၌ ဖော်ပြထားသော ‘ပဋိပက္ခနှင့် ဖွံ့ဖြိုးရေးဆက်စပ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီ’
၂။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် PAN Website ၏ ဆောင်းပါးကဏ္ဍ၌ ဖော်ပြထားသော ‘ငြိမ်းချမ်းစွာ ပဋိပက္ခဖြေရှင်းရေး’

နိဒါန်း
ယနေ့ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများသည် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးအခွင့်အလမ်းများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေကြောင်း တွေ့ရှိရသည်။ ထို့ပြင် ရခိုင်ပြည်နယ်၏ တည်ရှိမှုအနေအထားနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုများသည်လည်း လက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်စစ်မီးအား မီးစာတင်ပေးသကဲ့သို့ရှိနေကြောင်း တွေ့ရှိနေရခြင်း ဖြစ်သည်။

အိန္ဒိယ၊ မြန်မာနှင့် တရုတ်နိုင်ငံတို့၏ Choke Point ဆုံရာဒေသ အိန္ဒိယ-မြန်မာဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရသော ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် တရားဝင်စတင်ခဲ့သော်လည်း တရုတ်နိုင်ငံ အနေဖြင့်မူ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင်မှသာ တရားဝင်စတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ ပထဝီအနေအထားဆက်စပ်မှုအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်းနယ်နိမိတ် ကီလိုမီတာ ၂၂၀၀ အထိ ဆက်စပ်လျက်ရှိသည့်အပြင် အိန္ဒိယ၏အရှေ့မြောက်ဒေသဖြစ်သော ပြည်နယ် ၄ ခုနှင့်လည်း နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ၁၆၄၃ ကီလိုမီတာရှည်လျားသော နှစ်နိုင်ငံကုန်းနယ်နိမိတ်နှင့် ၇၂၅ ကီလိုမီတာရှည်လျားသော ရေကြောင်းနယ်နိမိတ်တို့ဖြင့် ဆက်စပ်လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် ကုန်းနယ်နိမိတ်နှင့် ရေနယ်နိမိတ်တို့နှစ်ခုစလုံးထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှ နိုင်ငံဖြစ်နေသည်ကို တွေ့ရှိရသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးသည် အတိတ် ကာလများ၌ သာမန်အားဖြင့် တိုးတက်မှုမရှိဟု ယူဆနိုင်သော်လည်း ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်ဖြစ်သူ နာရန်ဒရာမိုဒီ ချမှတ်ခဲ့သည့် အရှေ့လမ်း မူဝါဒနှင့် အိမ်နီးချင်းဦးစားပေးမှု မူဝါဒနှစ်ခုလုံးအရ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ဦးစားပေး မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။
ထို့ပြင် ဒေသတွင်းပထဝီနိုင်ငံရေးအပြောင်းအလဲတွင်လည်း တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးအတွက် မြန်မာနိုင်ငံ၏ မဟာဗျူဟာကျကျတည်ရှိမှုသည် အရေးပါလျက်ရှိနေသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှသုံးခုလုံးစုဆုံရာ ပထဝီအနေအထားတွင် ရှိနေခြင်း၊ ရှည်လျားသည့် နှစ်နိုင်ငံနယ်နိမိတ် ပိုင်ဆိုင်ထားခြင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်သယံဇာတ <ကယ်ဝခြင်းတို့နှင့် အိန္ဒိယ၏ အရှေ့ဘက်ပြည်နယ်များ၏ အဓိကဝင်ပေါက်၊ တရုတ်နိုင်ငံ၏ အနီးစပ်ဆုံး မဟာဗျူဟာအရ အရေးပါသော ပင်လယ်ထွက်ပေါက် ဖြစ်နေခြင်းတို့သည် အိမ်နီးချင်းနိုင်ငံကြီးများကြား အကျိုးစီးပွား ပြိုင်ဆိုင်မှုများ ရှိလာခဲ့သည်ကို တွေ့ရှိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပထဝီနယ်မြေအနေအထားတည်ရှိမှုသည် ဗြိတိသျှပထဝီပညာရှင် ဆာဟန်ဖို့ ဂျွန်မက်ကင်းဒါဖော်ထုတ်ခဲ့သည့် နှလုံးသားနယ်မြေ (Heartland Theory) နှင့် ယေးတက္ကသိုလ် နိုင်ငံတကာဆက်သွယ်ရေး ပညာပါမောက္ခ စပိုက်မင် ဖော်ထုတ်ခဲ့သည့် အစွန်အဖျားနယ်မြေ(Rimland Theory) တို့နှင့်လည်း ဆက်စပ်နေလျက်ရှိသည်။ အထူးသဖြင့် စစ်ရေးနှင့်စီးပွားရေးတို့တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် တရုတ်၊ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့၏ အားပြိုင်မှုတွင် မြန်မာနိုင်ငံသည် Rimland Theory အရ Heartland Theory ၏ အနားသတ်မျဉ်းတွင် မဟာဗျူဟာကျကျ တည်ရှိလျက်ရှိနေသည်ကို တွေ့ရှိရသည်။ ထို့ပြင် နိုင်ငံတော်၏ အကျိုးစီးပွားဖြစ်သည့် တရုတ်နိုင်ငံ၏ ပုလဲသွယ်စီမံကိန်းနှင့် ကျောက်ဖြူရေနက်စီမံကိန်း၊ အိန္ဒိယနိုင်ငံ၏ ကုလားတန်စီမံကိန်းတို့သည် ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊ သံတမန်ရေးနှင့် စီးပွားရေးတို့အတွက်သော်လည်းကောင်း အရေးကြီးဒေသ Choke Point အဖြစ် မဟာဗျူဟာကျကျ တည်ရှိနေလျက်ရှိသည်။
တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ အကျိုးစီးပွားတည်ရှိမှု
အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ တရုတ်နိုင်ငံသို့ ရေနံတင်သွင်းမှု ၈၀ ရာခိုင်နှုန်းသည် မလက္ကာရေလက်ကြားအား ဖြတ်ကျော်တင်ပို့နေရခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေကြောင့် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ ပင်လယ်ထွက်ပေါက်အပေါ် ပိတ်ဆို့နိုင်ရေး၊ မလက္ကာရေလက်ကြားအား ထိန်းချုပ်နိုင်ရေးနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများကို နိုင်ငံရေးနှင့် စစ်ရေးအရ လွှမ်းမိုးမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ စွမ်းအင်လုံခြုံရေးခြိမ်းခြောက်မှုကို ရှောင်လွှဲနိုင်ရန်အတွက် ဘင်္ဂလားပင်လယ်အော် ကျောက်ဖြူ(စစ်တွေ) ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ယူနန်ပြည်နယ် ကူမင်းမြို့သို့ တိုက်ရိုက်သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလမ်းကြောင်းသည် တရုတ်နိုင်ငံအတွက် အချိန်တိုသည့် လမ်းကြောင်းဖြစ်သည်။ ထို့ပြင် အဆိုပါကျောက်ဖြူပိုက်လိုင်းသည် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် လမ်းကြောင်းသစ်အတွက် အရေးကြီးသည့် မဟာဗျူဟာစီမံကိန်းတစ်ခုအဖြစ်ရှုမြင်နိုင်သည့်အပြင် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် စွမ်းအင်လုံခြုံရေးအတွက် ပထဝီနိုင်ငံရေးအရအရေးပါကြောင်း တွေ့ရှိနိုင်သည်။ ထို့ကြောင့်ပင် တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည့် ယူနန်ပြည်နယ်မှတစ်ဆင့် မူဆယ်၊ မန္တလေး၊ ကျောက်ဖြူလမ်းကြောင်းသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာကျသောလမ်းကြောင်းအဖြစ် တည်ရှိနေကြောင်း တွေ့ရှိနိုင်သည်။
အိန္ဒိယနိုင်ငံသည် ၎င်းင်းတို့၏ အရှေ့မျှော်မူဝါဒကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေါ်လာ သန်း ၄၈၀ ခန့် ကုန်ကျမည့် ကုလားတန်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နိုင်ငံ၏ မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်များသို့ ပြည်မမှ ကုန်ပစ္စည်းများကို ကိုးလ်ကတ္တားမှတစ်ဆင့် ပို့ဆောင်နိုင်ရေးဖြစ်သည်။ အဆိုပါ ကုန်ပစ္စည်းများသည် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်း၍ စစ်တွေမြို့မှတစ်ဆင့် ကုလားတန်မြစ်ကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးသော အရှေ့ဘက်ပြည်နယ်များသို့ ပို့ဆောင်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကျောက်ဖြူဆိပ်ကမ်းကို ဆောင်ရွက်ထားပြီးဖြစ်သော တရုတ်အား အင်အားချိန်ခွင်လျှာပြန်လည် ထိန်းညှိနိုင်ရေးအတွက် ကုလားတန်စီမံကိန်းသည် အရေးပါနေလျက်ရှိကြောင်း တွေ့ရှိနိုင်ပေသည်။ ထို့ပြင် ကီလိုမီတာ ၁၄၀၀ ရှည်လျားသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံတို့၏ အဝေးပြေးလမ်းစီမံကိန်းကို အရှေ့မျှော်မူဝါဒအရ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဝေးပြေးလမ်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်း မိုရေးမှ မြန်မာနိုင်ငံ တမူး၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံမဲဆောက်သို့ ဆက်သွယ်မည်ဖြစ်ကာ အိန္ဒိယနှင့် အရှေ့တောင်အာရှဒေသများသို့ ပထမဆုံးဆက်သွယ်ပေးမည့် အရေးပါသော စီမံကိန်းတစ်ခုအဖြစ် တွေ့ရှိနိုင်သည်။
အထက်တွင်ဖော်ပြခဲ့သောအချက်အလက်များကြောင့် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအရ ရခိုင်ပြည်နယ်သည် မဟာဗျူဟာကျသည့်နေရာတစ်ခုအဖြစ် ကောင်းစွာတည်ရှိနေသော်လည်း ၎င်းဒေသသည် အိမ်နီးချင်းနိုင်ငံကြီးများ၏ အားပြိုင်မှုများအပြင် ရခိုင်ပြည်နယ်တွင်း အခြေချတပ်စွဲထားသည့် AA လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ပွဲဖော်ဆောင်မှုများကြောင့် မျှော်မှန်းသလောက် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုမရှိခဲ့သည်ကိုလည်း တွေ့ရှိနေရသည်။
AA လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တည်မှုနှင့် ရခိုင်ပြည်နယ်ပျက်စီးခြင်းအစ
AA လက်နက်ကိုင်အဖွဲ့သည် ုှုဗ အကြမ်းဖက်သောင်းကျန်းသူများ ကြီးစိုးရာနယ်မြေ၌ ၂၀၀၉ ခုနှစ်တွင် စတင်အခြေချ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ စတင်ဝင်ရောက်လာခဲ့ကာ လူမျိုးရေးစိတ်ဓာတ်များ တွန်းအားပေးခြင်းဖြင့် တစ်စတစ်စကြီးထွားလာခဲ့ပြီးနောက် တိုက်ပွဲများ စတင်ဖော်ဆောင်လာခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် AA လက်နက်ကိုင်တပ်ဖွဲ့ အင်အားကြီးမားလာသည့် အဓိကအခြေခံ အကြောင်းတရားသည် ၎င်းတို့အဖွဲ့အနေဖြင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်ရပ်လုံးအား ကိုယ်စားပြုသည်ဟုဆိုကာ လူမျိုးရေးအရ ဝါဒမှိုင်းသွတ်သွင်းခြင်းပင်ဖြစ်သည်။ အဆိုပါလုပ်ရပ်များကြောင့်ပင် တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် ပြည်ထောင်စုကြီးအတွင်း၌ လူမျိုးစွဲ၊ ဒေသစွဲရှိသည့် စိတ်ဓာတ်များ ရှင်သန်ကြီးထွားလာပြီးနောက် ဒေသတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးစုများကြားတွင် လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်ကို တွေ့ရှိရသည်။
ထို့ပြင် ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုမှတစ်ဆင့် ယာယီအပစ်အခတ်ရပ်စဲထားနိုင်ခဲ့သည့် ရခိုင်ပြည်နယ်သည်AA လက်နက်ကိုင်တပ်ဖွဲ့များ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခုနှင့် ပေါက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ အင်အားနည်းသည့် ရဲစခန်းအချို့ကိုလည်း သာလွန်အင်အားများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ပေါ်လာခဲ့သည်။ AA လက်နက်ကိုင်တို့သည် အင်အားနည်းသည့် ရဲစခန်းများကို တိုက်ခိုက်ခြင်းများအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အချို့ဒေသများတွင်လည်း ရပ်^ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လမ်းပြင်လုပ်သားယာဉ်မောင်းများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ AA လက်နက် ကိုင်တပ်ဖွဲ့များ၏ အဆိုပါလုပ်ဆောင်ချက်များသည် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေပြီး ပြည်ပရင်းနှီးမြုှပ်နှံမှုလုပ်ငန်းများကိုလည်း ရပ်တန့်စေခဲ့သည်။
ရခိုင်ပြည်နယ်သည် ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်ကြားတွင် တည်ရှိသော ကမ်းမြောင်ဒေသတစ်ခုဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော ဒေသတစ်ခုလည်းဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်မှုသည် ရခိုင်ပြည်နယ်၏ အဓိကအားသာချက်ဖြစ်သော်လည်း သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သော မုန်တိုင်းများ တိုက်ခတ်မှုဒဏ်ကိုလည်း မကြာခဏ ကြုံတွေ့ခံစားရသော ဒေသတစ်ခုလည်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် ထိုသို့ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ရသည့် ဒေသတစ်ခုဖြစ်သည့်အပြင် လူလုပ်ဘေးအန္တရာယ်ဖြစ်သော အကြမ်းဖက်စစ်မီးကိုလည်း ဗဗ လက်နက်ကိုင်တပ်ဖွဲ့များမှ စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်မီးတောက်လောင်မှုသည် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးအား အချိန်တိုအတွင်း လျင်မြန်စွာကူးစက် တောက်လောင်ခဲ့သည်။ အကြမ်းဖက်မှုများကြောင့် မြို့၊ ရွာများ ပျက်စီးမှုနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စားသောက်ကုန်များ ပြတ်လပ်ရှားပါးခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ရပ်တန့်ခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်းစသည့် နောက်ဆက်တွဲ အကျိုးဆက်များ တွေ့ကြုံခဲ့ရသည်ကို တွေ့ရှိနိုင်ပေသည်။ ထို့ပြင် အဆိုပါ အကြမ်းဖက်တိုက်ခိုက်သောတိုက်ပွဲများသည် ဒေသတွင်းပြည်သူများအပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိစေသည်သာမက ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်များလည်း ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုရမည်လည်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များသည် ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ထွန်းကားခဲ့မှု၏ ပြယုဂ်တစ်ခုလည်းဖြစ်သည့်အပြင် သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း ဟုဆိုသည့်အတိုင်း များလှစွာသော ရှေးဟောင်းစေတီပုထိုးများသည် ရှေးဘိုးဘွားများထားရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များဖြစ်သည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပါက များစွာ ထိခိုက်ဆုံးရှုံးမှုဖြစ်စေနိုင်သည်ကို ဆင်ခြင်သုံးသပ်ရမည်လည်းဖြစ်သည်။
မိုခါမုန်တိုင်းတွင် လက်ရှောင်နေခဲ့သည့် AA လက်နက်ကိုင်တပ်ဖွဲ့များ
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာနိုင်ငံအား မုန်တိုင်းစတင်ဝင်ရောက်ချိန်မှ မုန်တိုင်းထွက်ခွာသွားချိန်အထိ နာရီပေါင်း ၃၀ ဝန်းကျင်တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အား ကြီးမားစွာ ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်စေခဲ့သည်။ မေလ ၁၅ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသများသို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားအားလုံးတို့၏ စားဝတ်နေရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိဝန်ကြီးဌာနတို့အနေဖြင့် အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုပြုခဲ့သည်ကိုတွေ့ရှိရသည်။ ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်တိုအတွင်းမြန်ဆန် ပြီးစီးနိုင်ရေးအတွက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော ဦးစီးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး လိုအပ်သော စားသောက်ကုန်များ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းပြင်ဆင်ရေး ပစ္စည်းများ၊ စားသုံးဆီနှင့် စက်သုံးဆီများပါဝင်သော ကူညီကယ်ဆယ်ရေး ရေယာဉ်များ စေလွှတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မူလတန်းကျောင်း ၅၉၆ လုံး၊ အလယ်တန်းကျောင်း ၆၄၇ လုံး၊ အထက်တန်းကျောင်း ၂၉၅ လုံး၊ အဆင့်မြင့်ပညာသင်ကျောင်း ၉ လုံးအထိ ပျက်စီးမှုဖြစ်ပွားခဲ့သည့်အပြင် ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦပေါင်း ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ကို တွေ့ရှိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေးအတွက် တပ်မတော်(ရေ)မှ ပင်လယ်သွားဆေးရုံ လရေယာဉ်(သံလွင်)ကို သံတွဲ၊ မာန်အောင်နှင့်ကျောက်ဖြူမြို့တို့သို့ စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေးဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် စစ်တွေမြို့ပေါ်ရှိ မီတာ ၆၀ အမြင့်ရှိသော ရုပ်သံထပ်ဆင့်လွှင့်စက် တာဝါတိုင်ပြိုကျခဲ့ရပြီး ဆက်သွယ်မှုများပြတ်တောက်ခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးအော်ပရေတာ ၄ ခု၏ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိသည့်အနက် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ ခုဆက်သွယ်မှုပြတ်တောက်ခဲ့သည့်အပြင် မဟာဓာတ်အားလိုင်း ပို့လွှတ်ဆောင်ရွက်သည့် တာဝါတိုင်နှင့် ကွန်ကရစ်တိုင် ၂၆၃၆ တိုင် ရှိသည့်အနက် တာဝါတိုင် ၅၂ တိုင်နှင့် ကွန်ကရစ်တိုင် ၄၂၈ တိုင်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့ အဘက်ဘက်မှ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ်အား အစိုးရ၊ ဌာနဆိုင်ရာအလိုက် ကျွမ်းကျင်ပညာရှင်များ၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်မှ ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးကုသရေးအဖွဲ့များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သင်တန်းကျောင်းမှ သင်တန်းသားတို့၏ စုပေါင်းဆောင်ရွက်မှုကြောင့် မြို့တွင်းလျှပ်စစ်မီးဖြန့်ဖြူးရေးလိုင်းများသည် ဇွန်လ ၁၃ ရက်တွင် ရာနှုန်းပြည့်ပြီးစီးခဲ့သည်ကိုတွေ့ရှိရသည်။
မိုခါကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိ သာသနိကအဆောက်အအုံ အများအပြားပျက်စီးမှုရှိခဲ့ပြီး ကျောင်းပေါင်း ၁၅၁၀၊ စေတီပေါင်း အဆူ ၂၃၀၊ သိမ်အလုံး ၆၄၀၊ ကျောင်းဆောင် ၁၇၈၇ ဆောင်၊ ဓမ္မာရုံ ၈၃၈ လုံး၊ ဆွမ်းစားဆောင် ၄၅၈ လုံး၊ ကုဋီ ၁၀၂၆ လုံးတို့ ချို့ယွင်းပျက်စီးခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်တို့၏ထောက်ပံ့မှုများ၊ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေများကို အသုံးပြု၍ တပ်မတော်(ရေ)မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)၊ စစ်ရေယာဉ်(မုတ္တမ)၊ စစ်ရေယာဉ်(ပြည်တော်အေး-၂)၊ ကမ်းထိုးရေယာဉ် (၁၇၁၁)၊ (၁၇၂၂)၊ တင့်ကားတင် ကမ်းထိုးယာဉ် (၁၆၁၃)၊ (၁၆၁၄)နှင့်တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး လေယာဉ်များ အသုံးပြု၍ အစိုးရ၊ ပြည်သူနှင့်တပ်မတော် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် မိမိလူမျိုးနေထိုင်ရာဒေသ၏ ပြန်လည်ထူထောင်ရေး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် လက်ရှောင်နေခဲ့သည်ကို တွေ့ရှိနိုင်သည်။ မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ပြည်နယ်အား AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီခြင်းမရှိရုံသာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးစီး၍ စီးပွားရေးပြန်လည်နာလန်ထူတော့မည့်အချိန်တွင် စစ်မီးတစ်ဖန် မွှေးခဲ့ကြခြင်းလည်း ဖြစ်သည်။
မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း၊ တရားမဝင်လူသစ်စုခြင်းနှင့် AA လက်နက်ကိုင်တို့၏ ခွဲထွက်ရေးအိပ်မက် ရခိုင်ပြည်နယ်အတွင်း အခြေချတပ်စွဲလျက်ရှိသည့် AA လက်နက်ကိုင်တပ်ဖွဲ့တို့၏ အဓိကဝင်ငွေရလမ်းတစ်ခုမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့် အခကြေးငွေများရယူ၍ ဘင်္ဂါလီလူမျိုးများအား အခြားနိုင်ငံများသို့ ပို့ဆောင်ပေးနေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် AA အကြမ်းဖက် တပ်ဖွဲ့ဝင်များအနေဖြင့် မျိုးဆက်သစ် လူငယ်များ အပါအဝင် လူသားမျိုးနွယ်စု တစ်စုလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာသို့ ရောင်းဝယ်ဖြန့်ဖြူးနေသည့်လုပ်ငန်းအား တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၎င်းတို့အကြမ်းဖက်အဖွဲ့မှ လူ၊ လက်နက်၊ ရိက္ခာနှင့် စက်သုံးဆီများ ဝယ်ယူဖြည့်တင်းနိုင်ရေးနှင့် ၎င်းတို့၏အကျိုးစီးပွားများအတွက် တရားမဝင် ဘင်္ဂါလီခိုးဝင်မှုများကိုလည်း ဥပဒေနှင့်မညီဘဲ အခကြေးငွေရယူကာ ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။ ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ကျင်းပခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့အစည်းအဝေး(၁/၂၀၂၄)တွင် AA အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ပြည်မကိုဖြတ်၍ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လုပ်ငန်းတွင် ပါဝင်ပတ်သက်မှုရှိနေပြီး ရှစ်ကြိမ်ခန့်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် AA လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားလူမျိုးများသာမက ချင်းပြည်နယ် ပလက်ဝဒေသရှိ ချင်းတိုင်းရင်းသားများကိုပါ တရားမဝင်အတင်းအကျပ် တပ်သားသစ် စုဆောင်းခြင်းများကိုလည်း ဆောင်ရွက်နေခဲ့သည်ကို တွေ့ရှိရသည်။ AA လက်နက်ကိုင်အဖွဲ့သည် ဒေသခံတိုင်းရင်းသားများကို အတင်းအကျပ်စစ်သင်တန်းတက်ရောက်စေခြင်း၊ မတက်ရောက်လိုပါက ငွေကြေး တောင်းခံခြင်းနှင့် ၎င်းင်းတို့၏ စားနပ်ရိက္ခာအတွက် စိုက်ပျိုးထားသည့် ဆန်စပါးများ ပေးဆောင်စေခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမပြုသည့် ဒေသခံများကို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဘင်္ဂါလီကျေးရွာများသို့ ဝင်ရောက်၍ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများအပြင် အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို AA အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီ ၄ ဦး သေဆုံးခဲ့သည့်အပြင် ဧပြီလ ၂၂ ရက်တွင်လည်း သရက်အုပ် ကျေးရွာအုပ်စု အဘူဂျာကျေးရွာရှိ ဘင်္ဂါလီ ၅ ဦးသည်လည်း AA လက်နက်ကိုင်တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း တွေ့ရှိရသည်။
ထိုသို့ တရားမဝင်မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်း၊ ခိုးဝင်ဘင်္ဂါလီများအား အခကြေးငွေရယူ၍ အခြားဒေသများသို့ ပို့ဆောင်ခြင်း၊ ဒေသတွင်း တိုင်းရင်းသားများအပေါ် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်းနှင့် ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် စစ်ပွဲများဖော်ဆောင်ခြင်းတို့သည် ထွန်းမြတ်နိုင် ပြောကြားခဲ့သည့် "Arakan Dream 2020" ဖြစ်ပြီး ရခိုင်ပြည်နယ်အား လွတ်မြောက်နယ်မြေဒေသအဖြစ် ကြေညာနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။
နိဂုံး
၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးနှင့်အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် AA လက်နက်ကိုင်တပ်ဖွဲ့သည်လည်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးအောင်မြင်မှုများ ရရှိခဲ့သည်ကိုအကြောင်းပြု၍ ရခိုင်ပြည်နယ်အား လွတ်မြောက်ဒေသတစ်ခုအဖြစ် ပြည်ထောင်စုမှ ခွဲထွက်နိုင်ခွင့်ရရှိရေးအတွက် တိုက်ပွဲများဖော်ဆောင်နေခြင်း ဖြစ်သည်ဟု သုံးသပ်ရသည်။ မျိုးချစ်စိတ်အားအခြေခံ၍ လူမျိုးရေးမုန်းတီးစိတ်များ ထွန်းကားလာစေရေး တွန်းအားပေးခြင်းကို အခြေခံဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်နယ်အား AA လက်နက်ကိုင် အင်အားစု လက်အတွင်းသို့ အလုံးစုံကျရောက်စေရေးအတွက် စစ်ပွဲများဖော်ဆောင်၍ ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ၌လည်း လူသားမျိုးနွယ်တစ်စုလုံး ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မူးယစ်ဆေးဝါးများ သယ်ဆောင်သည့်လုပ်ငန်းများအပြင် ဘာသာရေးအရ ခြားနားမှုရှိပြီး အပြန်အလှန်သတ်ဖြတ်မှုနှင့် ပြင်းထန်သော လူမျိုးရေးပဋိပက္ခများဖြစ်ခဲ့ဖူးသည့် ဘင်္ဂါလီလူမျိုးများ အပေါ်တွင်လည်း အတင်းအကျပ် စစ်မှုထမ်းစေခြင်းနှင့် သတ်ဖြတ်မှုများကို ပေါ်ပေါ်ထင်ထင်ပင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယနေ့ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ စစ်မီးတောက်လောင်မှုသည် မိုခါမုန်တိုင်းဒဏ်သင့်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများစတင်ရန် ကြိုးပမ်းနေသည့် ပြည်သူလူထု၏ ဘဝလုံခြုံရေးကဏ္ဍများကို လျစ်လျူရှု၍ တစ်ဦးတစ်ယောက်ကောင်းစားရေးဖြစ်သော ရခိုင်နိုင်ငံထူထောင်လိုမှု၊ ပြည်ထောင်စုမှခွဲထွက်လိုသော ဆန္ဒတို့ကို ရှေ့တန်းတင်သည့် ထွန်းမြတ်နိုင်ခေါင်းဆောင်သော AA အဖွဲ့၏ ဆောင်ရွက်ချက်သည်သာ အဓိကအကြောင်းတရား ဖြစ်ကြောင်း မီးမောင်းထိုးရေးသား တင်ပြလိုက်ရပါသည်။ ။
Source-Myawady Webportal

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကြီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းဆိုသည်မှာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကောက်ယူသည့် လူဦးရေစာရင်း၊ အိမ်ထောင်စုပါ အမည်နှင့်တကွသော လူဦးရေစာရင်းဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားပါသည်။

မိမိတို့နိုင်ငံအတွင်း သဘာဝအရ အကြောင်း တရားများစွာတို့၏ ပြောင်းလဲမှုများနှင့် လိုက်လျော ညီထွေဖြစ်စေမည့် လူဦးရေစာရင်းနှင့်ဆက်စပ်သည့် အကြောင်းအရာအချက်အလက်များကို တိကျမှန်ကန်စွာကောက်ယူပြုစုရမည်ဖြစ်သည်။ ရရှိလာမည့်စာရင်းများကိုအခြေခံ၍ နိုင်ငံတော်နှင့် ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် လိုအပ်သည့် လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏စီမံကိန်းများ အောင်မြင်စေရန် အထောက်အပံ့ဖြစ်စေမည့် အခြေခံကျသည့် လုပ်ငန်းစဉ်ကြီးဖြစ်သည်။ တိကျမှန်ကန်သော စာရင်းများရရှိပါက ပြည်သူတစ်ဦးချင်းစီနှင့် ပြည်သူအားလုံး၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်မှု၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားများကို လိုအပ်သလို ဖြည့်ဆည်းပေးရန် အထောက်အကူများ ရရှိနိုင်မည်ဖြစ်သည်။
သန်းခေါင်စာရင်း သမိုင်းကြောင်း
သန်းခေါင်စာရင်းသဘောသက်ရောက်သည့် စစ်တမ်းတစ်ခုကို မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ် အင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက်နှင့် ၁၁၄၅ ခုနှစ် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်များတွင် နိုင်ငံတော်၏လူဦးရေ၊ မြေအကျယ်အဝန်း၊ သီးနှံအထွက်နှုန်း၊ စီးပွားရေးအခြေအနေနှင့် ပေးဆောင်ရသည့် အခွန်အတုတ်နှုန်းများပါဝင်သည့် စီးပွားရေးစစ်တမ်းအသွင် ကောက်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
ပထမအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ်၌ ညသန်းခေါင်အချိန်တွင် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ကြောင်း သိရပါသည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှစတင်၍ ၁၀ နှစ်လျှင်တစ်ကြိမ် စာရင်းကောက်ယူခဲ့ရာ ၁၈၈၁ ခုနှစ်တွင် ဗြိတိသျှတို့ သိမ်းပိုက်ထားသည့် အောက်မြန်မာပြည်၏ လူဦး ရေမှာ နှစ်သန်းကျော် သုံးသန်းခန့်သာရှိသည်ဟုဆိုပါသည်။ ၁၈၈၆ ခုနှစ်တွင် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ကျရောက်ခဲ့ပြီးနောက် ၁၈၉၁ ခုနှစ်မှစတင်၍ တစ်ပြည်လုံးစာရင်းကောက်ယူခဲ့ရာ အောက်မြန်မာပြည်တွင် ၄၄၀၈၄၆၆ ဦးနှင့် အထက်မြန်မာပြည်တွင် ၃၃၁၃၅၈၇ ဦးရှိခဲ့သည်။ ထိုအချိန်က ဗြိတိသျှအစိုးရ၏ သွေးခွဲအုပ်ချုပ်ရေး အစီအမံများအရ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ် (ယခုကယား) တို့ မပါဝင်ခဲ့ပေ။
၁၉၃၁ ခုနှစ်တွင် စာရင်းကောက်ယူရာ၌ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စုစုပေါင်းလူဦးရေ ၁၄ ဒသမ ၄၇ သန်းခန့်ရှိခဲ့ပြီး ၁၀ နှစ် အကြာတွင် ကောက်ယူခဲ့သည့် ၁၉၄၁ ခုနှစ် လူဦးရေစာရင်းအရ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စုစုပေါင်းလူဦးရေ ၁၆ ဒသမ ၂၃ သန်းကျော် ရှိကြောင်းသိရသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွား မှုကြောင့် ၁၉၄၁ ခုနှစ် အဆိုပါစာရင်းများ၊ မှတ်တမ်းများ ပျောက်ပျက်ခဲ့ရသည်။ ဗြိတိသျှအစိုးရ လက်ထက်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် ရည်ရွယ်ချက်မှာ အခွန်တော်ရရှိရေး၊ စစ်မှုထမ်းနိုင်သည့် လူဦးရေသိရှိနိုင်ရေး၊ မြန်မာနိုင်ငံမှ သဘာဝသယံဇာတအဆီအနှစ်များကို ထုတ်ယူနိုင်ရန်ဖြစ်ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း သန်းခေါင်စာရင်းများကောက်ယူရာတွင် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာများကို စီမံကိန်းများရေးဆွဲကာ စနစ်တကျ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဖြစ်ပါသည်။ ၁၉၄၁ ခုနှစ်မှ ၁၀ နှစ်ပြည့်သည့် ၁၉၅၁ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းမှုများကြောင့် စာရင်းမကောက်ယူနိုင်ခဲ့ဘဲ ၁၉၅၃ ခုနှစ်မှသာ မြန်မာပြည်တစ်ဝန်းလုံးမှ မြို့ပေါင်း ၂၅၂ မြို့တွင် စာရင်းများ ကောက်ယူနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အစိုးရတာဝန်ယူပြီးနောက် ၁၉၆၄ ခုနှစ်တွင် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးနှင့်သန်းခေါင်စာရင်းဌာနတို့ ပူးပေါင်းပြီး ကျောင်းဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ပူးပေါင်းကူညီမှုဖြင့် လူဦးရေနှင့်စီးပွားရေးစစ်တမ်းကောက်ယူခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရ လက်ထက် ၁၉၇၂ ခုနှစ်တွင် သန်းခေါင်စာရင်း ဥပဒေကိုပြဋ္ဌာန်းပြီး ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ အထိ သန်းခေါင်စာရင်းကောက်ယူခဲ့သည်။ ယင်းသို့ ကောက်ယူရာတွင် ဗဟိုသန်းခေါင်စာရင်းဦးစီးဌာနက မေးခွန်း ၂၅ ခုပါရှိသည့် သန်းခေါင်စာရင်းပုံစံသစ်များကို အပိုင်းလေးပိုင်းခွဲ၍ ထုတ်ပြန်ပေးခဲ့ သည်။ အဆိုပါစာရင်းတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးအပေါ် အခြေပြုကောက်ယူခဲ့သည်။ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးမှာ ကချင် ၁၂ မျိုး၊ ကယားကိုးမျိုး၊ ကရင် ၁၁ မျိုး၊ ချင်း ၅၃ မျိုး၊ ဗမာ ကိုးမျိုး၊ မွန်တစ်မျိုး၊ ရခိုင်ခုနစ်မျိုးနှင့် ရှမ်း ၃၃ မျိုး တို့ဖြစ်ကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်း၊ နမူနာလူဦးရေ သန်းခေါင်စာရင်း၊ နမူနာအိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်းစက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်း စားသုံးကုန်ထုတ်လုပ်ခြင်း သန်းခေါင်စာရင်း၊ စိုက်ပျိုးရေးသန်းခေါင်စာရင်း စသည်ဖြင့် အမျိုးအစားကွဲပြားပြီး ၁၉၇၃ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းအမျိုးအစားဖြစ်ကြောင်း သိရသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံး အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းလည်းဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းသည် ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာ ပြန်လည်အပ်နှံရန် ၁၉၇၄ ခုနှစ်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်းပြုစုရေးနှင့် ပြည်သူတို့၏လူမှုရေး၊ စီးပွားရေးစီမံကိန်းအရပ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ရန် အခြေခံစာရင်း အချက်အလက်များရရှိခဲ့သည်။
၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့သော်လည်း ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခြင်း မရှိဟုဆိုသည်။ ၁၉၈၃ ခုတွင် ရှေ့ပြေးလူဦးရေစာရင်းအဖြစ် တစ်နိုင်ငံလုံးတွင် လူဦးရေ ၃၅ ဒသမ ၃ သန်းကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃၀ တိုင်အောင် သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် လူဦးရေသန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစစ်တမ်း၊ လုပ်သားအင်အားစုစစ်တမ်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးဖွားဦးရေ၊ သေဆုံးနှင့် ကျန်ဦးရေ၊ ရွှေ့ပြောင်းသွားလာသူဦးရေနှင့်အိမ်အကြောင်းအရာ စသည်တို့ကို ပြည့်စုံစွာကောက်ယူနိုင်ခဲ့သည်။
စာရင်းကောက်ရမည့်သူများနှင့် မကောက်ရမည့်သူများ
သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းရည်ညွှန်းချိန် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံအချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိသူ/ နေထိုင်သူများ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် ကျော်လွန်ပြီးမှ သေဆုံးသူများနှင့် နိုင်ငံခြားသို့ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံးဝန်ထမ်းများအပါအဝင် နိုင်ငံခြားတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများစာရင်းကို ထည့်သွင်းကောက်ယူသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား သံတမန်များနှင့် မိသားစုဝင်များ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် (၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညဉ့်သန်းခေါင်ယံ) ကျော်လွန်ပြီးမှ မွေးဖွားသော ကလေးများကို စာရင်းတွင်ထည့်သွင်းမကောက်ပါ။
သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းတွင် စာရင်းကောက်သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်သို့လာရောက်စာရင်းကောက်ပါမည်။ စာရင်းလာကောက်မည့်နေ့တွင် ကြိုတင် အကြောင်းကြားမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) သို့မဟုတ် ပုံစံ (၁၀) ရှိခြင်း/မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/မရှိခြင်းနှင့် မသက်ဆိုင်ပါ။ တိုင်းရင်းသားဖြစ်ခြင်း/ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း/ မဖြစ်ခြင်းနှင့် မသက်ဆိုင်ပါ။ သန်းခေါင်စာရင်း ထည့်မကောက်ရသူများမှအပ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်း ကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခြင်း၊ အရေးယူခြင်းတို့ကို လုံးဝ (လုံးဝ) ပြုလုပ်မည်မဟုတ်ဘဲ သန်းခေါင်စာရင်းမေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက် လည်း စိုးရိမ်ရန်မလိုအပ်ပေ။
မေးမြန်းမည့် မေးခွန်းများ
စာရင်းကောက်သူများက မေးခွန်းများ မေးမြန်းမည်ဖြစ်ရာ မှန်ကန်စွာဖြေဆိုပေးကြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ မေးမြန်းမည့်မေးခွန်းများမှာ အမည်၊ အိမ်ထောင်စု ဦးစီးနှင့် တော်စပ်ပုံ၊ ကျား /မ၊ ပြည့်ပြီး အသက်၊ မွေးသက္ကရာဇ် (ရက်/ လ / နှစ်)၊ ကိုးကွယ်သည့် ဘာသာ၊ အိမ်တွင်အဓိကပြောဆိုသော ဘာသာ စကား၊ ကိုင်ဆောင်သည့် လက်မှတ်အမျိုးအစား၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်းရှိ/ မရှိ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း( အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ အသက် ၁၀ နှစ်နှင့်အထက်)၊ မသန်စွမ်းမှု၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း၊ နေအိမ် အမျိုးအစား၊ ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ဆက်သွယ် ရေးပစ္စည်းများ၊ အိမ်ရှိ အခန်းအရေအတွက်နှင့် အိပ်ခန်းအရေအတွက်၊ သောက်သုံးရေရရှိမှု၊ အလင်းရောင်အတွက် မီးအသုံးပြုမှု၊ လောင်စာအသုံးပြုမှု၊ အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု၊ လက်ဆေးခြင်း အကြောင်းအရာနှင့် လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုဝင်များထဲမှ သေဆုံးမှုစသည့်အချက် အလက်များ ဖြစ်ပါသည်။
မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် မိမိနေထိုင်ရာနယ်မြေအတွင်းတွင် လိုအပ်သည့် စာသင်ကျောင်းအရေအတွက်၊ လိုအပ်သော ဆေးရုံ/ဆေးပေးခန်းအရေအတွက်၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရမည့် ပမာဏ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည့်အခြေအနေ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများ စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသူငယ်များစောင့်ရှောက်ရေး၊ လူမှုအခြေခံအဆောက် အအုံ (လမ်း၊ တံတား၊ အိမ်ရာ) များ တည်ဆောက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။
သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားသည့် ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေတွင်လည်း ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုအတွက် အကာအကွယ်ပေးထားပြီးဖြစ်သဖြင့် တိုင်းရင်းသားပြည်သူများအနေဖြင့် စာရင်းကောက်ယူရေးအဖွဲ့က မေးမြန်းသည့်မေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေကြားပေးရန် လိုအပ်ပါသည်။ ဖြေဆိုသည့် အချက်အလက်များ မမှန်ကန်ပါက ပြည်သူများသာ နစ်နာရမည်ဖြစ်ပါသည်။
၂၀၂၄ ခုနှစ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကြီးသည် ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကိုအခြေခံ၍ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်သည့် အမျိုးသားရေး လုပ်ငန်းစဉ်ကြီးဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်မှု စွမ်းအားများဖြင့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါသည်။ သန်းခေါင်စာရင်းမှရရှိလာမည့် ကိန်းဂဏန်း စာရင်းအချက်အလက်များဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက် ဖြစ်သော လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် မဲစာရင်းတိကျမှန်ကန်စေရေး အသုံးချ သွားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိအစိုးရလက်ထက်သာမက နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းပေးနိုင်မည့် ကိန်းဂဏန်းအချက် အလက်များဖြစ်ခြင်းကြောင့် စာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံး အောင်မြင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။