ကုန်းဘောင်ခေတ်စာဆိုအကျော် လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် နန္ဒီသေနပျို့(၁၁၂၈ ခုနှစ်)သေနင်္ဂဗျူဟာပျို့(၁၁၄၇ ခုနှစ်)နှင့် ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)တို့ကို ခေတ်အခြေအနေအခင်းအကျင်းနှင့် စစ်ရေးဆိုင်ရာလိုအပ်ချက်အရဖွဲ့ဆိုခဲ့သည်။

ပျို့သည် ကဗျာအမျိုးအစားထဲတွင် ရိုးရှင်းသောအဖွဲ့အနွဲ့ဖြစ်သည်။ ကာရန်ဖြင့်ချိတ်ဆက်ထားသော လေးလုံးစပ်တစ်ပါဒစီ၊ ပါဒပေါင်းများစွာ၊ ပိုဒ်ရေပေါင်းများစွာ ကန့်သတ်ချက်မရှိ လွတ်လပ်စွာဖွဲ့သီနိုင်သောအဖွဲ့တစ်မျိုးဖြစ်သည်။ ပျို့စာဆိုသည် သိမှတ်စရာအကြောင်းအရာများကိုသဒ္ဓါလင်္ကာရ၊ အတ္ထာ လင်္ကာရတို့ဖြင့် တန်ဆာဆင်၍ နှစ်သက်ဖွယ်ကောင်းအောင်ဖွဲ့ဆိုသော လေးလုံးစပ်လင်္ကာရှည်တစ်မျိုးဖြစ်သည်။
ပျို့ဟူလျှင် - နှစ်သက်ဖွယ်ကောင်းရမည်။သိမှတ်စရာအကြောင်းအရာများပါဝင်ရမည်ဟုဆိုထားရာ ဖော်ပြပါပျို့ဂုဏ်ရည်များသည် လက်ဝဲသုန္ဒရ၏ စစ်ပျို့သုံးစောင်တွင်ပြည့်လျှမ်းနေသည်။
ပျို့ကဗျာတွင် အရင်းခံကိုယ်ထည်ရှိသည်။ ကိုယ်ထည်ကိုတန်ဆာဆင်ရာတွင် စာဆို၏ဉာဏ်ရည်ဉာဏ်သွေးရှိသည့်အလျောက် ပိဋကတ်ကျမ်းဂန်ဂန္ထန္တရ၊ လောကအတွေ့အကြုံအတွေးအမြင်၊ အယူအဆတို့ ဖြင့် ပုံဖော်နိုင်သည်။ ခြယ်မှုန်းနိုင်သည်။ တန်ဆာဆင်နိုင်သည်။ သို့ဖြစ်ရာ ပျို့ကဗျာတွင် ပျို့ဆရာ၏စိတ်စေတနာနှင့် ခေတ်သရုပ်ကိုပါတွေ့မြင်နိုင်သည်။
ပျို့စာဆိုသည် မြန်မာ့သေနင်္ဂဗျူဟာအကြောင်းပြောချင်သောအခါ ဆီလျော်မည့်ဇာတ်ကိုရှာသည်။ ငါးရာ့ငါးဆယ်နိပါတ်တော်လာ စူဠကလိင်္ဂဇာတ်ကိုတွေ့သည်။ ဇာတ်တော်ကိုပျို့အသွင်ဖန်တီးသည်။သေနင်္ဂနှင့်ပတ်သက်၍ပြောရန် ဇာတ်ကွက်နှင့်ဇာတ်ရုပ်ကိုရှာပြန်သည်။နန္ဒီသေနအမတ်ကြီးကိုတွေ့သည်။ နန္ဒီသေနအမတ်ကြီး၏ဇာတ်ရုပ်ကို မိမိခစားခဲ့သော၊ လေးစားကြည်ညိုရင်းရှိသော ကျေးဇူးရှင်အလောင်းမင်းတရားကြီး၏ စစ်ရည်စစ်သွေး၊ စစ်တွေးစစ်ကြံ၊ စစ်ဟန်စစ်ထုံးများဖြင့် ခြယ်မှုန်းလိုက်သည်။ ကိုယ်ပြောလိုသောစကားကို နန္ဒီသေနအမတ်ကြီး၏ အငှားပါးစပ်ဖြင့် ပြောခိုင်းလိုက်သည်။ ပြောခိုင်းလိုက်ရသော်လည်း စာဆိုမှာအားမရသေးပေ။ ဇာတကမှ ပျို့အဖြစ်ဖန်တီးရာတွင် ဇာတ်ကြောင်းကိုငဲ့နေရသဖြင့် ပြောချင်သည်များကျန်ရစ်နေပေသေးသည်။
ထို့ကြောင့် စစ်သူကြီးတို့လက်စွဲကျမ်းအနေဖြင့် သေနင်္ဂဗျူဟာပျို့ကိုရေးဖွဲ့ခဲ့သည်။ထိုပျို့တွင်မူ ဇာတ်လမ်းမပါ၊ ရသမနွှယ်ဘဲသုတသာကဲသည်။ စစ်ရေးဆိုင်ရာဆောင်ရန်ရှောင်ရန်များ မြန်မာ့သေနင်္ဂဆိုင်ရာမှတ်သားလိုက်နာဖွယ်ရာများကိုလမ်းညွှန်ထားသည်။ အာဂုံဆောင်လေ့ကျက်၍ စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ကျင့်သုံးရန် သတိပေးခဲ့သည်။
သေနင်္ဂဗျူဟာပျို့ဖွဲ့ပြီးနောက် ငါးနှစ်အကြာတွင် ဗျူဟစက္ကိပျို့ကိုထပ်မံရေးဖွဲ့ပြန်သည်။ ဤပျို့ပါအချို့သောအကြောင်းအရာများသည်နန္ဒီသေနပျို့တွင်လည်းကောင်း၊ သေနင်္ဂဗျူဟာပျို့တွင်လည်းကောင်းပါဝင်ပြီးဖြစ်သည်။ သို့သော်...စာဆို၏စေတနာသည် ထိုပျို့နှစ်စောင်နှင့်အားမရ တင်းတိမ်၍မနေထပ်မံပေးလိုသေးသည်။ အသစ်အသစ်ပေါ်ထွန်းလာမည့် မြန်မာ့စစ်ရေးခေါင်းဆောင်များ၊ မြန်မာ့စစ်သွေးထက်သူများအတွက် မှာကြားလိုသေးသည်။ လမ်းညွှန်လိုသေးသည်။ ထို့ကြောင့်ဗျူဟစက္ကိပျို့တွင် သေနင်္ဂဗျူဟာရေးဖွဲ့စဉ်ကကဲ့သို့ အသေးစိတ်မရှင်းလင်းခဲ့ရသော စစ်ဖျက်ခြင်းခြောက်ပါးကို မြန်မာ့သမိုင်းလာတိုက်ပွဲစဉ်များဖြင့် ချိန်ထိုးညွှန်ပြသည်။ ယခင်ပျို့များတွင် လမ်းညွှန်ရန်ကျန်ရစ်ခဲ့သော စစ်ခေါင်းဆောင်များအတွက် စစ်ရေးလမ်းညွှန်တစ်စိတ်တစ်ဒေသကိုလည်းဖော်ပြပေးလိုက်သေးသည်။
သေနင်္ဂဗျူဟာစစ်သမိုင်း(၁၉၄၃ခုနှစ်)၏ဥယျောဇဉ်တွင် ထိုစဉ်ကသေနာပတိချုပ်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက “ယခုခေတ်ပြောင်းခေတ်လွဲအခြေအနေအမျိုးမျိုးကိုထောက်ကာ ရှေးကရှိသည့်သေနင်္ဂဗျူဟာကျမ်းအမျိုးမျိုးကိုလေ့လာထိုက်သည်သာတည်း . . . ”ဟုတိုက်တွန်းခဲ့သည်သာမက မြန်မာ့စစ်သေနင်္ဂဗျူဟာနှင့် ခေတ်သစ်သေနင်္ဂဗျူဟာကို ချိန်ထိုးပြခဲ့သည့်သာဓကရှိခဲ့ပေသည်။
ရှေးပဝေသဏီကတည်းက အခြေတည်ခဲ့သော မြန်မာတို့သည် ပထမမြန်မာနိုင်ငံတော်-ပုဂံခေတ်မှသည် ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ဟံသာဝတီ၊ ကုန်းဘောင်ခေတ်အထိ စစ်ရေးအသွင်၊ စစ်ရေးအမြင်များဖြင့်သာ နိုင်ငံတော်ကိုတည်ထောင်ခဲ့သည်မဟုတ်။ အမျိုးဘာသာသာသနာနှင့် နိုင်ငံတော်ကိုချစ်မြတ်နိုးသောစစ်သွေးတို့ဖြင့်ပါ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
“ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ ခွာ၍မတွန့်” အသက်စွန့်ဝံ့သူများဖြစ်သည်။
“မြိုင်ဝေတောကြီး၊ ဤခရီးဝယ်၊ ချည်းနှီးသက်သက်၊ သေသော့ထက်ကား၊ ဆက်လက်တညီ၊ တစီတလျဉ်၊ သားစဉ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ တစစ်တမက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်တိုက်မည့်”သူများလည်းဖြစ်ကြသည်။
ဗြိတိသျှတို့၏သိမ်းယူမှုမှလွဲ၍ တိုင်းတစ်ပါးသားတို့၏ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့ခြင်းမှာလည်း စစ်မှန်သောစစ်သွေးတို့ဆူဝေနေသည့် ခိုင်ကျည်သောမြန်မာ့စိတ်ဓာတ်ကြောင့်ဖြစ်ပေသည်။
ဗြိတိသျှတို့သည် မြန်မာပြည်ကို အလွယ်တကူသိမ်းယူသည်ဟုဆိုရမည်ဖြစ်သော်လည်း မြန်မာ့မျိုးချစ်တော်လှန်ရေးသမားတို့၏ နေရာအနှံ့အပြားမှ အုံကြွတော်လှန်မှုကိုကား ခက်ခက်ခဲခဲနှိမ်နင်းခဲ့ရသည်။ စစ်စရိတ်ကုဋေချီကာသုံးစွဲခဲ့ရသည်။ အိန္ဒိယနိုင်ငံ ဘင်္ဂလားပြည်နယ်၌လူ ၂၉၀၂ ဦးတွင် ပုလိပ်တစ်ဦးအချိုးဖြင့် တာဝန်ယူထိန်းသိမ်းနေချိန်တွင် အထက်မြန်မာနိုင်ငံ၌ လူ ၁၇၃ ဦးတွင် ပုလိပ်တစ်ဦးတာဝန်ယူနေရသည်မှာ စစ်ရည်စစ်သွေးပြည့်ဝနေသော မြန်မာတို့၏သူ့ကျွန်မခံလိုသော နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုမည်မျှပြင်းထန်သည်ကိုထင်ရှားစေခဲ့သည်။
ထို့ပြင် မြန်မာမျိုးချစ်တပ်မတော်သားတို့သည် ဖက်ဆစ်ဂျပန်တို့ထံမှစစ်ပညာသင်ကြားခွင့်ရရှိသောအခါတွင် သင်ကြားပေးသည့်စစ်နည်းဗျူဟာများမှာ ချီစစ်၊ ထိုးစစ်နှင့်ဖျက်စစ်များကိုသာသင်ကြားပေးသည်။ခွာစစ်နှင့်ခံစစ်အားလုံးဝမသင်သဖြင့် သေနင်္ဂဗျူဟာပျို့နှင့် ဗျူဟစက္ကိပျို့တို့မှ စစ်ပညာများနှင့် မြန်မာ့စစ်သမိုင်းမှ ခွာစစ်နှင့်ခံစစ်ကိုလေ့လာယူခဲ့ရပြီး မြန်မာ့ရိုးရာစစ်ပညာများဖြင့် ဖက်ဆစ်ဂျပန်တို့အား မြန်မာ့မြေပေါ်မှမောင်းထုတ်နိုင်ခဲ့ကြောင်း သုတေသီရာမညကိုကိုနိုင်ဝန်ခံခဲ့သည်။
စင်စစ်သော်ကား မြန်မာ့ရိုးရာစစ်ပညာသည် စစ်ရေးအပြင် စစ်ရေးအခင်းအကျင်းအစီအရင်များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ လူမှုစီးပွားဘဝတွင်ပါ လက်တွေ့ကျကျကျင့်သုံးနိုင်သော လုပ်ငန်းလမ်းညွှန်ချက်များဟုမှတ်ယူအပ်သည်။
စာဆိုတော်လက်ဝဲသုန္ဒရ၏ စစ်ပျို့များနှင့်ရှေးပညာရှင်တို့၏စစ်ကျမ်းများလာ စစ်ရေးအစီအစဉ်များကိုလည်းကောင်း၊ စစ်ခေါင်းဆောင်တို့ထားရှိအပ်သည့်စိတ်ဓာတ်နှင့် စစ်သူတို့ကျင့်ဆောင်အပ်သည့် ခံယူချက်များကိုလည်းကောင်း မည်သည့်လုပ်ငန်းတွင်မဆို လိုက်နာကျင့်သုံးနိုင်သဖြင့် မြန်မာ့ရိုးရာစစ်ပညာသည် ယနေ့တိုင်မရိုးနိုင်သောမြန်မာရှိသရွေ့တည်တံ့နေမည်ဖြစ်သော လမ်းညွှန်ချက်များသာဖြစ်ပေတော့သည်။
နှစ်ပေါင်းထောင်ချီ၍ စစ်ပညာစစ်အတတ်ကိုအလေးထားဆည်းပူးတတ်မြောက်ခဲ့ကြသော မိမိတို့မြန်မာများသည် အနီးမှဖြစ်စေ၊ အဝေးမှဖြစ်စေ ဖျက်လိုဖျက်ဆီးသိမ်းပိုက်ခြယ်လှယ်ချင်သော ရန်စွယ်အန္တရာယ်ကြီးတွေကို ကြိုတင်တွက်ဆတတ်ရပေလိမ့်မည်။ ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲရသည့် “ပြည်သူ့စစ်မဟာဗျူဟာ”ကို အစဉ်တစိုက်ကျင့်သုံးခဲ့သော နိုင်ငံသားများအနေဖြင့် စစ်ရေးသတိရှိအပ်လှသည်။
ဗျူဟစက္ကိ-ဟူသောအမည်နှင့်လိုက်လျောအောင် ဖော်ကျူးခဲ့သည်မှာ စစ်မဟာဗျူဟာ၂၉ ပါးပင်ဖြစ်သည်။ ဤဗျူဟာများကိုတစ်ပါးချင်းဖွင့်ဖော်ရှင်းပြထားသည့် စာဆို၏စေတနာ၊ စာဆို၏ကျေးဇူးမှာ နောက်လာမြန်မာ့စစ်သွေးသစ်တို့အတွက် တန်ဖိုးကြီးမားလှပေသည်။
စာဆိုသည် နန္ဒီသေနပျို့ (၁၁၂၈ခုနှစ်)ကိုရှေးဆရာတို့မစပ်ဆို၍စပ်ဆိုရကြောင်း၊ သေနင်္ဂဗျူဟာပျို့ (၁၁၄၇ ခုနှစ်)နှင့် ဗျူဟစက္ကိပျို့(၁၁၅၂ ခုနှစ်)ကို စစ်ရေးဆိုင်ရာလိုအပ်ချက်အရ ဖွဲ့သီရကြောင်းသက်ဆိုင်ရာပျို့များတွင် ဖော်ပြထားသည်။ စာဆို၏စေတနာတန်ဖိုးကိုထိုခေတ်၏အခြေအနေနှင့်ယှဉ်ထိုး၍ တွက်စစ်နိုင်သည်။
စာဆိုသည် တနင်္ဂနွေမင်း (၁၀၇၆-၁၀၉၅)လက်ထက်တွင်ဖွား၍ ဟံသာဝတီပါမင်းတရား (၁ဝ၉၅- ၁၁၁၃) လက်ထက်တွင် လူလားမြောက်ခဲ့သည်။ ဆယ်နှစ်ကျော်အရွယ်ကတည်းက ကသည်းတို့၏ ကျူးကျော်စစ်နှင့်ကြုံခဲ့ရသည်။ နောက်ပိုင်းတွင် မွန်-မြန်မာတိုက်ပွဲများ၊ ကွေ့-ဂုဏ္ဏအိန်၏ပုန်ကန်မှုများကြောင့် ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ ကိုးသိန်းရှင်ထံခစားရသည့်အခါတွင်မူ စစ်ရေးစစ်ရာတို့နှင့်လုံးထွေးနေခဲ့ရတော့သည်။
အင်းဝပျက်ပြီး ကုန်းဘောင်ခေတ်ထူထောင်သောအခါ အလောင်းမင်းတရားကြီး (၁၁၁၄-၁၁၂၂) ၏အပါးတော်တွင် အမှာတော်ရေးအဖြစ် တတိယမြန်မာနိုင်ငံတော်ထူထောင်ရေးစစ်ပွဲများ၊ မဏိပူရ၊အာသံနှင့်ယိုးဒယားတို့သို့ချီသောဘုန်းတန်ခိုးပြစစ်ပွဲများနှင့် နဖူးတွေ့ဒူးတွေ့ဆုံကြုံခဲ့ရသည်။ ထို့ကြောင့်လည်း မင်းတရားကြီး၏စစ်ရေးစွမ်းရည်တို့ကိုလေ့လာမှတ်သားနိုင်ခဲ့သည်။
နောင်တော်ကြီး (၁၁၂၂-၁၁၅၁)လက်ထက်တွင် မင်းခေါင်နော်ရထာအရေး၊ တောင်ငူစားသတိုးသင်္ခသူအရေး စသည့်ပြည်တွင်းရေးအပြင် ပြည်ပစစ်ဖြစ်သည့် ဇင်းမယ်အရေးနှင့်လည်းဆုံကြုံခဲ့ရသည်။
ဆင်ဖြူရှင်(၁၁၂၅-၁၁၃၈)လက်ထက်ကား မြန်မာတို့စစ်တံခွန်လွှားသောခေတ်ဖြစ်သည်။ ဘုန်းတန်ခိုးပြစစ်ပွဲများဖြစ်သော ယိုးဒယား၊ မဏိပူရ၊ အာသံသို့စစ်ချီတိုက်ခိုက်မှု၊ တရုတ်တို့၏ကျူးကျော်စစ်ကိုတွန်းလှန်မှုတို့နှင့်ကြုံတွေ့ခဲ့ရပြန်သည်။
ထိုမျှပင်မကသေးပါ။ ဘိုးတော်ဘုရား(၁၁၄၃-၁၁၈၁)လက်ထက် ရခိုင်သို့ချီသည့် ပြည်တွင်းစစ်၊ ယိုးဒယားနှင့် အာသံသို့ချီသည့် ပြည်ပစစ်တို့နှင့် ဆူဆူဝေဝေနေရာ ကုန်းဘောင်ခေတ်ဦးသို့မဟုတ်ပျို့စာဆို၏သက်တမ်းတစ်လျှောက်သည် စစ်ရေးမက်ရေးတို့ဖြင့် ရောထွေးယှက်တင်နေခဲ့ပေသည်။
စစ်ရေးနှင့်ကြုံရသဖြင့် စစ်သဘောကိုသိရှိခဲ့သည်။ စစ်အရေးစစ်အမြင်များကြွယ်ဝလာသည်။ အထူးသဖြင့် အလောင်းမင်းတရားကြီး၏ စစ်ရေးအစီအရင်၊ စစ်ရေးအမြင်တို့ ရင်ဝယ်စွဲငြိခဲ့သည်။ စစ်ရေးအောင်မြင်မှုများကို ပြန်ပြောင်းသုံးသပ်လေလေ မင်းတရားကြီး၏စစ်ရေးပရိယာယ် ကြွယ်ဝမှုကို အံ့ချီးမဆုံးဖြစ်ရလေလေ ခံစားလာမိသည်။ မြန်မာ့သေနင်္ဂဗျူဟာအပေါ်တန်ဖိုးထားကာ ဂုဏ်ယူဝင့်ကြွားလိုစိတ်များတဖွားဖွားပေါ် ပေါက်လာသည်။ မိမိကဲ့သို့ပင် စစ်သွေးလုလင်တို့ ဂုဏ်ယူဝင့်ကြွားတန်ဖိုးထားကာ လေးစားလိုက်နာကျင့်သုံးစေလိုသောစေတနာဖြင့် စစ်ပျို့များကိုရေးဖွဲ့ခဲ့ခြင်းဖြစ်ပေသည်။
ပျို့စာဆိုနှင့် ရှေးခေတ်ပညာရှင်တို့ကျေးဇူးကြောင့် ကမ္ဘာဇမ္ဗူမြန်မာလူတို့စစ်ရေးစွမ်းရည်ထက်မြက်ခဲ့ကြသည်။ကျမ်းအသီးသီးလာစစ်ပညာအရပ်ရပ်ကို တိုက်ရင်းလေ့လာ လေ့လာရင်းတိုက်ခဲ့ကြသဖြင့်စစ်ရည်ဝခဲ့ကြသည်။ ကျမ်းအဆိုကိုအခြေခံ၍ လက်တွေ့သရုပ်မှန်နှင့်ပေါင်းစပ်ညှိနှိုင်းလိုက်သောအခါ မြန်မာ့နည်းမြန်မာ့ဟန်အပြည့်အဝရှိသော မြန်မာ့ရေမြေသဘာဝနှင့်ကိုက်ညီဆီလျော်သောမြန်မာ့စစ်ပညာရပ်တို့ တိုးပွားများပြားလာခဲ့ရသည်။
မြန်မာ့ရိုးရာစစ်ပညာကို နည်းနိဿယအဟောင်းအမြင်းအဖြစ် မစွန့်ပစ်ပယ်လိုက်ပေ။ ဟောင်းပင်ဟောင်းသော်လည်း အကောင်းတွေများစွာရှိသည်။ ခေတ်ကာလနှင့် လူမှုဘဝအပြောင်းအလဲကြောင့် အသွင်သဏ္ဌာန်ပြောင်းသော်လည်း အနှစ်သာရမပြောင်း။ အမည်နာမပြောင်းသော်လည်း မူဝါဒမပြောင်း၊ စစ်ရေးအသွင်ပြောင်းသော်လည်း စစ်ရေးအမြင်ကားမပြောင်း။
- သံတမန်ရေးအရဝိုင်းပယ်ခြင်း
- နိုင်ငံရေးအရဖိအားပေးခြင်း
- အဖျက်လုပ်ငန်းများအားပေးခြင်း
- လုပ်ကြံဝါဒဖြန့်သိက္ခာချစော်ကားသော ရေဒီယို၊ ရုပ်သံ၊ စာနယ်ဇင်းတို့ဖြင့် ထိုးနှက်ပုတ်ခတ်ခြင်း၊ သွေးခွဲခြင်း၊ အမှန်အမှားရောမွှေ၍စိတ်လှုပ်ရှားအောင်ဆွခြင်း
- သူလျှိုဒလန်မွေးမြူလျက် အဖျက်အမှောင့်လုပ်ငန်းများထိုးဖောက်လုပ်ဆောင်ရန်ကြိုးစားခြင်း
- စစ်ရေးအရအနှောင့်အယှက်ပေးခြင်း - ကုန်သွယ်ရေးအရတားမြစ်ပိတ်ပင်ခြင်း အစရှိသဖြင့် မိမိနိုင်ငံတော်၏အကျိုးစီးပွားကိုပျက်ပြားအောင် ထိပါးနှောင့်ယှက်ဟန့်တားသူမှန်သမျှကို ထိထိမိမိပြင်းပြင်းထန်ထန် တုံ့ပြန်ချေမှုန်းနိုင်စွမ်းရှိရမည်။
အလုံးစုံသော သေနင်္ဂဗျူဟာအတတ်ပညာဟူသမျှအားလုံးတို့သည် “လှည့်စားခြင်း” အပေါ် အခြေခံသည်ဟူသော သဘောတရားနှင့်အညီ ရန်သူသည် လှည့်စားဖြားယောင်းခြင်းအမျိုးမျိုးဖြင့် မိမိတို့နိုင်ငံသားများကို ဖြိုခွဲလျက်ရှိနေ၏။ ကောင်းစေလိုဟန်ဆောင်လျက် ပျက်ပြားအောင်ဖျက်ဆီးနေ၏။ နိမ့်ကျအောင်ဖိနှိပ်နေကြ၏။ ကြောက်လန့်အောင်ခြိမ်းခြောက်နေ၏။ စစ်သဘောတရားကို နားမလည်သူအချို့တို့ကမသိ။ အငိုက်မိကာရန်သူ့အလိုအကြိုက်သို့လိုက်ပါမိတတ်၏။ ထို့ကြောင့် စစ်ပရိယာယ်ကိုနားလည်ရန်လိုအပ်မည်ဖြစ်၍ အမိနိုင်ငံတော်ကိုအဓွန့်ရှည်စွာခိုင်မာတည်တံ့ရေးအတွက် ရှေးရှေးသောမြန်မာလူငယ်များကဲ့သို့ပင် သေနင်္ဂဗျူဟာအတတ်ပညာကို စိတ်ပါဝင်စားသင့်ပါကြောင်း ဆရာချစ်နိုင်(စိတ်ပညာ)က ကောင်းသောအကြံ မှန်သောအကျင့် သင့်သောအယူဖြစ်ရေး လမ်းညွှန်ပေးခဲ့သည်။
စာဆိုတော်လက်ဝဲသုန္ဒရ၏စစ်ပျို့သုံးစောင်ကိုလေ့လာရာတွင်ပျို့စာကိုယ်ပါစစ်ရေးဆိုင်ရာအကြောင်းအရာများအစီအရင်များနှင့်ဆက်နွှယ်၍ မြန်မာ့သမိုင်းကြောင်းလာစစ်ရေးဖြစ်စဉ်များကိုလည်းသက်ဆိုင်ရာ ရာဇဝင်ကျမ်းများ၊ အရေးတော်ပုံကျမ်းများမှကောက်နုတ်ဖော်ပြခဲ့ခြင်းမှာ မြန်မာတို့၏စစ်ရေးအသွင်၊ စစ်ရေးအမြင်နှင့်စွေးစွေးနီသောမြန်မာ့စစ်သွေးတို့ကို သိရှိခံစားနားလည်စေလို၍ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဆင့်မြင့်မားသည့် မြန်မာ့ဂန္ထဝင်စာပေများကို ခံစားသိတတ်၊ ခံယူတတ်ရန်ရည်ရွယ်သည်။
ဤစစ်ပျို့သုံးစောင်လေ့လာချက်ကျမ်းစာပေကိုလေ့လာခြင်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သော၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သောစစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်မြဲမြံခိုင်ကျည်သော “ကမ္ဘာဇမ္ဗူ မြန်မာလူ”များပေါ်ထွန်းလာရမည်မှာမလွဲပေတည်း။ ။
Source: https://myawady.net.mm/stories

ယနေ့ခေတ် ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် သမိုင်းစဉ်ဆက်ခေတ်အဆက်ဆက်ကတည်းက ရှင်သန်ပေါ်ထွန်းခဲ့သော မြန်မာ့တပ်မတော်ပင်ဖြစ်သည်။ ခရစ်နှစ် ၁၀၄၄ ခုနှစ် ပုဂံခေတ်တွင် ပထမမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော အနော်ရထာမင်းကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ် ၁၅၅၁ ခုနှစ် တောင်ငူခေတ်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ် ၁၇၅၂ ခုနှစ် ကုန်းဘောင်ခေတ်တွင်တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်တို့ကဲ့သို့ပင် ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုမြှင့်တ
ယနေ့ခေတ် ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် သမိုင်းစဉ်ဆက်ခေတ်အဆက်ဆက်ကတည်းက ရှင်သန်ပေါ်ထွန်းခဲ့သော မြန်မာ့တပ်မတော်ပင်ဖြစ်သည်။ ခရစ်နှစ် ၁၀၄၄ ခုနှစ် ပုဂံခေတ်တွင် ပထမမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော အနော်ရထာမင်းကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ် ၁၅၅၁ ခုနှစ် တောင်ငူခေတ်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏မြန်မာ့တပ်မတော်၊ ခရစ်နှစ် ၁၇၅၂ ခုနှစ် ကုန်းဘောင်ခေတ်တွင်တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်တို့ကဲ့သို့ပင် ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုမြှင့်တင်၍ တိုင်းရင်းသားပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထူထောင်ထားသော အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် မျိုးချစ်တပ်မတော်ပင်ဖြစ်သည်။
ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် ယနေ့ချိန်ခါမှ ပြည်သူ့ကြားမှပေါ်ထွန်းလာသော တပ်မတော်တစ်ရပ်မဟုတ်ပါ။ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ဆိုပြီး ဂုဏ်ယူဝင့်ကြွားစေနိုင်သော၊ ခေတ်အဆက်ဆက်ကတည်းက နိုင်ငံသမိုင်းနှင့်အတူ ယှဉ်တွဲပေါ်ထွန်းခဲ့သော မျိုးချစ်တပ်မတော်ဖြစ်သည်။ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကိုဘယ်တော့မှသစ္စာမဖောက်ခဲ့ပါ။ နိုင်ငံနှင့်လူမျိုးအတွက်၊ အမျိုးဘာသာသာသနာအတွက် အမြဲတမ်းတာဝန်ကျေပွန်ခဲ့သော တပ်မတော်လည်းဖြစ်သည်။ ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်သည် အမျိုးကိုကာကွယ်စောင့်ရှောက်လိုသောစိတ်၊ အမျိုးဂုဏ်ကိုမြှင့်တင်လိုသောစိတ်ကိုအခြေခံပြီး ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝသူတို့၏နှလုံးသွေးဖြင့် ပုံဖော်ထုဆစ်တည်ဆောက်ထားသော “မျိုးချစ်တပ်မတော်”ဆိုရင်လည်းမမှားပေ။
တပ်မတော်ဟူသည် စစ်ရေးစစ်ရာအတွက် လက်နက်တပ်ဆင်ထားပြီး ကြည်း၊ ရေ၊ လေ တပ်များစနစ်တကျပါဝင်ဖွဲ့စည်းထားသည့်နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးတပ်ပေါင်းစုကြီးလည်းဖြစ်သည်။ အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ထက်မြက်သော တပ်မတော်တစ်ရပ်ရှိမှသာလျှင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်အေးချမ်းသာယာမှုတို့ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ပထမမြန်မာနိုင်ငံကိုထူထောင်ခဲ့သော အနော်ရထာမင်းကြီးသည် စစ်သည်ရဲမက်များကို အလွယ်တကူ စုစည်းနိုင်ရန် ထောင်ပြုမြို့၊ ရာပြုမြို့၊ဆယ်ပြုမြို့တို့ကို စနစ်တကျထူထောင်နိုင်ခဲ့ခြင်းကြောင့် မြန်မာတို့ဩဇာအာဏာသည် တောင်ဘက်တွင် မလာယုကျွန်း၊ အရှေ့တောင်ဘက်တွင် ကမ္ဘောဒီးယား၊ အရှေ့ဘက်နှင့်မြောက်ဘက်တွင်တရုတ်နယ်စပ်၊ အနောက်ဘက်တွင် ပဋိက္ကရားအထိ ပျံ့နှံ့သက်ရောက်ခဲ့သည်။
အလားတူ ဒုတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီးသည် မြန်မာနိုင်ငံပြင်ပဖြစ်သော မဏိပူရ၊ ကသည်း၊ ရှမ်းကိုးပြည်၊ ဇင်းမယ်နှင့်လင်းဇင်း ပြည်နယ်များကိုလည်းကောင်း၊မြန်မာတို့၏ဩဇာခံဖြစ်လာအောင် သိမ်းသွင်းနိုင်ခဲ့သည်။ စနစ်ကျသောဘုရင့်နောင်၏တပ်တွင် ဆင်တပ်၊ မြင်းတပ်၊ အမြောက်တပ်နှင့်လှံတပ်များ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် မြန်မာ့တပ်မတော်၏စွမ်းအားသည်အရှေ့တောင်အာရှနယ်ပယ်အားလုံးကို ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။
ထိုနည်းတူ တတိယနိုင်ငံတော်ကိုထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်သည်လည်း အင်အားတောင့်တင်းပြီးအရည်အသွေး၊ အဆင့်အတန်းမြင့်မားခဲ့သည်။ အလောင်းမင်းတရားကြီးလက်ထက်တွင် ဆင်တပ်၊ မြင်းတပ်၊ ကြည်းတပ်နှင့်ရေတပ်များအပြင် မြင်းရည်တက်တပ်ဖွဲ့များကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့်အင်အားကြီးမား၍ စွမ်းရည်မြင့်မားသောတပ်မတော်ကို အလောင်းမင်းတရားကြီးလက်ထက်တွင် တွေ့မြင်နိုင်သည်။ ပြည်သူတို့၏စိတ်နှလုံးလည်း အေးချမ်းခဲ့ရသည်။ စီးပွားရေး၊ လူမှုရေးကိစ္စများလည်း အဆင်ပြေစေခဲ့ပြီး တစ်မျိုးသားလုံးမျိုးချစ်စိတ်ဓာတ် ရှင်သန်ခဲ့ရသည်။သို့သော် ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက် ၁၈၂၄ ခုနှစ်တွင်အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲနှင့်နောက်ဆုံး သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲဖြစ်ကာ မြန်မာတို့ထီးကျိုး စည်ပေါက်ထီးနန်းပျောက်ခဲ့ရသည်။ သို့သော်လည်း မြန်မာတို့သည် ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေ အသင်း၊ ၁၉၂၀ ပြည့်နှစ်တွင်ဂျီစီဘီအေအသင်းနှင့် ပထမကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ်တွင်တောင်သူလယ်သမားအရေးတော်ပုံ၊ ၁၉၃၆ ခုနှစ်တွင် ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ်တွင် ရေနံမြေသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံအစရှိသော အမျိုးသားရေးလှုပ်ရှားမှုတို့ဖြင့် နယ်ချဲ့တို့ကိုဆန့်ကျင်တွန်းလှန်တိုက်ခိုက်ခဲ့သော်လည်း နယ်ချဲ့တို့၏လူအင်အားသာလွန်မှု၊ လက်နက်အင်အားကောင်းမွန်မှုတို့ကြောင့် ထင်တိုင်းမဖြစ်ခဲ့ပေ။ မျိုးချစ်စိတ်မည်သို့ပင်ပြင်းပြပါစေ ခေတ်မီဖွံ့ဖြိုးတိုးတက်၍စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ်မဟုတ်သည့်အတွက်ရည်ရွယ်ချက်ပန်းတိုင်နှင့်အလှမ်းဝေးကွာခဲ့သည်။
ထို့ကြောင့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံကာ အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ထက်မြက်သည့်တပ်မတော်တစ်ရပ်ရှိမှသာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်မည်ဟုသိရှိနားလည်ခဲ့သောကြောင့် သခင်အောင်ဆန်းဦးဆောင်သည့် မျိုးချစ်လူငယ်သုံးကျိပ်တို့သည် ဂျပန်တို့၏အကူအညီများရယူ၍ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာရပ်ကို ပင်ပန်းဆင်းရဲခံ၍ ခက်ခဲကြမ်းတမ်းစွာ သင်ယူခဲ့ကြသည်။
ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေအိမ်၌လက်မောင်းသွေးဖောက်၊ သွေးသစ္စာသောက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်သန္ဓေတည်ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ်လည်းကောင်း၊ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့အမျိုးသားတပ်မတော်အဖြစ်လည်းကောင်း၊ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော်အဖြစ်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီးပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ခဲ့သည်။ မျိုးချစ်စိတ်ကိုသန္ဓေတည်ပြီး ရှင်သန်ပေါက်ဖွားခဲ့သော မြန်မာ့တပ်မတော်သည်မည်သို့သောအခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ပါစေ စိတ်ဓာတ်၊စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဆိုသည့် တပ်တိုင်း၊ရဲဘော်တိုင်းထားရှိကြသည့် အခြေခံအရည်အချင်းငါးပါးနှင့်အညီခံယူချက်ကောင်းကောင်း၊ ရည်မှန်းချက်ကောင်းကောင်းဖြင့် ပြည်သူ့ရှေ့ မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ထို့နောက် မြန်မာ့မြေပေါ်မှ နယ်ချဲ့တို့ကို တွန်းလှန်တိုက်ထုတ်ချေမှုန်းခဲ့သည့်အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် အများပြည်သူ မျှော်လင့်တောင့်တခဲ့သော လွတ်လပ်ရေးအောင်ပန်းကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးမရခင်ကလည်းကောင်း၊ လွတ်လပ်ရေးရပြီးချိန်တို့တွင်လည်းကောင်းပြည်တွင်းပြည်ပရန်သူဟူသမျှကို စစ်ဆင်ရေးကြီးပေါင်းများစွာဆင်နွှဲကာ အမိမြေအတွက် တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ တိုင်းပြည်နှင့်လူမျိုးအတွက်၊ အမျိုးဘာသာသာသနာအတွက်အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်တို့ဖြင့်ရဲရဲဝံ့ဝံ့ထမ်းဆောင်ခဲ့သော မြန်မာ့တပ်မတော်၏စွမ်းရည်သည် ကမ္ဘာကပင်အသိအမှတ်ပြု ချီးကျူးခြင်းခံခဲ့ရသည်။
မြန်မာ့တပ်မတော်သားတို့သည် ပြည်သူကိုချစ်သော၊ ကာကွယ်လိုသောစိတ်ဓာတ်တို့ကြောင့် အမိမြေအတွက် အသက်သွေးချွေးပေါင်းများစွာပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုတို့ကြောင့်လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ခဲ့သော ပြည်တွင်းရောင်စုံသောင်းကျန်းမှုတွေကိုလည်း ရင်ဆိုင်တွန်းလှန်ခဲ့ပြန်သည်။
အလားတူ ပြည်တွင်းမငြိမ်သက်မှုကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြသော တရုတ်ဖြူ(ကူမင်တန်)တပ်များနှင့် သောင်းကျန်းသူများကြီးစိုးသောဒေသများကို ကျိုင်းတုံစစ်ဆင်ရေး၊ ပင်လုံစစ်ဆင်ရေး၊ မိုးကြိုးစစ်ဆင်ရေး၊ နဂါးနိုင်စစ်ဆင်ရေး၊ဗန္ဓုလစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးကြီးများဖြင့်အနိုင်ယူကာအနက်ရောင်နယ်မြေများကို အဖြူရောင်နယ်မြေများဖြစ်အောင်ပြောင်းလဲပေးနိုင်ခဲ့သည်။
ပြည်သူ့အရေးအစဉ်တွေးပြီးကာကွယ်စောင့်ရှောက်နေသောမြန်မာ့တပ်မတော်သည် ပြည်သူတို့၏လိုလားချက်နှင့်ဖြစ်ပေါ်လာသော သမိုင်း၏ တောင်းဆိုချက် များအရ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလတွင် အိမ်စောင့်အစိုးရကိုဖွဲ့စည်းကာ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန်တာဝန်ယူခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် မြန်မာ-တရုတ် နယ်နိမိတ်သတ်မှတ်မှုသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ အိမ်စောင့်အစိုးရသည်ထောက်ပံ့ရေးဌာန၊ သမဝါယမနှင့်ဖက်စပ်ကော်ပိုရေးရှင်းများ၏မူနှင့်လုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့်ကိုက်ညီအောင် ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင်မြူနီစီပယ်အုပ်ချုပ်ရေးအဖွဲ့သစ်ကိုဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့တော်ကြီးအား မြို့တော်အင်္ဂါရပ်နှင့်ညီအောင်ဆောင်ရွက်ခဲ့သည်။ တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပနှင့်သာကေတမြို့သစ်တို့ကို တိုးချဲ့တည်ထောင်ပေးခဲ့ပြီး အခြေခံလူတန်းစားများ၏ဘဝများကို လူနေမှုဘဝမြင့်မားအောင် လုပ်ဆောင်ပေးခဲ့သည်။ အိမ်စောင့်အစိုးရအနေဖြင့် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် လွတ်လပ်၍တရားမျှတသောအထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိခဲ့သောသန့်ရှင်းဖဆပလအဖွဲ့သို့ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်တွင် နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ တပ်မတော်သည် စနစ်ကျစွာ နိုင်ငံတော်အာဏာကို လွှဲပေးခဲ့သော်လည်း အာဏာရပါတီ၏မညီညွတ်မှုကြောင့် ပြည်ထောင်စုပြိုကွဲမည့်အခြေအနေသို့ရောက်ရှိခဲ့ပြန်သည်။
ထို့ကြောင့် ၁၉၆၂ ခုနှစ် ပြည်ထောင်စုကြီးပြိုကွဲတော့မည့်အရေးတွင်မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းရယူခဲ့ပြီး တစ်မျိုးသားလုံး၏စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ခဲ့သည်။ တောင်သူလယ်သမား၊ အလုပ်သမားများ၏ဘဝအခက်အခဲများကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး နှီးနှောဖလှယ်ပွဲများကိုပါ ကျင်းပပြုလုပ်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထူထောင်ပြီး ၁၉၇၂ ခုနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုစတင်ရေးဆွဲခဲ့ကာ လူထုထံသို့မူကြမ်းသုံးကြိမ်ချပြခဲ့သည်။ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ၃၁ ရက်အထိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ၁၉၇၄ ခုနှစ်ဇန်နဝါရီလ ၃ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။အတည်ပြုပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၁၉၇၄ ခုနှစ်မတ်လ ၂ ရက်တွင် နိုင်ငံတော်အာဏာကို မူလပိုင်ရှင်အစစ်ဖြစ်သူတိုင်းရင်းသားပြည်သူများအားကိုယ်စားပြုသည့် ပြည်သူ့လွှတ်တော်သို့ ပြန်လည်အပ်နှင်းခဲ့သည်။
ထို့အတူ ၁၉၈၈ ခုနှစ် ပြည်တွင်းဆူပူမှုကာလတွင် နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာဆုံးရှုံးရမည့်အန္တရာယ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ၁၉၈၈ ခုနှစ် စက်တင်ဘာလ၁၈ ရက်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်း၍ နိုင်ငံတော်အာဏာအရပ်ရပ်ကို ရယူထိန်းသိမ်းခဲ့ရပြန်သည်။ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ကာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းရေး၊ အများပြည်သူလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေးနှင့် ပြည်သူတို့၏စားဝတ်နေရေးချောင်လည်စေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအချိန်နှင့်တစ်ပြေးညီ အဆင်ပြေစွာသွားလာနိုင်စေရန် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းနှင့် မြို့သစ်များကိုပါ တိုးချဲ့တည်ဆောက်ပေးခဲ့သည်။ မြန်မာနိုင်ငံအနှံ့ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စိုက်ပျိုးရေဖူလုံစေရန် ဆည်မြောင်းတာတမံများကိုလည်း အဆင့်မြင့်မားစွာ တည်ဆောက်ပေးခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ်ကြိုးပမ်းရင်း ဈေးကွက်စီးပွားရေးစနစ်ကိုပါအကောင်အထည်ဖော်ဆောင်ပေးခဲ့သည်။ ထို့ပြင် ၁၉၉၇ ခုနှစ်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့အား တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက်မှာတော့ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဟု ပြောင်းလဲပြင်ဆင်ပြီး အမျိုးသားစွမ်းအားကိုထူထောင်ပေးခဲ့သည့်အပြင် အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုအကျိုးစီးပွားကိုပါ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်တာဝန်ယူနေစဉ်အတွင်း အဘက်ဘက်က ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်တွင် ပါတီစုံဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာသောအစိုးရထံ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
ပြည်သူ့အရေးဆို ခေတ်အဆက်ဆက်တာဝန်ကျေပွန်ခဲ့သောမြန်မာ့တပ်မတော်သည် မည်သို့သောအကြောင်းတရားများနှင့် ရင်ဆိုင်ကြုံတွေ့ပါစေ စနစ်မှန်၊ နည်းလမ်းမှန်ဖြင့် ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးလျက်ရှိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည့်အတွက်တပ်မတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)တွင်ပါရှိသော “ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများပြုနိုင်ရန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများကိုလွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့်ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟုမှတ်ယူရမည်။ ယင်းလွှတ်တော်များ၏သက်တမ်းကုန်ဆုံးသည့်အခါသက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက်ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်”ဟုပါရှိသည်နှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကိုလက်ခံရယူပြီး ဖေဖော်ဝါရီလ ၁ ရက်မှစ၍ အမျိုးသားနိုင်ငံရေးတွင်ပါဝင်ဆောင်ရွက်ခဲ့ရပြန်သည်။
မြန်မာ့တပ်မတော်သည် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို သယ်ပိုးနိုင်ရန်အမျိုးသားနိုင်ငံရေးကို ထမ်းဆောင်လျက်ရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)၊ ပုဒ်မ(၂၀)၊ ပုဒ်မခွဲ(င)တွင်ပါရှိသော “ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်အဓိကတာဝန်ရှိသည်”ဟု ပြဋ္ဌာန်းချက်အရလည်းကောင်း၊ ပုဒ်မ(၂၀)၊ပုဒ်မခွဲ(စ)တွင်ပါရှိသော “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”ဟု ပြဋ္ဌာန်းချက်အရလည်းကောင်း၊ နိုင်ငံတော်၏ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းသောတာဝန်များကိုပါကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ ယင်းမှာ နိုင်ငံတော်၏အခြေခံမူများတွင်ပါဝင်သော “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင်တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”ဟူသော ပြဋ္ဌာန်းချက်အရ ပါဝင်ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့ မြန်မာ့တပ်မတော်သည် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စများကို တစိုက်မတ်မတ် အားသွန်ကြိုးပမ်းဆောင်ရွက်ရင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိသည်။ နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်း၊ မဟာစင်မုန်တိုင်း၊ တာလေငလျင်၊ စစ်ကိုင်းငလျင်၊ ပုဂံငလျင်၊ ဧရာဝတီရေဘေး၊ကလေးရေဘေး အစရှိသော မြန်မာနိုင်ငံအနှံ့အပြားတို့တွင် ဖြစ်ပေါ်ခဲ့သောပြည်သူလူထုအပေါ်ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်များကိုလည်း လူသားချင်းစာနာစိတ်အပြည့်အဝထားပြီး အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်ကူညီဆောင်ရွက်ခဲ့သည်။ ၁၉၈၈ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရေလှောင်တမံစီမံကိန်းနှင့် မြစ်ရေတင်စီမံကိန်းကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊လေကြောင်း/ရေကြောင်း ပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့်လူမှုရေး၊ စီးပွားရေးအစရှိသောတိုင်းပြည်၏ကဏ္ဍအသီးသီးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ပြည်သူနှင့်လက်တွဲပြီးကာကွယ်စောင့်ရှောက်လျက်ရှိသလို ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာကိုလည်း အသက်သွေးချွေးပေါင်းများစွာတို့ဖြင့် ပေးဆပ်စောင့်ရှောက်ခဲ့သည်မှာ ခေတ်အဆက်ဆက်ပင်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာ့တပ်မတော်သည် စတင်သန္ဓေတည်ပေါ်ပေါက်လာစဉ်ကတည်းက ပြည်သူနှင့်အတူလက်တွဲ၍ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းမှု၊ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှု၊ ပြည်ပကျူးကျော်မှုကိုနှိမ်နင်းခြင်းနှင့် တိုင်းရင်းသားရင်ကြားစေ့ရေးလုပ်ငန်းကို ဖော်ဆောင်ခဲ့သည်။
ထို့ပြင် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ခြင်းနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ သို့ဖြစ်ပါသောကြောင့် တိုင်းပြည်အရေးကိစ္စကြုံလာတိုင်း အသက်သွေးချွေး စဉ်မနှေး၊ ပေးဆပ်သည်မှာ တပ်မတော်ပါဆိုသည့်အတိုင်းအစဉ်အလာကောင်းများဖြင့် ပြည်သူ့အရှေ့မှာအမြဲအသင့်ရှိနေသည့်တပ်မတော်ပင်ဖြစ်ပါကြောင်းနှစ်(၈၀)ပြည့် တပ်မတော်နေ့အားဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။

၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် သမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့သော မြန်မာ့တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက်နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ပြီး အသက်သွေးချွေးအစဉ်မနှေးဘဲပေးဆပ်လာခဲ့သည်မှာ နှစ်(၈၀)တိုင်ခဲ့ပြီဖြစ်သည်။ ရှေ့ဆက်၍ လည်း နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးအတွက် ဦးလည်မသုန် ထမ်းရွက်နေမည်သာဖြစ်သည်။

မြန်မာနိုင်ငံသည် ရှေးကာလများကတည်းက ရေမြေနယ်နိမိတ်ပိုင်နက်၊ တိုင်းရင်းသားပြည်သူများ၊ တိုင်းပြည်ကို အုပ်ချုပ်သူ၊ အချုပ်အခြာအာဏာ ပိုင်စိုးခြင်းတို့ပြည့်စုံလျက် စည်းလုံးညီညွတ်သော သမိုင်းကြောင်းရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာခဲ့သည့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားဦးအောင်ဇေယျတို့ လက်ထက်တွင် ပိုင်နက်နယ်ပယ်ကျယ်ဝန်းပြီး ခမ်းနားထည်ဝါစွာ သာယာဝပြောသော နိုင်ငံတော်အဖြစ် တည်ထောင်နိုင်ခဲ့ကြသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းသော မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်တွင် အနောက်နိုင်ငံများ၏ လုပ်ကြံသွေးထိုးမှုကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ရသည်။ ထို့နောက် နယ်ချဲ့အင်္ဂလိပ်တို့က စစ်သုံးကြိမ်ပြုပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သဖြင့် မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်။ လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် နိုင်ငံတစ်ဝန်းနယ်ချဲ့ တော်လှန်ရေးများကို ဆင်နွှဲခဲ့သော်လည်း စနစ်တကျဖွဲ့စည်းမှုမရှိခြင်းနှင့် လက်နက်အင်အားမမျှတခြင်းတို့ကြောင့် နောက်ဆုံးတွင် အင်္ဂလိပ်တို့ကို အရေးနိမ့်ခဲ့ရသည်။
ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ခေတ်မီတပ်မတော် ဖွဲ့စည်းနိုင်ရေး ဂျပန်တို့ထံတွင် စစ်ပညာသင်ယူခဲ့သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်ဘုရင့်တပ်မတော်နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းများခွဲ၍ ဝင်ရောက်ခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ထုတ်လိုက်သည်။ အင်္ဂလိပ်တို့ဆုတ်ခွာသွားသော်လည်း ဂျပန်တို့သည်လွတ်လပ်ရေးပေးမည့် ကတိကို ပျက်ကွက်ခဲ့သည့်အပြင် ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့သဖြင့် တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သမိုင်းဝင်ဖက်ဆစ် တော်လှန်ရေးကြီးကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူ လက်တွဲဆင်နွှဲခဲ့ကြသည်။ မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ်သတ်မှတ်ခဲ့ရာ ယခုနှစ်ဆိုလျှင် နှစ်(၈၀)တိုင်ခဲ့ပြီဖြစ်သည်။
ယနေ့မြန်မာ့တပ်မတော်၏ အမြုတေတပ်မတော်အဖြစ် စတင်ခဲ့သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့အမျိုးသားတပ်မတော်၊ မျိုးချစ်ဗမာ့တပ်မတော်၊ ဗမာ့တပ်မတော်အဖြစ် အဆင့်ဆင့်အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ တပ်မတော်သည် မည်သို့ပင်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း ပြည်သူလူထုနှင့် လက်တွဲပြီး လွတ်လပ်ရေး ရရှိအောင်ဆောင်ရွက်ပေးခဲ့သည့်အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် အတူပေါက်ဖွားလာခဲ့သော တပ်မတော်အဖြစ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာသည်။ ၁၉၄၉ ခုနှစ်ဝန်းကျင်တွင် အဆိုးရွားဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီး ရန်ကုန်အစိုးရဟုပင် လှောင်ပြောင်ခေါ်ဆိုခံရသည့် အခြေအနေအထိဖြစ်ပေါ်ခဲ့သည်။ တပ်မတော်သည် ပြည်တွင်းရောင်စုံသောင်းကျန်းသူများကို နှိမ်နင်းစဉ်မှာပင် တရုတ်ဖြူ(ကူမင်တန်)နှင့် မူဂျာဟစ်ကုလားဆိုး သောင်းကျန်းမှု စသောပြည်ပ ကျူးကျော်မှုများကိုလည်း နှိမ်နင်းခဲ့ရသည်။
မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ ပကတိလိုအပ်ချက်နှင့် ပြည်သူတို့၏ လိုအင်ဆန္ဒများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလတွင် တပ်မတော်သည် အိမ်စောင့်အစိုးရ တာဝန်ရယူပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ သောင်းကျန်းသူ နှိမ်နင်းရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရေး စသောနိုင်ငံတော်၏ ပကတိလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုပြိုကွဲမည့် အခြေအနေသို့ရောက်ရှိလာသဖြင့် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ တောင်းဆိုမှုနှင့်အတူ ဆူပူဆန္ဒပြမှုများ ပြင်းထန်လာမှုကြောင့် အစိုးရပြိုကွဲသွားပြီး တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို စောင့်ရှောက်ရယူချိန်တွင်လည်း တပ်မတော်သည် ပြည်သူတို့၏ လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် လိုအပ်သော အခြေခံအုတ်မြစ်များကို ချမှတ်ပေးခဲ့သည်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သောဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်း ပေးနိုင်ခဲ့သည့်အပြင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အနိုင်ရရှိသည့်ပါတီထံ နိုင်ငံ့တာဝန်အရပ်ရပ်ကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေး ကမကထပြု ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ပေါ်ပေါက်လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် ယခင် NLD အစိုးရ၏ ရွေးကောက်ပွဲမဲမသမာမှုမှတစ်ဆင့် နိုင်ငံတော်အာဏာအား မသမာသည့်နည်းလမ်းဖြင့် အဓမ္မရယူခဲ့သည်ကိုတားဆီးရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာပြီး ပေါ်ပေါက်လာသော အစိုးရဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူပြီးချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ်ကာ နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ခဲ့ရာ ယခုအခါ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်နှင့်အညီ အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါရှိသော နောက်ဆုံးအချက်သည် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟု အတိအလင်းဖော်ပြထားသည်။ ထိုသို့ဆောင်ရွက်နိုင်ရေး အဓိကလိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။
တပ်မတော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရာတွင် အဓိကအခြေခံ အချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့အပေါ်၌ ခိုင်ခိုင်မာမာရပ်တည် သွားမည်ဖြစ်သည်။ ယနေ့ချမှတ်ထားသော နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၀(စ)အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် တပ်မတော်သည် မည်သည့်ခေတ်၊ မည်သည့်အစိုးရပင်ဖြစ်စေ “ပြည်သူသာအမိ၊ ပြည်သူသာအဖ”ဟုခံယူပြီး နိုင်ငံတော်ကိုပါတီစုံစနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနှင့် ပြည်သူလူထုအကျိုးအတွက် ကာကွယ် စောင့်ရှောက်သူအဖြစ် အစဉ်အမြဲဆက်လက် တည်ရှိနေမည်ပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် နိုင်ငံ၏ ပထဝီအနေအထား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ စသည့်အကြောင်းအရာ၊ အချက်အလက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့်သင့်လျော်သည့် နိုင်ငံရေးစနစ်တစ်ခု ချမှတ်လျှောက်လှမ်းမြဲဖြစ်သည်။ မည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သည်။
ဒီမိုကရေစီဆိုသည်မှာ ပြည်သူတစ်ရပ်လုံး အကြားအလပ်မရှိ ပါဝင်ဖော်ဆောင်ခြင်းဖြစ်သဖြင့် ကဏ္ဍအသီးသီးတွင် တည်ငြိမ်အေးချမ်းမှု အရေးကြီးသည့်အတွက် ၂၀၂၅ ခုနှစ် နှစ်(၈၀)ပြည့်တပ်မတော်နေ့ ဦးတည်ချက်များဖြစ်သည့်-
(၁) ဒို့တာဝန်အရေး(၃)ပါးကို အစဉ်အမြဲဦးထိပ်ပန်ဆင်ပြီး တပ်မတော်၏ အဓိကလုပ်ငန်းကြီး(၃)ခုဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့်ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များအား ကျရာအခန်းကဏ္ဍ မှအားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရေး။
(၂) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့်ထာဝရ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်ရေး။
(၃) နိုင်ငံတော်နှင့်နိုင်ငံသားများ အပေါ်ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ လူမှုဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရေး။
(၄) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေး ။
အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေးတို့တွင် ပြည်သူလူထုတစ်ရပ်လုံးက တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရေး လိုအပ်ကြောင်း မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့်“တပ်မတော်နေ့”ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ တမူး-ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယအစိုးရက ပြန်လည် သိမ်းယူပြီး မဏိပူရပြည်နယ်အတွင်း ထည့်သွင်းပေးရန် မဏိပူရ်ပြည်နယ် လွှတ်တော်အမတ်က အိန္ဒိယ အထက်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာနယ်စပ် မြို့များမှာကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါသည်။လွန်ခဲ့ဆယ်နှစ်ခန့်မှာ ရုရှားက ယူကရိန်းခရိုင်းမီးယား ကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းသွင်းခဲ့ခြင်းနည်းတူကဘော်ချိုင့်ဝှမ်းသည် အိန္ဒိယနှင့် မြန်မာအကြား တုတ်တပြက်၊ ဓားတပြက် ဖြစ်လာမည်လားဟု နှစ်နိုင်ငံပြည်သူများအတွင်း မှာသာမက နိုင်ငံတကာ မှာပါ လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ တမူး-ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယအစိုးရက ပြန်လည် သိမ်းယူပြီး မဏိပူရပြည်နယ်အတွင်း ထည့်သွင်းပေးရန် မဏိပူရ်ပြည်နယ် လွှတ်တော်အမတ်က အိန္ဒိယ အထက်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာနယ်စပ် မြို့များမှာကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါသည်။လွန်ခဲ့ဆယ်နှစ်ခန့်မှာ ရုရှားက ယူကရိန်းခရိုင်းမီးယား ကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းသွင်းခဲ့ခြင်းနည်းတူကဘော်ချိုင့်ဝှမ်းသည် အိန္ဒိယနှင့် မြန်မာအကြား တုတ်တပြက်၊ ဓားတပြက် ဖြစ်လာမည်လားဟု နှစ်နိုင်ငံပြည်သူများအတွင်း မှာသာမက နိုင်ငံတကာ မှာပါ လှုပ်လှုပ် ခတ်ခတ်ဖြစ်ခဲ့ရပါသည်။
မြန်မာ ချင်းတွင်းမြစ် နှင့် အိန္ဒိယ မဏိပူရပြည်နယ်အကြား ၈.၅၇၅ စတုရန်းမိုင်ကျယ်ဝန်းသော မြေပြန့် လွင်ပြင်ဒေသသည် ၁၄၅ဝ ပြည့်နှစ်ကတည်းက မဏိပူရ၏ နယ်မြေ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ၁၉၅၃ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နေရူးက မြန်မာဝန်ကြီးချုပ် ဦးနုထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း မဏိပူရလွှတ်တော်အမတ်ကစွပ်စွဲပြောခဲ့ပါသည်။
၎င်းပြောသည့် အတိုင်း မှန်ကန်ပါသလားဟု လက်လှမ်းမီသမျှ ရှာဖွေကြည့်မိပါသည်။ ၁၄၇ဝ ပြည့်နှစ်မှာ မေထေး(ကသည်း) ဘုရင်နှင့် တိုင်(ရှမ်း) ဘုရင်တို့က “ကဘော်” ဟု ခေါ်သည့် အဆိုပါ နယ်မြေကို အတူတကွ အောင်နိုင်ခဲ့ကြောင်း မဏိပူရ် သမိုင်းမှတ်တမ်းများမှာ တွေ့ရှိရပါသည် ။ယနေ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းခရိုင် သောင်ထွဋ်မှ ယနေ့ ချင်းပြည်နယ် အစပ် ခန်းပတ်မြို့အထိ ဖြစ်ဖွယ် ရှိပါသည်။ ၎င်းတို့နှိမ်နင်းခဲ့သည် ဆိုသော “ကျန်း” ဆိုသည်မှာ ယနေ့ “ချင်း” လူမျိုးများဖြစ်ပြီး အိန္ဒိယဘက်မှာ “ကူကီး” ဟု ခေါ်ပါသည်။ မေထေး တို့သည် မြန်မာဘက်မှာ ကသည်းများအဖြစ် သိရှိကြပြီး ဇာတ်မြင့် ဟိန္ဒူ ပုဏ္ဍားများဖြစ်ကြပါသည်။
အိန္ဒိယနိုင်ငံ၏အဓိကလူမျိုးနွယ်ကြီး ၄-ခုမှာ လူမျိုးစုပေါင်း ၂၀၀၀ ခန့်ရှိပါသည်။ အဆိုပါလူမျိုးစု များသည် အရှေ့မြောက် ပြည်နယ် (၈) တွင် အများဆုံးနေထိုင်ကြပြီး ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကွာခြားကြ ပါသည်။ ချင်း မျိုးနွယ်ကြီးတစ်ခုတည်းမှာပင် ချင်းလူမျိုးစု ၇၀ ခန့် ရှိပြီး ၄၀ ခန့်မှာ မြန်မာပြည်ဘက်ရောက်နေပါသည်။ အတိတ်ကာလ ကမ္ဘာအရပ်ရပ်မှာ ကျေးရွာ များကို စုပေါင်းပြီး မြို့ပြနိုင်ငံအဖြစ်ထူထောင်အုပ်ချုပ်သော ဘုရင့်နိုင်ငံငယ်များ ထွန်းကားခဲ့ပါ သည်။ ၁၅၅၅-ခုနှစ် တောင်ငူ မင်းဆက် ဘုရင့်နောင်လက်ထက် ယနေ့ခေတ် မြန်မာ ဖြစ်လာမည့် တစ်နိုင်ငံလုံးကို စုစည်းခဲ့ရာမှာ မဏိပူရနှင့် အာသံသည် မြန်မာဘုရင်လက်အောက်ခံ သက်ဆိုင်ရာ စော်ဘွားများ အုပ်ချုပ်သည့် နယ်မြေ ဖြစ်လာပါသည်။ ယနေ့ခေတ် မဏိပူရ်တို့ကို ကမ္ဘာသိဖြစ်စေမည့် “ပိုလိုကစားနည်း” အတွက် မြင်းစီးခြင်း အတတ်ပညာကို မြန်မာတို့ထံမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ သို့သော် မြန်မာတို့ အင်အား ချိနဲ့သည့် (၁၇၁၄-၁၇၅၄) ခုနှစ်၌ ကသည်းတို့သည် စစ်ကိုင်းနှင့် အင်းဝမြို့တော်အထိ လာရောက် တိုက်ခိုက်ခဲ့ဖူးပါသည်။
၁၇၅၂ ခုနှစ်၊ ကုန်းဘောင်မင်းဆက်အလောင်းဘုရားက တတိယမြန်မာနိုင်ငံတော်ကို ပြန်လည် စုစည်းစဉ် သောင်ထွဋ်-တမူး-ကလေးနှင့် ခန်းပတ်အပါအဝင် မဏိပူရနှင့် အာသံတို့လည်း ပါဝင်ခဲ့ပါ သည်။၁၈၂၄ ခုနှစ် ဘကြီးတော်မင်းလက်ထက် အာသံ-မဏိပူရအရေးနှင့်ပတ်သက်ပြီး အင်္ဂလိပ်-မြန်မာပထမစစ်ပွဲဖြစ်ပွားခဲ့ပါသည်။၂ နှစ်ခန့်အကြာမှာ မြန်မာတို့စစ်ရှုံးသည့်အတွက် စစ်လျော်ကြေး စတာလင်ပေါင် တစ်သန်းအပြင် ကမ်းရိုးတန်းဒေသ ရခိုင်နှင့် တနင်္သာရီတို့ကို အင်္ဂလိပ်ထံ ပေးအပ် ရပါသည်။ အာသံနှင့် မဏိပူရတို့ကိုလည်း မြန်မာတို့လက်လွှတ်ခဲ့ရသော်လည်း ကဘော်ချိုင့်ဝှမ်း သည် မြန်မာ့ပိုင်နက်အဖြစ် အင်္ဂလိပ်က သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အင်္ဂလိပ် သံအမတ်ဖြစ်သူ မေဂျာဘာနေး၏ “၁၃၇ဝ ပြည့်နှစ်မှ စစ်ပွဲမတိုင်မီ ၁၂ နှစ်အထိ ကဘော်ချိုင့်ဝှမ်းသည် မြန်မာတို့ ပိုင်နက်ဖြစ်ကြောင်း” အိန္ဒိယဘုရင်ခံချုပ်ထံ အစီရင်ခံချက်သည် အမှန်ဖြစ်ပါလိမ့်မည်။ မြန်မာနောက်ဆုံး မင်းဆက် မင်းတုန်း-သီပေါမင်းဘုရင်တို့လက်ထက် ဝန်ကြီး ၄ ပါးအနက် “ခန်းပတ်မင်းကြီး”သည် အဆိုပါမြို့ကို စားရသော ဘုန်းကြီးလူထွက်ဖြစ်ကြောင်း တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။ ကဘော်ချိုင့်ဝှမ်းအတွက် မဏိပူရထံ လစဉ် ရူးပီး ၅၀၀ ပေးရသည် ဆိုသည်မှာ ဗြိတိသျှအိန္ဒိယအစိုးရက ပေးခြင်းဖြစ်ပါသည်။ နေရူး၏ဦးနုထံလက်ဆောင်က အထောက်အထား မတွေ့ရပါ။ တမူးမြို့နယ်အတွင်း ပါဝင်သည့် ချင်းနယ်စပ် ခန်းပတ်မြို့ကို ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလမှာ PDF တို့က သိမ်းယူထားပါသည်။ လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းသောင်းကျန်းမှုအတွင်း ရှေးယခင် ကျွန်တော်တို့ ဘိုးဘေးများ ထူထောင်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အချုပ်အခြာပိုင်နက်မှာ စိန်ခေါ်မှုများ ပြည့်နှက်လာပါသည်။ မြို့ပေါင်း ၉၀ ခန့် ကို လက်နက်ကိုင်အုပ်စုအသီးသီးတို့က တိုက်ခိုက်သိမ်းပိုက်ထားပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တို့က ၎င်းတို့လူမျိုးစုအလိုက် ကွန်ဖက်ဒရေးနိုင်ငံငယ် ထူထောင်မည့်အကြောင်း ကြုံးဝါးနေကြစဉ် အိမ်နီးချင်း တိုင်းပြည်များကလည်း နယ်စပ် မြန်မာနယ်မြေအချို့သည် ၎င်းတို့အပိုင်ဖြစ်ကြောင်း စစ်ရေးလှုပ်ရှားမှုများအထိ တွေ့ရှိလာ ရပါသည်။
စင်စစ်၌ ယနေ့ကမ္ဘာမှာ ကွန်ဖက်ဒရေးရှင်းများ စုပေါင်းပြီး တိုင်းပြည်တစ်ခုတည်းအဖြစ် ထူထောင် ထားခြင်း တစ်နိုင်ငံမျှ မရှိပါ။ ၁၇၇၅-၁၇၈၃ ခုနှစ် အင်္ဂလိပ်ကို တော်လှန်ပြီး ကွန်ဖက်ဒရေးရှင်း ပြည်နယ်များနှင့် ထူထောင်ခဲ့သည့် အမေရိကန်ပြည်ထောင်စုသည် ယခုလို ပြည်ပ ခြိမ်းခြောက်မှု များကို တွန်းလှန်နိုင်မှု မရှိခြင်းအပါဝင် အခြား ဘဏ္ဍာရေး ဥပဒေရေးပြဿနာများကြောင့် (၁၈၆၁-၁၈၆၅ ခုနှစ်) ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရပါသည်။ ကွန်ဖက်ဒရေးရှင်းများ၏အားနည်းချက်ကိုမြန်မာပြည် မည်သည့်မီဒီယာ မည်သည့်နိုင်ငံရေးသမားမျှ မရေးကြ ၊မပြောကြပါ၊ ကဘော်ချိုင့်ဝှမ်း နှင့် မဏိပူနိုင်ငံရေးသမားများကတော့ ကွန်ဖက်ဒရေးရှင်းထူထောင်မည် ဆိုသည့် မြန်မာ လက်နက်ကိုင် များကို သင်ခန်းစာ ပေးနေပါပြီ။

“နယူးဒေလီအနေဖြင့် “ကြက်လည်ချောင်းစင်္ကြံ” ဟု အများသိထားကြသည့် “ဆီလီဂူရီတောင်ကြားလမ်း” တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သင့်ကြောင်း ၊ ဒေသခံပြည်သူတို့လည်းပါဝင်သည့် အဆိုပါ လေ့ကျင့်မှုအတွက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်ကို အသိပေးရမည်ဖြစ်ပြီး ယင်းနည်းလမ်း ဖြင့် အိမ်နီးချင်းနိုင်ငံကို ရှင်းလင်းပြတ်သားသည့် သတင်းစကားပေးပို့ရာ ရောက်ရှိလိမ့်မည်” ဟု အိန္ဒိယစစ်ရေးလေ့လာသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ပရာဒစ်ဘာလီက “ထရိုင်ဗြွန်း သတင်းစာ” ၌ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာရေးသားခဲ့ပါသည်။

ဆီလီဂူရီစင်္ကြံသည် အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသကို ဆက်သွယ် ပေးထားပြီး စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆက်သွယ်မှုများအတွက် အရေးပါသည့် ကုန်းလမ်း ဖြစ်ပါသည်။(၁၂)မိုင်မှ(၁၄)မိုင်ခန့်သာ ကျယ်ဝန်းပြီး အရှေ့မြောက်မှ အနောက်တောင် ခပ်စောင်းစောင်း မိုင်(၁၂၀)မျှ ရှည်လျားစွာတည်ရှိနေပုံအရ ‘ကြက်လည်ချောင်းစင်္ကြံ’ ဟု ခေါ်ဆို ကြခြင်းဖြစ်ပါသည်။ နိုင်ငံ့မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းကို ဆက်သွယ်ထားသည့် နယ်မြေ သည် ထိုနေရာမှာ ရုတ်တရက်ကျဉ်းမြောင်းသွားသလိုဖြစ်နေပါသည်။ မြောက်ဘင်္ဂလားဒေသကို အာသံပြည်နယ်နှင့်ဆက်သွယ်ပေးထားပြီး၊ အနောက်ဘက်မှာ နီပေါနိုင်ငံ၊ မြောက်ဘက်မှာ ဘူတန် နှင့် တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်တို့က ဝန်းရံထားပါသည်။ အိန္ဒိယ-နီပေါနယ်စပ်ရှိ နာဇာဘာရီ နှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖန်ဆီဒီဝါတို့အကြား တောင်ကြားဟာ (၁၂) မိုင်သာရှိသည့် အတွက်အကျဉ်းဆုံးဟု ဆိုနိုင်ပါသည်။ နီပေါနိုင်ငံက ကာဘီတာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဂလာ ဘန်ဒါတို့အကြား ကုန်သွယ်ရေး ဘုံလမ်းကြောင်းသည် (၁၈)မိုင်ခန့်ရှိနေပြီး ဘူတန်နှင့် ဘင်္ဂလားဒေ့ရှ်ကြား အိန္ဒိယနယ်မြေ၏ အကျဉ်းဆုံးနေရာသည် (၂၇)မိုင်ရှိပါသည်။
အမှတ် (၁၇)နှင့် (၂၇) အဝေးပြေးလမ်းမကြီး၊ မီးရထားလမ်း ရေနံ-ဓာတ်ငွေ့ပိုက်လိုင်းများနှင့် အမျိုးသားဓာတ်အားလိုင်းများ ဖြတ်သန်းသွားပြီး လေယာဉ်ကွင်း (၂)ခု မြို့ကြီး (၃)မြို့နှင့် အရေးကြီး စစ်ဌာနချုပ်များသည် အဆိုပါတောင်ကြား နယ်မြေအတွင်း တည်ရှိနေပါသည်။မြောက်ဘက် ဘူတန်နိုင်ငံ တောင်ပိုင်းသည် တရုတ်နိုင်ငံ ချမ်ဘီ ချိုင့်ဝှမ်းနှင့် (၂၅) မိုင်ခန့် ကွာဝေးပါသည်။ သို့သော် စင်္ကြံ၏ တောင်ဘက်တစ်လျှောက်လုံးက ဘင်္ဂလားဒေ့ရှ်နယ်စပ်မြစ်ဝှမ်း ဒေသဖြစ်နေပြီး တောင်ကုန်းများကြား တိုးဝင်နေသည့် ရွံ့နွံအတိဖုံးလွှမ်းရာဧရိယာဖြစ်နေပါသည်။
သုံးနိုင်ငံအကြား နယ်စပ်တစ်လျှောက် စောင့်ရှောက်ရမည့် အလုပ်သည် ဥပဒေမဲ့ ရွှေ့ပြောင်း နေထိုင်သူများ၊မှောင်ခိုသမားများ၏ ရန်ကိုကာကွယ်ရန်အတွက်ပင် အတော်ခက်ခဲနေပါပြီ။ အိန္ဒိယဘက်မှာရော ဘင်္ဂလားဒေ့ရှ်ဘက်မှာပါ လူဦးရေ ပြွတ်သိပ်နေထိုင်ကြပါသည်။ (ရှိတ်ဟာဆီနာ ဖယ်ရှားခံရပြီးနောက်ပိုင်း) အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်၏ မငြိမ်သက်မှုနှင့် အကြမ်းဖက်မှု များက နယ်စပ်ကို ဖြတ်ကျော်ပြီး အထူးသဖြင့် ဆီလီဂူရီစင်္ကြံလမ်းမျိုးလို ထိရှလွယ်ဒေသများ အပေါ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ရောင်ပြန်ဟပ်နေပါသည်။ အဆိုပါဒေသ၏ မြေမျက်နှာ သွင်ပြင်နှင့် တည်ရှိနေပုံ ထူးခြားချက်က အဖျက်အမှောက် လုပ်ဆောင်လိုသူများအတွက် မျက်စိ ကျချင်စရာဖြစ်နေပြီး သမားရိုးကျမဟုတ်သည့် နည်းလမ်းများကို အလွယ်တကူ အသုံးချ နိုင်ပါသည်။
ဆီလီဂူရီချိုင့်ဝှမ်းအတွက် သာမန်သမားရိုးကျ ခြိမ်းခြောက်မှုတစ်ခုခုသည် အလွန်အမင်း ကြီးကျယ် လိမ့်မည်ဟု ထင်မှတ်စရာရှိပါသည်။ အကယ်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)က ဘူတန်နိုင်ငံမှတစ်ဆင့် မြောက်ဘက်မှဖြစ်စေ ဘင်္ဂလားဒေ့ရှ်တပ်တွေက တောင်ဘက်မှဖြစ်စေ ဝင်ရောက်လာမည်ဆိုပါက တားဆီးရန်အတွက် အိန္ဒိယတပ်မတော်အနေဖြင့် ပုံမှန်မဟုတ်သည့် အခင်းအကျင်းမျိုးနှင့်စစ်ခင်းရပါလိမ့်မည်။ အမှန်တကယ် ခြိမ်းခြောက်မှုမှာ သမားရိုးကျမဟုတ်သည့် နည်းလမ်းအမျိုးမျိုး ရှိနေပါသည်။ဥပဒေမဲ့ ဖြတ်ကျော် ဝင်ရောက်မှုများ၏ များပြားလှသည့် အရေအတွက်က လူဦးရေ ပြောင်းလဲမှုကို အရှိန်မြှင့်ပေးနေပြီး၊ လူမျိုးရေးအရ ပုန်ကန်မှုများ နှင့် နယ်ခြားတစ်ဖက်မှ ထောက်ပံ့မှုများသည် လုံခြုံရေးဆိုင်ရာအမှန်တကယ်စိန်ခေါ်မှုများ ဖြစ်နေပါသည်။
ဘင်္ဂလားဒေ့ရှ်မှ ဥပဒေမဲ့ရွှေ့ပြောင်းနေထိုင်မှုများသည် အဆိုပါဒေသ၏လူမျိုးအရ ဖွဲ့စည်း တည်ရှိနေဟန်ကို ထိခိုက်စေခဲ့ပါသည်။ အလုပ်သမားများ၊ ပြည်တွင်းလုပ်သားများနှင့် နယ်စပ် ဖြတ်ကျော် မှောင်ခိုမှုများအပါအဝင် အငယ်စားစီးပွားရေးလုပ်ငန်းများ အသွင်နှစ်ပေါင်းများစွာ အုံဖွဲ့ထားသလို ရှိနေပါသည်။ အဆိုပါအချက်များ အားလုံးသည် အိန္ဒိယ၏ အရေးပါသည့် ဒေသတစ်ခုမှာ မငြိမ်သက်မှုများဖန်တီးပေးမည့် လူသားအရင်းအမြစ်ကိုပံ့ပိုးပေးနေပါသည်။
အာသံနှင့် အရှေ့မြောက်ဖျားပြည်နယ်(၇)ခုသည် အလွန်ရှုပ်ထွေးများပြားလှသော လူမျိုးစု အသီးသီး တို့နေထိုင်ရာဖြစ်ပြီး တချို့လူမျိုးစုများသည် သီးခြားအုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေးရရှိရေး အတွက် နယူးဒေလီကို ပုန်ကန်တိုက်ပွဲဝင်နေကြပါသည်။ လူမျိုးစုအချင်းချင်း အဓိကရုဏ်း များလည်း မကြာခဏဖြစ်ပွားတတ်ပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နှင့်ထိစပ်နေသည့် အာရူနာ ချယ်ပရာဒက်ရှ် ပြည်နယ်သည် တရုတ်နိုင်ငံနှင့် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားရာမှ နှစ်နိုင်ငံ စစ်တပ်များ ရန်စောင်နေရပါသေးသည်။ ပြည်တွင်းစစ်ပြင်းထန်နေသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင်များ၊ တရားမဝင် လက်နက်ရောင်းဝယ်မှု၊ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုများလည်း ရှိနေပါသည်။
ဆီလီဂူရီစင်္ကြံလမ်းသာ ပိတ်ဆို့ခံရလျှင် အိန္ဒိယ၏ ‘ညီအစ်မခုနှစ်ဖော်’ဟု လူသိများသည့် အရှေ့မြောက် ဝေးလံခေါင်ဖျားပြည်နယ်(၇)ခုသည် ကျန်အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်မှုပြတ်တောက် သွားနိုင်ပါသည်။ ထိန်းသိမ်းကာကွယ်ရန်အတွက် အိန္ဒိယအစိုးရအဆက်ဆက်က အထူးဂရုပြု နေရပါသည်။
အိန္ဒိယတိုက်ငယ် ကိုလိုနီလက်အောက်မှ လွတ်မြောက်ပြီး (ဘာသာရေးအရ) တိုင်းပြည်အဖြစ် ပိုင်းခြားမယ့် (၁၉၄၇) ခုနှစ်မတိုင်မီနှင့် နောက်ပိုင်း၊ အရှေ့ဘင်္ဂလား (ယခု ဘင်္ဂလားဒေ့ရှ်)မှာ မွတ်စလင် အစွန်းရောက် အစ္စလာမ္မစ် ဝါဒ၏အားကောင်းသည့် လှိုင်းများက ခြေကုပ်ရနှင့်ပြီး ဖြစ်ပါသည်။ (၁၉၇၁) ခုနှစ် “ဘင်္ဂလားလွတ်လပ် ရေးလှုပ်ရှားမှု” သည် အဆိုပါ အစွန်းရောက် များကို ဖယ်ရှားနိုင်ခြင်းမရှိခဲ့ပါ။ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ရန် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ၏ အားထုတ်မှုကို ‘အော့ပရေးရှင်း ဆာ့ချ်လိုက်’ဖြင့် သွေးချောင်းစီး ဖြိုခွင်းခဲ့သည့် ပါကစ္စတန် စစ်တပ်သည် အရှက်ရဖွယ်အရေးနိမ့်ခဲ့ရပါသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသိအမှတ် ပြုသည့် ပါကစ္စတန် ခေါင်းဆောင် အလီဘူတိုကို (၁၉၇၄)ခုနှစ် ဒါကာက သူရဲကောင်းတစ်ဦး ပမာကြိုဆိုခဲ့ပါသည်။
(၂၀ဝ၁) ခုနှစ်မှ (၂၀ဝ၆)ခုနှစ်အထိ ခါလီဒါ ဇီယာအစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန် ထောက်လှမ်းရေးလွှမ်းမိုးမှု အထွတ်အထိပ်ကာလဖြစ်ခဲ့ပြီး၊ အစိုးရအဖွဲ့အတွင်း မွတ်စလင် အစွန်းရောက်များပါဝင်နေခဲ့ပါသည်။
‘‘ဟာကတ် အူလ်ဂျီဟဒ် အစ္စလာမ်မီ” အဖွဲ့သည် အိန္ဒိယ အကျိုးစီးပွားကိုပစ်မှတ်ထားသည့် အကြမ်းဖက် လုပ်ငန်းများကို ဗြောင်ကျကျလွတ်လပ်စွာ လုပ်ဆောင်ခဲ့ပါသည်။ ရှိတ်ဟာဆီနာ လက်ထက်မှာတော့ ဘုံရန်သူကို အာရုံစိုက်ခဲ့ပေမယ့် အားကောင်းလှသည့် အစ္စလာမ္မစ် သဘောထားအမြင်များကိုဖယ်ရှားနိုင်ခဲ့ခြင်း မရှိပါ။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ကြား နီးကပ်သော မဟာမိတ်ဖွဲ့မှုသည် နယ်နိမိတ်ချင်းဆက်စပ်နေသည့်ဒေသများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် မကောင်း သည့်နိမိတ်လက္ခဏာဖြစ်ကြောင်း၊ ရှိတ်ဟာဆီနာခေတ်နောက်ပိုင်းမှာ ဇက်ရဲလက်ရဲ ဖြစ်လာသော ဘင်္ဂလားဒေ့ရှ်အစွန်းရောက်များနှင့် ISIS ပါကစ္စတန် ထောက်လှမ်းရေးသည် အိန္ဒိယတိုက်ငယ် အတွင်း အကျိုးစီးပွားတူ ဆိုးသွမ်းဖက်များကို ရှာဖွေနေမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုထောက်ပံ့ရေးစခန်းများနှင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် အိန္ဒိယပိုင်နက်ကို မငြိမ်မသက်ဖြစ်စေလိမ့်မည်ဟု အိန္ဒိယအငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးက ရေးသားထားပါသည်။
ဘင်္ဂလားဒေရှ့် ဂျီဟတ်ဝါဒီများဟု သံသယဖြစ်ဖွယ် နယ်စပ်ကိုဖြတ်ကျော် ရေဒီယိုဆက်သွယ်မှု များကို မကြာသေးမီ အိန္ဒိယထောက်လှမ်းရေးက ကြားဖြတ်ဖမ်းယူနိုင်ခဲ့ပါသည်။အိန္ဒိယကိုဆန့်ကျင်ရန် အတွက် ပါကစ္စတန် ထောက်လှမ်းရေးနှင့်ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အလွယ်တကူ ရရှိနိုင်သည့် ဘင်္ဂါလီဒုက္ခသည်များနှင့် လူသစ်စုဆောင်းရေးစခန်းသည် အိန္ဒိယအတွက် အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးကိုစတင်ဖို့ ဖြစ်လာရပါသည်။
ဆီလီဂူရီစင်္ကြံ အပါအဝင် မိုင်ပေါင်း (၂၅၅၀) ရှည်လျားသည့် နယ်စပ်ကိုစောင့်ကြပ်ခြင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BSF က တာဝန်ယူရပါသည်။ပင်မလက်နက်ကိုင် ရဲတပ်ဖွဲ့များထဲ အရေအတွက် အများဆုံးဖြစ်ပြီး ကောင်းမွန်သည့်ဖွဲ့စည်းပုံနှင့် ခေတ်မီလက်နက်များ တပ်ဆင် ထား ပါသည်။ စင်္ကြံအနီးမှာ ဘင်္ဂလားဒေ့ရှ်စစ်စခန်း အနည်းငယ်ရှိပါသည်။ အဆိုပါနယ်မြေမှာ စစ်တပ်ရော နယ်ခြားစောင့်ရဲကင်းများပါရှိသင့်သော်လည်း BSF စခန်း တစ်ခုမှမရှိပါ။
လွန်ခဲ့သည့် ရက်သတ္တပတ် နယူးဒေလီမြို့ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးချုပ်အဆင့် ဆွေးနွေးပွဲတုန်းက ကျန်ရှိနေသည့် နယ်နိမိတ်ဒေသများတွင် နယ်ခြား စောင့်ကင်းစခန်း တည်ဆောက်ခြင်း၊ အိန္ဒိယ နယ်ခြားဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ၏ လှုပ်ရှားမှုများ၊ အိန္ဒိယကိုဆန့်ကျင်သည့် လက်နက်ကိုင် အဖွဲ့များကို ထိန်းချုပ်ခြင်း၊ လက်နက်နှင့်မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်ခြင်းစသည့် အငြင်းပွားဖွယ်ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြပါသည်။ သို့သော် အဆိုပါကိစ္စရပ် အားလုံး သည် မည်သည့် အကောင်အထည်မျှ ပေါ်လာခြင်းမရှိဘဲ ပြန်လည်ကြုံတွေ့ရမြဲ ပြဿနာများသာ ဖြစ်နေပါသည်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သည် တက်တက်ကြွကြွရှိသော်လည်း ဟိုဘက် ဒီဘက် တရားမဝင် ဘင်္ဂလားဒေ့ရှ်များနှင့် ၎င်းတို့ကိုစာနာသည့် အိန္ဒိယတို့နေထိုင်ရာ မြို့ရွာများ အကြား ပိတ်မိသလိုခံစား နေရပုံပေါ်ပါသည်။ လူကုန်ကူး မှု၊ ကျွဲနွားမူးယစ်ဆေး မှောင်ခိုကိစ္စ များကို တားဆီးဖို့ ကြိုးစားတိုင်း ခါးခါးသီးသီး ပြုမူနေပါသည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့် စိုးရိမ်စရာကိစ္စရပ်အားလုံးကို အဓိကအာရုံစိုက်သင့်ပါသည်။ နယ်ခြားစောင့် တပ်ကို ပိုမိုအားထည့်ပြီး နယ်ခြားဆိုင်ရာမှုခင်းတွေမှာ ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်သင့် ပါသည်။ အိန္ဒိယအနေဖြင့်လည်း ကြက်လည်ချောင်းစင်္ကြံတစ်လျှောက် ဒေသခံများပါဝင်သည့် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်သင့်ပြီး အဆိုပါလေ့ကျင့်မှုသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကိုလည်း အသိပေးခြင်းဖြင့် အိန္ဒိယ၏လုံခြုံရေးကာကွယ်ရေးနှင့် မတူညီသည့် ခြိမ်းခြောက်မှု များကိုဟန့်တားရန် ခိုင်မာသည့် စွမ်းရည်ရှိကြောင်း ရှင်းလင်းစွာပြသရလိမ့်မည်ဟု အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဒစ်ဘာလီက ဆိုပါသည်။

နိုင်ငံ၏အားဆိုသည်မှာ
နိုင်ငံ၏အားသည် ပြည်တွင်းမှာသာရှိသည်ဟုအဆိုရှိသည်။ နိုင်ငံ၏အားဆိုသည်မှာ နိုင်ငံအတွင်းမှီတင်းနေထိုင်သောနိုင်ငံသားများကို ဆိုလိုခြင်းဖြစ်သည်။ သို့သော် နိုင်ငံသားတိုင်းသည်နိုင်ငံ၏အားများမဟုတ်ကြ။ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ခံယူချက်များဖြင့် ရပ်တည်နေကြသူများကသာ နိုင်ငံ၏အားများဖြစ်ကြသည်။ အမိနိုင်ငံအပေါ် မှားယွင်းသောယုံကြည်ချက်၊ ခံယူချက်များဖြင့်ရပ်တည်နေကြသူများသည် နိုင်ငံ၏အားများမဟုတ်ကြပါ။ နိုင်ငံအားပျက်စီးအောင် ဖျက်ဆီးမည့် အဖျက်သမားများသာဖြစ်ကြသည်။ နိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်ဖြင့် ရပ်တည်နေသော နိုင်ငံသားများသည် အမိနိုင်ငံအတွက် ကောင်းကျိုးအဖြာဖြာကိုဆောင်ရွက်ပြီး ဆိုးကျိုးအဖြာဖြာကို ကာကွယ်တားဆီးပေးသည်။ ဤသို့မှန်ကန်မွန်မြတ်စွာ ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့်နိုင်ငံ၏အားကြံ့ခိုင်လာသည်။ ဤအချက်ကို နှလုံးသွင်းဆင်ခြင်ပြီး ကျွန်ုပ်တို့သည် အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် အစဉ်ရပ်တည်နေကြရမည်။ ဤသို့ရပ်တည်ပြီး အမိနိုင်ငံအတွက် ကောင်းကျိုးအဖြာဖြာကိုဆောင် ရွက်ပြီး ဆိုးကျိုးအဖြာဖြာကို ကာကွယ်တားဆီးပေးနေရမည်။ ဤသို့မှန်ကန်မွန်မြတ်စွာ အစဉ်ကြိုးပမ်းဆောင်ရွက်နေပါက ကျွန်ုပ်တို့သည် အမိနိုင်ငံ၏အားများအဖြစ်သို့ ရောက်ရှိလာကြမည်ဖြစ် သည်။
ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ခြင်း၏အကျိုးတရား
မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်သည် မှန်ကန်သောအသိ၊ မှန်ကန်သောအယူအဆ၊ မှန်ကန်သောစဉ်းစားဆင်ခြင်မှုတို့ကိုအခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်နေခြင်းသည် အမိနိုင်ငံအပေါ် မှန်ကန်သော အသိ၊ မှန်ကန်သောအယူအဆ၊ မှန်ကန်သောစဉ်းစားဆင်ခြင်မှုတို့ဖြင့် ရပ်တည်နေခြင်းသဘောပင်ဖြစ်သည်။ ဤသို့ ရပ်တည်နေမှုကြောင့် အမိနိုင်ငံအတွက် အမှားဟူသမျှကိုရှောင်၍ အမှန်ဟူသမျှကို ဆောင်ရွက်သည်။ မကောင်းမှုဟူသမျှကိုရှောင်၍ ကောင်းမှုဟူသမျှကိုဆောင်ရွက်သည်။ ထို့ကြောင့် အမိနိုင်ငံအနေဖြင့် ကောင်းကျိုးအဖြာဖြာကို ရရှိခံစားရသည်။ မိမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါကဖြစ်ပေါ်လာမည့် ကောင်းကျိုးတရားများစွာရှိသည်။ ယင်းတို့အနက်မှ အဓိကအချက်များကို အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြလိုသည်။
နိုင်ငံ၏အား ကြံ့ခိုင်မြင့်မားလာခြင်း
အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့် ကောင်းကျိုးတစ်ခုမှာ အမိနိုင်ငံ၏အား ကြံ့ခိုင်မြင့်မားလာခြင်းဖြစ်သည်။ မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် တညီတညွတ်တည်းရပ်တည်နေမှုကြောင့် တစ်ဦးနှင့်တစ်ဦး အသိ၊ အယူအဆ၊ စဉ်းစားဆင်ခြင်မှုခြင်း ခြားနားမှုမရှိတော့ဘဲ တူညီလာကြသည်။ ဤသို့ အသိ၊ အယူအဆ၊ စဉ်းစားဆင်ခြင်မှုခြင်းတူညီမှုရှိခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှုရှိလာကြသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိနေခြင်းကို အကြောင်းပြု၍တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အားကိုးလာကြသည်။ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အားကိုးနေမှုကို အကြောင်းပြု၍ အချင်းချင်းစည်းလုံးလာကြသည်။ အချင်းချင်းစည်းလုံးမှုကိုအကြောင်းပြု၍ နိုင်ငံ ၏အား ကြံ့ခိုင်မြင့်မားလာသည်။ ဤသို့ နိုင်ငံ၏အား ကြံ့ခိုင်မြင့်မားလာခြင်း၏မူလပင်မအကြောင်းအရာမှာ အမိနိုင်ငံအပေါ်မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ်မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ခိုင်မာ ပြတ်သားစွာ ရပ်တည်နေသည်နှင့်အမျှ အမိနိုင်ငံ၏အားသည် ကြံ့ခိုင်မြင့်မား၍နေမည်ဖြစ်သည်။
နိုင်ငံတည်ငြိမ်အေးချမ်းလာခြင်း
အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့်ကောင်းကျိုးတစ်ခုမှာ အမိနိုင်ငံတည်ငြိမ်အေးချမ်းလာခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ်မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် တညီတညွတ်တည်း ကျွန်ုပ်တို့ရပ်တည်နေမှုကြောင့် စိတ်ဝမ်းကွဲပြားမှုမရှိတော့ဘဲ တစ်စိတ်တစ်ဝမ်းတည်းဖြစ်လာကြသည်။ တစ်စိတ်တစ်ဝမ်းတည်းရှိနေမှုကြောင့် အချင်းချင်းညီညွတ်ချစ်ခင်လာကြသည်။ အချင်းချင်းညီညွတ်ချစ်ခင်နေမှုကြောင့် အချင်းချင်းအပြန်အလှန်ကူညီပေးမှု၊ ကာကွယ်စောင့်ရှောက်မှု၊ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လာကြသည်။ အမိနိုင်ငံ ကြုံတွေ့နေရသော ပြဿနာအခက်အခဲ၊ အကျပ်အတည်း အန္တရာယ်များကို တက်ညီလက်ညီစုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းကြသည်။ဤသို့အသိတရားကြီးမားစွာ ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့် အမိနိုင်ငံတည်ငြိမ်အေးချမ်းလာသည်။ ဤသို့ အမိနိုင်ငံတည်ငြိမ်အေးချမ်းလာခြင်း၏ မူလပင်မအကြောင်းတရားမှာ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ်မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ခိုင်မာပြတ်သားစွာရပ်တည်နေသည်နှင့်အမျှ အမိနိုင်ငံတည်ငြိမ်အေးချမ်းနေမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်း
အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့် ကောင်းကျိုးတစ်ခုမှာ အမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်။အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့်ရပ်တည်နေမှုကြောင့် အမိနိုင်ငံအား မိမိတို့၏အသက်ထက် ပိုမိုလေးစားတန်ဖိုးထားမြတ်နိုးသည်။ မိမိတို့ယခုကဲ့သို့ တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ခြင်းသည် အမိနိုင်ငံတည်ရှိနေသောကြောင့်ဖြစ်သည်ဟု ယုံကြည်သည်။ အမိနိုင်ငံသည် မိမိတို့နိုင်ငံသားများ၏ဘဝ၊ အမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်လျှင် မိမိတို့၏ဘဝလည်း ဖွံ့ဖြိုးတိုးတက်မည်။ အမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံသားတိုင်းက အစဉ်ကြိုးပမ်းဆောင်ရွက်ပေးနေရမည်ဟု ခံယူသည်။ ဤသို့ ယုံကြည်ချက်၊ ခံယူချက်အတိုင်း မိမိတို့၏ဘဝအချိန်နှင့်ကာလများကို အမိနိုင်ငံအကျိုးအတွက် အပြည့်အဝအသုံးချသည်။ အမိနိုင်ငံကောင်းကျိုးအတွက် စွန့်လွှတ်စွန့်စားမှုအမျိုးမျိုး၊ ပေးဆပ်အနစ်နာခံမှုအမျိုးမျိုးကို ပြုလုပ်ကြသည်။ ဤသို့စိတ်ဓာတ်မြင့်မားစွာ စွမ်းအားကုန်ကြိုးပမ်းဆောင်ရွက်နေမှုများကြောင့် အမိနိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်။ ဤသို့အမိနိုင်ငံဖွံ့ဖြိုးတိုးတက်လာရခြင်း၏ မူလပင်မအကြောင်းတရားမှာ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ ခိုင်မာပြတ်သားစွာရပ်တည်နေသည်နှင့်အမျှ အမိနိုင်ငံဖွံ့ဖြိုးတိုးတက်နေမည် ဖြစ်သည်။
နိုင်ငံနှင့်လူမျိုး၏ စိတ်ဓာတ်ကြံ့ခိုင်လာခြင်း
အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့် ကောင်းကျိုးတစ်ခုမှာ နိုင်ငံနှင့်လူမျိုး၏စိတ်ဓာတ်ကြံ့ခိုင်မြင့်မားလာခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ရပ်တည်နေမှုကြောင့် လောကနှင့်ပတ်ဝန်းကျင်ကြီး၏ ဖိအားပေးမှု၊ ခြိမ်းခြောက်မှု၊ အတားအဆီးအနှောင့်အယှက်အမျိုးမျိုးပေးမှု စသည်တို့ကို အရှုံးမပေးဘဲ ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်ပြီး အမိန့်၊ တာဝန်၊ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာဆောင်ရွက်သည်။ လောကနှင့်ပတ်ဝန်းကျင်ကြီးက မည်သို့ပင်စည်းရုံးသိမ်းသွင်းမက်လုံးပေးနေစေကာမူ အမိနိုင်ငံအပေါ်စောင့်သိရမည့်သစ္စာ၊ ထိန်းသိမ်းရမည့်ကျင့်ဝတ်၊ ပေးဆပ်ရမည့် ကျေးဇူးတရားများကို အကျေပေးဆပ်သည်။ မည်သို့သောအခြေအနေအမျိုးမျိုးနှင့် ကြုံတွေ့နေရစေကာမူ တာဝန်နှင့်ဂုဏ်သိက္ခာကို မစွန့်လွှတ်ဘဲ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်သည်။ အသက်ရှင်သန်ရေးအတွက် မိမိ၏မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်ကို စွန့်လွှတ်ပစ်ပယ်သူအဖြစ် ရှက်ဖွယ်ကောင်းစွာမရပ်တည်ဘဲ မိမိ၏မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်အတွက်အသက်ကိုစွန့်လွှတ်သူအဖြစ် ဂုဏ်ယူဖွယ်ကောင်းစွာ ရပ်တည်သည်။ ဤသို့ခိုင်မာပြတ်သားသောစိတ်ဓာတ်များဖြင့်အစဉ်ရပ်တည်နေမှုကြောင့် နိုင်ငံနှင့်လူမျိုးစိတ်ဓာတ် ကြံ့ခိုင်မြင့်မားလာသည်။ ဤသို့နိုင်ငံနှင့်လူမျိုး၏စိတ်ဓာတ် ကြံ့ခိုင်မြင့်မားလာရခြင်း၏ မူလပင်မအကြောင်းတရားမှာ အမိနိုင်ငံအပေါ်မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ ခိုင်မာပြတ်သားစွာရပ်နေသည်နှင့်အမျှ အမိနိုင်ငံနှင့်လူမျိုး၏စိတ်ဓာတ်သည် ကြံ့ခိုင်မြင့်မားနေမည်ဖြစ်သည်။
နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာမြင့်မားလာခြင်း
အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့်ကောင်းကျိုးတစ်ခုမှာနိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာ မြင့်မားလာခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ရပ်တည်နေမှုကြောင့် မည်သည့်အမှားကိုမျှ မကျူးလွန်ဘဲ အမှန်ဟူသမျှကိုရွေးချယ်ပြုမူဆောင်ရွက်သည်။ ဤသို့မှန်ကန်စွာအမှားဟူသမျှကို ရှောင်၍ အမှန်ဟူသမျှကို ဆောင်ရွက်နေမှုကြောင့် အသိပညာမြင့်မားသော နိုင်ငံနှင့်လူမျိုးအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ထို့အတူ ချမှတ်ပေးထားသော ရည်မှန်းချက်ပန်းတိုင်၊ လုပ်ငန်းတာဝန်ဟူသမျှကိုအခက်အခဲအမျိုးမျိုးကြားမှ သတ်မှတ်လျာထားချက်ထက် များစွာကျော်လွန်အောင်ဆောင်ရွက်သည်။ ဤသို့ စွမ်းစွမ်းတမံအောင်မြင်စွာ ဆောင်ရွက်နေမှုများကြောင့် စွမ်းရည်မြင့်မားသောနိုင်ငံနှင့်လူမျိုးအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ ထို့အတူ အဆုံးအမတရားများနှင့်အညီ မကောင်းမှုမှန်သမျှကိုရှောင်၍ကောင်းမှုမှန်သမျှကို မပျက်မကွက်ဆောင်ရွက်သည်။ မိမိစောင့်သိရမည့်သစ္စာ၊ မိမိပေးထားသော နှုတ်ကတိများကို မည်သည့်အခါမှ မဖောက်ဖျက်ဘဲတိကျစွာလိုက်နာပြုမူသည်။ ဤသို့ပြုမူနေခြင်းကြောင့် ရိုးသားတည်ကြည်ဖြောင့်မတ်သော နိုင်ငံနှင့်လူမျိုးအဖြစ်အသိအမှတ်ပြုခြင်းခံရသည်။ ဤကဲ့သို့ အသိအမှတ်ပြုခံရခြင်းသည် နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာမြင့်မားလာခြင်းဖြစ်သည်။
ဤသို့ နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာ မြင့်မားလာရခြင်း၏မူလပင်မအကြောင်းတရားမှာ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသောကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ခိုင်မာပြတ်သားစွာရပ်တည်နေသည်နှင့်အမျှ နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာသည် မြင့်မား၍နေမည်ဖြစ်သည်။
အမိနိုင်ငံအပေါ် ကျွန်ုပ်တို့မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်ဖြင့်ရပ်တည်ပါက ဖြစ်ပေါ်လာမည့် ကောင်းကျိုးတစ်ခုမှာ နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုနှင့်အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်မပျက်ဘဲ ဆက်လက်တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ရပ်တည်နေမှုကြောင့် မိမိတို့၏ယဉ်ကျေးမှုနှင့်အမျိုးသားရေးစရိုက်လက္ခဏာများကို အသက်တမျှ လေးစားတန်ဖိုးထားမြတ်နိုးသည်။ မိမိတို့ ယခုကဲ့သို့ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေနိုင်ခြင်းသည် မိမိတို့နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုနှင့်အမျိုးသားရေးစရိုက်လက္ခဏာများကြောင့်ဖြစ်သည်ဟု အလေးအနက်ယုံကြည်သည်။ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ တဖြည်းဖြည်းတိမ်ကောပပျောက်နေခြင်းသည် နိုင်ငံနှင့်လူမျိုး တိမ်ကောပပျောက်မည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။ ထို့ကြောင့် မပျက်မကွက်ထိန်းသိမ်းနေရမည်ဟုခံယူသည်။ ဤသို့ယုံကြည်ချက်၊ ခံယူချက်အတိုင်း မိမိတို့၏အမျိုးသားရေး စရိုက်လက္ခဏာများကိုစွမ်းအားကုန် ကာကွယ်စောင့်ရှောက်သည်။ တိုင်းတစ်ပါးယဉ်ကျေးမှုများ၏လွှမ်းမိုးမှုမှန်သမျှကို အသိသတိကြီးစွာကာကွယ်တားဆီးသည်။ ဤသို့ကာကွယ်တားဆီးနေမှုကြောင့် နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ပျောက်ပျက်မသွားဘဲ ဆက်လက်တည်တံ့ခိုင်မြဲနေသည်။ ဤသို့ဆက်လက်တည်တံခိုင်မြဲနေရခြင်း၏မူလပင်မအကြောင်းတရားမှာ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ရပ်တည်နေကြသော ကြောင့်ဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ ခိုင်မာပြတ်သားစွာ ရပ်တည်နေသည်နှင့်အမျှ နိုင်ငံနှင့်လူမျိုး၏ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ပျောက်ပျက်မသွားဘဲဆက်လက်တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့် ဖော်ပြလိုသည်မှာ ကျွန်ုပ်တို့အားလုံး အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ခိုင်မာပြတ်သားစွာ အစဉ်ရပ်တည်နေကြပါက အမိနိုင်ငံအနေဖြင့် နိုင်ငံ၏အားကြံ့ခိုင်မြင့်မားလာခြင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းလာခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံနှင့်လူမျိုး၏စိတ်ဓာတ်ကြံ့ခိုင်လာခြင်း၊ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာမြင့်မားလာခြင်း၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေး တည်တံ့ခိုင်မြဲခြင်းဟူသောအားများကို ပိုင်ဆိုင်လာသည်။ ဤသို့အားအမျိုးမျိုးကို ပိုင်ဆိုင်လာမှုကြောင့် အမိနိုင်ငံအနေဖြင့် အင်အားကြံ့ခိုင်မြင့်မားလာသည်။ ဤသို့အင်အားကြံ့ခိုင်မြင့်မားသောနိုင်ငံအဖြစ် အစဉ်ထာဝရရပ်တည်သွားနိုင်ရန်အတွက် ကျွန်ုပ်တို့သည် အမိနိုင်ငံ၏အားများအဖြစ် အစဉ်ရပ်တည်ပေးနေရမည်။ အမိနိုင်ငံ၏အားအဖြစ် ရပ်တည်သွားနိုင်ရန်အတွက် ကျွန်ုပ်တို့အစဉ်လိုက်နာကျင့်ကြံနေရမည့် နည်းလမ်းမှာ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ ခံယူချက်များဖြင့် အစဉ်ထာဝရ ရပ်တည်ပေးနေခြင်းပင်ဖြစ်သည်။ အမိနိုင်ငံအပေါ် မှန်ကန်သော ယုံကြည်ချက်၊ခံယူချက်များဖြင့် အစဉ်ထာဝရ ရပ်တည်နေသည်နှင့်အမျှ ကျွန်ုပ်တို့သည် အမိနိုင်ငံ၏အားဟူသောဘဝကို ဂုဏ်ယူဖွယ်ကောင်းစွာ ပိုင်ဆိုင်ထားနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ ။

မိမိတို့၏နိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဟု နိုင်ငံသားတိုင်းကသတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ရှောက်ရန်တာဝန်ရှိသည်။ ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် လိုအပ်သည်။ ထို့ပြင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် အမြဲတမ်းစစ်မှုထမ်းများသာမက အခြားသော နယ်ပယ်ကဏ္ဍအသီးသီးရှိ နိုင်ငံသား
မိမိတို့၏နိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဟု နိုင်ငံသားတိုင်းကသတ်မှတ်ထားကြသည်။ မြန်မာနိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ရှောက်ရန်တာဝန်ရှိသည်။ ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် လိုအပ်သည်။ ထို့ပြင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် အမြဲတမ်းစစ်မှုထမ်းများသာမက အခြားသော နယ်ပယ်ကဏ္ဍအသီးသီးရှိ နိုင်ငံသားအားလုံးတွင်လည်း တာဝန်ရှိသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ
ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေမဟုတ်ချေ။ မြန်မာနိုင်ငံတွင် ၁၉၅၉ ခုနှစ်ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေရှိသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်၌ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် ( ၂၇ /၂၀၁၀) ဖြင့် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်ပြီးသတ်မှတ်ခဲ့သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အခန်း ၈ ခန်းပါဝင်သည်။ နိုင်ငံသားတိုင်း အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ်မကျော်သေးသောသူများ၊ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ်မကျော်သေးသောသူများ၊ ကျွမ်းကျင်ပညာရှင်များဆိုလျှင် အမျိုးသားအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ်မကျော်သေးသောသူများ၊ အမျိုးသမီးအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးသောသူများသည် စစ်မှုထမ်းဆောင်ရန်တာဝန်ရှိသည်။ စစ်မှုထမ်းဆောင်ရမည့်ကာလသည် ၂၄ လ (နှစ်နှစ်) ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များသည် ၃၆ လ (သုံးနှစ်)ဖြစ်သည်။
နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရမည့် မွေးရာပါတာဝန်
အရပ်သားတစ်ဦးသည် စစ်မှုထမ်းတစ်ဦးအဖြစ် ထမ်းဆောင်လိုက်ခြင်းအတွက် ဦးစွာခန္ဓာကိုယ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းကမ်းလိုက်နာ ဆောင်ရွက်တတ်မှု၊ မတူကွဲပြားသော လူအများအချင်းချင်း ချစ်ခင်စည်းလုံးစွာ ဆောင်ရွက်တတ်မှု၊ စိတ်ဓာတ်ခံယူချက်မြင့်မားလာမှု စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။ ထို့ပြင် မိမိ မိသားစု၊ မိမိရပ်ရွာ၊ မိမိမြို့၊ မိမိနိုင်ငံကို တန်ဖိုးထားချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ထွန်းကားလာမည်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံတော်ကို မိမိပါဝင်မစောင့်ရှောက်လျှင် အဖျက်အမှောင့် အနှောင့်အယှက် စသည့်အဖျက်အင်အားများကြီးမားလာပါက မိမိတို့မြို့ရွာ၊ မိမိတို့ပြည်သူ၊ မိမိတို့တိုင်းပြည်ပင် ပျက်စီးခြင်းသို့ရောက်နိုင်ပြီး နောက်ဆုံးတွင် ပြည်သူများသာ ဒုက္ခဆင်းရဲပျက်စီးခြင်း အဖြစ်သို့ ရောက်နိုင်သဖြင့် နိုင်ငံသားတိုင်းသည် မိမိနိုင်ငံတော်အား ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်ကို မွေးရာပါတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်သည်။
နိုင်ငံအများစုတွင် အကောင်အထည်ဖော်နေသော စစ်မှုထမ်းဥပဒေ စစ်မှုထမ်းဥပဒေကို နိုင်ငံအများစုတွင် အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံ၏ကာကွယ်ရေး အင်အားတောင့်တင်းအောင် ပြုလုပ်လျက်ရှိကြသည်။ ဩစတြေးလျ၊ ဂျာမနီ၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူကီယဲ စသည့်နိုင်ငံများတွင်လည်းစစ်မှုထမ်းဥပဒေကို ကျင့်သုံးလျက်ရှိကြသည်။
တချို့နိုင်ငံများတွင် စစ်မှုမထမ်းမနေရစနစ်ကို အပျော်တမ်းတပ်ဖွဲ့များ၊ အမြဲတမ်းမဟုတ်သောတပ်ဖွဲ့များ စသည့်ပုံစံတို့ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် စစ်မှုထမ်းဆောင်ခြင်းဆိုသည်က နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်သူအားလုံးမှာ တာဝန်ရှိသဖြင့် ပြဋ္ဌာန်းချက်အမျိုးမျိုး၊ ဥပဒေအမျိုးမျိုးနှင့် ပြဋ္ဌာန်းသက်ဝင် လှုပ်ရှားနေကြသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသည် ၁၉၉၁ ခုနှစ်ကတည်းက စစ်မှုထမ်းဥပဒေကို စတင်ပြဋ္ဌာန်းကျင့်သုံးနေပြီး အရွယ်ရောက်ပြီးသည့် အမျိုးသားအသက် ၁၈ နှစ်အထက်နှင့် အရွယ်ရောက်ပြီးသည့် အမျိုးသမီးအသက် ၂၀ အထက် ကျန်းမာရေးကောင်းမွန်သူ အားလုံးသည် ပြည်သူ့စစ်ဌာနချုပ်အလိုက် တပ်သားသစ်စာရင်းသွင်းပြီး သင်တန်းပေးလေ့ကျင့်ကာ စစ်မှုထမ်းတာဝန်သုံးနှစ် ထမ်းဆောင်ရသည်။ ထို့ပြင် အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အမျိုးသားအားလုံး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားတာရှိသည်။ စင်ကာပူနိုင်ငံတွင်လည်း အမျိုးသားစစ်မှုထမ်းဥပဒေကို ၁၉၆၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသည့်သူတိုင်း စစ်မှုထမ်းတာဝန် နှစ်နှစ်ထမ်းဆောင်ရသည်။
ပြည်သူ့စစ်မဟာဗျူဟာ
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ကျင့်သုံးခဲ့သည့် စစ်မဟာဗျူဟာသည် ပြည်သူ့စစ်မဟာဗျူဟာဖြစ်သည်။ မြန်မာနိုင်ငံနှင့် အသင့်လျော်ဆုံး ပြည်သူ့စစ်မဟာဗျူဟာကို ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူးများ ညီလာခံမှစတင်ပြီး အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြသည်။ ၁၉၆၇ ခုနှစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို ရေးဆွဲပြီး တပ်မတော်သည် စစ်စည်းရုံးမှု၊ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်နိုင်မှုစွမ်းရည်တို့ဖြင့် ပြည်ပကျူးကျော်မှုဖြစ်သည့် တရုတ်ဖြူကူမင်တန်ကျူးကျော်စစ်၊ ပြည်တွင်းသောင်းကျန်းမှုတို့ကို မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမဒေသများ၌ ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးဆောင်ရွက်ခဲ့သောကြောင့် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံတော်ကို ထိခိုက်ပျက်စီးစေလိုသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၊ နိုင်ငံရေးအရ အစွန်းရောက်သူများ၏ ပယောဂများကြောင့် လူငယ်လူရွယ်အချို့သည် သိနားလည်မှုမရှိဘဲ အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်နေကြသည်။ နိုင်ငံတော်၏ အဖိုးတန်မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်မှုမရှိဘဲ အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်နေသည့် လမ်းကြောင်းအမှားပေါ်သို့ ရောက်ရှိနေသည်မှာ နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များကိုဖြစ်ပေါ်အောင် လှုံ့ဆော်နေသူများ၊ ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ တိုင်းပြည်၏ အနာဂတ်ပျက်စီးအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။
ပြည်သူများအထင်အမြင်လွဲမှားစေရန် မမှန်သတင်းများဖော်ပြ
ထို့ပြင် အွန်လိုင်းမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းအမှားများစွာတို့သည် ပျံ့နှံ့လျက်ရှိရာ အဆိုပါသတင်းများက ပြည်သူလူထုအတွင်း ရိုက်ခတ်ခြင်းကြောင့်လည်း စစ်မှုထမ်းဆင့်ခေါ်မှု၏ ပုံရိပ်ကိုထိခိုက်စေသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းအပေါ် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများနှင့် ပြည်ပလက်ဝေခံ ပြည်ဖျက်မီဒီယာများက မမှန်မကန်အပုပ်ချကာ ပြည်သူများအထင်အမြင် လွဲမှားစေရန်၊ စိတ်ဓာတ်ပျက်ပြားစေရန် ပြုလုပ်လျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စပ်လျဉ်း၍ မသမာမှုများနှင့် အဂတိမှုများ ကင်းရှင်းရေး၊ ဥပဒေ၊ နည်းဥပဒေများနှင့် အညီအညွတ်ဖြစ်စေရေး၊ စနစ်တကျဖြစ်စေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်တို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သတင်းတု၊ သတင်းအမှားများနှင့် ကောလာဟလများအပေါ် မယုံရန်လိုအပ်သည်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ဖတ်ရှုနိုင်ရန် ဖော်ပြပေးထားသော website နှင့် webportal စာရင်းများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းများ ပြုလုပ်နိုင်သည့်ဖုန်းနံပါတ်များ စသည်တို့ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပေးထားရာ သိရှိလိုသည်များကိုမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူလူထုကြားတွင် သတင်းများစွာ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်ကကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အမှာစကားပြောကြားရာတွင် “တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများ ရှိကြောင်းတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မတရားပြုလုပ်ကြောင်း မှန်ကန်သည့်အတွက် ထိရောက်စွာအရေးယူသွားရန်၊ အရေးယူပြီး၊ အရေးယူဆဲအမှုများလည်း ရှိနေကြောင်း၊ အလားတူ ပြည်သူ့စစ်မှုထမ်းရန် ကိစ္စနှင့်ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန် တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် တာဝန်ရှိသူများအနေဖြင့်လည်း သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်းသာ ဆင့်ခေါ်ကြခြင်းပြုရမည်ဖြစ်ကာ အကျုံးဝင်သူ နိုင်ငံသားများအနေဖြင့်လည်း တာဝန်ကိုရှောင်လွှဲမှုမပြုဘဲ ကျေပွန်စွာထမ်းဆောင်ရပေမည်။ ထိုသို့ မိမိနိုင်ငံ၊ မိမိမြို့၊ မိမိရပ်ရွာ၊ မိမိ မိသားစုကို တန်ဖိုးထားချစ်မြတ်နိုးသည့် စိတ်ဓာတ်များဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်လာကြသော ပြည်သူ့စစ်မှုထမ်း သားကောင်းရတနာများသည် နိုင်ငံတော်က ဂုဏ်ယူတန်ဖိုးထားရပြီး နိုင်ငံသား၏ တာဝန်ကိုကျေပွန်သော နိုင်ငံ့သားကောင်း၊ စစ်သည်တော်ကောင်းများ ဖြစ်ပါကြောင်းကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

တပ်မတော်သည် နိုင်ငံတော်၏ မရှိမဖြစ်သော အစိတ်အပိုင်းဖြစ်သည်။

မရှိမဖြစ်ဟုဆိုရခြင်းမှာ ယနေ့ခေတ်မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တပ်မတော်၏အစဖြစ်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်က စတင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်စေဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဦးဆောင်ဖွဲ့စည်းခဲ့သည့် တပ်မတော်က စတင်ကြိုးပမ်းခဲ့ရသည်။ တပ်မတော်အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ဖက်ဆစ်တော်လှန်ရေးကာလတို့တွင် ထဲထဲဝင်ဝင်ဦးဆောင်ပါဝင်ခဲ့ရသလို လွတ်လပ်ရေး ရရှိပြီးနောက်တွင် ရရှိထားသောလွတ်လပ်ရေးကြီး ပြန်လည်ဆုံးရှုံးနိုင်သည့် အခြေအနေနှင့်ကြုံလေတိုင်း တပ်မတော်က အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ဦးဆောင်ပါဝင်ခဲ့ရသည်။
မြန်မာနိုင်ငံ၏ ဖြစ်စဉ်သမိုင်းကိုဆစ်ပိုင်းလေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်များအရ ပါလီမန်ဒီမိုကရေစီ စနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်မှသည် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ဟူ၍ မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို အစဉ်တစိုက် ထမ်းဆောင်နေသည်သာ ဖြစ်သည်။ တပ်မတော်ဟုဆိုရာ၌ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ပါဝင်သော နိုင်ငံတော်၏ ကာကွယ်ရေးတပ်ပေါင်းစုကို ခေါ်ဆိုခြင်းဖြစ်သည်။
ကြည်း/ရေ/လေတပ်များသည် နိုင်ငံတော်အတွက် သုံးနားညီတြိဂံပမာ ညီညွတ်စုစည်းစွာရပ်တည်လျက်ရှိသည်။ တပ်မတော်တစ်ရပ်၏ စွမ်းအားဆိုသည်မှာ လူ၊ လက်နက်၊ နည်းပညာတို့ စုံလင်စွာရှိနေရမည်ဖြစ်သည်။ ခေတ်မီတန်ဖိုးကြီးသော စစ်လက်နက်ပစ္စည်းများကို ပိုင်ဆိုင်ထားစေကာမူ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးမပြုတတ်ပါက အကျိုးရှိမည်မဟုတ်ပေ။
ထို့ကြောင့် တပ်မတော်တွင် လေ့ကျင့်ရေးသည် ပဓာနအကျဆုံးသောကဏ္ဍတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ လေ့ကျင့်မှု မရှိဘဲ မည်သည့်အရာမျှတတ်မြောက်လိမ့်မည်မဟုတ်ပေ။ လေ့ကျင့်ရေးသည် စစ်ဆင်ရေးဟူသော ဆောင်ပုဒ်ကို ကြည့်လျှင် လေ့ကျင့်ရေးလုပ်ချိန်တွင် စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲသကဲ့သို့ သဘောထားရှိရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ တပ်မတော်သားတိုင်းသည် မိမိတို့၏ကိုယ်ပိုင်ဆန္ဒဖြင့် တပ်မတော်သို့ ဝင်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက်လာသူတိုင်းသည် သက်ဆိုင်ရာသင်တန်းကျောင်းများတွင် လေ့ကျင့်သင်ကြားပြီးမှသာ တပ်မတော်သားအဖြစ်သို့ ရောက်ရှိခြင်း ဖြစ်သည်။
ထို့အတူ တပ်မတော်သားအဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရင်း မိမိတို့၏ပညာအရည်အချင်းနှင့် စစ်မှုထမ်းသက်အရ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံလာသည့်အခါ ၎င်းတို့၏ဘဝတိုးတက်ရေးအတွက် သင့်လျော်သည့် သင်တန်းများကို ဆက်လက်တက်ရောက်ကြရသည်။ အဆိုပါသင်တန်းများတွင် ဗိုလ်လောင်းသင်တန်းသည်လည်း တစ်ခုပါဝင်သည်။ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)တွင် တက်ရောက်ခွင့်ရရှိသူများကို ဗိုလ်သင်တန်းကျောင်းရှိ နည်းပြများက “အနာဂတ်၏စစ်ခေါင်းဆောင်”များဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြရသည်။
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းကို ပြင်ဦးလွင်(မေမြို့)တွင် စတင်တည်ထောင်ခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၆၃ ခုနှစ်တွင် မှော်ဘီမြို့၌ဖွင့်လှစ်ခဲ့သည်။ ထိုမှတစ်ဖန် ၁၉၉၁ ခုနှစ် ဩဂုတ်လတွင် မှော်ဘီမြို့မှ ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
လူတိုင်းသည် မိမိတို့၏ဘဝတိုးတက်ရေးကို အစဉ်အမြဲကြိုးစားနေကြရမည်ဖြစ်သည်။ တပ်မတော်သားတိုင်းသည် တပ်မတော်တွင် အထက်ကပေးအပ်သောအမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း မိမိတို့တစ်ဦးချင်းစီ၏ အရည်အသွေးထက်မြက်အောင် ကြိုးစားနေကြရသည်။ မြန်မာနိုင်ငံအကြောင်းကို စုံလင်စွာ သိရှိနေရမည် ဖြစ်သကဲ့သို့ နိုင်ငံတကာရေးရာများကိုလည်း အချိန်နှင့်တစ်ပြေးညီသိရှိနိုင်အောင် လေ့လာကြရသည်။ အသိပညာနှင့် အတတ်ပညာထူးချွန်သူများကို သတ်မှတ်ချက်နှင့်အညီ ဗိုလ်လောင်းသင်တန်းများသို့ ရွေးချယ် တက်ရောက်စေခြင်းဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)သို့ တက်ရောက်ခွင့်ရရှိကြသည်။ သူများထက်ပိုတော်ချင်လျှင် သူများထက်ပို၍ ကြိုးစားကြရမည်မှာဓမ္မတာဖြစ်သည်။
ကြိုးစားမှုရှိသူမှန်သမျှသည် မိမိတို့၏ကြိုးစားမှုနှင့်ညီမျှသောအောင်မြင်မှုကို ရရှိကြသည်။
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)သည် အရာရှိငယ်များကို နှစ်စဉ်လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိရာ ယခုအခါ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ “တပ်မတော်(ကြည်း)တွင် အရည်အချင်းပြည့်ဝသောအရာရှိများဖြစ်ပေါ်လာစေရန်နှင့် ခြေလျင်တပ်စုတစ်စုကို ပိုင်နိုင်စွာကွပ်ကဲ၍ စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန်”ရည်ရွယ်ချက်ဖြင့် ဗိုလ်လောင်းများကို မွေးထုတ်ပေးနေခြင်းဖြစ်သည်။ သင်တန်းကာလတွင် စစ်နည်းဗျူဟာ၊ ခေါင်းဆောင်မှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့် အခြားဘာသာရပ်များကို စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးထားသည်။ တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက်လေ့ကျင့်ရေးများကိုလည်း လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည်။
တပ်မတော်သားတို့သည် နေ့စဉ်ရွတ်ဆိုနေသည့် သစ္စာလေးချက်နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြရသူများဖြစ်သည်။ သက်စွန့်ကြိုးပမ်းထမ်းဆောင်ရသည့် နိုင်ငံ့ဂုဏ်ဆောင်လုပ်ငန်းဖြစ်၍ လေ့ကျင့်ရေးကို အမှန်တကယ်စိတ်ရောကိုယ်ပါ လေ့ကျင့်ကြရသည်။ “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်” ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သင်တန်းသားများသည် လေ့ကျင့်ရေး တာဝန်များကို ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်သည်။ မိမိတို့တစ်ဦးချင်းဦးဆောင်ရသည့် တပ်စု၊ တပ်ဖွဲ့များကို ခေါင်းဆောင်ကောင်းများအဖြစ် ဦးစီးလုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။
တပ်မတော်သားတစ်ယောက်ဖြစ်လာရသည်မှာ ဂုဏ်ယူစရာကောင်းသည့် နိုင်ငံ့တာဝန်ထမ်းဆောင်မှုဖြစ်သည်။ ပို၍ဂုဏ်ယူဖွယ်ကောင်းသည်မှာ တပ်မတော်သို့ ဝင်ရောက်အမှုထမ်းနေသူများသည် မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ ကိုယ်ပိုင်ဆန္ဒအရဝင်ရောက်ခဲ့သူများဖြစ်ခြင်း ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ နိုင်ငံသားအားလုံး၏တာဝန်ဖြစ်ပြီး တပ်မတော်သည်နိုင်ငံအတွက် မရှိမဖြစ် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ တပ်မတော်သည်သမိုင်းအစဉ်အလာကောင်းများနှင့် ရပ်တည်ခဲ့ကြောင်းကို သမိုင်းတွင် အထင်အရှားရှိထားပြီးဖြစ်သည်။ နိုင်ငံတော်သမိုင်းနှင့်တပ်မတော်သမိုင်းသည် ခွဲခြား၍ မရနိုင်သည့်သမိုင်းဖြစ်သည်။ နိုင်ငံတော်ပြိုကွဲမည့်အန္တရာယ်နှင့်ကြုံရလေတိုင်း တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် ပါဝင်ထမ်းဆောင်ခဲ့ရသည်။
နိုင်ငံတော်ပြိုကွဲမည့် အန္တရာယ်ဆိုသည်မှာ မည်သည့်အချိန်တွင် မည်ကဲ့သို့ပေါ်ပေါက်လာမည်ဟု မည်သူမှကြိုတင်မှန်းဆ၍ ရနိုင်သည်မဟုတ်ပေ။ ထို့ကြောင့်တပ်မတော်သားတို့သည် “အမြဲလေ့ကျင့်၊ အမြဲစစ်ရေးသတိရှိ၊ အမြဲတိုက်ပွဲဝင်အသင့်ရှိ”ဟူသော မြဲ(၃)မြဲနှင့်နေထိုင်ကြရသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ တိုင်းရင်းသားအမည်ခံကာ တရားမဝင်လက်နက်စွဲကိုင်နေသည့်အဖွဲ့အစည်းအချို့သည် တိုင်းရင်းသားများအရေး၊ တန်းတူညီမျှရေး စသည်ဖြင့်အကြောင်းအမျိုးမျိုးပြကာ လက်နက်စွဲကိုင်နေသော်လည်း အမှန်တကယ် လုပ်ဆောင်နေသည်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ နိုင်ငံ၏သယံဇာတများကို ခိုးထုတ်ကာ ပြည်ပသို့ရောင်းချခြင်း၊ အရွယ်မရောက်သေးသူကလေးများကို အတင်းအဓမ္မ လူသစ်စုဆောင်းကာ လက်နက်ကိုင်ဆောင်စေခြင်း၊ ဒေသခံပြည်သူတို့အပေါ် ဆက်ကြေးကောက်ခံခြင်း စသည်များကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေကြသည်။
နိုင်ငံတော်တစ်ဝန်းလုံးတွင် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများကင်းစင်ပပျောက်မှသာ နိုင်ငံတော်သည် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူနေမှုဘဝလည်း အေးချမ်းသာယာမည်ဖြစ်သည်။
နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် လက်နက်ကိုင် ဆောင်ခြင်းအစား ပါတီဖွဲ့စည်းတည်ထောင်၍ရွေးကောက်ပွဲဝင်ကြရန်လည်း အသိပေးထားပြီး ဖြစ်သည်။ အဆိုပါနည်းလမ်းမှာ အလွန်ကောင်းမွန်သည့်နည်းလမ်းကောင်းဖြစ်သည်။ မိမိတို့ကိုယ်စားပြုသည့် လူမျိုးများ၏ ရပိုင်ခွင့်များအားလုံးကို တရားဝင်တင်ပြ တောင်းဆိုနိုင်သည်။ အဆိုပါအခွင့်အရေးများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပေးအပ်ထားပြီးဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးဦးတည်ချက်တွင် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး”ကိုကြိုးပမ်း တည်ဆောက်လျက်ရှိသည်။ ဤအကြောင်းအရာများမှာ အနာဂတ်၏ စစ်ခေါင်းဆောင်များ သိရှိထားရမည့် အကြောင်းအရာများ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များက အကြောင်းပြနေသည့် ဖက်ဒရယ်စနစ်ကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ပုံဖော်ပေးနေပြီဖြစ်သည်။ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရအဆက်ဆက်က ဆောင်ရွက်ပေးနေသော်လည်း အကြမ်းဖက်လက်နက်ကိုင် ဆောင်နေသည့် အဖွဲ့အစည်းတို့၏ ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကောင်းမွန်စွာတည်ဆောက် ပေးထားသည့် ဒေသဖွံ့ဖြိုးရေးတို့မှာ ပျက်စီးခဲ့ရသည်။
ထင်ရှားစွာမြင်တွေ့နိုင်သော သာဓကများအနက် ငွေကြေးအကုန်အကျများစွာကုန်ကျခံကာ ခေတ်မီတည်ဆောက်ထားသည့် “လွိုင်ကော်တက္ကသိုလ်”၏ အခြေအနေကို မြင်တွေ့ကြရပြီးဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် တပ်မတော်သာ အားကိုးရာအဖြစ် တပ်မတော်ကိုစဉ်ဆက်မပြတ် အားပေး ထောက်ခံလျက်ရှိသည်။ တပ်မတော်သည် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို အစဉ်ကာကွယ် စောင့်ရှောက်နေသကဲ့သို့ ပြည်သူလူထု၏ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားသည်။ ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းမပျက်ယွင်းရေးအတွက် တပ်မတော်က တည့်မတ်ပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာ တပ်မတော်ရဲ့အခန်းကဏ္ဍများကို ထည့်သွင်းဖော်ပြထားခြင်းဟာ အတိတ်သမိုင်းစဉ်မှာကြုံတွေ့ခဲ့ရတဲ့အားနည်းချက်တွေကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးအတွက် ပြဋ္ဌာန်းထားရခြင်းပဲဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ရဲ့အခန်းကဏ္ဍမှာပါတဲ့ ပြဋ္ဌာန်းချက်အပိုဒ်တွေဟာ တပ်မတော်အတွက် ပြဋ္ဌာန်းထားတာမဟုတ်ဘဲ နိုင်ငံတော်အကျိုးကိုမျှော်ကိုးပြီး ထည့်သွင်းပြဋ္ဌာန်းထားခြင်းသာ ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ထို့ပြင် “တပ်မတော်သည် အင်အားတောင့်တင်း၍ စွမ်းရည်ထက်မြက်သော ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်” ဆိုသည့်အတိုင်း တပ်မတော်သားတို့က ကြိုးပမ်းတည်ဆောက်နေကြရမည် ဖြစ်သည်။ အဆိုပါတည်ဆောက်မှုတွင် ယခုအခါ သင်တန်းပြီး မြောက်ပြီဖြစ်သည့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ သင်တန်းဆင်းအရာရှိငယ်များသည်လည်း ပါဝင်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့် နိုင်ငံဖြစ်သည်။
နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟုခေါ်တွင်ရမည်။ နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသောနိုင်ငံ ဖြစ်သည်။ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်သည်။ အဆိုပါအချက်များအားလုံးသည် ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတော်တည်ရှိနေရေးအတွက် အခြေခံမူများဖြစ်သည်။
ထိုအခြေခံမူများခိုင်မာစွာ တည်တံ့နေစေရန်မှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည်။
ထို့ကြောင့် တပ်မတော်သားအားလုံးသည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်များ ပြည့်ဝနေကြရမည်ဖြစ်သည်။ ထိုသို့ပြည့်ဝနေစေရေးအတွက် သက်ဆိုင်ရာသင်တန်းကျောင်းများ၌ စာတွေ့သင်ကြားပေးပြီး ဖြစ်သည့်အတွက် လက်တွေ့လိုက်နာ လုပ်ဆောင်ကြရန်ဖြစ်သည်။ တပ်မတော်သည် စည်းကမ်းစနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် စည်းကမ်းသည် တပ်မတော်၏ကျောရိုးမဏ္ဍိုင် ဖြစ်သည်။ စစ်သည်တော်ကျင့်ဝတ်အပါး(၆၀)နှင့်အညီ ပြုမူကျင့်ကြံနေထိုင်ကြရသည်။ တပ်မတော်သား မှန်သမျှသည် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကိုလိုက်နာကြရ သကဲ့သို့ နယ်ဘက်ဥပဒေများကိုလည်း လိုက်နာကြရသည်။ နိုင်ငံတော်အတွက် တပ်မတော်သားကောင်းများရှိနေသမျှကာလပတ်လုံး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် တည်တံ့ခိုင်မြဲနေမည်သာဖြစ်သည်။
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ဗိုလ်လောင်းများသည် သင်တန်းပြီးမြောက်ကာ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။ ထိုသို့ တာဝန်ထမ်းဆောင်ကြရာတွင် သိပ္ပံပညာထွန်းကားမှုကြောင့် စစ်မှုအတတ်ပညာ(Military Technology) များ ပြောင်းလဲ တိုးတက်နေခြင်း၊ စစ်မှုအတတ်ပညာ တိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများပြောင်းလဲနေခြင်း စသည်များကို ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရန် လေ့လာဆည်းပူး လေ့ကျင့်ပွားများလျက် နိုင်ငံတော်ကာကွယ်ရေးအတွက် အရည်အချင်း ပြည့်ဝသူများ ဖြစ်ကြပါစေကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။
Source: Myawady Web Portal

ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမဆို မိမိနိုင်ငံရှင်သန်ရပ်တည်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ အမြဲလုပ်ဆောင်နေရမှာ ဖြစ်တယ်။ နိုင်ငံအတွက်အလိုအပ်ဆုံး မရှိမဖြစ်အရေးပါတဲ့ အဖွဲ့အစည်းက တပ်မတော်ပဲ ဖြစ်ပါတယ်။ အလားတူပဲ ပြည့်အင်အားသည် ပြည်တွင်းမှာပဲရှိသည်ဆိုတဲ့အတိုင်း နိုင်ငံ့အင်အား တောင့်တင်းခိုင်မာမှ ကမ္ဘာ့အလယ်ဝင့်ထည်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်၏ ပြည်တွင်းပြည်ပရန်စွယ်များကို ကာကွယ်ရေးတွင် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်နေကြတဲ့ မြန်မာတပ်မတော်ဟာလည်း အင်အားတောင့်တင်းခိုင်မာနေစေရန် အထူးပင် အရေးကြီးလှပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်တဲ့နေ့ရက် သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ကြော်ငြာခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကတော့ အခုမှအသစ် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ် ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုတာရှိပါတယ်။ အဲ့ဒီနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ ဥပဒေအမှတ် (၂၇/၂၀၁၀) နဲ့ ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်ပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဥပဒေအမှတ် (၂၇/၂၀၁၀) နဲ့ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ၁၉၄၇ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်းမှာ မြန်မာပြည် လွတ်လပ်ရေးရတဲ့အခါမှာ မြန်မာပြည်ကိုကာကွယ်ဖို့ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်တယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်တော့ဘူး။ တိုင်းပြည်ကာကွယ်ဖို့ စစ်သားတွေလိုလာမယ်။ အဲ့ဒီအခါ မြန်မာတိုင်း၊ အရွယ်ရောက်သူတိုင်း၊ ကျန်းမာရေးနှင့် ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့လုပ်ရမယ်။ ခင်ဗျားတို့ တိုက်ချင်တိုက်၊ မတိုက်ချင်လည်း တိုက်ရမယ် ဒါမှလွတ်လပ်ရေးတာဝန်ကျေမယ်လို့ ပြောကြားခဲ့တာ တွေ့ရမှာဖြစ်တယ်။ ဒီလိုပြောကြားချက်တွေဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသူ၊ နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်တစ်ရပ်ဖြစ်တာကို တွေ့ရှိရမှာဖြစ်တဲ့အပြင် အင်အားတောင့်တင်းတဲ့ တပ်မတော်အင်အားရှိရန်လိုအပ်တာကို အမြော်အမြင်ကြီးစွာနဲ့ မီးမောင်းထိုးပြခဲ့တာကို တွေ့မြင်နိုင်မှာဖြစ်တယ်။
ဒီပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်းဖို့ တာဝန်ရှိတာနဲ့အညီ စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်မှာ နိုင်ငံသားတွေရဲ့ မူလတာဝန်ဝတ္တရားတွေရှိပြီး ပုဒ်မ ၃၈၅ မှာတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၃၈၆ မှာတော့ နိုင်ငံသားတိုင်းဟာ ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ပညာသင်ကြားရန်နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဆိုပြီး ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေနဲ့အတူတူပဲ ဒီနိုင်ငံသားတိုင်း စစ်မှုတာဝန် ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်ဟာ ပုဒ်မ ၂၀(ဃ)မှာ တပ်မတော်သည် နိုင်ငံတော် လုံခြုံရေးနဲ့ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ပုဒ်မ ၃၄၀ မှာ တပ်မတော်ဟာ အမျိုးသားကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိပါတယ်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် အတိအလင်းပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ယခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အခန်း ၈ ခန်း ပါဝင်ပြီး အရေးကြီးတဲ့အချက်တွေကို ထုတ်နုတ်ပြီးပြောလိုပါတယ်။ အခန်း ၁ မှာတော့ စစ်မှုထမ်းရမယ့်ကာလတွေ၊ စစ်မှုထမ်းရမယ့် ကာလတွေမှာ ဒီစစ်မှုထမ်းရမယ့် အသက်အရွယ်တွေ၊ ကာလတွေ၊ စစ်မှုထမ်းရမယ့် အသက်အရွယ်အနေနဲ့ နိုင်ငံသားတိုင်း အမျိုးသားဆိုရင် အသက် ၁၈ နှစ် ပြည့်ပြီး ၃၅ နှစ် မကျော်သေးတဲ့သူတွေ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မကျော်သေးတဲ့သူတွေဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များ အနေနဲ့ကတော့ အမျိုးသား အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးတဲ့သူတွေ အားလုံးသည် စစ်မှုထမ်းဆောင်ဖို့အတွက် တာဝန်ရှိပါတယ်။ စစ်မှုထမ်းဆောင်ရမယ့် ကာလကတော့ ၂၄ လ (၂ နှစ်) ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များအနေနဲ့ ၃၆ လ (၃ နှစ်) ဖြစ်ပါတယ်။
စစ်မှုထမ်းရန် အကျုံးဝင်သော အမျိုးသား၊ အမျိုးသမီးအားလုံးတို့ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း စစ်မှုထမ်းရန်မလိုအပ်ဘဲ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်က ဆင့်ခေါ်ခံရသည့် လိုအပ်သည့် အင်အားသာ ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ထိုသို့ဆင့်ခေါ်ခံရသူများ သည်လည်း ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့က လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများအောင်မြင်မှ စစ်မှုထမ်းဆောင်ရမှာ ဖြစ်တာကိုလည်း သိရှိထားရန်လိုပါတယ်။ ဒါ့ကြောင့် စစ်မှုထမ်းရန်အကျုံးဝင်သော သူများအနေဖြင့် အလွန်အမင်း စိုးရိမ်ကြောင့်ကြမှု မရှိကြရန်နှင့် မိမိတို့အလှည့်ရောက်မှသာ သတ်မှတ်ကာလအတိုင်း စစ်မှုထမ်းရမည်ကို သိရှိကြရမှာဖြစ်ပါတယ်။
စစ်မှုမထမ်းမနေရဥပဒေအရ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်စာနဲ့ အခေါ်ခံရတဲ့လူငယ်တိုင်း သတ်မှတ် အရည်အချင်း ပြည့်မီဖို့ လိုပါတယ်။
အရည်အချင်းမပြည့်မီရင် ထမ်းဆောင်ခွင့်ရမှာမဟုတ်ပါဘူး။ ဆင့်ခေါ်ခံရသူတိုင်း လူစဉ်မီမှ၊ ကျန်းမာသန်စွန်းမှ စစ်မှုထမ်းခွင့်ရမှာဖြစ်ပါတယ်။ လူငယ်လူရွယ်တွေအနေဖြင့် နိုင်ငံတော်ကပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ လက်တွန့်မနေဘဲ ဂုဏ်ရှိရှိစစ်မှုထမ်းဖို့လိုပါတယ်။ ၂ နှစ်ကာလ စစ်မှုထမ်းပြီးရင် မြန်မာပြည်ထဲနေမလား၊ နိုင်ငံခြားထွက်မလား မိမိနိုင်ငံအတွက် တာဝန်ကျေသော လူငယ်လူရွယ်တွေဖြစ်လာကြမယ်၊ ဂုဏ်ရှိရှိ ရင်ကော့ပြီးနေလို့ ရတယ်ဆိုတာ လူငယ်တွေ သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပါတီနိုင်ငံရေးမှိုင်းမိ နေသော ဆန့်ကျင်ဘက်အဖွဲ့အစည်း များ၏စကားကိုနားယောင်ပြီး အကြမ်းဖက်အဖွဲ့များထံသွားရောက်ကြပါက တစ်ဘဝလုံးဆုံးရှုံးကာ လူမသိသူမသိဘဝနဲ့ နိဂုံးချုပ်သွားမှာကို သတိပြုရန်လိုအပ်ပါတယ်။ အကြမ်းဖက်အဖွဲ့များက လူငယ်တွေဟာ သူတို့ရဲ့အသုံးချခံ မဟာအကျိုးစီးပွားဖြစ်တယ်ဆိုတာ အသိဉာဏ်ရှိတဲ့လူတိုင်း စဉ်းစားကြရမှာပေါ့။ ဒါတွေကိုမိဘများကပါ မှန်ကန်သော အတွေးအခေါ်ရှိကြဖို့လိုအပ်ပါတယ်။ ကိုယ်တိုင်က ပိတ်နေပိန်းနေရင်တော့ သားသမီးဘဝလည်း တစ်သက်လုံး လူလုံးမလှနိုင်ဘူးဆိုတာ သတိပြုစေလိုပါတယ်။ လက်ရှိအခြေအနေတွင် ကျွန်တော်တို့နိုင်ငံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းအပေါ် စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ့်နိုင်ငံမှာ ဒီလိုစစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အခါမှာတော ပြည်သူများအကြား စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ စတဲ့စကားသံကိုလည်း ကြားလာရပါတယ်။ မြန်မာနိုင်ငံမှာ ယခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လက်ရှိကမ္ဘာ့နိုင်ငံများမှာ ပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေများနည်းတူ ပြဋ္ဌာန်းချက်တွေနဲ့ အကျိုးခံစားခွင့်တွေ ပါဝင်နေတယ်ဆိုတာကိုလည်း သေသေချာချာလေ့လာကြဖို့လိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ဆင့်ခေါ်ခံရသူဟာ-
- ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေးအဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော် စစ်ဆေးရေးဘုတ်အဖွဲ့၏ထောက်ခံချက်ရရှိထားသူများ၊
- နိုင်ငံ့ဝန်ထမ်းများ၊
- ပညာသင်ကြားနေသူများ၊
- အခြားပြုစုစောင့်ရှောက်မည့်သူမရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊
- မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများနှင့်
- ထောင်ဒဏ်ကျခံနေရသူများသည် ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်မှာဖြစ်ပါတယ်။ အဲ့သလို ယာယီရွှေ့ဆိုင်းထားတဲ့ကာလမှာ ဥပဒေအရ သတ်မှတ်ထားတဲ့ စစ်မှုထမ်းရမယ့်အသက်အရွယ် ကျော်လွန်ခဲ့ပါကလည်း စစ်မှုထမ်းဆောင်ရမည့် ကာလပြည့်မီအောင် တာဝန်ထမ်းဆောင်ရမည်ကို သတိပြုရန်လည်း လိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဆောင်ရန် အသက်အရွယ်ရောက်ရှိသော ပုဂ္ဂိုလ်များဟာ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဟု တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က သတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများသည် ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရကြမှာဖြစ်ပါတယ်။ အဆိုပါ ကင်းလွတ်ခွင့်ရသည့်အတွက် စစ်မှုထမ်းရန် အရည်အချင်းပြည့်မီသူများသည် စစ်မှုထမ်းခြင်းမှ ရှောင်တိမ်းရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်ခဲ့ရင်လည်း သာသနာ့ဝန်ထမ်းတိုင်းအား ကင်းလွတ်ခွင့်ပေးမည်မဟုတ်ဘဲ သာသနာ့ဝန်ထမ်းဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အကျုံးဝင်သည့်သူများကိုသာ ကင်းလွတ်ခွင့်ပေးမည်ကို သိရှိထားရန်လည်းလိုပါတယ်။
ထိုသို့ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲလိုသော ရည်ရွယ်ချက်ဖြင့် သာသနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်ခဲ့ကြောင်း ပေါ်ပေါက်ပါက ဥပဒေပါ ပြစ်ဒဏ်အား ချမှတ်ခံရမည်ကိုလည်း သိရှိထားရန်လိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသော အကြံဖြင့် မိမိကိုယ်ကို မသန်မစွမ်းဖြစ်အောင် ပြုလုပ်ခြင်း၊ ဟန်ဆောင်ခြင်းတို့ကို ပြုလုပ်ပါကလည်း ဥပဒေအရအပြစ်ပေးခံရမည့်အပြင် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်း ခံရပြီးပါကလည်း ပြည်သူ့စစ်မှုထမ်းဆောင်ရခြင်းမှ ကင်းလွတ်ခွင့်မရနိုင်ကြောင်းကို သိရှိကြရန် လိုအပ်ပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းများသည် လူမှုကွန်ရက်များမှတစ်ဆင့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် တရားဝင်ဥပဒေ မဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများထံ သွားရောက် ပူးပေါင်းကြရန် သွေးဆောင်စည်းရုံးမှုများကိုလည်း နားမယောင်ကြဖို့ လိုအပ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားအား တရားဝင်ပြဋ္ဌာန်းထားပြီး ဖြစ်တဲ့အတွက် စစ်မှုထမ်းကာလပြီးဆုံးချိန်မှာလည်း စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ကို ကိုင်ဆောင်ကာ နိုင်ငံသားတစ်ယောက် တာဝန်ကျေပွန်ပြီး ဖြစ်သည့်အတွက် မည်သည့်နေရာ၊ မည်သည့်အလုပ်အကိုင်မျိုးကိုမဆို ဂုဏ်ယူဝင့်ကြွားစွာနဲ့ သွားလာလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အဖွဲ့အစည်းများရဲ့ သွေးထိုးလှုံ့ဆော်မှုများကိုနားယောင်ကာ အကြမ်းဖက်အဖွဲ့အစည်းများထံသို့ သွားရောက်ပူးပေါင်းကြမယ်ဆိုရင် မိမိတို့၏အနာဂတ်ဘ၀ ထိခိုက်ပျက်သုဉ်း ရမည်ကိုလည်း သတိချပ်စေချင်ပါတယ်။
ထို့ပြင် အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် ပြည်သူလူထုအား စစ်မှုထမ်းချိန်မှာ ငါတို့ရဲ့မိဘတွေကို ဘယ်သူကလာကျွေးမလဲလို့ ဆိုပြီး နောက်ဆံတင်းစေမယ့် စကားလုံးတွေနဲ့ စစ်မှုထမ်းဆောင်လိုစိတ် နည်းပါးအောင် စည်းရုံးလှုံ့ဆော်နေကြသည်ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဥပဒေမှာ အသက်အရွယ်ကြီးရင့်ပြီး ပြုစုစောင့်ရှောက်မှုမရှိတဲ့ မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေကြသူများကို ဆင့်ခေါ်ခံရချိန်မှာ စစ်မှုထမ်းဆောင်ရမယ့်တာဝန်ကနေ ယာယီရွှေ့ဆိုင်း ရန် လျှောက်ထားနိုင်ပါတယ်။ စိစစ်ရေးအဖွဲ့တွေကလည်း စိစစ်ပြီးနောက် မှန်ကန်ပါက ယာယီရွှေ့ဆိုင်းပေးမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်သမားများအနေနဲ့ ပြည်သူများက ဥပဒေပြဋ္ဌာန်းချက်အတိုင်း စစ်မှုထမ်းဆောင်ရန် ဝင်ရောက်လာတဲ့အခါ အင်အားတောင့်တင်းသော တပ်မတော်တစ်ရပ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောက်ရွံ့ တဲ့အတွက် ပြည်သူများ စစ်မှုထမ်းဆောင်မှုမပြုကြရန်၊ တပ်မတော်နှင့်ပြည်သူများကို သွေးကွဲစေရန်အတွက် လေလှိုင်းပေါ်မှ တစ်ဆင့် သွေးထိုးလှုံ့ဆော်မှုများကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသော နိုင်ငံဝန်ထမ်းတစ်ဦးသည် ၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်ပေးထားသည့်အပြင် အလုပ်သမားတစ်ဦးသည်လည်း လုပ်ငန်းတာဝန်မှ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရပါကလည်းတာဝန်ပြီးဆုံးချိန်တွင် မူလထမ်းဆောင်ခဲ့သော အလုပ်အကိုင်ကို ပြန်လည်ရရှိမည်ဖြစ်ကြောင်းဥပဒေဖြင့် အတိအလင်းပြဋ္ဌာန်းထားပါတယ်။ ဒါ့ကြောင့် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးပါက မူလအလုပ်အကိုင်ကို ပြန်လည်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အလုပ်ရှင်များအနေဖြင့်လည်း အလုပ်ခန့်ထားရာမှာ စစ်မှုထမ်းပြီးသူများကို ဦးစားပေးခန့်ထား လာနိုင်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အလုပ်ရှင်များအနေဖြင့် အလုပ်ပြန်မခန့်ရင် အရေးယူခံရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်သူ့စစ်မှုထမ်းဆောင်ထားခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့်မလို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ လောလောဆယ်အကျုံးဝင်သူ နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ မလိုအပ်သေးပါဘူး။ အဆင့်တစ်အနေနဲ့ ရွေးချယ်ရေးအဖွဲ့တွေကို ဖွဲ့စည်းပေးရမယ်။ အဆင့်နှစ်အနေနဲ့ ရပ်ကျေးအဆင့် လိုအပ်တဲ့ ပမာဏကိုသာ ခေါ်ယူရမယ်။ အဆင့်သုံးအနေနဲ့ ရွေးချယ်ရေးအဖွဲ့က ခေါ်ယူသူသာ သတင်းပို့ရမှာဖြစ်တယ်။ ခေါ်ယူသတင်းပို့သူကို ဆေးစစ်ပြီးအောင်မြင်သူမှသာ တာဝန်ထမ်းဆောင်ခွင့်ရမယ် ဆိုတာကို သိစေချင်တယ်။ လက်ရှိကမ္ဘာ့နိုင်ငံများတွင် စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီး တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံအများအပြားရှိတယ်။ https://www.thesoldiersproject.org အင်တာနက် စာမျက်နှာမှာ ဖော်ပြချက်အရ ကမ္ဘာ့နိုင်ငံ ၄၉ နိုင်ငံတွင် ကျင့်သုံးကြောင်း တွေ့ရပါတယ်။ ဒါ့ကြောင့် စစ်မှုမထမ်းမနေရ ဥပဒေဆိုတာ မြန်မာတစ်နိုင်ငံတည်းက ကျင့်သုံးတဲ့ ဥပဒေမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံကြီး များတွင်လည်း ကျင့်သုံးကြတဲ့ ဥပဒေဖြစ်တဲ့အတွက် နိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပျော်ရွှင်စွာ စစ်မှုထမ်းဆောင်ပြီး နိုင်ငံတော်ကို ကာကွယ်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။

ဘင်္ဂလားပင်လယ်အော်၏အရေးပါမှု
ဘင်္ဂလားပင်လယ်အော်၏အရေးပါမှု
ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးပင်လယ်အော်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့ဖြင့် ဝန်းရံထားကာ အရှေ့ဘက်တွင် အက်ဒမန်နှင့် နီကိုဘာကျွန်းတန်းများဖြင့် ပိုင်းခြားထားပါသည်။ အကျယ် အဝန်းအားဖြင့် စတုရန်းကီလိုမီတာ ၂.၂ သန်းခန့်၊ ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံခန့်၊ ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ထရီလီယံ တန်ဖိုးကျော်ရှိပြီး ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး၏ လေးပုံတစ်ပုံသည် ၎င်းပင်လယ်အော်ကို ဖြတ်သန်းနေခြင်းဖြစ်ပြီး အရေးကြီးသော စွမ်းအင်လမ်းကြောင်းကြီး (Energy Lifeline) များ စီးဆင်းရာဒေသဖြစ်ပါသည်။ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း၌ မဟာဗျူဟာအရ အဓိကကျကာ အိန္ဒိသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအား ချိတ်ဆက်ပေးသော ပတ္တာသဖွယ်ဖြစ်နေပြီး Blue Economy ဆိုင်ရာ လုပ်ငန်းများနှင့် သယံဇာတပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်သည်။ ငါးသယံဇာတများ တစ်နှစ်လျှင် တန်ချိန် ၆ သန်းခန့်နှင့် ဟိုက်ဒရို ကာဗွန် ၅၀ ထရီလီယံကုဗပေခန့် ထွက်ရှိ/ ထုတ်လုပ်နိုင်ပြီး ငါးသယံဇာတများအပါအဝင် သက်ရှိမျိုးစိတ်ပေါင်းများစွာနှင့် သန္တာကျောက်တန်းများ၊ မြစ်များဖြင့် ကမ္ဘာအဆင့် (၆၄) ရှိ ကြီးမားသော ပင်လယ်ဂေဟစနစ် (Large Marine Ecosystem) ဒေသရပ်ဝန်းတစ်ခု ဖြစ်သည်။ ၎င်းပင်လယ်အော်အတွင်းရှိ ဒေသတွင်းနိုင်ငံများ၏ အရေးပါသော ဆိပ်ကမ်းများ အဖြစ် ကိုလံဘို၊ ချန်နိုင်း၊ ကိုလ်ကတ္တား၊ ဗီဇာခပတ္တနမ်၊ စစ်တကောင်း၊ ၊ မွန်ဂလာနှင့် ရန်ကုန် ဆိပ်ကမ်းများကို တွေ့ရှိနိုင်ကာ Food Security နှင့် Energy Security အတွက် အာမခံချက် ရှိသော ပင်လယ်တစ်ခု ဖြစ်ပါသည်။
ဘင်္ဂလားပင်လယ်အော်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ရေကြောင်းနှင့် ဆက်နွှယ်သော Proactive နှင့် Assertive အယူအဆများအရ အိမ်နီးချင်းသည် ပထမမူဝါဒ (Neighborhood First Policy)၊ အရှေ့ ထိတွေ့မူဝါဒ (Act East Policy) နှင့် ဒေသတွင်းနိုင်ငံအားလုံး၏ လုံခြုံရေးနှင့် တိုးတက်မှုတို့အတွက် ရပ်တည်သည့် The Security and Growth For All in the Region (SAGAR) မျှော်မှန်းချက်တို့ဖြင့် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် အတွင်း တက်ကြွစွာဦးဆောင် ဆောင်ရွက်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာ ကျကျအရေးပါလျက်ရှိပြီး ကုလားတန်မြစ်ကြောင်းစီမံကိန်းနှင့် စစ်တွေဆိပ်ကမ်းသည် အိန္ဒိယတို့၏ အရှေ့မြောက်ကုန်းတွင်းပိတ်ဒေသများနှင့် အရှေ့တောင်အာရှကို ဆက်သွယ် ပေးမည့် ပင်လယ်ပြင်ထွက်ပေါက်ဖြစ်လာမည်ဖြစ်သည်။ တရုတ်နိုင်ငံအတွက်လည်း မဟာဗျူဟာအရ အရေးပါသကဲ့သို့ ကျောက်ဖြူဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်းစီမံကိန်းသည် ၎င်းတို့၏ အဓိကရေနံတင်သွင်းရာနေရာတစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အရ အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်သင်္ဘောကြီးများသည် ဘင်္ဂလား ပင်လယ်အော်ကို ဖြတ်သန်းကာ ရေနံသယ်ပို့မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့အချိန် အထိ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒဲကျွန်း ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတင် သင်္ဘောကြီးများ စဉ်ဆက်မပြတ်ဝင်ရောက်လျက်ရှိရာ အစီးရေ (၃၁၆) စီးအထိ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်အား အဓိကအခြေပြု၍ အမျိုးသား အကျိုးစီးပွားနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် Blue Economy ဖြင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်စေရေး အဓိကဦးတည်ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ဘင်္ဂလား ပင်လယ်အော်ဒေသကြီးကို ကမ္ဘာ့ရပ်ဝန်းအတွင်း “Collective Destiny” (စုပေါင်းကံကြမ္မာ) ဟု တင်စားခေါ်ဝေါ်လေ့ရှိပြီး ပထဝီဝင်အနေအထား၊ ဘာသာယဉ်ကျေးမှုဆိုင်ရာများနှင့် ကုန်သွယ်ကူးသန်းရေးတို့တွင်သာ ချိတ်ဆက်ထိတွေ့ဆက်ဆံ ရခြင်းမျိုးမဟုတ်ဘဲ ဒေသတွင်း ပြောင်းလဲဖြစ်ပေါ်နေသည့် စိန်ခေါ်ခြိမ်းခြောက်မှုအရာများအပေါ်၌ စုပေါင်းနားလည်စာနာမှု ဖြင့် ပူးပေါင်းကျော်ဖြတ်ကြမည့် သဘာဝက ပေးထားသော အခြေခံအကြောင်းတရားများ ကြောင့်ပင်ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်အတွင်းရှိ နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားလာမှု (High Growth Rate) အခြေအနေများရှိနေပြီး ထွန်းသစ်စ အိန္ဒိယနိုင်ငံ (Emerging India) နှင့် ဖွံ့ဖြိုးတိုးတက်လာသော တရုတ်နိုင်ငံ (Rising China) တို့အကြား အရေးပါသည့် အနေအထားတွင် ရှိနေကြပါသည်။ ထို့အပြင် လူသားလုံခြုံရေး (Human Security) ဆိုင်ရာ ပြောင်းလဲလာသောအယူအဆများအရ ခြိမ်းခြောက်မှုများရှိနေခြင်းနှင့် အိန္ဒိယနိုင်ငံအနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များတွင် လုံခြုံရေး ဆိုင်ရာများ ပံ့ပိုးပေးသူ (Security Provider) ၏ အခန်းကဏ္ဍများကို တာဝန်ယူဆောင်ရွက် ခြင်းတို့ဖြင့် ရေကြောင်းမဟာဗျူဟာနှင့် ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ ထို့အတူ ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ တို့အတွက် ပင်လယ်ပြင်ရေလမ်းကြောင်းများ၊ သယံဇာတအရင်းအမြစ်များ၊ စွမ်းအင် လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများ၊ မပြီးပြတ်သေးသော မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံတို့၏ သုံးနိုင်ငံနယ်နိမိတ်သတ်မှတ်ရန် ကျန်ရှိနေသော Grey Area များကြောင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာမဟာဗျူဟာများအရ ပဋိပက္ခ (Conflict)၊ ပြိုင်ဆိုင်မှု (Competition) နှင့် ပူးပေါင်းဆောင်ရွက်မှု (Cooperation) ဖြစ်စဉ်များအတွက် အရေးပါလျက်ရှိသည်။
ဘင်္ဂလားပင်လယ်အော်အတွင်းက မြန်မာ့ပင်လယ်
မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်၏ အရှေ့မြောက်ဘက်နှင့် ကပ္ပလီပင်လယ် ကို မျက်နှာမူနေသည့် ကျယ်ပြန့်သည့်ပင်လယ်ပြင်ပိုင်ဆိုင်သည့် နိုင်ငံများတွင်တစ်ခု အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတည်ရှိပုံ ပထဝီအနေ အထားအရ အင်ဒိုချိုင်းနား ကျွန်းဆွယ်အား ပိုင်းခြားထားပြီး အရှေ့ဘက်တွင် အာဆီယံ အပါအဝင် အာရှဒေသ တစ်ခုလုံးနှင့် ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်တွင် တောင်အာရှဒေသအပါအဝင် အိန္ဒိယ သမုဒ္ဒရာ စသည့် သမုဒ္ဒရာနှစ်စင်းနှင့်ဒေသနှစ်ခုကိုပိုင်းခြားထားသကဲ့သို့ ဖြစ်နေပါသည်။ တစ်နည်းအားဖြင့် ၎င်းဒေသနှစ်ခုနှင့် သမုဒ္ဒရာနှစ်စင်းတို့အား ဆက်စပ်ပေးရာ Land Bridge တစ်ခုအဖြစ်တည်ရှိနေပါသည်။ ရေမိုင် ၁၂၆၀ ရှည်လျားသော ကမ်းရိုးတန်းနှင့် ရေပြင်ဧရိယာ စုစုပေါင်း ၁၄၄,၉၁၂ စတုရန်းရေမိုင် အကျယ်အဝန်းရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် သီလဝါရေနက်ဆိပ်ကမ်း တို့သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့ဘက်အကျဆုံးကမ်းခြေများ (Rim of the Indian Ocean) ဖြစ်ပြီး ပထဝီအနေအထားအရ သဘာဝကပေးသည့် အချက်အချာကျသော ဆိပ်ကမ်းကြီးများ ဖြစ်၍ တစ်ဆင့်ခံ ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း အလားအလာ ရှိသော ရေကြောင်းနိုင်ငံတစ်ခု အဖြစ် တွေ့မြင်ရမည် ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသည် ရေကြောင်းကုန်သွယ်မှု အချက်အချာနိုင်ငံဖြစ်ရန် အဓိက လိုအပ်ချက်များဖြစ်သော ရှည်လျားသော ကမ်းရိုးတန်းနှင့် ဆိပ်ကမ်းကောင်းများ တည်ရှိ နေပြီး ၎င်းတို့ကို ၂၁ ရာစု တရုတ်နိုင်ငံ၏ ရေကြောင်းပိုးလမ်းမ (Maritime Silk Routes) အစီအမံများနှင့် ချိတ်ဆက်ကာ ဒေသတွင်းစီးပွားရေးအချက်အချာနေရာအဖြစ် အသုံးချသွား နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝဆိပ်ကမ်းများအနက် ကျောက်ဖြူဆိပ်ကမ်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း အကောင်းဆုံးသဘာဝဆိပ်ကမ်းဖြစ်ပြီး တရုတ်နိုင်ငံ၏ တောင်ဘက် ယူနန်ပြည်နယ်နှင့် အနီးဆုံးဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံဖြင့် ဆက်စပ်နေသည့် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့အကြားတွင် ပါလီပါလဲ့ ရေလက်ကြား (Preparis Channel)၊ အက်ဒမန်နှင့် နီကိုဘာကျွန်းအကြားရှိ ၁၀ ဒီဂရီ ရေလက်ကြား (Ten Degree Channel) နှင့် နီကိုဘာ (Great Nicobar) နှင့် စူမတ်တြား (Sumatra) ကျွန်းအကြားရှိသော Great Channel စသည့် အဓိကရေလက်ကြား ၃ ခုဖြင့် ဆက်သွယ်ထားရှိပါသည်။ ထို့အတူ အိန္ဒိယသမုဒ္ဒရာအတွင်း ကူးလူးဖြတ်သန်းလျက်ရှိသည့် ရေယာဉ်များသည် အာရေဗျပင်လယ် - သီရိလင်္ကာရေလမ်းကြောင်းမှတစ်ဆင့် မြန်မာ့ ရေနက်ဆိပ်ကမ်းများနှင့် ဆိပ်ကမ်းမြို့များဆီသို့လည်းကောင်း၊ မလက္ကာရေလက်ကြားမှ တစ်ဆင့် မြန်မာ့ရေနက်ဆိပ်ကမ်းများနှင့် ဆိပ်ကမ်းမြို့များဆီသို့လည်းကောင်း ချိတ်ဆက် ကုန်သွယ်ဆောင်ရွက်လာနိုင်မည့် အခြေအနေဖြစ်သည်။
BIMSTEC အဖွဲ့ဖြစ်တည်လာခြင်း...
၁၉၉၇ ခုနှစ်တွင် ဗန်ကောက်ကြေညာစာတမ်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ - ဘစ္စတက် (Bangladesh India Sri Lanka Thailand Economic Cooperation - BIST-EC) စတင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အထူးအစည်း အဝေးတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးနောက် အဖွဲ့အမည်ကို Bangladesh-India-Myanmar-Sri Lanka-Thailand Economic Cooperation (BIMST-EC) (ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု) ဟု အမည်ပြောင်းလဲခဲ့ကြသည်။ ယင်းနောက် ၂၀၀၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် ဘူတန်နှင့် နီပေါနိုင်ငံတို့ အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ပထမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးတွင် အဖွဲ့၏အမည်ကို (Bay of Bengal Initiative for Multi-Sectoral Technical Economic Cooperation-BIMSTEC) (ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်- ဘင်းမ်စတက်) ဟု အမည်ပြောင်းလဲ သတ်မှတ်နိုင်ခဲ့သည်။
ဘင်းမ်စတက်ပဋိညာဉ်စာတမ်း (BIMSTEC Charter) ကို အဖွဲ့ဝင် နိုင်ငံ့အကြီးအကဲ များက အတည်ပြုလက်မှတ်ရေးထိုးထုတ်ပြန်ထားရှိခဲ့ပြီး ဘင်းမ်စတက်အဖွဲ့သည် စည်းမျဉ်း စည်းကမ်းကို အခြေပြုသော ဥပဒေကြောင်းအရ ဥပဓိဂုဏ် (Legal Personality) ရှိသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ ဘင်းမ်စတက်မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအားလုံးသည် အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ ခိုင်မြဲမှု၊ နိုင်ငံရေးအမှီအခိုကင်းမှု၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုမှု၊ ကျူးကျော်ခြင်းမပြုမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုတို့အပေါ် အခြေခံရန်နှင့် ဆုံးဖြတ်ချက်အားလုံးသည် တူညီ ဆန္ဒ (Consensus) အပေါ်၌ အခြေခံရန် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ တာဝန်ယူဆောင်ရွက်ရပြီး မြန်မာနိုင်ငံအနေဖြင့် ဥက္ကဋ္ဌတာဝန် (၂) ကြိမ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး လက်ရှိထိုင်းနိုင်ငံက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် BIMSTEC ဖွဲ့စည်းတည်ထောင်မှု (၂၇) နှစ် ပြည့်မြောက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်အကြီးအကဲများက ဝမ်းမြောက် ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း “စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ဖြေရှင်းရာတွင် ဘင်းမ်စတက်မူဘောင်အောက်မှ စုပေါင်းအင်အားဖြင့် ကြိုးပမ်းနိုင်ခဲ့ သည့်အတွက် ကျွန်ုပ်အနေနှင့် အဖွဲ့ဝင်နိုင်ငံအားလုံးကို အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ဘင်းမ်စတက် ပဋိညာဉ်စာတမ်း၏ လမ်းညွှန်မှုဖြင့် ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှုနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုများက အနာဂတ် စိန်ခေါ်မှုများကို ဆက်လက်ကျော်လွှားနိုင်မည့် အဓိကအရာများဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ဘင်းမ်စတက်သည် ပိုမိုခိုင်မာ၍ ထိရောက်သော အဖွဲ့အစည်းဖြစ်လာပါစေကြောင်းနှင့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်” ဟု သဝဏ်လွှာပေးပို့ခဲ့ပြီး ယနေ့ ဘင်းမ်စတက် အဖွဲ့အစည်း၏ ဒေသအတွင်း အရေးပါမှုအခြေအနေများကို မီးမောင်းထိုးပြခဲ့ပါသည်။
စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး မှသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများဆီသို့
စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ ပြီးဖြစ်ပါသည်။ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများက အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာများနှင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများ၊ သက်ဆိုင်ရာလုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့် သတင်း အချက်အလက်များ ပိုမိုပူးပေါင်းမျှဝေနိုင်ရေး၊ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာအခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အခြေအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြပါသည်။
အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ Legitimacy ကို ပိုမိုအားကောင်းစေသည်သာမက ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ အထူးသဖြင့် ဘင်းမ်စတက်အဖွဲ့တွင် မြန်မာ့အိမ်နီးချင်းများ ဖြစ်သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများ ပါဝင်ခြင်းကြောင့် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်မှုများကို ပူးပေါင်းနှိမ်နင်းနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးနိုင်ခဲ့သည်။
BIMSTEC ဒေသတစ်ခုလုံး၏ လူဦးရေသည် ၁ ဒသမ ၈ ဘီလီယံရှိပြီး တစ်ကမ္ဘာလုံး လူဦးရေ၏ ၂၂ ရာခိုင်နှုန်းရှိပါသည်။ ကုန်ထုတ်လုပ်မှုမှာလည်း စုစုပေါင်း ၃ ဒသမ ၆ ထရီလီယံရှိသည်။ ဘင်းမ်စတက်အဖွဲ့သည် အခြားအဖွဲ့အစည်းများနှင့် မတူဘဲ နေထိုင်မှုပုံစံ၊ ဘာသာစကား၊ ယဉ်ကျေးမှု စသည့်အချက်များ ကွဲပြားကြသည့်နိုင်ငံများဖြင့် ဖွဲ့စည်း တည်ထောင်ထားရှိသော်လည်း “စည်းလုံးခြင်းသည်အင်အား” “Unity is Strength” ဆိုသည့် စကားပုံအတိုင်း အဖွဲ့ဝင်နိုင်ငံများအားလုံးသည် အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါသည်။ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများတွင် အရှေ့တောင် အာရှနိုင်ငံများ (Association of Southeast Asian Nations- ASEAN) ၌ ပါဝင်သည့် နိုင်ငံများပါရှိသကဲ့သို့ တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (South Asian Association for Regional Cooperation- SAARC) တွင်လည်း ပါဝင်သည့်နိုင်ငံများဖြစ်သည့် အတွက်ကြောင့် ဘင်းမ်စတက်အဖွဲ့ကြီးသည် ယင်းဒေသအတွင်းရှိ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းနှစ်ခုကို ဆက်စပ်ပေါင်းကူး ပေးနိုင်သည့် အဖွဲ့ဟုလည်း ဆိုနိုင်သည်။
ဘင်းမ်စတက်၏ ရေကြောင်းဆိုင်ရာလုံခြုံရေးနယ်ပယ်
၂၀၁၈ ခုနှစ် BIMSTEC 4th Summit တွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီက လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း အနာဂတ်စားနပ်ရိက္ခာအတွက် ပင်လယ်ရေကြောင်းကဏ္ဍ၏ အရေးပါမှု ကို "ကျွန်တော်တို့ ဒီဒေသရပ်ဝန်း၏ ပထဝီဝင်တည်နေရာက ကမ္ဘာလုံးဆိုင်ရာ ပင်လယ် ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်ထားရှိသကဲ့သို့ Blue Economy ကလည်း ကျွန်တော်တို့၏ စီးပွားရေးအားလုံးမှာ အထူးအရေးပါမှုတစ်ခုပဲ ဖြစ်တယ်” ဟု ဘင်္ဂလားပင်လယ်အော်၏ အရေးပါမှုကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ကြောင့်လည်း ဘင်္ဂလားပင်လယ်အော်ရှိ ရေကြောင်းလုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍ၏ အရေးပါမှုအခြေအနေ များအရ ဘင်းမ်စတက်အဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်များ (National Security Chiefs) အခန်းကဏ္ဍတွင် ရေကြောင်းလုံခြုံရေး (Maritime Security) နယ်ပယ်အား ထည့်သွင်းထားရှိကာ ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းဖော်ထုတ်ခဲ့ကြပါသည်။
ဘင်္ဂလားပင်လယ်အော်သည် BIMSTEC အဖွဲ့ဝင် (၅) နိုင်ငံဖြင့် တိုက်ရိုက်ထိစပ်နေပြီး ကျန်ကုန်းတွင်းပိတ်နှစ်နိုင်ငံဖြစ်သည့် ဘူတန်နှင့် နီပေါနိုင်ငံများအတွက်လည်း ဆက်စပ် ပင်လယ်ထွက်ပေါက်ရရှိစေသဖြင့် “Heart of the BIMSTEC” အဖြစ် ဘင်္ဂလားပင်လယ်အော် မှသည် အိန္ဒိယသမုဒ္ဒရာရပ်ဝန်းတစ်ခုလုံးရှိ ဒေသတွင်းနိုင်ငံများသို့ နယ်ပယ်ကဏ္ဍစုံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ ချိတ်ဆက် ဖန်တီးဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်သည် BIMSTEC အဖွဲ့ဝင်နိုင်ငံများအတွက် လူမှုစီးပွားဘဝ တိုးတက်ရန် အခွင့်အလမ်းများစွာရှိသကဲ့သို့ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှုများစွာကိုလည်းအတူတကွရင်ဆိုင်ကျော်လွှား ဖြေရှင်းနိုင်ရန်လိုအပ်ပါသည်။ ထိုကဲ့သို့ ရင်ဆိုင်ဖြေရှင်းရာတွင် ဆိပ်ကမ်းလုံခြုံရေး၊ ကုန်သွယ်ရေလမ်းကြောင်းများ လုံခြုံရေး၊ ငါးဖမ်းလုပ်ငန်းများ အကာအကွယ်ပေးရေးနှင့် သဘာဝဘေးအန္တရာယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များပါဝင်သည်။ BIMSTEC အဖွဲ့အစည်းအတွင်း ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ (၇) ခုလုံးကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်စွာ အထောက်အပံ့ ဖြစ်စေသည့် ရေကြောင်းလုံခြုံရေးကဏ္ဍအား ပုံမှန်လုံခြုံရေး ဆောင်ရွက်မှုများထက် ကျော်လွန်ပြီး သံတမန်ရေးရာပါဝင်သည့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်မှုများအဖြစ် မြှင့်တင်ဆောင်ရွက်ရေး ကြိုးပမ်းလျက်ရှိပါသည်။
BIMSTEC သည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချိတ်ဆက် မှုကို မြှင့်တင်ပေးခြင်းမှတစ်ဆင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကျွဲကူးရေပါ မြင့်တက်စေမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်းကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေး၌ Maritime Transport Agreement (MTA) အား လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ပြီး ယင်းသဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံများ၏ ဆိပ်ကမ်းများအကြား အပြန်အလှန်ကုန်စည်ကူးသန်းရောင်းဝယ်နိုင်မည့် အခွင့်အလမ်း ကောင်းများရရှိလာနိုင်မည်ဖြစ်ကာ ဒေသတွင်းကုန်စည်စီးဆင်းမှုကို လျင်မြန်စွာ တိုးတက်စေနိုင်မည်ဖြစ်ပါသည်။ ဘင်္ဂလားပင်လယ်အော်အား ဗဟိုပြုဖြတ်သန်း၍ ဒေသ တွင်း အဖွဲ့ဝင်နိုင်ငံများအကြား ရေကြောင်းဆိုင်ရာကူးသန်းရောင်းဝယ်မှုများအပြင် အာဆီယံ နိုင်ငံများ၊ အာရှနိုင်ငံများသို့ မြန်မာနိုင်ငံမှတစ်ဆင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်မည့် အခွင့်အလမ်းများလည်း ပွင့်လန်းလာမည်ဖြစ်ပါသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ရေကြောင်းဆိုင်ရာလုံခြုံမှုအတွက် သက်ဆိုင်ရာနိုင်ငံတိုင်းရှိ ရေတပ်များ၏ အခန်းကဏ္ဍများမှာလည်း ပိုမိုအရေးပါလာမည်ဖြစ် သည်။ ယနေ့အချိန်တွင် တပ်မတော်(ရေ)သည် ဘင်းမ်စတက်နိုင်ငံများ၏ ရေတပ်များနှင့် အတူ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်များတွင် Navy To Navy Staff Talks ၊ CORPAT ၊ Maritime Security Conclave ၊ Maritime Security Exercise စသည့် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ဘင်းမ်စတက်မှသည် မြန်မာ့ရေကြောင်းအကျိုးစီးပွားများဆီသို့
မြန်မာနိုင်ငံသည် ကမ်းရိုးတန်းရှည်လျား၍ ဆိပ်ကမ်းကောင်းများတည်ရှိမှု၊ သယံဇာတ ပေါကြွယ်ဝမှုနှင့် သင့်တင့်သောလူဦးရေအချိုးအစားတို့ကို ထိရောက်စွာ အသုံးပြုနိုင်ပါက ရေကြောင်းကုန်သွယ်ရေးကို အားပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်သည့် အခြေခံကောင်း များစွာ ရှိပြီးဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်သည် ကမ္ဘာ့ကုန်သွယ်ရေလမ်းကြောင်းနှင့် နီးကပ်စွာတည်ရှိနေခြင်း၊ ကျောက်ဖြူသဘာဝရေနက်ဆိပ်ကမ်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း တို့ကဲ့သို့ ဆိပ်ကမ်းကောင်းများကိုပိုင်ဆိုင်နိုင်ခြင်းတို့အပြင် မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသယံဇာတ၊ သဘာဝဓာတ်ငွေ့သယံဇာတများအပြင် ကမ်းလွန်ရေတိမ်ပိုင်းပင်လယ် ကြမ်းပြင် အောက်ရှိ အလွန်အဖိုးတန်သည့် သတ္တုသယံဇာတများလည်း မြောက်မြားစွာရှိနေပါသည်။ ထို့အပြင် မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ပင်လယ်ပြင်ခရီးသွား လုပ်ငန်းလုပ်ဆောင်နိုင်သည့် အလွန်လှပ၍ ဆွဲဆောင်မှုရှိသော ကျွန်းစုများကို ပိုင်ဆိုင်ထား ရှိသကဲ့သို့ ပင်လယ်ရေအောက်သန္တာကျောက်တန်းများ၊ အံ့မခန်း ရေအောက်အလှရှုခင်း များအား ကြည့်ရှုနိုင်သည့် Scuba Diving Site များလည်း များစွာတည်ရှိနေပါသည်။ ပင်လယ်ပြင်သည် သက်ဆိုင်ရာနိုင်ငံအတွက် အခွင့်အလမ်းနှင့် အကျိုးစီးပွားများကို ပေးစွမ်းနိုင်သော်လည်း ပင်လယ်ပြင်လုံခြုံရေးအတွက် စနစ်တကျ ထူထောင်ထားသော ကာကွယ်ရေး အစီအမံများမရှိပါက ယင်းရေလမ်းကြောင်းများသည် အင်အားသုံး အလွယ်တကူချဉ်းနင်း ဝင်ရောက်လာနိုင်သောအားနည်းသည့် ဝင်ပေါက် (Vulnerable Entrance)များဖြစ်လာနိုင်ပေသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပျက်မှုမှန်သမျှသည် မြန်မာ့ပင်လယ်ပြင်အပေါ် သက်ရောက်လျက်ရှိသကဲ့သို့ ဘင်္ဂလားပင်လယ်အော်၏ မဟာဗျူဟာတန်ဖိုးများတွင်လည်း ဆက်စပ်ပါဝင်လျက်ရှိပါသည်။ သို့ဖြစ်၍ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် တို့နှင့် ဆက်စပ်တည်ရှိကာ အာရှနှင့် တောင်အာရှတို့အား ဆက်သွယ်ပေးထားသည့် တစ်နည်းအားဖြင့် အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများအား ကြားခံအဖြစ် ဆက်သွယ် ဆောင်ရွက်ပေးနိုင်သည့် Land Bridge တစ်ခုအဖြစ်တည်ရှိနေသည့် ပထဝီအားသာချက် အခွင့်အလမ်းအား အမိအရဆုပ်ကိုင်ဆောင်ရွက်သွားနိုင်ရန် အရေးကြီးပါသည်။ လက်ရှိ အခြေအနေအရ လုံခြုံရေးကန့်သတ်ချက်ရှိနေသော နယ်စပ်ကုန်သွယ်မှုများအား အပြည့်အဝ မှီခိုအားထားစရာမလိုသည့် ရေကြောင်းကုန်သွယ်မှုကဏ္ဍအား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရခိုင် ကမ်းရိုးတန်းတွင် စစ်တွေမြို့၊ ကျောက်ဖြူမြို့များ၊ မြစ်ဝကျွန်းပေါ်ဒေသတွင် ပုသိမ်မြို့နှင့် ရန်ကုန်မြို့၊ တနင်္သာရီကမ်းရိုးတန်းတွင် မော်လမြိုင်မြို့၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့ စသည့် ထင်ရှားသော ဆိပ်ကမ်းမြို့ကြီးများအား အဆင့်မြှင့်တင်၍ ဒေသတွင်းနိုင်ငံများ၏ ဆိပ်ကမ်းများနှင့် ကူးလူးဆက်သွယ်နိုင်မည့် ရေကြောင်းကွန်ရက်များ (Regional Maritime Network) ကို ချိတ်ဆက်ပုံဖော်ကြရမည် ဖြစ်ပေသည်။
ယနေ့ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်းမ်စတက်အဖွဲ့ဝင်များဖြစ်သည့် အိန္ဒိယ နိုင်ငံ၏ အရှေ့ဘက်ကမ်းခြေ ဆိပ်ကမ်းများဖြစ်သော ဗီဇာခပတ္တနမ်၊ ကိုလ်ကတ္တားနှင့် ချန်နိုင်း ဆိပ်ကမ်းများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တကောင်းဆိပ်ကမ်း၊ သီရိလင်္ကာနိုင်ငံ၏ ဟန်ဘန်တိုတာဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ၏ ရန်ကုန်၊ ပုသိမ်၊ စစ်တွေ ဆိပ်ကမ်းများအား လမ်းကြောင်းတစ်သွယ် Coastal Shipping Sector အနေဖြင့် ချိတ်ဆက်ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတကာရေကြောင်းကုန်သွယ်မှုများသည် International Maritime Organization (IMO) ၏ Regulation များဖြင့် ဆောင်ရွက်နေရသော်လည်း Coastal Shipping Agreement မှာ IMO လုပ်ငန်းစဉ်ထက် ရိုးရှင်းပြီး နှစ်နိုင်ငံ သဘော တူညီမှုများဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်၍ ကမ်းရိုးတန်း ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းသစ်များအား လျင်မြန်ရိုးရှင်းစွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်တည်ရှိရာ ဘင်္ဂလားပင်လယ်အော်၏ ရေကြောင်း ဆိုင်ရာ အကျိုးစီးပွားကာကွယ်ရေးနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာနယ်ပယ် များတွင် ဘင်းမ်စတက်အဖွဲ့ကြီး၏ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တပ်မတော်(ရေ)၊ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့များအနေဖြင့် တက်ကြွစွာပူးပေါင်းပါဝင်ပြီး ပိုမိုလုံခြုံသော ရေကြောင်းပတ်ဝန်းကျင် (Safe and Secure Maritime Domain) တစ်ခုအဖြစ် အာမခံချက် ရှိနေစေခြင်းဖြင့် မြန်မာ့ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွား မြှင့်တင်ရေးကဏ္ဍတွင် တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်နိုင်ပါစေကြောင်း....။
pdf file download ရယူရန်