စစ်ကိုတားနေတဲ့ကြားထဲကပဲ စစ်ပွဲတွေ ဖြစ်ပြန်တယ်။ နိုင်ငံတကာဆွေးနွေးပွဲတွေနဲ့ အဖြေရှာနေတဲ့ကြားက အီရန်-အစ္စရေးစစ် ထပ်ဖြစ်ရတယ်။ အီရန်နဲ့အစ္စရေးဆိုတာ အရှေ့အလယ်ပိုင်းက ထာဝရရန်သူတွေ။ ရုရှား-ယူကရိန်း ပဋိပက္ခကြည့်ပြန်တော့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ တစ်ရက်အလိုကျမှ ယူကရိန်းက ရုရှားကို ဝင်တိုက်ခဲ့တဲ့အတွက် ရုရှား- ယူကရိန်း ပဋိပက္ခကလည်း ပြီးဆုံးဖွယ်မမြင်။

ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ခက်ခဲကြောင်း ပြနေကြတာ။ ပညာနဲ့မဖြေရှင်းဘဲ လက်နက်နဲ့ ဖြေရှင်းနေကြသရွေ့ စစ်ဝဲသြဃအတွင်းမှာ ကမ္ဘာကြီးလွတ်လမ်းမမြင်။ ယခုတစ်ကြိမ် အီရန်- အစ္စရေး စစ်ပွဲကတစ်ဆင့် တတိယကမ္ဘာစစ်ဆီ ဦးတည်နေပြီလား၊ လူသားတွေရဲ့ စိုးရိမ်မှုကို ဥပေက္ခာပြုတဲ့ ဘေးတီးဖန်တီးမှုတွေကလည်း ရှိနေပြန်ဆိုတော့ ကံကောင်းတယ်ပဲ ပြောရမလား၊ အတုယူစရာ ဖြစ်ခဲ့တယ်ပြောရမလား၊ ကျွန်တော်တို့ အရှေ့တောင်အာရှနဲ့ တောင်အာရှက ခေါင်းဆောင်တွေကြားမှာ ပညာနဲ့ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဖြစ်နေတဲ့ စစ်ပွဲ၊ ဖြစ်ခါနီးစစ်ပွဲနှစ်ခုဟာ နာရီပိုင်းရက်ပိုင်းအတွင်း ပြီးစီးခဲ့ပြီး ပြည်သူတွေကို စိတ်အေးစေခဲ့ခြင်းဟာ ပညာနဲ့ လက်နက်အရာမှာ ပညာကိုအားကိုးခဲ့ကြလို့ဆိုတဲ့ သင်ခန်းစာတစ်ခုကို ရခဲ့တယ်။ သို့သော်လည်း.. ယနေ့ကမ္ဘာကြီး အခြေအနေက ဘယ်လိုမှ အားရှိစရာမရှိ။
စစ်လိုလားနေသူတွေကြောင့်သာ
ဇွန်လ ၁၃ ရက်နေ့ကစခဲ့တဲ့ အီရန်-အစ္စရေး စစ်ပွဲကိုပဲကြည့်ပါ။ အတိတ်က မိတ်ဆွေတွေဖြစ်ခဲ့ပြီးမှ အမြဲတမ်းရန်သူတော်တွေဖြစ်သွားရတဲ့ အီရန်- အစ္စရေးနှစ်နိုင်ငံအကြား လေကြောင်းတိုက်ပွဲတွေနဲ့ အဆုံးအဖြတ်လည်း မပေးနိုင်သေး၊ ငြိမ်းချမ်းရေးလည်းမရ၊ ပြင်းထန်တဲ့ နာတာရှည်ရောဂါကြီးဖြစ်နေတာ အတော်ကြာခဲ့ပါပြီ။ ယခုနောက်ဆုံး စစ်ပွဲကအီရန်မှာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမှာ အစ္စရေးနဲ့အမေရိကန်က ကြောက်လန့်လို့၊ ပါရှန်းအင်ပါယာကြီးကို ဖြိုခွဲလိုတဲ့အစ္စရေးနဲ့ အမေရိကန်တို့ကြောင့်၊ ဖြစ်နိုင်ဖွယ် အခြားအခြားသော အကြောင်းကြောင်းတွေကြောင့် အီရန်ကိုအစ္စရေးက စတင်တိုက်ခိုက်ရာက ဖြစ်ပွားနေတဲ့စစ်ပွဲပါပဲ။ ဒီအယူအဆတွေကို ထင်ဟပ်စေတဲ့ တချို့နိုင်ငံရေးသမားတွေရဲ့ အပြုအမူတွေ၊ ပြောစကား တွေအရဆိုရင် ကမ္ဘာပေါ်မှာ တချို့ခေါင်းဆောင်တွေဟာ စစ်ကိုအတော်ကြိုက်ပုံရတယ်။ စစ်မီးဟုန်းဟုန်း တောက်သွားရမယ်ဆိုတဲ့ အပြန်အလှန် ခြိမ်းခြောက် စကားတွေ၊ ဆေးရုံမရှောင်၊ ကလေးလူကြီးမရှောင် ပစ်ခတ်သတ်ဖြတ်နေတဲ့ အနိဋ္ဌာရုံတွေကို အလွန်နှစ်သက်သူတွေရှိနေကြသလို သူတို့ကို ထောက်ပံ့သူတွေကလည်း ပျော်ပျော်ကြီး ထောက်ပံ့နေကြဆဲပဲ။
တချို့စစ်ပွဲတွေဟာ လက်နက်ငွေကြေးပုံအောထောက်ပံ့သူတွေရဲ့ အလိုဆန္ဒအရ ဖြစ်ကြရတယ်ဆိုတဲ့အချက်ဟာ ယနေ့ယူကရိန်းနဲ့အစ္စရေးကို ထောက်ပံ့နေတဲ့ အနောက်အုပ်စုနဲ့ အမေရိကန်ကို ပြောနေတာပဲ။ သူတို့ဟာ သူတို့အကျိုးစီးပွားအတွက် ဒေသတွင်းမှာ စစ်ပွဲတွေပုံဖော်နေကြခြင်းဖြစ်တယ်။ စစ်ပွဲမဟုတ်တဲ့ အမေရိကန်နိုင်ငံ လော့စ်အိန် ဂျလိစ်မြို့မှာ ICE ဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြပွဲများမှာတောင် ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ ဂျော့ဆိုးရော့ဇ်ကြီးတစ်ယောက် ကွန်ဂရက်ရှေ့မှောက်အစစ်ခံရမယ့် အခြေအနေကို ရင်ဆိုင်နေရတာကြည့်ရင် သိနိုင်ပါတယ်။
အစ္စရေးနဲ့ ပတ်သက်တဲ့ ကမ္ဘာ့အရေးအခင်းတွေမှာ အမေရိကန်က အစ္စရေးလုပ်သမျှ ကြီးကြီး ကျယ်ကျယ် ဘာမှတားဆီးခဲ့တာမရှိဘူး။ အမြဲလိုလို အမေရိကန်က အစ္စရေးဘက်က အမြဲရပ်တည်ပေးပြီး အီရန်ကိုတစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့ထားတာကြာပါပြီ။ ယခုလည်း အမေရိကန်နဲ့ အင်္ဂလန်တို့လုပ်ရပ်က ရန်ဘက်တွေအကြား စစ်ကိုတားဆီးဖို့၊ စစ်ကိုရပ်တန့်ဖို့ အသင့်မဖြစ်တဲ့အပြင် မီးလောင်ရာလေပင့်သလို အပြုအမူတွေသာ ပြုလုပ်နေကြတယ်။ ဒီလိုပရမ်းပတာအခြေအနေမှာ ကမ္ဘာ့ပြည်သူတွေရဲ့စိုးရိမ်စိတ်ကို ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်တွေကများ လျှော့ချပေးနိုင်မလဲ။
အားလုံးက သူ့အကြောင်းတရားနဲ့သူ ပေါင်းစုံညီညွတ်၍သာ
ကမ္ဘာသူ ကမ္ဘာသားအားလုံးက ဘယ်နေရာက၊ ဘယ်စစ်ပွဲမှမမြင်လို မကြားလိုတော့ပါ။ စစ်ဖြစ်ရင် ကြားက မြေစာပင်ဟာ ပြည်သူတွေပဲဖြစ်တယ်။ စစ်ကိုရပ်ဖို့က၊ အဓိကကျသူက နှစ်ဖက်စစ်ထဲပါနေသူတွေပါပဲ။ နှစ်ဦးစလုံး ရပ်ကြမှ စစ်ကငြိမ်းပါမယ်။ နှစ်ဖက်မှာ တစ်ဖက်ဖက်က ရပ်လိုတဲ့ဆန္ဒမရှိလည်း စစ်ကမပြီးပါဘူး။ နှစ်ဖက်စလုံး ရပ်ချင်ပေမယ့် ဘေးက မြှောက်ပေးနေသူတွေကိုယ်တိုင်စစ်ကို ဆွဲဆန့်စေချင်လည်း စစ်ကမပြီးပါဘူး။ တစ်ဖက်ဖက်စီ လက်နက်ငွေကြေး ပံ့ပိုးနေတဲ့နိုင်ငံတွေရဲ့ အခန်းကဏ္ဍက ပိုလို့တောင်အရေးကြီးပါတယ်။ တစ်ခါတစ်ရံ စစ်ပွဲနွှဲနေတဲ့ ကာယကံရှင်နိုင်ငံရဲ့ အကျိုးစီးပွားထက် ဘေးကအားပေးထောက်ကူတဲ့ နိုင်ငံရဲ့ အကျိုးစီးပွားက ပိုအရေးကြီးသွားတဲ့အခါ ဒီစစ်ပွဲကဘယ်တော့မှ ပြီးဆုံးဖွယ်ရာ လမ်းမမြင်ပါ။ သူတို့ကြောင့်ပဲ ပဋိပက္ခတွေ စစ်ပွဲတွေဟာ တာရှည် သွားရတယ်။ ဥပမာ ယူကရိန်းစစ်အတွက် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ နှစ်ဖက်ငြိမ်းချမ်းရေး စကားပြောမယ့်နေ့ မတိုင်ခင်တစ်ရက်မှာမှ ယူကရိန်းက ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိဝင်ပြီး မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ တိုက် လေယာဉ်တွေကို အလစ်အငိုက်ဝင်တိုက်ခဲ့တဲ့အတွက် ပျက်စီးခဲ့ရတဲ့စစ်ရပ်စဲရေး မျှော်လင့်ချက် ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။ စစ်ကိုမရပ်စေချင်တဲ့ အင်္ဂလန်နဲ့ NATO တို့ရဲ့ ဆန္ဒပြည့်ဝခဲ့ပြီး စစ်ရပ်စဲချင်နေတဲ့ ရုရှားနဲ့ထရမ့်တို့ရဲ့ အိပ်မက်ပျက်သွားခဲ့ရခြင်း နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေ ရှိခဲ့ပါသလဲ။
ရုရှားနိုင်ငံတော်ကြီး ပျက်သုဉ်းချည့်နဲ့စေရေး အကြောင်းတရားတစ်ခုနဲ့ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲ၊ ရုရှားနိုင်ငံကြီး ဆက်လက်အင်အားယုတ်လျော့အောင်၊ ရုရှားနဲ့ယူကရိန်းတို့ ငြိမ်းချမ်းရေးဘယ်တော့မှ မရအောင်၊ ယခုဖြစ်လာနေတဲ့ အရှေ့အလယ်ပိုင်း အရေးအခင်းဘက် ရုရှားလှည့်မကြည့်နိုင်အောင် တစ်နည်းရုရှားက မဟာမိတ်အီရန်ဘက် မကူညီနိုင်အောင်၊ အီရန်ကို အစ္စရေးက စိတ်တိုင်းကျလုပ်နိုင်အောင် ကြိုတင်စီမံထားတဲ့ ဖန်တီးမှုများပဲလား။ မတွေးလို့မရတဲ့ အခြေအနေတွေ ရှိနေပါတယ်။
ထိုနည်းတူ အစ္စရေးကရော အီရန်ကို နျူကိစ္စတစ်ခုတည်းကြောင့်ပါ၊ အီရန်က အကြမ်းဖက်တွေကို အားပေးနေတယ်ဆိုတဲ့ အကြောင်းပြချက် တွေအပြင် အခြားသော အကြောင်းတရားတွေ ရှိနေနိုင်ပါသေးသလား စသည်ဖြင့် ဒီထက်ပိုနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ မကြာသေးခင်က တရုတ်နိုင်ငံရဲ့ ကမ္ဘာပတ်ပိုးလမ်းမစီမံကိန်းကြီး အီရန်နဲ့ ချိတ်ဆက်မိသွားတဲ့ အခြေအနေကပဲ ဒီစီမံကိန်းကို ဖျက်လိုတဲ့ အမေရိကန်က စစ်ကိုဖန်တီးပေးလိုက်သလို ဖြစ်သွားသလား တွေးဆစရာပါ။
စစ်မှန်သမျှ ရပ်သင့်ပါပြီ
ဘယ်လိုအကြောင်းတရားတွေနဲ့ စစ်ကိုစခဲ့ကြတာဖြစ်ပါစေ၊ အပြစ်မဲ့လူသားတွေကို သနား၍ ပျက်စီးသွားတဲ့ သယံဇာတအရင်းအမြစ်တွေကို ငဲ့ညှာပြီး စစ်ကို ရပ်သင့်ကြပါပြီ။ ဘယ်သူနိုင်နိုင် စစ်ဖြစ်တဲ့တိုင်းပြည်၊ မြို့ရွာမှန်သမျှ ပျက်စီးရစမြဲပါ။ စစ်ရဲ့သက်ရောက်မှုက ကြာရှည်သွားရင် ကျယ်ပြန့်သွားတတ်တယ်။ သူ့ဘက်၊ ကိုယ့်ဘက်အားပေး သူတွေဝင်ပါခဲ့ရင် အခြေအနေ ပိုဆိုးသွားဖို့ပဲရှိတယ်။ စစ်ကို ရပ်တန့်ဖို့မကြိုးစားဘဲ အားပေးအားမြှောက် ဆက်ပြုခြင်း၊ အပြန်အလှန်ခြိမ်းခြောက်နေခြင်းက ကမ္ဘာစစ်ကြီးအထိ ဖြစ်သွားနိုင်တယ်။ ဒီအဆင့်ထိ အရောက်ခံလို့ဖြစ်ပါ့မလား။ ဉာဏ်စွမ်း၊ ဝီရိယစွမ်း၊ ပညာစွမ်းအားကြီးကြီးနဲ့ ယနေ့ကမ္ဘာ့ခေါင်းဆောင်တွေ ဝိုင်းဝန်းအဖြေရှာ အားထုတ်သင့်ပါပြီ။
ဘယ်လို ပဋိပက္ခပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းတွေကသာ အဓိကဖြစ်ပါတယ်။ နိုင်ငံတွေ အနေနဲ့လည်း မိမိနဲ့အလွမ်းသင့်ရာ မိတ်ဖက်အပေါ်မှာ အလွန်အကျွံ မြှောက်မပေးသင့်ပါ။ လက်ရှိပဋိပက္ခကို တိုးချဲ့ဖို့ကြိုးစားသူဟာ ကျွန်တော်တို့ အမြင်အရတော့ ဒီအချိန်မှာ တကယ်အရူးအမိုက် တစ်ယောက်သာပါပဲ။ အပြုသဘောဆောင်ပြီး မျှမျှတတရှိတဲ့ အနေအထားကသာ ရပ်တည်သင့်ပါတယ်။ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပါဝင်သူတွေ အနေနဲ့ လူသားချင်းစာနာစိတ်နဲ့ နိုင်ငံတကာပြည်သူတွေရဲ့ စိုးရိမ်မှုကို ထည့်သွင်းစဉ်းစားပြီး အဖြေရှာသင့်ပါတယ်။
ဒါ့အပြင် စဉ်းစားရမှာက ယနေ့စစ်ပွဲတွေကို ဖန်တီးသူတွေက ဘာကိုထားခဲ့လို့၊ ဘာတွေယူသွားကြမှာလဲ၊၊ သေချာတာကတော့ သားစဉ်မြေးဆက် အငြိုးအတေးတွေ၊ အာဃာတတွေပဲ ကျန်ခဲ့တာပါ။ ဘာကောင်းတဲ့အရာတွေကို ထားခဲ့နိုင်လို့ပါလဲ၊ လက်ရှိဖြစ်ပျက်နေတဲ့ စစ်ပွဲအခြေအနေတွေအရ ဘယ်ဘက်မှာ အကျိုးကျေးဇူးတွေ ပိုဖြစ်ထွန်းနေ လို့လဲ၊ နှစ်ဖက်ပျက်စီးတာပဲရှိတယ်၊ တင်းမာမှုတွေ ပိုတိုးလာတာပဲ ရှိပါတယ်၊၊ ယခု အီရန်-အစ္စရေး စစ်မှာပင် နျူကလီးယားဆွေးနွေးပွဲလည်း ပျက်သွားခဲ့ရပြီ။ ဒေသတွင်းပဋိပက္ခ အသွင်ပြောင်းလာပြီး ကမ္ဘာ့စွမ်းအင်လောင်စာစျေးတွေ မြင့်တက်သွားနိုင်တဲ့ အန္တရာယ်တွေသာ များလာနေတယ်။
ဘာတွေသင်ခန်းစာယူကြမလဲ
အီရန်-အစ္စရေးစစ်ကနေ အဓိကဘာသင်ခန်းစာ ရသလဲဆိုရင် သတိထားမိတဲ့အချက်က မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ ချိုးဖောက်မခံရစေဖို့အတွက် မိမိတို့ရဲ့စစ်ရေး၊ စီးပွားရေးအင်အားကို အခိုင်အမာ တည်ဆောက်ထားဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ။ စီးပွားရေးပါဝါ ထက် လက်နက်ပါဝါကတောင်ရေတိုမှာ ပိုအရေးကြီးပါတယ်။ ရေရှည်စစ်မှာတော့ စီးပွားရေးအင်အား၊ လူအင်အားလည်း ကောင်းနေမှဖြစ်မယ်။ ပါဝါရှိမှလေးစားမှာ ဖြစ်တဲ့အတွက် အင်အားကို တည်ဆောက် ရမယ်ဆိုတာ ယနေ့ကမ္ဘာ့စစ်ပွဲတွေက ပြသနေပါ တယ်။
ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း အားကောင်းအောင် တည်ဆောက်ထားဖို့လိုကြောင်း တွေ့ရတယ်။ စိတ်ဓာတ်ဆိုတဲ့နေရာမှာ အချင်းချင်းသစ္စာရှိမှုနဲ့ မျိုးချစ်စိတ်ဓာတ်ကနေ ရေပက်မဝင်တဲ့ စည်းလုံးညီညွတ်မှုမျိုးရှိနေဖို့လည်း အရေးကြီးပြန်တယ်။ ရန်သူကို သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနိုင်ပေမယ့် ပြည်တွင်းမှာ အချင်းချင်းသစ္စာပျက်ယွင်းတဲ့ သစ္စာဖောက်တွေကြောင့် စစ်ဘက်နဲ့ ပညာရှင်တွေ လုပ်ကြံခံရတဲ့ နမူနာမျိုးတွေ၊ အပြင်နဲ့အတွင်း ဟန်ချက်ညီညီ ဖြစ်လာနိုင်တဲ့ အဖျက်အမှောင့် ဖော်ဆောင်မှုတွေကို သတိထားဖော်ထုတ်ဖို့လည်း အရေးကြီးပြန်တယ်။ ကိုယ့်ဘက်က အားမကောင်းရင် အစော်ကားခံရမယ်။ အားကောင်းအောင် အင်အားတည်ဆောက်ရမယ့် အချိန်ဖြစ်တဲ့အပြင် မိတ်ဆွေစစ် မိတ်ဆွေမှန်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်းလိုပါတယ်။
ယခုကာလက အင်မတန်အရေးကြီးတဲ့အတွက် ဖြစ်ပါတယ်။ သူတို့ဘာလုပ်လုပ် တရားတယ်ဆိုတဲ့ Double standard မူအတိုင်းကျင့်သုံးတတ်တဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ အလေ့အထကို ပြန်လည်တုံ့ပြန်နိုင်ဖို့လိုတယ်။ ဒီလိုကျင့်သုံးမှုတွေကြောင့်သာ ပဋိပက္ခတွေ ကြီးထွားလာရတယ်၊ အကြမ်းဖက်မှုတွေ တိုးပွားလာရတယ်၊ ယခုလိုစစ်ပွဲတွေ ဖြစ်ပွားလာရတယ်။ ယခုလိုအခြေအနေတွေကြောင့်ပဲ နိုင်ငံတွေဟာ မိမိတို့အင်အားကို ဘက်ပေါင်းစုံကနေ တိုးချဲ့တည်ဆောက်နေကြရတယ်။ နောက်တစ်ချက် သတိထားမိတာတစ်ခုက ဂါဇာကအဖြစ်အပျက်တွေ၊ တဲလ်ဗစ်၊ ဟိုင်ဖာ၊ တီဟီရန် စတဲ့မြို့တွေက ဆိုးရွားလှတဲ့ အဖြစ် အပျက်တွေကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတပ်မတော်က ပြည်တွင်းသောင်းကျန်းသူတွေအပေါ် ညင်သာတဲ့ကိုင်တွယ်ပုံနဲ့ နှိုင်းယှဉ်ကြည့်ရင် ခြားနားချက်အများအပြားကို တွေ့ရလိမ့်မယ်လို့ ယူဆတယ်။ တကယ်တော့ ကိုယ့်နိုင်ငံက ခေါင်းဆောင်တွေဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ပြည်သူဘယ်တော့မှ မဖျက်ဆီးမပျက်စီးစေရဘူးဆိုတဲ့စိတ် အမြဲရှိတယ်။ ဘယ်သူသေသေ ငါတို့နိုင်ငံသားတွေရဲ့ အသက်ပဲ ဆိုတဲ့စိတ်နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမယ်ဆိုတဲ့စိတ် အမြဲထားတယ်။
ယခုလက်ရှိဖြစ်နေတဲ့ စစ်ဖြစ်နေတဲ့နိုင်ငံတွေက အချို့သောခေါင်းဆောင်တွေ၊ စစ်ထဲဝင်ပါမိသော်လည်း ကမ်းလင့်တဲ့ငြိမ်းချမ်းရေးကို မဖမ်းမိမဆုပ်ကိုင်မိတဲ့သူတွေ၊ သူတို့ရဲ့ မိုက်မဲတဲ့စဉ်းစား တွေးခေါ်ပုံတွေကနေ သင်ခန်းစာယူမယ်ဆို ယူရမယ့်အချက် များစွာရှိနေပါတယ်။ အထူးသဖြင့် လူသားချင်း စာနာစိတ်ဆိုတာ ဘယ်လိုလဲဆိုတာ ယနေ့ကမ္ဘာ့စစ်ပွဲတွေကြည့်ပြီး ကျွန်တော်တို့ပြည်သူတွေ တိုင်းရင်းသားတွေ ခံစားသုံးသပ် ဆင်ခြင်နိုင်ဖို့ပါပဲ။ ။
MWD Web Portal

လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးသည်လည်း နှောင့်နှေးနေခဲ့ရပါသည်။ ငြိမ်းချမ်းရေးမရရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရပြီးသံသရာလည်နေရပါသည်။ ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး အရေးကြီးကြောင်းကို ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များအားလုံးအနေဖြင့်လည်း နားလည်လက်ခံခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးရရှိစေရေး ပုံစံအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှုအပြည့်အဝ မရရှိခဲ့ကြပေ။ မိမိတို့နိုင်ငံ၏ ရှည်
လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးသည်လည်း နှောင့်နှေးနေခဲ့ရပါသည်။ ငြိမ်းချမ်းရေးမရရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရပြီးသံသရာလည်နေရပါသည်။ ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး အရေးကြီးကြောင်းကို ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များအားလုံးအနေဖြင့်လည်း နားလည်လက်ခံခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးရရှိစေရေး ပုံစံအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှုအပြည့်အဝ မရရှိခဲ့ကြပေ။ မိမိတို့နိုင်ငံ၏ ရှည်ကြာလှသည့်ပဋိပက္ခ သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်၍ သင်ခန်းစာများ ဖော်ထုတ်ကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ အကျိုးအတွက် အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရယူလိုသည့် အတ္တဆန္ဒများဖြင့် ဆောင်ရွက်မှုများ၊ မကျေနပ်မှုများကြောင့် အကြမ်းဖက်လုပ်ဆောင်ခဲ့မှုများ ရှိခဲ့သော်လည်း နိုင်ငံတော်၏ အနာဂတ်အရေးကို ရှေးရှုပြီး ပြည်သူများအားလုံး၏အကျိုးကို ငဲ့ကွက်သည့်စိတ်စေတနာဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
နိုင်ငံတော်၏ ပကတိအခြေအနေကိုသိမြင်ပြီး မိမိတို့နိုင်ငံကို ကိုယ်တိုင်တည်ဆောက်ကြရမည် ဖြစ်ပါသည်။ အခက်အခဲရှိလာပါက နိုင်ငံသားအချင်းချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆောက်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ မိသားစုဘဝ ကြီးပွား တိုးတက်ရေးအတွက် မိသားစုဝင်အားလုံး စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့အချင်းချင်း အမြင်တူသည်များကို စုပေါင်းလုပ်ဆောင်၍ အမြင်မတူသည်များကို ညှိနှိုင်းဖြေရှင်းကြရမည် ဖြစ်ပါသည်။ အဓိကအရေးကြီးသည်မှာ နိုင်ငံတော်၏အကျိုးစီးပွားကို ဘုံရည်မှန်းချက်အဖြစ် ထားရှိရမည်ဖြစ်ပါသည်။ အဆိုပါ သဘောတရားများကို လက်ကိုင်ထားပြီး ရဲရဲဝံ့ဝံ့ ယုံကြည်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေများသည် အမြဲတမ်းပြောင်းလဲနေပြီး ထိုပြောင်းလဲနေသည့် အခြေအနေများကို တာဝန်ရှိသူများက မျက်ခြေမပြတ် စောင့်ကြည့်လေ့လာ၍ အနာဂတ်အတွက် ကြိုတင်စဉ်းစားတွေးခေါ်မှုများဖြင့် ကြိုးပမ်းရမည်ဖြစ်သည်။ ကမ္ဘာကြီးသည် လူ့အဖွဲ့အစည်း များ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည့်အတွက် မိမိတို့တစ်နိုင်ငံတည်း သီးခြားရပ်တည်၍မရပေ။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လိုက်လျောညီထွေစွာ ဆက်ဆံရမည်ဖြစ်ပါသည်။ မိမိတို့နှင့် ဆက်ဆံရသော ပြည်ပနိုင်ငံများ၏ အကျိုးစီးပွားကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားကြရမည်ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ထွက်ပေါ်လာသည့် အကြံဉာဏ်ကောင်းများကိုလည်း အထောက်အပံ့ဖြစ်စေနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများထံ တင်ပြဆောင်ရွက်ကြရမည်ဖြစ်သည်။ တစ်ဖက်မှ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများကိုလည်း သိရှိနိုင်စေရေး ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေး အတွက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအသိုင်းအဝန်းတည်ဆောက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လိုလားသူအဖွဲ့အစည်းများအား ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းများပြုလုပ်၍ အကျိုးရလဒ်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
၂၀၂၅ အလွန် ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ရွေးကောက်ပွဲအလားအလာ သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမှုသည် ယခင် “ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025” တွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအတွက် အကြံဉာဏ်များနှင့် ထိရောက်သောဆွေးနွေးချက်များမှ ပေါ်ထွက်လာသည့် အကြံပြုချက်ရလဒ် (Outcome) များအရ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှု၊ အများပြည်သူများ၏ မျှော်လင့်ချက် ဖြည့်ဆည်းမှုနှင့် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရေးတို့အတွက် ယုံကြည်မှုပိုမိုရရှိသော နည်းဗျုဟာတစ်ရပ်ဖြစ်သည့် အလွတ် သဘောဆွေးနွေးပွဲများ၊ Peace Talk 2025 ကဲ့သို့ ဆွေးနွေးပွဲများ ပုံမှန်ပြုလုပ်ပေးရန်ပါရှိသဖြင့် ဆက်လက်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့အပြင် ပါဝင်သင့်ပါဝင်ထိုက်သူများအနေဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်နိုင်စေရန်၊ အရေးပါသော အကြံဉာဏ်များနှင့် အကူအညီများပေးနိုင်သည့် နိုင်ငံတကာမှမိတ်ဆွေများ ပါဝင်လာနိုင်စေရန်တို့အတွက် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်မည်ဖြစ်ပါသည်။
ယခုကျင်းပပြုလုပ်မည့် Peace Forum 2025 တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်နှင့် အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံခြားသံတမန်များ ပါဝင်တက်ရောက် ဆွေးနွေးကြမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက် အကျိုးရှိမည့် ရလဒ်ကောင်းများပေါ်ထွက်လာရေး Peace Forum 2025 ကို “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာ ဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ၃ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အနေဖြင့် “အားလုံးပါဝင်သည့် ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်” ၊ “ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန်” ၊ “လူသားချင်း စာနာမှုအကူအညီများနှင့် လူမှုစီးပွားဘဝ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်” ၊ “နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်” တို့အတွက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသူများ၊ ပညာရှင်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စသည့်ကဏ္ဍ အသီးသီးက ပုဂ္ဂိုလ်များ၏ အတွေ့အကြုံများ၊ အတွေ့အမြင်များကို ဖလှယ်မှုမှတစ်ဆင့် မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ရလဒ်ကောင်းများ ထွက်ပေါ်စေရန်အတွက် အဓိကထား၍ ရည်ရွယ်ဆောင်ရွက်မည်ဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင် အမှန်တစ်ကယ် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် နိုင်ငံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကဏ္ဍကြီးများတွင် ကျွမ်းကျင်နားလည်သည့် တတ်သိ ပညာရှင်များအား စုစည်း၍ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ထိုးနှက်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းအဖြေရှာ ဖော်ထုတ်ကြရမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင်သာ တာဝန်ရှိသည်၊ NSPNC တစ်ခုတည်းတွင် တာဝန်ရှိသည်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ အလွှာပေါင်းစုံတွင်ရှိသည့် လူသားတိုင်းသည် ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေပါသည်။ ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက်မှုနှင့် ပဋိပက္ခများသည် ငြိမ်းချမ်းရေး မရနိုင်ဘဲဖြစ်နေသည်ကို ပြည်သူလူထုက သိမြင်ရန်လိုအပ်ပြီး ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် လိုအပ်နေပါသည်။ ယနေ့ ကြုံတွေ့နေရသည့် ပဋိပက္ခမျိုးစုံအား တတ်နိုင်သမျှကြိုးစားပြီး အမြန်ဆုံးလျှော့ချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို တိုးတက်စေနိုင်သည့် Short Term နှင့် Long Term Strategy များ ဖော်ထုတ်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ခေတ်မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသောအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် မတူကွဲပြားမှုများကို စည်းလုံးညီညွတ်စွာဖြင့် အားလုံးပါဝင် ဆောင်ရွက် ပေးနိုင်ပါရန် မျှော်လင့်ပါသည်။ ဆက်လက်ကျင်းပမည့် ငြိမ်းချမ်းရေးဖိုရမ်သည် တာဝန်ရှိသူ များအားလုံးက မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် အမြန်ဆုံးချုပ်ငြိမ်းအဆုံးသတ်ပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တ နေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော အနာဂတ်ပြည်ထောင်စုကို တည်ဆောက် နိုင်ရန်အတွက် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းမှုအပေါင်းခညောင်းရန် အချိန်အခါကောင်းဖြစ်ပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း Peace Forum 2025 ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြအပ်ပါသည်။

နိဒါန်း

“ငြိမ်းချမ်းရေး” ဟုဆိုရာတွင် မြန်မာစာပေအားဖြင့် ဗျည်းအက္ခရာ သုံးလုံး ဖြစ်သော “ငခရ” ဖြင့် ပေါင်းစုထားသော စကားစုကလေးဖြစ်ပါသည်။ စာရေးသူအနေဖြင့် ထို “ငခရ” ကို ငါ့ခရီး ဟု ရေးသားရမည်ဆိုပါကလည်း “ငါ့ခရီး” – “ငါသွားရမယ့်ခရီး ၊ အဲ့ဒီ ငါ့ခရီး ဘေးကင်းဖို့လိုတယ်” ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုပါသည်။ ငြိမ်းချမ်းရေးဆိုသည်မှာလည်း ထို့အတူပင်၊ “ငြိမ်းချမ်းခြင်းကို ဘေးအန္တရာယ် ကင်းခြင်းဟုတစ်မျိုး၊ လုံခြုံခြင်းဟုတစ်ဖုံ၊ အေးမြခြင်းဟုတစ်လီ၊ ပျော်ရွှင်စေခြင်းဟုလည်း တစ်သွယ်” ဆက်စပ် အဓိပ္ပါယ်များ ဖွင့်ဆိုနိုင်ပေလိမ့်မည်။ မြန်မာလို “ငြိမ်းချမ်းရေး”၊ အင်္ဂလိပ်ဘာသာဖြင့် “Peace” ကို ဖော်ပြသော စကားစုများ၏ အဓိပ္ပါယ်များသည် စင်စစ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော အချက်များသာ ဖြစ်နေပေရာ၊ အနုတ်လက္ခဏာဆောင်သော မငြိမ်းချမ်းမှု၊ မလုံခြုံမှု၊ အန္တရာယ်ရှိမှု၊ မအေးမြမှု စသည် တို့သည်လည်း ငြိမ်းချမ်းရေး၏ အခြားတစ်ဖက်တွင် ရှိနေပေသည်။
တကယ်တမ်းဆိုလျှင် ငြိမ်းချမ်းရေးဆိုသည်မှာ လူသားတို့ လိုလားတောင်းတတဲ့ အရာတွေ များစွာထဲက တန်ဘိုးဖြတ်လို့မရနိုင်သည့် မြင့်မြတ်သည့် အရာတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးသာ ရမည်ဆိုလျှင် လူသားမျိုးနွယ်စု တစ်ခုကစပြီး နိုင်ငံတစ်ခု၊ နယ်ပယ်တစ်ခုမှ တစ်ကမ္ဘာလုံးတိုင်အောင် မဆုံးနိုင်သည့် ပျော်ရွှင်မှုများနှင့်ပြည့်ဝပြီး လှပသည့် အနာဂါတ်ပေါင်းများစွာကို ဖန်တီးတည်ဆောက်နိုင်ကြောင်း မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းများတွင် သာဓကပေါင်းများစွာ ရှိခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိဖို့သည် လူ့အဖွဲ့အစည်း တစ်ခုအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဟု အခိုင်အမာ ဆိုရမည် ဖြစ်ပေသည်။ ငြိမ်းချမ်းရေးမရှိရင် တိုင်းပြည်တစ်ပြည်သည် စည်ပင်သာယာ ဝပြောမှုများ မရရှိနိုင်သည့်အပြင် တိုင်းရင်သား ပြည်သူများ၏ လူမှုစီးပွား ဘဝ (Socioeconomic Situation)များ အားလုံးသည်လည်း ပြိုလဲပျက်စီး သွားနိုင်သည်ဆိုသည်ကို သမိုင်းသင်ခန်းစာ များက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။
“ငြိမ်းချမ်းရေးရှိဖို့ဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု”
ဤသို့ဆိုလျှင် မိမိတို့ မှီတင်းနေထိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနေနှင့် ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးနဲ့ပတ်သက်ပြီး မည်သို့ မည်မျှ တန်ဖိုးသတ်မှတ် နှိုင်းယှဉ် ချိန်ထိုးကြည့်နိုင်မည်နည်း ဆိုသည့် မေးခွန်း ရှိလာမည် ဖြစ်ပါသည်။ တချိန်က မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစု ပေါင်းစုံသည် အေးအတူပူအမျှ လွတ်လပ်စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြရာမှ ဗြိတိသျှနယ်ချဲ့ တို့၏ ကျူးကျော်မှု များကြောင့် ရာစုနှစ်တစ်ခုနီးပါး သူ့ကျွန်ဘဝကျရောက်ခဲ့ရပါသည်။

“၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်းမြန်မာနိုင်ငံသမိုင်းကြောင်းဟာ အကောင်းအဆိုးတွေနဲ့ရောပြွန်းရှုပ်ထွေးခဲ့တာကြောင့် အရှေ့တောင်အာရှမှာ ပြည်တွင်းပဋိပက္ခဖြစ်ပွားမှု သက်ဆိုး အရှည်ဆုံးနိုင်ငံဟု ပြောစမှတ်ပြုခံနေရပါတယ်”
စင်စစ် မြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခ အရှည်ကြာဆုံးနိုင်ငံအဖြစ် ငြိမ်းချမ်းရေး၏ အခြားတစ်ဖက်တွင် ရောက်ရှိနေခဲ့သည်မှာ ဗြိတိသျှတို့ ထံမှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှ စတင်ရေတွက်လျှင် ၇၅ နှစ်ပင်ရှိခဲ့ပေပြီ။
တနည်းအားဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်မှာ “စိန်ရတု”ပင် တိုင်လေပြီဟု ဆိုရပေတော့မည်။ အမှန်တော့ ဒီလိုစိန်ရတုသည် ဂုဏ်ယူစရာမဟုတ်။ ၇၅နှစ်တည်း ဟူသော အချိန်ကာလသည် ငြိမ်းချမ်းရေးသာ ရနေမည်ဆိုပါက ကိုယ့်နိုင်ငံရေမြေသဘာဝ သယံဇာတများနှင့်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးရေးသည် အတိုင်းအတာ တစ်ခုထိ ခရီးပေါက်နေမည်ဆိုသည်ကို မှန်းဆကြည့်လျှင် မြင်နိုင်မည်ဖြစ်သည်။ အဓိက အချက်မှာ ကိုလိုနီအမွေဆိုး အနေအဖြစ် လွတ်လပ်ရေး မရမီကတည်းက ပြည်တွင်းသောင်းကျန်းမှုများ စတင်ခဲ့ပြီး ရောင်စုံသူပုန်များဟု ခေါ်တွင်ရလောက်အောင် လူများစွဲ၊ ဝါဒစွဲများဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပေါ််ပေါက်လာခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးခရီးစဉ်မှာ ထင်သလိုမပေါက်ခဲ့ရကြောင်း နိဒါန်းအနေဖြင့်ဦးစွာ တင်ပြလိုခြင်းဖြစ်ပါသည်။
“ငြိမ်းချမ်းရေးဆိုသည်မှာ”
မြန်မာအဘိဓာန်၌ “ငြိမ်းချမ်းရေးဆိုသည်မှာ ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက်စသည်တို့ကင်းမဲ့ သောအဖြစ်” ဟူ၍ ဖော်ပြထားပြီး အောက်(စ်)ဖို့ဒ်အဘိဓာန် (၇)ကြိမ်မြောက် ရိုက်နှိပ်မှုတွင်မူ “A situation or a period of time in which there is no war or violence in a country or an area” ဟူ၍ အနက် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
“ငြိမ်းချမ်းရေးဟူသည် ဆူပူလှုပ်ရှားမှုများ၊ ပုန်ကန်ထကြွမှုများမရှိသော၊ အကြမ်းဖက်ရက်စက်မှုများ မရှိသော၊ စစ်ပွဲများမရှိသော၊ ပဋိပက္ခကင်းသောကာလ (သို့မဟုတ်) အခြေအနေ” ဟု မြန်မာဘာသာပြန်ဆိုနိုင်ပါမည်။
မြန်မာ့ငြိမ်းချမ်းရေးပျက်စီးရခြင်း
မိမိတို့မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်လှန်လေ့လာကြည့်မည်ဆိုပါက နှစ်ပေါင်း ၁၀၀ ကျော် တိုင်အောင် ကိုလိုနီ စနစ်ဆိုးအောက် ကျရောက်နေခဲ့ရသည့်ဘဝမှ တိုင်းရင်းသားများအားလုံး၏ သွေးစည်းညီညွတ်မှုဖြင့် တွန်းလှန်ခဲ့ကြပြီး၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်တို့၏ ခေတ်ဆိုးများကို ခါးစည်းခံပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကိုအခြေခံပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာ ရပ်တည်နိုင်ခဲ့လေသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိရန် နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ရခြင်းကြောင့် ငြိမ်းချမ်းရေး၏ အနှစ်အရသာကို ကောင်းမွန်စွာ ခံစားခဲ့ရခြင်းမရှိခဲ့ဘဲ လွတ်လပ်ရေးရပြီးနောက် ငြိမ်းချမ်းရေးကို တည်ဆောက်မည် ကြံစည်ဆဲ တိုင်းတစ်ပါးတို့၏ သွေးခွဲမှုများကြောင့် စည်းလုံး ညီညွတ်မှုပျက်ပြားကာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တဖန်ပေါ်ပေါက်လာခဲ့ပြန်ပါသည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့၌ သခင်သန်းထွန်း ခေါင်းဆောင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုသွားသည်မှအစပြု၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ သည်လည်း ရှေ့ဆင့် နောက်ဆင့်လိုက်၍ ခါးသီးခြင်း အရသာများအဖြစ် အရသာ ပေးစွမ်းကြလေတော့သည်။ မညီညွတ်မှု၊ မရိုးသားမှု၊ အာဃာတ တရားထားရှိမှုများဖြင့် ပြည့်ဝနေသော ပဋိပက္ခကြီးသည် ၁၉၄၈ ဧပြီ ၂ ရက်နေ့တွင် ပဲခူးခရိုင်ပေါက်ကုန်းကြီး တိုက်ပွဲမှ စတင်၍ လက်နက်စွဲကိုင်ပြီး ငြိမ်းချမ်းရေးကို စတင်ဖျက်ဆီးခဲ့လေတော့သည်။
ဝန်ကြီးချုပ်ဦးနုလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
ဖဆပလ အစိုးရလက်ထက်မှစ၍ လေ့လာကြည့်လျှင် ၁၉၅၅ ခုနှစ် ဗကပနှင့် ဖဆပလအစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက်ပင် ညှိနှိုင်း၍ မရရှိနိုင်ခဲ့။ ဝန်ကြီးချုပ်ဦးနု၏ သင်ပုန်းချေရေးဥပဒေကြောင့် ၁၉၅၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်သူ့ရဲဘော်အဖွဲ့၊ မွန်ပြည်သူ့တပ်ဦးအဖွဲ့၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ သထုံဦးလှဖေနှင့် ဗိုလ်ချန်ဇုံအဖွဲ့တို့ အလင်း ဝင်ရောက်လာခဲ့ကြပြီး အခြားပါတီ အချို့လည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုများရှိခဲ့လေသည်။
သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးသမားများ၏ ဂိုဏ်းဂဏစွဲပဋိပက္ခများ ပေါ်ပေါက်လာမှု၊ နိုင်ငံရေးပါတီများအကြား စည်းလုံးညီညွတ်မှု ပြိုကွဲလာမှုတို့နှင့်အတူ နိုင်ငံရေးအာဏာ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အရာမရောက်ဘဲ အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။
တော်လှန်ရေးကောင်စီအစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ပေရာ ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုထုတ်ပြန်ပြီး တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံတော်ထူထောင်ရေးလုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်နိုင်ရန် ဥပဒေဘောင်အတွင်းသို့ ဖိတ်ခေါ်ခဲ့သည်။ တော်လှန်ရေးကောင်စီက ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံအရပ်ရပ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၁၂၀၀၀ ခန့် လွတ်ငြိမ်း ချမ်းသာခွင့်ကို ခံစားခဲ့ကြရသည်။ ထိုလွတ်ငြိမ်းချမ်း သာခွင့်အမိန့်ကို ယုံကြည် လက်ခံသော တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများမှ သောင်းကျန်းသူ အများ အပြားမှာလည်း ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာခဲ့ကြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေး ကြိုးပမ်း ခဲ့ကြသော်လည်း အခါးအရသာ မပျောက်နိုင်သေးသည့် ဟင်းတစ်ခွက်အလား ပဋိပက္ခများဖြစ်ပွားဆဲ ခါးသီးမြဲပင်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် (၂/၈၀)ကို ၁၉၈၀ ပြည့်နှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ပြေးအဖွဲ့များကို ဥပဒေဘောင်အတွင်း ဝင်ရောက်စေခဲ့ပြီး ပြည်ပြေးအဖွဲ့၏ လှုပ်ရှားမှုများလည်း ချုပ်ငြိမ်းသွားခဲ့လေသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
ထို့နောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်၌ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် တောတွင်းလက်နက်ကိုင်အဖွဲ့များနှင့် တရားဝင် လက်မှတ် မရေးထိုးနိုင်ခဲ့သော်လည်း အဖွဲ့ပေါင်း (၁၇)ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းနိုင်ခဲ့သော ကြောင့် တစ်နိုင်ငံ လုံးနီးပါး အေးချမ်းမှုရရှိခဲ့လေသည်။

ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် စိတ်ရင်းစေတနာများကြောင့် တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာကြသော အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ထိရှိလာခဲ့ပါသည်။ ၂ဝဝ၉ ခုနှစ် ဧပြီလမှ စပြီး တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ နယ်ခြားစောင့်တပ် (BGF) နဲ့ ပြည်သူ့စစ် အဖွဲ့များအဖြစ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို အသွင်ကူးပြောင်းရေး ဆောင်ရွက်ပေးခဲ့ပြီး နယ်ခြားစောင့်တပ် ၂၃ တပ်နှင့် ပြည်သူ့စစ် ၈၃ ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါသည်။ လက်နက် အပြီးအပိုင် စွန့်လွှတ်ခဲ့သည့် အဖွဲ့များလည်း (၁၀)ဖွဲ့အထိ ရှိခဲ့ပါသည်။ ထို့ပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းကာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
၂၀၁၀ ပြည့်နှစ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် “ငြိမ်းချမ်းရေးမရရှိဘဲ ဒီမိုကရေစီစနစ် မထွန်းကားနိုင်သလို ငြိမ်းချမ်းရေးမရရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်”ဟုခံယူကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်းလုပ်ကိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့ဖြင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာအောင် စတင်ကြိုးပမ်းခဲ့ပါသည်။
၂၀၁၄ ခုနှစ်၊ မတ်လမှစပြီး NCA သဘောတူညီမှု မူကြမ်း ရရှိရေးအတွက် အလွတ်သဘော ဆွေးနွေးမှု (၂၂) ကြိမ်၊ တရားဝင်ဆွေးနွေးမှု (၇) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး NCA သဘောတူစာချုပ် အတည်ပြု မူကြမ်းကို နှစ်ဖက်သဘောတူညီမှုရရှိကာ သမိုင်းဝင် (NCA) စာချုပ်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ ဖြစ်သည့် ABSDF ၊ ALP ၊ CNF ၊ DKBA ၊ KNU၊ KNU/ KNLA-PC ၊ PNLO ၊ RCSS/SSA တို့သည် နိုင်ငံတကာအသိသက်သေများ၏ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။ NCA တွင်ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဆင့်(၃)ဆင့် ပါဝင်သော လမ်းပြမြေပုံ (Road Map) ပါဝင်နေပါသည်။ NCA စာချုပ်သည်လွယ်လွယ်နှင့် ရရှိခဲ့ခြင်းမဟုတ်ဘဲ ၎င်းစာချုပ်ရရှိဖြစ်ထွန်းလာစေဖို့ ငြိမ်းချမ်းရေး စတင် ဖိတ်ခေါ်ခဲ့သည့်နေ့ကစပြီး NCA သဘောတူစာချုပ် အပြီးသတ် ရရှိတဲ့နေ့အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပေသည်။ ၎င်းကာလအတွင်းမှာ အစည်းအဝေးငယ်များ၊ တွေ့ဆုံ ညှိနှိုင်းမှုများ အကြိမ်ပေါင်း ၅၀၀၀ ထက်မနည်း ဆောင်ရွက်ခဲ့ကြရပါသည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် အုတ်မြစ်ချနေသည့်အတိုင်းအတာမှ အနည်းငယ် ရုပ်လုံးပေါ်ပေါက် လာခဲ့လေပြီဟု ဆိုနိုင်ပါသည်။
NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်တွင် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံဟူသော အမည်ဖြင့် လေးကြိမ်တိုင် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့ ဖြစ်သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြင့်သာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင် ထပ်မံသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာလည်း ယခင်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သဘော တူညီချက်များ၊ ၎င်းတို့နဲ့ ဆွေးနွေးဆဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကိစ္စရပ်များကို အရှိန်အဟုန် မပြတ် ဆက်လက်ဖော် ဆောင်လျက်ရှိပါသည်။
ထို့ကြောင့် ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် နိုင်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကို တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ လည်းကောင်း ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီ (၃)ရပ်ကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့လေသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မိဘပြည်သူများသို့ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိရောက်စွာအကောင်အထည်ဖော် နိုင်ရေး မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ခေါင်းဆောင်များအား ရိုးသားပွင့်လင်းစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ် ခဲ့လေသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် (NCA) လက်မှတ်ရေးထိုးထားပြီးသော အဖွဲ့များ ထဲမှ အဖွဲ့ (၇) ဖွဲ့နှင့် လက်မှတ်မရေးထိုးရသေးသော အဖွဲ့များမှ (၃)ဖွဲ့ တို့သည် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ကြလေသည်။ အဖွဲ့အစည်းအသီးသီးနှင့် (၁၂၃)ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး သဘောတူညီချက်များအား ဆက်လက်လက်မှတ် ရေးနိုင်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် အနှစ်သာရရှိရှိ၊ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့လေသည်။ ထိုမှတစ်ဆင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း တစ်ဆက်တည်း လုပ်ဆောင်နိုင်ခဲ့ပြီး ထိုဆွေးနွေးပွဲများမှ ရရှိလာသည့် သဘောထားအကြံပြုချက်များကို အခြေခံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် အနှစ်သာရရှိရှိ၊ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား မှတ်တမ်းဓာတ်ပုံ

NCA နှင့် အနာဂတ်မြန်မာ့ငြိမ်းချမ်းရေးခရီး
NCA တွင် အခန်း (၇) ခန်း၊ အပိုဒ် (၃၃) ပိုဒ်ပါဝင်ပြီး၊ နိုင်ငံရေးဆိုင်ရာ အချက် ၃၅ ချက်၊ စစ်ဘက်ဆိုင်ရာအချက် ၅၅ ချက်၊ လူမှုစီးပွားဘဝနှင့်သက်ဆိုင်သောအချက် (၂၃) ချက်တို့ ပါဝင်ပါသည်။ NCA ၏ အနှစ်သာရများမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ရန်နှင့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှုသစ် တစ်ရပ် ထူထောင်ရန် အဓိကရည်ရွယ်ရေးဆွဲထားပါသည်။
NCA သည် နိုင်ငံရေးပဋိပက္ခ များကို နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းရေး ဖြစ်ပါသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများဖြင့် နှစ်ပေါင်းများစွာကြာခဲ့သည့်တိုင် ပြေလည်မှုမရရှိခဲ့သော ဖြေရှင်းမှု နည်းလမ်းများအစား ပြည်သူလူထု အားထိခိုက်မှုမရှိစေဘဲ အထိရောက်ဆုံးဖြေရှင်းနိုင်သည့် နည်းလမ်း မှာ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာဖြစ်ကြောင်း သတိပြုရပါမည်။ အထူးသဖြင့် NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကတစ်ဆင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများကို အုတ်မြစ်ချပေးထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပေသည်။
လက်ရှိ ကမ္ဘာတစ်လွှားနှင့် မြန်မာပြည်တွင်းရေးတို့တွင် ပဋိပက္ခများ၊ တင်းမာမှုများနှင့် စစ်ပွဲ များကြောင့် စွမ်းအင်ပြတ်လပ်ခြင်း၊ စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းများ ရင်ဆိုင်နေကြရပါသည်။ ပြည်သူများအနေဖြင့်လည်း စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်နေပါသည်။ ယနေ့မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများ၏ သွေးထိုး၍ ကူညီပေးမှုကို ရယူထားသော အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များ၏ အဘက်ဘက်မှတိုက်ခိုက်မှုများကို နိုင်ငံတော်အနေဖြင့် ရင်ဆိုင်တိုက်ပွဲဝင်နေရသည့် အချိန်ဖြစ်နေပါသည်။ ယင်းအခြေအနေသည် မည်မျှ ကြာမြင့်၍ မည်သည့် အတိုင်းအတာအထိ ကြီးမားကျယ်ပြန့်မည်ကို ခန့်မှန်းရန်ခက်ခဲသည့် အခြေအနေ ဖြစ်နေပေသည်။ ထိုသို့သောအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရေးအကြပ်အတည်းများ ပြေလည်စေရေးအတွက် လက်နက်ကိုင် လမ်းကြောင်းအစား ငြိမ်းချမ်းရေး ညှိနိုင်းဆွေးနွေးရေး လမ်းကြောင်းပေါ် တွင်လျှောက်လှမ်းနိုင်ရန် ဖိတ်ခေါ်မှုများ ဆက်တိုက် လုပ်ဆောင်ကြရမည့် အချိန် ဖြစ်ပါသည်။
ပြည်တွင်း ပဋိပက္ခများဖြင့် သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ အခက်အခဲ အကျပ်အတည်းများစွာရှိကြစမြဲဖြစ်ပါသည်။ NCA သည် ငြိမ်းချမ်းရေးအတွက် ပင်မတံခါးပေါက်တစ်ချက် ဖြစ်သော်လည်း ပါဝင်ပတ်သက်သူအားလုံး၏ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့်ဆန္ဒ၊ နည်းလမ်း မှန်ကန်မှု၊ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှု၊ ခိုင်မာအောင် ထိန်းသိမ်းမှုများရှိမှသာ ငြိမ်းချမ်းရေး၏ လိုရာခရီးပေါက်မည် ဖြစ်ပေသည်။ ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခု မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင် ရပေမည်။ သို့မှသာ အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးရရှိမှုသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် များစွာသက်ဆိုင်နေသည်။ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မရှိလျှင် အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲခြင်းဆိုသည်မှာ မဖြစ်နိုင်တော့သည့်အလျှောက် တို့တာဝန်အရေးသုံးပါးကိုထိန်းသိမ်းစောင့်ရှောက်နိုင်မည်မဟုတ်။ ပြည်ထောင်စု ကြီးလည်း တနေ့ ပြိုကွဲသွားနိုင် မည်သာတည်း။ နိုင်ငံတော်တိုးတက်ရေးဆိုသည်မှာလည်း ရွှေပြည်တော် မျှော်တိုင်းဝေး၊ ငြိမ်းချမ်းရေး ပျက်သုဉ်း၍ စစ်ပွဲများ၊ မီးလောင်ပြင်ကြား မြို့ပျက်ကြီးများဖြင့် တိုင်းသူပြည်သားအားလုံး စစ်ဘေးဒုက္ခ၊ အငတ်ဘေးဒုက္ခ စသည့် ဒုက္ခအတိဖြင့် ကြုံတွေ့ကြရမည် သာဖြစ်ပေသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ရိုးရှင်းသည့်အရာမဟုတ်၊ နက်နဲ သိမ်မွေ့လှသည့် ပညာရပ် တစ်ခုဟုဆိုနိုင်သည်။ တိုင်းရင်းသားအချင်းချင်း သဘောထားကွဲလွဲမှုများအပေါ်တွင် အခြေတည် ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို နှစ်ဦးနှစ်ဘက် အပြန်အလှန် သဘောထားကြီးစွာဖြင့် သည်းခံ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်၏ ပကတိအခြေအနေကို တိုင်းရင်းသား ပြည်သူများ အားလုံး မှန်မှန်ကန်ကန်သိရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ ရည်မှန်းချက်ထား ဦးတည်ရမည်ဖြစ်သည်။ အထူးသဖြင့် လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အကျိုးစီးပွားစွဲဟူသော အစွန်းရောက်မှုများကို ရှောင်ကြဉ်ကာ တိုင်းရင်းသားပြည်သူများ၏ အန္တိမ ရည်မှန်းချက် ဖြစ်သည့် ရေရှည်တည်တံခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် အားလုံးပါဝင်မှုဖြင့် အဖြေရှာနိုင်ရန် ဆက်လက်ကြိုးပမ်းသွားရမည်ဖြစ်ပါသည်။
နိဂုံး
ငြိမ်းချမ်းရေးသည် ထိရှလွယ်သည့်အရာတစ်ခုဖြစ်သည်။ သို့သော် ကိုင်တွယ်ထိန်းသိမ်းတတ်မည် ဆိုပါက ရေရှည်တည့်ခိုင်မြဲအောင် ပြုလုပ်နိုင်ကြောင်း သက်သေ၊ သာဓကများစွာလည်း ကကမ္ဘာ့သမိုင်းများတွင်ရှိနေပြန်သည်။ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းနေပြီးသောနိုင်ငံအများအပြားတွင် နည်းပညာ အသစ်အဆန်းများဖြင့် လူနေမှုဘဝများ တိုးတက်ဖွံ့ဖြိုးနေချိန်တွင် မြန်မာနိုင်ငံသည် ဗုံးသံ သေနတ်သံများကြား စစ်နွံထဲမှ မရုန်းထွက်နိုင်သေးဘဲ ခေတ်နောက်ကျကျန်နေခဲ့မည်ဆိုလျှင် အမှန်စင်စစ် ရှက်ဖွယ်အတိပင် ဖြစ်သည်။ လက်တွေ့မှာတော့ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းတွင် ငြိမ်းချမ်းရေး ခရီးသည် ခက်ခဲကြမ်းတမ်းဆဲ ဖြစ်နေသည်မှာဝမ်းနည်းစရာ ကောင်းလှသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမရှိသရွေ့ တိုးတက် ဖွံ့ဖြိုးမှုများမှာ လည်း တိုက်ရိုက်အချိုးကျကာ ခေတ်နောက်ကျ နေဦးမည်သာဖြစ်ပေသည်။
ထို့ကြောင့် မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိရေးထက် ပိုပြီးအရေးကြီးသော လုပ်ငန်း မရှိတော့ဘူးဆိုသည်ကို တိုင်းရင်းသားပြည်သူအားလုံးက ခြွင်းချက်မရှိ နားလည်လက်ခံကြရမည် ဖြစ်ပေသည်။ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းနှင့် အဖြေတစ်ခုကို ဝိုင်းဝန်းကူညီ ရှာဖွေအကြံပြုကြရင်း ရှိပြီးသား သဘောတူပြီးသား NCA လမ်းကြောင်းကို တိုးတက်ခိုင်မာအောင် ပြုလုပ်ကြရမည်မှာ အစိုးရနှင့် တိုင်းရင်းသား ပြည်သူအဆင့်အတန်းအားလုံးကြား တာဝန်တစ်ခုပင်ဖြစ်ပါသည်။
ဆောင်းပါးအား download ရယူရန်
အကိုးအကား အထောက်အထား
၁။ ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ဆောင်းပါး၊ ဇာနည်ဘွား၊ ကြေးမုံ နေ့စဉ်သတင်းစာ (၁၃-၅-၂၀၂၂ )။
၂။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး မျှော်လင့်ချက်၊ စလင်း-စည်သူကျော်ထင်၊ မြန်မာ့အလင်းသတင်းစာ (၁၄-၁၁-၂၀၂၃)။
၃။ NCA မှသည် စဉ်ဆက်မပြတ်ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကျဉ်း ချဉ်းကပ် လေ့လာခြင်းစာတမ်း – ရန်ကျော် (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)။
၄။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း- ရဲဘော်သစ်မောင်၊ အပိုင်း(၁၊ ၂၊ ၃၊ ၄၊ ၅)။
၅။ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရေးဖြင့်ငြိမ်းချမ်းရေး (၁၉၆၃-၁၉၈၈)၊ ဒေါက်တာစိန်မြင့်။
၆။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင်စာရွက်စာတမ်းများ အမှတ်-၁၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။
၇။ ငြိမ်းချမ်းရေး သို့မဟုတ် နိုင်ငံ့အနာဂတ်ခရီးအတွက် အခြေခံလိုအပ်ချက်၊ ဇင်ဦး၊ MOI.GOV.MM။
စာရေးသူ၏ကိုယ်ရေးအကျဉ်း
- ကြည်း ၁၈၂၇၂ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မင်းနိုင်သည် OTS အပတ်စဉ် ၆၆ မှ စံပြထူးချွန်ဆု ရရှိခဲ့သည့် သင်တန်းဆင်းအရာရှိတစ်ဦးဖြစ်ပါသည်။
- ၂၀၁၀ ပြည့်နှစ်တွင် တပ်မ (၁၀၁) တပ်မမှူး၊ ၂၀၁၂ မှ ၂၀၁၇ အထိ တွဲဖက်စစ်ထောက်ချုပ်၊ ဗိုလ်ချုပ် တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။
- ၂၀၁၇ ခုနှစ် မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းထံမှ လွှဲပြောင်းဆက်ခံခဲ့ပါသည်။
- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် “ဇေယျကျော်ထင်” ဘွဲ့ကို ရရှိခဲ့ပါသည်။
- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ချီးမြှင့်သည့် “ စည်သူ” ဘွဲ့ကို ရရှိခဲ့ပါသည်။
- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၂၃ ခုနှစ်တွင် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတွင် အတွင်းရေးမှူး တာဝန် ထမ်းဆောင်လျက်ရှိပါသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ခဲ့ကြသည်။ သို့သော်အိမ်နီးချင်းနှစ်နိုင်ငံတို့၏ မိတ်ဝတ်မပျက်ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး မှာမူ နှစ်ပေါင်းထောင်ချီ ရှည်ကြာခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်သည့်အခါ မြန်မာနိုင်ငံက ကွန်မြူနစ်မဟုတ်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ပထမဆုံးအသိအမှတ်ပြုခဲ့သည်။

ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီး မော်စီတုံး (၁၉၄၉ - ၁၉၇၆)၊ ဒုတိယမျိုးဆက်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်(၁၉၇၈-၁၉၈၉)၊ တတိယမျိုးဆက်ခေါင်းဆောင်ကြီး ကျန်ဇီမင်း (၁၉၈၉-၂၀၀၄)၊ စတုတ္ထမျိုးဆက်ခေါင်းဆောင်ကြီး ဟူကျင်ထောင်း (၂၀၀၂-၂၀၁၂)နှင့် လက်ရှိ ပဉ္စမမျိုးဆက်ခေါင်းဆောင်ကြီး ရှီကျင့်ဖျင် (၂၀၁၂ - လက်ရှိ) အထိတိုင်အောင် တရုတ်ခေါင်းဆောင်အဆက်ဆက်သည် မြန်မာနိုင်ငံမှ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးမှုရှိခဲ့ကြသည်။ အပြန်အလှန်ကူးလူးယှက်နွှယ် ဆက်ဆံမှုများရှိခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်များသည်လည်း မြန်မာနိုင်ငံမှ ခေတ်အဆက်ဆက် ဝန်ကြီးချုပ်များနှင့် အထူးတလည် ရင်းနှီးခင်မင်ခဲ့ကြသည်။
အထူးသဖြင့် နှစ်နိုင်ငံလွတ်လပ်ရေးခေတ်ဦးကာလများတွင် မြန်မာနိုင်ငံမှ ဝန်ကြီးချုပ်ဦးနုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝန်ကြီးချုပ် ချူအင်လိုင်းတို့၏ ပုဂ္ဂိုလ်ရေးရင်းနှီးကျွမ်းဝင်မှုမှာ ညီရင်းအစ်ကိုပမာရှိခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ တွေ့ရှိနိုင်သည်။ ဝန်ကြီးချုပ် ဦးနုနှင့် ချူအင်လိုင်းတို့သည် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင် တရုတ်-မြန်မာချစ်ကြည်ရေးသည် အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သည်ဟု ယုံကြည်ထားသူများပီပီ တရုတ်-မြန်မာချစ်ကြည်ရေးကို အစွမ်းကုန်တည်ဆောက်ခဲ့ကြသည်။
၁၉၅၄ ခုနှစ်တွင် နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် အပြန်အလှန်ချစ်ကြည်ရေးခရီးများ သွားလာလည်ပတ်ခဲ့ကြသည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင်ပွဲတော်ကို ဝင်ရောက်ဆင်နွှဲခဲ့သည့်နည်းတူ ဝန်ကြီးချုပ်ဦးနုကလည်း ၁၉၅၇ ခုနှစ်တွင် ယူနန်ပြည်နယ်ရှိ ရှစ်ဆောင်ပဏ္ဏားဒေသ သင်္ကြန်ရေသဘင်ပွဲတော်ကို သွားရောက်ဆင်နွှဲခဲ့သည်။
ဝန်ကြီးချုပ်ဦးနုကို တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီး မာရှယ်ချင်ယီတို့က ယူနန်ပြည်နယ်မှ ခရီးဦးကြိုဆိုခဲ့ကြသည်။ ထိုအချိန်တွင် ဝန်ကြီးချုပ်ချူအင်လိုင်းမှာ ကျန်းမာရေးအားနည်းကာ နေထိုင်မကောင်းဖြစ်ပြီး၍ နာလန်ထူခါစရှိသေးသည်။ ဝန်ကြီးချုပ်ဦးနု၏ ခရီးဦးကြိုဆိုမှုကို ယူနန်ဒေသအာဏာပိုင်တို့နှင့်သာ လွှဲထား၍ရနိုင်သော်လည်း ဝန်ကြီးချုပ်ချူအင်လိုင်းမှာ သူမြန်မာပြည်လာစဉ်အခါတိုင်း ဦးနုက အမြဲလိုက်ပါ၍ ဧည့်ဝတ်ကျေပွန်မှုကို အတုံ့အလှည့်အားဖြင့် အပြန်အလှန်ဧည့်ဝတ်ကျေပွန်ချင်လှသောကြောင့် ကိုယ်တိုင်ခရီးဦးကြိုလိုက်ပါခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဦးနုကလည်း ဝန်ကြီးချုပ် ချူအင်လိုင်း၏ ဧည့်ဝတ်ကျေပွန်မှုကို အသိအမှတ်ပြုခဲ့သည်။ ဦးနုက ဝန်ကြီးချုပ်ချူအင်လိုင်းသည် တစ်ဖက်သားအပေါ် မထီမဲ့မြင်မလုပ်ခြင်း၊ သည်းခံခြင်း၊ ဧည့်သည်များအပေါ် အသေးအဖွဲ့မှအစ မလစ်ဟင်းရအောင် အထူးဂရုတစိုက် ဧည့်ဝတ်ကျေပွန်ခြင်းရှိသူ၊ အတုယူစရာကောင်းသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ် ပြုလေးစားသမှုရှိခဲ့သည်။
၁၉၇၀ ကျော်လွန်နှစ်များတွင် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများမှခေါင်းဆောင်အချို့သည် တရုတ်ပြည်ကြီးနှင့် ရွှေလမ်းငွေလမ်းဖောက်ချင်လာကြသဖြင့် တရုတ်ခေါင်းဆောင်ကြီးများ၏ ဝါသနာနှင့် ဓလေ့စရိုက်ကို လေ့လာခဲ့ကြသည်။ တရုတ်ခေါင်းဆောင်များမှာ ပင်ပေါင်အားကစားနည်းကို အထူးဝါသနာပါကြသည်ကိုသိရ၍ အမေရိကန်က ကနဦးပင်ပေါင်အားကစားအဖွဲ့ကို ပေကျင်းသို့စေလွှတ်ပြီး စတင်လမ်းဖောက်ရာမှ အမေရိကန် သမ္မတနစ်ဆင်နှင့် တရုတ်ခေါင်းဆောင်ကြီး မော်စီတုံးတို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြသည်။ ထိုသို့ ၁၉၇၀ ကျော်လွန်နှစ်များတွင် တရုတ်နှင့် အမေရိကန်တို့ ရွှေလမ်းငွေလမ်း သံတမန်စခန်းဖွင့်လှစ်နိုင်ခဲ့မှု အပေါ် ထိုစဉ်က ကမ္ဘာ့နိုင်ငံရေးလောကတွင် “ပင်ပေါင် ဒီပလိုမေစီ”၊ “ပါဆင်နယ် ဒီပလိုမေစီ” ဟူ၍ တင်စားခဲ့ကြသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏ “ပါဆင်နယ်ဒီပလိုမေစီ”ကမူ “ဆွေမျိုးပေါက်ဖော်” အဆင့်ခရီးပေါက်ခဲ့ပြီဖြစ်၍ မြန်မာနှင့်တရုတ်တို့သည် နှစ်နိုင်ငံသမိုင်းတွင် သမိုင်းဝင်၊ သမိုင်းတွင်စေမည့် တရုတ်-မြန်မာနယ်ခြားသတ်မှတ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ခြားသတ်မှတ်ရေး သဘောတူစာချုပ်ကို ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလတွင် ပေကျင်းမြို့၌ ဝန်ကြီးချုပ်ချူအင်လိုင်းနှင့် အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းတို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ သံတမန်ရေးရာကိစ္စများတွင်လည်း နှစ်နိုင်ငံစလုံးက တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖေးမကူညီခဲ့ကြသည်။ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါ မြို့၌ကျင်းပခဲ့သည့် ကိုလံဘိုငါးနိုင်ငံညီလာခံတွင် အာဖရိကနှင့် အာရှနိုင်ငံများညီလာခံတစ်ရပ်ကို ၁၉၅၅ ခုနှစ် ဧပြီလ၌ကျင်းပရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မဖိတ်ဘဲထားရန် အဆိုတင်သွင်းခဲ့သည်။
ဝန်ကြီးချုပ်ဦးနုက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မဖိတ်ဘဲထားခဲ့ပါက အာဖရိကနှင့် အာရှနိုင်ငံများ ညီလာခံကို တာဝန်ယူဖိတ်ခေါ်မည့် ကိုလံဘို(ငါး)နိုင်ငံအဖွဲ့မှ မြန်မာနိုင်ငံထွက်မည်ဟု တိတိလင်းလင်းကန့်ကွက်ပြောဆိုခဲ့သဖြင့် အဆိုပါအဖွဲ့ဝင်နိုင်ငံမှ ဝန်ကြီးချုပ်က သူ့အဆိုကို ပြန်လည်ရုပ်သိမ်းသွားခဲ့ရသည်။
ထို့အတူ မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခြေခံကျသည့်မူဝါဒအဖြစ် အစဉ်တစိုက်ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိသည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၇၁ ခုနှစ်က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက်လည်း အပြည့်အဝထောက်ခံပေးခဲ့သည်။ အလားတူတရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက်ရပ်တည် ထောက်ခံပေးခဲ့ပါသည်။
နှစ်နိုင်ငံခေါင်းဆောင်အဆက်ဆက်တို့ အမြော်အမြင်ကြီးမားစွာ ပြုစုပျိုးထောင်ခဲ့သော မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအထိ တိုးမြှင့်လာနိုင်ခဲ့သည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကလည်း ကဏ္ဍစုံပိုမိုတိုးတက်များပြားလာသည်။ အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နှစ်နိုင်ငံ ခေါင်းဆောင်အဆက်ဆက်တို့ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ကူးလူးယှက်နွှယ် ဆက်သွယ်ခဲ့ကြသည့်နည်းတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။
ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ၂၀၂၅ ခုနှစ် မေလ က ရုရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်စဉ်အတွင်းတွေ့ဆုံ၍ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအပါအဝင် အရေးကြီးသည့် သဘောတူညီချက်များ ရရှိသည်အထိ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲထိပ်သီးအစည်းအဝေး(GMS)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီး အစည်းအဝေး(ACMECS)နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး(CLMV)တို့ တက်ရောက်စဉ်အတွင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်းနှင့်တွေ့ဆုံ၍ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများအပြင် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နှစ်နိုင်ငံနိုင်ငံတော်အကြီးအကဲများသည် ၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကျရောက်သည့် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ထံပေးပို့သော သဝဏ်လွှာတွင် “အခွင့်အခါ ကြုံခိုက်မကြာသေးမီက မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး လူသားချင်းစာနာထောက်ထားသည့်အကူအညီများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခဲ့ခြင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့်ပြည်သူများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ ယင်းသို့ ကူညီရိုင်းပင်းမှုများက ဘေးဒုက္ခကြုံတွေ့ရချိန်တွင် မိမိတို့နှစ်နိုင်ငံအကြားရှိထူးကဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စာနာနားလည်မှုတို့ကို ပြသလျက်ရှိခြင်းပင်ဖြစ်ပါသည်။
ယခုကဲ့သို့ မင်္ဂလာရှိသည့်အခါသမယတွင် ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံ ပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။
မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်” စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံပေးပို့သော သဝဏ်လွှာတွင် “တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံ ရေးထူထောင်မှု (၇၅)နှစ်မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ထောင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကျိုးစီးပွားများကို အတူတကွဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်းကို ပြောကြားလိုပါသည်” စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်လီချန်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ် မြောက်အထိမ်းအမှတ် အခါသမယတွင် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။
“ကျွန်ုပ်က မြစ်ဖျားမှာနေပြီး အဆွေတော်က မြစ်အောက်ပိုင်းမှာနေတယ်။
တစ်မြစ်ထဲကရေကို အတူသောက်သုံး၊
အပြန်အလှန်သံယောဇဉ်အနန္တ။
ကျွန်ုပ်ချောင်းဖျားကရေကို သောက်သုံးသလို၊
အဆွေတော်က ချောင်းအောက်ပိုင်းကရေကို သောက်ပါတယ်။
ချောင်းငယ် ထာဝရစီးဆင်းနေသမျှ၊
အချင်းချင်းသာယာလှပခြင်းကို
ရှုစားခံစားနိုင်တယ်။
အချင်းချင်းအိမ်နီးချင်းပေမို့၊
ချစ်ကြည်ရင်းနှီးမှုကို
ရေရှည်တည်ဆောက်ကြမယ်လေ”
၁၄ - ၁၂ - ၁၉၅၇ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီး မာရှယ်ချင်ယီရေးဖွဲ့ခဲ့သော “မြန်မာမိတ်ဆွေများသို့”ဟူသည့် သမိုင်းဝင်ချစ်ကြည်ရေးကဗျာတေးသွားသည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် ပြန်လည်သက်ဝင်နိုးထလာခဲ့ပါသည်။
ခေတ်အဆက်ဆက် လက်ချင်းယှက်၍ ရင်းနှီး ချစ်ကြည်ခဲ့ကြသော မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲ စေသားဟူ၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ။
MOI

နိုင်ငံတစ်နိုင်ငံသည် နိုင်ငံတကာဝန်းကျင်အသိုင်း အဝိုင်းနှင့်မလွဲမသွေဆက်ဆံရမည်သာဖြစ်သည်။ ယင်းသို့ဆက်ဆံမှုပြုရာတွင် မိမိအကျိုး၊ သူတစ်ပါး အကျိုးမျှတမှုရှိသည်နှင့်အမျှ နိုင်ငံအချင်းချင်းဆက်ဆံမှုသည် အလွန်ပင်ကောင်းမွန်နေမည်ဖြစ်သည်။ ကောင်းမွန် သည်နှင့်အမျှ လူ့အဖွဲ့အစည်းသည်တိုးတက်နေမည်၊ စည်ပင်ဝပြောနေမည်၊ ငြိမ်းချမ်းသာယာနေပေလိမ့် မည်။ နိုင်ငံအချင်းချင်းဆက်ဆံရာတွင် မာန်မာနနှင့် အသာစီးရလိုမှုကိုလျှော့ချ၍ ညီညွတ်မျှတသည့် လူမှုစီးပွားဝန်းကျင်နှင့် ကြီးပွားဖွံ့ဖြိုးတိုးတက်သည့် ချမ်းသာသုခကိုတန်းတူညီမျှ ငြိမ်းအေးစွာအတူမျှဝေ ခံစားနိုင်မည့် ရာစုသစ် နိုင်ငံတကာဆက်ဆံမှုပုံစံသစ် ကိ
နိုင်ငံတစ်နိုင်ငံသည် နိုင်ငံတကာဝန်းကျင်အသိုင်း အဝိုင်းနှင့်မလွဲမသွေဆက်ဆံရမည်သာဖြစ်သည်။ ယင်းသို့ဆက်ဆံမှုပြုရာတွင် မိမိအကျိုး၊ သူတစ်ပါး အကျိုးမျှတမှုရှိသည်နှင့်အမျှ နိုင်ငံအချင်းချင်းဆက်ဆံမှုသည် အလွန်ပင်ကောင်းမွန်နေမည်ဖြစ်သည်။ ကောင်းမွန် သည်နှင့်အမျှ လူ့အဖွဲ့အစည်းသည်တိုးတက်နေမည်၊ စည်ပင်ဝပြောနေမည်၊ ငြိမ်းချမ်းသာယာနေပေလိမ့် မည်။ နိုင်ငံအချင်းချင်းဆက်ဆံရာတွင် မာန်မာနနှင့် အသာစီးရလိုမှုကိုလျှော့ချ၍ ညီညွတ်မျှတသည့် လူမှုစီးပွားဝန်းကျင်နှင့် ကြီးပွားဖွံ့ဖြိုးတိုးတက်သည့် ချမ်းသာသုခကိုတန်းတူညီမျှ ငြိမ်းအေးစွာအတူမျှဝေ ခံစားနိုင်မည့် ရာစုသစ် နိုင်ငံတကာဆက်ဆံမှုပုံစံသစ် ကိုပုံဖော်ကြရမည်ဖြစ်သည်။ ရိုးသားမှု၊ ပွင့်လင်းမှု၊ စိတ်ကောင်းစေတနာကောင်းရှိမှုတို့သည် အပြန်အလှန် အကျိုးပြုစောင့်ရှောက်၍ ခိုင်မြဲသောဆက်ဆံရေးဖြစ် လာပေလိမ့်မည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံ ရေးမှာ ထာဝရခိုင်မြဲသောဆက်ဆံရေးဖြစ်သည်။
မြန်မာနှင့်တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး သည် ၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် (၇၅)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ အိမ်နီးချင်းဆွေမျိုးပေါက်ဖော် ဆက်ဆံရေးခိုင်မြဲလျက်ရှိသည်မှာ စိန်ရတုအချိန်ကာလသို့ ရောက်ရှိပြီဖြစ်သည်။ မိမိတို့နှစ်နိုင်ငံသည်အိမ်နီးချင်း ကောင်းများအဖြစ် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သော သမိုင်းကောင်းများကသက်သေထူလျက်ရှိသည်။ တရုတ်နိုင်ငံ၏ရှေးဟောင်း ရာဇဝင်သမိုင်းစဉ်ကိုလေ့လာကြည့်သည့်အခါ တရုတ်နိုင်ငံ၏ယဉ်ကျေးမှုသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဖြစ်သည်။ ရှေးဟောင်းဒဏ္ဍာရီတွင် စစ်သေနာပတိ သုံးဦးနှင့် ဧကရာဇ်မင်းငါးပါးတို့သည် တရုတ်ပြည်၏ ပထမဆုံးအုပ်ချုပ်သူများဖြစ်ကြသည်။ ၎င်းတို့ကို တရုတ်ပြည်သူများ၏ ဘိုးဘေးများအဖြစ်သတ်မှတ်ထားခဲ့သည်။
မြန်မာတို့သည် မြန်မာအစတကောင်းကဟု မှတ်တမ်းပြုထားသည်။ ထိုမှတစ်ဆင့်ပျူခေတ်၊ ပုဂံခေတ် စသည်ဖြင့်ခေတ်ကာလများပြောင်းလဲလာခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမမြန်မာနိုင်ငံဟုမော်ကွန်းထိုး နိုင်လောက်အောင် စည်းလုံးညီညွတ်ခဲ့သည့်ကာလသည် ပုဂံခေတ်ကာလဖြစ်သည်။ ပုဂံခေတ်၏ဗိသုကာ လက်ရာများ၊ ဘုရား၊ ပုထိုး၊ စေတီကျောင်းကန်များကိုလေ့လာကြည့်လျှင် ထိုခေတ်က မြန်မာတို့၏ ယဉ်ကျေးမှုအဆင့်အတန်းသည် နိမ့်ကျခြင်းမရှိကြောင်း သိရှိနိုင်သည်။ အနော်ရထာဘုရင်နှင့် စစ်သူကြီး လေးဦးဖြစ်သည့် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ် နှင့်ညောင်ဦးဖီးတို့အကြောင်းသည်စံပြုထိုက်သူများ ဖြစ်ကြသည်။
ပုဂံခေတ်မတိုင်မီ ပျူခေတ်သည်လည်း ဖွံ့ဖြိုး တိုးတက်ပြီး စစ်ရေးစစ်ရာတွင်ရဲရင့်ကျွမ်းကျင်သော သူရဲကောင်းရှိခဲ့မည်သာဖြစ်သည်။ မှတ်တမ်းတင်မှု နည်းပါးသည့်အတွက် ခိုင်ခိုင်မာမာမပြောနိုင်သော်လည်း ပြန်လည်တူးဖော်တွေ့ရှိထားသော အထောက်အထားများက သက်သေပြလျက်ရှိသည်။ ထို့ပြင် ပျူခေတ်တွင် မြန်မာတို့၏ယဉ်ကျေးမှုအနုသုခုမပညာ အဆင့်အတန်းသည် မြင့်မားနေပြီဖြစ်ပြီး ပြည်ပနိုင်ငံများသို့ပင်ချစ်ကြည်ရေးခရီးသွားလာနေပြီဖြစ်သည်။ ထိုအချက်အလက်အကြောင်းအရာများကို တရုတ်နိုင်ငံ၏မှတ်တမ်းများတွင်တွေ့မြင်ရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး မစ္စတာရှီကျင့်ဖျင်ကိုယ်တိုင်ရေးသားခဲ့သည့် နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များဆောင်းပါး တွင် “အေဒီ ၄ ရာစုတုန်းက ကျွန်တော်တို့၏ဘိုးဘွားများသည် စီချွမ်-ယူနန်-မြန်မာ-အိန္ဒိယကိုဖြတ်သန်းသည့် ရွှေလမ်းငွေလမ်းကိုဖောက်လုပ်ခဲ့ပြီး ကုန်သွယ်မှုပြုလုပ်ခဲ့ကြသည်။ တရုတ်ထန်မင်းဆက်ခေတ်က မြန်မာပျူခေတ်မင်းသားဦးဆောင်သည့် အနုပညာရှင်များအဖွဲ့သည် မိုင်ထောင်ချီခရီးနှင်၍ ချန်အန်းမြို့သို့ လာရောက်ခဲ့ရာ တရုတ်နာမည်ကြီးကဗျာဆရာ ပိုင်ဂျီးယိကကျော်ကြားလှသည့် ပျူခေတ်တေးသံကဗျာကို ရေးစပ်သီကုံးခဲ့ပါသည်” ဟု ဖော်ပြထားသည်။ ဤဆောင်းပါးမှာ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်အထိမ်းအမှတ်အတွက် ရေးသားသည့် ဆောင်းပါးဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ခြင်းကို ဆောလျင်စွာ အသိအမှတ်ပြုထားသည့်နိုင်ငံဖြစ်သည်။ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်နိုင်ခဲ့သည်။ ခေတ်သစ်ကာလတွင် သံတမန်ထူထောင်ခြင်းမှာ စိန်ရတုသို့တိုင်ခဲ့ပြီဖြစ်သော်လည်း ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ချစ်ခင်ရင်းနှီးသည့်ဆက်ဆံရေးကောင်းများကိုထူထောင် ထားရှိသည့်နိုင်ငံများဖြစ်သည်။ ဘာသာရေးယုံကြည် ကိုးကွယ်မှုတွင်လည်း မြန်မာနှင့်တရုတ်နှစ်နိုင်ငံသည် ဗုဒ္ဓဘာသာကို အထူးပင်သက်ဝင်ယုံကြည်ကိုးကွယ် ကြသည်။ တရုတ်နိုင်ငံ၏နေရာအနှံ့အပြားတွင် ဘုရား စေတီများ၊ ကျောင်းကန်များတည်ရှိနေခြင်း၊ မြတ်ဗုဒ္ဓ၏စွယ်တော်အစစ်တည်ရှိနေခြင်းတို့ကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်မှုအရှိန်အဟုန် မြင့်မားကြောင်းသိရှိနိုင်သည်။
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှာ ရေမြေချင်း ရှည်လျားစွာဆက်စပ်လျက်ရှိသည်။ ဘာသာရေး အရ၊ လူမျိုးရေးအရ ပဋိပက္ခဖြစ်ပွားခြင်းမျိုးမရှိဘဲ အေးအတူပူအမျှ နေထိုင်လျက်ရှိသည်။ အိမ်နီးချင်း ဆိုသည်မှာ မိတ်ဆွေရင်းချာများဖြစ်သည်။ တစ်နည်း ဆိုရလျှင် မိတ်ကောင်းဆွေကောင်းများဖြစ်သည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမှာ အနာဂတ်အတွက်မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားနေသည့် အသွင်သဏ္ဌာန်ဖြစ်သည်။ မိတ်ကောင်းဆွေကောင်း ဆိုသည်မှာ မိမိကိုအင်မတန်ပေးနိုင်ခဲသည့်အရာကိုပေးတတ်သည်။ အင်မတန်ပြုနိုင်ခဲသည့်အမှုမျိုး၊ အကူအညီမျိုးကိုလုပ်ဆောင်ပေးတတ်သည်။
ဘေးရန်အန္တရာယ်များနှင့်ကြုံရသည့်အခါ မိမိကို စွန့်ပစ်ကျောခိုင်းမသွားဘဲ အတူတူကူညီဖြေရှင်းပေးသည်။
မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပတ်သက်လာလျှင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားရှိသည်။ တရုတ်နိုင်ငံပြိုကွဲရေးလုပ်ဆောင် မည့်ရန်စွယ်အန္တရာယ်မှန်သမျှကိုလည်းအားပေးမည် မဟုတ်ပါ။ ထို့အတူ တရုတ်နိုင်ငံသည်လည်း မြန်မာ နိုင်ငံနှင့်ပတ်သက်လာလျှင် နိုင်ငံတကာမျက်နှာစာ၌ တိကျပြတ်သားစွာ မြန်မာနိုင်ငံဘက်ကရပ်တည်ပေးလျက်ရှိသည်။ အိမ်နီးချင်းဆိုသည်မှာ ရွေးချယ်၍ရသည့် အရာမဟုတ်သည့်အတွက် နှစ်နိုင်ငံအိမ်နီးချင်းကောင်း ဖြစ်နေစေရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမားမှုသည် အဓိကဖြစ်သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်ကြီးများ အဆက်ဆက်သည် နှစ်နိုင်ငံချစ်ကြည်ရေးကိုသာ ခိုင်မာစွာတည်ဆောက်ပေးခဲ့ကြသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူသည် လွန်စွာသမာသမတ်ရှိပြီး ကောင်းမွန်သည့်မူဝါဒဖြစ်သည်။ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကိုတစ်နိုင်ငံကလေးစားခြင်းမှာမြင့်မားသောဂုဏ်သိက္ခာဖြစ်သည်။
ထိုသို့မှန်ကန်ကောင်းမွန်သည့် မူကြီးငါးရပ်ကိုယနေ့တိုင်ခိုင်မြဲစွာကျင့်သုံးလျက်ရှိသည့်အတွက်မြန်မာ-တရုတ်ဆက်ဆံရေးသည် နှစ်ပေါင်းထောင်သောင်းမကတည်တံ့ခိုင်မြဲနေမည်သာဖြစ်သည်။ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်က “နာကြည်းမှုတွေကို မေ့ပစ်ပါ။ ကြင်နာမှုတွေကိုမမေ့ပါနှင့်” ဟုဆိုထားသည်။ တရုတ်စကားပုံတစ်ခုတွင် “ဖြည်းဖြည်းနင်းသောသူသည် ခရီးကို ပိုမို၍သွားနိုင်လေသည်” ဟု ဖော်ပြထားသည်။ ဤအဆိုအမိန့်နှင့် စကားပုံတို့မှာ နှစ်နိုင်ငံချစ်ကြည်မှုခိုင်မြဲစေရေးအတွက် အလေးထားရမည့်အရာများဖြစ်သည်။ ဖြူစင်သောစိတ်ထားကိုအခြေခံ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ကြရမည်ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်နှင့်ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအကူအညီ၏အဓိကအရင်းအမြစ်ဖြစ်သည်။ မြန်မာနိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အရေးကြီးသည့်အခန်းကဏ္ဍမှပံ့ပိုးပေးလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြားရှိ ထူးကဲသည့်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှာလည်း နှစ်နိုင်ငံပြည်သူများအကြား ကဏ္ဍစုံကူးလူးဆက်ဆံမှုများဖြင့် ဆက်လက်တိုးပွားလျက်ရှိသည်။ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏အန္တိမရည်မှန်းချက်သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။၂၀၂၅ ခုနှစ် နှစ်ကုန်တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက်လိုအပ်သည့်အရာမှန်သမျှကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့်ကိစ္စနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးကလည်း အပြည့်အဝထောက်ခံထားပြီး လိုအပ်သည့်အကူအညီပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့သည်၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်တွင်ကျရောက်သည့်မြန်မာ-တရုတ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅)နှစ် မြောက်အထိမ်းအမှတ်အခါသမယတွင် သဝဏ်လွှာများအပြန်အလှန်ပေးပို့ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတထံပေးပို့သည့်သဝဏ်လွှာတွင်“ယခုကဲ့သို့မင်္ဂလာရှိသည့်အခါသမယတွင်ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရရှိစေရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့်ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကိုဖော်ထုတ်နိုင်ရေးအတွက်အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်ပါသည်”ဟူ၍ ဖော်ပြထားသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုတိုးတက်များပြားလျက်ရှိသည်။ အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိတရုတ်-မြန်မာစီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းများကို နှစ်နိုင်ငံနှင့်ပြည်သူအကျိုးအတွက် အကောင်အထည်ဖော်လျက်ရှိသည်။
မြန်မာနိုင်ငံတော်အကြီးအကဲအနေဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ကူမင်းမြို့၌ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်းထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ပြည်သူ့ကျန်းမာရေးအစရှိသည့်အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည့်အခွင့်အလမ်းကောင်းများရရှိခဲ့သည်။ ထိပ်သီးအစည်းအဝေးကာလအတွင်း ဒေသနှင့်ကမ္ဘာတစ်ဝန်းတည်ငြိမ်ရေးနှင့်လုံခြုံရေးကိုခြိမ်းခြောက်လျက်ရှိသည့်အွန်လိုင်းလိမ်လည်မှုများအား အတူတကွပူးပေါင်းတိုက်ဖျက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေးအတွက်ကတိကဝတ်ပြုခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံပေးပို့သည့်သဝဏ်လွှာတွင် “ပြီးခဲ့သည့်မေလကအဆွေတော်နှင့်ရုရှားနိုင်ငံ၌တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အေးအတူပူအမျှအသိုက်အဝန်း မြှင့်တင်ထူထောင်ခြင်းနှင့်ပတ်သက်၍ အရေးကြီးသည့်သဘောတူညီချက်များရရှိခဲ့ပါသည်။ တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်လျက်ရှိပါသည်။
နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု(၇၅)နှစ်မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းတည်ထောင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကျိုးစီးပွားများကို အတူတကွဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်းကို ပြောကြားလိုပါသည်”ဟူ၍ ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့်၂၀၂၅ ခုနှစ် မေလအတွင်း ရုရှားနိုင်ငံ မော်စကိုမြို့တွင်ကျင်းပခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်ခဲ့စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ စစ်မှန်သည့်မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုအရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင်ပူးပေါင်းဆောင်ရွက်ရေးများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်ခဲ့သည်။
ယခုတွင်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသမိုင်းတွင်အဓိပ္ပာယ်ပြည့်ဝပြီး ဂုဏ်ယူစရာကောင်းသည့် အခါသမယဖြစ်သကဲ့သို့သမိုင်းတစ်လျှောက် ကာလကြာမြင့်စွာတည်တံ့ခိုင်မြဲခဲ့သည့်ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားယုံကြည်မှု၊ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်အတွက် တူညီသည့် သန္နိဋ္ဌာန်ရှိနေကြသည်ကိုလည်း ဖော်ညွှန်းပြသသည့်အခမ်းအနားဖြစ်သည်။
ထို့နောက် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ညစာစားပွဲအခမ်းအနားကို ဇွန်လ ၈ ရက် ည ၆ နာရီတွင်နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည်။
မြန်မာနိုင်ငံဘက်မှတာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးမစ္စမာကျားနှင့် ရန်ကုန်မြို့အခြေစိုက်နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။
မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ၁၉၅၀ ပြည့်နှစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင် ထူထောင်ခဲ့ချိန်မှစ၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ ချစ်ကြည်ရင်းနှီးသည့်အိမ်နီးချင်းနိုင်ငံများအဖြစ်အတူယှဉ်တွဲနေထိုင်လျက်ရှိသည်မှာယနေ့တိုင်ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေးမှာ တဖြည်းဖြည်းပိုမိုနက်ရှိုင်းလာခဲ့ပြီး ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှသည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး အဆင့်ကို မြှင့်တင်ခဲ့ကြသည်။ နှစ်နိုင်ငံအတွက် အဓိကအရေးပါသည့်အကျိုးစီးပွားနှင့် ဘုံအရေးပါသည့်ကိစ္စရပ်များတွင် နှစ်ဖက်အကြား အပြန်အလှန်ခိုင်မာစွာထောက်ခံရပ်တည်ပေးလျက်ရှိခြင်းတို့သည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး၏ကောင်းမွန်သည့်သာဓကအဖြစ်တည်ရှိနေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ-တရုတ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် ချိန်အခါသည်ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်အခါသမယဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၊ ပြည်သူများ၏ဖြူစင်သောနှလုံးသား ကြည်လင်သောအပြုံးများဖြင့် ကမ္ဘာဆုံးတိုင်ခိုင်မြဲနေမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

ရတနာတို့တွင် ရတနာမြတ်သုံးပါးမှလွဲ၍ တန်ဖိုးအရှိဆုံး လောကီရတနာများတွင် စိန်သည်လည်း တစ်ခုပါဝင်သည်။ စိန်နှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် “အမာဆုံးအဖိုးတန်ကျောက်မျက်၊ ကိစ္စတစ်စုံတစ်ရာ ဆောင်ရွက်ရာတွင် သဘောတူညီချက်ကို အခိုင်အမာပြသော စကား” ဟူ၍ဖော်ပြထားသည်။ လူတိုင်းသည် စိန်ကဲ့သို့သော အဖိုးတန်ကျောက်မျက် ကိုမြတ်နိုးကြသည်။ ထို့အတူအသက်ရှည်စွာ နေလိုကြသည်။

၇၅ နှစ်ဆိုသောသက်တမ်းသည် အသက်ရှည်သည်ဟု ဆိုနိုင်သည်။ ဆိုလိုချင်သည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုသည် နှစ်ရှည်ကြာစွာ ၇၅ နှစ်စိန်ရတုသို့ရောက်ရှိနေခြင်းမှာ တန်ဖိုးရှိသောခိုင်မြဲခြင်းကို ပြဆိုခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံသံတမန် ဆက်သွယ်မှုစတင်ခဲ့သည်မှာ ၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်တွင် စိန်ရတုအချိန်ကာလသို့ ချစ်ကြည်ရင်းနှီးစွာ ရောက်ရှိလာပြီဖြစ်သည်။
နှစ်တွေအလီလီ ပြောင်းလဲသွားသော်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုမှာ ပြောင်းလဲသွားခြင်းမရှိပေ။ ရှေးအစဉ်အဆက်လူကြီးများ လက်ထက်ကချမှတ်ထားခဲ့သော မူဝါဒများကို ယနေ့ခေတ် လူကြီးများ အဆက်ဆက်ကမဖောက်ဖျက်ဘဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးပွားအောင်သာ ဆောင်ရွက်လျက်ရှိသည်။ ယနေ့ခေတ်ကာလ၏မြန်မာ-တရုတ်နှစ် နိုင်ငံသံတမန် ဆက်ဆံရေးမှာ ၁၉၅၀ ပြည့်နှစ်မှစတင်ခဲ့သည်ဟု သတ်မှတ် ထားသော်လည်း မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ကတည်းကရှိခဲ့သည့် ခိုင်မြဲသောဆက်ဆံရေးဖြစ်သည်။ အိမ်နီးချင်းဆိုသည်မှာ အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြရမည့်သူများဖြစ်သည်။ တစ်ဦးမှာ အခက်အခဲရှိလျှင် တစ်ဦးကကူညီပေးခြင်းမျိုးဖြင့် မိတ်ဆွေကောင်း ဆက်ဆံရေးမျိုး ရှိနေကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ တူညီသော ယဉ်ကျေးမှုမှာ ဗုဒ္ဓဘာသာမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကိုယ်ချင်းစာစိတ်ဖြင့် တစ်ဦးအပေါ်တစ်ဦး၊ တစ်နိုင်ငံအပေါ်တစ်နိုင်ငံက ဖေးမကူညီခြင်းသည် ဖြူစင်သော စိတ်ထားဖြစ်သည်။ ကံကံ၏အကျိုးကို ယုံကြည်ကြပြီး မကောင်းမှုကိုရှောင်ရှားကြသည်။ ကောင်းမှုကို ဆောင်ရွက်ကြသည်။ တရုတ်နိုင်ငံသို့ ဗုဒ္ဓဘာသာရောက်ရှိလာသည်မှာ ဟန်မင်းဆက်ခေတ်ကာလဖြစ်သည်။ ဟန်ဧကရာဇ်မင်းဆက်သည် ဘီစီ ၂၀၆ မှ အေဒီ ၂၂၀ အထိရှည်လျားခဲ့သည်။ ဟန်မင်းဆက်လက်ထက် ဗုဒ္ဓသာသနာသည် အိန္ဒိယနိုင်ငံမှတရုတ်နိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည်။
ဟန်မင်းဆက်၏ဧကရာဇ်မင်းတိသည် ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းရိုသေသည်။ ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာရဟန်းတော်များကို ရှာဖွေရန် အိန္ဒိယနိုင်ငံသို့ သံတမန်တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ အိန္ဒိယနိုင်ငံ သို့မရောက်မီ တရုတ်သံတမန်များသည် ဧကရာဇ်နှင့် တွေ့ဆုံရန်ဖိတ်ကြားခဲ့သော ထင်ရှားသည့် အိန္ဒိယဗုဒ္ဓသာသနာပြု အဖွဲ့နှစ်ဖွဲ့နှင့်တွေ့ဆုံခဲ့သည်။
ဗုဒ္ဓဘာသာသည် သာမန်ပြည်သူများအတွင်း ပျံ့နှံ့နေချိန်တွင် ရဟန်းတော်နှစ်ပါးက ကျမ်းဂန်များကို တရုတ်ဘာသာသို့ပြန်ဆို သယ်ဆောင်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့် တရုတ်ပြည်သူများ ထိတွေ့ဆက်နွှယ်မှုကြောင့် ဘုရား၊ တန်ဆောင်း၊ ကျောင်း၊ ဗိသုကာအတတ်ပညာများနှင့် ဘုရားကျောင်းများသည် တစ်နိုင်ငံလုံးအနှံ့အပြားတွင် ပေါ်ပေါက်ခဲ့သည်။
ကိုးကွယ်ခြင်း၏သင်္ကေတအဖြစ် ဗုဒ္ဓလိုဏ်ဂူများကို တရုတ်နိုင်ငံ မြောက်ပိုင်းတွင် စတင်ခဲ့သည်။ ယန့်ကျင်းနှင့် လုံမန်ရှိ ဂူတွင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းရုပ်တုများမှာ ခရီးသွားဧည့်သည်များကို အံ့ဩဖွယ် ကောင်းလောက်အောင် ဆွဲဆောင်စည်းရုံးလျက်ရှိသည်။ လုံမန်ဆိုသည်မှာ တရုတ်ဘာသာစကားဖြင့် “နဂါးပြည်၏ အဝင်ဂိတ်” ဟုဆိုလိုသည်။ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် လျိုယန်းမြို့တောင်ဘက်တွင် ရီမြစ်ကမ်းနဖူးနှင့်အပြိုင် ကျောက်တောင်နံရံများကို ထွင်းထုထားသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းရုပ်တုများ တည်ရှိသည်။
ဤနေရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဘာသာရေးဆက်နွှယ်မှု အကြောင်းကို ဖော်ပြလိုသည်။ တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည်မြန်မာနိုင်ငံသို့ ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှ ၁၉၅၆ ခုနှစ် ဇွန်လ ၈ ရက်အထိ ပထမအကြိမ်၊ ၁၉၉၄ ခုနှစ် ဧပြီလ၂၀ ရက်မှဇွန်လ ၈ ရက်အထိ ဒုတိယအကြိမ်၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ ၁၉၉၇ ခုနှစ် မတ်လ ၅ ရက်အထိ တတိယအကြိမ်၊ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှ ဒီဇင်ဘာလ ၂၄ ရက် အထိ စတုတ္ထအကြိမ်အဖြစ် စုစုပေါင်းလေးကြိမ်တိုင်တိုင် ကြွရောက်တော်မူခဲ့သည်။ နှစ်နိုင်ငံ၏ ထူးခြားသော ဘာသာရေးဆက်နွှယ်မှုဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဘုရားရှင်စွယ်တော်မြတ်လေးဆူသည် တာဝတိံသာနတ်ပြည်၌တစ်ဆူ၊နဂါးပြည်၌တစ်ဆူ၊ ဂန္ဓာရတိုင်း၌တစ်ဆူ၊ ကလိင်္ဂတိုင်း ဒန္တပူရပြည်နယ်၌တစ်ဆူ တည်နေကိန်းဝပ်လျက်ရှိသည်။ တရုတ်နိုင်ငံမှစွယ်တော်သည် အထက်လက်ဝဲစွယ်တော် အစစ်ဖြစ်သည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုတို့ဖြင့် မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်ခွင့်ရရှိခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပတ်သက်လာလျှင် မိတ်ဆွေအရင်းအချာ စိတ်ထားဖြင့် နှစ်ပေါင်းများစွာ ဆက်ဆံရှိလျက်ရှိသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ထပ်တူညီမျှသော ဆက်ဆံရေးကောင်းဖြင့် ဆက်ဆံလျက်ရှိသည်။ မြန်မာတို့၏ ရှေးအစဉ်အလာ သတ်မှတ်ထားသည့် လူမှုကျင့်ဝတ်များရှိရာတွင်မိတ်ဆွေဝတ္တရားနှင့်ပတ်သက်၍ “ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ ကျင့်လေမိတ်သဟာ” ဟူ၍ဖော်ပြထားသည်။ မြန်မာနှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးမှာလည်း အမှန် တကယ်မိတ်ဆွေကောင်း ဆက်ဆံရေးပင်ဖြစ်သည်။
တစ်နိုင်ငံနှင့်တစ်နိုင်ငံ အခက်အခဲကြုံတွေ့ပါက ကူညီတတ်ကြသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံအချင်းချင်း တန်းတူညီမျှဆက်ဆံရေးကို တန်ဖိုးထားသည်။ နိုင်ငံနှင့်ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ထားရှိကြသည်။ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့်အတူ သစ္စာခိုင်မြဲစွာ မိတ်ဝတ်မပျက်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။
ရှေးအစဉ်အဆက်က ပေးအပ်ထားသော နိုင်ငံ၏တည်နေရာ၊ ပတ်ဝန်းကျင်ဆိုသည်မှာ ပြောင်းလဲ၍မရနိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အိမ်နီးချင်းကောင်းပီသစွာ ကောင်းမွန်သော ဆက်ဆံရေးကို ရှေးရှုတည်ဆောက်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ချစ်ကြည်ရေးခရီးမှာ နှစ်ပေါင်းလွန်စွာကြာမြင့်သည့် အချိန်ကတည်းကရှိနေခဲ့သည်။ မြန်မာတို့၏ သရေခေတ္တရာပျူမြို့ပြနိုင်ငံသည် ယဉ်ကျေးမှုမြင့်မားသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဆက်သွယ်ရာ ပိုးလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ထန်ဧကရာဇ်နိုင်ငံ ချန်အန်းမြို့တော်မှ မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်၍ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှတစ်ဆင့် မဇ္စျိမဒေသသို့သွားရောက်ကြသည်။ ချန်အန်းမြို့တော်မှာ မျက်မှောက်ခေတ် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ဆီပြည်နယ် မြို့တော်ရှီအန်းဖြစ်သည်။
၈၀၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သရေခေတ္တရာ ပျူမြို့ပြနိုင်ငံမှ အိမ်ရှေ့မင်းသား သုနန္ဒခေါင်းဆောင်သော ချစ်ကြည်ရေး သံတမန်အဖွဲ့နှင့်အတူ ပျူယဉ်ကျေးမှုဂီတ အနုပညာအဖွဲ့သည် ထန်ဧကရာဇ်နိုင်ငံ ချန်အန်းမြို့သို့ သွားရောက်ခဲ့သည်။
ချန်အန်းမြို့သို့ရောက်သည့်အခါ ထန်ဧကရာဇ်ထယ်ကျုံးက လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့သည်။ ပျူဂီတအနုပညာအဖွဲ့သည် ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်တူရိယာ ၂၂ မျိုးဖြင့် ဗုဒ္ဓ၏တံဆိပ်တော် (ပျူအမည် မော့်ထော်မီ)၊ လက်ပံပန်း ချီးမွမ်းခန်း(ပျူအမည် လုန်မန်တိ)၊ ခိုဖြူ(ပျူအမည် တာတူး)၊ ကြိုးကြာဖြူ၏ခရီး(ပျူအမည် စူးမန်တီလီ)စသည်ဖြင့် တေးသီချင်း ၁၂ ပုဒ်သီဆို၍ ငြိမ့်ညောင်းသာယာစွာ တီးမှုတ်ဖျော်ဖြေတင်ဆက်သည်။
ပျူယဉ်ကျေးမှုအဖွဲ့၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဒူးကိုဖုံးလွှမ်းထားသည့် ဝါဂွမ်းနှင့် ရက်လုပ်ထားသော အနီရင့်ရောင်ချည်ပိတ်ပါးဝတ်စုံများကို ဝတ်ဆင်ကြသည်။ ပခုံးနှစ်ဖက်အပေါ်မှ ချိုင်းကြားအောက်သို့လျှိုပြီး လွှမ်းရုံထားပြီး ကျောက်မျက်များဖြင့် စီတပ်ထားသောလက်ကောက်၊ လက်ကျပ်နှင့် ခြေချင်းများကိုဝတ်ဆင်ထားသည်။
ရွှေဦးပေါင်းကိုလည်းဆောင်းထားသည်။ လက်ဝဲလက်ယာနားနှစ်ဖက်တွင်နားဆွဲများကို ဆင်ယင်ထားသည်။ ပန်းများကို သီကုံး၍ပန်ထားသည်။
ဆံထိုးဆံညှပ်နှစ်ခုပါရှိ၍ အမွေးနု(ငှက်မွေး)များဖြင့် တန်ဆာဆင်ယင်ထားသည်။ အကပညာသည်များသည်အစီအစဉ်တစ်ခုပြီးဆုံးလျှင် ဦးညွှတ်၍ကန်တော့ကြသည်။
အထက်ပါအကြောင်းအရာများမှာ ပျူနိုင်ငံတော်မှ တရုတ်နိုင်ငံသို့ လာရောက်ကြသည့်ချစ်ကြည်ရေးကိုယ် စားလှယ်အဖွဲ့များအကြောင်းကို ထန်မင်းဆက်(အေဒီ ၆၁၈ မှ ၉၀၅)၊ တရုတ်စာရေးဆရာများ၏ ရေးသားချက်များနှင့် တရုတ်ခရီးသွားများ ဖြစ်ကြသည့် ချွန်ချောင်၊ အိုင်ချင်းတို့ရေးသားခဲ့သော ဘုရားဖူးမှတ်တမ်းများတွင် ဖော်ပြထားသည့် မှတ်တမ်းများဖြစ်သည်။ အဆိုပါမှတ်တမ်း
များတွင် ယခုထက်ပိုမိုပြည့်စုံစွာ မှတ်တမ်းတင်ထားသည်။ ပျူနိုင်ငံသံတမန်အဖွဲ့တွင် ဂီတအနုပညာရှင် ၃၅ ဦးပါရှိကြောင်းနှင့် ပျူဂီတ ၂၂ မျိုးပုံများကိုရေးဆွဲကာ မှတ်တမ်းတင်ထားသည်မို့ ယနေ့တိုင်သိရှိရခြင်းဖြစ်သည်။ ယဉ်ကျေးမှုချင်း နီးစပ်လှသည့် မြန်မာ-တရုတ်ဆက်ဆံရေးမှာ ရှေးယခင်ကတည်းက ရှိနေခဲ့ကြောင်းကို ဤသို့သော သမိုင်းကြောင်း အထောက်အထားအရ သိရှိနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုအခါ တရုတ် နှစ်သစ်ကူးနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်။
ထိုသို့သတ်မှတ်ပေးခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ယခုကဲ့သို့ရှည်လျားသည့် သမိုင်းကြောင်းများနှင့် နှစ်နိုင်ငံဆက်ဆံရေး တည်ရှိမှု၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်ဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ်မှစတင်ပြီး တရုတ်နှစ်သစ်ကူးနေ့ကို နိုင်ငံတော်၏ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသကဲ့သို့ နှစ်သစ်ကူးပွဲတော်နေ့တွင်လည်း နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တက်ရောက်အားပေး ချီးမြှင့်လျက်ရှိသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံသည် နှစ်ပေါင်းထောင်ချီသည့် ဆက်ဆံရေးနှင့် ရှည်လျားသည့်နယ်နိမိတ် ထိစပ်နေခြင်းကြောင့် ခိုင်မာသည့်ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေး စသည့်ဆက်ဆံရေးမျိုးကို ထူထောင်နိုင်ခဲ့သည်။ ယခုအခါ မြန်မာ-တရုတ်သံတမန် ဆက်ဆံရေးမှာ (၇၅)နှစ်မြောက် စိန်ရတုသို့ရောက်ရှိလာပြီဖြစ်သည်။
နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ခိုင်မြဲသော ဆက်ဆံရေးဖြင့် ကောင်းမွန်သော အနာဂတ်လမ်းသို့ ရည်သန်လျှောက်လှမ်းကြလျက် ရှိသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် အတူယှဉ်တွဲနေထိုင်လျက် ရှိသောကြောင့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ အပြန်အလှန်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် သမိုင်းမှတ်တိုင်များကို အခိုင်အမာ စိုက်ထူခဲ့ကြပြီးလည်းဖြစ်သည်။
ရှေးဘုရင်များလက်ထက်ကတည်းကပင် ရွှေလမ်း၊ငွေလမ်း ဖောက်ပြီး နှစ်ပြည်ထောင်ချစ်ကြည်ရေးကို ခိုင်ခိုင်မြဲမြဲ တည်ဆောက်ခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သဖြင့် ဆွေမျိုးပေါက်ဖော်ရှိရင်းစွဲ သံယောဇဉ်တရား၊ မေတ္တာတရားများကို အဖိုးတန်အမွေကောင်းများ အဖြစ် လက်ခံကျင့်သုံးပြီး အေးချမ်းသာယာသည့် လူမှုအသိုက်အဝန်းတစ်ခုကို ထူထောင်နေကြသည်မှာ ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံး ကြည်နူးချမ်းမြေ့ဖွယ်ရာဖြစ်သည်။
ဤသို့လျှင် သမနိရှည်ကြာခဲ့ပြီဖြစ်သည့် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်း၊ သမိုင်းကောင်းအား အလေးအနက်ထားသော အားဖြင့် ဇွန်လ ၈ ရက်(ယနေ့)တွင် မြန်မာ-တရုတ်သံတမန် ဆက်ဆံရေး(၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားအား နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲမည်ဖြစ်ကြောင်း ကြားသိရသည်။ ရေကိုသား၍ အကြားမထင်သကဲ့သို့ ချစ်ကြည်ရင်းနှီးစွာကျင်းပဆင်နွှဲကြမည်ဖြစ်ရာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ စိန်ပွင့်များကဲ့သို့ ခိုင်ကျည်မာကြောကာ အနာဂတ်ကာလများသို့တိုင် ထာဝစဉ်တောက်ပ နေမည်ဖြစ်ပါကြောင်း လှိုက်လှဲဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။ ။

မြန်မာ-တရုတ် ဆက်ဆံရေး စိန်ရတုတိုင်လေပြီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ဖြစ်ပေါ်လာတာ အခုဆိုရင် ၇၅ နှစ်ကျော်လာပါပြီ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်ခဲ့တာက ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာပါ။ အဲဒီအချိန်တုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို ပထမဆုံးထူထောင်ခဲ့တဲ့နိုင်ငံက ဆိုဗီယက် ပြည်ထောင်စု (ယခုရုရှား)နိုင်ငံဖြစ်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဥက္ကဋ္ဌ မော်စီတုန်းက လူထုကို ကြေညာလိုက်ချိန်ကနေ ပြန်တွက်ရင် ၂၄ နာရီအတွင်းမှာပဲ ဆိုဗီယက်ပြည်ထောင်စုက တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ကြောင်း ကြေညာခဲ့တာပါ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆိုဗီယက်ပြည်ထောင်စုက ပထမဆုံးအသိအမှတ်ပြုသလို အာရှဒေသကနေလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုပြီး ပထမဆုံးသံတမန်ဆက်ဆံရေး ထူထောင်တဲ့နိုင်ငံတစ်နိုင်ငံ ရှိပါတယ်။ အဲဒီနိုင်ငံကတော့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံပါပဲ။ အချိန်ကာလကတော့ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်ဖြစ်ပါတယ်။ အခုဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်မှုက ၇၅ နှစ်ပြည့်ပြီး သွားသလို မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့တဲ့ အချိန်ကာလကလည်း ၇၅ နှစ်ပြည့်ပါပြီ။ တစ်နည်းဆိုရရင် နှစ်နိုင်ငံကြားဆက်ဆံရေးက စိန်ရတုတိုင်ခဲ့ပြီပေါ့။
အကယ်၍များ ကမ္ဘာစစ်တွေမဖြစ်ဘူး။ နယ်မြေသိမ်းစစ်ပွဲတွေလည်းမဖြစ်ဘူး။ တိုင်းပြည်တွေလည်း မပျက်စီးဘူးဆိုရင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးဟာ စိန်ရတုထက်ပင်ကျော်ဦးမှာပါ။
ဘာကြောင့်လဲဆိုရင် စာပေသမိုင်းမှတ်တမ်းတွေအရ ဆိုပါက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ လက်ရှိတည်ရှိနေတဲ့ တိုင်းပြည်နယ်နိမိတ်များ မရှိခင်ကတည်းက နှစ်ပြည်ထောင်ဆက်ဆံရေးကို တည်ဆောက် ခဲ့ကြလို့ပါပဲ။ သမိုင်းကြောင်းကို အစနည်းနည်းဆွဲထုတ်ပြရရင် ဗမာဆိုတဲ့ နယ်မြေစတင်ဖြစ်ပေါ်လာဖို့အတွက် တောင်ပိုင်းဒေသကို ရွှေ့ပြောင်းလာကြသူများဖြစ်တဲ့ တိဗက်တို-ဘားမန်း ဘာသာစကားပြောသူ ပျူလူမျိုးများနဲ့ တရုတ်မင်းဆက်အဆက်ဆက်တို့ကြား ဆက်ဆံရေးရှိခဲ့တာကိုတွေ့ရမှာပါ။
တရုတ်ပြည်မှ ကုန်သည်များနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းအားဖြင့် သော်လည်းကောင်း၊ သရေခေတ္တရာကို လာရောက်ကြတဲ့ တရုတ်ပြည်မှဘုရားဖူးများနဲ့ အပြန်အလှန်ဆက်ဆံမှုပြုခြင်းအားဖြင့် သော်လည်းကောင်း ပြည်ထောင်နှစ်ခုကြားမှာ ဆက်ဆံရေးစတင်ခဲ့တာပါ။ ဒီလိုမျိုးအစပျိုးခဲ့မှုကြောင့် ယနေ့ခေတ်မှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးကို သာမန်မိတ်ဆွေသူငယ်ချင်းအဆင့်ထက်ပင်ပိုတဲ့ “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးအဖြစ် ရပ်တည်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပြောချင်တာက သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အနိဋ္ဌာရုံတွေသာမဖြစ်ခဲ့ပါက မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားက နှစ်ပြည်ထောင် ဆက်ဆံရေးဟာ ထောင်စုနှစ်များစွာပင် ကျော်လွန်နေပြီလို့ဆိုရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုလိုမျိုးအထိ အိမ်နီးချင်းနှစ်နိုင်ငံကြားက ဆက်ဆံရေးတစ်ရပ်ကို ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ တော်တော်လေးတော့ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီနှစ်နိုင်ငံကြားမှာ အခြေခံကျတဲ့ စံသတ်မှတ်ချက် တစ်ခုတော့ ရှိမှာအသေအချာပါပဲ။ အဲဒီသတ်မှတ်ချက်က ဘာများဖြစ်မလဲ ဆိုတာကို ကျွန်တော်တို့ ရှာကြည့်ရအောင်။ အရင်ဆုံးပျူမြို့ပြနိုင်ငံများနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးဖြစ်ပေါ်လာတာဟာ သွားရင်းလာရင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ရင်း မျက်မှန်းတန်းမိတဲ့အဆင့်ကနေ ရင်းနှီးခင်မင်မှု အဆင့်အထိ ရောက်လာတာကို တွေ့ရမှာပါ။ ဒီလိုမျိုးရင်းနှီးခင်မင်မှုက မျိုးဆက်တစ်ဆက်တည်းမှာသာ ရပ်တန့်သွားခြင်းမျိုးမရှိဘဲ မျိုးဆက်အဆက်ဆက်အထိ ထိန်းသိမ်းလာနိုင်ခဲ့တဲ့အတွက် နှစ်ပြည်ထောင် ဆက်ဆံရေး အခြေအနေက တစ်ဦးနဲ့တစ်ဦးကြား ယုံကြည်မှုထားနိုင်တဲ့ အခြေအနေအထိ ရောက်လာပါတယ်။ နောက်ပိုင်းမှာ တစ်ဦးနဲ့တစ်ဦးသွေးသားရင်းချာတွေလိုမျိုး ရောနှောနေထိုင်လာတဲ့အတွက် “ဆွေမျိုးပေါက်ဖော်” ဆိုပြီးတော့တောင်မှ ပြောဆိုနိုင်တဲ့ အခြေအနေအထိ ရောက်လာပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားက ဆက်နွှယ်မှုဟာ တခြားနိုင်ငံတွေလိုမျိုး မဟုတ်ပါဘူး။ ယဉ်ကျေးမှုအပိုင်းမှာ ဆိုရင် တစ်ဦးနဲ့တစ်ဦးဆက်နွှယ်နေပြီး တစ်နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုက အခြားတစ်နိုင်ငံမှာပါ ထွန်းကားတာမျိုး ဖြစ်ပေါ်တဲ့အထိ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးက ခိုင်မာလာတာပါ။ နိုင်ငံရေးမှာဆိုရင်လည်း စနစ်ချင်းကွဲပြားပေမယ့် ရင်းနှီးချစ်ကြည်မှုမပျက်ယွင်းဘဲ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။ အခုဆိုရင် မြန်မာ နိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားကဆက်ဆံရေးဟာ နှစ်ပေါင်း ၇၅ နှစ်တိုင်ခဲ့ချိန်မှာ နှစ်နိုင်ငံကြားဆက်ဆံရေးက မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အဆင့်အထိကို တက်လှမ်းနိုင်ခဲ့ပါပြီ။
၁၉၅၀ ပြည့်နှစ်အစောပိုင်း ကာလကစလို့ နှစ်နိုင်ငံကြားဆက်ဆံရေးအခြေအနေတွေကိုပြန်ကြည့်ရင် မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကိုသာ အသိအမှတ်ပြုပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုသာ လက်ခံ အကောင်အထည်ဖော် ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်အပေါ် အခြေခံပြီး ချစ်ကြည်ရင်းနှီးမှုရှိပြီး အပြန်အလှန်ရန်ပြုခြင်း မရှိစေရေးအတွက် သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။
၁၉၇၀ ပြည့်နှစ်အလွန်ကာလများမှာတော့ နှစ်နိုင်ငံဆက်ဆံရေးက တစ်ဟုန်ထိုးတိုးတက်လာပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ခေါင်းဆောင်တိန့်ရှောင်ဖိန်လက်ထက်မှာ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြား အပြန်အလှန် ကုန်သွယ်ရေး သဘောတူညီချက်ကြီးတွေကို လက်မှတ်ရေးထိုးနိုင်ပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများကို တရားဝင် ပြုလုပ်လာနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေး အတိုးတက်ဆုံးကာလကို ပြပါဆိုရင် မျက်မှောက်ခေတ်ကို ညွှန်းဆိုရပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ အင်အားလွန်ဆွဲပွဲတွေ ဖြစ်ပေါ်ချိန်တုန်းက မြန်မာနိုင်ငံဟာဘက်မလိုက်တဲ့ကြားနေမူဝါဒကို လက်ခံကျင့် သုံးတာတောင်မှ သူ့အလိုမလိုက် သူမကြိုက်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံခံရတာတွေ ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီအရေးကိုအော်ပြီး သူတို့ကြိုးဆွဲရာကစေချင်တဲ့ အနောက်အုပ်စုများကြောင့် ပြည်တွင်း စစ်များကြားမှ အညွန့်ထိုးထွက်ဖို့ လုံးပန်းနေရတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ မျက်ကွယ်ပြုလျစ်လျူရှုခြင်းကို ခံခဲ့ရပါတယ်။ အနောက်အုပ်စုက မြန်မာနိုင်ငံအပေါ်တင်းကျပ်လွန်းတဲ့ ပိတ်ဆို့မှုတွေချမှတ်ချိန်မှာ မြန်မာနိုင်ငံကို အတူလက်တွဲခေါ်ဆောင်ခဲ့သူက တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါတယ်။
အဲဒီကာလများတုန်းက မြန်မာနိုင်ငံဟာ အဘက်ဘက်ကနေပိတ်ဆို့မှုတွေခံနေရချိန်၊ ပြည်တွင်း လိုအပ်ချက်တွေလည်း မြင့်မားလာချိန်မှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုကြောင့် မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်
ရေးလမ်းပေါ်ကို စတင်လျှောက်လှမ်းလာနိုင်ခဲ့တာပါ။ တစ်နည်းပြောရရင် “အိမ်နီးချင်းကောင်းရင် ကိုယ့်အိမ်လည်း ငြိမ်းချမ်းတယ်” ဆိုတဲ့စကားအတိုင်း အိမ်နီးချင်းကောင်းတစ်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ပိုင်ဆိုင်ထားရတဲ့မြန်မာနိုင်ငံဟာ ငြိမ်းချမ်းမှုတွေ၊ အေးချမ်းမှုတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပိုင်ဆိုင်ခဲ့ရတာပါ။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများစွာ မဖြစ်မနေလိုအပ်ပါတယ်။ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုများစွာကို ဆောင်ကြဉ်းပေးခဲ့သူက တရုတ်နိုင်ငံပါ။ အခုနောက်ပိုင်းမှာ တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်လျှောက်လှမ်း လာတာနဲ့အမျှ ကျွဲကူးရေပါဆိုသလို မြန်မာနိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာနိုင်နေပါပြီ။
လက်ရှိတရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ခါးပတ်တစ်ကွင်း၊ လမ်းတစ်ကြောင်းဆိုတဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးမှာ ဆိုရင်လည်း မြန်မာနိုင်ငံကအရေးပါတဲ့ မဟာဗျူဟာမြောက်နေရာကနေ ပါဝင်နေတာကိုတွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေနဲ့ပတ်သက်ပြီး တရုတ်သမ္မတလိုမျိုး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးကို အသိပေးခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ဖော်ဆောင်နေတဲ့ ခါးပတ်တစ်ကွင်း၊ လမ်းတစ်ကြောင်းဆိုတဲ့ စီမံကိန်းကြီးအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်း၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မြှင့်တင်ရေးနဲ့ပတ်သက်တဲ့ အကြောင်းတွေကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ဒီလိုဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုဖြစ်ပေါ်လာစေမှာပါ။
နောက်တစ်ခုက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ထောက်ခံကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကိုထောက်ခံကြောင်း၊ မြန်မာနိုင်ငံမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အစိုးရရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့ အကြောင်းတွေ ပြောခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးပြောဆိုမှုတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကတိပြုမှုတွေလို့ ပြောရင်လည်း မမှားပါဘူး။
ဒါကြောင့် အခုလိုမျိုး နှစ်နိုင်ငံဆက်ဆံရေးက စိန်ရတုတိုင်လာချိန်မှာ ယခင်ကတည်းကတက်ကြွစွာနဲ့ လက်တွဲညီညီ လျှောက်လှမ်းခဲ့ကြတဲ့ခြေလှမ်းတွေဟာ မျှဝေသောအနာဂတ်ဆီသို့ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ဆက်လက် လျှောက်လှမ်းနေကြဦးမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ အတိတ်ကို လည်ပြန်လှည့်ကြည့်ရင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားမှာ အတူလက်တွဲပြီး ကောင်းကျိုးတွေကို ဖော်ဆောင်နိုင်ခဲ့သလို ပစ္စုပ္ပန်ကာလမှာလည်း ဒီလိုကောင်းကျိုးတွေကို ဆက်လက်ဖော်ဆောင်နေဆဲ ဖြစ်ပါတယ်။ အလားတူ နောင်လာမယ့်အနာဂတ်မှာလည်း နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမယ့် ကိစ္စရပ်တွေကို သာမက ကမ္ဘာ့အသိုက်အဝန်းအတွက်ပါ အကျိုးရှိစေမယ့်ကိစ္စရပ်တွေကို အတူလက်တွဲ ဖော်ဆောင်ပြီး ဆက်လက်လျှောက်လှမ်းသွားမှာ အမှန်ပင်ဖြစ်ပါတယ်။ ဒီနေရာမှာ မပါမဖြစ်တဲ့ အရေးအကြီးဆုံး အရာတစ်ခုကလည်း ဆက်လက်ပါဝင်နေမှာပါ။ အဲဒါကတော့ အပြန်အလှန်ယုံကြည်မှုပါပဲ။ ။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ ချစ်ကြည်ရင်းနှီးစွာနေထိုင်လာခဲ့ကြသည်မှာ ယခုအခါ(၇၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံရှိခေါင်းဆောင်များ အဆက်ဆက် ချစ်ကြည်ရင်းနှီးမှုများရှိနေသကဲ့သို့ ပြည်သူများအချင်းချင်းသည်လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့်အညီနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံသည်အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်လာလျှင် စိတ်ကောင်းစေတနာကောင်းဖြင့် မိတ်ဆွေကောင်းပီသစွာနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး ကမ
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ ချစ်ကြည်ရင်းနှီးစွာနေထိုင်လာခဲ့ကြသည်မှာ ယခုအခါ(၇၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံရှိခေါင်းဆောင်များ အဆက်ဆက် ချစ်ကြည်ရင်းနှီးမှုများရှိနေသကဲ့သို့ ပြည်သူများအချင်းချင်းသည်လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့်အညီနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံသည်အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်လာလျှင် စိတ်ကောင်းစေတနာကောင်းဖြင့် မိတ်ဆွေကောင်းပီသစွာနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုလျက်ရှိသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကိုလည်း စောင့်ထိန်းလျက်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင် နှစ်နိုင်ငံသံတမန်ဆက်သွယ်မှုစတင်ခဲ့သည်။
ဤသည်မှာ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် ခေတ်သစ်ကာလတွင် သံတမန်ဆက်ဆံရေးစတင်ခြင်း ဖြစ်သော်လည်း နှစ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးမှု၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံမှု၊ ယဉ်ကျေးမှုကူးလူးဆက်ဆံမှုတို့မှာ ရှေးယခင်နှစ်ပေါင်းများစွာကတည်းကတည်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏သမိုင်းတင်ခေတ်ဦးဖြစ်သောပျူခေတ်ကပင် မြန်မာနှင့်တရုတ်တို့၏ဆက်ဆံရေးများရှိခဲ့သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံချစ်ကြည်ရေးသံတမန်များသွားလာခြင်းများရှိခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းဆက်စပ်မှုနယ်ပယ်ရှည်လျားဆုံးဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံသည် အပြန်အလှန်ကူညီမှုများစွာရှိခဲ့သည်။ ဘာသာရေးနှင့်ယဉ်ကျေးမှုမှာတူညီမှုရှိပြီး မြတ်ဗုဒ္ဓ၏အထက်လက်ဝဲစွယ်တော်သည် တရုတ်နိုင်ငံတွင်ရှိသည်။ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်ကြွရောက်အဖူးမြော်ခံ ခြင်းများရှိခဲ့သည်။ ဤသည်မှာ ဘာသာရေးအရတူညီမှုရှိခြင်းကိုပြဆိုခြင်းဖြစ်သည်။
ယခုနှစ်သည် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး ထူထောင်ခြင်း(၇၅)နှစ်ပြည့် စိန်ရတုကာလဖြစ်သဖြင့် နှစ်နိုင်ငံအတွက်ထူးခြားလေးနက်မှုရှိသည်။ ဇွန်လ ၁ ရက်နေ့က အနာဂတ်ဆီသို့အတူလက်တွဲလျှောက်လှမ်းမည့်မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅)နှစ်ပြည့်အထိမ်းအမှတ် နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲအခမ်းအနားကို နေပြည်တော်၌ကျင်းပခဲ့သည်။ မြန်မာနှင့်တရုတ်မီဒီယာပူးပေါင်းဆောင်ရွက်မှုမှာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီး ရင်းနှီးခင်မင်သောကူးလူးဖလှယ်မှုများရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမီဒီယာများက ကမ္ဘာအနှံ့သိရှိအောင်အချိန်နှင့်တစ်ပြေးညီ မျှဝေပေးနိုင်ခဲ့သည့်အတွက် ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်များစွာအထောက်အပံ့ဖြစ်ခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံမီဒီယာဆက်ဆံမှုခိုင်မြဲလျက်ရှိကြောင်း သိရှိနိုင်သည်။
တရုတ်နိုင်ငံအနေဖြင့် ငလျင်ဘေးသာမက မြန်မာနိုင်ငံတွင် ရာဂိမုန်တိုင်းဒဏ်ခံရစဉ်ကလည်းကူညီ ထောက်ပံ့မှုများပေးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်လည်းတရုတ်နိုင်ငံနှင့်ပတ်သက်လာလျှင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုအစဉ်တစိုက် လက်ကိုင်ထားပြီး ကမ္ဘာ့အရေးကိစ္စများတွင် တရုတ်နိုင်ငံဘက်ကအမြဲရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကမ္ဘာ့စာမျက်နှာများတွင်မြန်မာနိုင်ငံဘက်ကအစဉ်တစိုက်ရပ်တည်ခဲ့သည်များကိုလည်းမြန်မာပြည်သူများအနေဖြင့် အလေးထားလျက်ရှိသည်။ အိမ်နီးချင်းများမှာ အပြန်အလှန်အကျိုးပြုစောင့်ရှောက်ခြင်းဖြင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေးကိုဖော်ဆောင်လာနိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းပြီး စည်းလုံးညီညွတ်မှုခိုင်မာစေမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ဆိုရိုးစကားတစ်ခုဖြစ်သည့် “ဝေးကွာနေသောဆွေမျိုးသည်အနေနီးသော အိမ်နီးချင်းလောက်မကောင်းနိုင်ပါ” ဆိုသည့်အတိုင်း အိမ်နီးချင်းကောင်းရှိခြင်းမှာအေးချမ်းလုံခြုံသောအိမ်ကိုပိုင်ဆိုင်ထားခြင်းဖြစ်သည်။ထို့ပြင်တရုတ်စကားပုံတစ်ခုတွင် “အဝတ်အစားသစ်လျှင်အကောင်းဆုံးဖြစ်သည်။ မိတ်ဆွေဟောင်းလျှင် ပို၍အကောင်းဆုံးဖြစ်သည်”ဟုဆိုထားပေရာ မြန်မာနှင့်တရုတ်နိုင်ငံသည် မိတ်ဆွေဟောင်းနိုင်ငံများဖြစ်ကြသည်။
အာဆီယံအသိုက်အဝန်းတွင်လည်းကောင်း၊ မဲခေါင်-လန်ချန်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် လည်းကောင်းပူးပေါင်းပါဝင်မှုများက နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေသည်။ အရေးကြုံတိုင်း မိတ်ဆွေကောင်းတို့က ဦးစွာကူညီမှုပေးကြသည်။ တရုတ်နိုင်ငံမှ အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူနှင့်အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် လူပေါင်း ၆၀၀ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ ၃၁ ဖွဲ့ကို မန္တလေးငလျင်ကြောင့် အတိဒုက္ခရောက်သည့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက်လာရောက်ခဲ့သည်မှာလည်း မိတ်ဆွေကောင်းတို့၏ တာဝန်ကျေပွန်မှုဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအတွင်း တရုတ်နိုင်ငံမှကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိခဲ့ခြင်းမှာလည်း ချစ်ကြည်ရင်းနှီးမှု၏ပြယုဂ်ပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ထိုသို့တက်ရောက်ခဲ့သည့် မေလ ၉ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က “မြန်မာနိုင်ငံတွင်ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူဝမ်းနည်းရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံးဆက်လက်ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် “မိမိတို့ မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ဖြစ်ပေါ်ခဲ့မှုကြောင့် ခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်၌ အဆွေတော်အနေဖြင့် မြန်မာပြည်သူလူထုနှင့်ထပ်တူဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပြီး အမြန်ဆုံးကျော် ဖြတ်နိုင်ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပေးခဲ့ပါကြောင်း၊ ထို့ပြင် ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် (Golden Hour)တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်းပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများအနေဖြင့် တရုတ်နိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်ပေးမှုများအပေါ် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှရပ်တည်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း” ပြန်လည်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ကြိုတင်ပြင်ဆင်မှုများနှင့်ရွေးကောက်ပွဲကျင်းပခြင်းအား တရုတ်နိုင်ငံအနေဖြင့်အားပေးထောက်ခံသည်။ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ်မျှဝေသောအသိုက်အဝန်းတစ်ခုကိုတည်ဆောက်သွားရန်နှင့် အိမ်နီးချင်းနိုင်ငံများဆိုင်ရာလုပ်ငန်းများအတွက် အခြေခံအသစ်များဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့်အားပေး ထောက်ခံလျက်ရှိသည်။
မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည်နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့်အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတုမှသည် ရတုနှစ်ပေါင်းများစွာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုခိုင်မြဲနေမည်ဟုယုံကြည်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားအလောင်းသည်ဟိမဝန္တာ၌ ဆင်ရှစ်သောင်းခြံရံသော ဆင်မင်းဖြစ်နေသည်။ ထိုတော၌ငှက်မတစ်ကောင်သည် အမွေးအတောင်မစုံသေးသော ငှက်ကလေးများနှင့်အသိုက်လုပ်၍ နေရာတစ်နေ့တွင် ဆင်တို့သည် အသိုက်အနီးမှဖြတ်၍အစာရှာထွက်လာလေသည်။

ငှက်မသည် သားငယ်တို့ကို နင်းမိမည်စိုးသည့်အတွက် ဆင်မင်းရှေ့တွင်ဝပ်၍ အတောင်နှစ်ဖက်ယှက်ပြီးရှိခိုး အသနားခံကာ အသက်ကယ်ပေးရန် တောင်းပန်သည်။ ဆင်မင်းက ငှက်သားငယ်တို့၏ အသိုက်အထက်ကရပ်လျက် အကာအကွယ်ပေးပြီး ဆင်အပေါင်းတို့ဖြတ်၍ သွားစေပြီးမှ ငှက်မ အား“နောက်တွင်တစ်ကောင်တည်းလာသော ဆင်သည် ငါ၏စကားကို နားထောင်သူမဟုတ်။ထိုဆင်လာလျှင် လည်းသင်၏ သားငယ်တို့အတွက် တောင်းပန်ချေဦး”ဟု မှာကြားကာသွားသည်။
ငှက်မလည်းထိုဆင်အား အလားတူနည်းအတိုင်း ရှိခိုးတောင်းပန်သော်လည်း ရိုင်းစိုင်းသောဆင်သည် အသိုက်ကို နင်းဖျက်ပြီး ဝမ်းမြောက်သောအသံပြုလျက် သွားလေသည်။
ငှက်မသည် သားငယ်တို့ ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းကြေကွဲခံစားရလျက် တစ်နေ့အကြောင်းသိစေမည်ဟု ကြိမ်းမောင်းကာ မိတ်ဆွေကျီးကန်းထံသွား၍ ဆင်၏မျက်လုံးကို နှုတ်သီးဖြင့် ထိုးဖောက်ပေးရန် အကူအညီတောင်း၏။ ထို့နောက် ယင်မတစ်ကောင်ထံသွားကာ ကျီးကန်းထိုးဖောက်ထားသည့် မျက်စိအနာတွင်ပိုးမွှားများ ဥချပေးရန် တောင်းဆိုသည်။
လောက်ကိုက်သည့် ဒဏ်ရာကြောင့် ပြင်းစွာသောဝေဒနာကို ခံစားနေရသည့်ဆင်ကြီးသည် အစာရေစာပြတ်လပ်၍နေလေသည်။ ထိုအခါ ငှက်မကမိတ်ဆွေဖြစ်သူဖားအား တောင်ထိပ်တွင်နေ၍ အော်ရန်အကူအညီတောင်းပြန်လေသည်။ဖားအော်သံကြောင့် ဆင်ကြီး သည်ရေရှိသည်အထင်နှင့်တောင်ထိပ်ပေါ်သို့တက်၍ သွားလေသည်။
တောင်ထိပ်ပေါ်အရောက်တွင် အားအင်ချည့်နဲ့နေသည့်ဆင်ကြီးသည် အလွန်တရာနက်သည့်ချောက်ထဲသို့ ကျကာအသက်ဆုံးရှုံးခဲ့ရကြောင်း ဘုရားလောင်း၏ ဘဝဖြစ်တော်စဉ် ၅၅၀ ဇာတ်နိပါတ်တော်တွင် ဖတ်မှတ်ခဲ့ဖူးသည်။
မိတ်ဆွေကောင်းများဖြင့် အောင်မြင် ပျော်ရွှင်သည့်ဘဝကို တည်ဆောက်နိုင်
အလွန်သေးငယ်လှသည့်ငှက်မသည် ခွန်အားဗလနှင့်ပြည့်စုံသော ဆင်ပြောင်ကြီးကိုမိတ်ကောင်း ဆွေကောင်းများ၏ အကူအညီဖြင့် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။
မိတ်ဆွေသူငယ်ချင်းကောင်းရှိခြင်းက တစ်ယောက်အားဖြင့် ခက်ခဲနေသည့်အရာများကို စုပေါင်းအားဖြင့် ကျော်လွှားနိုင်သည့် သာဓကပင်ဖြစ်သည်။ အလားတူမိတ်ဆွေကောင်းများဖြင့် အောင်မြင် ပျော်ရွှင်သည့်ဘဝကို တည်ဆောက်နိုင်သလို ရှည်လျားလှသည့် ဘဝသံသရာ ကိုပင်လမ်းဆုံးရောက်အောင် လျှောက်လှမ်းနိုင်သည်အထိ တရားထူးတရားမြတ်များ ရရှိစေနိုင်သည်။
ငလျင်ဘေးတွင် လက်မနှေးဘဲ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်
အခက်အခဲ၊ အန္တရာယ်ကြုံတွေ့နေသည့်အခါ ရှောင်ဖယ်မသွားဘဲ အသက်ဘေးမှ ကာကွယ်ပေးခြင်း၊ ပစ္စည်းဥစ္စာ များကိုစောင့်ရှောက်ပေးခြင်း၊ ကြောက်လန့်နေခိုက် အားပေးနှစ်သိမ့်ခြင်း၊ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ပေးခြင်းတို့မှာ မိတ်ဆွေကောင်းတို့ပြုလုပ်အပ်သည့် အမူအကျင့်များပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပါသည်။ ယင်းငလျင်ကြီးသည် ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းလှုပ်ခတ်ခဲ့သည့် ငလျင်များ အနက် ဒုတိယအပြင်းထန်ဆုံးဖြစ်သည်။
မြန်မာနိုင်ငံသည်လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ”ကို လိုက်နာကျင့်သုံးသောနိုင်ငံ ဖြစ်သည့်အားလျော်စွာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများက ငလျင်ဘေးတွင် လက်မနှေးဘဲ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခြင်း၊ လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ရုရှား၊ တရုတ်နှင့် အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက လိုအပ်သည့် အစားအစာ၊ ဆေးဝါးစသည်ဖြင့် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများက အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။
တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိခဲ့
မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးချိန် တွင်အစောဆုံး ကူညီကယ်ဆယ်ရေး ရောက်ရှိလာခဲ့သည့်အဖွဲ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီကယ်ဆယ် ရေးအဖွဲ့များဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးကြောင့် အခက်အခဲများ၊ ဘေးဒုက္ခများနှင့်ရင်ဆိုင်နေရချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက မြန်မာပြည်သူလူထုနှင့် ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပြီး အမြန်ဆုံး ကျော်ဖြတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ စာနာ နားလည်ကြောင်း ပြသခဲ့သည်။
“ငလျင်လှုပ်ပြီး ၁၈ နာရီအတွင်း တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ ကိုမြန်မာနိုင်ငံကငလျင်ဒဏ်သင့်တဲ့ ဒေသကိုစေလွှတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိခဲ့တာဖြစ်ပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပထမဆုံး ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု တရုတ် ပြည်သူ့သမ္မတနိုင်ငံအာရှရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးMr.Liang Jianjun က ပေကျင်းမြို့၌ မေလ ၂၀ ရက်က ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများအပါအဝင်လူပေါင်း ၆၀၀ ကျော်ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ ၃၁ ဖွဲ့ကို စေလွှတ်ပေးခဲ့သည်။
“ကျွန်တော်တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပေးခဲ့ပါတယ်။ တဲတွေ၊ အစားအစာ၊ ဆေးဝါးနဲ့ အခြားအရေးတကြီးလိုအပ် နိုင်တဲ့အသုံးအဆောင်ပစ္စည်းတွေ အပါအဝင်သဘာဝဘေးဖြစ်ပွားပြီး နောက်ပြန်လည်တည်ဆောက်ရေး ဆိုင်ရာအကူအညီတွေကိုလည်းပေးအပ်ခဲ့ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကိုအကဲဖြတ်နိုင်ဖို့၊ ဒုတိယသဘာဝဘေးမဖြစ်ပွားစေရေး တားဆီးနိုင်ဖို့၊ ပြန်လည်တည်ဆောက် ရေးအတွက်လိုအပ်တဲ့ အခြေခံအချက် တွေကိုအကူအညီပေးနိုင်ဖို့ ကပ်ရောဂါကြိုတင်ကာကွယ်ရေး၊သဘာဝ ဘေးအန္တရာယ်များကို အကဲဖြတ်နိုင်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ရေးတို့မှာ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အဖွဲ့တွေကို မကြာသေးမီက စေလွှတ်ထားပြီးဖြစ်ပါတယ်” ဟု ထပ်လောင်း ပြောကြားခဲ့သည်။
မြန်မာနှင့်တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော်ညီအစ်ကိုရင်းများ သဖွယ်ဖြစ်ကြောင်း ငလျင်ဘေးတွင် တရုတ်နိုင်ငံမှလျင်မြန်သော ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများသည် တရုတ် - မြန်မာအသိုက်အဝန်း၏ တူညီသောအနာဂတ်နှင့်အေးအတူပူအမျှ အတူတကွ ရပ်တည်မည်ဆိုသည့် အဓိပ္ပာယ်ကို သက်သေပြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့်ငလျင်ဘေး သာမက ရာဂီမုန်တိုင်းဒဏ်ခံရစဉ်ကလည်း ကူညီထောက်ပံ့မှုများပေးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းအဖြစ် အစဉ်ရပ်တည်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ဆိုရိုးစကားတစ်ခုဖြစ်သည့် “ဝေးကွာနေသော ဆွေမျိုးသည် အနေနီးသောအိမ်နီးချင်းလောက် မကောင်းနိုင်ပါ”ဆိုသည့်အတိုင်း အိမ်နီးချင်းကောင်း ရှိခြင်းသည်အေးချမ်းလုံခြုံသောအိမ်ကိုပိုင်ဆိုင် ထားခြင်းပင်ဖြစ်သည်။
အိမ်နီးချင်းများသည် အပြန်အလှန်အကျိုးပြုစောင့်ရှောက်ခြင်းဖြင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို ဖော်ဆောင်လာနိုင်မည်ဖြစ်သလို နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းပြီးစည်းလုံး ညီညွတ်မှုကိုဖော်ညွှန်းသည့်နှစ်လမ်းသွား ခရီးတစ်ခုဖြစ်ပင်သည်။
ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ကာ စည်းလုံးညီညွတ်ခဲ့ကြသည့် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးသည်ယခုနှစ်တွင် (၇၅) နှစ်မြောက်စိန်ရတုရောက်ခဲ့ပြီ ဖြစ်ရာစိန်ရတုမှသည်နှစ်ပေါင်း ထောင်သောင်းအစဉ်တည်တံ့ခိုင်မြဲပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။။

လွတ်လပ်၍တရားမျှတသော သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသည်။

“လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိလာအောင်အလေးထားဆောင်ရွက်သွားမည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့်နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ခုဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအားနိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့်ရှေ့လုပ်ငန်းစဉ်များအတိုင်း အလေးထားဆောင်ရွက်လျက်ရှိသည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်တွင် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲသည် ပင်မမဏ္ဍိုင်ဖြစ်သည်။
လွတ်လပ်၍တရားမျှတမှသာ ပြည်သူ့ဆန္ဒအမှန်ကိုဖော်ထုတ်နိုင်မည်ဖြစ်သည်။ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်စေရန်အတွက် မဲစာရင်းများမှန်ကန်ပြီး တရားမျှတ၍ လွတ်လပ်မှုရှိသော၊ ပွင့်လင်းမြင်သာသောရွေးကောက်ပွဲကိုကျင်းပပေးရမည်ဖြစ်သည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် တိုင်းရင်းသားများ၊ တိုင်းရင်းသားဒေသများနှင့် လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ လွှတ်တော်ထဲသို့ရောက်ရှိလာစေရေးအတွက် လက်ရှိကျင့်သုံးနေသည့် အနိုင်ရသူအကုန်ယူစနစ် (First Past the Post - FPTP) အပြင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့်သင့်လျော်သည့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation - PR) ကို ပေါင်းစပ်ကျင့်သုံးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိသည်။
ရွေးကောက်ပွဲတစ်ခု၏စံနှုန်းကို လွတ်လပ်ပြီးတရားမျှတမှု ရှိ/မရှိ Free and Fair ဖြစ်/မဖြစ်ဟူသည့်ပေတံဖြင့် တိုင်းတာလေ့ရှိသည်။ ထိုသို့တိုင်းတာသုံးသပ်ရာတွင် ရွေးကောက်ပွဲကျင်းပသောနေ့တစ်နေ့တည်း၏ဖြစ်စဉ်ကိုလေ့လာသုံးသပ်ရုံမျှဖြင့်လုံလောက်မှုမရှိပေ။
ရွေးကောက်ပွဲစက်ဝန်းပါကာလများဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလတို့အထိ ဘက်လိုက်မှုကင်းစေရမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ကြီးမားစွာမှားယွင်းမှု၊မဲမသမာမှု၊ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများရှိနေသည့်အတွက်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သတင်းစာရှင်းလင်းပွဲများပြုလုပ်၍ရှင်းလင်းခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြတောင်းဆိုခြင်း၊ သတင်းထုတ်ပြန်ခြင်းများပြုလုပ်ခဲ့ကြသည်။ ပါတီတစ်ခုချင်းက သီးခြားစီထုတ်ပြန်၍လည်းကောင်း၊ နိုင်ငံရေးပါတီ ၂၃ ပါတီတို့မှ ပူးတွဲ၍လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်များထုတ်ပြန်ပြီး တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။
ထိုစဉ်က NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခြင်းမျိုးလုပ်ဆောင်ရမည့်အစား အရာရာတွင် လျစ်လျူရှုခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်သည်သမာသမတ်ကျစွာရပ်တည်ရမည့်အစား အာဏာရပါတီ၏ခိုင်းစေသမျှလိုက်ပါလုပ်ဆောင်ပေးခဲ့သည်။ နိုင်ငံရေးပါတီများနှင့် တပ်မတော်အနေဖြင့် ကြေညာချက်များထုတ်ပြန်၍ ရွေးကောက်ပွဲနှင့်တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်းဖြေရှင်းပေးရန် ပထမအဆင့်ပြောကြားခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းရန်ငြင်းဆန်သည့်အခါ ဒုတိယအဆင့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၇ တို့နှင့်အညီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှလေးဦး၊ အမျိုးသားဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၀ ဦးစုစုပေါင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ၍ ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ဖြေရှင်းဆောင်ရွက်ပေးရန်တင်ပြခဲ့ကြသည်။
အဆိုပါတောင်းဆိုချက်မှာ ဥပဒေနှင့်ညီညွတ်သောတောင်းဆိုမှုဖြစ်သော်လည်း ငြင်းပယ်ခဲ့ပြန်သည်။ ထို့ကြောင့် ကြုံတွေ့ခဲ့ရသောအခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုက နည်းလမ်းရှာပေးရန် တတိယအဆင့်အနေဖြင့် ထပ်မံတောင်းဆိုခဲ့ကြသည်။ အဆိုပါအဆင့်အားလုံးကိုငြင်းပယ်ခံရသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက်အားလုံးကိုကိုယ်စားပြုသော “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” အစည်းအဝေး ခေါ်ယူ၍တွေ့ဆုံဆွေးနွေးပေးပါရန် နှစ်ကြိမ်တိုင်တိုင်တင်ပြခဲ့သည်။
ထိုစဉ်က နိုင်ငံရေးပါတီများနှင့်တပ်မတော်အနေဖြင့်ဤသို့လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြသော်လည်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က တစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ကြပေ။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိသည်မှ ယနေ့တိုင်ကျင့်သုံးနေသည့်နိုင်ငံရေးစနစ်များကိုဖော်ပြရမည်ဆိုပါက ပါလီမန်ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်(တစ်ပါတီစနစ်)တို့ကိုကျင့်သုံးခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပြည်သူလူထု၏ဆန္ဒအရ ပါတီစုံဒီမိုကရေစီစနစ်နှင့်ဈေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့်လိုက်လျောညီထွေစွာ ထူထောင်နိုင်ရန် ကြိုးပမ်းတည်ဆောက်ပေးခဲ့သည်။ အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မရှိမဖြစ်လိုအပ်သည့်အတွက် အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့သည်။ အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့်ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်း တည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်းပါဝင်ခဲ့ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာသည့်အခါ ပါတီများဖွဲ့စည်းခွင့်ပြုပြီး ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ်စတင်ကျင်းပပေးခဲ့သည်။ ပထမဆုံးဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး ငါးနှစ်တာကာလ အောင်မြင်စွာအုပ်ချုပ်ခဲ့သည်။
ထို့အတူ သက်ဆိုင်ရာလွှတ်တော်များကလည်း မိမိတို့လုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်ခဲ့ကြသည်။ ဤသို့ဖြင့် အစိုးရနှစ်ဆက်ပြီးနောက် တတိယအကြိမ်အစိုးရသက်တမ်းအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ စသည်တို့တွင် တရားမဲ့ပြုကျင့်မှုနှင့်မဲမသမာမှုများစွာရှိခဲ့သည်။ ထိုပြဿနာကိုပြေလည်အောင်ဖြေရှင်းခြင်းမပြုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ခေတ္တရပ်နားခဲ့ရသည်။
ထိုသို့သောဖြစ်စဉ်များကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံအပေါ် စေတနာမမှန်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် လူအချို့သည် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့်ဆူပူဆန္ဒပြမှုများမှတစ်ဆင့် နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့သည်။
နိုင်ငံတော်အနေဖြင့် အကြမ်းဖက်သမားများ၏အကြမ်းဖက်လုပ်ရပ်များ၊ မုန်တိုင်းတိုက်ခတ်မှု၊ရေကြီးရေလျှံမှုနှင့်ငလျင်ဘေးဒဏ်စသည့် သဘာဝဘေးအန္တရာယ်မျိုးစုံကြုံတွေ့ခဲ့ရသည်။ နိုင်ငံတော်တွင် မည်သို့သော အခက်အခဲများနှင့်ကြုံရသည်ဖြစ်စေ နိုင်ငံနှင့်ပြည်သူများအတွက် အကောင်းဆုံးအနေအထားတွင်ရှိနေအောင် ဆောင်ရွက်ပြီးပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေးအတွက် ပန်းခင်းစီမံချက် ၁ ၊ ၂ ၊ ၃ ကိုချမှတ်ပြီး စုစုပေါင်း ၅၉၈၀၆၆၄ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရန်ကျန်ရှိနေသူများကိုလည်း ရွေးကောက်ပွဲကာလမတိုင်မီ အပြီးရရှိအောင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူခဲ့ပြီး ရှေ့ပြေးလူဦးရေစာရင်းအရ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ညတွင် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦး (၅၁ ဒသမ ၃ သန်းကျော်) ဖြစ်ပြီး ယခုရရှိလာသည့် လူဦးရေဆိုင်ရာအချက်အလက်များကို ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတိုင်း ခိုင်လုံသည့်မဲစာရင်းများအဖြစ် စနစ်တကျပြုစုလျက်ရှိသည်။
အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘောထားကို လွတ်လပ်စွာထုတ်ဖော်ပြသခြင်းပင်ဖြစ်သည့်အတွက် ဥပဒေအရနှင့် လူထုသဘောထားအမြင်အရ ပြည့်စုံကောင်းမွန်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်အဖြစ်ကျင်းပနိုင်ရန်၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးရန်နှင့် သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ မှန်ကန်သည့်ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံတော်အစိုးရအနေဖြင့် အလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၃ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် “မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုမဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမြန်ဆုံးပြုလုပ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းများကိုဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သန့်ရှင်းသောရွေးကောက်ပွဲဖြစ်စေရေး ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့်မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ Electronic Voting Machine ဖြင့်မဲပေးခြင်းဖြင့် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံးဖြစ်စေနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးချိန်၌ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များခေါ်ယူရာတွင် လွှတ်တော်အထမြောက်စေရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးကဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ပါတီစုံဒီမိုကရေစီစနစ်သို့လျှောက်လှမ်းရာတွင် ရွေးကောက်ပွဲသည် အသက်ဟုပင်ဆိုနိုင်သည်။ ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန် ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုမည်ဖြစ်သည်။ ထိုသို့အသုံးပြုရာတွင် အခက်အခဲမရှိစေရေးအတွက် မဲပေးနည်းစနစ်များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သရုပ်ပြရှင်းလင်းလျက်ရှိသည်။ ထို့ပြင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာနည်းပြသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိသည်။ မဲပေးစက်များကိုကျွမ်းကျင်စွာကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်းအားဖြင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများနှင့် မဲရုံတာဝန်ရှိသူများအနေဖြင့်လည်း ကိုယ်စီတာဝန်ကျေပွန်စွာ ရွေးကောက်ပွဲကို ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြန်မာအီလက်ထရောနစ်မဲပေးစက်များဖြင့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးရမည်ဖြစ်၍အချိန်ကုန်သက်သာခြင်းနှင့် မဲရလဒ်များကို လျင်မြန်စွာသိရှိနိုင်ခြင်း အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင်မှတ်ပုံတင်ခွင့်တင်ပြလာသည့် နိုင်ငံရေးပါတီ ၇၇ ပါတီအနက်မှ နိုင်ငံရေးပါတီ ၅၆ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ နှစ်ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့သည့်အတွက် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီရှိသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သတ်မှတ်ထားသည့်အတိုင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။ ထိုသို့ကျင်းပပြုလုပ်မည့်အကြောင်းကိုလည်း နိုင်ငံတကာကသိရှိအောင်ပြောကြားထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့နိုင်ငံ၏အနာဂတ်ကောင်းကျိုးကို သယ်ပိုးမည့် လွှတ်တော်ကိုယ်စားလှယ်များကို မိမိတို့စိတ်တိုင်းကျရွေးချယ်ကြရမည်ဖြစ်သည်။ ထိုသို့မဲပေးရွေးချယ်ရာတွင် ဒေသနှင့်နိုင်ငံတော်၏အကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သည့်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ကြရန်ဖြစ်သည်။ အရည်အချင်းရှိသောကိုယ်စားလှယ်လောင်းများများစွာပေါ်ထွန်းလာမှသာ နိုင်ငံတော်တွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်နေမည်ဖြစ်သည်။ ဒီမိုကရေစီကျင့်သုံးရာတွင် အများဆန္ဒဖြင့်ဆောင်ရွက်ကြသော်လည်း အခြေခံအကျဆုံးလိုအပ်ချက်မှာ တရားဥပဒေကိုစောင့်ထိန်းလိုက်နာကျင့်သုံးခြင်းပင်ဖြစ်သည်။ စည်းကမ်းဥပဒေများလိုက်နာခြင်း၊ အမှန်တရားကိုမြတ်နိုးပြီး ဖြောင့်မတ်တည်ကြည်ခြင်း စသောအခြေခံများကိုလိုက်နာကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပေရာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူများပူးပေါင်း၍ ၂၀၂၅ ခုနှစ် နှစ်ကုန်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအောင်မြင်စွာပြီးမြောက်ရေး အတူယှဉ်တွဲပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။ ။
Source: MWD Web Portal