ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်ရာတွင် အသက်အရွယ်အလိုက် သင့်လျော်သည့် လေ့ကျင့်ခန်းမျိုး ပြုလုပ်ရန် လိုအပ်သည်။ ကျန်းမာရေးအတွက် ပြုလုပ်ကြသော လေ့ကျင့်ခန်းအမျိုးမျိုးတွင် သုတေသီတို့၏ အဆိုအရ အပြေးလျှောက်လေ့ကျင့်ခန်းသည် အကောင်းဆုံး၊ စက်ဘီးစီးခြင်းသည် ဒုတိယနှင့် လမ်းလျှောက်ခြင်းသည် တတိယအကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။

အပြေးလျှောက်ခြင်းသည် ရိုးရိုးလမ်း လျှောက်ခြင်းထက် ပို၍သက်လုံကောင်းကာ အမောခံနိုင်သည်ဟုဆိုသည်။ ညနေဘက်ပြေးလျှင် ကြွက်သားများပြေလျော့ပြီး စားကောင်းကာ အိပ်ပျော်စေနိုင်သည်ဟု လက်တွေ့အပြေးလျှောက်လေ့ ကျင့်နေသူတစ်ဦးက ပြောသည်။ အပြေးလျှောက်ခြင်းသည် ဝမ်းချုပ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်။
လမ်းလျှောက်သူများ၊ အပြေးလျှောက်လေ့ကျင့်သူများ တစ်ခါတစ်ရံ အခက်အခဲတွေ့ရတတ်သည်။ အထူးသဖြင့် တခြားတစ်မြို့တစ်ရွာရောက်သောအခါ ပြေးစရာ၊ လျှောက်စရာ မြေကျယ်ကျယ်မရှိခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါများပြီး ရွှံ့ညွန်ထူထပ်သောအရပ်တွင် ရောက်ရှိနေသဖြင့် မိမိနေ့စဉ်ပြုလုပ်နေကျ လေ့ကျင့်ခန်းကို မလုပ်နိုင်ခြင်းတို့ဖြစ်နိုင်သည်။
ထိုအခါမျိုးတွင် ပြုလုပ်နိုင်မည့် ထိရောက်သော လေ့ကျင့်ခန်းတစ်မျိုးကို ရေးသားတင်ပြလိုပါသည်။ မြေနေရာအကျယ်အဝန်းများစွာ မလိုအပ်ဘဲ အခန်းတစ်ခန်း၊ ပြတင်းပေါက်တစ်ပေါက်ရှိနေလျှင် ဤလေ့ကျင့်ခန်းကို လုပ်ဆောင်နိုင်ပါသည်။
ခြေဖျားထောက်လေ့ကျင့်ခန်းလူတို့၏ခြေဖဝါးတွင် ခန္ဓာကိုယ်အတွင်းကလီစာများနှင့် ဆက်နွှယ်နေသော အရေးပါသည့် နှိပ်ကွက်များရှိသည်။ ရိုးရာအကြောပြင်နှိပ်ကွက်များတွင် ပထဝီဓာတ်နှင့်ဆိုင်သော အကြောကြီး နှစ်ချောင်းသည် ခြေဖဝါးအလယ်နှင့် ခြေဖဝါး ဘေးစောင်းတွင်ရှိနေကြသည်။ ခြေဖဝါးအတွင်းခွက်နေသော နေရာ၌ နှိပ်ကြည့်ပါ။ တင်းနေသောအကြောသည် အတွင်း ပထဝီကြောဟုခေါ်သည်။ သက်စောင့် ကြောဖြစ်သည်။ ကြွက်တက်လျှင် ထိုအကြောကိုနှိပ်လျှင် ပြန်ကျပြီးသက်သာ စေနိုင်သည်။ ခြေဖဝါးပထဝီ ကြောစမ်း၍ မရတော့လျှင် သေဆုံးချိန်နီးသော လူနာဖြစ်သည်ဟု ဆိုသည်။
အပြင်ပထဝီကြောသည် ခြေဖဝါးဘေး စောင်းအတွင်းဘက်တွင်ရှိသည်။ နှိပ်လျှင် နာသည်။ အကြောပြေစေရန်၊ အညောင်း အညာသက်သာစေရန် အနှိပ်သည်များက ထိုအကြောကို နှိပ်ပေးလေ့ရှိသည်။ ထိုအပြင်ပထဝီ ကြောသည်လည်း သက်စောင့်ကြောဖြစ်သည်။ အတက်ရောဂါရှိသူများနှင့် ကလေးများ ကိုယ်ပူကြီး၍ အတွင်းတက်တက်လျှင် အပြင်ပထဝီကြောရှိသည့် ခြေဖဝါးစောင်းကို နှိပ်ပေးလျှင် အတက်ကျစေနိုင်သည်။
ခြေဖဝါးပထဝီကြောနှစ်ကြောကို မနှိပ်ဘဲနှိပ်သကဲ့သို့ ပြေလျော့စေနိုင်သောလေ့ကျင့်ခန်းမှာ ခြေဖဝါး ထောက်ခြင်း သို့မဟုတ် ခြေဖျားထောက်ခြင်းလေ့ကျင့် ခန်းဖြစ်သည်။
မတ်တတ်ရပ်ပြီး ခြေဖျားထိပ်ကလေးများပေါ်တွင် အားပြုကြည့်ပါ။ ခြေသလုံးကြွက်သားများကို အားယူထားရသဖြင့် ကြာကြာမရပ်နိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။ ကြာကြာရပ်နိုင်စေရန် ကျင့်သား မရမီ အကူအညီလိုအပ်ပါသည်။ ပြတင်း ပေါက်တစ်ခုတွင် ရပ်ပါ။ တံခါးဘောင် တစ်ဖက်တစ်ချက်တွင် လက်ကိုင်ထား၊ အားပြုထားပြီးမှ မတ်တတ်အနေအထား ဖြင့် ခြေဖျားထောက်ကြည့်ပါ။ ကြာကြာ မရပ်နိုင်လျှင် ခြေဖဝါးပြန်ချပါ။ ထို့နောက် တစ်ကြိမ်ထပ်ပြီး ခြေဖျားထောက်ပြီး ရပ်ပါ။ ခြေချောင်းလေးများပေါ်တွင် ခန္ဓာကိုယ် အလေးချိန်အားလုံး ရောက်ရှိနေကြောင်း စိတ်ကသိအောင် အာရုံပြုထားပြီးရပ်ပါ။ ကြိုးစားပြီးရပ်ပါ။ ပထမပိုင်း မခံနိုင်သော်လည်း နောက်ပိုင်းတွင် ကြာကြာရပ်နိုင်လာပြီး ကြွက်သားများတင်းရာမှ ပြေလျော့လာ ပါလိမ့်မည်။
ခြေဖျားထောက်ရပ်မည့် နေရာသည် ညီညာဖို့လိုသည်။ ပျော့အိသောနေရာတွင် ရပ်လျှင် မထိရောက်ပါ။ မြေမာ၊ ပြတင်းပေါက်ကြမ်းပြင် သို့မဟုတ် သမံတလင်း စသည့်အောက်ခံမာကျောသော နေရာ၌ ခြေဖျားထောက်ရပ်ခြင်းက အကြောများကို ပို၍ထိရောက်စေနိုင် သည်။
ခြေဖျားထောက်ရပ်ခြင်း၏ အကျိုးကျေးဇူးများ
ခြေဖျားထောက်ရပ်သောအခါ ခြေမ၊ ခြေညှိုး၊ ခြေခလယ်၊ ခြေသူကြွယ်၊ ခြေ သန်းလေးများအောက်ရှိ နှိပ်မှထိတွေ့နိုင်သော အကြောဆုံမှတ်ကလေးများကို ဖိအားသက်ရောက်စေနိုင်သည်။ မိမိခန္ဓာ ကိုယ်အပေါ်ပိုင်းမှ ဖိအားသည် ဆုံမှတ် ကလေးများကို ထိတွေ့သောအခါ ခြေမအောက်အကြောဆုံမှတ်တွင် ဖိမိသော အားသက်ရောက်မှုကြောင့် မျက်စိကို အကျိုးသက်ရောက်စေသည်။ မျက်စိမှန်ဘီလူးအားနည်းခြင်း၊ အတွင်းတိမ်ရောဂါ၊ မျက်လုံးအိမ်တွင်း ရေဖိအားလျော့ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်ရည်အိတ်ပိတ်ခြင်း၊ မျက်စိသွေးကြောများ နီရဲခြင်း၊ ရောင်ခြင်းတို့ကို သက်သာစေနိုင်သည်။
ခြေညှိုးအောက် ဆုံမှတ်အကြောဆုံကို ဖိမိသော သက်ရောက်မှုကြောင့် ကျောက်ကပ်ကိုအားကောင်းစေနိုင်သည်။ ဆီးပူ ဆီးအောင့်ရောဂါ၊ ဆီးနီဆီးပူရောဂါနှင့် အဝေးပြေးကားမောင်းသမားများတွင် တွေ့ရသော ဆီးပူညောင်းကျ ရောဂါစွဲနေ သူတစ်ဦးမှာ ကားရပ်နားချိန်တွင် ခြေဖျားထောက်ရပ်သော လေ့ကျင့်ခန်းကို ၁၅ မိနစ်ခန့် စွဲစွဲမြဲမြဲပြုလုပ်ပေးရုံဖြင့် သက်သာနိုင်ကြောင်း သိရသည်။
အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော မီးယပ်အဖြူဆင်းရောဂါကိုလည်း ခြေဖျား ထောက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။
ခြေခလယ်အောက်ရှိ အကြောဆုံမှတ်ကို ကိုယ်ပေါ်မှဝိတ်အားဖြင့် ဖိမိခြင်းကြောင့် ထူးခြားသောအကျိုးမှာ အစာကြေခြင်း၊ အစာအိမ်နာရောဂါနှင့် အူသိမ်အူနာရောဂါများကို သက်သာစေသည့်အပြင် အစာမကြေမှု၏ နောက်ဆက်တွဲဖြစ်သည့် ဝမ်းချုပ်ခြင်း၊ ဝမ်းစေး၊ ဝမ်းမည်း၊ ဝမ်းအကျိအချွဲသွားခြင်းများကိုပါ သက်သာစေသည်။ အလွန်အမင်းစားမိ၍ စားပိုးနင့်သူသည် ထိုင်မနေဘဲ ခေတ္တမျှ လမ်းလျှောက်ပြီးနောက် ခြေဖျားထောက် ရပ်ပြုလုပ်ခြင်းဖြင့် အစာကြေပြီး စားပိုးနင့်ခြင်းကို သက်သာစေနိုင်သည်။ အစာအိမ်အားနည်းသူသည် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ခြေဖျားထောက်ရပ် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အစာအိမ်ရောဂါဖြစ်ခြင်းမှ ကင်းဝေးစေနိုင်သည်။
ခြေသူကြွယ်အောက်ရှိ အကြောဆုံမှတ်ကို ဖိနှိပ်မိခြင်းကြောင့် သည်းခြေအား ကောင်းစေနိုင်သည်။ အသည်းနှင့်ကပ်လျက်ရှိသော သည်းခြေအိတ်တွင် ကျောက်တည်ခြင်းကို ကာကွယ်ပြီး သည်းခြေရည်ကို ပိုထွက်စေနိုင်သည်။
သည်းခြေရည် ထွက်အားကောင်းလျှင် ဝမ်းမှန်ပြီး လေကိုအောက်သို့ သက်စေနိုင်သည်။ သည်းခြေကျောက်တည်ရောဂါနှင့် သည်းခြေအိတ်ပိတ်သောရောဂါသည် ယခုခေတ်တွင် အဖြစ်များသော ရောဂါဖြစ်သည်။
ခြေသန်းအောက်ရှိ အာရုံကြောအကြောဆုံမှတ်သည် ခြေဖျားထောက်ရပ်သောအခါ ဖိမိမှုအားနည်းပြီး လွတ်နေတတ်သည်။ ခြေဖျားထောက်လျက်နှင့် ခုန်ပေးခြင်းကို ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။ ခုန်ပြီး ပြန်အကျတွင် ခြေသန်းအောက် အသားဖြင့်ကျလျှင် ဆုံမှတ်ကိုဖိမိနိုင်သည်။ လျှာ၊အာခေါင်နှင့် သွားအခြေတစ်ဝိုက်သွားဖုံးတွင် ဖြစ်သောရောဂါများကို သက်သာစေနိုင်သည်။ သွားခြေပေါ်ပြီး သွားကျဉ်ခြင်း၊ သွေးယိုခြင်းများကိုပါသက်သာစေနိုင်သည်။
အချုပ်ဆိုရသော် နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ပြီး ကျန်းမာရေးလိုက်စားသူများအနေဖြင့် အပြေးလျှောက်၊ စက်ဘီးစီး၊ လမ်းလျှောက်ပြုလုပ်ခြင်းများမှ အနားယူချိန်တွင် ၅ မိနစ်ခန့် ခြေဖျားထောက်ရပ်ခြင်းကို ပြုလုပ်ပေးလျှင် မိမိပြုလုပ်သော လေ့ကျင့်ခန်းများကို အထောက်အကူပြုစေနိုင်သည်။ ဤလေ့ကျင့်ခန်းသည် ကြွက်တက်ခြင်းရောဂါ၊ ခြေဖနောင့်အတက်ထွက်ရောဂါများကိုလည်း သက်သာစေနိုင်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။
Source: Myawady Webportal

ကင်ပွန်းချဉ်ပင်သည် ဆူးဖြူမျိုးရင်းဖြစ်ပြီး မျိုးရင်းအမည် Mimosaceae ဖြစ်ကာ ရုက္ခဗေဒအမည်မှာ Acacia Concinna DC ဖြစ်ပါသည်။ မြန်မာလို ကင်ပွန်းချဉ်ဟုခေါ်ပြီး ကချင်အမည် Hpah-Ha ၊ ချင်းအမည် Hing-Hang ၊ မွန်အမည် Hla Pruckkha Sot ၊ ရှမ်းအမည် fHpal-Ha ; Sum-Hkawn ဟူ၍ ခေါ်ဝေါ်ကြသည်။
(အပင်ပုံသဏ္ဌာန်) ဆူးခြုံရှိသောချုံပင်မျိုးဖြစ်ပြီး ပင်စည်ပျော့သည်။ အစိမ်းရောင်အခက်များပေါ်တွင် နီမှိုင်းသော အစင်းများရှိ၍ သေးငယ်သော အဖြူစက်ကလေးများ ဖုံးအုပ်နေပါသည်။

(အရွက်ပုံသဏ္ဌာန်)ဌက်မွေးရွက်ပေါင်း ဖြစ်သည်။ ၄ - ၆ လက်မရှည်၍ ရွက်ကလေး ၄ - ၆ စုံရှိသည်။ ရွက်မြွှာအစုံ ၁၂ -၂၀ ရှိ တတ်သည်။ ရွက်မြွှာများက ရှည်မျောမျောပုံဖြစ်သည်။ ရွက်ရင်းရွဲ့စောင်းပြီး ရွက်ထိပ်ပိုင်းဝိုင်း၍ အဖျားချွန်သည်။
(အပွင့်ပုံသဏ္ဌာန်) တစ်ပင်တိုင်ပန်းခိုင်ဖြစ်ကာ ပန်းခိုင်၏ အဖျားတွင် စုပြုံ၍ တစ်ပွင့်တည်းပွင့်သည်။ အပွင့်မှာ အဝါရောင်ဖြစ်သည်။ အမွေးအနည်းငယ်သာရှိပြီး ပွင့်ညှာမဲ့သည်။ တပေါင်းလမှ ဝါဆိုလအတွင်း ပွင့်တတ်သည်။
(အသီးပုံသဏ္ဌာန်) အသားထူသော အသီးတောင့်ရှည်မျိုးဖြစ်သည်။ ပြား၍ ဖြောင့်သည်။ အစေ့များကြားတွင် အဆစ်များဖြစ်နေပြီး အစေ့မှာအနက်ရောင်ဖြစ်သည်။ နတ်တော်လနှင့် ပြာသိုလတွင် အသီးသီးသည်။
(ပေါက်ရောက်ရာအရပ်) မြန်မာနိုင်ငံအနှံ့အပြား ပေါက်ရောက်ပြီး အမြဲစိမ်းသစ်တောများတွင် အများဆုံးတွေ့ရတတ်ပါသည်။
(ပေါက်ရောက်ပုံ) သဘာဝအလျောက် ပေါက်ရောက်သည်။
(အသုံးပြုသည့်အစိတ်အပိုင်း) အသီး၊ အရွက်။
ကင်ပွန်းချဉ်နှင့် မြန်မာ့ဆေးကျမ်း
ကျေးလက်ဒေသများတွင် မြွေဆိုးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ဆူးချုံပင်တစ်မျိုးဖြစ်သော ကင်ပွန်းချဉ်ရွက်ပင်များကို ခြံစည်းရိုးပင်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ ကင်ပွန်းချဉ်ပင်၏ အရွက်၊ အသီး၊ အပွင့်အားလုံး ဆေးဖက်ဝင်လှသောကြောင့် ရှေးလူကြီးများက အောက်ပါအတိုင်း ဆေးနည်းတိုအဖြစ် အသုံးပြုလာခဲ့ကြပါသည်။
မြန်မာ့ဆေးကျမ်းများ၏ အလိုအရ ကင်ပွန်းပွင့်သည် ချို၏။ အေး၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ ကင်ပွန်းရွက်သည် ပူ၏။ ချဉ်၏။ အပူကြောင့်ဖြစ်သော အခိုးအကင်းကို ငြိမ်းစေ၏။ ဝမ်းရပ်ခြင်းကိုပြုတတ်၏။ ကင်ပွန်းသီးသည် ခါး၏။ အေး၏။ အစာကို ကြေညက်စေ၍ ဝမ်းကိုသက်စေ၏ဟု ဖော်ပြထားပါသည်။
ဓာတုရသဆေးကျမ်းတွင် ကင်ပွန်းရွက်သည် အပူကြောင့်ဖြစ်သော အခိုးအကင်းကိုလည်းကောင်း၊ ဝမ်းရပ်ခြင်းကို လည်းကောင်း ပြုတတ်၏။ သည်းခြေကို ငြိမ်းစေတတ်၏ဟု ဖော်ပြထားပါသည်။
သက်စောင့်ဆေးအဘိဓာန်တွင် ကင်ပွန်းရွက်သည် သည်းခြေကို ငြိမ်းစေ၏။ ဝမ်းရပ်စေခြင်း၊ အပူကြောင့်ဖြစ်သော အခိုးအကင်းကို ငြိမ်းစေ၏ဟု ဖော်ပြထားပါသည်။
ရှုတော်မူဆေးကျမ်းတွင် ကင်ပွန်းရွက်သည် ပူ၏။ ချဉ်၏။ သလိပ်ကို နိုင်၏။ သည်းခြေကို ငြိမ်းစေတတ်၏။ သွေးသက်၏ဟု ဖော်ပြထားပါသည်။
ကင်ပွန်းချဉ်နှင့်ကျန်းမာရေး
(အရွက်၏ အာနိသင်)
၁။ ကင်ပွန်းချဉ်ရွက်ထဲတွင် အဓိကပါဝင်သော အာဟာရဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်သည်။ ထိုဓာတ်က ခန္ဓာကိုယ်တွင်းသို့ အာဟာရဓာတ်များပို့ဆောင်ရေး၊ မလိုလားအပ်သော အညစ်အကြေးများကို ဆီး၊ ချွေးအဖြစ်ဖြင့် ခန္ဓာကိုယ်ပြင်ပသို့ ပြန်လည်စွန့်ထုတ်ရေး၊ ခန္ဓာကိုယ်၏ အပူအအေးကို အစဉ်မျှတစေရန် ထိန်းသိမ်းပေးရေးစသည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ပေးနိုင်ပါသည်။
၂။ ပူ၍အချဉ်ဓာတ်ရှိသော အရွက်များက အပူကြောင့်ဖြစ်တတ်သော အခိုးအကင်းကို ငြိမ်းစေနိုင်သဖြင့် ဆောင်း ရာသီဓာတ်စာအဖြစ် စားသုံးသင့်ပါသည်။
၃။ ဆီးရောဂါအမျိုးမျိုးအတွက် လတ်လတ်ဆတ်ဆတ် ကင်ပွန်းချဉ်ရွက်အရည်(သတ္တုရည်)ကို သောက်သုံး သင့်ပါသည်။
၄။ အရွက်ပြုတ်ရည်က အဆီကျဆေး၊ ခံတွင်းပျက်ခြင်းအတွက် နှုတ်မြိန်ဆေးများအဖြစ် အသုံးတည့်လှသည်။
၅။ လေဖျဉ်းရောဂါသည်များအတွက် ကင်ပွန်းချဉ်ရွက်ကို ငါးခူ၊ ငါးကြင်းသားတို့ဖြင့် ချက်စားပါ။
၆။ သည်းခြေရောဂါသည်များအတွက် ကင်ပွန်းချဉ်ရွက်နှင့် ငါးစင်ရိုင်း သို့မဟုတ် ငါးတန်က ဆေးဖက်ဝင်သည်။
၇။ အိမ်ထောင်ရှင်များ သုက်ကိုပွားစေဖို့အတွက် ကင်ပွန်းချဉ်ရွက်ကို ငါးခူ၊ ငါးကျည်း၊ ငါးကြင်းတို့ဖြင့် မကြာခဏ ချက်စားပေးနိုင်သည်။
၈။ ကင်ပွန်းချဉ်ရွက်ကို ငါးကျည်း၊ ငါးစင်ရိုင်း၊ ငါးကြင်း၊ ငါးတန် စသည့်ငါးများဖြင့် ရောချက်စားခြင်းက ပန်းနာနှင့် ချွဲသလိပ်ရောဂါသည်များအတွက် အကျိုးအာနိသင်ပိုစေပါသည်။
၉။ ကင်ပွန်းချဉ်ရွက်ကို ငါးခုံးမနှင့်ချက်စားပါက အိပ်မပျော်၊ စားမဝင်ရောဂါ၊ သုက်အားနည်း၊ သုက်ခန်းရောဂါတို့ကို ပျောက်စေသည်။ သွေးကို သန့်စင်စေပါသည်။ ပန်းနာရောဂါရှိသူများနှင့်လည်း အထူးသင့်တော်ပါသည်။
၁၀။ ငါးရံ့ သို့မဟုတ် ငါးဖယ် သို့မဟုတ် ငါးဖန်းမနှင့် ချက်စားပါက အစာမကြေရောဂါ၊ သုက်အားနည်းရောဂါတို့ကို ပျောက်ကင်းစေသည်။
၁၁။ ကင်ပွန်းချဉ်ရွက်ကို ဖလံတောင်ဝှေးဖြင့် ရောကြော်စားပါ။ ဆံပင်ဖြူခြင်းနှင့် သွေးဆုံးကိုင်ဝေဒနာကို သက်သာ စေပါသည်။
၁၂။ လေပွ(ဗိုက်ပွ)ခြင်းအတွက် ကင်ပွန်းချဉ်ရွက်အနုကိုခြေ၍ ရေအေးဖြင့် စိမ်သောက်ပါ (ရေခဲရေမဟုတ်ပါ)။ ထို့ပြင် ကင်ပွန်းချဉ်ရွက် အနုအရင့်တို့ကိုကြိတ်၍ ခပ်နွေးနွေးအပူပေးပြီး ကျောအောင့်ကျောနာသည့် နေရာကို ကျပ်စည်း ပေးပါ၊ ကျပ်ထုပ်ထိုးပေးပါ။ ဝမ်းပျော့ပျော့သွားလိမ့်မည် မကြောက်ပါနှင့်။
၁၃။ သွေးဆုံးကိုင်ရောဂါအတွက် ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက်စားပေးပါ။
၁၄။ ဆီးချိုရောဂါသည်များ ကင်ပွန်းချဉ်ရွက်ပြုတ်ရည်သောက်ပါ။
၁၅။ အရွက် ရေနွေးဖြောရည်ကို ဌက်ဖျားရောဂါအတွက် သောက်သုံးပေးနိုင်ပါသည်။
၁၆။ အရွက်နုလေးများကို ငရုတ်ကောင်းရည်တွင်စိမ်၍ ဆား၊ မန်ကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး အသည်း ရောင်အသားဝါနှင့် သည်းခြေရောဂါတို့အတွက် တိုက်ကျွေးပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။
၁၇။ ဖျဉ်းစွဲရောဂါအတွက် အရွက်နုများကို ညဉ့်သိပ်ရေစိမ်ပြီးသောက်ပါ။
(အသီး၏ အာနိသင်)
၁။ ဆီးရွှင်ဝမ်းသက်စေပါသည်။
၂။ မြွေဆိပ်တက်ခြင်း၊ လေအောင့်ရောဂါ၊ သွေးနှင့်ဆိုင်သောရောဂါ၊ အဖြူကွက်ပေါ်သောရောဂါ၊ အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းတို့ကို ကောင်းကျိုးပြုသည်။
၃။ သည်းခြေနှင့် သလိပ်ကိုနိုင်သည်။ ချွဲသလိပ်တို့ကို ကြေစေသည်။ အန်ဆေး၊ ချွဲယိုင်ဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိသည်။
၄။ သန်းနှင့် ဗောက်တို့အတွက် အသီးကိုပြုတ်၍ ခေါင်းလျှော်ပေးနိုင်ပါသည်။ ခေါင်းဦးရေပြားကို အေးမြစေသဖြင့် ဆံပင်သန်နက်စေသည်။
၅။ စိန်နှင့်သံပရာသီး စားမိသူအား ကင်ပွန်းသီးကိုကျိုပြီး လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခန့် တိုက်ကျွေးပေး ခြင်းဖြင့် စားထားသော စိန်နှင့်သံပရာများ ပြန်အန်ထွက်စေပါသည်။
(အပွင့်၏ အာနိသင်)
လေ၊ သလိပ်နှင့် သည်းခြေရောဂါတို့ကိုနိုင်သည်။ ချွဲသလိပ်တို့ကို ကြေစေပါသည်။
ကင်ပွန်းချဉ်နှင့် အသားအရေကျန်းမာရေး
သွေးကြောင့်ဖြစ်တတ်သော မျက်နှာပေါ်က တင်းတိပ်များကို အထူးပြေပျောက်စေပါသည်။
မြန်မာ့ဆေးကျမ်းအရ ကင်ပွန်းချဉ်ရွက်က သူမတူအောင် တင်းတိပ်ကို ကောင်းကျိုးပြုနိုင်ကြောင်း ဆိုထားသည်။ ထို့ကြောင့် ကင်ပွန်းချဉ်ရွက်ကို အကြော်၊ ဟင်းချို၊ ချဉ်ဟင်းစသည်ဖြင့် မကြာခဏအမျိုးမျိုး လုပ်စားပေးပါ။
သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်တစ်ဆုပ်စာခန့်ကို သဘာဝထန်းလျက် အမည်းရောင် ခုနစ်လုံးခန့်နှင့် သုံးခွက်တစ်ခွက်တင်ကျို၍ ဆားအနည်းငယ်ခပ်သောက်ပေးပါ။ ထိုဆေးရည်ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေနွေးကြမ်းပန်းကန်လုံး ပမာဏခန့် နေ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင် ပျောက်ကင်းသွားနိုင်ပါသည်။
ကင်ပွန်းချဉ်ရွက်ရင့်ရင့် လက်တစ်ဆုပ်စာပမာဏကို ဖုန်၊ အညစ်အကြေးကင်းအောင် ရေစင်စင်ဆေးပါ။ ၎င်းရေများကို ကုန်စင်အောင် ခါထုတ်ပြီး ကြိတ်စက်ဖြင့်ကြိတ်ပါ ရလာသော ကင်ပွန်းချဉ်ရွက်အရည်(သတ္တုရည်)ကို တင်းတိပ်ပေါ် လိမ်းပေးပါ။ ခြောက်သွားလျှင် ထပ်ခါထပ်ခါ လိမ်းပေးနိုင်ပါသည်။
သတိပြုရန်
အစာအိမ် အချဉ်ပေါက်၍ မကြာခဏ လေချဉ်တက်တတ်သူများ ကင်ပွန်းချဉ်ရွက်ကို ရှောင်ပါ။
Source: Myawady Web Portal

ကျွန်ုပ်တို့အားလုံး ရောဂါကင်းဝေးပြီး ကျန်းမာရေးကောင်းမွန်စေရန် မိမိနှင့်သင့်တော်ရာ အားကစားလေ့ကျင့်မှု၊ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်လုပ်ဆောင်ကြရမည်ဖြစ်ပေသည်။ ကိုယ်လက် လှုပ်ရှားအားကစားလုပ်ဆောင်ခြင်းသည် ကျန်းမာရေးအတွက် ဆေးတစ်ပါးဟုဆိုနိုင်ပါသည်။
ကိုယ်လက်လှုပ်ရှားအားကစားနည်းပေါင်း များစွာထဲတွင် လမ်းလျှောက်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ လမ်းလျှောက်ခြင်းသည် အလွယ်ကူဆုံးနှင့် ငွေကုန်ကြေးကျအသက်သာဆုံး အားကစားနည်းဖြစ်သည်။

ကုန်ကျစရိတ်မရှိသလောက်ဖြစ်သည်။ နေ့စဉ်နေ့တိုင်းပြုလုပ်နေကျ လုပ်ငန်းဆောင်တာများနှင့်လည်း အံဝင်ခွင်ကျလိုက်လျောညီထွေဖြစ်လှပါသည်။ လမ်းလျှောက်ခြင်းကို စတင်လုပ်ဆောင်ရန် လိုအပ်သည်မှာ လမ်းလျှောက်ဖိနပ်တစ်ရန်သာ ဖြစ်ပါလိမ့်မည်။
လမ်းလျှောက်ခြင်းစတင်ဆောင်ရွက်ရန် အခက်အခဲဆိုသည်မှာ မရှိသလောက်ကိုနည်းလှသော်လည်း လမ်းလျှောက်ခြင်းမှရနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ များပြားလွန်းနေပါသည်။ ထိုများပြားလွန်းသည့် ကျန်းမာရေးအကျိုးကျေးဇူးများထဲမှ သိသာထူးခြားမှုရှိသည့် အကြောင်းအရာများကို ရွေးချယ်ဖော်ပြလိုက်ပါသည်။
စိုးရိမ်ပူပန်မှုကိုလျှော့ချပေး
လမ်းလျှောက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။ လမ်းလျှောက်ခြင်းက စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်းနှင့် အနုတ်သဘောပြခံစားချက်များကို လျှော့ချရန် ကူညီနိုင်သည်။ လမ်းလျှောက်ခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှု၊ လေးစားမှုတိုးပွားစေပြီး လူမှုရေးယုတ်လျော့သည့်လက္ခဏာများကိုလျော့နည်းစေသည်။ ထိုအကျိုးကျေးဇူးများကိုခံစားရရန် တစ်ပတ်တွင် သုံးရက် မိနစ် ၃၀ လျင်မြန်စွာလမ်းလျှောက်ခြင်း သို့မဟုတ် အခြားအလယ်အလတ် ပြင်းထန်သည့် လေ့ကျင့်ခန်းလုပ်ဆောင်ရန်လိုပါသည်။
သကြားဓာတ်လျှော့ချပေး
အစာစားပြီးနောက်လမ်းလျှောက်ခြင်းက သွေးတွင်းသကြား ဓာတ်ကိုလျှော့ချနိုင်ပါသည်။ လေ့လာမှုတစ်ခုအရ ၁၅ မိနစ် လမ်းလျှောက်ခြင်းကို တစ်နေ့လျှင်သုံးကြိမ် (နံနက်စာ၊ နေ့လယ်စာနဲ့ ညစာစားပြီးနောက်) ပြုလုပ်ခြင်းသည်တစ်နေ့တာအတွင်း အခြားနေရာတွင် ၄၅ မိနစ်လမ်းလျှောက်ခြင်းထက် သွေးတွင်းသကြားဓာတ်အဆင့်ကို ပိုမိုကောင်းမွန်စေကြောင်း လေ့လာမှုတစ်ခုကတွေ့ရှိခဲ့ပါသည်။ သို့သော် ထိုတွေ့ရှိချက်များကိုအတည်ပြုရန်မှာ နောက်ထပ် သုတေသနပြုလုပ်ရန် လိုအပ်ပါသည်။
အဆစ်ရောင်ရမ်းနာကာကွယ်
လမ်းလျှောက်ခြင်းသည် ဒူးနှင့်တင်ပါးအပါအဝင် အဆစ်များကို ကာကွယ်နိုင်သည်။ လမ်းလျှောက်ခြင်းသည် အဆစ်ကိုထောက်ပံ့သည့် ကြွက်သားများအဆင်ပြေပြီး သန်မာစေရန် ကူညီပေးပါသည်။ လမ်းလျှောက်ခြင်းသည် အဆစ်ရောင်ရမ်းနာသူများအတွက် နာကျင် မှုကိုလျှော့ချပေးသည့် အကျိုးကျေးဇူးများလည်း ရရှိစေနိုင်ပါသည်။ ထို့ပြင်တစ်ပတ်လျှင် ငါးမိုင်မှ ခြောက်မိုင်လမ်းလျှောက်ခြင်းသည် အဆစ်ရောင်ရမ်းနာများကို ကာကွယ်နိုင်သည်။
လေဖြတ်ခြင်းလျှော့ချနိုင်
အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် တက္ကသိုလ်တစ်ခု၏လေ့လာမှုအရ လမ်းလျှောက်သည့် အမျိုးသမီးများသည် လမ်းမလျှောက်သည့်အမျိုးသမီးများထက် ခန္ဓာကိုယ်အဆီနည်းသည်၊ သွေးခဲခြင်းအန္တရာယ်ကို လျော့နည်းစေသည်ဟု သိရသည်။ ကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်သည့်နည်းလမ်းများထဲမှ လမ်းလျှောက်ခြင်းသည် သင့်ကိုအကောင်းဆုံးဖြစ်စေပါလိမ့်မည်။ လမ်းလျှောက်ခြင်းသည် နှလုံးရောဂါကို တားဆီးနိုင်ပါသည်။ သွေးပေါင်ချိန်ကို လျှော့ချနိုင်ပါသည်။ တစ်နေ့မိနစ် ၃၀ လမ်းလျှောက်သည့်အမျိုးသမီးများသည် လေဖြတ်ခြင်းကို ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း ဘော်စတွန်ရှိ ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီများက ပြောကြားသည်။
အအေးမိ၊ တုပ်ကွေးဖြစ်မှုကို လျော့ကျစေနိုင်
လမ်းလျှောက်ခြင်းသည် အအေးမိခြင်းနှင့် တုပ်ကွေးရောဂါ ဖြစ်စေမှုကိုလျော့ကျစေသည်။ လေ့လာမှုတစ်ခုအရ တုပ်ကွေးရာသီတွင် အရွယ်ရောက်သူ ၁၀၀၀ ကို ခြေရာခံစောင့်ကြည့်ခဲ့သည်။ တစ်နေ့လျှင် မိနစ် ၃၀ မှ ၄၅ မိနစ်အကြား ပုံမှန်မဟုတ်ဘဲ ခပ်သွက်သွက်ခပ်မြန်မြန်နှင့် လျှောက်လှမ်းခဲ့သူများသည် ဖျားနာသောနေ့ရက်များ ၄၃ ရာခိုင်နှုန်း အထက်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုနည်းပါးပါသည်။ အကယ်၍ ဖျားနာမှုဖြစ်လျှင်လည်း ရောဂါကို ပို၍သက်သာစေပါသည်။ ထိုအကျိုးကျေးဇူးများကိုခံစားရရန် နေ့စဉ် လမ်းလျှောက်နိုင်အောင်ကြိုးစားရမည်။ အေးသည့်ရာသီဥတု အရပ်ဒေသ၌ နေထိုင်သည်ဆိုလျှင် လမ်းလျှောက်စက်များပေါ်တွင် လမ်းလျှောက်ရန်ကြိုးစားနိုင်ပါသည်။
ကယ်လိုရီကိုလောင်ကျွမ်းစေ
လမ်းလျှောက်ခြင်းက ကယ်လိုရီကို လောင်ကျွမ်းစေပါသည်။ လောင်ကျွမ်းသွားသည့်ကယ်လိုရီများက ကိုယ်အလေးချိန်ကိုထိန်းထား ရန်ကူညီနိုင်ပါသည်။ မည်သည့်အတိုင်းအတာအထိ ကယ်လိုရီ လောင်ကျွမ်းနိုင်မည်နည်းဆိုသည်က
- လမ်းလျှောက်မှုအမြန်နှုန်း၊
- အကွာအဝေးလွှမ်းခြုံမှု၊
- မြေပြင်အနေအထား၊ (မြေပြင်ညီတွင် လျှောက်သည်ထက် ကုန်းတက်လမ်းလျှောက်လျှင် ကယ်လိုရီပိုလောင်ကျွမ်းလိမ့်မည်။)
- ကိုယ်အလေးချိန် စသည့်အချက်များပေါ်တွင် မူတည်ပါသည်။
အမှန်တကယ် ကယ်လိုရီလောင်ကျွမ်းမှုကို ကယ်လိုရီတွက်စက်မှတစ်ဆင့် ဆုံးဖြတ်နိုင်သည်။ ယေဘုယျခန့်မှန်းတွက်ချက်မှုအတွက် ထိုတွက်စက်မှထွက်ရှိသည့် အချက်အလက် (ဇယား) ကို ရည်ညွှန်းနိုင်သည်။
နှလုံးရောဂါဖြစ်နိုင်ခြေလျှော့ချ
တစ်ရက်လျှင် အနည်းဆုံး မိနစ် ၃၀ လမ်းလျှောက်ခြင်း၊ တစ်ပတ်လျှင် ငါးရက်လမ်းလျှောက်ခြင်း သည် နှလုံးရောဂါဖြစ်နိုင်ခြေကို ၁၉ ရာခိုင်နှုန်း ခန့်လျှော့ချနိုင်ပါသည်။ ထို့ပြင် တစ်နေ့လျှင် လမ်းလျှောက်သည့်အချိန် သို့မဟုတ် အကွာအဝေးကိုတိုးမြှင့်သည့်အခါ အသက်အန္တရာယ်ဖြစ်နိုင်ခြေ ပို၍ပင်လျော့နည်းသွားနိုင်ပါသည်။
အရိုးပွမှုနှုန်းလျော့နည်း
နယူးယောက်ရှိ Plancher အရိုးအထူးကုနှင့် အားကစားပညာမှ MD Michael A.Schwartz က လမ်းလျှောက်ခြင်းဖြင့် အရိုးပွရောဂါဖြစ်မှုနှုန်း လျော့နည်းစေသည်ဟုဆိုပါသည်။ လေ့လာမှုတစ်ခုအရ သွေးဆုံးပြီးသည့်အမျိုးသမီးများ တစ်နေ့လျှင် မိနစ် ၃၀ လမ်းလျှောက်ခြင်းက တင်ပါးဆုံရိုးကျိုးခြင်းကို ၄၀ ရာခိုင်နှုန်း လျော့နည်းစေသည်ဟု သိရသည်။ အသက် ၅၀ နှင့် ၆၀ ကြား ပုံမှန်လေ့ကျင့်ခန်းလုပ်သူများသည် ရှစ်နှစ်အတွင်းလမ်းလျှောက်ခြင်းမရှိ လေ့ကျင့်ခန်းမလုပ်သူ ထက် သေဆုံးနိုင်ခြေ ၃၅ ရာခိုင်နှုန်းလျော့နည်းကြောင်း သုတေသန တွေ့ရှိချက်များအရ သိရသည်။
အယ်လ်ဇိုင်းမားဖြစ်မှုထက်ဝက်လျှော့ချ
Charlottesville ရှိ ဗာဂျီးနီးယားကျန်းမာရေးစောင့်ရှောက်မှု စနစ်မှ လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် တစ်မိုင်၏ လေးပုံတစ်ပုံကျော် လမ်းလျှောက်သော အသက် ၇၁ နှစ်မှ ၉၃ နှစ်ကြား အမျိုးသားများသည် လမ်းမလျှောက်သည့်သူများထက် စိတ်ဖောက်ပြန်မှုနှင့် အယ်လ်ဇိုင်း မားရောဂါဖြစ်မှု ထက်ဝက်လျော့နည်းသွားကြောင်း သိရှိရသည်။
နေထိုင်မှုသက်တမ်းတိုး
ပိုမိုမြန်ဆန်သောအမြန်နှုန်းဖြင့် လမ်းလျှောက်ခြင်းသည် လူမှုဘဝနေထိုင်မှုသက်တမ်းကို တိုးချဲ့နိုင်သည်။ သုတေသီများသည် ခပ်မြန်မြန်လမ်းလျှောက်ခြင်းက နှေးကွေးသောနှုန်းနှင့် နှိုင်းယှဉ်လျှင် သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း တွေ့ရှိခဲ့ကြသည်။
စွမ်းအင်မြှင့်တင်နိုင်
ငြီးငွေ့ပျင်းရိနေစဉ်တွင် လမ်းလျှောက်ရန်သွားခြင်းသည် ကော်ဖီတစ်ခွက်သောက်သည်ထက် ပိုပြီးထိရောက်သည့် စွမ်းအင်မြှင့်တင်ခြင်း ဖြစ်နိုင်သည်။ လမ်းလျှောက်ခြင်းက ကိုယ်ခန္ဓာမှအောက်ဆီဂျင်စီးဆင်းမှုကို တိုးတက်စေသည်။ လမ်းလျှောက်ခြင်းသည် cortisol၊ epinephrine နှင့် norepinephrine များကိုလည်း မြင့်တက်စေနိုင်သည်။ ယင်းတို့က စွမ်းအင်ကိုမြှင့်တင်ပေးသည့် ဟော်မုန်းများပင်ဖြစ်သည်။
လမ်းလျှောက်ခြင်းသည် အသက်ရှည်ရာအနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုဖြစ်သဖြင့် တာဝန်ဝတ္တရားတစ်ရပ်အဖြစ်မှတ်ယူပြီး နေ့စဉ်သတိတရ စနစ်တကျ အချိန်မှန်မပျက်မကွက် ပြုလုပ်သင့်ပေသည်။ မိမိတစ်ဦးတည်းဖြစ်စေ၊ မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ နေရာမရွေး၊ အချိန်မရွေး လွတ်လပ်ပေါ့ပါးစွာ ပြုလုပ်ဆောင်ရွက်နိုင်သည်မှာ တခြားသောအားကစားနည်းများထက် အားသာသည့်အချက်ပင်ဖြစ်ပါသည်။ နေ့စဉ်နာရီဝက်ခန့် ပုံမှန် လမ်းလျှောက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပြီး ပျော်ရွှင်ချမ်းမြေ့မှုအပြည့်အဝ ခံစားရရှိမည်ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့အားလုံး အထက်တွင်ဖော်ပြထားသည့် လမ်းလျှောက်ခြင်းမှရနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရယူခံစားနိုင်ရန် နေ့စဉ်မှန်မှန်လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်ကြပါဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
Ref: www.healthline>health>benefits of walking. www.arthritis.org>Physical.acitivity>12 Benefits of Walking.
Source: www.moi.gov.mm

ယနေ့ခေတ်တွင်အလှအပရေးရာခွဲစိတ်မှုသည် အရွယ်ရောက်ပြီးသူများ၊ လူလတ်ပိုင်းများတွင်သာမက သက်ကြီးရွယ်အိုများကြားတွင်ပါ လွန်စွာရေပန်းစားလာပါသည်။ အလှအပရေးရာခွဲစိတ်မှုများသည် လူတစ်ဦး၏အသွင်အပြင်၊ မိမိကိုယ်ကိုလေးစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေရန် ရည်ရွယ်ပါသည်။ မျက်နှာနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုး တို့တွင် အလှအပရေးရာခွဲစိတ်ပြုပြင်မှုများပြုလုပ်နိုင်ပါသည်။အသားအရည်တင်းရင်းစေရန် Botox ထိုးခြင်း၊ မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်း၊ ဓါတုဆေးအသုံးပြု၍ မျက်နှာပြင်အရေပြားပေါ်မှ&
ယနေ့ခေတ်တွင်အလှအပရေးရာခွဲစိတ်မှုသည် အရွယ်ရောက်ပြီးသူများ၊ လူလတ်ပိုင်းများတွင်သာမက သက်ကြီးရွယ်အိုများကြားတွင်ပါ လွန်စွာရေပန်းစားလာပါသည်။ အလှအပရေးရာခွဲစိတ်မှုများသည် လူတစ်ဦး၏အသွင်အပြင်၊ မိမိကိုယ်ကိုလေးစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေရန် ရည်ရွယ်ပါသည်။ မျက်နှာနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုး တို့တွင် အလှအပရေးရာခွဲစိတ်ပြုပြင်မှုများပြုလုပ်နိုင်ပါသည်။အသားအရည်တင်းရင်းစေရန် Botox ထိုးခြင်း၊ မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်း၊ ဓါတုဆေးအသုံးပြု၍ မျက်နှာပြင်အရေပြားပေါ်မှ အရေပြားဆဲလ်သေကို ကွာကျစေကာကျန်းမာသောဆဲလ်တွေကို ပြန်လည် တည်ဆောက်စေခြင်း (Chemical Peeling)၊ မေးရိုးပြုပြင် ခွဲစိတ်ခြင်း၊ သွားအလှပြုပြင်ခြင်း၊ စက်ကိရိယာသုံး၍ အပေါ်ယံဆဲလ်သေအလွှာဖယ်ရှားခြင်း (Dermabrasion)၊ နဖူးမြှင့်တင်ပြုပြင်ခွဲစိတ်ခြင်း၊မျက်ခွံခွဲစိတ်ခြင်း စသည်တို့သည် အများဆုံးပြုလုပ်ကြသည့်အလှအပရေးရာ ခွဲစိတ်မှုများ ဖြစ်ပါသည်။
အလှအပရေးရာခွဲစိတ်မှုမှာလည်းအခြားသောခွဲစိတ်မှုများကဲ့သို့ပင် ၎င်းနှင့် ဆက်စပ် သည့် အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများ ရှိပါသည်။ နှစ်ကာလကြာမြင့် လာသည် နှင့်အမျှ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နည်းစနစ်များ တိုးတက်လာသည့်အတွက် အလှအပရေးရာခွဲစိတ်မှုဟာ ပိုမိုဘေးကင်းလာသော်လည်း ခွဲစိတ်မှုလုပ်ငန်းစဉ်ကိုမဆောင်ရွက်မီ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို နားလည်ပြီး ထည့်သွင်းစဉ်းစားထားရန် အရေးကြီးပါသည်။ အောက်ဖော်ပြပါများသည် အလှအပရေးရာခွဲစိတ်မှု၏ ဆက်စပ်အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများတွင်ပါဝင်ပါသည်။
မေ့ဆေးအန္တရာယ်
ခွဲစိတ်မှုတိုင်းတွင်မေ့ဆေး၏နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ဓာတ် မတည့်သည့် တုံ့ပြန်မှုများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် မေ့ဆေး အပေါ် ဆိုးရွားသော တုံ့ပြန်မှုတို့ ကြုံတွေ့ရနိုင်ပါသည်။
ပိုးဝင်ခြင်း
အခြားခွဲစိတ်မှုများကဲ့သို့ပင်ခွဲစိတ်ရာနေရာ၌ ရောဂါပိုးဝင် ရောက်နိုင်ခြေရှိပါသည်။ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးနောက် သင့်လျော်သော စောင့်ရှောက်မှုပေးခြင်းသည် ဤဆိုး ကျိုးကို နည်းပါးအောင် ကူညီပေးနိုင်ပါသည်။
ခွဲစိတ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် လူတစ်ဦးချင်းစီ၏ အနာကျက်ခြင်း ဖြစ်စဉ်တို့ အပေါ် မူတည်၍ အမာရွတ်ဖြစ်ပေါ်နိုင်ပါသည်။ အမာရွတ်ဖြစ်ပေါ်မှုကို နည်းနိုင်သမျှ နည်းအောင်လျော့ချနိုင်ဖို့ မည်သို့ပင် ကြိုးပမ်းစေကာမူ လုံးလုံးလျားလျား ဖယ်ရှားရန်အမြဲတမ်းမဖြစ်နိုင်ပါ။
သွေးလုံး(Hematoma )နှင့် သွေးရည်ကြည်အလုံး( Seroma )
ခွဲစိတ်ထားသောနေရာရှိအရေပြားအောက်တွင် သွေးများစုဝေးခြင်းကြောင့်သွေးလုံး(Hematoma) သို့မဟုတ် အရည်များစုဝေးလာခြင်းကြောင့်သွေးရည်ကြည်အလုံး (Seroma) များဖြစ်ပေါ်နိုင်သည်။ ၎င်းတို့ ဖြစ်ပေါ်လာပါက ဖောက်ထုတ်ရခြင်း (သို့မဟုတ်) အခြားသောကုသမှုများ လိုအပ်နိုင်သည်။
အာရုံကြောထိခိုက်မိခြင်း
အလှအပရေးရာခွဲစိတ်မှုသည် တစ်ခါတစ်ရံတွင် အာရုံကြောများကို ယာယီ (သို့မဟုတ်) အမြဲတမ်း ပျက်စီးစေကာ ထုံခြင်း၊ ကျဉ်ခြင်း သို့မဟုတ် ထိခိုက်မိသောနေရာ၌ အာရုံ ခံစားမှု ဆုံးရှုံးခြင်းတို့ဖြစ်နိုင်ပါသည်။
ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း၏နောက်ဆက်တွဲဆိုးကျိုးများ
အလှအပရေးရာခွဲစိတ်မှုတစ်ခုစီတိုင်းတွင်၎င်းတို့နှင့်ဆက်စပ်သည့် အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများရှိပါသည်။ဥပမာအားဖြင့် ရင်သားအလှပြုပြင် ခွဲစိတ်ခြင်း တွင် ထည့်သွင်းထားသော ရင်သားတု ပေါက်ပြဲခြင်း၊ ရင်သားတုတဝိုက်တွင် အနာရွတ် တစ်သျှူးများ မာကျောလာခြင်းကြောင့် ရင်သားတောင့်တင်း၍ ကျုံ့လာခြင်းနှင့် ရင်သားအာရုံခံစားမှု ပြောင်းလဲခြင်းစသည့် နောက်ဆက်တွဲဘေးအန္တရာယ်များ ရှိနိုင် ပါသည်။
ခွဲစိတ်ပြီးရလဒ်ကို စိတ်တိုင်းမကျခြင်း
အလှအပရေးရာနှင့်ပတ်သက်၍ခွဲစိတ်ဆရာဝန်သည် အစွမ်းကုန် အားစိုက်ထုတ်စေ ကာမူ ခွဲစိတ်ပြီးရလဒ်သည် လူနာ၏ မျှော်မှန်းချက်အား ပြည့်မီနိုင်လေ့မရှိပေ။၎င်းမှတဆင့် စိတ်မကျေနပ်မှုနှင့် စိတ်တိုင်းမကျမှုများဖြစ်ပေါ်စေနိုင်ပြီး ခွဲစိတ်ပြီး ရလဒ်ကို ပြုပြင်ရန် (သို့မဟုတ်) ပိုမိုကောင်းမွန်စေရန်အတွက် နောက်ထပ်ခွဲစိတ်မှုလုပ်ငန်းစဉ်များ လိုအပ်လာနိုင်သည်။
စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု
အချို့သောသူများသည် အလှအပရေးရာခွဲစိတ်ပြုပြင်ပြီးနောက် စိတ်ဓာတ်ကျခြင်း၊စိုးရိမ်ပူပန်ခြင်း (သို့မဟုတ်) ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် ချို့ယွင်းချက်များအပေါ် အလွန်အမင်း အာရုံစူးစိုက်သည့် စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများ ခံစားရနိုင်ပါသည်။
ရေရှည်နောက်ဆက်တွဲဆိုးကျိုးများ
အလှအပရေးရာခွဲစိတ်မှု၏နောက်ဆက်တွဲပြဿနာအများစုသည် အချိန်ကြာလာသည်နှင့်အမျှ ပြေလည်သွားသော်လည်း၊ အချို့ဆိုးကျိုးများမှာ ဆက်လက်တည်ရှိနေခြင်းသို့မဟုတ် ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် နောက်ပိုင်းတွင် အပိုဆောင်းကုသမှုများ သို့မဟုတ် ခွဲစိတ်မှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
ထို့ကြောင့် အလှအပရေးရာခွဲစိတ်မှုတွင် ဘေးကင်းရေးသည် ပြုပြင်ခွဲစိတ်မှုခံယူလိုသူတိုင်းအတွက် အရေးကြီးသောအချက်ဖြစ်သည်။ အလှအပရေးရာခွဲစိတ်မှုကိုပြုလုပ်မည်ဟု စဉ်းစားဆုံးဖြတ်သောအခါတွင် လူတစ်ဦးချင်းစီ၏ အခြေအနေနှင့် မျော်မှန်းချက် များပေါ်မူတည်၍ တတ်ကျွမ်းနားလည်သည့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်များချနိုင်သည်အထိ သိရှိလိုသည့် မေးခွန်းများမေးမြန်းကာ ဆောင်ရွက်သင့်ပေသည်။
ထို့အပြင် မိမိ၏ ကျန်းမာရေးအခြေအနေအပြင် ရရှိနိုင်သည့်အန္တရာယ်များ၊ ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း၏ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများ၊မခွဲစိတ်မီနှင့် ခွဲစိတ်ပြီး နောက်လိုက်နာရမည့် ညွှန်ကြားချက်များကို သိရှိထားရမည်။ မိမိ ခွဲစိတ်မှု ပြုလုပ်မည့်နေရာ၊ အဆောက်အဦနှင့်ပတ်သက်သည့်တရားဝင်အသိအမှတ်ပြုထားမှု၊ သုံးသပ်ချက်များနှင့်သက်သေခံချက်များကို လေ့လာထားရမည်။ လက်တွေ့ကျသော အစီအစဉ်များ ဆောင်ရွက် ထားရှိမှုတို့ကြောင့် တစ်စုံတစ်ခု မှားယွင်းသွားပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိ ထားခြင်းသည် ဘေးအန္တရာယ်ကင်းမှုကို သေချာစေသည့် မရှိမဖြစ်လိုအပ်သော အကြံပြုချက်များဖြစ်သည်။ ပြုပြင်ခွဲစိတ်မှုလုပ်ငန်းစဉ်၏ အဓိက အစိတ်အပိုင်းတစ်ခုသည် ခွဲစိတ်မှု ခံယူမည့်သူ၏ အသိပေးသဘောတူညီချက်ရယူမှုဖြစ်သည်။ အလှအပရေးရာခွဲစိတ်မှုအတွက် ဘေးကင်းသော ရွေးချယ်မှုပြုလုပ်ရန် လိုအပ်သော အချက်အလက်အားလုံး သိရှိထားရပေမည်။သို့ဖြစ်ပါ၍ အလှအပရေးရာ ခွဲစိတ်မှုဆိုင်ရာ ဘေးအန္တရာယ်များကို သတိထားကြစေရန် ထပ်မံဖြည့်စွက် အသိပေးရေးသားလိုက်ရပါသည်။
Photo: Pinterest

ပြာသိုလသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဆယ်ခုမြောက်လဖြစ်သည်။ ဆောင်းဥတုတွင်ပါဝင်သည်။ ပြာသိုလကို ပုဂံခေတ်ကျောက်စာများတွင် “ပ္လသေီဝ်”။ “ပ္လသိုဝ်”။ “ပ္လါသိုဝ်” ဟူ၍ ရေးသားလေ့ရှိသည်။ ပြာသိုလအကြောင်း ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် သင်္သကရိုက်ဘာသာ၌ မကရဟုခေါ်၍ မြန်မာတို့အခေါ် မကာရရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်သော လပြည့်နေ့ကို ပေါပီဟုခေါ်ကြောင်း၊ ထို့နောက် ပေါပီမှ ပေါသီသို့ဆင်းသက်ပြီး ပေါသီကိုပင် ကာလကြာရှည်သဖြင့် ပြောသီ၊ ထိုမှတစ်ဆင့် ပြာသိုဟုခေါ်ကြကြောင်း ဖော်ပြထားသည်။ ထို့ပြင်လည်း ပြာသိုလကိုဖယောင်း၊ ပျားဖယောင်း၊ ပျားဖယောင်းစု၍ အရဆုံးသောလ၊ ပျားဖယောင်းလဟူ
ပြာသိုလသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဆယ်ခုမြောက်လဖြစ်သည်။ ဆောင်းဥတုတွင်ပါဝင်သည်။ ပြာသိုလကို ပုဂံခေတ်ကျောက်စာများတွင် “ပ္လသေီဝ်”။ “ပ္လသိုဝ်”။ “ပ္လါသိုဝ်” ဟူ၍ ရေးသားလေ့ရှိသည်။ ပြာသိုလအကြောင်း ဝေါဟာရလီနတ္ထဒီပနီကျမ်းတွင် သင်္သကရိုက်ဘာသာ၌ မကရဟုခေါ်၍ မြန်မာတို့အခေါ် မကာရရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်သော လပြည့်နေ့ကို ပေါပီဟုခေါ်ကြောင်း၊ ထို့နောက် ပေါပီမှ ပေါသီသို့ဆင်းသက်ပြီး ပေါသီကိုပင် ကာလကြာရှည်သဖြင့် ပြောသီ၊ ထိုမှတစ်ဆင့် ပြာသိုဟုခေါ်ကြကြောင်း ဖော်ပြထားသည်။ ထို့ပြင်လည်း ပြာသိုလကိုဖယောင်း၊ ပျားဖယောင်း၊ ပျားဖယောင်းစု၍ အရဆုံးသောလ၊ ပျားဖယောင်းလဟူ၍ ဖွင့်ဆိုထားသည်များလည်းရှိသည်။ဗေဒင်အခေါ်အားဖြင့် ပြာသိုလကို မကာရရာသီဟုခေါ်သည်။ ထိုရာသီတွင် ဖုသျှနက္ခတ်နှင့်လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ နေမင်းသည် ဥတ္တရာသာဠ်နက္ခတ်နှင့်ယှဉ်ပြိုင်သည်။ ရာသီရုပ်မှာ မကန်းရုပ်ဖြစ်သည်။ ရာသီပန်းမှာ ခွာညိုပန်းဖြစ်သည်။
ဖိုးသူတော်ဦးမင်းက ပြာသိုလဘွဲ့ကို-“ငွေသော်တာ စန္ဒနှင့်၊ ဖုသျှတဲ့ လမ်းဆုံတိမ်လွှာမှာ ရောင်ဝါကျင်းလို့၊ ထိန်ဝင်းတူပြိုင်ပ၊ မြန်းကြွခိုက်ကြုံ၊ တသိန်ဂုဏ်၊ မြိုင်စုံမြနန်း။ နုစိမ်းစိုစိုနှင့်၊ ပန်းခွာညို ငုံတံထူးတယ်၊ ဖူးပွင့်ချက်ဆန်း။” ဟူ၍ ရေးသားခဲ့လေသည်။
ပုစွန်တာရာထွန်းပသော ပြာသိုလတွင် ရှေးမင်းများရှိစဉ်အခါက မြင်းခင်းသဘင်ပွဲခေါ် မြင်းခင်းပွဲတော်ကို ကျင်းပမြဲဖြစ်သည်။ မြင်းခင်းစက်သွင်းသဘင်ပွဲတော် သို့မဟုတ် မြင်းခင်းစက်ထိုးပွဲဟုလည်းခေါ်ကြသည်။
မြင်းခင်းစက်သွင်းသည်ဆိုသည်မှာ မြင်းကိုကျင်လည်စွာ အပြေးစီးရင်းထူထားသော စက်တိုင်တွင် အဆင့်ဆင့်သောစက်ဝန်းများကိုမှန်အောင် လှံလျင်ပစ်သွင်းသောသဘောပင်ဖြစ်သည်။ မင်းညီမင်းသား၊ မှူးမတ်တို့သည် မျဉ်းမောက်တို စစ်ဝတ်တန်ဆာများကို ဆင်ယင်ကာမြင်းကြိုးကစုံပါရှိသော မြင်းကိုစီးလျက် လှံလျင်ကိုပစ်ကြသည်။ လှံလျင်ကို လှံတိုဟုလည်းခေါ်ကြသည်။ လှံလျင်ပစ်လက်တည့်သူသည် ရှေးမြန်မာစစ်ပွဲများ၌အရေးပါမည့်သူဖြစ်သည်။ ဆင်စီးချင်းထိုးသည်။ မြင်းစီးချင်းထိုးသည်ဆိုရာ၌တစ်ဖက်နှင့်တစ်ဖက် လှံလျင်လွှတ်၍တိုက်ချင်းမျိုးလည်း ပါဝင်သည်။အလောင်းမင်းတရား အရေးတော်ပုံကျမ်းတွင် ခင်ဦးစား ဦးချစ်ညိုနှင့် သေနတ်ဝန်တို့ လှံလျင်လွှတ်၍ မြင်းစီးချင်းတိုက်ကြပုံကိုအောက်ပါအတိုင်းရေးမှတ်ခဲ့လေသည်။
“ငါနှင့် မြင်းစီးချင်းကစားကြမည်။ ယောကျ်ားကောင်းထွက်ခဲ့စေ ငချစ်ညိုဆိုလျှင်၊ မင်းကျော်ဗညားထွက်သည်ကို ငမြတ်ထွန်းငယ်နှင့် ငါတိုက်ဘက်မတန်။ ငါ့လှံသာ သွေးစွန်းတော့မည်ဆိုသဖြင့်၊ မုဆိုးခြုံဗိုလ်မင်းလှမင်းတောင် ထွက်ပြန်သည်ကိုလည်း ငထွန်ငယ် ငါ့လက်စွမ်းကို စဉ့်ကိုင်မှာနေစဉ်ကပင် နင်အသိဖြစ်သည်။ ငါနှင့်ဘက်မတန်ဆိုပြန်၍၊ ယင်းမကန်ဗိုလ်ယင်ပါဗိုလ်တို့ မြင်းနှစ်ဆယ်သား အသီးသီးထွက်ကြသည်ကိုလည်း မဖက်မပြိုင်လို၊ သေနတ်ဝန်ဆိုသူသာထွက်လာစေဆို၍သေနတ်ဝန်ထွက်ရာတွင်မှ သည်ခါယောကျ်ားချင်းတွေ့ရတော့မည်၊ ကိုတို့မှာ ပွဲကြည့်၍သာနေ၊ သေနတ်ဝန်နှင့် ငါနှင့်တန်စေ၊ ကြုံးဝါးသံပ၍ မြင်းကိုအကုန်လွှတ်၍ ခြေတစ်ဖက်ထောင်လျက် ရပ်၍စီးသည်။ ပက်လက်အိပ်၍စီးသည်။ထက်ဝယ်ဖွဲ့ခွေလျက်စီးသည်။ မြင်းနံပါး၌ ကပ်လျက်စီးသည်။ လှံကိုလက်ဝဲလက်ယာဘယ်ညာလဲ၍ စီးသည်။သေနတ်ဝန်မူကား လှံမကို ချိန်ဆကာနေသည်။ ငချစ်ညိုလည်း စီးနည်းအထွေထွေပြီးလျှင် လှံလျင်နှင့်လွှတ်လိုက်သည်။သေနတ်ဝန်၏ လှံရိုးကိုခတ်မိချေ၏။”
သီပေါမင်းလက်ထက် မြင်းခင်းစက်သွင်းပွဲကျင်းပပုံကို ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး တတိယအုပ်၌ ဤသို့တွေ့ရသည်။ “ယင်းသည့် (၁၂၄၀ ပြည့်နှစ်)ပြာသိုလပြည့်ကျော် ၂ ရက်နေ့ ရှေးမင်းတကာတို့လက်ထက်၊ ဗျူဟာသဘင်စီစဉ်ကျင်းပမြဲဖြစ်သော ဆင်၊ မြင်း၊ ရထား၊လေး၊ မြား စသောမင်းမှုဝိဇ္ဇာအတတ်မျိုးတို့၌အကျုံးဝင်သော ဆင်ခင်းမြင်းခင်းစက်သွင်းသဘင်တော်ကျင်းပရန်ကို ရွှေနန်းတော်အတွင်း မြေနန်းတော် လက်ဝဲဘက်တွင် အမြင့်တစ်ဆယ့်ငါးတောင်ကစ၍ နှစ်ဆယ်၊နှစ်ဆယ့်ငါးတောင်၊ သုံးဆယ်၊ ငါးဆယ်၊အနောက်ကအရှေ့သို့ အတည့်အတန်းစက်တိုင် ငါးစိုက်ထူပြီးလျှင် မြေနန်းတော်ဦးမင်းတက်သက္ကဒါန် လှေကားတော်မြောက်စံတော်မူရန် တဲကန္နားဖျင်းတော်ဆောက်လုပ်၊ ပိတ်ဖြူမျက်နှာကြက်၊ ဗိတာန်ကြာယပ်၊ လှဇရွဲကြက်လုပ်၊ ဆွဲဆင့်အသင့်ရှိစေ၍ ပြာသိုလပြည့်ကျော် ၃ ရက်နေ့တိုင် မင်းညီမင်းသား၊ ဝန်ကြီး၊ အတွင်းဝန်၊ ဝင်းတော်မှူး၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့် မျဉ်းမောက်တို၊ စစ်ဝတ်တန်ဆာဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများကိုစီးနင်း၍ တစ်ကိုယ်လျှင် ဆယ်ခေါက်က လှံလျင်ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။ မင်းညီမင်းသားများမှာ မျဉ်းတို၊မျဉ်းရှည်၊ စစ်ဝတ်တန်ဆာအဆင်အယင်နှင့် ပေါင်းထုပ်ပဝါပေါင်း၍ ထိုးကြရသည်။ ဆဒ္ဒန်ဆင်မင်းသခင်ဘဝရှင်မင်းတရားကြီးဘုရားမှာ အဖိုးအနဂ္ဃထိုက်တန်သော ရတနာအပေါင်းတို့ဖြင့်ပြီးသော မျဉ်းမောက်တို စစ်ဝတ်တန်ဆာဆင်ယင်တော်မူပြီးလျှင် အသျှင်မိဖုရားခေါင်ကြီးနှင့်တကွ မင်းမိဖုရား မောင်းမမိဿံခြံရံတော်မူလျက် မြေနန်းတော်အတက် ကန္နားဖျင်းတဲတော်သို့ ထွက်စံကြည့်ရှုတော်မူသည်။ စက်ထိုးသဘင်တော်တွင် စက်စွဲသည့် မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့မှာ တစ်လက်စွဲလျှင်၊ ငွေပွင့်ထိုး ပန်းပုဝါတစ်၊ သဇင်ပန်းခိုင်တစ်စီ သနားတော်မူသည်။ မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ စက်ထိုးသဘင်ပြီးလျှင် ကသည်း အက္ကပတ်မြင်းတပ်ဗိုလ်အရာရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီးဓားခုတ်၊ လှံထိုး၊ ငှက်ပျောပင်စိုက်၊ ရေအိုးတင်ဓားခုတ်၊ မြင်းအစိုင်းအနှင် အရေးအရာများကို ထိုးခုတ်ပြပြီးနောက်၊ ရွှေနန်းတော်သို့ဝင်တော်မူသည်။
မြင်းခင်းသဘင် မကျင်းပမီ၌လည်းကောင်း၊ ကျင်းပဆဲ၌လည်းကောင်း၊မြင်းခင်းဆိုင်ရာအတီးအမှုတ်တို့ကို တီးမှုတ်ကြသည်။ သို့ကြောင့်ပင် မြန်မာ့ဂီတလောကတွင် မြင်းခင်းကြိုးသီချင်းများ ထွန်းကားလာခဲ့ခြင်းဖြစ်သည်။ ဆင်ရေး၊ မြင်းရေး၊ သေနတ်ရေး၊ လှံရေး၊ လေးရေး၊ ဓားရေး၊ အခုန်အပြေး စသည်ဖြင့် အမျိုးမျိုးလေ့ကျင့်မြဲ၊ ကျင်းပမြဲဖြစ်သည်ကိုရည်၍ အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီ လူးတားတွင်ဦးအောင်ကြီးက-
“သာစွလေ၊ ရွက်ပြေမြညို၊ ခါကိုလည်းလင့်၊ ပင်တိုင်းပွင့်၍၊ နှင်းနှင့်မြူငွေ့၊ လပြည့်နေ့ဝယ်၊ ပြိုင်၍ဖုသျှ၊ မဂါရဟု၊ ဆောင်းလရာသီ၊ အညီပေါ်မှန်း၊ ကြိုင်ပျံ့မွှမ်းသည်။ နွယ်ပန်းလှိုင်လို၊ လပြာသိုကား၊မိန်ညိုချပ်ဝတ်၊ လျောက်ပတ်ဆောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ မင်းသားမင်းမြေး၊ ဆုံးရေးမှတ်လျက်၊ စွယ်ရှက်ချီပင့်၊ ချွန်းဖွင့်တိုက်လျှင်၊ ဆင်တပ်ပြင်၍၊ ခြေလျင် ခြေချင်း၊ မြင်းလည်း မြင်းလျောက်၊ ထိုးမြှောက် လှံလေး၊ ခုန်ပြေးသန်လျင်၊စိုင်းနှင်ကြွားကြွား၊ ဓားသွားနုတ်ငင်၊ မွမ်းမွမ်းဖြင်မျှ၊ သဘင်မြင်းခင်း၊ စစ်ဆင်ကျင်းသည်၊ စီးနင်းကြော့ လန်းလန်းတည့်လေ။ ” ဟူ၍ စပ်ဆိုထားလေသည်။ ယင်းသို့ မြင်းခင်းသဘင်ဆင်ယင်ကျင်းပရာ၌ လှံရေးကစားရာတွင် ဝတ်ဆင်ရသော အဝတ်တန်ဆာ၊ ကစားသူတို့၏ အမူအရာတို့ကို ဆယ့်နှစ်ရာသီဘွဲ့ “ပြာလဲ့ညက်စင်” ချီရတုတွင်-
“ဝေဝေဆီးနှင်း၊ ချမ်းဘိခြင်းကို၊ မြင်းခင်းထွက်ဆဲ၊ စက်ထိုးပွဲမှာ၊ နွဲးကာ နွဲးကာ၊ရိန္ဒမာပျံ၊စကြာလှံနှင့်၊ ကေဆံမသိမ်း၊ အားယူတိမ်း၍၊ ဖဲစိမ်းဝတ်လုံ၊ ရစ်စီးခြုံလျက်၊ တောင်ပုံ ရာထဲ၊ ချက်တိုင်းစွဲအောင်၊ဖန်လဲမညိုး၊ မောင်းရင်းကိုး၍၊ မထိုးစေရ…” ဟူ၍ ရေးစပ်ထားသည်ကိုတွေ့ရလေသည်။ ပြာသိုလနှင့်စပ်လျဉ်းသောအကြောင်းကို မဟာအတုလမင်းကြီးကလည်း -
“တိမ်ခြေငယ်ရှင်းပါလို့၊ မြူနှင်းငယ်စိုစို၊ လပြာသိုမှာ၊ နွယ်ခွာညိုကြိုင်ကြိုင်နှင့်၊ လှိုင်လှိုင်သင်းတဲ့ လကိုလေး။ ရောင်သိင်္ဂီငယ်၊ ကြယ်ညီဖုသျှ၊ မကာရမို့၊ ရွှေဝဥကင်၊ နန်းရင်ပြင်မှာ၊ လှံလျင်မြင်းခင်း၊ သဘင်ကျင်းလို့၊ ရာမင်းထွက်စံ၊ ဗိုလ်ညီလာခံသောအခါ၊ ဆဒ္ဒန်ပိုင့်ပြောင်မွန်မှာ၊ အောင်တံခွန်တေဇာမြူးလို့၊ ထူးလှတယ်လေး”ဟု၍ စပ်ဆိုခဲ့လေသည်။
ပြာသိုလတွင် နံနက် စက်နာရီ ၆ နာရီ ၃၈ မိနစ်တွင် နေထွက်၍၊ ညနေ စက်နာရီ ၅ နာရီ ၄၁ မိနစ်တွင် နေဝင်လေသည်။ မြန်မာနာရီအားဖြင့် နေ့ ၂၄ နာရီရှိပြီးလျှင်ည ၃၆ နာရီရှိသည်။ ဦးယာက “ရာသီညွန့်လန်း၊ နွယ်ပန်းခွာညို၊ နှင်းစိုချမ်းစိမ့်၊ လွမ်းလိမ့်လေ။ တထွေဆန်းစ၊ မကာရဟု၊ စရရာသီ၊ နာရီနှစ်ခန်း၊ ချင့်မှန်းတိုင်းထွာ၊နေ့မှာ နှစ်ဆယ်၊ စွန်းကယ်ဇယ၊ ညဉ့်သို့ကျသော်၊ ဆနှင့်တြိန်း၊ ကိန်းခန်းသင်္ချာ၊ တသိန်းသာ၍၊ စွန်းပါငါးသောင်း၊ အပေါင်းသည်မျှ၊ ဓာတ်အိမ်ပြလျက်၊ နှင်းကျမှိုင်းရီ၊ ပထဝီဟု၊ ရာသီစရ၊ ပြာသိုလတွင်” ဟူ၍ စပ်ဆိုပြထားသည်ကိုလည်းတွေ့ရသည်။
ငွေနှင်းစိုစို လပြာသိုသည် ဆီးနှင်းထူထပ်သောကာလ၊ မြန်မာတို့က ဆောင်းရာသီဟုခေါ်ကြသည့် ချမ်းအေးသောရာသီဖြစ်သည်။ ချမ်းအေးလှကြောင်းကို “ပြာသိုမာသ၊ မကာရတွင်၊ ပွင့်ကြကြိုင်သင်း၊ မြောက်လေသွင်း၍၊ ရင်တွင်းချမ်းစိမ့်၊ လှမျိုးငြိမ့်ကို၊ နှစ်သိမ့်စရာ၊ ကြင်တော်ကွာသား၊ ခွေကာစုရုံး၊ မဉ္ဇူအုံးမှာ၊ မပြုံးညှိုးငယ်၊ သနားဘွယ်နှင့်” ဟူ၍ စာဆိုဦးယာက မြောက်လေအသွင်းဝယ်ကြင်ဖော်ဝေးသူတို့ ရင်တွင်းချမ်းစိမ့်လာကြပုံကိုဖော်ပြခဲ့သည်။ စာဆိုနဝဒေးကြီးကလည်း “နတ်ပန်းခွံမြ၊ ပေါ်သည့်လဝယ်၊ တရာ့တဆောင်း၊ရုံးလာပေါင်းလည်း၊ တူကြောင်းမရှိ၊ချမ်းလှဘိ” ဟု စပ်ဆိုပြထားပြန်သည်။ဆောင်းပေါင်း တရာ့တဆောင်းပေါင်းထားသည့် ချမ်းအေးမှုကို နဝဒေးကြီးတို့လက်ထက်တွင် ခံစားခဲ့ရပုံဖြစ်ပါလိမ့်မည်။
ချမ်းအေးသောရာသီဝယ် မိုးကရွာတတ်သည်။ မိုးလင်္ကာ၌ “ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်”ဟုဆိုကြသည်။ အေးသောပြာသိုလဝယ် ရွာသောမိုးကြောင့် အချမ်းပြင်းသည်ဟု ဆိုခြင်းဖြစ်သည်။ ထိုကာလရွာသောမိုးကြောင့် နှမ်းနုတ်၍ ပုံထားသော နှမ်းပုံကြီးရှိ နှမ်းများလည်း ပျက်စီးကုန်ကြသည်။ ဤသည်မှာ အဖြူနှင့်အမည်း၊ ဓမ္မနှင့်အဓမ္မတို့ယှဉ်တွဲဖြစ်တည်တတ်ကြသည့် လောကသဘာဝပင်ဖြစ်သည်။ ပြာသိုလသည်လောကသဘာဝနှင့်လျော်ညီလှပသည်။ရိုးရာဓလေ့မပျက် လှမြဲလှလျက်ရှိသည့် ပြာသိုလသည် ယဉ်ကျေးမှုနယ်ပယ်တွင်ဝင့်ထည်နေမြဲသာဖြစ်ပါတော့သတည်း။ ။

ပြီးခဲ့သည့် သင်္ကြန်တွင်းလောက်က Blood Free ဆိုသည့် ကိုရီးယားဒရာမာဇာတ်လမ်းတွဲတစ်ပုဒ် ကြည့်ဖြစ်သည်။ ဇာတ်လမ်းထဲမှ မင်းသမီးဦးဆောင်သည့် Blood Free ကုမ္ပဏီမှာ အသားတုထုတ်လုပ်သည့် ကုမ္ပဏီဟုဆိုနိုင်သည်။ သို့သော် ကျွန်တော်တို့သိထားသည့် အသားတုများကဲ့သို့ သစ်ဥသစ်ဖုများနှင့် လုပ်ထားသည့် အသားတုမျိုးမဟုတ်။ ဇီဝနည်းပညာသုံးပြီး ဓာတ်ခွဲခန်းထဲတွင် ဖန်တီးထားသည့် အသားတုများ၊ အသက်ဇီဝကို ဖျက်ဆီးခြင်းမရှိသော်လည်း သက်ရှိဖြစ်စဉ်အတိုင်း ဖန်တီးထားသည့် အသားတုများဖြစ်သည်။ မင်းသမီးက အမဲဖျက်ထားသော အသားများကို စားစရာမလိုတော့ဟု ကြွေးကြော်သည်။

ဇာတ်လမ်းမှာ ကိုရီးယားဒရာမာတို့ ထုံးစံအတိုင်း နိုင်ငံ့ထိပ်ဆုံးပိုင်းအထိ အာဏာနှင့် စည်းစိမ်လုပွဲများဖြင့် စိတ်ဝင်စားစရာကောင်းအောင် ခင်းကျင်းထားသည်။ ထိုဇာတ်ကားကို ကြည့်စဉ်က နည်းပညာများနှင့် အလှမ်းဝေးသော အရပ်ဒေသတွင် နေထိုင်သူ၊ ယနေ့ခေတ်အခေါ် တောသားတစ်ယောက်ပီပီ ကိုရီးယားတွေ တော်တော်စိတ်ကူးယဉ်နိုင်တာပဲ ဟု ထိုနည်းပညာအပေါ် တွေးမိ၏။
စိတ်ကူးယဉ်မဟုတ်… လက်တွေ့
သို့သော် နောက်ပိုင်း မိုက်ခရို ဆော့ဖ်စီအီးအို မူစတာဖာ ဆူလီမန်၏ The Coming Wave စာအုပ်ကို ဖတ်မိပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်သည့်အခါမှ “ဒါ စိတ်ကူးယဉ် မဟုတ်ဘူး၊ တကယ်ဖြစ်နေတာဟ” ဆိုပြီး အထိတ်တလန့် ဖြစ်ရသည်။ ဓာတ်ခွဲခန်းထုတ်အသားများ (lab grown meats) သည် ကမ္ဘာကို တော်တော်လေး ထိုးဖောက်နေပြီ။ သူ့ကို ဖြစ်စေသည့် ဇီဝအတုနည်းပညာဟု ဆိုနိုင်သော Synthetic Biology သည် အရှိန်ရနေပြီဖြစ်သည့်အပြင် ကြောက်သူကပင် ကြောက်နေကြပြီ။ ကျွန်တော်တို့ ထိုအကြောင်းများနှင့် မထိတွေ့နိုင်သေး။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဩစတြေးလျမှ တက်လာသည့် သတင်းတစ်ပုဒ်မှာ စိတ်ဝင်စားစရာကောင်းသည်။ ဩစတြေးလျ-နယူးဇီလန် အစားအစာ စံနှုန်းသတ်မှတ်မှုအဖွဲ့က ဆဲလ်ပြုပြင်နည်းဖြင့် ပြုလုပ်ထားသော ငုံးသား များကို စားစရာအဖြစ် ခွင့်ပြုနိုင်ရန် ဩစတြေးလျ-နယူးဇီလန် အစားအစာစံနှုန်း ဥပဒေကို ပြင်ဆင်ရန် ပြည်သူများထံမှ အကြံဉာဏ်တောင်းသည့် သတင်းဖြစ်သည်။ ယင်းမှာ ဩစတြေးလျတွင် ပထမဆုံး ထုတ်လုပ်မည့် ဓာတ်ခွဲခန်းထုတ်အသား။ စံနှုန်းအဖွဲ့က အတည်ပြုရန် လုပ်ငန်းစဉ်မှာ တစ်နှစ်ခန့် ကြာဦးမည်ဆို၏။ သို့သော် ဓာတ်ခွဲခန်းထုတ်အသားများကို အတည်ပြုပေးထားသည့် နိုင်ငံများရှိနေပြီ။
အရင်ဆုံး အသိအမှတ်ပြုသည်က စင်ကာပူ။ ၂၀၂၀ ပြည့်နှစ်တွင် အသိအမှတ်ပြုသည်။ နောက်အမေရိကန် ပြည်ထောင်စုနှင့် အစ္စရေး။ သူတို့က ၂၀၂၃ ခုနှစ်တွင် အသိအမှတ်ပြုသည်။ နောက်ဆုံး အတည်ပြုထားသည့် နိုင်ငံက ဗြိတိန်။ ယခုနှစ် ဇူလိုင်လတွင်မှ အတည်ပြုထားခြင်းဖြစ်သည်။ အီတလီက ဖရန်ကင်စတိုင်းဟု အမည်တပ်ပြီး လုံးဝပိတ်ပင်ထားသည်။ အခြားအီးယူနိုင်ငံများက လှုပ်ရှားမှု နည်းသေး၏။ ယခု ဩစတြေးလျက အတည်ပြုနိုင်ရန် ကြိုးစားနေပြီ။ အမေရိကရှိ အချို့ပြည်နယ်များက အသိအမှတ်ပြုသော်လည်း အသား၊ အမဲသားဟု တံဆိပ်တပ်ခြင်းကိုမူ ခွင့်မပြု။ အချို့နိုင်ငံများတွင် တရားဝင် အတည်ပြု၊ မပြု သတ်မှတ်ခြင်းမရှိ သေးသည့်တိုင် ဈေးထဲသို့ ရောက်နေကြသည်လည်း ရှိသည်။
တိုးပွားနေသော စီးပွားရေးနယ်ပယ်
မည်သို့ဆိုစေ ဓာတ်ခွဲခန်းထုတ် အသားများ သို့မဟုတ် ဇီဝနည်းပညာအသားတုများသည် ခြေကုပ် တစ်ခု ယူထားနိုင်ပြီ။ ယမန်နှစ်ကအထိ ဈေးကွက်တန်ဖိုး အမေရိကန် ဒေါ်လာ ၂၇၂ ဒသမ ၄ သန်း ရှိနေ ပြီး ၂၀၃၄ ခုနှစ်တွင် ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ တိုးပွားနေသော စီးပွားရေးနယ်ပယ်တစ်ခုပင်။ ရှေ့ဆက်ကြည့်လျှင် ၂၀၅၀ ပြည့်နှစ်၌ ဒေါ်လာ ၂၂၉ ဘီလီယံ ရှိလာမည်ဟု ခန့်မှန်းထားသည်။ ထိုစီးပွားရေးနှင့် ထိုနည်းပညာ ခန့်မှန်းထားသည့်အတိုင်း တိုးတက်ဖြစ်ထွန်းရန်အတွက် အခြားနည်းပညာများကဲ့သို့ပင် လူထု၏ဆန္ဒတစ်နည်းအားဖြင့် ဝယ်လိုအားက အဓိကကျမည်သာ။ အထူးသဖြင့် ဩစတြေးလျကဲ့သို့ ဒီမိုကရေစီနိုင်ငံမျိုးတွင် လူထုဆန္ဒ အရင်တောင်းခံနေရသည်ကိုကြည့်လျှင် သိနိုင်သည်။
လူထုဆန္ဒမှာ တကယ်ဘေးကင်းသည်ဆိုလျှင် ရှေ့ကပြောခဲ့သလို “အမဲဖျက်စရာ မလိုသည့်အသားများ စားရမည်” ဆိုသည့် စကားနှင့်ပင် သေချာပေါက် ပါလာကြလိမ့်မည်။ သို့သော် နိုင်ငံရေး၊ စီးပွားရေး လူ့မလိုင်ကြီးများကိုမူ ထိုစကားလောက်နှင့် ဆွဲဆောင်နိုင်မည်မဟုတ်။ Blood Free ဇာတ်ကား ထဲမှ မင်းသမီးက သူ့ကုမ္ပဏီမှ အကြီးအကဲတစ်ယောက်ကို “သူတို့က အမဲဖျက်တာ မဖျက်တာ အရေးထားတာမဟုတ်ဘူး။ နွား တစ်ကောင်မွေးတာဟာ ကားတစ်စီးထက်ပိုပြီး ကာဗွန်ထုတ်လွှတ်မှု များတယ်ဆိုပြီး သဘာဝပတ်ဝန်းကျင် ဘက်ကနေ လှည့်ပြီးတော့ ဆွဲဆောင်ရတာ” ဟု ပြောပြနေသည်ကို တွေ့ရ သည်။ ထိုအချက်မှာလည်း အမှန်ပင်။ ထို့ကြောင့် အသားတု လုပ်ငန်းများက အထက်ပါ နှစ်ချက်အပြင် စားရေရိက္ခာဖူလုံစေပြီး ငတ်မွတ်မှုများ ပပျောက်စေမည်၊ ကျန်းမာရေးနှင့် ပိုမိုကိုက်ညီသော အသားကိုရွေးချယ်နိုင်မည်၊ တိရစ္ဆာန်များမှဖြစ်သော ကူးစက် ရောဂါများမှ ကင်းဝေးစေမည်ဆိုသည့် ခေါင်းစဉ်များနှင့် ဆွဲဆောင်နေကြခြင်းဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ဒဏ် အလူးအလဲခံခဲ့ သော၊ ယခုလည်း ဘာမှန်းသိပ်မသိသေးသည့် နိုရိုဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှု ခံနေရသော ကျွန်တော်တို့ မျိုးဆက်အတွက် ဆွဲဆောင်မှုကောင်းများ ဖြစ်နိုင်ပါသည်။
ဆင့်ကဲတိုးတက်လာခြင်း
ဓာတ်ခွဲခန်းထုတ် အသားများသည် ဇီဝအတုနည်းပညာဟု ဆိုနိုင်သည့် Synthetic Biology ခေါင်းစဉ်အောက် တည့်တည့်တွင်ရှိသည်။ ထိုနည်းပညာသည် တစ်ချိန်ကခေတ်စားခဲ့သော မျိုးဗီဇပြုပြင်သည့် နည်းပညာ (Genetic Engineering) ထက် ပိုမိုကျယ်ပြန့်ပြီးနက်ရှိုင်းသည်။ ဇီဝနည်းပညာ (Biotechnology) နယ်ပယ်ထဲတွင် ပါဝင်သည်။ ဒီအင်န်အေ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း တိုးတက်လာရာမှ ပေါ်ပေါက်လာသည့် နည်းပညာဟု ဆိုနိုင်သည်။ ကျွန်တော်တို့သည် ၁၉၅၀ ပြည့် လွန်နှစ်များအတွင်း ဒီအင်န်အေ တို့ကို စတင်တွေ့ရှိသည်။ ဒီအင်န်အေတို့သည် သတင်းအချက်အလက်များ သိမ်းဆည်းထားသည့် ဇီဝနည်းပညာ ဖြစ်သည်ဟု သဘောပေါက် သွားချိန်တွင် ဒီအင်န်အေ သင်္ကေတများကို ဖြေထုတ်ပြီး ဖတ်နိုင်လာသည်။ ၁၉၇၀ ပြည့်လွန် နှစ်များတွင် ဒီအင်န်အေများကို သက်ရှိတစ်မျိုးမှ နောက်တစ်မျိုးသို့ ကူးပြောင်း ပေးလာနိုင်သည်။ ယင်းမှာ မျိုးဗီဇ နည်းပညာခေတ်ဖြစ်သည်။
၂၀၀၃ ခုနှစ် အိမ်ဖြူတော် ပွဲတစ်ပွဲတွင် ၉၂ ရာခိုင်နှုန်းသော လူသားမျိုးဗီဇကို ချိတ်ဆက်နိုင်ပြီဖြစ်ပြီး အသက်ဇီဝ၏ လျှို့ဝှက်သင်္ကေတမှာ ယခုအခါဘွားဘွားကြီးပေါ်လာပြီဟု ကြေညာခဲ့ခြင်းမှာ သမိုင်းမှတ်တိုင် တစ်ခုပင်။ ယခုအချိန်တွင်မူ ထိုနည်းပညာများသည် ပေါ်ခါစကထက် ကုန်ကျ စရိတ် အဆပေါင်း သန်းနှင့်ချီ၍ ကျဆင်းသွားပြီဖြစ်သလို သုံးရလည်းပိုလွယ်လာသည်။ 23andMe လိုမျိုး ဝန်ဆောင်မှု လုပ်ငန်းများသည် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ဒီအင်န်အေ မှတ်တမ်းတင်ခြင်းကို ဒေါ်လာရာဂဏန်း အနည်းငယ်ဖြင့် လုပ်ပေးနေပြီဖြစ်သည်။
အကောင်းနှင့် အဆိုး
ထို့ထက် ပိုဆန်းသည်မှာ CRISPR မျိုးဗီဇ တည်းဖြတ်ခြင်း (Clustered Regularly Interspaced Short Palindromic Repeats)ဖြစ် သည်။ စာသားများ၊ ကွန်ပျူတာ ကုဒ်များကဲ့သို့ပင် မျိုးဗီဇများကို ကျွန်တော်တို့ တည်းဖြတ်နိုင် ကြောင်း သက်သေပြသည့် နည်း ပညာ။ ဖိုင်ဇာ၊ မိုဒါးနားစသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖော်ထုတ်ရာတွင် ထိုနည်းပညာ ပါဝင်သည်။ ဆားစ်ကာကွယ်ဆေးတွင်လည်း ပါဝင်သည်။ ဆေးဝါး ထုတ်လုပ်ရေး၊ ရောဂါရှာဖွေရေးနှင့် ကုသရေးတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ စိုက်ပျိုးမွေးမြူရေးတွင်လည်း ပိုးမွှားများကို တိုက်ဖျက်ရာတွင် ပါဝင်နေသည်။
သို့သော် …
မူစတာဖာ ဆူလီမန်က ကိုဗစ်-၁၉ မတိုင်မီ သူတက်ခဲ့ရသော ဇီဝ နည်းပညာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခုမှ သိလာရသည့် ထိတ်လန့်ဖွယ်ရာ သတင်းစကားတစ်ခုကို ယခုလို ရေးပြထားသည်။
“မကြာမီ အချိန်အတွင်းမှာ လူတချို့က သဘာဝမှာ တွေ့ရတာထက် ပိုကူးစက်လွယ်ပြီး သေစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို ဖန်တီးနိုင်တော့မယ်။ အဲဒီပိုးမွှားအတုတွေက ရှိပြီးသားကာကွယ်ရေး နည်းလမ်းတွေကို ကျော်လွှားနိုင်မယ်။ ရောဂါလက္ခဏာမပြဘဲ ပျံ့နှံ့နိုင်တယ်။ ကုသမှုတွေကို ခုခံနိုင်မယ်။ ဘယ်သူမဆို လုပ်ချင်ရင် ဒီအင်န်အေ အိမ်တွင်း စမ်းသပ်ပစ္စည်းတွေကို အွန်လိုင်းကမှာပြီး အိမ်မှာပဲ ဖန်တီးနိုင်တယ်။ မေးလ်နဲ့မှာလို့ရတဲ့ ကမ္ဘာပျက်ကိန်းပေါ့။”
ယင်းမှာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းမဟုတ်။ တင်ပြသူမှာ ဆယ်စုနှစ် နှစ်ခုကျော် အတွေ့အကြုံရှိသော လေးစားရသည့် ပါမောက္ခကြီးတစ်ယောက်။ ပစ္စုပ္ပန်တွင် ကြုံနေရသည့် အသက်ဘေးဖြစ်သည်ဟုလည်း သူကဆိုသည်။ ထုံးစံအတိုင်းပင် နည်းပညာတစ်ခု၏ ကောင်းကျိုးကိုလိုလားလျှင် ဆိုးကျိုးအတွက်လည်း ပြင်ဆင်ထားရမည်ဖြစ်သည်။
Ref: https://www.beefcen-tral.com/news/feedback-sought-on-application -to- allow-lab- grown-meat-inaustralia/
https:// www. market-sandmarkets. com/Market-Reports/
https://www.globenew-swire.com/newsrelease/2024/11/05/2974675/28124/en/Cultured- Meat-Market-Trends
Source: Myanmar Digital New

နနွင်း(ဆနွင်း)သည် မြန်မာလူမျိုးများ၏မီးဖိုချောင်တွင် အမြဲရှိသည့်ပစ္စည်းများထဲမှတစ်ခုဖြစ်ပြီး နေ့စဉ်ဟင်းချက်ရာတွင်အသုံးပြုသည်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သုံးလေ့ရှိသည့် သဘာဝ၏လက်ဆောင်တစ်ခုဖြစ်သော နနွင်း၏အသုံးဝင်ပုံအမျိုးမျိုးနှင့် ကျန်းမာရေးအကျိုးကျေးဇူးအမျိုးမျိုးကိုဆက်လက်ဖော်ပြလိုပါ သည်။ နနွင်းကို အမှုန့်အတိုင်းသုံးစွဲကြသည့်အပြင် အပေါ်ခွံပါဝင်သည့်ဆေးတောင့်၊ ဆေးမှုန့်၊ ဆေးရည်ပုံစံများဖြင့်လည်းရရှိနိုင်သည်။
နနွင်းမှပေးသောကျန်းမာရေးကောင်းကျိုးများ

ကျန်းမာရေးကောင်းကျိုးများစွာ ပေးစွမ်းနိုင်သည့် နနွင်းသည် ခေါင်းကိုက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အအေးမိဝေဒနာ၊ အဆုတ်အတွင်းပိုးဝင်ခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊ အနာကြီးရောဂါ၊ဖျားနာခြင်း၊ ဓမ္မတာလာစဉ်ဖြစ်တတ်သည့်ဝေဒနာများ၊ အရေပြားယားယံခြင်း၊ကင်ဆာရောဂါများ၊ စိတ်ကျဝေဒနာ၊အယ်လ်ဇိုင်းမားခေါ် မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါ၊ မျက်စိအလယ်လွှာရောင်ရမ်းခြင်း၊ သွေးချိုဆီးချိုရောဂါ၊ ခန္ဓာကိုယ်တွင်းရေဆွဲခြင်း၊ သန်ထခြင်း၊ Systemic Lupus Erythematosus (SLE) အမည်ရှိ ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာရောဂါတစ်မျိုး၊ တီဘီရောဂါ၊ ဆီးအိတ်ရောင်ခြင်းနှင့် ကျောက်ကပ်ရောဂါများအတွက်လည်း နနွင်းကိုအသုံးပြုနိုင်သည်။ အဖျားရောဂါ၊ ငန်းရောဂါ၊ ဝမ်းရောဂါ၊ ရောင်ရမ်းနာကျင်ကိုက်ခဲသောရောဂါ၊ ဆီးအောင့်၊ဆီးကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါ၊ မီးဖွားပြီးနောက် သွေးပုပ်ကျန်သောရောဂါနှင့် မှိုင်းရှူဆေး၊ နှာမှုတ်ဆေးများဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက်အဖိုးတန်နနွင်း
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်တစ်နေ့တခြား အသားအရေ ပူနွေးလာသော်လည်း အသားအရေအေးနေခြင်း၊ သွေးလေးနေခြင်းတို့ဖြစ်ခဲ့လျှင် နနွင်းကို ရေအေးနှင့်ဖျော်ပြီး တစ်ကိုယ်လုံး လိမ်းကျံပေးခြင်းဖြင့် သက်သာစေနိုင်သည်။ အမျိုးသမီးများ ခေါင်းကိုက်ခြင်း၊ ဇက်ထိုးခြင်း၊ မီးယပ်ခေါင်းကိုက်ရောဂါစွဲခြင်းဖြစ်ခဲ့လျှင် နနွင်းမှုန့်ကို မီးကျီးခဲပေါ်တွင်ဖြူး၍ မှိုင်းရှူပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် မကြာခဏ ဖျားတတ်သော အမျိုးသမီးများသည် အဖျားပျောက်ဆေးများကို မှီဝဲသည့်အပြင် နနွင်းကိုလည်း သောက်ပေးသင့်သည်။ မီးဖွားပြီးနောက် အောင်းနေသောသွေးများ မဆင်းဘဲ အပုပ်ဆောင်ရာမှခန္ဓာကိုယ်ဖောရောင်ခြင်းဖြစ်လျှင် နနွင်းကို ဆေးအဖြစ်သောက်ခြင်း၊ လိမ်းခြင်း၊ နနွင်းပြုတ်ရည်ဖြင့် ရေချိုးခြင်းပြုလုပ်ပေးပါက သက်သာစေနိုင်သည်။ မီးဖွားပြီးနောက် သားမြတ်ရောင်ခြင်း၊ သားမြတ်ကိုက်ခြင်း၊ နို့ကြောင်းပိတ်ခြင်းဖြစ်လျှင် နနွင်းမှုန့်ကိုသောက်ပြီး နနွင်းလိမ်းကျံပေးခြင်း၊ နနွင်းမှုန့်ကိုအထုပ်ပြုလုပ်၍ ရေနွေးငွေ့ခံပြီး ကျပ်ထုပ်ထိုးပေးခြင်းတို့ ပြုလုပ်နိုင်သည်။
သွားနာသွားကိုက်နှင့်အဖျားတက်မှုသက်သာစေသောနနွင်း
သွားနာ၊ သွားကိုက်၊ သွားဖုံးရောင်ခြင်းဖြစ်လျှင် နနွင်းမှုန့်ကို ရေနွေးနှင့်ဖျော်၍ ဆားအနည်းငယ်ထည့်ပြီး ငုံပေးလျှင်သက်သာစေနိုင်သည်။ အပူဝမ်းပျက်၊ ဝမ်းလျှောဖြစ်လျှင် နနွင်းမှုန့်၊ ကွမ်းစားထုံးအနည်းငယ်နှင့် ထန်းလျက်တို့ကိုရော၍ပြုတ်ပြီး ပူပူနွေးနွေးသောက်ပေးလျှင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါသက်သာပျောက်ကင်းစေနိုင်သည်။ အဖျားတက်ခြင်း၊ ချွေးငုပ်ပြီး ငန်းဖမ်းခြင်းများဖြစ်လျှင် နနွင်းကိုမီးဖိုချောင်မှကျပ်ခိုးနှင့် ဆားအနည်းငယ်ရော၍လှော်ပြီး ကွမ်းရွက်ပြုတ်ရည်နှင့်သောက်ပါက ချွေးထွက်ပြီး အဖျားကျစေနိုင်သည်။ ခန္ဓာကိုယ်တွင် နာကျင်ကိုက်ခဲသောအကျိတ်ထွက်ခြင်း၊ ထိခိုက်မိ၍ဖူးရောင်ခြင်းများဖြစ်ပါက နနွင်းကိုထုံးနှင့်ရောစပ်၍ ရေဖျော်ပြီး လိမ်းပေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။ ရုတ်တရက်ထိခိုက်ပွန်းရှပြီး သွေးမတိတ်လျှင် နနွင်းမှုန့်သိပ်ပေးခြင်းဖြင့် သွေးတိတ်စေနိုင်သည်။
အနံ့အသက်ဆိုးများပျောက်စေနိုင်သောနနွင်း
ခန္ဓာကိုယ်အနံ့ဆိုးခြင်း၊ ချွေးထွက်လျှင် အနံ့အသက်မကောင်းခြင်း၊ ချိုင်းချွေးနံ့နံခြင်းတို့ဖြစ်ပါက နနွင်းမှုန့်ကို လက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့် နံနက်နှင့်ည နေ့စဉ်သောက်သုံးပေးပါက ပျောက်ကင်းစေနိုင်သည်။ ကုန်ထုတ်လုပ်ငန်းများတွင် နနွင်းမှရသည့်အဆီကို ရေမွှေးပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသည်။
အသားအရေကိုလှပစေသောနနွင်း
အရောင်လှပြီး အနံ့မွှေးသည့် နနွင်းမှုန့်က ကျန်းမာရေးအတွက်ကောင်းကျိုး ပြုနိုင်သည့်အပြင် အသားအရေကိုလည်းလှပစေရန် အထောက်အကူပြုသည်။နနွင်းသည် အရောင်ကျစေနိုင်သကဲ့သို့ ဗက်တီးရီးယားများကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်သည်။ နနွင်းသည် အရေပြားတွင်ဖြစ်သည့် နီမြန်းရောင်ရမ်းမှုကို သိသာစွာသက်သာစေနိုင်ပြီး ဝဲ၊ နှင်းခူကဲ့သို့ အရေပြားပြဿနာကြောင့် အသားအရေထိခိုက်မှုများကိုလည်း အထိရောက်ဆုံးသက်သာစေနိုင်သည်။ လူအတော်များများတွေ့ကြုံရသော အရေပြားပြဿနာတစ်ခုဖြစ်သည့်ဝက်ခြံထွက်ခြင်းသက်သာစေရန် ဝက်ခြံဖြစ်စေသော ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သည့် သဘာဝပိုးသတ်ဆေးအဖြစ် နနွင်းကိုအသုံးပြုနိုင်သည်။ ဝက်ခြံသက်သာစေရန် နနွင်းစစ်စစ်ကိုအရည်ဖျော်၍ ဝက်ခြံပေါ်တွင်တို့လိမ်းရုံဖြင့်သက်သာစေနိုင်သည်။ ဝက်ခြံသက်သာသွားသော်လည်း မျက်နှာတွင်ဝက်ခြံအမာရွတ်များ ကျန်နေခဲ့လျှင် နနွင်းအစစ်ကိုသုံး၍ ပေါင်းတင်ခြင်းဖြင့် ကြည်လင်သောမျက်နှာကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နနွင်းက အမာရွတ်များကို ပါးစေနိုင်သကဲ့သို့ ဝက်ခြံကြောင့်ဖြစ်သည့် အမာရွတ်များကိုလည်း သိသာစွာ သက်သာစေနိုင်သည်။
အမည်းစက်များကိုသက်သာစေသောနနွင်း
နနွင်းက အရောင်ကျစေနိုင်သကဲ့သို့ အမည်းစက်များကို သက်သာစေနိုင်သည့်အာနိသင်လည်းရှိသည်။ အသားအရေအတွက် နနွင်းကို ပုံမှန်အသုံးပြုပေးမည်ဆိုပါက အရေပြားပေါ်ရှိ အမည်းစက်များကို သိသာစွာသက်သာစေနိုင်သည်။ ထို့ပြင် မျက်ကွင်းညိုခြင်းနှင့် မျက်အိတ်တွဲခြင်းတို့ကို သက်သာစေရန် နနွင်းကိုအသုံးပြုနိုင်သည်။ နေလောင်ခြင်းကြောင့် အသားအရေထိခိုက်ပျက်စီးမှုသက်သာစေရန်အတွက်လည်း နနွင်းကိုအသုံးပြုနိုင်သည်။ နနွင်းသည် နေလောင်ခြင်းကို သက်သာစေနိုင်သကဲ့သို့ နေလောင်ခြင်းကြောင့် အရေပြားတွင် အမည်းစက်များဖြစ်ခြင်း၊ အသားအရောင်မညီခြင်းများကိုလည်း သက်သာစေနိုင်သည်။နေရောင်ကြောင့် အရေးအကြောင်းဖြစ်ခြင်းကို သိသိသာသာသက်သာစေနိုင်သည်။
အကြောပြတ်ရာများကိုသက်သာစေသောနနွင်း
နနွင်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝပြီး အရေပြားဆဲလ်များကို လုပ်ဆောင်မှုကောင်းစေရန် အကောင်းဆုံးထောက်ပံ့ပေးသည်။ အရေပြားပေါ်တွင်ဖြစ်သည့့် အကြောပြတ်ရာများ သက်သာစေရန် နနွင်းလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်ရောပြီး သံပရာရည်အနည်းငယ်ညှစ်၍ အကြောပြတ်သည့်နေရာတွင် တစ်နေ့နှစ်ကြိမ်လိမ်းပေးနိုင်သည်။ နနွင်းကအသားအရေအတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးနိုင်သောကြောင့် အသားအရေ ခြောက်သွေ့လျှင် နနွင်းကို အရေပြားပေါ်တွင် လိမ်းပေးရုံဖြင့် အပေါ်ယံအရေပြားလွှာမှ ဆဲလ်သေများကို အထိရောက်ဆုံးဖယ်ရှားပေးပြီး အသားအရေကို နူးညံ့စေနိုင်၍ အရေပြားထိခိုက်ပျက်စီးမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။
အနာကျက်စေနိုင်သောနနွင်း
နနွင်းတွင်ပါဝင်သည့် Curcumin ကအနာကျက်စေနိုင်သကဲ့သို့ ဓာတ်တိုးပစ္စည်းများကြောင့် အသားအရေထိခိုက်ခြင်းမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်။ ပြတ်ရှဒဏ်ရာများသက်သာစေရန် အသုံးပြုနိုင်သည်။ လေ့လာမှုများအရ နနွင်းက အရေပြားတစ်သျှူးများကို ကျန်းမာစေနိုင်သကဲ့သို့ ကော်လာဂျင်ထွက်ရှိစေရန်လှုံ့ဆော်ပေးသည်။ နနွင်းသည် အရေပြားတွင်ဖြစ်သည့် မီးလောင်ခြင်းနှင့် ဆီပူလောင်ခြင်းမှလွဲ၍ ပြတ်ရှခြင်းနှင့် ထိခိုက်မိခြင်းတို့ကိုသက်သာစေသည်။
နနွင်း၏ဘေးထွက်ဆိုးကျိုးများ
နနွင်းသည် ဘေးထွက်ဆိုးကျိုးနည်းသော်လည်း တချို့လူများတွင် အစာအိမ်ထိခိုက်ခြင်း၊ ပျို့ခြင်း၊ မူးဝေခြင်း၊ဝမ်းပျက်ခြင်းလက္ခဏာများရှိလာနိုင်ပြီးအဆိုပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုရှိနိုင်ပြီး ယင်းတို့တွင်မပါဝင်သောတခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက ဆရာဝန်သို့မဟုတ် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
နနွင်းသည် လက်ရှိသောက်သုံးနေသည့်ဆေးဝါးများ၊ မူလကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်သောကြောင့် အသုံးမပြုမီ ဆရာဝန်သို့မဟုတ်ဆေးပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ရန်အရေးကြီးသည်။ နနွင်းနှင့် သက်ရောက်ဓာတ်ပြုနိုင်ပြီး သွေးခဲမှုကိုနှေးကွေးစေသည့်ဆေးဝါးများဖြစ်သော Aspirin၊ Clopidogrel (Plavix)၊ Diclofenac (Voltaren၊ Cataflam)၊ Ibuprofen (Advil၊Motrin)၊ Naproxen (Anaprox၊ Naprosyn)၊ Dalteparin (Fragmin)၊ Enoxaparin (Love-nox)၊ Heparin၊ Warfarin (Coumadin) စသည့်ဆေးဝါးများ၊ အလားတူ အစွမ်းသတ္တိရှိသောဆေးဝါးများနှင့် တွဲဖက်အသုံးပြုမည်ဆိုပါက အလွယ်တကူ အညိုအမည်းစွဲနိုင်ခြေနှင့် သွေးယိုနိုင်ခြေမြင့်မားနိုင်သည်။
နနွင်းမစားသင့်သောသူများ
ကိုယ်ဝန်ဆောင်ချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင် နနွင်းကို အစားအသောက်များတွင် ပါဝင်နေကျပမာဏအတိုင်း စိတ်ချစွာစားသုံးနိုင်သော်လည်း နနွင်းသည် ဓမ္မတာလာခြင်းကိုအားပေးပြီး သားအိမ်ကိုလှုံ့ဆော်ပေးသောကြောင့် ကိုယ်ဝန်ထိခိုက်နိုင်ခြေရှိသည့်အတွက် ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်တွင် သောက်ဆေးအဖြစ် အသုံးမပြုသင့်ပေ။ နနွင်းသည် သည်းခြေပြဿနာများကို ပိုဆိုးစေနိုင်သည့်အတွက် သည်းခြေကျောက်တည်နေသူများ၊ သည်းခြေပြွန်ပိတ်ဆို့နေသူများ နနွင်းအသုံးမပြုသင့်ပေ။ နနွင်းသည် သွေးခဲနှုန်းကို နှေးကွေးစေသည့်အတွက် သွေးမတိတ်ရောဂါရှိသူများအလွယ်တကူအညိုအမည်းစွဲနိုင်ခြေနှင့် သွေးယိုနိုင်ခြေမြင့်စေသည်။
နနွင်းတွင်ပါဝင်သည့် Curcumin ဓာတ်သည် သွေးချိုဆီးချိုဝေဒနာရှင်များတွင် သွေးတွင်းသကြားဓာတ်ပမာဏကိုအန္တရာယ်ရှိလောက်သည့်အနေအထားအထိ ကျဆင်းစေနိုင်သည့်အတွက်သတိနှင့်ယှဉ်ပြီး အသုံးပြုသင့်သည်။နနွင်းသည် တချို့လူများ၏အစာအိမ်ကိုထိခိုက်စေနိုင်ပြီး GERD ကဲ့သို့ အစာအိမ်ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်။ နနွင်းတွင်ပါဝင်သည့် Curcumin အမည်ရှိ ဓာတုပစ္စည်းသည် အီစထရိုဂျင်ဟော်မုန်းနှင့် အလားသဏ္ဌာန်တူသည့် အာနိသင်ရှိသည်။ သီအိုရီအရ နနွင်းသည် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်တစ်သျှူး နေရာလွဲမှားခြင်း၊ သားအိမ်အလုံးတည်ခြင်း စသည့် ဟော်မုန်းနှင့်သက်ဆိုင်သောရောဂါများကို အခြေအနေပိုဆိုးစေနိုင်သည်။ သို့ရာတွင် တချို့သုတေသနများတွင် နနွင်းသည် တချို့သောကင်ဆာဆဲလ်များအပေါ် အီစထရိုဂျင်၏သက်ရောက်မှုကိုလျော့နည်းစေသည်ဟု ဖော်ပြထားသည်။ထိုအချက်ကိုမူတည်ပြီး စဉ်းစားမည်ဆိုပါက နနွင်းသည် အထက်တွင်ဖော်ပြခဲ့သည့် ရောဂါများအပေါ် ကောင်းကျိုးသက်ရောက်မှုရှိနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဟော်မုန်းနှင့်သက်ဆိုင်သည့် ရောဂါတစ်ခုခုခံစားနေရမည်ဆိုလျှင် နနွင်းကို သတိနှင့်ယှဉ်ပြီး အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

လက်ချောင်းတွေရောင်ရမ်းပြီး ဝက်အူချောင်းလို၊ ကောက်ညှင်းထုပ်လိုမျိုးဖြစ်တာကို တချို့တွေ့ကြုံဖူးကြမှာပါ။ ကျန်းမာရေးထိခိုက်လောက်အောင်မဆိုးရွားပေမယ့် မကြာခဏဖြစ်တတ်ပါတယ်။လက်ချောင်းတွေမှာ ရောင်ရမ်းမှုနဲ့အတူ နာကျင်မှုပါခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ရောဂါရှာဖွေမှုပြုလုပ်ဖို့လိုအပ်ပါတယ်။ ကောက်ညှင်းထုပ်လို၊ ဝက်အူချောင်းလိုမျိုးနာကျင်မှုမရှိဘဲလက်ချောင်းတွေရောင်ရမ်းတာကတော့ အပြင်ဘက်က ရာသီဥတုပူတာ၊အငန်များတဲ့အစားအစာတွေစားပြီးချိန်နဲ့ သောက်နေတဲ့ဆေးဝါးတွေစတာတွေကြောင့် လက်ချောင်းတွေရောင်ရမ်းတာဖြစ်န
လက်ချောင်းတွေရောင်ရမ်းပြီး ဝက်အူချောင်းလို၊ ကောက်ညှင်းထုပ်လိုမျိုးဖြစ်တာကို တချို့တွေ့ကြုံဖူးကြမှာပါ။ ကျန်းမာရေးထိခိုက်လောက်အောင်မဆိုးရွားပေမယ့် မကြာခဏဖြစ်တတ်ပါတယ်။လက်ချောင်းတွေမှာ ရောင်ရမ်းမှုနဲ့အတူ နာကျင်မှုပါခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ရောဂါရှာဖွေမှုပြုလုပ်ဖို့လိုအပ်ပါတယ်။ ကောက်ညှင်းထုပ်လို၊ ဝက်အူချောင်းလိုမျိုးနာကျင်မှုမရှိဘဲလက်ချောင်းတွေရောင်ရမ်းတာကတော့ အပြင်ဘက်က ရာသီဥတုပူတာ၊အငန်များတဲ့အစားအစာတွေစားပြီးချိန်နဲ့ သောက်နေတဲ့ဆေးဝါးတွေစတာတွေကြောင့် လက်ချောင်းတွေရောင်ရမ်းတာဖြစ်နိုင်တဲ့အကြောင်းရင်းများစွာရှိပါတယ်။
ရာသီဥတုပူလွန်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်
ရာသီဥတုအလွန်ပူတဲ့အခါ သွေးကြောတွေကိုကျယ်စေပြီး အပူတွေကို အရေပြားကနေတစ်ဆင့်ထုတ်ပြီး အပူ၊ အအေးမျှတအောင်ခန္ဓာကိုယ်ကလုပ်ဆောင်တာဖြစ်တယ်လို့ ချီကာဂိုတက္ကသိုလ် အရိုးအကြောဌာနမှ ပါမောက္ခတစ်ဦးက ဆိုထားပါတယ်။ သွေးကြောတွေကျယ်သွားတဲ့အခါ အရည်တချို့ကအသားတစ်သျှူးပျော့တွေဆီစိမ့်ထွက်လာပြီး ရောင်ရမ်းမှုတွေဖြစ်လာစေတယ်လို့ သိရပါတယ်။ ရာသီဥတုပူတာကြောင့် လက်ချောင်းတွေရောင်ရမ်းတာက ပုံမှန်လှုပ်ရှားမှုတွေလုပ်ဆောင်ရုံနဲ့ ပြန်လည်သက်သာနိုင်ပါတယ်။ လက်နဲ့လက်ချောင်းတွေမှာပဲ ရောင်ရမ်းနေတယ်၊ ခြေထောက်တွေမရောင်ရမ်းဘဲနာကျင်မှုခံစားရတယ်၊ လက်ချောင်းတွေက အရာဝတ္ထုတွေကိုကိုင်တဲ့အခါ မမြဲဘူးဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ပြန်ရည်ကြောစနစ်ပိတ်ခြင်းဖြစ်နိုင်ပါတယ်
ပြန်ရည်ကြောစနစ်ပိတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းတွေ၊ ဗက်တီးရီးယားပိုးနဲ့ဗိုင်းရပ်စ်ပိုး စတာတွေပါဝင်တဲ့ပြန်ရည်တွေ အပြင်ကိုမစီးဆင်းတော့ဘဲ ပိတ်ဆို့နေလို့ ရောင်ရမ်းမှုတွေဖြစ်လာပါတယ်။ လက်ချောင်းနဲ့ခြေမတွေအပြင် လက်မောင်းနဲ့ခြေထောက်တွေမှာလည်း ရောင်ရမ်းမှုတွေဖြစ်လာနိုင်ပါတယ်။ အရေပြားကတင်းတင်းကျပ်ကျပ်ဖြစ်ပြီး ပုံမှန်ထက်ပိုပြီးထူနေတတ်ပါတယ်။ပြန်ရည်ကြောစနစ်ပိတ်ဆို့တာကြောင့် လက်ချောင်းတွေရောင်ရမ်းမှုဖြစ်တာကတော့ ရင်သားကင်ဆာရောဂါကို ခွဲစိတ်ကုသတာ ဒါမှမဟုတ်ဓာတ်ရောင်ခြည်ပေးကုသတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အငန်အစားများတာကြောင့်ဖြစ်နိုင်ပါတယ်
အငန်ပါဝင်တဲ့အစားအစာတွေစားသုံးပြီးတဲ့အခါမှာ လက်ချောင်းတွေရောင်ရမ်းနေရင် ခန္ဓာကိုယ်ရဲ့ ဆားဓာတ်နဲ့ရေဓာတ်ထိန်းညှိမှုမညီမျှမှုတွေကြောင့်ဖြစ်ပါတယ်။ အငန်စားသုံးမှုများလေလေ ခန္ဓာကိုယ်ထဲကို ရေပြန်ဆွဲထားလေဖြစ်တာကြောင့် လက်ချောင်းတွေ ရောင်ရမ်းမှုဖြစ်လာရပါတယ်။ ဒါကြောင့် အငန်စားသုံးမှုကိုလျှော့ချသင့်ပါတယ်။အငန်များတဲ့အစားအစာတွေဖြစ်တဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စတာတွေကို လျှော့စားသင့်ပါတယ်။ အသင့်အမြန်စားအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆန်းဒဝှစ်ချ်၊ ပီဇာ၊ အာလူးချောင်းကြော်တွေမှာလည်း အငန်ပါဝင်မှုများတတ်တာကြောင့် လျှော့စားသင့်ပါတယ်။ဟင်းလျာတွေချက်ပြုတ်တဲ့အခါ အငန်ကို လျှော့စားနေတာတောင်လက်ချောင်းတွေ ရောင်ရမ်းမှုလျော့မသွားဘူးဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ရေးနှော့ရောဂါစုကြောင့်ဖြစ်နိုင်ပါတယ်
ရေးနှော့ရောဂါစု(Raynaud's disease) လို့ခေါ်တဲ့ ရာသီဥတုအေးတဲ့အခါနဲ့ စိတ်ဖိစီးမှုများတဲ့အခါတွေမှာ သွေးလွှတ်ကြောတွေကျဉ်းသွားတာကြောင့် သွေးလှည့်ပတ်မှုနည်းပြီး လက်ချောင်းတွေရောင်ရမ်းမှုနဲ့နာကျင်မှုကို ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ လက်ချောင်းတွေရောင်ရမ်းမှုမဖြစ်ခင်မှာ ဖျော့တော့တော့ဖြစ်နေတာ ဒါမှမဟုတ် ပြာနှမ်းလာတာမျိုးဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
အဆစ်ယိုယွင်းခြင်းဖြစ်နိုင်ပါတယ်
လက်ဆစ်တွေက ပုံမှန်ထက်ပိုကြီးနေတာ၊ အရိုးအဆစ်ရောင်ရမ်းရောဂါရှိနေတာတွေကြောင့် နံနက်အိပ်ရာထချိန်မှာ လက်ချောင်းတွေရောင်ရမ်းနိုင်ပါတယ်။ အသက်အရွယ်နဲ့ဆက်စပ်တဲ့အရိုးအဆစ်ရောင်ရမ်းမှုဖြစ်တာကြောင့် အဆစ်ဘေးကတစ်သျှူးတွေပျက်စီးတာ ကြောင့်လည်း လက်ချောင်းတွေရောင်ရမ်းတာဖြစ်လာနိုင်ပါတယ်။လက်ချောင်းတွေရောင်ရမ်းတာက မကြာခဏဖြစ်နေတယ်၊ နာကျင်မှုခံစားရတယ်၊ လက်ချောင်းအဆစ်တွေက အကွေးအဆန့်မကောင်းဘဲ တောင့်တင်းနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာများဖြစ်နေတတ်ပါတယ်
ကိုယ်ဝန်ဆောင်မိခင်တချို့မှာ လက်ချောင်းတွေရောင်ရမ်းမှုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လက်နဲ့မျက်နှာအရေပြားကို လက်မနဲ့ဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့စမ်းသပ်မှုပြုလုပ်ပြီး ရောင်ရမ်းနေတာဟုတ်၊ မဟုတ်သိရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကိုမသိလို့ မကုသဘဲထားရင် မိခင်ရော ကလေးပါအန္တရာယ်များပါတယ်။ အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊ ကလေးတစ်ယောက်ထက်ပိုပြီး နှစ်မြွှာပူး၊ သုံးမြွှာပူးကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊ အဝလွန်တဲ့ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ သားဖွားမီးယပ်ပါရဂူနဲ့စောစောပြသပြီး စောင့်ရှောက်ကုသမှုကို ရယူဖို့လိုအပ်ပါတယ်။
လက်ချောင်းများထုံကျဉ်ရောဂါရှိခြင်းဖြစ်နိုင်ပါတယ်
လက်ကောက်ဝတ်အာရုံကြောတွေကြောင့် လက်ချောင်းလေးတွေထုံကျဉ်တာကို ခံစားနေရသူတွေမှာလည်း လက်ချောင်းရောင်ရမ်းတာဖြစ်နိုင်ပါတယ်။ လက်ချောင်းတွေရောင်ရမ်းတာအပြင် နာကျင်ကိုက်ခဲမှုခံစားရတာ၊ အသားတွေပူနေတာ၊ ထုံကျဉ်တာတွေနဲ့တွဲပြီးဖြစ်နေပြီးတဖြည်းဖြည်းနဲ့ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆပိုဖြစ်တတ်ပါတယ်။
အဆစ်ရောင်ခြင်းဖြစ်နိုင်ပါတယ်
အရိုးအဆစ်ရောင်ခြင်း၊ လေးဖက်နာအဆစ်ရောင်ခြင်း၊ ဂေါက်အဆစ်ရောင်ခြင်း စတာတွေကလည်း လက်ကိုထိခိုက်စေနိုင်ပါတယ်။ အတွေ့ရအများဆုံးဖြစ်တဲ့အရိုးအဆစ်ရောင်ခြင်းက မိသားစုမျိုးရိုးလိုက်တာကြောင့်ပဲဖြစ်ဖြစ်၊ ထိခိုက်မိတာကြောင့်ပဲဖြစ်ဖြစ် ဖြစ်ပွားနိုင်ပါတယ်။လက်မှာထိခိုက်မှုအများဆုံးနေရာကတော့ လက်မရဲ့အောက်ခြေနဲ့လက်ချောင်းတွေရဲ့အစွန်ပိုင်းအဆစ်တွေဖြစ်ပါတယ်။
ခြေထောက်နဲ့လက်မှာ လေးဖက်နာပိုးကြောင့် အဆစ်တွေ၊ ခြေဆစ်တွေရောင်ရမ်းရင် မကုသဘဲထားပါက သွေးလွှတ်ကြောကတစ်ဆင့်နှလုံးထိရောက်ရှိသွားပြီး နှလုံးထိခိုက်နိုင်ခြေများတာ၊ အဆို့မလုံတာကြောင့် နှလုံးအားနည်းတာတွေဖြစ်လာပါတယ်။ ASO ဖောက်စစ်တဲ့အခါ(၂၅၀)အိုင်(ယူ)ထက်များနေရင် ပင်နီဆလင်ဗွီ (၂၅၀) မီလီဂရမ်တစ်နေ့လေးကြိမ်ကို ခြောက်လအထိသောက်ခြင်း ဒါမှမဟုတ် တစ်လတစ်ကြိမ် ပင်နီဆလင်ထိုးနှံခြင်းကို (၁-၂) နှစ်အထိဆက်တိုက်ထိုးနှံခြင်းက ရောဂါပျောက်ကင်းနိုင်ပါတယ်။ ပင်နီဆလင်ဗွီစားဆေးစားခြင်း၊ပင်နီဆလင်ထိုးနှံခြင်းတို့ကို ကိုယ့်ဘာသာမဖြတ်သင့်ဘဲ ခြောက်လဒါမှမဟုတ် ရှစ်လကြာမှ သွေးဖောက်စစ်ကြည့်တာ ASO (၂၀၀ မီလီဂရမ်ရာခိုင်နှုန်း)ရဲ့ အောက်ဆိုရင် ကုသမှုအောင်မြင်တယ်လို့ယူဆပါတယ်။လက်ချောင်း၊ ခြေချောင်းတွေရောင်ခြင်း၊ နာကျင်ခြင်းတို့မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
သွေးလေးဖက်နာဖြစ်နိုင်ပါတယ်
သွေးဖောက်စစ်လို့ ASO က သာမန်သာရှိပြီး အရိုးအဆစ်ရောင်တာ၊လက်ချောင်း၊ ခြေချောင်းရောင်တာမကျဘူးဆိုရင် သွေးလေးဖက်နာဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေပိုအဖြစ်များပါတယ်။ ခုခံအား ကမောက်ကမရောဂါစုထဲမှာ ပါဝင်ပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ဆဲလ်ကောင်းတွေကို မှားယွင်းပြီး တိုက်ခိုက်ရာကနေဖြစ်လာတဲ့ရောဂါမျိုးပါ။ အဆစ်အမျက်အပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့တခြားစနစ်တွေပါထိခိုက်နိုင်ပါတယ်။ တစ်ကိုယ်လုံးထိခိုက်ရောင်ရမ်းလို့ စတီးရွိုက်ပေးရင်သက်သာနိုင်ပါတယ်။ စတီးရွိုက်ကြောင့်လည်း ခြေ၊ လက်ရောင်ရမ်းနိုင်ပါတယ်။အဆစ်အမျက်ရောင်ရမ်းကိုက်ခဲတာ ပျောက်ချင်ဇောနဲ့ စတီးရွိုက်စားဆေး၊ ထိုးဆေးပေးတာများရင်လည်း ဆေးရဲ့ဘေးထွက်ဆိုးကျိုးက အဆစ်ရောင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

လူတစ်ဦးတစ်ယောက်တည်း ကျောင်းနေအရွယ်မှ အသက်အရွယ်ရသည်အထိ အသိပညာအမျိုးမျိုးကို လေ့လာဆည်းပူးနေကြရသည်ဖြစ်ရာ စာဖတ်ခြင်းသည်သာ မိမိဘဝအောင်မြင်ရေး၏ လမ်းကြောင်းမှန်ပေါ်ရောက်ရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ထို့ပြင် စာဖတ်ခြင်းသည် နှလုံးခုန်နှုန်းကို လျှော့ချခြင်းနှင့် ကြွက်သားတင်းမာမှုကို သက်သာစေခြင်းစသည့်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။ စာဖတ်အားကောင်းသည့်သူများသည် ရင့်ကျက်တည်ငြိမ်မှုကို ရစေခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုစွမ်းရည် မြင့်တက်စေခြင်း၊ စိတ်ကူးစိတ်သန်းကောင်းစေခြင်း၊ အခက်အခဲများအပေါ် ဖြတ်ကျော်ရန် တုံ့ဆိုင်းမှုမရှိခြင်း၊ ဆုံးဖြတ်ချက်မ
လူတစ်ဦးတစ်ယောက်တည်း ကျောင်းနေအရွယ်မှ အသက်အရွယ်ရသည်အထိ အသိပညာအမျိုးမျိုးကို လေ့လာဆည်းပူးနေကြရသည်ဖြစ်ရာ စာဖတ်ခြင်းသည်သာ မိမိဘဝအောင်မြင်ရေး၏ လမ်းကြောင်းမှန်ပေါ်ရောက်ရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ထို့ပြင် စာဖတ်ခြင်းသည် နှလုံးခုန်နှုန်းကို လျှော့ချခြင်းနှင့် ကြွက်သားတင်းမာမှုကို သက်သာစေခြင်းစသည့်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။ စာဖတ်အားကောင်းသည့်သူများသည် ရင့်ကျက်တည်ငြိမ်မှုကို ရစေခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုစွမ်းရည် မြင့်တက်စေခြင်း၊ စိတ်ကူးစိတ်သန်းကောင်းစေခြင်း၊ အခက်အခဲများအပေါ် ဖြတ်ကျော်ရန် တုံ့ဆိုင်းမှုမရှိခြင်း၊ ဆုံးဖြတ်ချက်မှန်ကန်ခြင်း၊ မကောင်းမှုကို ဖယ်ရှားကာ သူတစ်ပါးအပေါ် စာနာထောက်ထားသည့် စိတ်ဓာတ်မြင့်မားစေခြင်း၊ စကားပြောကောင်းစေခြင်း၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာစေခြင်းစသည့် အကျိုးတရားများကိုလည်း ရရှိစေမည်ဖြစ်သည်။ စာဖတ်ခြင်းနှင့်ပတ်သက်၍ မည်သည့်စာအုပ်ကို ဖတ်ရှုရမည်ဟူသည့် သတ်မှတ်ချက်မရှိသော်လည်း မိမိ၏စိတ်နေစိတ်ထားကို ပြုပြင်ပေးသည့်စာအုပ်မျိုး၊ မိမိအား ဉာဏ်ပညာဗဟုသုတ အတွေးအခေါ်ရင့်သန်စေရန် သွန်သင်ပေးသည့်စာအုပ်မျိုးကို ရွေးချယ်ဖတ်ရှုခြင်းကသာ အကောင်းဆုံးဖြစ်မည်ဖြစ်သည်။
မျက်မှောက်ကာလတွင် လူငယ်အများစုအနေဖြင့် ဆိုရှယ်မီဒီယာပေါ်မှ စာများကိုသာ ဖတ်ရှုမှု ပိုများလာသဖြင့် စာအုပ်များကို ကိုင်တွယ်ဖတ်ရှုမှု နည်းပါးလာသည်။ လက်ကိုင်ဖုန်းဖြင့် စာဖတ်ခြင်း၊ ကွန်ပျူတာဖြင့် စာဖတ်ခြင်းသည် စာအုပ်ကို ကိုင်တွယ်၍ ဖတ်ရှုရခြင်း၏အရသာကို ယှဉ်နိုင်မည်မဟုတ်ပေ။ လူတစ်ဦးတစ်ယောက်၏ စိတ်ကူးစိတ်သန်းကောင်းမွန်မှုသည် ဉာဏ်ပညာပြည့်ဝမှုနှင့် အသိပညာကြွယ်ဝမှုအပေါ် မူတည်သည်။ ဉာဏ်ပညာကို အသိပညာနှင့် ပေါင်းစပ်နိုင်မှသာ ဖန်တီးနိုင်မှုစွမ်းရည်ကို ရရှိမည်ဖြစ်သည်။ ဉာဏ်ပညာရှိမှုနှင့် အသိပညာကြွယ်ဝမှုတို့သည် ကွဲပြားခြားနားသည်။ ဉာဏ်ပညာရှိခြင်းသည် အသိပညာ၊ အတွေ့အကြုံ၊ နားလည်မှု၊ အသုံးချမှု သို့မဟုတ် တွေးခေါ်မှုတို့ကို အခြေခံ၍ ပြုလုပ်နိုင်သော စွမ်းရည်တစ်ခုဖြစ်သည်။ ဉာဏ်ပညာရှိသူ သည် ခေါင်းဆောင်တစ်ဦး၏ ဘဝအခြေခံအုတ်မြစ်ဖြစ်သည်။ ဉာဏ်ပညာ၏ ထွက်ကုန်သည် ပြဿနာများကို ဖြေရှင်းရာ၌ ကောင်းကျိုးဖြစ်စေပြီး မိမိ၏ဘဝခရီးအတွက် ရှေ့ဆောင်လမ်းပြဖြစ်သည်။
အသိပညာ
အသိပညာသည် အကြောင်းအရာတစ်ခု သို့မဟုတ် ဘာသာရပ်တစ်ခုနှင့်ပတ်သက်သော အချက်အလက်တစ်ခုဖြစ်သည်။ လိုအပ်သည့်အချိန်တိုင်းတွင် ဘာသာရပ်ဆိုင်ရာ အသိပညာကို အသုံးချရန် ယုံကြည်မှုရှိခြင်းဖြစ်သည်။ အကြောင်းအရာတစ်ခုခု၏ အမှန်တရားနှင့် ဖြစ်ရပ်မှန်များကို ရှင်းရှင်းလင်းလင်းသိရှိခြင်းဖြစ်သည်။ အသိပညာတွင် တစ်ခုခုကို မည်သို့လုပ်ဆောင်ရမည်ကို သိရှိခြင်း၊ ဘဝအတွေ့အကြုံများ၊ သဘာဝတရားနှင့် ပတ်သက်သည့် အမှန်တရားများအပေါ် သိရှိခြင်းတို့ ပါဝင်သည်။ အသိပညာကြွယ်ဝသူသည် မည်သည့် အခြေအနေတွင်မဆို မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ရပ်တည်နိုင်စွမ်းရှိသည်။ အသိပညာကို ရှာဖွေလိုသူတိုင်းသည် စိတ်ဝင်စားဖွယ် အကြောင်းအရာ တစ်ခုကို ထဲထဲဝင်ဝင် လေ့လာရန်လိုအပ်သည်။
လူ့ဘဝတွင် သင်ယူမှုများသည် မွေးဖွားသည်မှ သေဆုံးသည်အထိ အရွယ်သုံးပါးစလုံး အရေးပါလျက်ရှိသည်။ ဉာဏ်ပညာရှိခြင်း၊ ဗဟုသုတကြွယ်ဝ ခြင်းတို့သည် ဘဝအတွက် လိုအပ်ချက်တစ်ခု ဖြစ်သည်။ ယင်းဉာဏ်ပညာတို့ကို စနစ်တကျအသုံးချနိုင်မှသာ ပညာရှိဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
အသိပညာနှင့် ဉာဏ်ပညာသည် သဘောသဘာဝချင်းမတူသော်လည်း တစ်ခုစီ၊ သီးခြားစီ ရပ်တည်နေခြင်းမရှိပေ။ တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုနေသည်။ ဉာဏ်ပညာနှင့် အသိပညာနှစ်ခုစလုံးသည် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို တည်ဆောက်ရာ၌ တူညီစွာအရေးပါ လျက်ရှိသည်။ ဉာဏ်ပညာနှင့် အသိပညာသည် လူတစ်ဦးစီ၏ဘဝအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်၍ အသိပညာကို မှန်ကန်စွာအသုံးချနိုင်ရန်မှာ ဉာဏ်ပညာလိုအပ်သည်။ ဉာဏ်ပညာဖြင့် လေ့လာဆည်းပူးခြင်းသည် အဖိုးတန်သော်လည်း ယင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ ဆုံးဖြတ်ခြင်းက ပို၍အရေးကြီးသည်။ ယင်းကို အသိပညာ၏ အကူအညီဖြင့်သာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
အွန်လိုင်းစွယ်စုံကျမ်း
မျက်မှောက်ကာလတွင် သတင်းအချက်အလက်နည်းပညာများ အံ့မခန်းဖွံ့ဖြိုးတိုးတက်လာသဖြင့် အသိပညာရှာဖွေလိုသူများနှင့် သုတေသီများအနေဖြင့် မိမိသိလိုသည့်အကြောင်းအရာနှင့် အချက်အလက်များရရှိရန် စာကြည့်တိုက်သို့ သွားစရာမလိုဘဲ ရှာဖွေရရှိနိုင်သည့် နေရာတစ်ခုမှာ အခမဲ့အွန်လိုင်းစွယ်စုံကျမ်းဟု လူသိများသည့် ဝီကီပီးဒီးယား (Wikipedia) ဝက်ဘ်ဆိုက်ဖြစ်သည်။ ဝီကီပီးဒီးယားဆိုသည်မှာ ဘာသာစကားပေါင်းစုံနှင့် အကြောင်းအရာမျိုးစုံပါဝင်သော အခမဲ့အင်တာနက် စွယ်စုံကျမ်းပရောဂျက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယားဟူသောအမည်ကို လူအများ ပူးပေါင်းပါဝင်ရေးသားနိုင်သည့် ဝက်ဘ်ဆိုက်နည်းပညာဝီကီနှင့် အင်ဆိုင်ကလိုပိဒိယဟူသော အင်္ဂလိပ်စကားလုံးတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ဘာသာစကားမျိုးစုံဖြင့် ဗဟုသုတများစွာကို စုစည်းရရှိရန် ရည်ရွယ်၍ ဂျင်မီဝေးလ်နှင့် လာရီဆမ်ဂါတို့ စတင်တည်ထောင်ခဲ့သော ဝီကီပီးဒီးယားသည် ယခုအခါ ၂၃ နှစ် သက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
ယနေ့ကာလတွင် လူကြိုက်အများဆုံး အွန်လိုင်းကိုးကားမှုအရင်းအမြစ်ဖြစ်လာသော ဝီကီပီးဒီးယားသည် တစ်လလျှင် ပျမ်းမျှအားဖြင့် စာမျက်နှာကြည့်ရှုသူ အများဆုံးဝက်ဘ်ဆိုက်များ အနက် တစ်ခုဖြစ်ကြောင်း ဝက်ဘ်ဆိုက်ခြေရာခံ ကုမ္ပဏီ Alexa.com က ဆိုထားသည်။ ဘာသာစကား ၃၀၉ မျိုးဖြင့် ရေးသားထားသော ဆောင်းပါး ပေါင်း ၅၅ သန်းရှိနေသည့် ဝီကီပီးဒီးယားသည် ကမ္ဘာတစ်ဝန်းရှိ အသိဉာဏ်ချဲ့ထွင်လိုသူတိုင်းအတွက် အားထားရာနေရာဖြစ်လာသည်။ မြန်မာ ဘာသာ အင်တာနက်စွယ်စုံကျမ်းတစ်ခုဖြစ်သည့် မြန်မာဝီကီပီးဒီးယားကိုလည်း ၂၀၀၄ ခုနှစ်ကတည်း က စတင်လွှင့်တင်ခဲ့ရာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအထိ ဆောင်းပါးပေါင်း တစ်သိန်းကျော် ထည့်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။ ဝီကီပီးဒီးယားတွင် အားသာချက်များစွာရှိနေသကဲသို့ အားနည်းချက်များလည်း တစ်ပုံတစ်ပင်ရှိနေပါသေးသည်။ မည်သူမဆို ၎င်းတွင်ပါရှိသော အချက်အလက်များကို အချိန်မရွေး ပြုပြင်တည်းဖြတ်နိုင်ခြင်းကြောင့် ကိုးကားချက်များအတွက် ယုံကြည်စိတ်ချရသော အရင်းအမြစ်အဖြစ်မှတ်ယူရန် သံသယရှိနေသည်။
သို့ရာတွင် ဝီကီပီးဒီးယား၏ ကိုးကားချက်များတွင် ယုံကြည်စိတ်ချရသော အရင်းအမြစ် မြောက်မြားစွာပါဝင်နေသဖြင့် ကမ္ဘာလုံးဆိုင်ရာ လူကြိုက်အများဆုံးထိပ်တန်းဝက်ဘ်ဆိုက် ၅၀ တွင် အဆင့်(၁၃)အထိရှိနေသည်။ ၂၀၂၁ ခုနှစ် မတ်လအထိ အင်္ဂလိပ်ဝီကီပီးဒီးယားတွင် စာရင်းသွင်းအသုံးပြုသူ ၄၁ ဒသမ ၄ သန်းကျော်အထိ ရှိသဖြင့် အသိပညာနှင့် ဗဟုသုတ ရှာမှီးလိုသူ တိုင်းအတွက် အတိုင်းအတာတစ်ခုအထိ အရေးပါနေဆဲဖြစ်သည်။ အွန်လိုင်းကိုးကားမှု အရင်းအမြစ် ဖြစ်လာသော ဝီကီပီးဒီးယားသည် တစ်လလျှင် ပျမ်းမျှအားဖြင့် စာမျက်နှာကြည့်ရှုမှု ၁၈ ဘီလီယံကျော်ရှိသဖြင့် ကမ္ဘာပေါ်တွင် လာရောက်ကြည့်ရှုသူအများဆုံး ဝက်ဘ်ဆိုက်တစ်ခုဖြစ်ကြောင်း ဝက်ဘ်ဆိုက်ခြေရာခံကုမ္ပဏီ Alexa.com က ဆိုသည်။
ယနေ့ကာလသည် ပညာခေတ်ဖြစ်၍ အင်တာနက်၏ ကျေးဇူးကြောင့် မိမိသိလိုသည့် ခေါင်းစဉ်တစ်ခုနှင့်ပတ်သက်သည့် အချက်အလက်ရရှိရန် စာကြည့်တိုက်ရှိ စာအုပ်အမြောက်အမြား ကို ဖတ်ရှုဖြတ်သန်းရမည့် အချိန်တစ်ခုကို ဝီကီပီးဒီးယားတွင် ဘာသာစကားအမျိုးမျိုးဖြင့် အချိန်တိုအတွင်း ရှာဖွေနိုင်သည်။ ထို့ပြင် ဝီကီပီးဒီးယားမှ သိပ္ပံပညာရပ်များကိုလည်း လေ့လာနိုင်သည်။ သိပ္ပံပညာသည် သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏ အကြောင်းအကျိုးအမှန်တို့ကို နည်းစနစ်ကျနစွာ လေ့လာအသုံးချနိုင်သော ပညာရပ်ဖြစ်သည်။ သိပ္ပံပညာသည် စောင့်ကြည့်လေ့လာခြင်းနှင့် လက်တွေ့လေ့လာခြင်းတို့မှ ရရှိလာသော ကမ္ဘာကြီး၏ သဘာဝနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတို့၏ စနစ်တကျတည်ရှိသော အသိပညာဖြစ်သည်။ သိပ္ပံပညာမှ တစ်ဆင့် အသိပညာရရှိခြင်းသည် မျက်မှောက်ခေတ် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အဖြေရှာရာ၌ များစွာအထောက် အပံ့ပြုလျက်ရှိသည်။
သို့ဖြစ်ရာ အင်တာနက်မှသော်လည်းကောင်း၊ စာအုပ်မှသော်လည်းကောင်း စာဖတ်ခြင်းသည် ပစ္စုပ္ပန်အတွက်ဖြစ်စေ၊ အနာဂတ်အတွက်ဖြစ်စေ ပညာဗဟုသုတတိုးပွားစေပြီး အတွေးအခေါ် ရင့်သန်စေမည်ဖြစ်သည်။ အသိပညာကြွယ်ဝခြင်းကြောင့် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများကို အထောက်အကူပြုစေနိုင်ပြီး စိတ်ကူးဉာဏ် အတွေးအခေါ်ရင့်သန်ကာ ဘဝတိုးတက်မှုကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းစာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုမြှင့်တင်ကြရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။
Source: moi.gov.mm

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း စတင်ပေါ်ပေါက်ခြင်း

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကြီး (Myanmar Veterinary Association: MVA) ကို ခေတ်မီတိုးတက်သော တိရစ္ဆာန်ဆေးပညာနှင့် မွေးမြူရေးပညာရပ်များ ပြန့်ပွားစေရန်၊ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးအထောက်အကူပြုစေရန်နှင့် ညီညွတ်စွာရှေးရှုဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ၁၉၇၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြသော ပြည်သူလူထုနှင့် ၎င်းတို့မွေးမြူထားသော တိရစ္ဆာန်များ၏ အကျိုးကိုဆောင်ရွက်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်တွင် နှစ်(၅၀)ပြည့်ရွှေရတုသို့ ရောက်ရှိလာပြီဖြစ်ပါသည်။
မွေးမြူရေးကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေကြသော တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ အကျိုးကို စုစုစည်းစည်းဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ် (ယခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းသို့ပြောင်းရွှေ့ပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အမည်သို့ ပြောင်းလဲခဲ့ပါသည်။)၊ ဇီဝကမ္မဗေဒနှင့်ဇီဝဓာတုဗေဒဌာန၊ ဌာနမှူး ဆရာကြီး ဒေါက်တာမောင်မောင်စ (ပါမောက္ခချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့ပါသည်။) ဦးဆောင်သည့် တိရစ္ဆာန်ဆေးကုဆရာဝန်များက အသင်းအဖွဲ့တစ်ရပ်အနေဖြင့် စတင်တည်ထောင်နိုင်ရေးအတွက် ၁၉၇၄ ခုနှစ်၌ အစပြုခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရပါသည်။
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်းအမှတ်တံဆိပ်
ယခုအခါ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကို အသင်းဝင်တိရစ္ဆာန်ဆေးကု ဆရာဝန်စုစုပေါင်း ၄၂၃၇ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး၏ ဦးဆောင်မှုဖြင့် အသင်း၏ လှုပ်ရှားမှုများဖြစ်သည့် နှစ်စဉ်ညီလာခံကျင်းပခြင်း၊ စာတမ်းဖတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲများကျင်းပခြင်း၊ ပြည်တွင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာနှီးနှောဖလှယ်ခြင်းနှင့် သင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းသည် အာရှတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (Federation of Asian Veterinary Associations: FAVA) နှင့် ကမ္ဘာ့တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း (World Veterinary Association: WVA) တို့၏ အဖွဲ့ဝင်အသင်းတစ်သင်းဖြစ်ပြီး ပညာရပ်ဆိုင်ရာကိစ္စရပ်များလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တစ်ခုတည်းသောကျန်းမာရေး (One Health)
ကမ္ဘာပေါ်၌ လူထုကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးတို့ ပူးပေါင်းအသွင်ဖြင့် တစ်ခုတည်းသောကျန်းမာရေးကို အထောက်အကူပြုနိုင်စေရန် တပေါင်းတစည်းတည်း လေ့ကျင့်သင်ကြားမှုကို ခံယူထားသူများတွင် တိရစ္ဆာန်ဆေးကုဆရာဝန်များလည်း အပါအဝင်ဖြစ်သောကြောင့် တစ်ခုတည်းသော ကျန်းမာရေးကဏ္ဍတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသူများဖြစ်ကြပါ သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ကျရောက်သည့် World Veterinary Day 2024 ၏ ဆောင်ပုဒ်ကိုပင် “The Essential Role of Veterinarian in One Health Issue” ဟု သတ်မှတ်ခဲ့ကြပါသည်။
နယ်ပယ်မျိုးစုံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြကုန်သော တိရစ္ဆာန်ဆေးကုဆရာဝန်များသည်လည်း မြန်မာနိုင်ငံ၏ One Health နယ်ပယ်အတွင်း တိရစ္ဆာန်များ၊ ပြည်သူလူထုနှင့် ပတ်ဝန်းကျင်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နေကြသူများပင်ဖြစ်ပေသည်။
One Health ဆိုသည်မှာ
၁၇၆၁ ခုနှစ်၊ ပြင်သစ်နိုင်ငံ Lyon မြို့၌ ကမ္ဘာ့ပထမဦးဆုံး တိရစ္ဆာန်ဆေးပညာသင်ကျောင်း တည်ထောင်သူ ဒေါက်တာ Claude Bourgelat က ကူးစက်ရောဂါပိုးများ၏ လူနှင့်တိရစ္ဆာန်တို့အကြား အပြန်အလှန်ကူးစက်တတ်သည်ကို သတိပြုမိပြီး ၎င်းရောဂါများကို အလေးထားကြရန် စတင်တိုက်တွန်းခဲ့ပါသည်။
၂၀ ရာစုနှောင်းပိုင်းတွင် တိရစ္ဆာန်ဆေးပညာရှင်များဖြစ်ကြသည့် ဒေါက်တာ Schwabe နှင့် ဒေါက်တာ Steele တို့က ‘‘One World, One Medicine, One Health’’ ဟူသည့် အယူအဆကို စတင်ချပြလာခဲ့ကြပါသည်။ နောက်ပိုင်းတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Wildlife Conservation Society: WCS) က လူနှင့် တိရစ္ဆာန်သာမက ပတ်ဝန်းကျင်ဂေဟစနစ် ကျန်းမာရေး (Ecosystem health) ကိုပါ ထည့်သွင်းပြီး “One World-One Health” အယူအဆကို အဆိုပြု ခဲ့ကြပါသည်။ ၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (American Veterinary Medical Association: AVMA)က One Health ၏ အနက်အဓိပ္ပာယ်ကို “လူသားများ၊ တိရစ္ဆာန်များနှင့် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တစ်ခုလုံးအတွက် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဒေသအချင်းချင်း၊ နိုင်ငံအချင်းချင်းသာမက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း” ဟု ဖွင့်ဆိုခဲ့ပါသည်။
ကုသရေးနယ်ပယ်မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် မြန်မာ့ One Health
မိမိတို့ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် မြန်မာ့ One Health အတွက် ကျရာအခန်းကဏ္ဍမှ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြသလို တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်နေကြသည့် ပုဂ္ဂလိက၊ အစိုးရဌာနများနှင့် မွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော တိရစ္ဆာန်ဆေးကုဆရာဝန်များသည် နာမကျန်းဖြစ်သည့် တိရစ္ဆာန်များကို ကုသခြင်း၊ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပိုင်ရှင်များကို တိရစ္ဆာန်ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းတို့သည် One Health အတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။
တိရစ္ဆာန်မှ လူကိုကူးစက်တတ်သည့် ခွေးရူးရောဂါ၊ ထောင့်သန်းရောဂါ စသည့်ရောဂါများကို တိရစ္ဆာန်တွင်ကာကွယ်ပေးခြင်းဖြင့် လူထုကို ၎င်းရောဂါများမကူးစက်အောင် ကာကွယ်ပေးခြင်းဖြစ်သလို တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး လူကိုလည်း ကူးစက်တတ်သည့် ဗက်တီးရီးယား၊ ကပ်ပါးရောဂါများနှင့် ဗိုင်းရပ်စ်ရောဂါများစွာတို့ကို ကုသပေးခြင်းသည်လည်း လူထုကို အဆိုပါရောဂါများ မကူးစက်အောင် ကာကွယ်ပြီးသား ဖြစ်စေပါသည်။
ထိုသို့ ကုသရာတွင် ဆေးယဉ်ပါးအဏုဇီဝပိုးများမဖြစ်ပေါ်စေရန် ဂရုတစိုက်လိုက်နာ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်များနှင့်ပတ်သက်သည့် အညစ်အကြေးများ၊ မှိုနှင့် ဓာတုဗေဒအဆိပ်အတောက်များ မပျံ့နှံ့အောင် စနစ်တကျစွန့်ပစ်စေခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ရာရောက်စေပြီး ပတ်ဝန်းကျင်ကျန်းမာရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်စေပါသည်။
သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနယ်ပယ်မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် မြန်မာ့ One Health
သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ဆောင်ရွက်နေကြသည့် တိရစ္ဆာန်ဆေးကုဆရာဝန်များသည်လည်း မြန်မာ့ One Health အတွက် ကျရာအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရပါသည်။
သုတေသနပညာရှင် တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် လူနှင့်တိရစ္ဆာန်တို့အကြား ကူးစက်တတ်သည့် ရောဂါများပျံ့နှံ့မှုကို လေ့လာခြင်း၊ ရောဂါကုသကာကွယ်ရန် နည်းလမ်းသစ်များကို ရှာဖွေခြင်း၊ ဆေးဝါးအသစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှာဖွေခြင်း၊ တိရစ္ဆာန်ထွက်အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပဋိဇီဝဆေးကြွင်းနှင့် ဆေးယဉ်ပါးအဏုဇီဝပိုးမွှားများပါဝင်မှု စစ်ဆေးခြင်းစသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် One Health အတွက် ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။
ထို့အပြင် ဆေးပညာဆိုင်ရာသုတေသနများတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံးတိရစ္ဆာန်များ၏ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆေးဝါးထုတ်လုပ်ရေးနှင့် ရောဂါကာကွယ်ဆေးဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း စသည့် လူထုကျန်းမာရေးကဏ္ဍများတွင်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်များသည် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြပါသည်။
ထို့အတူ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆောင်ရွက်နေကြသည့် တိရစ္ဆာန်ဆေးကုဆရာဝန် များသည် သုတေသနလုပ်ငန်းများအပြင် အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်ကုဆရာဝန်များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် One Health အယူအဆနှင့်ပတ်သက်သည့် သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲခြင်းဖြင့် One Health ကဏ္ဍအတွက် အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်နေကြသူများပင်ဖြစ်ပါသည်။
အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနယ်ပယ်မှ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် မြန်မာ့ One Health
ထို့အပြင် လူတို့စားသုံးမည့် အသားနှင့် အသားထွက်ပစ္စည်းစစ်ဆေးသူ တိရစ္ဆာန်ဆေးကု ဆရာဝန်များသည် စားသုံးမည့်အသားများ၌ ကူးစက်ရောဂါ ပါဝင်မှုရှိ မရှိ၊ ဓာတုဗေဒဆေးကြွင်းများ ပါဝင်မှုရှိ မရှိ စစ်ဆေးခြင်းဖြင့် မြန်မာ့ One Health အတွက် အရေးပါသည့်နေရာမှ ပါဝင်ဆောင်ရွက်နေကြသူများပင်ဖြစ်ပါသည်။ လူတို့စားသုံးမည့်အသားတွင် ဗက်တီးရီးယားပိုးများ (Salmonella, Escherichia coli, Campylobacter စသည်)၊ ကပ်ပါးပိုးများ (Toxoplasma gondii, Taenia, Trichinella စသည်)၊ ဗိုင်းရပ်စ်ပိုးများ (Hepatitis, Noroviruses, Rotaviruses စသည်)နှင့် မှိုရောဂါများပါသွားပါက လူသို့ကူးစက်နိုင်ပြီး ရောဂါဖြစ်ပွားစေနိုင်ပါသည်။
ထို့ကြောင့် လူတို့စားသုံးရန် အသားထုတ်လုပ်မည့် သက်ရှိတိရစ္ဆာန်များ၏ ကျန်းမာရေးအခြေအနေနှင့် အသားအဖြစ်သို့ရောက်ရှိပြီး ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်တွင်လည်း အသားတွင် ရောဂါပိုးပါဝင်မှု ရှိ မရှိ၊ လူတို့ စားသုံးရန် သင့် မသင့်ကို တိရစ္ဆာန်ဆေးကုဆရာဝန်များက စစ်ဆေးပေးရပါသည်။ ပြည်သူများအတွက် ရောဂါကင်းစင်ပြီး သန့်ရှင်းသည့်အသားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် စားသုံးသူများဘေးကင်းမှုရှိစေရန် ဆောင်ရွက်နေကြသည့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးတာဝန်ခံ တိရစ္ဆာန်ဆေးကုဆရာဝန်များသည်လည်း မြန်မာ့ One Health အတွက် အရေးပါသူများပင်ဖြစ်ပါသည်။
တောရိုင်းတိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် မြန်မာ့ One Health
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် ကူးစက်ရောဂါ (ဥပမာ- Ebola, SARS, MERS, HPAI, COVID-19 စသည်) အတော်များများသည် တောရိုင်းတိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်သည့် ရောဂါများဖြစ်ကြပါသည်။ တောရိုင်းတိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ တောရိုင်းတိရစ္ဆာန်ကောင်ရေနှင့် ဂေဟစနစ်ကိုလေ့လာခြင်း၊ ဇီဝမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် လူသို့ကူးစက်စေနိုင်သည့် ရောဂါများကို စောင့်ကြည့်လေ့လာခြင်း စသည့်လုပ်ငန်းများတွင်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်များ ပါဝင်ဆောင်ရွက်နေကြရပါသည်။
ထို့ကြောင့် အဆိုပါအခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသည့် တိရစ္ဆာန်ဆေးကုဆရာဝန်များသည် တောရိုင်းတိရစ္ဆာန်များမှ ပြည်သူလူထုထံ ရောဂါကူးစက်မှုမရှိစေရန် တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ်တားဆီးမှုကို ဆောင်ရွက်နေသူ များဖြစ်ကြသဖြင့် မြန်မာ့ One Health အတွက် ကြိုးပမ်းလုပ်ဆောင်နေကြသူများပင် ဖြစ်ပါသည်။
One Health အတွက် ပူးပေါင်းဆောင်ရွက်မှုများ
လူထုကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးတို့ကို ကောင်းမွန်စွာစောင့်ရှောက်နိုင်ရန် ကဏ္ဍသုံးမျိုးစလုံးပါဝင်သည့် အဖွဲ့အစည်းအချင်းချင်း ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထုအတွက် ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု ဖြစ်လာပေမည်။ မြန်မာနိုင်ငံ၏ One Health ကဏ္ဍဆိုင်ရာ လှုပ်ရှားမှုများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ပြည်တွင်းအစိုးရအဖွဲ့ အစည်းများဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့(FAO)နှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့အတူ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သည်လည်း မြန်မာနိုင်ငံ၏ One Health ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးတက္ကသိုလ်(၁)၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်တို့နှင့် ပူးပေါင်းကာ အရှေ့တောင်အာရှ SEAOHUN (Southeast Asia One Health University Network) ၏ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် MMOHUN (Myanmar One Health University Network)ကို ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းအနေဖြင့်လည်း One Health ကဏ္ဍဆိုင်ရာလှုပ်ရှားမှုများကို တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ လူနေထူထပ်သည့်နေရာများတွင် ခွေးရူးရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ခွေးများကို ခွေးရူးကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်း၊ ခွေးလေခွေးလွင့်ပွားများမှုကိုထိန်းချုပ်မှုအစီအစဉ် (Animal Birth Control- ABC)ကို Worldwide Veterinary Service (WVS) အဖွဲ့နှင့်ပူးပေါင်းကာ ခွေးများအား မျိုးပွားမှုကိုထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာ့ One Health အတွက်မရှိမဖြစ် တိရစ္ဆာန်ဆေးကုဆရာဝန်များ
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် အနာဂတ်မြန်မာ့ One Health အတွက် အောက်ပါကဏ္ဍများတွင် မရှိမဖြစ်ပါဝင်နေရဦး မည်ဖြစ်ပါသည် -
တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် သက်သောင့်သက်သာဖြစ်စေရေးကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးကာ လူထုကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း၊
တိရစ္ဆာန်နှင့် လူတို့အကြား ကူးစက်တတ်သည့် ရောဂါဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးခြင်း၊ ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်/ ကုသခြင်းနှင့် ၎င်းရောဂါများကို အမြစ်ပြတ် ဖယ်ရှားပစ်ရန် အစီအမံများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ရေးအစီအစဉ်များကို ဖော်ထုတ်ခြင်း၊
ကူးစက်ရောဂါများကို ဒေသတွင်း၊ နိုင်ငံအတွင်းသာမက ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်ရေးစနစ်များ တည်ထောင်ကာ ရောဂါရှာဖွေခြင်း၊ လက်ဦးမှုရယူခြင်းနှင့် တုံ့ပြန်မှုများဆောင်ရွက်ခြင်း၊
မွေးမြူရေးခြံမှသည် မိသားစုထမင်းစားပွဲပေါ်အထိ ကွင်းဆက်တစ်လျှောက်လုံး အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာစေခြင်း၊
တိရစ္ဆာန်ကျန်းမာရေး၊ တိရစ္ဆာန်နှင့် လူတို့အကြား ကူးစက်တတ်သည့် ရောဂါကာကွယ်တားဆီးရေး၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်သို့ရောဂါပျံ့နှံ့မှု တားဆီးကာကွယ်ရေးဆိုင်ရာ သုတေသနများပြုလုပ်ခြင်း၊
One Health ကဏ္ဍအတွက် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာဖြန့်ဝေရေးနှင့် သင်ကြားရေးဆိုင်ရာများတွင် ပါဝင်ခြင်း၊
တိရစ္ဆာန်ကုသဆေးဝါးများ၊ မွေးမြူရေး လုပ်ငန်းသုံးဆေးဝါးများ၊ တိရစ္ဆာန်အစာဖြည့်စွက်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ၏ ဘေးအန္တရာယ်ကင်းရှင်းမှု အကဲဖြတ်ခြင်း၊
စိုက်ပျိုးရေး၊ မွေးမြူရေးခြံများမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပေးခြင်း၊ အန္တရာယ်ရှိဓာတုဆေးဝါးများကို ဘေးကင်းစွာစွန့်ပစ်ခြင်းနှင့်လုပ်ငန်းခွင်၌ ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် အလေ့အကျင့်ကောင်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းဖြင့် ပတ်ဝန်းကျင်ကို ကာကွယ်ပေးခြင်း၊
ကမ္ဘာ့ဇီဝမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များကို တောရိုင်းတိရစ္ဆာန်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များကို အခြားဆေးပညာရှင်များသာမက ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် One Health ကဏ္ဍကို မြှင့်တင်ပေးခြင်း။
ညီလာခံနှင့် စာတမ်းဖတ်ပွဲ
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကြီး၏ ရွှေရတုအထိမ်းအမှတ်ညီလာခံနှင့် စာတမ်းဖတ်ပွဲအခမ်းအနားများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ Yangon Convention Center (YCC)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားတွင် စာတမ်းဖတ်ပွဲများအပြင် ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခြင်း၊ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာဆေးကုမ္ပဏီများ၏ ပြခန်းများ၊ အိမ်မွေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများ(Pet show)နှင့် ပညာပေးပြခန်းများပြသခြင်းတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နိဂုံးချုပ်အနေဖြင့် ရွှေရတုအလွန် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းကြီးသည်လည်း အနာဂတ်၌ မြန်မာ့ One Health အတွက် ကျရာအခန်းကဏ္ဍမှ မရှိမဖြစ်ပါဝင်လှုပ်ရှား ဆောင်ရွက်နေရဦးမည်ဖြစ်ပါကြောင်း အသင်းကြီး၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဤဆောင်းပါးဖြင့် ရေးသားဂုဏ်ပြုအပ်ပါသည်။ ။
မှီငြမ်းကိုးကားစာရင်း-
Gibbs S.E. and Gibbs E.P. (2013). The Historical, Present, and Future Role of Veterinarians in One Health. Current Topics in Microbiology and Immunology 365: 31–47.
One Health MYANMAR (poster), The 33rd WOAH Regional Conference for Asia and the Pacific. New Delhi, India, 13-16 November 2023
SEAOHUN, https://www.seaohun.org/mmohun