ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

လူငယ်တို့အတွက် မွန်မြတ်လှသည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်
-

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ မွေးရာပါတာဝန်ပါပဲ။  ခေတ်မီနည်းပညာတွေ တိုးတက်လာခြင်းနဲ့အတူ  နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အားဟာ အမြဲတမ်း တပ်မတော်တစ်ခုတည်းမှာ အဓိက တည်ရှိတော့မှာမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့  ကာကွယ်ရေးစနစ် ကျင့်သုံးလာနေပါပြီ။ ဒါ့ကြောင့်မြန်မာနိုင်ငံမှာလည်း သမိုင်းကြောင်းအရ၊   လက်ရှိတည်ရှိနေမှု ပထဝီဝင်အနေအထားအရ   နိုင်ငံတော် ကာကွယ်ရေးမှာ တပ်မတော်နဲ့ပြည်သူဟာ ဟန်ချက်ညီညီ လက်တွဲကြရတော့မှာဖြစ်ပါတယ်။ စစ်ဘက်နဲ့အရပ်ဘက်ကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ စာနာမှုတွေ ရှိလာတော့မှာ

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ မွေးရာပါတာဝန်ပါပဲ။  ခေတ်မီနည်းပညာတွေ တိုးတက်လာခြင်းနဲ့အတူ  နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အားဟာ အမြဲတမ်း တပ်မတော်တစ်ခုတည်းမှာ အဓိက တည်ရှိတော့မှာမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့  ကာကွယ်ရေးစနစ် ကျင့်သုံးလာနေပါပြီ။ ဒါ့ကြောင့်မြန်မာနိုင်ငံမှာလည်း သမိုင်းကြောင်းအရ၊   လက်ရှိတည်ရှိနေမှု ပထဝီဝင်အနေအထားအရ   နိုင်ငံတော် ကာကွယ်ရေးမှာ တပ်မတော်နဲ့ပြည်သူဟာ ဟန်ချက်ညီညီ လက်တွဲကြရတော့မှာဖြစ်ပါတယ်။ စစ်ဘက်နဲ့အရပ်ဘက်ကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ စာနာမှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။ စစ်ရေးစစ်ရာနဲ့ နိုင်ငံတော်လုံခြုံရေးမှာ  ပြည်သူတွေပါဝင်လာတဲ့ အခါ  တပ်အပေါ်  ပြည်သူ့ဘက်ကခံစားချက်၊ ပြည်သူ့အပေါ်  တပ်ဘက်က ခံစားပေးမှုတွေမှာ အပြန်အလှန် ကိုယ်ချင်းစာနာမှုတွေနဲ့အတူ နီးစပ်မှု ပိုမိုရှိလာကြတော့မှာဖြစ်ပါတယ်။ ပြည်သူအများစု သို့မဟုတ် ရပ်ရွာအလိုက် အချိုးညီမျှစွာ စစ်မှုထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဟာစစ်ဘက်နဲ့အရပ်ဘက်အကြားလူမှုပေါင်းကူးတံတား (Civil-military Social Bridge)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဒါ့ကြောင့်လည်း ကမ္ဘာ့အချို့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း  ပြည်သူ့စစ်မှုထမ်းဥပဒေ တစ်ရပ်ကို  စတင်အာဏာတည်ခဲ့တာဟာ  နိုင်ငံအတွက်  အလွန်ပဲကောင်းမွန်လှပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ အခုမှပြဋ္ဌာန်းခြင်း မဟုတ်ပါဘူး။ ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီးသားပါ။ ၂ဝ၁ဝ ပြည့်နှစ်  နိုဝင်ဘာလမှာ  ထပ်မံပြင်ဆင် ရေးဆွဲခဲ့ပါတယ်။ အခုအချိန်အခါမှာမှ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ပြည်သူတွေပါဝင်တဲ့ စစ်မှုထမ်းဆောင်ခြင်းကို ခေါင်းစဉ်အမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပြဋ္ဌာန်းကျင့်သုံးကြပါတယ်။  စစ်မှုမထမ်းမနေရ ကျင့်သုံးတဲ့နိုင်ငံ၊  ဥပဒေကိုပြဋ္ဌာန်းထားပြီး   တာဝန်ထမ်းဆောင်ရခြင်း မရှိသေးတဲ့  နိုင်ငံတွေရှိသလို ဥပဒေနဲ့အညီ  မဖြစ်မနေ စစ်မှုထမ်းနေရတဲ့ နိုင်ငံတွေလည်း ရှိတာတွေ့ရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အမှန်တကယ်ပြောရရင် နိုင်ငံတော်အတွက် ကြိုတင်ကာကွယ်ထားခြင်းပါပဲ။ တပ်မတော်ဆိုတာ အမြဲရှိနေရမယ်။ တပ်မတော်မှာ ဝင်ရောက်စစ်မှုထမ်းသူတွေ စဉ်ဆက် မပြတ်ရှိနေရမယ်။ ဒါ့ကြောင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တာလို့ စာရေးသူတွေးမြင် မိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ၊ နိုင်ငံတော် ကိုကာကွယ်ကြရမယ်ဆိုတဲ့ သဘောပါပဲ။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုတာ  နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်ပါပဲ။ ဒီထက်ပိုပြီး သေချာအောင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၃၈၃ မှာ ‘‘နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်-(က)ပြည်ထောင်စု မပြိုကွဲရေး၊ (ခ)တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ)အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး’’ ဆိုပြီးပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။

ပုဒ်မ ၃၈၅ မှာ‘‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို  ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်’’ လို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူပါပဲ။

ပုဒ်မ ၃၈၆ မှာ  ‘‘နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ   စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်’’  လို့လည်း   ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း  အရွယ်ရောက်သူ လူငယ်မောင်မယ်တိုင်းဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ခြင်းဆိုတာ    ပြဋ္ဌာန်းထားမှ မဟုတ်ပါဘူး။  ငါတို့နိုင်ငံတော်ကို ငါတို့ကာကွယ်ကြရမယ်ဆိုတဲ့ အသိစိတ်ဟာ လူငယ်တိုင်းမှာရှိထားရမယ့် စိတ်ထားဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ကြမယ့် လူငယ်များဟာ နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြတဲ့   နိုင်ငံ့သားကောင်းအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည် နိုင်မှာဖြစ်သလို စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း တစ်ကိုယ်ရေ    စည်းကမ်းကောင်းမွန်လာခြင်း၊ ပင်ကိုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊    ရင့်ကျက်မှုနဲ့ ယုံကြည်မှု၊   ဇွဲလုံ့လဝီရိယနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ    တိုးတက်ရရှိလာမှာ ဧကန်ဖြစ်ပါတယ်။ စစ်မှုထမ်းခြင်းကနေ ရရှိလာတဲ့အတွေ့အကြုံနဲ့ အသိပညာဟာ အနာဂတ်လူငယ်တွေရဲ့ ဘဝရပ်တည်မှုကို များစွာအထောက်အကူ ပေးနိုင်မှာဖြစ်ပါတယ်။

နိုင်ငံသားတိုင်းသည်   ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်း ကျင့်သုံးလိုက်ခြင်းဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းတွေရဲ့ ခံစားခွင့်တွေကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ခိုင်ခိုင်မာမာပြဋ္ဌာန်းပေး ထားပါတယ်။ ထုတ်နုတ်ပြောရရင် စစ်မှုတာဝန် ထမ်းဆောင်နေစဉ်အတွင်း သတ်မှတ်ထားတဲ့ အဆင့်အလိုက် လစာနဲ့စရိတ်ရရှိမယ်။ တာဝန်ထမ်းဆောင်နေစဉ် သေဆုံး၊ ထိခိုက်ဒဏ်ရာရခြင်းမျိုး ဖြစ်ခဲ့ရင် တာဝန်ထမ်းဆောင်ခြင်းနဲ့ အကျုံးဝင်ရင် တပ်မတော်မှာ သတ်မှတ်ထားတဲ့ ခံစားခွင့်တွေရရှိပါမယ်။ ပြည်သူ့စစ်မှုထမ်း ကာလပြီးဆုံးတဲ့အခါမှာ အလုပ်သမား တစ်ဦးဖြစ်ခဲ့ရင် မူလအလုပ်အကိုင်မှာ သတ်မှတ်ထားတဲ့အတိုင်း  အလုပ်ရှင်က ခန့်ထားရပါမယ်။

သတ်မှတ်စစ်မှုထမ်းကာလ ပြည့်တဲ့အခါမှာ   မိမိသဘောဆန္ဒအရ တပ်မတော်ကိုဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ စစ်မှုထမ်းခွင့်ပြုနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ပါရဂူဘွဲ့ရသူတွေ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူတွေနဲ့  အခါအားလျော်စွာ သတ်မှတ်တဲ့ အရည်အချင်းနဲ့    ပြည့်စုံသူတွေကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်တာပါပဲ။

နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြမယ့်လူငယ်များ အနေဖြင့် အရပ်သားဘဝမှ စစ်မှုထမ်းဘဝသို့ ကူးပြောင်းလာတဲ့အခါ သင်တန်းသားများမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်လာခြင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းလုပ်ဆောင်တတ်လာခြင်း၊ အချိန်ဇယားကိုက် လုပ်ကိုင်တတ်လာခြင်း၊   တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုပမာ   ချစ်ခင်စွာနေတတ်လာခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားချစ်တတ်လာရာမှ  မိမိရဲ့ မိသားစု၊ ဇာတိမြို့ရွာမှသည် နိုင်ငံတော်အထိ တန်ဖိုးထား ချစ်တတ်လာခြင်း စသည်ဖြင့် နိုင်ငံ့သားကောင်း တို့ရဲ့ကောင်းမွန်သော အရည်အသွေးများ ပြည့်စုံလာကြတော့မှာဖြစ်ပါတယ်။ 

စစ်မှုထမ်းဥပဒေဆိုတာ တကယ့်အနှစ်သာရက နိုင်ငံသားအားလုံး မိမိနိုင်ငံကို ကာကွယ်ဖို့တာဝန် ရှိတယ်။ လိုအပ်ရင် စစ်မှုထမ်းဆောင်ရမယ်။ နိုင်ငံတော် ကာကွယ်ရေးအတတ်ပညာတွေ တတ်ရမယ်...ဆိုတဲ့ အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ မြန်မာလူမျိုးအများစုဟာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်တတ်ကြတဲ့ မျိုးချစ်စိတ်ဓာတ်ရှိသူတွေဖြစ်ပါတယ်။ အရေးကြီးတော့ သွေးနီးသည် ဆိုစကားအတိုင်း   အသက်အရွယ်နဲ့ ကျန်းမာရေးအဆင့်အတန်းမီတဲ့ အမျိုးသား၊ အမျိုးသမီးတွေ စစ်မှုထမ်းနေကြပါပြီ။  ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၅) ကိုလည်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။   လက်ရှိမှာတော့    ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများသည်  သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ     မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေလျက် ရှိပါတယ်။ စစ်သားကောင်း တစ်ယောက်ဖြစ်အောင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုတဲ့  စိတ်ဓာတ်ကောင်း၊  စည်းကမ်းကောင်းတို့နဲ့အတူ  သစ္စာ၊  စည်းလုံးမှု၊  စွမ်းရည်သုံးရပ်ပြည့်စုံမှုရှိတဲ့   သားကောင်းရတနာများ အဖြစ် ဂုဏ်ယူနိုင်ကြတော့မှာဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ဆိုတာ တကယ့်ကိုမွန်မြတ်လှတဲ့ တာဝန်ဖြစ်တာကြောင့်ပြည်သူ့စစ်မှုထမ်း သင်တန်းပြီးမြောက်သူများ၊  ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်လျက် ရှိသူများအားလုံးကို  ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသားလိုက်ပါတယ်။   ။

Source-Myawady Webportal

အယ်ဒီတာ့အာဘော်

ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် တို့ဘိုးဘွားအမွေအနှစ်တွေကို ချစ်မြတ်နိုးကြပါစို့
-

“တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ” နိုင်ငံတော်သီချင်းပါစာသားက မျိုးဆက်သစ်လူငယ်တွေ အတွက် သတိပြုစရာဖြစ်ပါတယ်။   ဘိုးဘွားတွေအမွေပေးခဲ့လို့ မြန်မာနိုင်ငံဆိုတဲ့ အသိုင်းအဝိုင်းကြီး တစ်ခု မပျက်မစီးဘဲတည်ရှိနေခြင်းကို ဆက်လက်ထိန်းသိမ်းရမှာ မျိုးဆက်သစ်တွေရဲ့တာဝန်ပါပဲ။  ထိန်းသိမ်းရမယ့် အမွေတွေထဲမှာ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်မှာ ဖန်တီးတည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေလည်းပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ သမိုင်းကြောင်းရှည်လျားခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ရှေးဟောင်း အမွေအနှစ် တွေဟာဖော်ပြလို့ မကုန်နိုင်အောင် များပြားလှပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီး မှာ လူ့ယဉ်ကျေးမှုတွေထွန်းကားလာချိန်ကစလို့ နိုင်ငံနဲ့လူမျိုးအလိုက် သမိုင်းဆိုင်ရာ အမွေအနှစ်တွေ ပေါ်ထွန်းလာခဲ့ပါတယ်။

နိုင်ငံတိုင်းဟာ မိမိတို့ရဲ့ အမွေအနှစ်တွေကို အစဉ်တစိုက်ထိန်းသိမ်းခဲ့ကြရာမှာ သိပ္ပံနည်းကျ ရှေးဟောင်းသုတေသနပညာရပ်ထွန်းကားလာချိန်ဖြစ်လို့ နိုင်ငံအသီးသီးရှိအမွေအနှစ်တွေကို မြေပေါ်မြေအောက် ရှာဖွေဖော်ထုတ်ပြီး ပိုမိုထိန်းသိမ်း လာနိုင်ခဲ့ကြပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဩဂုတ်လ ၂၃ ရက်နေ့မှာ တောင်ငူမြို့ ကေတုမတီမြို့ဟောင်းမြို့ရိုးနဲ့ပတ်သက်လို့  တူးဖော် သုတေသန ပြုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့မှာ မန္တလေးမြို့ရှိ  ရှေးဟောင်း သမိုင်းဝင် သာသနိကယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိမှုအခြေအနေများအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ မန္တလေးနန်းမြို့အနောက်ဘက်ရှိ မြို့ရိုးထိန်းသိမ်းထားမှုနှင့် စည်ရှည်တံတားအား ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါ တယ်။  ဒါ့အပြင် မြနန်းစံကျော်ရွှေနန်းတော်ကြီးကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ဩဂုတ်လ ၃၀  ရက်မှာတော့ ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ရောက်ရှိပြီး ရွှေနန်းတော်အတွင်း  ယခင် မြေနန်းပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိတဲ့ ကျွန်းတိုင်များပြသထားရှိမှု၊  နန်းတော်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နန်းတော်အတွင်း   လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင်ဟံသာ၀တီနေပြည်တော် သာယာ၀တီတံခါးအနီးရှိ ဟံသာ၀တီမြို့ဟောင်း၊ ကျုံးနှင့်မြို့ရိုးနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါတွေကတော့  နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ရှေးဟောင်း အမွေအနှစ်ဆိုင်ရာနေရာတွေကို သွားရောက် ကြည့်ရှုစစ် ဆေး၊ ထိန်းသိမ်းရေး ဆောင်ရွက်စေခဲ့တဲ့ ခရီးစဉ်များဖြစ်ပါတယ်။ အဲဒီခရီးစဉ်များမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး " ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆင့်ဆင့် အသေးစိတ်ပြင် ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဝပ်ဧရိယာများ မရှိစေရေး ဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းများကို  ဆောင်ရွက်သွားရန်လိုကြောင်း၊  နန်းတော်ကြီး ရေရှည်တည်တံ့ နေစေရေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးခေတ် အသုံးအဆောင် ပစ္စည်းများအား ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းပြသထားရန်လိုကြောင်း၊ ရှေးဟောင်း အမွေအနှစ် လက်ရာများဖြစ်သည့်အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြု လုပ်ငန်းများ ဆောင်ရွက် ရာတွင်  ကျွမ်းကျင်သူများဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊   မြို့ရိုးများ၊ မြို့ရိုးဝင်ပေါက်များနှင့်  တံတားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းတည်ဆောက်မှုများ ပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက် အလက်များနှင့်အညီ ဆောင်ရွက်သွားရန် လိုကြောင်း" လမ်းညွှန်မှာကြားခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ်ဆိုတာ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများမှာ ဒြပ်ရှိနဲ့ဒြပ်မဲ့လို့နှစ်မျိုးရှိရာမှာ ဒြပ်ရှိယဉ်ကျေးမှုပစ္စည်းတွေဟာ  အိုးခြမ်းကွဲမှသည် အဆောက်အအုံများအထိ ကိုင်တွယ်ထိတွေ့နိုင်တဲ့ ရုပ်ဝတ္ထုတွေဖြစ်ပါတယ်။ ဒြပ်မဲ့ ယဉ်ကျေးမှု ပစ္စည်းတွေက ဘာသာစကား၊ အနုပညာ၊ ရိုးရာထုံးတမ်းစတဲ့ ကိုင်တွယ်ထိတွေ့ မရနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပျူခေတ်ကာလမှစတင်လို့  မြန်မာနိုင်ငံ နေရာဒေသ အသီးသီးမှာ   မြို့ပြအိမ်ရာများကို တည်ထောင်ခဲ့ကြပါတယ်။ အဲဒီရှေးဟောင်းမြို့ပြများအနက် အချို့မှာ ယနေ့တိုင် ကျန်ရှိနေသလို အချို့မှာလည်း ပျောက်ကွယ်ခဲ့ပြီဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ မြို့ပြတွေကို ထိန်းသိမ်း နေသလို ပျောက်ကွယ်နေတဲ့ မြို့ပြတွေကိုလည်း ပြန်လည်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ရှေးခေတ် အဆက်ဆက်က မြန်မာကြီး  များတည်ထောင်ခဲ့တဲ့ အမွေအနှစ်တွေကို လက်ရှိမြန်မာတွေက ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာသမိုင်းပေး တာဝန်တစ်ခုပါပဲ။ အမျိုးဂုဏ် ဇာတိ ဂုဏ်မြင့်မားရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုတာ ခေတ်အဆက်ဆက် မျိုးဆက်တွေ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်။ ဒါမှသာ မျိုးချစ်စိတ်ဓာတ် အမြဲရှင်သန်ထက်မြက်နေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်း ရေစီးကြောင်းမှာ နိုင်ငံတော်ကြီး သုံးရပ်ပေါ်ထွန်းခဲ့တာကို မြန်မာတိုင်း ဂုဏ်ယူကြရမှာ ဖြစ်ပါတယ်။

အနော်ရထာမင်းကြီးရဲ့ ပထမမြန်မာနိုင်ငံတော်၊ ဘုရင့်နောင်မင်းတရားကြီးရဲ့ ဒုတိယမြန်မာနိုင်ငံတော်နဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ တတိယ မြန်မာနိုင်ငံတော်တို့ဟာ ထင်ရှားတဲ့သမိုင်း       မော်ကွန်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မင်းမြတ်သုံးပါးနန်းစိုက်ခဲ့တဲ့ နန်းတော်ရာတွေကို ရှာဖွေဖော် ထုတ်ပြီး ပညာရှင်များရဲ့အကူအညီနဲ့ ပုဂံ၊ ရွှေဘိုနဲ့ဟံသာ၀တီတို့မှာ မူလနန်းတော်ကြီးတွေလို နန်းတော် တွေ ပြန်လည်တည်ဆောက် ပေးထားပါတယ်။ ဒါ့အပြင် ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ ရတနာ ပုံမြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီးရဲ့ မြနန်းစံကျော် ရွှေနန်းတော်ကြီးကိုလည်း ပြန်လည် တည်ဆောက် ပေးထားပါတယ်။ ဒါဟာဘိုးဘွားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို သားစဉ် မြေးဆက်က ထိန်းသိမ်းစောင့်ရှောက်ခြင်းပဲ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှုမရှိရင် တစ်စတစ်စနဲ့ ပျက်စီးယိုယွင်းသွားမှာဖြစ်လို့ နောင်လာမယ့်မျိုးဆက်တွေ ကောင်းမွန်တဲ့ အမွေမကျန်ခဲ့ဘူးဆိုရင် လက်ရှိမျိုးဆက်တွေ တာဝန်မကျေရာ ရောက်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မျိုးဆက်တွေက ရှေးဟောင်း အမွေအနှစ်တွေ ဖော်ထုတ်ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ဒါတွေဟာနောင်လာမယ့် မျိုးဆက်သစ် တွေကိုရည်ရွယ်ပြီး ဖော်ထုတ်ထိန်းသိမ်း နေခြင်းလည်းဖြစ်လို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန် ဝတ္တရားလို့ ဆိုနိုင်ပါတယ်။

မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်နိုင်တာကြောင့် ယူနက်စကိုကနေ ကမ္ဘာ့ အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ အခြေအနေအထိ ရောက်နေတာ ဖြစ်ပါတယ်။

ပထမမြန်မာ နိုင်ငံတော်ပုဂံခေတ်မှာ တည်ဆောက်ခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာလည်း အလွန်ပဲ များပြားလှသလို လက်ရာတွေကလည်း ဆန်းပြားတာမို့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဟာ မြန်မာတွေအတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ ကောင်းလှပါတယ်။ မြန်မာနိုင်ငံရောက်ရှိပါလျက်   ပုဂံကိုမရောက်ခဲ့ရင် မြန်မာနိုင်ငံကို မရောက်သေးဘူးလို့ နိုင်ငံခြားသားတွေ ပြောကြပါတယ်။ ဒါဟာ ပုဂံရဲ့ အံ့ဖွယ်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ရဲ့ တန်ဖိုးကို ဖော်ပြတာပါပဲ။

“ပုဂံကိုသိချင်လျှင် တစ်ခေါက်နှင့်လည်းမပြီးနိုင်၊ နှစ်ခေါက်နှင့်လည်းမပြီးနိုင်။ အခေါက်ခေါက်အခါခါ သွားရင်တောင်မှ လေ့လာစရာ မကုန်နိုင်အောင်ပါပဲ။  ကျွန်တော်တို့၏ ဘိုးဘွားများသည် တစ်ခါတစ် ခေတ်ကသော် နိုင်ငံထူထောင်ရေး၌ အလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်။ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက်လည်း အလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်။ ဒါ့ကြောင့် နောင်လာနောက်သားတို့ အတွက် အလွန်အလုပ်လုပ်ခဲ့ကြပါပေသည်။  ကျောက်အုတ် ၊မြေအုတ်တို့ ဖြင့်ပြီးသော အထုကြီး၊ အထည်ကြီးတို့ကို ကိုင်တတ်ကြပါပေသည်။ ကျွန်တော်သည် ဤသို့ မြည်တမ်းလျက်သာ သာဓု ခေါ်၍ပုဂံမြို့ဟောင်းမှ ခွာခဲ့သည်”ဟုဆရာဇော်ဂျီက  “ပုဂံမြို့ဟောင်းနှင့် ကျွန်တော်” ဆောင်းပါးတွင် ရေးသားထားပါတယ်။

ပုဂံမြို့ဟောင်းမှာ ကြည်ညိုစရာ၊ ကြည်နူးစရာများ ပေါလှပါတယ်။ ကြည်ညိုစရာဆိုသည်မှာ သပ္ပါယ် လှသော ရှေးဟောင်းဘုရားစေတီများဖြစ်ပြီး ကြည်နူးစရာဆိုသည်မှာ နိုင်ငံသစ်တည်ခဲ့သော ရှေးခေတ် ပုဂံသားတို့ဖြစ်ပါတယ်။ ကြည်ညိုစရာကိုဖူး၍ ကြည်နူးစရာကိုတွေ့ရသည်မှာ ဖူး၍တွေး၍ ကုန်နိုင်တော့ မည်မဟုတ်ပေ။   

ယဉ်ကျေးမှုအစစ်မှာ လူ့အနှစ်အမြုတေရတနာပင်ဖြစ်ပါတယ်။   ပထဝီအနေအထား၊   လူနေမှုစနစ်၊    ဓလေ့ထုံးစံ၊ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ အဆို၊ အတီး၊ အက၊ အပြများ၊ ကိုးကွယ်သည့် ဘာသာ အယူဝါဒ၊ အရေးအသား၊ အတွေးအခေါ် စသည်တို့ကို မှီတွယ်၍ ယဉ်ကျေးမှု သဘောတရားများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ 

မြန်မာသက္ကရာဇ် ၈၇၂ ခု တန်ဆောင်မုန်းလပြည့် ဗုဒ္ဓဟူးနေ့(အေဒီ ၁၅၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်)မှာ တောင်ငူဘုရင်မင်းကြီးညိုက ကေတုမတီ တောင်ငူနေပြည်တော်ကို ယနေ့တောင်ငူ မြို့နေရာတွင်တည်ထားခဲ့ပါတယ်။  မင်းကြီးညိုဟာ ရဟန်းပညာရှိ၊ လူပညာရှိများ အကြံပြုတဲ့အတိုင်း    မြို့တော်သစ်ကို ကေတုမတီလို့အမည်ခေါ်တွင်စေပါတယ်။ အခုဆိုရင် ကေတုမတီမြို့ရဲ့သက်တမ်းဟာ  နှစ်ပေါင်း  ၅၁၄  နှစ်ရှိပြီဖြစ်ပါတယ်။ ကေတုမတီမြို့ဟောင်းမှာ  ထင်ရှားတဲ့နေရာသုံးခုရှိပါတယ်။

ကေတုမတီမြို့ဟောင်းရဲ့ ထင်ရှားတဲ့နေရာတစ်ခုကတော့ ယိုးဒယားပေါက်ဖြစ်ပါတယ်။ တောင်ငူမြို့ရဲ့ အရှေ့မြောက်ထောင့်ရှိ ကျုံးပေါက်ဖြစ်ကာ ကျုံးရေကို စစ်တောင်းမြစ်သို့ ဖောက်ထုတ်တဲ့ နေရာဖြစ် ပါတယ်။ ယိုးဒယားပေါက်မှာ ၁၀၈ ပေရှည်လျား၍ ရန်ကုန်-မန္တလေးမော်တော်ကားလမ်းဟောင်းမှာ တည်ရှိပါတယ်။ အေဒီ ၁၈၆၄ ခုနှစ်မှာ ကျောက်ရင်းတံခါးကိုဖြိုဖျက်ပြီး   အင်္ဂလိပ်တို့တည်ဆောက်ခဲ့တဲ့   မြို့လေးခံတပ်ဟာလည်း ကေတုမတီမြို့ဟောင်းရဲ့ သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။

မန္တလေးမှာပြန်လည် တည်ဆောက်မယ်ဆိုတဲ့ တံတားဟာ“စည်ရှည် တံခါးကို ဆက်သွယ်ထားတဲ့ ကျုံးကူးတံတား ဖြစ်ပါတယ်။ မန္တလေးရွှေမြို့တော် စတုရန်းပုံအုတ်မြို့ရိုးကြီးရဲ့ အလယ်မင်းလမ်း တံခါးနဲ့ ကျုံးကူးတံတားပါ။ အရှေ့ဘက်ဦးထိပ်တံခါးနဲ့ အနောက်ဘက်ကစည်ရှည်တံခါး၊ တောင်ဘက်က ကျော်မိုးတံခါးနဲ့ မြောက်ဘက်က လေးသိန်းတံခါးတွေဟာတစ်ဖြောင့်တည်းရှိနေတဲ့ ဓာတ်တံခါး၊ မင်းလမ်းတံခါးကြီးတွေ ဖြစ်ပါတယ်။  အဲဒီဓာတ်တံခါးလေးပေါက်တို့ရဲ့ တစ်ဖြောင့်တည်း ဖြတ်သွားတဲ့ နေရာကတော့ မြနန်းစံကျော် ရွှေနန်းတော်ကြီးပေါ်က ဘုရင်ကြီးရဲ့ အဆောင်တော် မှန်နန်းဆောင် ဖြစ်ပါတယ်။ သူ့ကိုအလယ်ဗဟိုနဲ့ချိန်မှတ်ဆွဲပြီး ရတနာပုံရွှေမြို့တော်ကြီးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတံခါးတွေရဲ့  ပြအိုးပြာသာဒ်တွေမှာဓာတ်နံသင့် စည်တော်ကြီးတွေချိတ်ဆွဲထားပြီး နန်းတော်ကပဟိုရ်စည်သံအတိုင်း နောက်ဆက်တွဲတီးခတ်ရတဲ့ ဓာတ်တံခါးကြီးတွေဖြစ်ပါတယ်။

“ရွှေပဟိုရ်စည်သံများကိုလ   မကြားရတာကြာလေပြီ”တေးသီချင်းဟာဒီစည်သံတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါတွေဟာမြန်မာတို့ရဲ့ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနဲ့ တင့်တင့်တယ်တယ် နေထိုင် ခဲ့ရတဲ့ အချုပ်အခြာအာဏာရဲ့သင်္ကေတ၊ အထိမ်းအမှတ်ဖြစ်ပါတယ်။  ရှေးဟောင်းအမွေ အနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ တံတားနဲ့ ဆက်စပ်လျက်ရှိတဲ့ လမ်းတွေကိုလည်း စနစ်တကျ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့  မန္တလေးရှိရှေးဟောင်းသမိုင်းဝင်  သာသနိက ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးတဲ့ခရီးစဉ်မှာ ရွှေနန်းတော်ကျောင်း (ရွှေကျောင်း)ကြီးကို လည်းရောက်ရှိခဲ့ပါတယ်။ ကျောင်းတော်ကြီး အတွင်းအပြင်မှာတော့ မြန်မာမှု သစ်သား ပန်းပုအခြေခံ ခြူးပန်းခြူးနွယ် အပြောက်အမွမ်းတွေ၊ ရုပ်လုံးရုပ်ကြွတွေ၊ ကျေးငှက် တိရစ္ဆာန်ရုပ်တွေ၊ နံရံကပ်ရုပ်ကြွတွေ၊ အတွင်းမာရဘင်  အရှေ့ပိုင်း   ကွန်းစင်တိုင် အခြေမှာ ထုဆစ်ပူဇော် ထားတဲ့ ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေန ဇာတ်တော်တွေကို အနုစိတ် ထုဆစ်ပူဇော်ထားပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် လက်ရာတွေပဲ ဖြစ်ပါတယ်။  တစ်ခေတ်တစ်ခါက ရွှေကျောင်းတော်ကြီး မည်မျှကြီးကျယ် ခမ်းနားဂုဏ်မြင့်မား ကြောင်း ကို  ဖွဲ့ဆိုထားတဲ့ မဟာဂီတကြိုး သီချင်းတစ်ပုဒ်ရှိ ပါတယ်။

ကျောင်းတော်ကြီးကြိုးလို့ ခေါ်ပါတယ်။ (ဝေဇယန်နှင့် နှုန်းငြား၊ မထူးခြား)၊ (ရွှေကျောင်းတော်ကြီး ဘုံဆောင်၊ ကျူးတည့် ကျူးလွန်အောင်)၊ (ဆောင်တကာလေဆန်း၊ ထွေတလာလေပန်း)၊  (နေအရောင် လိုပင်၊ လအရောင်လိုပင်)၊  (စိမ်းရရိမ်း၊ နီရရီ၊ ပြာရရာ၊ ဝါအဝါ၊ ရွှေအရွှေ၊ ရွှေတည့်ရွှေအရွှေ)၊ (သယ်လေ-ကျောင်းတော်၊  ကျောင်းတော်၊ ကြူးကျော်ယဉ်လေဟန်)၊   (ဖန်မှန်ရှိန်၊  မြနှယ်စိန်၊ နေခြည်ရောင်လင်း သောခါ၊ ဘယ်သူပင် ရှုဝံ့ဘူး) (မြင့်လှ ဖြူးဖြူး၊ တိမ်ဆီ အံ့ဩ ဩမည်၊ အံ့ဩမည်)၊ သံသရာလေဝဋ်နှင့်၊ ကင်းအောင်ရှင်းအောင်၊ သံသရာလေဝဋ်နှင့်၊ (ကင်းကြောင်း ရှင်းကြောင်း)၊ ချမ်းမြမြကြည်စွာ၊  သာယာ ရွှင်ပြုံး၊ တေဇာ တုန်ရိုက်ချုန်းပါလို့၊ မိုးလုံးတိမ်တိုက် ဖြာလေတည့်မှ မိုးလုံးတိမ်တိုက်ဖြာ။ သီချင်းမှာပါတဲ့   “သယ်လေ”ဆိုတဲ့စကားရပ်က (အာမေဍိတ်စကား) အံ့မခန်းဖွယ်လို့ဆိုလိုတာပါ။ ဂီတလိုက်စားသူ တိုင်းနှစ်ခြိုက် သဘောကျတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ရွှေကျောင်းတော်ကြီးနဲ့တိုက်ရိုက် သက်ဆိုင်လို့   ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ခေတ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော်အောင်မြင်ခဲ့တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍  ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံ စေတီတော်များအား  ရွှေထီးတော်တင်လှူပူဇော်ခြင်းနဲ့ ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာ မင်္ဂလာအခမ်းအနားများကို ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ  ၁ ရက်) နံနက် ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကြည်နူးဖွယ်မြင်ကွင်းလိုပါပဲ။ သူ့ခေတ် သူ့အခါက မင်းနဲ့ပြည်သူတို့ရဲ့ ခမ်းနားသိုက်မြိုက်စွာ ကုသိုလ်ယူဒါနပွဲတော်၊ ရွှေကျောင်းတော်ကြီး အကြောင်းဖြစ်ပါတယ်။ ၁၈၅၇ ခုနှစ်က တည်းက တည်ဆောက်ခဲ့တဲ့ ရွှေကျောင်းတော်ကြီးဟာ အခုဆိုရင် သက်တမ်း ၁၆၇  နှစ်ရှိပြီဖြစ် ပါတယ်။

ကမ္ဘောဇသာဒီနန်းတော်နဲ့ ပတ်သက်လို့ ဘုရင့်နောင်မင်းတရားသည်သက္ကရာဇ် ၉၂၈ ခုနှစ်၊ တန်ဆောင် မုန်းလဆန်း ၁၀ ရက်မှစ၍ မြို့သစ်ကိုတည်ခဲ့ကြောင်း ဦးကုလား မဟာရာဇဝင်က ပြဆိုပါတယ်။  နန်းမြို့သစ်ကို တည်ခဲ့စဉ်က အရှေ့ဘက်မှ တောင်ဘက်ကိုတူး၍ အနောက်ဘက်တွင်ဖို့ခဲ့ရကာ   မြို့တည်ထောင်ချိန်မှာ ငါးနှစ်ကြာမြင့်ခဲ့ပါတယ်။ ဘုရင့်နောင်မင်းတရားသည်သက္ကရာဇ် ၉၂၉ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်တွင်နန်းတက်ခဲ့ကြောင်း၊ မြို့ကို ကမ္ဘောဇသာဒီဟုမှည့်ကြောင်း တွင်းသင်း မဟာ ရာဇဝင်သစ်တွင်  ဖော်ပြထားပါတယ်။ အခုဆိုရင် ကမ္ဘောဇသာဒီ နန်းတော်ဟာ  သက်တမ်းအားဖြင့်  ၄၅၈ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။

ရှေးဟောင်း အဆောက်အအုံဆိုသည်မှာ “မြေပေါ်တွင်ဖြစ်စေ၊ မြေအောက်တွင်ဖြစ်စေ၊ ရေပေါ် တွင်ဖြစ်စေ၊ ရေအောက်တွင်ဖြစ်စေ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသည့် ကျောက်ဖြစ် ရုပ်ကြွင်းများတွေ့ရှိရာ ဘူမိသဘာ၀ပတ်ဝန်းကျင်နေရာများအပါအဝင် လူသားတို့နေထိုင်ပြုလုပ်သုံးစွဲ   တည်ဆောက်ခဲ့သည့် အဆောက်အအုံများ” ကို ဆိုသည်လို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများစာအုပ်တွင် အမည်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်တဲ့နေရာမှာ စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဘုန်းတော်ကြီးကျောင်း၊ အုတ်ကျောင်း၊ ဇရပ်၊ သိမ်အပါအဝင် သာသနိကဆိုင်ရာ အဆောက်အအုံများ၊ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ အဆောက်အအုံများ၊ အုတ်ကုန်းများ၊ ပြိုကျပျက်စီးသွားပြီဖြစ်သည့် အပျက်အစီးများ၊ ရှေးမြို့ ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မြေကတုတ်၊ တံခါး၊ မုခ်၀၊  မြို့ဝင်ပေါက်၊ ခံတပ်များ၊ လူနေ အဆောက်အအုံများ၊   လူနေရာဌာန၊ ဥယျာဉ်၊   အလုပ်လုပ်ရာဌာနနှင့် ရှေးဟောင်းလူများနေထိုင်ခဲ့သည့်  ကုန်းဟောင်းများ၊ ယင်းတို့၏ အကြွင်းအကျန်များ ပါဝင်ပါတယ်။ ဒါ့ပြင်သဘာ၀ အလျောက် တည်ရှိ သည့် သို့မဟုတ် လူတို့ဖန်တီးသည့်  ခိုအောင်းနေထိုင်ခဲ့သော ဂူ၊ သဘာ၀လိုဏ်ဂူ၊ ရှေးဟောင်း ကျောက်ဂူ၊ အခြားနေထိုင်ရာနေရာနှင့် ရှေးဟောင်းလူများ သွားလာနေထိုင်ခဲ့သည့် ကုန်း၊ ရိုး၊  ချိုင့်၊ ကျင်း၊ လျှိုမြောင်၊ မြစ်ကမ်းဆင့်နှင့်ပရိုင်းမိတ်များ၊ အခြားကျောက်ဖြစ် ရုပ်ကြွင်းများ တွေ့ရှိရာနေရာများ အပါအဝင် ဘူမိသဘာ၀ ပတ်ဝန်းကျင်နေရာများလည်း ပါဝင်ပါတယ်။

ဒါတွေဟာ ကျွန်တော်တို့မြန်မာတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်လို့ မျိုးဆက်သစ် အဆက်ဆက်၊ ခေတ်အဆက်ဆက်မှာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရမှာဖြစ်ပါတယ်။ မြန်မာ တို့ဟာ ရှေးနှစ်ပေါင်းထောင်ချီတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့လို့ ယနေ့တိုင် မြင်တွေ့နေရခြင်း ဖြစ်ပါတယ်။ မျိုးချစ်စိတ်ဓာတ်မြင့်မားရေး၊ နိုင်ငံတော်တည်တံ့ ခိုင်မြဲရေး တွေကို ဘိုးဘွားတွေကဆောင်ရွက်ခဲ့သလို မျိုးဆက်သစ်တွေကလည်း  ဆက်လက်ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ယနေ့ထက် တိုင်အောင် အဓွန့်ရှည်   တည်တံ့ခိုင်မြဲနေစေတဲ့ အချက်တွေမှာ မြန်မာတို့ဟာ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်နေခြင်းဟာလည်း တစ်ချက် အပါအဝင် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို   ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုတာကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။

လာမယ့်နောင်အနာဂတ် မျိုးဆက်သစ်ကလေးတွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ အနှစ်သာရကို သိရှိပြီးတော့မှ သမိုင်းအမွေအနှစ်တွေ မပျောက်ပျက်အောင်၊ အမျိုးသားရေး ယဉ်ကျေးမှု လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။   

ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အခုလိုရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေကို မပျောက်ပျက်၊ မပျက်စီးစေဖို့ အလေးအနက်ထား သွားရောက်ကာ လိုအပ်တာတွေလမ်းညွှန်ခြင်း၊ ဖြည့်ဆည်းပေးခြင်း တွေကို  ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။  အနှစ်ချုပ်ဆိုရသော် ယဉ်ကျေးမှုပျောက်ရင်  လူမျိုး ပျောက်မယ်ဆိုတဲ့ စကားအတိုင်း    မြန်မာတို့ရဲ့ အမျိုးဂုဏ်၊ဇာတိဂုဏ်နဲ့   အမျိုးသားယဉ်ကျေးမှု   စရိုက် လက္ခဏာများကို  ဖော်ညွှန်းပြသနေတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေမတိမ်ကော၊ မပပျောက် အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးရဲ့ တာဝန်ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။       ။

Source-www.moi.gov.mm

ဘုန်းမောင်ဝင်း(ဖျာပုံ)

မြန်မာ့ပုလင်းပန်းချီအကြောင်းတစေ့တစောင်း
-

ပန်းချီပညာကိုလက်မှု အနုပညာတစ်မျိုးဟုပင် ဆိုရမည်ဖြစ်သည်။ ပန်းချီအနုပညာ လုပ်ငန်းတွင် ပုံစံအမျိုးမျိုးရှိသည်။ ခဲပန်းချီ၊ အရောင်အသွေးစုံသည့် ဆေးများဖြင့် ရေးဆွဲထားလျှင် ဆေးပန်းချီ၊ ယွန်းထည်ပစ္စည်းများ အပေါ်မှာ ရေးဆွဲထားသည်ကို ယွန်းပန်းချီဟုခေါ်ကြသည်။

ထိုပန်းချီဆွဲပုံအမျိုးမျိုးအနက်မှ ကွဲထွက်လာသောပန်းချီအနုပညာ တစ်မျိုးလည်းရှိသည်။  ယင်းကား ပုလင်းပန်းချီဖြစ်ပြီး ပုလင်းပန်းချီသည်လည်း ဆေးရောင်စုံဖြင့် ရေးဆွဲသောပန်းချီဖြစ်သဖြင့် ဆေးပန်းချီပင် ဖြစ်သည်။ ပုလင်းပန်းချီကိုအဓိပ္ပာယ်ဖွင့်လျှင် ပုလင်းထဲမှာရေးဆွဲသောကြောင့် ပုလင်းပန်းချီဟုခေါ်ခြင်း ဖြစ်သည်။  ပန်းချီပညာဟူသည် သက်ရှိသက်မဲ့များကို ဆေးရောင်စုံဖြင့် စနစ်တကျ အသက်ဝင်အောင် ရေးဆွဲသော ပညာရပ်ဖြစ်သည်။

အခြားသော ပန်းချီဆွဲကားချပ်များပေါ်တွင် လည်းကောင်း၊ ပုလင်း၏ အပြင်ဘက်တွင်လည်းကောင်း ရေးဆွဲခြင်းသည် လွယ်ကူသော်လည်း ပုလင်းအတွင်းမှာ ပန်းချီရေးဆွဲခြင်းသည် မည်မျှခက်ခဲမည်ကို တွေးကြည့်ကသိနိုင်သည်။ ပုလင်းပန်းချီသည် ရှေးယခင်က စာရေးသူတို့နိုင်ငံမှာ မပေါ်ပေါက်သေးပါ။ ပုလင်းပန်းချီ စတင်ပေါ်ပေါက် လာသည်မှာမကြာသေးပါ။

ပုလင်းပန်းချီစတင်ပေါ်ပေါက်ချိန်က စာရေးသူတို့နိုင်ငံမှာ ရေးဆွဲသူတစ်ဦးတည်းရှိသည်ဟုသိရသည်။ ထိုပုဂ္ဂိုလ်မှာ"ပန်းချီဦးညိုလေး"ဖြစ်သည်။  ဇာတိက  ကျောက်ဆည်ခရိုင် မင်းစုရွာဖြစ်သည်။  ပုလင်းပန်းချီသည်  တရုတ်ပြည်က စသည်ဟုဆိုရပေမည်။ အကြောင်းမှာ ဆရာမစောမုံညင်း၏ဆောင်းပါးမှာ    ယခုလိုဖော်ပြ ထားသည်ကို တွေ့ရသည်။   ၁၉၅၈  ခုနှစ်က  တရုတ်ပြည်က အပြန်ပုလင်းပန်းချီနှစ်လုံးဝယ်ပြီး     တစ်လုံးကို ပန်းချီအောင်စိုးကို ပေးလိုက်သည်။

တစ်လုံးကိုမည်သူ့ကို ပေးလိုက်ကြောင်း မမှတ်မိဟုဆိုသည်။  အဆိုပါ ပုလင်းပန်းချီ အကြောင်းကို ၁၉၆၄ ခုနှစ်က ယဉ်ကျေးမှုစာစောင်မှာ "ပုလင်းပန်းချီ"   ခေါင်းစဉ်နှင့် ဆောင်းပါးရေးခဲ့သည်ဟု ဆိုသည်။

ယခင်ပုလင်းပန်းချီပညာရှင် ဦးညိုလေးက ဆရာမစောမုံညင်း၏ ပုလင်းပန်းချီဆောင်းပါးကို လေ့လာပြီး လေ့ကျင့်လိုက်တာ နောက်အနှစ် ၂၀လောက်ကြာတော့  ပုလင်းပန်းချီအောင်မြင်ကြောင်း စာပို့အကြောင်းကြားပြီး  ပုလင်းပန်းချီ သုံးလုံးကိုလည်း  လူကြုံနှင့်ပို့ပေးလိုက်သည်ဟု ဆောင်းပါးမှာ ဖော်ပြထားသည်။

ပုလင်းပန်းချီရေးခြင်းသည် အခြားသော ပန်းချီကားချပ်များနှင့်မတူပေ။ ထူးခြားချက်များရှိသည်။ ထိုထူးခြားချက်များမှာ-

(၁)ကျစ်လျစ်မှုရှိခြင်း၊

(၂)သယ်ယူသိမ်းဆည်းရာတွင်လွယ်ကူခြင်း၊

(၃)ဆေးရောင်မမှိန်ခြင်း၊

(၄)ဆီဆေးတစ်မျိုးတည်းသာအသုံးပြုရေးဆွဲရခြင်း၊

(၅)စွန့်ပစ်ပုလင်း သို့မဟုတ် ရေးဆွဲမည့်ပုလင်းသည် စျေးမများခြင်းတို့ဖြစ်သည်။

ထိုကဲ့သို့ အားသာချက်များရှိသလို  အားနည်းချက်တစ်ခုလည်းရှိသည်။ ဤကားအလွယ်တကူ ကျကွဲနိုင်ခြင်းပင် ဖြစ်သည်။  ပုလင်းပန်းချီများသည် အခြားသော ပန်းချီကားများကဲ့သို့ နေရာများများ မပေးရပေ။ အခြားပန်းချီကား များဆိုလျှင်  ပြင်ပလေနှင့်ထိတွေ့၍ အရောင်မှိန်သည့်သဘောရှိသည်။ ပုလင်းပန်းချီသည် ပုလင်းအတွင်းမှာ ရှိသည့်အတွက် အရောင်မှိန်ခြင်း မရှိပေ။

ပုလင်းပန်းချီရေးဆွဲရာတွင် ပုလင်း၏အတွင်းဘက်သို့ စုတ်တံထည့်၍ ရေးဆွဲရသည်။ ထိုသို့ရေးဆွဲရာတွင် ကားချပ်ပေါ်မှာ ရေးဆွဲသကဲ့သို့ မျက်နှာချင်းဆိုင်ရေးဆွဲခြင်းမျိုး မဟုတ်ပေ။ ထို့ပြင်စုတ်တံကို  မူလအတိုင်းဆေးတို့၍ ရေးဆွဲခြင်းလည်း မဟုတ်ပါ။  ပုလင်းအတွင်းရေးဆွဲရာတွင် ပုလင်းအပြင်က ကြည့်လျှင် အတည့်မြင်စေရန် ပုလင်းအတွင်းမှာ ပြောင်းပြန်ရေးဆွဲရပြီး စုတ်တံကို အဖျားကောက်ရေးဆွဲရသည်ဟု စာရေးသူကြားဖူးသည်။  ပုလင်းပန်းချီအတွက်   ဆီဆေးတစ်မျိုးသာအသုံးပြုရသည်ဟုသိရသည်။ သင်္ဘောဆေးဖြင့် ရေးဆွဲပါက အပူရှိန်ပြင်းထန်လာလျှင်  ပုလင်းအတွင်းရှိလေသည် ပြင်ပလေထက်ပိုပူလာပြီး သင်္ဘောဆေးများ ကြွလာသည်ဟုဆိုသည်။ ပုလင်းပန်းချီအတွက် မြန်မာစုတ်တံကိုသာ အသုံးပြုကြသည်။  အဆိုပါစုတ်တံများကို  တည့်ကွေး၊ ယောင်ယောင်ကွေးစသည်ဖြင့် မိမိရေးဆွဲရန် အဆင်ပြေအောင် ကိုယ်တိုင် ဖန်တီးယူကြရသည်။ စုတ်တံအထူးအပါးအတွက်‌ကော်ဖတ်စားခြင်း၊ စုတ်တံထိပ်မွေးများကို မိမိအလိုရှိသည့် အနေအထားရရှိစေရန် မီးဖြင့်လိုအပ်သလိုတို့ ညှိပေးခြင်း၊ စုတ်တံထိပ်လုံးအောင်လည်း ပြုလုပ်ပေးရသည်။

ပုလင်းပန်းချီရေးဆွဲရန်အတွက် စွန့်ပစ်ပုလင်းများကို သန့်ရှင်းရေးပြုလုပ်၍ ပြန်လည်အသုံးပြုလေ့ရှိသည်။  ပုလင်းပန်းချီအတွက် ပုလင်းအကြီးကို အသုံးပြုမှုနည်းပြီး ပုလင်းအသေးများကိုသာ အသုံးပြုကြသည်။  

စာရေးသူတို့နိုင်ငံတွင်  ပုလင်းပန်းချီဆရာ ဦးညိုလေးနောက်တွင် ပုလင်းပန်းချီရေးဆွဲသူမှာ ပုလင်းပန်းချီ ဆရာယောနသံဟု သိရသည်။ 

ဆရာယောနသံ၏ လက်ဦးဆရာသည် ပန်းချီဦးညိုလေးဖြစ်သည်။ ဆရာယောနသံသည် ပုလင်းပန်းချီရေး ဆွဲနည်းကို ဆရာဦးညိုလေးထံမှ သင်ယူခဲ့သည်။ ဆရာယောနသံသည် ပုလင်းပန်းချီကို ၁၉၉၆ ခုနှစ်ခန့်က စတင်ရေးဆွဲခဲ့ပြီး ယင်းလက်ရာများမှာ  ညောင်ဦးမြို့တွင်ရှိသည်။ 

ထို့ကြောင့်ပုလင်းပန်းချီသည် ပန်းချီရေးဆွဲနည်းများစွာအနက် ရှားပါးသော ရေးဆွဲနည်းတစ်မျိုးပင် ဖြစ်သည်။ 

ပုလင်းပန်းချီသည် အဝကျဉ်းပုလင်းထဲသို့ စုတ်တံထည့်၍ အကွေး၊ အညွန့်၊ အနွဲ့၊ မျဉ်းကွေး၊မျဉ်းကောက်၊ မျဉ်းဖြောင့်၊  မျဉ်းယိုင်၊  မတ်မျဉ်းစသည်တို့ဖြင့် ရေးဆွဲရသဖြင့်  ခက်ခဲလွန်းလှသည်။  ပုလင်းပန်းချီရေးဆွဲရန်    အောက်လိုင်းရေးဆွဲခြင်းပင်တစ်ပတ်ခန့်ကြာသည်။ 

ဆေးကိုလည်း တစ်ရောင်ပြီးမှ တစ်ရောင်ခြယ်ရသည်။ အရောင်တစ်မျိုးစီကို သုံးထပ်ရောင်ပြန်ခြယ်ရသည်။ ပုလင်းအပြည့် နောက်ခံဆေးခြယ်မည်ဆိုလျှင် နောက်ခံရောင်ကို ဆေးတစ်ထပ်သာလိုက်သည်။ သို့သော်နောက်ခံ ဆေးအပြည့်ကို   လူကြိုက်နည်းသောကြောင့်ဖြစ်သည်။  

ထိုသို့လူကြိုက်နည်းရခြင်းမှာ  ပုလင်းအတွင်းဆေးများ ပြည့်နေပြီး ဆေးရောင်များဖြင့် ရှုပ်နေသောကြောင့် ဖြစ်သည်။ နောက်ခံဆေးမတင်ပါက မူလပုလင်းအကြည်ပေါ်တွင် ရေးဆွဲသဖြင့် ရေးဆွဲထားသောပုံကို ပိုပေါ်စေသည်။ ကြည့်ရသည်မှာလည်းရှင်းသည်။  ယခုအခါဆီဆေးအပြင် ရွှေမင်တွေကိုပါ သုံးလာကြသည်။

ပုလင်းပန်းချီပုံများကို အများအားဖြင့်မြန်မာ့ရိုးရာပုံများ၊ ရွှေစွန်ညိုပုံ၊ မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင်သော ပုံများနှင့် လောကနတ်ပုံများကို ရေးဆွဲသလို ဘာသာယဉ်ကျေးမှုအတွက် ဆွမ်းခံထွက်နေသော ကိုရင်ပုံများနှင့်  ပျိုမေများရေခပ်ဆင်းရန် ရေအိုးရွက်လာသောပုံများကို ရေးဆွဲလေ့ရှိကြသည်။ ထို့ပြင် ဆင်ပုံ၊ မြင်းပုံ၊ ဘုန်းတော်ကြီးကျောင်းပုံ မင်းသားပုံများ၊  ပန်းပွင့်ပုံများ၊  ဝါးပင်နှင့် ပန်းနွယ်ပန်းခက်ပုံများကိုလည်း ရေးဆွဲလေ့ရှိကြသည်။  ပုလင်းပန်းချီတစ်လုံး၏ တန်ဖိုးက ကြီးလှသည်ဟု ဆိုသည်။ နိုင်ငံခြားသားများက စျေးကြီးပေးဝယ်ကြသည်ဟု သိရသည်။    ဇာတ်တော်တွေကိုလည်း မှီငြမ်းရေးဆွဲလေ့ရှိသည်။  ပဉ္စဝဂ္ဂီငါးဦးတရားနာယူနေပုံ၊ ရာမလေးတော်တင်ခန်းပုံစသည့် ပုံများကိုလည်း ရေးဆွဲလေ့ရှိကြကြောင်း   ရေးသားတင်ပြလိုက်ပါသည်။

Source-www.moi.gov.mm

ကိုကျော်စွာ(ကျိုက်ပီ)

 ဂုဏ်ယူဖွယ်ရာ မြန်မာတို့၏ ရက်ကန်းလက်မှုအနုပညာ
-

ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည်  ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန်  ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏  ယဉ်ကျေးမှုများမှာ  တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို   လေ့လာကြမည် ဆိုပါလျှင်  ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခို

ဤကမ္ဘာမြေပြင်ပေါ်တွင် လူသားမျိုးနွယ်တို့ ကာလကြာရှည်  ရှင်သန်နေထိုင်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအချက်များမှာ စားသောက်ရေး၊ ဝတ်ဆင်ရေးနှင့် လုံခြုံသော အမိုးအကာအောက်တွင် နေထိုင်နိုင်ရေးတို့ပင်ဖြစ်သည်။ ထိုအခြေခံအချက်များပြည့်စုံစေရန်  ကြိုးစားတီထွင်ကြရင်း လူသားမျိုးနွယ်စု ၏  ယဉ်ကျေးမှုများမှာ  တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာကြသည်။ ထို့အတူနိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုကို   လေ့လာကြမည် ဆိုပါလျှင်  ထိုအခြေခံလိုအပ်ချက်များကို ပိုမိုဖူလုံပြည့်စုံလာစေရန် အားထုတ် ကြိုးစားကြရင်း နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ပိုမိုမြင့်မားခိုင်မာလာသည်ကို တွေ့ကြရမည်ဖြစ်သည်။

လူသားအားလုံးအတွက်    အဝတ်အထည်သည်  အရေးကြီးသည်။  သမိုင်းမတင်မီခေတ်ကပင် လူသားတို့သည် ရာသီဥတုဒဏ်  အခြားအန္တရာယ်ရှိသော တိရစ္ဆာန်တို့၏ရန်မှ ကာကွယ်ရန်အပြင် အရှက်သိက္ခာအတွက် ကိုယ်ခန္ဓာ တွင် လုံခြုံစွာဖုံးအုပ်နိုင်ရန်အတွက် သားကောင်များမှရသော သားရေများအား ဝတ်ဆင်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် သစ်ပင်လျှော်များ၊ ငှက်ပျောလျှော်များဖြင့် တီထွင်ဝတ်ဆင်ခဲ့ကြပြီး ချည်ထည်များ ရက်လုပ်နိုင်သည် အထိ    တိုးတက်ဖွံ့ဖြိုး လာခဲ့ကြသည်။  မြန်မာတို့သည်လည်း   ထိုနည်းတူပင်ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က   မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သော  ကြေးခေတ်-သံခေတ်ဒေသများ၌ တူးဖော်ရရှိခဲ့သည့် ကြေးထည်ပစ္စည်းများပေါ်တွင် ကပ်တင်ကျန်ရစ်သော အဝတ်စအရာ အထောက်အထားများကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်  ချည်ထည်ရက်လုပ်သည့် အတတ်ပညာသည်  လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်ကပင် ထွန်းကားနေပြီကို လေ့လာသိရှိနိုင်သည်။

ထို့နောက်  သမိုင်းစဉ်တစ်လျှောက် ပေါ်ထွန်းခဲ့သည့် ခေတ်များဖြစ်ကြသော  ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်တွင်လည်း မြန်မာ့ရက်ကန်းလက်မှု အနုပညာ တိုးတက်ထွန်းကားခဲ့သည်။ သဘာဝဆိုးဆေးများကို အသုံးပြု၍ အဝတ် အထည်များကို ဒီဇိုင်းအမျိုးမျိုး ထွင်ကာ ရိုးရာမပျက် ရက်လုပ်ဝတ်ဆင်ခဲ့ကြကြောင်းကို ရုပ်တု၊ ရုပ်ကြွများ၊ သမိုင်းမှတ်တမ်းများ၊ ကျောက်စာများ၊ နံရံဆေးရေး ပန်းချီအထောက်အထားများအရ သိရှိနိုင်ကြောင်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော စာစောင်ပါ မြန်မာလက်မှုအနုပညာသမိုင်း အကျဉ်းတွင် ရေးသားဖော်ပြထားသည်ကို လေ့လာဖတ်ရှုရသည်။

မြန်မာနိုင်ငံ၏ခေတ်အဆက်ဆက် အဝတ်အထည်ရက်လုပ်ခြင်း ယဉ်ကျေးမှုကို   လေ့လာမည်ဆိုပါက မြန်မာ့ ရက်ကန်း လက်မှုအနုပညာကို ချန်ထား၍မရပေ။ ဝါဂွမ်းစိုက်ပျိုးခြင်း၊ ရက်ကန်းလုပ်ငန်းနဲ့အတူ အထည်ချော ရက်လုပ်သော အတတ်ပညာတို့မှာ ရှေးနှစ်ပေါင်း များစွာကတည်းကပင် မြန်မာနိုင်ငံတွင်  တွင်ကျယ်ခဲ့သည်။

ရှေးမြန်မာအိမ်များတွင် ဝါ(ဂွမ်း)ပင်နှင့်အတူ မဲပင်၊ နီပါးဆေးပင်၊   သီတင်းပင်များကို စိုက်ပျိုးခဲ့ကြပြီး မြန်မာအိမ်ရှင်မများမှာ   ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းလိပ်၊ ဗိုင်းငင့်၊ ဆေးရောင်စုံဆိုးအတတ်၊ ရက်ကန်း အတတ်တို့ကို    ကျွမ်းကျင်တတ်မြောက် လုပ်ကိုင်ကြပါရသည်။

ထိုခေတ်ကာလများက “မိန်းမများသည် ရက်ကန်း မတတ်လျှင်  အကျိုးနှင့်တူသည်၊ ယောကျ်ားများ သည်  စာမတတ်လျှင်  အကန်းနှင့်တူသည်” ဆိုသော ဆိုရိုးစကားပင်    ပေါ်ထွန်းခဲ့သည်။  ထို့ပြင် “ဗိုင်းကောင်း ကျောက်ဖိ” “လသာတုန်းဗိုင်းငင့်” ဟူသောစကားပုံများလည်း ပေါ်ထွန်းခဲ့သည်။

ထို့ပြင် မြန်မာ့ကျေးလက်ရိုးရာ တေးကဗျာများတွင် ရက်ကန်းရက်ရင်း  သီဆိုကြသော တေးကဗျာလေးများ ပေါ်ထွန်းခဲ့သည်။

“မန်ကျည်းငုတ်တို ရွက်နုပေါက်မှ ချဉ်ရည်သောက်စို့ မလေးရယ် ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဝတ်စို့ မလေးရယ်” ဟူသော ကဗျာလေးအပြင်

“ ရွှေချည်ငွေချည် တန်းပါလို့

ရက်ကန်းကိုယ်စီ တန်းကိုယ်စီ

လက်ခတ်ကယ် ကျွန်းဖိုသား

သောင်းတိုင်က ကြားသလေလေး” ဟူ၍

ဆရာဦးသော်ဇင်စီစဉ်ပြုစုသော   ကျေးလက်တောရွာတေးကဗျာ  စာအုပ်တွင်  လေ့လာဖတ်ရှုရသည်။

အထက်ပါကဗျာလေးများကို ကိုးကားထည့်သွင်း၍ တေးပြုစာဆို စိန်ဝေလျှံကလည်း မလေးလက်ခတ်သံ ဟူသောတေးသီချင်းလေးတွင်

“ဘုရားငုတ်တိုရောင်တော်လွှတ်မှ

  ပုံတော်စင်ဝတ်    ကြပါစို့ မောင်ကြီးရေတော့

  အောက်ပြည်ဆို လှေတော်ထိုး

  ပိုးမှာလိုက်တယ်  လေလေ့

 အနားတစ်ဖက်တစ်ချက်ရယ်က စိမ်းနုခြယ်  စိမ်းနုခြယ်

  အလယ်ခေါင် သံယောင်ကွက်ကယ် ချစ်တဲ့သူယက်ခဲ့တယ်

  လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ

  လက်ခတ်သံ လက်ခတ်သံ ပျိုလေး လက်ခတ်သံ

 လက်ခတ်သံကျွန်းဖိုသား သောင်းတိုင်ကကြား သလေလေ့ ”

ဟူ၍ သာယာနာပျော်ဖွယ်ကောင်းသော တေးသီချင်းလေးကို ရေးသားကာ  လူထုကြားတွင်  တွင်ကျယ်စေခဲ့သည်။

မြန်မာ့ရက်ကန်းလက်မှုအနုပညာမှာ  ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ရိုးရာလက်မှုပညာရပ် တစ်ခုဖြစ်ခဲ့သည်။ အလွန်ပါးလှပ်ချောမွတ် လှသည့်အထည်များကိုလည်း ရှေးမြန်မာဘုရင်များ လက်ထက် ကတည်းကပင် ထုတ်လုပ်နိုင်ခဲ့ကြောင်းကို စာပေမှတ်တမ်းများတွင် လေ့လာဖတ်ရှုနိုင်သည်။

ဂျီ၊ အီးဟာဗေး၏ ၁၈၂၄ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ သမိုင်းအကြောင်း ရေးသားထားသည့် History of Burma စာအုပ်တွင် “မြန်မာဘုရင်၏ တိုင်းပြည်တွင် တွေ့ရှိရသော အဝတ်အထည်မျိုးကို အခြားအရပ်ဒေသများတွင် မတွေ့ရချေ။ ထိုအထည်သည် အလွန်ပါးလှပ်ချောမွတ်သောကြောင့် ယင်းဖြင့် ချုပ်လုပ်ထားသော အင်္ကျီကို  လက်စွပ်ကွင်းထဲသို့ပင် ထည့်သွင်းနိုင်လေသည်။ ထိုအထည်ကို ဝါဂွမ်းဖြင့် ရက်လုပ်ထား၏။ ကျွန်ုပ်တို့ ကိုယ်တိုင် ထိုအထည်မျိုးကို တွေ့ရဖူးသည်” ဟု ရေးသားဖော်ပြထားသဖြင့် ရှေးခေတ်မြန်မာတို့၏ ရက်ကန်း အတတ်ပညာ အရည်အသွေး အဆင့်အတန်းမြင့်မားသည်ကို ခန့်မှန်း သိရှိနိုင်လေသည်။

မြန်မာ့ယဉ်ကျေးမှုတွင်     ခိုင်မာဖွံ့ဖြိုးခဲ့သည့် ခေတ်အဆက်ဆက် ထိန်းသိမ်းသင့်သော   မြန်မာ့ရက်ကန်း လက်မှု အနုပညာများကို    မျိုးဆက်သစ်များ လေ့လာကာ   ဝံသာနုစိတ်၊  ဇာတိသွေး၊ ဇာတိမာန် ထက်သန် ကာ  မိမိတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဂုဏ်ယူခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်များ လက်ဆင့်ကမ်း အမွေပညာဖြန့်ဝေပေးသင့်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သောမြန်မာ့ရက်ကန်း လက်မှု အနုပညာများကိုလည်း မပျောက်ပျက်ဘဲ   ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မြန်မာတိုင်း တွင်  တာဝန်ရှိသည်။

ရှေးအစဉ်အဆက်ကပင် အဆင့်အတန်းမြင့်မားခဲ့သည့် မြန်မာ့ရက်ကန်းလက်မှု အနုပညာများ မတိမ်ကော မပပျောက်စေရန် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကိုလည်း အားပေးကြရန် လိုအပ် ကြောင်း   ဆန္ဒပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။     ။

Source-www.moi.gov.mm

အမည်မသိ

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့နှင့် မေတ္တာပွားခြင်း အကျိုး
-

ဝါခေါင်လ

ဝါခေါင်လသည်  မြန်မာ့ဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်သည်။  ဝါခေါင်လသည် မိုးဥတု တွင်ပါဝင်ပြီး ရှေးအခါက ဝါခေါင်လကို “နံကာ”လ ဟုခေါ်သည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင်လကို ဝါခေါင်ဟု လည်းကောင်း၊ နံကာလဟု လည်းကောင်း ရေးထိုးထားကြောင်း တွေ့ရသည်။

နံကာလ၏ အဓိပ္ပာယ်မှာ မိုးဖြိုင်ဖြိုင်ရွာသွန်းသော လဖြစ်သောကြောင့် တောင်သူလယ်သမားများ စပါးစိုက်ပျိုးချိန်၊ လယ်လုပ်ချိန်လဟုဆိုသည် ။ ဝါခေါင်လသည် ဗေဒင်အခေါ် သိဟ်ရာသီ၊  သရဝဏ်နက္ခတ်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ယှဉ်ပြိုင်သည်။ ရာသီရုပ်မှာခြင်္သေ့ရုပ်၊ ရာသီပန်းမှာ ခတ္တာ၊ ရာသီပွဲတော်မှာ “စာရေးတံပွဲ”ဖြစ်သည်။

ဝါခေါင်လတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၄ဝ ၌ နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၂၉ မိနစ်တွင် နေဝင်သည်။ မြန်မာနာရီအားဖြင့်နေ့ ၃၄ နာရီ၊ ညဉ့် ၂၆ နာရီရှိသည်။ ဤကို ရည်ရွယ်၍ဦးယာက

    "တောင်လေသွဲ့၍၊ ရွာတဲ့မလို၊ ငွေသဲပျိုက၊            

      ရေညိုနဒီ၊ လှိုင်းလုံးချီ၍၊ ရာသီထိန၊

     သည်မသတွင်၊ ဇယတြိ၊ နေ့ရှိနာရီ၊

     မမှီညဉ့်ရောက်၊ နှစ်ဆယ့်ခြောက်တည်း"

ဟူ၍ စပ်ဆိုခဲ့၏။

မေတ္တာအခါတော်နေ့

ဝါခေါင်လပြည့်   မေတ္တာအခါတော်နေ့သည် မြတ်ဗုဒ္ဓ၏မေတ္တသုတ်တော် ဟောကြားခြင်းနှင့် ဆက်စပ်ပေသည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားနာယူ၍ တောအုပ်အတွင်း ပုရိမဝါဆိုတရားအားထုတ်ကြသည်။ ထိုအခါရဟန်းတို့၏ သီလကြောင့်သစ်ပင်ဗိမာန်မှ နတ်တို့ဆင်းပေးရလေရာ ရဟန်းတော်များ မနေနိုင်အောင် ခြောက်လှန့်ခြင်းကို ပြုလုပ်ကြသည်။ ထိုအခါရဟန်းတို့ တရားရှုမှတ်၍မရသဖြင့် ဝါခေါင်လပြည့်နေ့တွင် ကြုံတွေ့ရသော အခက်အခဲကို  မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက မေတ္တာကမ္မဋ္ဌာန်းကို မပွားများကြသည့်အတွက် နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း ဟောပြောပြီး မေတ္တာကမ္မဋ္ဌာန်းကို သင်ပြတော်မူသည်။

ထို့နောက်ရဟန်းငါးရာတို့သည် မူလတောအုပ်သို့  ပြန်လာကြပြီး ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့မှ စ၍ ဒုတိယဝါကပ်ကြပြီး  မြတ်စွာဘုရား သင်ပြတော်မူသည့်အတိုင်း   နတ်တို့နှင့်တကွ  အားလုံးသော သတ္တဝါ ဝေနေယျတို့အပေါ် မေတ္တာဖြန့်လျက် ပို့လွှတ်သောအခါ နတ်များကကြည်ညိုချစ်ခင်လာကြသည်။ နတ်အပေါင်းတို့ စောင့်ရှောက်မှုဖြင့် ဝါတွင်းကာလ၌ တရားအားထုတ်ကြရာ ရဟန်းငါးရာတို့သည် ရဟန္တာဖြစ်သွားကြသည်။ ရဟန်း ငါးရာတို့သည် ဝါခေါင်လပြည့်နေ့တွင်   မြတ်စွာဘုရားရှင်မှ မေတ္တသုတ်ဟောကြားတော်မူသည်ကို ရည်မှန်း၍ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ကြသည်။

မေတ္တသုတ်ဒေသနာတော်နှင့်   ရွတ်ဖတ်ခြင်း၏ အကျိုးကျေးဇူး

ဗုဒ္ဓဘုရားရှင်က မေတ္တသုတ်ဒေသနာတော်တွင် လူနတ်ဗြဟ္မာတို့ လိုက်နာရမည့်အချက် ၁၅ ချက်ကို ဟောကြားထားပါသည်။ ၎င်းတို့မှာ “မေတ္တာစိတ်ကို တစိုက်မတ်မတ် စွမ်းနိုင်အောင် ပွားများရပါမည်။ကိုယ်၊ နှုတ် နှစ်ပါးလုံး  ရိုးသားဖြောင့်မတ်ရာတွင် သာမန်မဟုတ်ဘဲ  အလွန်ကောင်းစွာ ဖြောင့်မတ်ရပါမည်။ ဆိုဆုံးမ လွယ်သူဖြစ်ပြီး စိတ်ထားမှာလည်း နူးညံ့သိမ်မွေ့ရပါမည်။ မိမိကိုယ်ကိုအထင်ကြီးခြင်း၊ သူတစ်ပါးကို အထင်သေး ခြင်းဆိုသည့် မာန်မာန မထားရပါ။ ရောင့်ရဲလွယ်တတ်ပြီး အသက်မွေးမှုပညာရှိရပါမည်။အမှုကိစ္စတို့ နည်းပါး သင့်ပြီး ပေါ့ပါးသော အသက်မွေးမှုရှိရပါမည်။ ငြိမ်သက်သော ဣန္ဒြေရှိပြီး ရင့်ကျက်တည်ငြိမ်သည့် ပညာဉာဏ် လည်းရှိရပါမည်။

ကိုယ်၊ နှုတ်၊ နှလုံးကြမ်းတမ်းခြင်း မရှိစေရ။ အမျိုးလေးပါးတို့တွင်   တပ်မက်မှုမရှိဘဲဒုစရိုက်တို့ကို အနည်းငယ် မျှမပြုကျင့်ရာ”တို့ ဖြစ်ကြပါသည်။

မေတ္တာပို့သူသည်    ချမ်းသာစွာအိပ်ပျော်ပြီး စိတ်ကြည်လင်စွာ အိပ်ရာမှ နိုးထရသည်။ မကောင်းသောအိပ်မက်များ မမြင်မက်ဘဲ လူအများ၏ ချစ်ခင်မှုကို ရစေ၏။ ပရလောကသားများနှင့် နတ်ဗြဟ္မာများက စောင့်ရှောက် ကြသည်။  မီးဘေး၊  အဆိပ်ဘေး၊ လက်နက်ဘေးတို့ မထိရောက်ပါ။ ကမ္မဋ္ဌာန်းတစ်ခုခုကို အာရုံပြုမည်ဆိုလျှင် သမာဓိရလွယ်၏။ မေတ္တာစိတ်ကြောင့်မျက်နှာမှာကြည်လင်နေပြီးသေဆုံးခါနီးအချိန်တွင် ချမ်းသာသုခဖြင့် သေဆုံး ရပါသည်။ ယခုဘဝတွင်   မဂ်ဖိုလ်မရနိုင်လျှင်သော်မျှ   မေတ္တာဈာန်ဖြင့် ဗြဟ္မာပြည်ကို ရောက်နိုင်ပါသည်။

မေတ္တာ

မေတ္တာဟူသည်မှာ ချစ်ခင်သောသဘော၊ သတ္တဝါအားလုံး၏ ကောင်းကျိုးချမ်းသာကို လိုလားသော စိတ်ဓာတ်များသက်ဝင်နေသည့် ချစ်ခြင်းသဘောဟု အဓိပ္ပာယ်ရသည်။ မေတ္တာဟူသည် အေးမြသော ဓာတ်လည်း ရှိသည်။ ရှေးလူကြီးများကသတ္တဝါအားလုံးအပေါ်တွင်မေတ္တာထားပါ၊မေတ္တာဖြင့်သာဆက်ဆံပါ၊၊   မေတ္တာရောင်ပြန်ဟူသည် သာယာချမ်းမြေ့သော ဘဝကိုပိုင်ဆိုင်စေသည်ဟု ဆိုဆုံးမလေ့ရှိသည်။  လူအချင်းချင်း ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ  စကားပြောဆိုရာ၌ လည်းကောင်း၊ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ၌ လည်းကောင်း မေတ္တာဟူသည့်   ချစ်ခြင်းသဘောကို အခြေခံကြရမည်ဖြစ်သည်။   လောကတွင် မေတ္တာတရားဖြင့် အသက်ရှင် နေထိုင်ခြင်းသည် လူသားအားလုံးအတွက် အေးမြလုံခြုံသောဘဝကိုသာ ပိုင်ဆိုင်ရရှိစေပါသည်။

မေတ္တာသည်ရေဓာတ်နှင့် တူညီပေသည်။ ရေသည်မိမိထက်မြင့်သော ကုန်းမြင့်များထက်သို့ တိုင်အောင် စိုစွတ်အေးမြစေသည်။ မေတ္တာဓာတ်များပြားလာလျှင်လည်း ထိုမေတ္တာများသည် ကုန်းမြင့်နှင့်တူသော မိမိ၏ ရန်ဘက်များကို ဖျန်းပက်သကဲ့သို့ အေးမြစေပါသည်။ မေတ္တာရေအလျဉ်သည်မိမိ၏ အကျိုးကိုမမျှော်ကိုးဘဲ စိမ့်စမ်းရေကဲ့သို့ တသွင်သွင်စီးဆင်းစေပါက မိမိသာမက သူတစ်ပါးကိုလည်း အေးမြစေပါသည်။

ဗုဒ္ဓဘာသာတွင် မေတ္တာတရားသည် အပြန်အလှန်ရှိကြရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ မိမိအပေါ်၌ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေမိမိဘက်မှ အကောင်းအဆိုးဟူ၍ခွဲခြားခံစားခြင်းမရှိဘဲ မိမိပေးနိုင်သည့် မေတ္တာတရားကိုသာ လူသတ္တဝါအားလုံးအပေါ်၌ဖြန့်ကြက် ပို့လွှတ်ထားရမည်ဖြစ်ပေသည်။

မေတ္တာအခါတော်နေ့ တရားတော်၌ မေတ္တာပို့ခြင်းကြောင့်  မိမိတို့မျက်စိဖြင့် မမြင်နိုင်သော ပုဂ္ဂိုလ်များ သည်ပင်လျှင်မေတ္တာတရား၏ အနှစ်သာရကို နှစ်သက်သည်ဟု ဖော်ပြထားသောကြောင့် မြင်အပ်သော လူအပါ အဝင်သတ္တဝါ အားလုံးတို့သည်လည်း မေတ္တာတရားကိုပို၍ နှစ်သက်ကြမည်မှာ အမှန်တရားပင် ဖြစ်သည်။  အေးမြသောအရိပ်၊ ငြိမ်းချမ်းသော ဘဝများကိုပိုင်ဆိုင်နိုင်ရန်အတွက်  လူသားတိုင်း မေတ္တာတရား များနှင့်သာ  ပေါင်းသင်းဆက်ဆံ၍ နေထိုင်ကြရမည်ဖြစ်သည်။

မိမိကိုယ်ကိုမေတ္တာပို့ပါ

မေတ္တာဟူသည်   လူသားတိုင်းနှင့် ဆိုင်သော မမြင်နိုင်သည့်  စိတ်စွမ်းအင်တစ်ခုပင်ဖြစ်သည်။

လူသားအားလုံးတို့သည်   မိမိကိုယ်ကိုမေတ္တာထားရန် လိုအပ်ပါသည်။   မိမိကိုယ်ကို မေတ္တာပို့သည်ဟူသော အဓိပ္ပာယ်မှာမိမိသာလျှင်  ကောင်းကျိုးရစေသည့် အတ္တဗဟိုပြုသည့်   တစ်ကိုယ်ကောင်းဆန်သော စိတ်ထားမျိုး ရှိရမည် မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် စိတ်ချမ်းသာမှုရရှိရန်အတွက်   သူတစ်ပါးအပေါ်တွင် မရိုးသားသော အပြုအမူ၊    အပြောအဆိုတို့ မပြုလုပ်မိစေရန် မိမိစိတ်အားပြုပြင် ထိန်းသိမ်းထားခြင်းပင်ဖြစ်သည်။ မိမိ၏ ကိုယ်စိတ်နှလုံး သုံးပါးလုံးကို အပြစ်တစ်စုံတစ်ရာ မဖြစ်အောင် ထိန်းချုပ်ထားသောကြောင့် လူသားတို့အပေါ် အလေးထားမှုဖြင့် မေတ္တာတရားကိုဖြန့်ကြက်ထားနိုင်ရန် ဖြစ်ပါသည်။

မိမိကိုယ်ပိုင်စိတ်စွမ်းအားသည် အေးချမ်းသည်နှင့် အမျှတစ်ပါးသူတို့အား ပေးဝေငှသော အကြောင်းအရာ ဟူသမျှတွင်လည်း မေတ္တာဓာတ်ဟူသော အေးချမ်းခြင်းတို့ သက်ဝင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ မိမိကိုယ်ကိုမေတ္တာပို့ခြင်းသည် မိမိသာမကတခြားသူတို့အားလည်း  မေတ္တာပို့လွှတ် အေးချမ်းခြင်းများ ရရှိစေ သည်ကိုလူသားတိုင်း သတိပြုဆင်ခြင်ကြရန် လိုအပ်ပါပေသည်။ ထို့ကြောင့်နေ့တစ်နေ့တာ၏ အစ၌ပင် မိမိကိုယ်ကိုမိမိ မေတ္တာပို့ခြင်းကို မမေ့မလျော့ဆောင်ရွက်သင့်ကြပေသည်။

မေတ္တာပို့ပါ

လူ့ဘောင်လောကတွင် လူသားတို့သည်တစ်ဦးတစ်ယောက်တည်း   ခွဲထွက်နေထိုင်ကြရသည် မဟုတ်ချေ။ လူ့အဖွဲ့အစည်း၊   လူ့ပတ်ဝန်းကျင်၊ မိသားစုစသည်ဖြင့်အုပ်စုဖွဲ့၍ ရောနှောနေထိုင်ကြရခြင်းဖြစ်သည်။ ထိုသို့နေထိုင်ကြရာ၌ စရိုက်မတူ၊အသွင်မတူ၊  ခံယူချက်၊  ယုံကြည်ချက် မတူညီကြသကဲ့သို့ ဘာသာဓလေ့ ထုံးတမ်းများလည်း မတူညီကြချေ။ သို့သော်လည်း လူသားဟူသောဖြစ်တည်မှုမှာ အတူတူပင်ဖြစ်ပေသည်။ လူသားဖြစ်တည်မှုတွင် လူသားတစ်ယောက်၏ အခွင့်အရေးရရှိမှုဟူသော လူ့အခွင့်အရေးသည် လည်း  ညီတူညီမျှခံစားခွင့်ရှိကြပေသည်။ ညီမျှသော လူ့အခွင့်အရေးရှိသည့် အလျောက်လူသား အချင်းချင်း မာန်မာနထောင်လွှားခြင်းမရှိဘဲ မေတ္တာတရားဖြင့် ဆက်ဆံပေါင်းသင်း နေထိုင်ကြရန်မှာလည်း  အရေးကြီးသော အချက်တစ်ချက်ပင်ဖြစ်ပေသည်။

မေတ္တာပို့ကြသည်ဆိုရာ၌ တစ်ပါးသူအားပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေရန် ပေးပို့ရခြင်းမဟုတ်ပေ။

မိမိအပေါ် မကောင်းသူအား မေတ္တာသာပို့လိုက်ပါဟု အလွယ်ပြောတတ်လေ့ရှိကြသည်။ သူတစ်ပါးအား ထိခိုက်စေလိုသော မေတ္တာပို့ခြင်းသည် မိမိကိုယ်တိုင် ဦးစွာပူလောင်ရတတ်ပါသည်။     မည်သို့သော အခြေအနေ အချိန်အခါ၌မဆို  သတ္တဝါအားလုံး၏ကောင်းကျိုးလိုရာကိုဖြစ်ပေါ်စေသည့် စိတ်ဆန္ဒဖြင့် မေတ္တာပေးပို့မှ သာလျှင်  မိမိကိုယ်တိုင်သာမက မေတ္တာပေးပို့ခံရသူတို့လည်း အေးမြခြင်းကို ခံစားကြရပေမည်။ မေတ္တာဟူသည် အအေးဓာတ်ဆောင်သောကြောင့် အမုန်းတရားကင်းဝေး၍ အေးချမ်းခြင်းကို လူသားတိုင်း စံစားရရှိလိုပါလျှင် မိမိနှင့်တကွ သတ္တဝါအားလုံးအပေါ်၌ မေတ္တာပို့သဖြန့်ကြက်ကြရပေမည်။

မေတ္တာဖြင့်လောကကိုအလှဆင်ပါ

လူ့လောကကြီးတစ်ခုလုံး  သာယာငြိမ်းချမ်းရန် အတွက်မေတ္တာအရင်းခံစိတ်သည် လူသားတိုင်းတွင် ကိန်းအောင်းတည်ရှိရန် လိုအပ်ပါသည်။ ကိုယ်ချင်းစာတရား ထားတတ်လျှင်မေတ္တာစိတ်သည် လူသားတို့၏ ရင်ထဲကိန်းအောင်းလာမည်ဖြစ်သည်။  မေတ္တာဓာတ်ကိန်းအောင်းသည်နှင့်အမျှ  မိမိကိုယ်တိုင် အေးချမ်းသကဲ့သို့  သူတစ်ပါးကိုလည်း အေးချမ်းမှုသာပေးအပ်ချင်လာပါလိမ့်မည်။ မေတ္တာတရားဖြင့်သာ ပေါင်းသင်းဆက်ဆံ၍ နေထိုင်ပါလျှင် ဤလောက၌ အမုန်းတရားရှိလိမ့်မည်မဟုတ်။ အမုန်းတရားကင်းစင်သောကြောင့် ရန်ငြိုးရန်စဟူသည်လည်း မရှိတော့ပေ။ သံသယဟူသောအတွေးမှား၊ အမြင်မှားတို့သည်လည်းအလျှင်းမရှိဘဲ  ငြိမ်းချမ်းနေပေလိမ့်မည်။

ထို့ကြောင့်အပြုံးလှလှ၊ နှလုံးလှလှဖြင့်အမုန်းစကား မဆိုဘဲမေတ္တာနှင့်လောကကို အလှဆင်ကြရပေမည်။ မေတ္တာပွားနေရုံမျှနှင့် မရောင့်ရဲဘဲ မိမိ၏စိတ်နှလုံးတွင်    မေတ္တာစိတ်ကို အစဉ်ကိန်းအောင်းနေရန် လေ့ကျင့်ကြိုးစားကြရပေမည်။ မေတ္တာနှလုံးသားဖြင့် လောကကို အလှဆင်ကြပါရန် သတိသံဝေဂတရားဖြင့် တိုက်တွန်းရေးသားလိုက်ရပေသည်။   ။

မိခင်နို့တိုက်ကျွေးခြင်းနှင့် အကျိုးဆက်များ
-

ယနေ့ခေတ်တွင် သိပ္ပံနှင့်နည်းပညာများ တိုးတက်ထွန်းကားလာသော်လည်း ထိုပညာများဖြင့် မဖန်တီးနိုင်သောအရာများရှိနေသည်။ ထိုအထဲတွင် မိခင်၏နို့ရည်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးသိပ္ပံပညာများ မည်မျှပင်တိုးတက်စေကာမူ ယင်းဆေးပညာများဖြင့် မိခင်နို့ရည်နှင့် အစွမ်းအာနိသင်တစ်ထပ်တည်းတူညီသော နို့ရည်ကို မဖန်တီးမထုတ်လုပ်နိုင်ပါ။ မိခင်၏နို့ရည်သည် မေတ္တာ၊ စေတနာ၊ ကရုဏာများဖြင့် ပေါင်းစပ် ထွက်ပေါ်လာသော မိခင်၏ နှလုံးသွေးအဖြူပင်ဖြစ်သည်။ သားသမီးငယ်တို့ သောက်သုံးရှင်သန် ကြီးထွားရန်အတွက် မိခင်၏ အနီရောင်နှလုံး သွေးရည်များသည် မိခင်၏ မေတ္တာတန်ခိုးကြောင့် ချိုမြိန်၍ အာဟာရပြည့်ဝသော အဖြူရောင်နို့ရည် ဖ

ယနေ့ခေတ်တွင် သိပ္ပံနှင့်နည်းပညာများ တိုးတက်ထွန်းကားလာသော်လည်း ထိုပညာများဖြင့် မဖန်တီးနိုင်သောအရာများရှိနေသည်။ ထိုအထဲတွင် မိခင်၏နို့ရည်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဆေးသိပ္ပံပညာများ မည်မျှပင်တိုးတက်စေကာမူ ယင်းဆေးပညာများဖြင့် မိခင်နို့ရည်နှင့် အစွမ်းအာနိသင်တစ်ထပ်တည်းတူညီသော နို့ရည်ကို မဖန်တီးမထုတ်လုပ်နိုင်ပါ။ မိခင်၏နို့ရည်သည် မေတ္တာ၊ စေတနာ၊ ကရုဏာများဖြင့် ပေါင်းစပ် ထွက်ပေါ်လာသော မိခင်၏ နှလုံးသွေးအဖြူပင်ဖြစ်သည်။ သားသမီးငယ်တို့ သောက်သုံးရှင်သန် ကြီးထွားရန်အတွက် မိခင်၏ အနီရောင်နှလုံး သွေးရည်များသည် မိခင်၏ မေတ္တာတန်ခိုးကြောင့် ချိုမြိန်၍ အာဟာရပြည့်ဝသော အဖြူရောင်နို့ရည် ဖြစ်သွားရပါသည်။

မွေးကင်းစမှ ကလေးအသက်နှစ်နှစ်၊ သုံးနှစ်အထိ တိုက်ကျွေးသင့်

အချို့သောသူများတွင် ကလေးငယ်ကို မိခင်နို့ချိုတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ မှားယွင်းသော အတွေးအခေါ်အယူအဆများ၊ လုပ်ရပ်အမှားများ ရှိနေပါသည်။ မွေးကင်းစကလေးငယ်ကို မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် လုံလောက်သောအာဟာရ မရရှိနိုင်ဟူသော အယူအဆဖြစ်သည်။ စနစ်ဟောင်းခေတ်ဟောင်းမှ အရိုးစွဲပါလာသော အယူအဆမှားများဖြစ်သည်။ အမှန်စင်စစ်ကလေးငယ်မွေးစမှ ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးရုံဖြင့် လိုအပ်သော အာဟာရဓာတ်ကို ရရှိသည်။ ကလေးငယ်အသက်ခြောက်လကျော်မှသာ အခြားသင့်တော်သော ဖြည့်စွက်စာများ တွဲဖက်ကျွေးနိုင်သည်။ သို့သော်လည်း မိခင်နို့ရည်ကို ဆက်လက်တိုက်ကျွေးပေးနေရမည်ဖြစ်သည်။ မိခင်နို့တိုက်ကျွေးရာတွင် မွေးကင်းစမှ ကလေးအသက်နှစ်နှစ်၊ သုံးနှစ်အထိ တိုက်ကျွေးသင့်သည်ဟု ပညာရှင်များက ဆိုပါသည်။ ကလေးအသက်နှစ်နှစ်၊ သုံးနှစ်အရွယ်သည် ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်သည့် အရွယ်ဖြစ်၍ မိခင်နို့ရည်သည် ကလေးငယ်အတွက် များစွာအထောက်အကူဖြစ်သည်။ 

မိခင်နို့ရည်တွင် အာဟာရဓာတ်များနှင့်အတူ ရေဓာတ်လည်း ၈၇ ရာခိုင်နှုန်းပါဝင်သည်။ ထို့ကြောင့် ကလေးငယ်အတွက် အာဟာရဓာတ်သာမက ရေဓာတ်ကိုပါ ဖြည့်ဆည်းပေးနိုင်သည်။ ပူပြင်းသော နွေရာသီ၌ပင်လျှင် ကလေးငယ်ရေမငတ်နိုင်ပေ။ ထို့အပြင် မွေးကင်းစကလေးငယ်များ အသက်ရှင်သန်စေလိုလျှင် မိခင်နို့ရည်ကို တိုက်ဖြစ်အောင် တိုက်ကျွေးရန် လိုအပ်ပါသည်ဟု ဆေးပညာရှင်များက သုတေသနပြုလုပ်ချက်သက်သေများဖြင့် တိုက်တွန်းပြောကြားခဲ့ပေသည်။ ကလေးငယ်ကို မွေးပြီးပြီးချင်း အချိန်တစ်နာရီအတွင်း မိခင်၏ နို့ဦးရည်ကို တိုက်ကျွေးခြင်းသည် မွေးကင်းစကလေးငယ်များ သေဆုံးမှုနှုန်းကို သိသာစွာ လျော့ကျစေသည်ဟု ဆိုပါသည်။ မိခင်နို့ရည်ကို ကလေးငယ်အား တိုက်ကျွေးခြင်းဖြင့် ကလေးငယ်အတွက် ကောင်းမွန်သောစိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များ ရရှိစေနိုင်သည်။ မိခင်က ကလေးငယ်ကို ရင်ခွင်တွင် ယုယပိုက်ထွေးလျက် နို့ချိုတိုက်ကျွေးစဉ်မိမိ၏ရင်သွေးကို တစိမ့်စိမ့်ရှုကြည့်ကာ နှလုံးသားမှ အကြင်နာမေတ္တာဓာတ်များ တဖွားဖွားပေါ်ပေါက်နေမည်ဖြစ်သည်။ ထို့အတူ ကလေးငယ်ကလည်း မိခင်၏ မေတ္တာကရုဏာကို အကြွင်းမဲ့နားမလည်သည့်တိုင် မိခင်အပေါ် ချစ်ခင်အားကိုးမှုဖြင့် မေတ္တာသံယောဇဉ်တို့ ပြန်လည်ရစ်ပတ် နှောင်တွယ်နေလိမ့်မည်ဖြစ်သည်။

မိခင်နို့ရည်သည် ကလေးငယ်ကို အာဟာရပေးရုံသာမက ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဆိုင်ရာရောဂါများနှင့် အခြားရောဂါများကို တားဆီးကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိထူးများရှိသည်။ ကလေးငယ်၏ သွေးသားထဲတွင် မိခင်၏ နို့ရည်အာဟာရများ စီးဝင်လှည့်ပတ်နေပြီဆိုလျှင် ကလေးငယ်၏ ဘဝတစ်ခုလုံး မဟာတံတိုင်းကြီးကာရံထားသကဲ့သို့ လုံခြုံအေးချမ်းနေပေသည်။ ထို့ကြောင့် ကလေးငယ်သည်အားငယ်ကြောက်ရွံ့မှုများ ကင်းဝေးကာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝ ရှိနေပါသည်။

မိခင်နို့ရည်တွင် ဤသို့သော အာနိသင်ထူးများ ရှိနေသော်လည်း ယခုအခါ ကမ္ဘာပေါ်တွင် အချို့မိခင်များသည် ကျန်းမာရေးကိစ္စ၊ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတို့ကို ရှေ့တန်းတင်ကာ မိမိတို့၏ ကလေးငယ်များကို နို့ချိုတိုက်ကျွေးရန် ဝန်လေးနေကြသည်။ မည်သို့ပင်ဖြစ်စေ မိခင်၏ကျန်းမာရေးအခြေအနေကြောင့် နို့မထွက်မှသာ အခြားနည်းလမ်းကို စဉ်းစားသင့်သည်။ သို့ရာတွင် မိခင်အများစုသည် မိမိ၏ရင်သွေးကို နို့ချိုတိုက်ကျွေးလိုသည့် မေတ္တာစေတနာဖြင့်ပင် အခက်အခဲအားလုံးကို ကျော်လွှားနိုင်ကြသည်ပင်ဖြစ်သည်။

မိခင်နို့မစို့ရသောကလေးတို့၏ စိတ်ဓာတ်နှင့် အမူအကျင့်

နို့ချိုမတိုက်ကျွေးဘဲ အခြားအာဟာရများဖြင့် အစားထိုးဖြေရှင်းခြင်း၏ အကျိုးဆက်အဖြစ် မွေးကင်းစကလေးများ သေနှုန်းမြင့်မားလာကြောင်း တွေ့ရသည်။ နို့ချိုတိုက်ကျွေးခြင်းမခံရသော ကလေးများသည် မသေပျောက်လျှင်လည်း ရောဂါအမျိုးမျိုး ထူပြော၍ ကြီးထွားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့ကို ထိခိုက်စေလေသည်။ ထို့အပြင် နောက်ထပ်ဆိုးရွားသည့် ပြဿနာတစ်ရပ်မှာ မိခင်နို့မစို့ရသောကလေးတို့၏ စိတ်ဓာတ်နှင့် အမူအကျင့်တို့သည် ခက်ထန်ရိုင်းစိုင်းနေတတ်ခြင်းပင်ဖြစ်သည်။ လူမှုဗေဒပညာရှင်များသည် အချိန်ကာလအစောပိုင်းကပင် ယင်းပြဿနာကို ကောင်းစွာသတိပြုမိခဲ့ကြသည်။ သားသမီးတို့က မိဘတို့အပေါ် တစ်စတစ်စအရိုအသေတန်လာကြခြင်းမှာ ငယ်စဉ်က မိခင်နို့ရည်ကို မသောက်သုံးခဲ့ရခြင်းကြောင့်ဟု သုံးသပ်ခဲ့ကြသည်။ ထို့ကြောင့် ကလေးငယ်ကို မိခင်နို့တိုက်ကျွေး မှုပျက်ယွင်းခဲ့ခြင်းသည် သားသမီးနှင့် မိဘအကြား ခိုင်မြဲမည့် မေတ္တာနှောင်ဖွဲ့မှုကို ပျက်ပြားစေပြီး မေတ္တာကရုဏာခေါင်းပါးသည့် လူ့အဖွဲ့အစည်းဆီသို့ ဦးတည်နေမည်ဖြစ်သည်။ 

မိခင်နို့ အောင်မြင်စွာ တိုက်ကျွေးရေးအဆင့် ၁၀ ဆင့်

ကျန်းမာရေးဝန်ကြီးဌာနသည် မိခင်နို့ တိုက်ကျွေးရေးဆိုင်ရာ မူဝါဒများချမှတ်၍ မိခင်နို့ အောင်မြင်စွာတိုက်ကျွေးရေးအဆင့် ၁၀ ဆင့်ကို မြှင့်တင်ပေးခဲ့သည်။ မိခင်နို့တိုက်ကျွေးရေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများ အောင်မြင်စေရန် မိခင်လောင်းများကို သင်တန်းအမျိုးမျိုး ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ ကိုယ်ဝန်ဆောင်မိခင်များ အသိပညာဗဟုသုတပြည့်ဝစေရန် စဉ်ဆက်မပြတ် လမ်းညွှန်ပေးလျက် မိခင်နို့စနစ်တကျတိုက်ကျွေးနိုင်ရေးအတွက် မိခင်နို့တိုက်ကျွေးရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းလှုပ်ရှားစေလျက်ရှိသည်။

ပြင်သစ်စစ်ဘုရင်ကြီး နပိုလီယံက “ကလေးငယ် တစ်ယောက်၏ အနာဂတ်ပန်းတိုင်သည် မိခင်တစ်ယောက်၏ ဗိသုကာလက်ရာဖြစ်၏။”ဟု ဆိုခဲ့သည်။ ထို့ကြောင့် မိခင်တို့သည် မည်မျှကြီးလေးသော တာဝန်ဝတ္တရားများကို များပြားစွာ ထမ်းဆောင်နေရပါစေ၊ မိမိတို့၏ ကလေးငယ်များကို အခက်အခဲများကြားမှပင် အချိန်ပေးကာ မေတ္တာ၊ ကရုဏာအပြည့်ဖြင့် နို့ချိုတိုက်ကျွေးသင့်ကြပါသည်။ သို့ဆိုလျှင် အာဟာရပြည့်ဝသော မေတ္တာကရုဏာ အပြည့်အဝရရှိသော ရင်သွေးငယ်များအဖြစ် မွေးဖွားကြီးပြင်းလာ၍ စွမ်းရည်ထက်မြက်မြင့်မားသည့် လူတော်လူကောင်းကလေးများ ဖြစ်လာကြပြီး မိခင်၏ ပုခက်လွှဲသောလက်သည် ကမ္ဘာကို စိုးမိုးနိုင်သည် ဆိုသည်မှာလည်း အမှန်ပင်ဖြစ်နေပေလိမ့်မည်။ ။

Source-Myawady Webportal

ညွန့်ဝင်း (နတ်တလင်း)

ဒစ်ဂျစ်တယ်အရွေ့နှင့် ယနေ့လူငယ်  (၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဂုဏ်ပြုဆောင်းပါး)
-

"သင်ယူမှု ရပ်တန့်လိုက်တဲ့ အချိန်ဟာ

   အောင်မြင်မှု ကျဆုံးသွားချိန်ပဲ''

   ဘရမ်စတုတ်ကာ

   (အိုင်ယာလန်နိုင်ငံသားစာရေးဆရာ)

လူ့ဘဝ၌ မွေးဖွားလာသည်မှ သေဆုံးသည်ထိ သင်ယူခြင်း၊ သင်ကြားခြင်းအပြင် အစဉ်လေ့လာခြင်း ပြုနေကြရပေသည်။  သို့မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ အောင်မြင်သော အနာဂတ်ဘဝ ရရှိနိုင်ကြမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်   သြဂုတ်လ ၁၂  ရက်နေ့သည် ''အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့'' ''International Youth Day''ဖြစ်သည်။

 "စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး''"From Clicks To Progress:  Youth Digital Pathways For Sustainable Development ''အဆိုပါဆောင်ပုဒ်ကို လူငယ်ထုအတွက် ချမှတ်ပေးထားပြီးဖြစ်ရာ ကောင်းမွန်စွာ ဆောင်ရွက်သွားကြရပေမည်။

နိုင်ငံတစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်စေရန်၊ ထိုနိုင်ငံအတွင်း  မှီတင်းနေထိုင်ကြသော လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံး၏ အလုပ်လုပ်ကိုင်မှုစွမ်းရည်၊  အသိဉာဏ်ပညာစွမ်းရည် အစရှိသော အရာများလိုအပ်ပေ၏။   ထို့အတူ   ကာယဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဉာဏဗလ၊ ဘောဂဗလ ဟူသည့်ဗလငါးတန်ပြည့်စုံသော လူငယ်မောင်မယ်များ၏ စွမ်းရည်သတ္တိရှိရန် အထူးလိုအပ်ပေသည်။ လူငယ်ဆိုသည်မှာ  ရဲဝံ့စွန့်စား၊  သင်ယူလေ့လာလိုစိတ်ပြင်းပြသူများဖြစ်ကြပေရာ   ယခုလို  IT နည်းပညာခေတ်၊ AI နည်းပညာခေတ်၌ ဒစ်ဂျစ်တယ် ရေစီးကြောင်းကို အမီလိုက်ပါနိုင်သူများလည်း ဖြစ်ကြပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုအဆင့်အတန်းနှင့်   လူနေမှုအဆင့်အတန်း မည်သို့ရှိသည်ကိုသိရန်၊ ထိုနိုင်ငံသူ၊ နိုင်ငံသားတို့ မည်သို့သော   စာပေအမျိုးအစား ဖတ်ကြသလဲ၊လူဦးရေ မည်မျှစာဖတ်ကြသလဲ  စသည်ကို ဆန်းစစ်ကြည့်ခြင်းဖြင့် သိနိုင်ကြပေမည်။ စာဖတ်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် အရေးကြီးသည်ကို ယနေ့လူငယ်များ အသိပင်ဖြစ်သည်။  ထို့အတွက် စာမတတ်သူပပျောက်ရေး အစီအစဉ်ကို နိုင်ငံတော်မှ ဆောင်ရွက်ပေးနေပေ၏။လူငယ်ထုပါဝင်ဆောင်ရွက် နေသော  စာမတတ်သူ စာတတ်ရေး၊ စာတတ်သူ စာဖတ်ရေး၊ စာဖတ်သူများ  စာဖတ်စွမ်းရည်နှင့် စာဖတ်ရှိန်မြင့်မားရေး တို့ကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်သိရှိ၊  ဖတ်ရှုနေကြရပေသည်။ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊   ဒီဂရီကောလိပ်များနှင့် အတူ သူနာပြု၊ သားဖွားသင်တန်းကျောင်းများ၌ ယနေ့လူငယ်အများ ကိုယ်တိုင်ပါဝင်သည့် စာကြည့်တိုက်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေး ပွဲတော်များကို ကျင်းပလျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့အထိမ်းအမှတ်   စာစီစာကုံးရေးသားခြင်းပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲများ  ကျင်းပပေးလျက်ရှိပေသည်။

ယနေ့ဒစ်ဂျစ်တယ် နည်းပညာခေတ်၌  လူကြီးများထက်ပိုမို၍ နည်းပညာကျွမ်းကျင်မှု ရှိသည်မှာ လူငယ် မျိုးဆက်သစ်များပင်ဖြစ်၏။    ခေတ်မီ အီလက်ထရွန်နစ်ပစ္စည်းများ သုံးစွဲမှု၌  အရေးပါသော လက်တော့/ ကွန်ပျူတာ၊ တက်ဘလက်ဖုန်း၊ စမတ်ဖုန်းအစရှိသည် တို့ကိုအသုံးပြု၍ လူငယ်ထုသည် ကမ္ဘာနှင့်အဝှမ်း ချိတ်ဆက်ကာ အလုပ်လုပ်ကိုင်နေကြပြီဖြစ်သည်။ Facebook၊ You Tube၊  Telegram ၊ Instagram၊ TikTok၊  Whats app  အစရှိသည့်လူမှုကွန်ရက် ပလက်ဖောင်းများကို အကျိုးရှိစွာ အသုံးချခြင်း၊ မိမိလေ့လာလိုသည့် websiteများဝင်ရောက်သင်ယူလေ့လာနိုင်ခြင်းဖြင့်ကမ္ဘာ့စာပေများစွာကိုဖတ်ရှုနိုင်လာကြပြီဖြစ်ပေရာ  နည်းပညာဖွံ့ဖြိုးတိုးတက်မှုကိုအမီမလိုက်နိုင်ပါကကမ္ဘာကြီးတွင်ခေတ်နောက်ကျ ကျန်ခဲ့နိုင်ပေသည်။    သို့ဖြစ်၍ ထိုနည်း ပညာကို သင်ကြား၊ သင်ယူတတ်မြောက်လွယ်သော ယနေ့လူငယ်ထုအား နိုင်ငံမှ အလေးထားကြ သင့်သည် ဖြစ်ပေ၏။  ယခုစာရေးသူကိုယ်တိုင် အချို့သော စာပေပြိုင်ပွဲများ၌ နည်းပညာ တတ်ကျွမ်းမှုအားနည်း၍ စာမူကို Pdf fileမဖွဲ့တတ်ခြင်း၊ဗီဒီယိုအတိုပြိုင်ပွဲများ၌ digital creationမပြုလုပ်တတ်ခြင်း တို့ကြောင့်   ဝင်ရောက်ယှဉ်ပြိုင်ခွင့်  အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရဖူးပေသည်။    ထို့ကြောင့် လူငယ်မောင်မယ်အများစုသည် ခေတ်တွင် အရေးပါလာသည့် ဒစ်ဂျစ်တယ်ရေစီးကြောင်းကို  အမီ လိုက်ပါပြီး  Digital Marketing၊   Digital Business အစရှိသည်တို့ကို ပိုမို၍ဖွံ့ဖြိုးတိုးတက်ရေး အတွက်   တစ်ထောင့်တစ်နေရာမှ  ပါဝင်ကူညီဆောင်ရွက်ရင်း မိမိနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းဆောင် သွားသင့်ကြပေသည်။

ယနေ့ခေတ်    စာဖတ်သူလူငယ်အများစုမှာ နည်းပညာကျွမ်းကျင်သူများပါက အွန်လိုင်းမှဖတ်ရှု လေ့လာနိုင်ခြင်း၊ စာအုပ်စာစောင်များ ဝယ်ယူဖတ်ရှုနိုင်ခြင်း  သို့တည်းမဟုတ် စာကြည့်တိုက်များသို့သွား၍ ငှားရမ်းဖတ်ရှုနိုင်ခြင်း ပြုလုပ်နိုင်သည့် အခွင့်အရေးကောင်း များစွာရှိနေပေသည်။ စာရေးဝါသနာ ပါသူများသည်လည်း E-mail၊ G-mail တို့ဖြင့် စာမူများပေးပို့နိုင်ကာ   တရားဝင်ဆောင်ရွက်နေသည့် Digital Books၊ E Books၊ Digital Magazines တို့တွင် ပါဝင်ရေးသားနိုင်၊ ဖတ်ရှုလေ့လာ နိုင်လာကြပြီဖြစ်ပေသည်။  ထိုထိုသော နည်းပညာခေတ်၏ အသီးအပွင့်များ ရေရှည်စားသုံးနိုင်စေရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ ယနေ့လူငယ်အများ၏ အခန်းကဏ္ဍကို  အလေးထားကြရမည်ဖြစ်၏။   ယခုနှစ်  အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဆောင်ပုဒ်ဖြစ်သော    ''စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး   လူငယ်များရဲ့ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး''ဆိုသည့်အတိုင်း ဆက်လက်အားပေးချီးမြှင့်ကာ  ဆောင်ရွက်ကြရမည်မှာ အမှန်ပင်ဖြစ်သည်။ လူငယ်ထု၏ကြားတွင် ရေပန်းစားနေသော ကလစ်တစ်ချက်ခေါက်လိုက်ရုံနဲ့ ကမ္ဘာကြီးထဲ ရောက်နိုင်တယ်ဆိုသကဲ့သို့  ယခုနှစ် ဆောင်ပုဒ်တွင်လည်း ''From Clicks To Progress:  Youth   Digital   Pathways    For Sustainable Development''ဟူ၍    ဖော်ပြရေးသားထားပေရာ အလွန်ပင်မှန်ပေသည်ဟု ဆိုရမည်ဖြစ်၏။ မျိုးဆက်သစ် လူငယ်မောင်မယ်များ   ဖော်ဆောင်နိုင်မည့် ဒစ်ဂျစ်တယ်လမ်းများအား လျှောက်လှမ်းစေကာ နိုင်ငံအတွက်၊ လူမျိုးအတွက် အကျိုးရလဒ်ကောင်းများ ရရှိစေရေး ဝိုင်းဝန်းကူညီ ဖေးမပေးသွားကြရမည် ဖြစ်ပေသည်။

အသက်အရွယ်ကြီးသူများအနေဖြင့် စာအုပ်၊ စာစောင်ကိုင်ပြီး ဖတ်ရှုမှသာ  စာဖတ်ရပိုအဆင်ပြေပေရာ မြို့ရွာအနှံ့တည်ရှိသော စာကြည့်တိုက်များမှာ သွားရောက်ငှားရမ်းဖတ်ရှုနိုင်ကြပေပြီ။   လူငယ်အများစုမှာမူကား ဆိုင်ထိုင်၍သော် လည်းကောင်း၊ မိမိနေအိမ်မှသော်လည်းကောင်း    စမတ်ဖုန်း၊ ကွန်ပျူတာတို့မှ အင်တာနက်ချိတ် ဆက်ဖတ်ရှုနိုင်နေပြီဖြစ်၏။ ဤသည်မှာ လူကြီး၊ လူငယ်များ ကွာဟချက်၏ အရေးပါသော ဒစ်ဂျစ်တယ် အရွေ့ ကြောင့်ပင်ဖြစ်ရပေသည်။ သို့ဆိုပါလျှင် ကျဉ်းမြောင်းသော ကွာဟမှု မဖြစ်စေရေး၊  လူကြီးတို့၏  အတွေ့အကြုံ ဗဟုသုတများနှင့် မြန်မာလူငယ်များ၏ နည်းပညာကျွမ်းကျင်မှုကို ပေါင်းစပ်ကာ  တိုင်းပြည်အတွက် ကောင်းကျိုးဆောင်နိုင်ကြပါမူ   ပိုမို၍သင့်တော်သည်ဟု   ထင်မြင်ယူဆမိပါသည်။   နည်းပညာကျွမ်းကျင်သူများမှ အစဉ်မျှဝေခြင်းဖြင့်   စာပေဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပံ့ပိုး ကူညီ စွမ်းဆောင် ပေးရင်း    နိုင်ငံတကာ၌ မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုကို ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခု ရယူဆောင်ကြဉ်း ပေးနိုင်ကြပါစေ။ အမိမြန်မာနိုင်ငံ၏ ကောင်းသောအောင်မြင်မှုများကို ကမ္ဘာမှသိရှိစေရန် လူငယ်ထု၏ စွမ်း‌ဆောင် မှုဖြင့် ပုံဖော်ပြသပေးနိုင်ကြပါမူ ပို၍နည်းပညာကွန်ရက်တည်ဆောက်ခြင်း အထောက်အကူ ဖြစ်ပေ ရာ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ခြင်းမည်ပေသည်။

အခါအခွင့်သင့်တုန်းမှာ  လူငယ်စာရေးဆရာ သဟာဆွေလှိုင်း၏ ''Create good days ကောင်းမွန်သော နေ့ရက်များကို ဖန်တီးလိုက်ပါ'' စာအုပ်လေးထဲမှ ဒီစာစုလေးကို လူငယ်များအတွက် မျှဝေပေးလိုက်ပါရစေ။

"ဘဝမှာ လေ့လာရင်း၊  သင်ယူရင်း၊ ဝေမျှရင်း ကောင်းမွန်သစ်လွင်တဲ့နေ့တွေ  အများကြီးဖန်တီးကြည့်ပါ။ ကျေနပ် စရာကောင်းပြီး  စိတ်ကြည်နူးစရာတွေ ပြည့်နှက်နေတဲ့နေ့ရက်များစွာ ပိုင်ဆိုင်ရပါလိမ့်မယ်။''

ဒစ်ဂျစ်တယ်ဆိုတာ Binary Code နည်းပညာတွေကို အသုံးပြုပြီး မိမိတို့လိုလားသော၊ လိုအပ်သော အချက် အလက်တွေကို အချိန်၊  ရုပ်ပုံ၊ အသံ၊ စာဖိုင်များ၊ ဗီဒီယိုများ အစရှိသဖြင့် သိမ်းဆည်းနိုင်ခြင်း၊ ပြောင်းလဲနိုင်ခြင်း၊ ပို့ဆောင်ပေးနိုင်ခြင်းတို့ဖြစ်သည်။ ယနေ့လူငယ်များအနေဖြင့်လည်း ဒစ်ဂျစ်တယ်နည်းပညာကို အကျွမ်း တဝင်ဖြစ်အောင်လေ့လာဆည်းပူးကာ ကမ္ဘာလောကစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှုပြုနိုင်ကြပါစေကြောင်း  ဆန္ဒပြုရင်း''အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့'' ကို  ဂုဏ်ပြုလိုက်ရပါသည်။   ။

Source- Myawady Webportal

Article
-

အညာဒေသ၏ အထင်ကရ အပင်များတွင် တစ်မျိုးအပါအ၀င်ဖြစ်သည့် ထနောင်းပင်၏ အင်္ဂလိပ်အမည်မှာ Acacia Soma ဟု ခေါ်ဆိုကြသကဲ့သို့ white-bark acacia ဟုလည်း ခေါ်ဆိုကြ၏။ ယင်း၏ ရုက္ခဗေဒအမည်မှာ Vachellia leucophloea ဟု ခေါ်ဆိုသကဲ့သို့  Acacia leucophloea ဟုခေါ်ဆိုကာ မျိုးရင်း     Fabaceae တွင် ပါ၀င် ၏။  ထနောင်းပင်ကို တောင်အာရှနှင့် အ‌ရှေ့တောင် အာရှနိုင်ငံများ အထူးအားဖြင့် အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ နီပေါလ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တွေ့ရှိရ၏။

ထနောင်းပင်သည် အပူပိုင်းဒေသတွင် သဘာဝအလျှောက် ပေါက် ရောက် တတ်သည့် ရွက်ကြွေ အပင်ကြီးမျိုးဖြစ်ပြီး အပင်၏ ကိုင်းအခက် အလက်များတွင် ဆူးများပါဝင်၏။ ထနောင်းပင်၏ ဝေဖြာစွာထွက်လာသည့် ကိုင်းအခက် အလက်များကြောင့် ပူပြင်းသည့် နွေလရာသီတွင် အေးမြသည့် အရိပ်အာဝါသကို ပေးစွမ်းနိုင်သည့်အတွက် နွေမှာ ထနောင်း၊ ဆောင်းမှာမန်ကျည်း၊ မိုးမှာဇရပ် ဟုပင် တင်စားခေါ်ဆိုခဲ့ကြ ၏။ နွေဦးရောက်လျှင် ရိုးတံကျဲနှင့် ပင်အိုတို့ အလှခြင်း ပြိုင်ကြသည့်အချိန်တွင် ထနောင်းပင်ကမူ ရွက်နုများစိမ်းစိုဝေဖြာနေတတ်သည့် အတွက် မြင်ရသူ ရင်ကို အေးမြစေနိုင်၏။ အဝါရောင် အောက်ခံထားပြီး အညိုအနက်ကွက်များ ရောယှက်နေသည့် ထနောင်းပင်စည်၏ အလှ၊ အပင်၏ အကိုင်းအလက်များတွင်လည်း ရွက်နုစိမ်းနှင့် ပင်ထိပ်ဖျားတွင် ဝေဆာနေသည့် နို့နှစ်ရောင်မှသည် ဝါနုသွေးရောင်လွှမ်းသည့် ပန်းဖူးတို့၏ အလှကိုပါ ထပ်လောင်းဖြည့်စွက်လိုက်သည့်အခါ ကဗျာ ဆန်သော ထနောင်းပင်၏အလှမှာ နွေ၏ပန်းချီကို အသက်ဝင်စေပြန် ၏။ သီးတောင့်များမှာ ပြားပြီးရှည်သော အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင်ရှိကြ၏။အစေ့များမှာ ပြောင်ချောပြီး အညို‌နက်ရောင်ခပ်ရှည်ရှည်ပုံစံရှိ၏။  

ထနောင်းစေ့တွင် သဘာဝ ပရိုတင်းဓာတ် ၂၇ ရာခိုင်နှုန်းပါဝင်၏။ ထို့အပြင် သဘာဝအဆီ ၅ ရာခိုင် နှုန်း၊ သဘာဝအမျှင်ဓာတ် ၇ ရာခို င်နှုန်း၊ ပြာဓာတ် ၄ ရာခိုင်နှုန်းနှင့် ကာဘိုဟိုက်ဒရိတ် ၅၈ ရာခိုင်နှုန်းပါဝင်၏။ ထို့အပြင် သတ္တုဓာတ်များအနေဖြင့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်တို့ပါဝင်၏။ အာဟာရဓာတ် ကြွယ်ဝစွာပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာဖြစ်၏။

ထနောင်းရွက်ကို စားသုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာရှိ တစ်သျူးများရောင် ရမ်းနာကျင်ခြင်းကို သက်သာစေနိုင်စွမ်းရှိ၏။ သွေးတွင်းရှိ သကြားဓာတ်ကိုလည်း လျော့နည်းစေနိုင်၏။  အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်စင်စေ၏။

ထနောင်းရွက်နုဖူးကို သုပ်စားခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းကို သက်သာစေနိုင်သကဲ့သို့ ကိုယ်တွင်း အပူကိုငြိမ်းစေ၏။

သွားဖုံးအတွင်း သွေးယိုစီးခြင်းဝေဒနာခံစားရပါက ထနောင်းခေါက်ကို သုံးခွက်တစ်ခွက်တင်ပြုတ်ပြီး ရရှိလာသည့် အရည်ကို တစ်နေ့လျှင် ၃ ကြိမ်ငုံပေးခြင်းဖြင့် သက်သာစေနိုင်၏။

ထနောင်းရွက်နုနုကလေးများကိုခူး၍ သန့်စင်အောင် ရေဆေးပြီး စစ်ထားပါ။ ပြီးလျှင် ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် ၃ မိနစ်ခန့် ပြုတ်ပြီးလျှင် အရွက်လေးများကို ရေအေးနှင့် ပြန်ဆေးပါ။ ပြီးလျှင် ရေကုန်အောင်ညှစ်ပြီး  ငှက်ပျော ဖက်/အင်ဖက်တို့ဖြင့် ထုပ်ပိုးသိမ်း ဆည်းထားနိုင်၏။ ထနောင်းရွက်နုဖူးပြုတ်ကို အညာ‌ဒေသထွက် စား သောက်ကုန် ရောင်းချသူများထံမှ တစ်ဆင့်  ဝယ်ယူစားသုံးနိုင်၏။

ထနောင်းရွက်နုဖူးပြုတ်များကို ငါးပိရည်ကျိုဖျော်၊ ခရမ်းချဥ်သီးချက်၊ ငရုတ်သီးစိမ်းချက်၊ ငါးပိချက် စသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။

ထနောင်းရွက်နုဖူးပြုတ်များကို ဓားဖြင့် ပါးပါးလှီးပေးပါ။   ပြီးလျှင် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်း ငယ်၊ ပုစွန်‌‌ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆန်ထောင်း၊ ကြက်သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် ရာသီစာ ထနောင်းဖူးသုပ်လေး ရပါပြီ။ ကြက်သွန်ဖြူလေးကိုက်၊ ငရုတ် သီးစိမ်းလေးကိုက်ကာ အဖန်ရည်ပူပူလေးနှင့်တွဲဖက်ကာ နေ့လည်ခင်း နေပူသည့်အချိန် ထနောင်းပင်အောက် အေးရိပ်ခိုကာ သုံးဆောင်နိုင်၏။ ရာသီစာလည်းဖြစ် ဆေးဖက်လည်းဝင်၊ အာဟာရတန်ဖိုးလည်း မြင့်မားလှသည့်အတွက် မိသားစုထမင်းဝိုင်းအတွက် နှုတ်မြိန်စာ ဟင်းတစ်မယ်တိုးစေ၏။

ထနောင်းစေ့ပင်ပေါက်လေးများကိုလည်း ထနောင်းရွက်နုဖူးကဲ့သို့ပင် သုပ်စားနိုင်၏။ ကြော်ချက်ပြုလုပ်ပြီးလည်း စားသုံးနိုင်၏။

ထနောင်းရွက်မှ အနက်ရောင်ဆိုးဆေးကို ထုတ်ယူရရှိနိုင်၏။  ထနောင်းခေါက်မှ အရည်အသွေးမြင့်သော တယ်နင်များပါဝင်၏။ အခေါက်အတွင်းဘက်မှ သန်မာပြီး ကြမ်းတမ်းသော အမျှင်များ ထုတ်ယူနိုင်ပြီး ငါးဖမ်းပိုက်နှင့် ကြံ့ခိုင်သောကြိုးများပြုလုပ်ကြ၏။

မြေဆီလွှာညံ့ဖျင်းပြီး မိုးရေချိန်ရရှိမှုနည်းပါးသည့် ဒေသများတွင်ပါ ရှင်သန်ဖြစ်ထွန်းလွယ်သည့် ထနောင်းပင်ကို သစ်တောများပြန် လည်ထိန်းသိမ်းခြင်းအတွက် ရည် ရွယ်ကာ  စိုက်ပျိုးကြ၏။ လယ်ယာသစ်တောစိုက်ပျိုးခြင်းတွင်ထနောင်း ပင်ကို မီးတားအပင်အဖြစ် စိုက်ပျိုးကြ၏။ ထနောင်းပင်စည်မှ ထွက်ရှိသည့်ကော်ကို ဆေးဝါးအဖြစ် အသုံး ပြုကြ၏။

ထနောင်းပင်စည်မှရရှိသည့် သစ်သားမှ စက္ကူထုတ်လုပ်နိုင်၏။ ပင်စည်အတွင်းသားသည် အုတ်နီခဲရောင်ဖြစ်ပြီးအိမ်တွင်းသုံးအိမ် ထောင်ပရိဘောဂပစ္စည်းများ ပြုလုပ်အသုံးပြုရန် သင့်လျော်သော်လည်း အဝါရောင်အပြင်သားမှာမူ ဆွေးမြေ့လွယ်၏။  

ထနောင်းသီးကို ဆိတ်၊ နွားတို့ စားမိပြီး မစင်ပြန်စွန့်သည့်အခါ ယင်းအစေ့မှ အပင်ပြန်‌ပေါက်လာခြင်းဖြစ်၏။  သတိပြုရန်အချက်မှာ ထ နောင်းခေါက်များကို ခွာပြီးအရက်ချက်ရာတွင်လည်းကောင်း၊ ဆိုးဆေးပြုလုပ်ရာတွင် လည်းကောင်း၊ ယွန်း ထည်လုပ်ငန်းများတွင် စစ်စေးအနေ ဖြင့် အရောင်တောက်အောင် အသုံး ပြု ရာတွင်လည်းကောင်း၊  လောင်စာအဖြစ်လည်းကောင်း အသုံးပြုကြသည့်အတွက် နှစ်ကာလအတော်ကြာမှ ဖြစ်ထွန်းလာသည့် ထနောင်းပင်မှာ ဒဏ်ရာရပြီး အစာရေကြောဖြတ်တောက်သကဲ့သို့ဖြစ်ကာ တဖြည်း ဖြည်းချင်း ခြောက်သွေ့လာပြီး အပင်ပျက်စီးဆုံးရှုံးရ တတ်၏။ သို့ဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာ  လုပ်ဆောင်သင့်ပေ၏။

ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ထနောင်းပင်မှ ရရှိသည့် အစိတ်အ ပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင် ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုး ကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

Source- Agribiz news

ကြေးမုံငယ်

နှလုံးလှ ကျောင်းတော်များ
-

“မောင်တို့၊ မယ်တို့......
မိမိပညာရပ်တွေကို
မိမိသေချာလေ့လာဆည်းပူးသင်ကြားကြပါ။
ပညာမပြည့်စုံ၊ ဗဟုသုတမရှိရင်
ကိုယ့်ရဲ့အတတ်ပညာက ဘယ်သူ့ကိုမှကောင်းကျိုးမပြုဘဲ
မင်းတို့တွေဟာ “မယ်သုည၊ မောင်သုည” တွေ ဖြစ်လာလိမ့်မယ်။
မယ်သုည၊ မောင်သုညတွေ
တိုင်းပြည်တာဝန်ထမ်းရင်တော့
ငါတို့တိုင်းပြည် ခါးကျိုးလိမ့်မယ်....။”
ဤစကားရပ်သည် ၁၉၈၀ ကျော်ကာလ၊ ပုသိမ်တက္ကသိုလ်တွင် ပါမောက္ခဌာနမှူး (ပထဝီဝင်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာမကြီး “ဒေါ်စိန်စိန်”က Lecture ပို့ချရင်း ကျောင်းသား၊ ကျောင်းသူများအား ပြောကြားခဲ့သော ဆုံးမစကားပင်ဖြစ်ပါသည်။
ပညာရေးဟူသည်-

ပညာရေးသည် ကျယ်ဝန်းသောအဓိပ္ပာယ်များစွာကို ဆောင်ပါသည်။ ပညာရေးဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေးအတွက် အကောင်းဆုံးကြားခံပစ္စည်း ဖြစ်ပါသည်။ ပညာသည် လူတစ်ဦးတွင် တိမ်မြုပ်နေသည့် အစွမ်းအစများကို ဖော်ထုတ်နိုင်စွမ်းရှိ၏။ အစွမ်းအစကို ပညာဖြင့် ဆင်ခြင်လုပ်ဆောင်တတ်သူတိုင်းအတွက် အနာဂတ်များမှာ ပိုမိုတောက်ပနေမည်သာ ဖြစ်ပါသည်။ ဘဝကိုမြှင့်တင်ပေးနိုင်သည့်အရာမှာ ပညာဆိုတာ သံသယရှိစရာမလိုပေ။
ပညာတတ်သူသည် အမှား အမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည်။  သူတို့သည် အရာရာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ မိမိဘဝကိုဦးဆောင်ကြသည်။ ပညာတတ်သူသည် တရားဥပဒေကို လေးစားလိုက်နာ တန်ဖိုးထားတတ်သည်။ လူ့အခွင့်အရေးကိုလေးစားပြီး ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်သည်။ နိုင်ငံသူ၊ နိုင်ငံသားတစ်ယောက် လိုက်နာရမည်ဟု သတ်မှတ်ထားချက်များကို မဖောက်မဖျက်ဘဲ လိုက်နာတတ်ကြသည်။ ဤအရည် အချင်းများကပင် “နိုင်ငံသားကောင်း”ဆိုသည့် ဂုဏ်ပုဒ်ဖြစ်သောကြောင့် အသိပညာ၊ အတတ်ပညာရပ်များကို ငယ်ရွယ်စဉ်အခါကပင် လေ့ကျင့်သင်ကြားပေးနိုင်ရန် အရေးကြီးလှပါသည်။ 
ထို့ကြောင့် မျိုးဆက်သစ်များစွာတို့အား မိမိကိုယ်မိမိ တန်ဖိုးထားတတ်စေရန်လည်းကောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ အတတ်ပညာအရပ်ရပ်တို့ကို အသုံးပြုကာ နိုင်ငံတော်နှင့်နိုင်ငံသားတို့အား အကျိုးပြုစေခြင်းအလို့ငှာလည်းကောင်း၊ လှပသောနှလုံးသားအစုံနှင့်အတူ လူသားဆန်မှု၊ လူပီသမှု များနှင့် မိမိတို့၏အဝန်းအဝိုင်းမှသည် မိမိတိုင်းပြည်အား ချစ်မြတ်နိုးတတ်စေရန်လည်းကောင်း အသိပညာ၊ အတတ်ပညာများကို ကောင်းစွာလေ့ကျင့်သင်ကြားပေးရန် အထူးလိုအပ်လှပါသည်။  
လူ့စွမ်းအားအရင်းအမြစ်များ ဖော်ဆောင်ပေး
“နယ်စပ်ရေးရာဝန်ကြီးဌာန”၏ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် တိုင်းဒေသကြီး ၂ ခု၊ ပြည်နယ် ၇ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ၆ ခု တို့တွင် တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး အခြေခံလုပ်ငန်းများအား ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
ထို့အတူ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန သည်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ လူငယ်သင်တန်းကျောင်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်းများနှင့်စက်မှု လက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်ရေးနှင့် စွမ်းရည်ကောင်းများရရှိစေရေးအတွက် ပညာရပ်များကို ဖြန့်ဝေပံ့ပိုး ဖြည့်ဆည်း မွေးထုတ်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ (Academy for the Development of The National Group)ကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နေ့တွင် စစ်ကိုင်းမြို့၌စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ရက်နေ့တွင် လက်ရှိ ရွာသစ်ကြီး သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (University for the Development of the National Races of the Union) အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ရာ ယခုနှစ်ဆိုလျှင် ၁၇ နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပေသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်သည် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်မှုတိုးတက်ခိုင်မာရေးအတွက် အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်းကောင်းများ ဖြစ်ထွန်းအောင် အထူးလေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး  မူလတန်း ဆရာအတတ်သင်တန်း၊ အထူးမူလတန်းဆရာအတတ်သင်တန်း၊ အလယ်တန်းဆရာအတတ်သင်တန်း၊ ဆရာအတတ်ပညာဒီပလိုမာသင်တန်း၊ ပညာရေးဘွဲ့ ပေါင်းကူးသင်တန်း၊ ပညာရေးဘွဲ့သင်တန်း၊ မဟာပညာရေးဘွဲ့ အရည်အချင်းစစ်သင်တန်း၊ မဟာဒဿန(ပညာရေး)ဘွဲ့ သင်တန်းနှင့် မဟာ ပညာရေးဘွဲ့သင်တန်း စသည့် ပညာရေးသင်တန်း ၁၀ မျိုးအားဖွင့်လှစ်သင်ကြားပေးလျက်ရှိ၏။
ပြည်ထောင်စုစိတ်ဓါတ်ထွန်းကားပြန့်ပွားရေး
“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ် သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကား” ပြောကြားရာတွင်-
“ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ယနေ့အထိ မဟာ  ပညာရေးဘွဲ့၊ မဟာဒဿနဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဒီပလိုမာ၊ အလယ်တန်း ဆရာအတတ်သင်၊ မူလတန်းဆရာအတတ်သင်၊ အထူးမူလတန်းဆရာအတတ်သင် စုစုပေါင်း ၁၃၇၈၆ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၀၀ ကျော် တက်ရောက် သင်တန်းဆင်းခဲ့ကြပြီး မောင်တို့၊ မယ်တို့သည် နိုင်ငံတော်က ပြုစုပျိုးထောင် ထားသည့် သားသမီးများပီသစွာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း မိမိတို့တာဝန်ကျရာ နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင် ကြရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်ကို တိုင်းရင်းသားများအကြား ထွန်းကားပြန့်ပွားအောင် လည်း ဆောင်ရွက်ပေးကြရန်” ဟု လမ်းညွှန်မှာကြားခဲ့ပါသည်။
ဤတက္ကသိုလ်အပြင် ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲသော အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံ သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်မည့် “ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်” (ရန်ကုန်နှင့် မန္တလေး၊စစ်ကိုင်း)ကျောင်း ၂ ကျောင်း ကိုလည်း ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) ကျောင်းများတွင် ဝိဇ္ဇာဘွဲ့(မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း)၊ သိပ္ပံဘွဲ့(သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ)နှင့် အင်ဂျင်နီယာဘွဲ့(မြို့ပြ၊ အီလက် ထရောနစ်၊ စက်မှု၊ လျှပ်စစ်စွမ်းအား)ဘွဲ့များ ပေးအပ်ချီးမြှင့်ပေးနိုင်ခဲ့ပါသည်။ 
ပညာပြည့်ဝ နှလုံးလှသော-
ဖူး အ ငုံ ချိန် ခါ သင့်
ပွင့် လာ ကြ ပန်း မာ လာ
မွှေး ပျံ့ ကြိုင် စွာ ....။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်ကာလအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) အမှတ်စဉ် (၄)၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း၊ ရန်ကုန်) အမှတ်စဉ် (၁၅)၊ (၁၈) သင်တန်း ဆင်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါသည်။ 
ယနေ့အချိန်အထိ ဤကျောင်းတော်ကြီးများမှတိုင်းရင်းသားလူငယ်အင်အား မဟာပညာရေး ဘွဲ့၁၃၁ ဦး၊ မဟာဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၃၈၁ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်သင် ၉၅၆ ဦး၊ မူလတန်းဆရာအတတ်သင် ၇၁၆၂ ဦး၊ အထူးမူလတန်း ဆရာအတတ်သင် ၄၆၁ ဦး၊ ဝိဇ္ဇာဘွဲ့ ၉၆၅ ဦး၊ သိပ္ပံဘွဲ့ ၂၀၆၃ ဦး၊ B.Tech ၂၇၄ ဦး၊ A G T I ဒီပလိုမာ  ၁၃၉၆ ဦး စုစုပေါင်း ၁၈၇၅၆ ဦး ကိုမွေးထုတ်ပေးနိုင်ခဲ့လေပြီ။
ထိုကျောင်းဆင်းဘွဲ့ရတိုင်းရင်းသား မောင်၊ မယ်များသည် ဝန်ကြီးဌာနပေါင်း၂၃ ခုတွင် ပညာရေးဘွဲ့ရ ၁၄၀၅၈ ဦး၊ ဝိဇ္ဇာ၊သိပ္ပံဘွဲ့ရ ၃၀၂၈ ဦးနှင့် အင်ဂျင်နီယာဘွဲ့ရ ၁၆၇၀ ဦးတို့မှာ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင် လျက်ရှိကြပေသည်။ 
                ဥ မ ကွဲ သိုက် မ ပျက်
                သွယ် လက် ယှက် ရင်း
                နာ ဂ အင်းသား
                ကယား  ကချင်
                မွန် ကရင်  ချင်း
                ဆွေရင်း ဗမာ   
                အခါ ရခိုင် ရှမ်း ဟု
                ပအို့ဝ် ဓနု ပလောင်
                ညီနောင်တစ်စု
                တည်ထောင်ပြုသော
                ပြည်ထောင်စုဖွား
                သွေးသားရင်နှစ်
                အားအင်သစ်လျက်
                ကိုင်းရွက်ခက်တွေ
                အပွင့်ဝေခဲ့....။
ဤကျောင်းတော်များတွင် တိုင်းရင်းသားလူငယ်များ၏ ဘဝရှေ့ရေး ဖြောင့်မတ်မှန်ကန်စေရန်၊ ကောင်းမွန်သည့်နှလုံးသား ဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုစုပျိုးထောင် တည်ဆောက်ပေးခဲ့၏။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကျောင်းတော်ကြီးများသည် တိုင်းရင်းသား မျိုးဆက်သစ်များအတွက် ဥယျာဉ်မြေသဖွယ်သာဖြစ်၏။ စရိုက်ဆိုးများခြွေချပြီး စရိုက်ကောင်းများ ဖူးဝေအောင် လေ့ကျင့်ပေးနိုင်ခဲ့၏။‌
အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေမည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်း များကို စစ်ထုတ်ပေးခဲ့၏။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူငယ် မျိုးဆက်သစ်များအား တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေရေး ရှေးရှုဆောင်ရွက်လေ့ကျင့်ပေးခဲ့ပါသည်။
                “မြေဆီမြေသား၊ စွမ်းဆောင်အားကြောင့်
                ကြီးထွားသီးပွင့်၊ မာန်ဟုန်ဝင့်ပြန်
                မျိုးစေ့မှန်၍၊ အပင်သန်ခဲ့ပြီ....။”
စွမ်းအင်၊ စွမ်းအားများမှသည် စွမ်းရည်ဖွံ့ဖြိုးရေးဆီသို့ အရောက်လှမ်းပြီး အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်သွား ကြမည့် တိုင်းရင်းသားလူငယ်များ၏ စွမ်းရည်များ မြှင့်တင်ပေးရာ၊ တူညီမျှခြင်း အလှတရားများ ဖော်ဆောင်ပေးရာ  ကျောင်းတော်မဟာများပင်တည်း။ 
နှလုံးသားကိုပညာသင်ကြားခြင်း
“နှလုံးသားကို ပညာသင်ပေးခြင်း” ဟုဆိုရာတွင် ကူညီရိုင်းပင်းလိုစိတ်၊ ကိုယ်ချင်းစာနာစိတ်၊ သနားကြင်နာစိတ်၊ ရိုးသားဖြောင့်မတ်စိတ်၊ စည်းလုံးညီညွှတ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်လိုစိတ် တွေဖြစ်လာစေဖို့ သင်ကြားလေ့ကျင့်ပေးခြင်းကို ဆိုလိုရပါမည်။ တိုင်းရင်းသား မျိုးဆက်သစ်များအား ပညာရည်ပြည့်ဝ၍ နှလုံးလှသော လူကောင်း၊ လူတော်လေးများ၊ ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်သင်ကြားပေးခဲ့ပေသည်။ 
လူငယ်များအနေဖြင့် အရည်အချင်းရှိမှ တိုင်းပြည်တိုးတက်အောင်ပြုလုပ်နိုင်မည်ဖြစ်သဖြင့် လူငယ်များ၏နှလုံးသားအား လေ့ကျင့်သင်ကြားပေးခြင်းသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် အောင်လုပ်ဆောင်ခြင်းဖြစ်ပေသည်။ လူငယ်များအတွက် Education ၊ Experience ၊  Explore ၊ Ethic စသည့်အချက်များသည် အလွန်အရေးကြီးပြီး ဘဝတစ်သက်တာ အတွက် အသုံးချနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးကြရပေမည်။ 
ကျောင်းအသီးသီးတွင် “တိုင်းရင်းသားရေးရာ”ဌာနများ ဖွင့်လှစ်ထားရှိပြီး ပြည်ထောင်စု   စိတ်ဓာတ်ဘာသာရပ်၊အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များသင်ကြားပို့ချပေးလျက်ရှိရာ ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာရင့်သန်ပြီး မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာသာသနာကို တန်ဖိုးထား မြတ်နိုး၍ စည်းလုံးညီညွတ်မှုခိုင်မြဲစေရန် လေ့ကျင့်ပျိုးထောင် သင်ကြားပေးနိုင်ခဲ့ပေပြီ။ 
ကျောင်းဆင်းပြီးသည်နှင့်တစ်ပြိုင်နက် ဝန်ကြီးဌာနအသီးသီးတွင် အလုပ်ခန့်အပ်ခြင်းခံရ၏။ ထို့ကြောင့်ကျောင်းဆင်း မောင်၊ မယ်များသည် နယ်စပ်ဒေသများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် စေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် တာဝန်ထမ်း ဆောင်မည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပေတော့မည်....။ 
တိုင်းရင်းသားလူငယ်မောင်မယ်များအား စည်းစည်းလုံးလုံးရှိပြီး အရည်အချင်းရှိရှိ လေ့ကျင့် သင်ကြားပျိုးထောင် ပေးခဲ့ပြီးဖြစ်သဖြင့် တာဝန်ကျရာဌာနအသီးသီး၊ ဒေသအသီးသီးတွင် တိုင်းပြည် ခါးကျိုးခြင်း မဖြစ်ရလေအောင် တာဝန်သိ၊ တာဝန်ခံ၊ တာဝန်ယူသော “ဝန်ထမ်းကောင်း” များ အဖြစ် တာဝန်ထမ်းဆောင်ကြပေတော့မည်။
    “ကျောင်းတော်သာမှ
    သွေခွာတက်လှမ်း ပြည့်ဝန်ထမ်းဖို့
    ဖြောင့်တန်းညီညီ လျှောက်လှမ်းမည်ဟု
    ရွယ်ရည်စိတ်ဓာတ် ခိုင်ခိုင်မတ်လျက်
    တွဲလက်စုပေါင်း
    အားသစ်လောင်း....။”
အနာဂတ်၏ လှပသောရောင်စုံပန်းများ
စာရေးသူသည် ဤဒီဂရီကောလိပ် ကျောင်းဆင်းပွဲများနှင့် ညစာစားပွဲများသို့ တက်ရောက်ခွင့် ရခဲ့ဖူးပါသည်။ ကျောင်းဆင်းတိုင်းရင်းသား ဘွဲ့ရမျိုးဆက်သစ်တို့နှင့် အခမ်းအနားတက်ရောက်လာ ကြသည့် မြန်မာနိုင်ငံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသအသီးသီးမှ ကျောင်းသားမိဘ တိုင်းရင်းသား မိသားစုတို့အား ချစ်ခင်ကြည်နူးနွေးထွေးစွာ ငေးကြည့်ရင်း နိုင်ငံတော်၏ လှပသော အနာဂတ်ကို တွေးဆ မြင်ယောင်နေမိပါသည်။
ဤတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ညီအစ်ကို မောင်နှစ်မအရင်း သဖွယ် ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြရင်း အေးအတူပူအမျှ ပညာသင်ကြားခဲ့ကြရခြင်းဖြစ်လေသည်။ တိုင်းဒေသကြီး၊ ပြည်နယ် ဒေသအသီးသီးမှ လာရောက်ဆုံတွေ့ကြသူများဖြစ်ကြသည်။ ၎င်းတို့သည် မတူကွဲပြားမှုများအား အားသာချက်ဖြစ်အောင်ပုံဖော်၍ စည်းလုံးချစ်ခင်စွာနေထိုင်ကြရင်း နိုင်ငံတော်တည်ဆောက်ရေးတာဝန်များအား ကြိုးစားထမ်းဆောင်ကြပေတော့မည်ဟုလည်း ယုံကြည်မိပါသည်။
ကျောင်းဆင်းပွဲမြင်ကွင်းများကား-
    တစ်စုတစ်စည်းတည်းဖြင့်
    လှပခမ်းနားနေသည့်
    ရောင်စုံပန်းခင်းကြီးသဖွယ်လည်း မြင်ယောင်နေမိ၏....။
    “ပန်း” ဖြစ်သည်နှင့်အညီ ပြုစုပျိုးထောင်ပေးသော ဥယျာဉ်မှူးများ၏ စေတနာမမှန်ကန်မှု မကျွမ်းကျင်မှုကြောင့်လည်းကောင်း၊ ပြင်ပ ပယောဂများ၏ အန္တရာယ်ကျရောက်မှု၊ မသမာသူတို့၏ ဖျက်ဆီးမှုတို့ကြောင့်သော်လည်းကောင်း ပျက်စီးတတ်သော သဘောရှိသည်ကိုတော့ သတိပြုရပေလိမ့်မည်။
    ထို့ကြောင့် 
    ဤသို့လည်း ဆုတောင်းနေမိ၏....။
    ပန်းတိုင်းပွင့်ကြပါစေ
    ပွင့်သော ပန်းတိုင်း လှပါစေ
    လှသော ပန်းတိုင်း. မွှေးပါစေ...။
    ညီညွတ်ခြင်း၊ ချစ်ခင်ခြင်း
    စည်းရုံးခြင်း
    ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းဟူသော
    ပန်းခင်းတို့သည်
    နိုင်ငံတော်အနှံ့
    ပျံ့ သင်း စေသတည်း...။
    ထုံ သင်း စေသတည်း...။
    ကြိုင်သင်းပါစေသတည်း...။

ဝထကလသ(နတလ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြသော ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ကျော် တို့သည် ရှေးနှစ်ပေါင်းများစွာကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲနေထိုင်ခဲ့ကြပါသည်။ တောင်တန်း ပြည်မ ဒေသ မတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှုမတူ ကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။

       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပထဝီအနေအထား ယဉ်ကျေးမှုကြီး မားသော အိန္ဒိယယဉ်ကျေးမှုနှင့် တရုတ်ယဉ်ကျေးမှုတို့အကြားတွင် တည်ရှိနေသော်လည်း ယနေ့အထိခိုင်မာသော မြန်မာ့ယဉ်ကျေးမှု တည်ဆောက်နိုင်ခဲ့ပေသည်။ ထိုသို့မြန်မာ့ ယဉ်ကျေးမှု တည်တံ့ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားပေါင်းစုံ၏ ယဉ်ကျေးမှုအဖုံဖုံတို့ ပေါင်းဆုံခြင်းမှ ကမ္ဘာ့အလယ်တွင် မြန်မာ့ယဉ်ကျေးမှု ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
        ပညာရပ်များ လေ့လာသင်ကြားရာတွင်လည်း မတူညီသောအရာများ ပေါင်းစပ်မှု၊ သီအိုရီ အရ ဘာသာရပ်များကို ပေါင်းစပ်လေ့လာရာမှ ပိုမိုကျယ်ဝန်းသော စွမ်းရည်များ  ပေါ်ထွက်လာသည်ကို တွေ့ရှိရပါသည်။ ယခုခေတ် လေ့လာသင်ယူနေသော သိပ္ပံပညာ ရပ်များ၊ ဝိဇ္ဇာပညာရပ်များသည် ဘာသာရပ်တစ်ခုချင်းအလိုက် သီးခြားဂုဏ်ထူး ဝိသေသများရှိသော်လည်း ၎င်းဘာသာရပ်များကို လိုအပ်သလို ပေါင်းစပ်လိုက်သောအခါတွင် ပိုမိုကျယ်ဝန်းသော စွမ်းရည်များပေါ်လာသည်။ သိပ္ပံပညာရပ် အချင်းချင်း၊ ဝိဇ္ဇာပညာရပ် အချင်းချင်း ဆက်နွယ်ပေါင်းစပ်လေ့လာနိုင်သလို သိပ္ပံပညာရပ်နှင့် ဝိဇ္ဇာပညာရပ်များကိုလည်း လိုအပ်ပါက ပေါင်းစပ်လေ့လာရပေသည်။ သိပ္ပံပညာရပ်များဖြစ်သော ဇီဝဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Biochemistry ဟူသော ဘာသာရပ် ဖြစ်ပေါ်လာပြီး ရူပဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Nuclear chemistry ဟူသော ဘာသာရပ်အသစ်များ ပေါ်ပေါက်လာပေသည်။
         ထို့အတူ နိုင်ငံတစ်နိုင်ငံ(သို့မဟုတ်) လူမျိုးတစ်မျိူး၏ Socioeconomy (လူမှုစီးပွားဘဝ) ကို လေ့လာလိုပါက ဝိဇ္ဇာပညာရပ်များဖြစ်သော သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ စသည့် ဘာသာရပ်များ ပေါင်းစပ်လေ့လာရပေသည်။ နိုင်ငံတစ်နိုင်ငံ၏ မဟာဗျူဟာ အချက်အချာကျမှုကို သိရှိရန် သမိုင်းနှင့်ပထဝီကိုပေါင်းစပ်ပြီး Geopolitic ဟူသော ပထဝီနိုင်ငံရေးရှုထောင့်မှ လေ့လာရပေမည်။ ထို့အပြင် သမိုင်းဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များကိုလည်း လိုအပ်ပါက ယှဉ်တွဲလေ့လာသင့်ပေသည်။ ဥပမာအားဖြင့် - ဒသမတန်းတွင်  သင်ကြားသည့် ကဗျာတစ်ပုဒ်ဖြစ်သော အချုပ်တန်းဆရာဖေ ရေးသားသည့် "ဆောင်းရတုပွဲ" ကဗျာကို လေ့လာလျှင် မြန်မာစာ အရေးအသားရှုထောင့်မှ လေ့လာရုံသာမက ထိုကဗျာပေါ်ထွန်းလာသော ခေတ်အခြေအနေကို သမိုင်းရှုထောင့်ကပါ ပေါင်းစပ်လေ့လာပါက စာဖတ်သူအတွက် ပိုမိုပြည့်စုံသော ခံစားချက်များ ပေးစွမ်းနိုင်မည်ဖြစ်သည်။
         ထိုကဲ့သို့ပင် မတူညီသော ပညာရပ်များကို လိုအပ်သလို ပေါင်းစပ်လေ့လာပါက လူ့လောကအတွက် ပိုမိုအကျိုးရှိစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် မတူညီသောအရာများကို ပေါင်းစပ်ရာမှ စွမ်းအင်များ ပေါ်ထွက်လာကာ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်ပေးရန် ကြိုးပမ်းနေပြီဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် နယ်စပ်ဒေသများ၌ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ တည်ထောင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ထိုဒီဂရီကောလိပ်များ တက်ရောက်ရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသားလူငယ်များအား သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရွေးချယ်ပြီး ဝိဇ္ဇာဘွဲ့(B.A)၊ သိပ္ပံဘွဲ့ (B.Sc)၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ (AGTI) အတွက် သင်ကြားပို့ချလျက် ရှိပါသည်။
    ဝိဇ္ဇာဘွဲ့အတွက် သင်ကြားရသော ဘာသာရပ်များမှာ စီးပွားရေးပညာ၊ မနုဿဗေဒ၊ မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ အင်္ဂလိပ်စာ၊ စိတ်ပညာတို့သင်ကြားပေးပြီး သိပ္ပံဘွဲ့အတွက် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် အင်ဂျင်နီယာဘွဲ့အတွက် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှု့စွမ်းအား ဘာသာရပ်များသင်ကြားရပြီး ကျောင်းသားအားလုံး အနေဖြင့် ကွန်ပျူတာသိပ္ပံ၊ ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်နှင့် ယဉ်ကျေးမှု ဘာသာရပ်များကိုလည်း သင်ကြားပေးသည်။ ထို့ကြောင့် ဤဒီဂရီကောလိပ်များမှ ကျောင်းသားများသည် သက်ဆိုင်ရာစာပေ ဘာသာရပ်ပေါင်းစုံ၏ အခြေခံသဘောတရား များကို ခြုံငုံလေ့လာနိုင်သောကြောင့် အတွေးအမြင်များ ကျယ်ပြန့်စွာ တွေးခေါ်နိုင်သကဲ့သို့ လက်တွေ့ဘာသာရပ်များ ဆောင်ရွက်ရာတွင်လည်း ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ပေမည်။ ဤဒီဂရီကောလိပ်တို့မှ အရည်အချင်းမှီသူများသည် ဘွဲ့လွန်သင်တန်းများကို သက်ဆိုင်ရာ တက္ကသိုလ်များတွင်  ဆက်လက်တက်ရောက်နိုင်ပြီး မဟာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့များ အသီးသီးရရှိနိုင်ပါသည်။ ထို့အပြင် အင်ဂျင်နီယာ ဒီပလိုမာရရှိပြီးသော သူများတွင်လည်း ထူးချွန်ထက်မြက်သော သူများကို ဆက်လက်ပညာဆည်းပူးခွင့်ရအောင် စီစဉ်ပေးသဖြင့် အင်ဂျင်နီယာဘွဲ့(B.E) မဟာအင်ဂျင်နီယာဘွဲ့(M.E) များရရှိရန် ဆက်လက်ကြိုးစားခွင့်ရှိပါသည်။
       ဤဒီဂရီကောလိပ်များတွင် မြန်မာနိုင်ငံ၏ ဒေသပေါင်းစုံမှ တိုင်းရင်းသားများဖြစ် သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူငယ်များ လာရောက်ပေါင်းစုံ၍ ပညာသင်ယူလျက်ရှိသည်။ ထိုတိုင်းရင်းသားလူငယ်များသည် မိမိတို့၏ ကျောင်းစာများသာမက     တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီး (ရန်ကုန်)က   ကြီးမှူး ကျင်းပသော အာဂုံဆောင်စာပြန်ပွဲများ၊ သာသနာရေးဝန်ကြီးဌာနက ကျင်းပသော အဘိဓမ္မာ စာမေးပွဲများ၊ ကျောင်းတွင်းအားကစားလှုပ်ရှားမှုနှင့် အခြားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ထူးချွန်ဆုများ ရရှိခဲ့သည်။
     ဤဒီဂရီကောလိပ်ကျောင်းများတွင် တိုင်းရင်းသားရေးရာဌာန ဖွင့်လှစ်ထားပြီး ပြည်ထောင်စုစိတ်ဓာတ်  ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များကို ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်ကြားပို့ချလျှက်ရှိပါသည်။ မျက်မှောက်ခေတ် မြန်မာ့ရေးရာသာမက ကမ္ဘာ့ရေးရာများကိုလည်း သင်ကြားပို့ချပေးပါသည်။ ထိုသို့သင်ကြားရသည့်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ လာပြီး တိုင်းရင်းသားအချင်းချင်း နားလည်မှုရှိပြီး စည်းလုံးညီညွတ်မှုခိုင်မြဲစေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲလာသော အခြေအ‌နေများနှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင် ဝန်းရံထိုးဖောက် လာသော  Cultural Globalization များကို ဘေးတွင်အကာ အဖြစ်သာထားပြီး မျိုးချစ်ပြည်ချစ်စိတ်နှင့် ညီညွတ်မှုရှိသော ပြည်ထောင်စု စိတ်ဓာတ်(Union Spirit) ကို အနှစ်အဖြစ်ထားကာ ကိုယ်ပိုင်ယဉ်ကျေးမှုအင်အားကို ဖြည့်ဆည်းရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့်  ခေတ်မီရင်ဘောင်တန်းနိုင်ရန် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ် သည့် ပြည်ထောင်စု စိတ်ဓာတ်(Union Spirit) သည်သာ အဓိကစွမ်းအားဖြစ်ပေသည်။ ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်အတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်ကျည်စွာမွေးမြူရန် အထူးလိုအပ် ပါသည်။ သို့မှသာ ပတ်ဝန်းကျင်က ရိုက်ခတ်လာသော ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီး တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရပေမည်။
        ဤဒီဂရီကောလိပ်များမှ ကျောင်းဆင်းသော ပညာတတ်လူငယ်များသည် ဒို့တာဝန်  အရေးသုံးပါးကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ရှိခြင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ၍ ပြည်ထောင်စုဖြိုခွဲမည့်ရန်သူများအား ဖယ်ရှားပြီး ကာကွယ်လိုစိတ်ရှိခြင်း၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းလိုစိတ်ရှိခြင်း၊ တစ်အူထုံဆင်း ညီရင်းအစ်ကိုများပမာ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်လိုခြင်း၊ အနာဂါတ်တွင် တိုင်းရင်းသား လူမျိုးအချင်းချင်း တစ်ဦးနှင့်တစ်ဦးနားလည်ပြီး အေးအတူပူအမျှ အေးချမ်းသာယာသော လူ့ဘောင်လောက ဖော်ဆောင်လိုခြင်းစသော တရားများပြည့်ဝသည့် လူကောင်းလူတော် နိုင်ငံသားကောင်းများဖြစ်ပေါ်လာရန် စနစ်တကျ လေ့ကျင့်ကြိုးပမ်းခဲ့သူများဖြစ်သည်။ ဤဒီဂရီကောလိပ်များမှသင်ကြားသော ပညာရပ်များနှင့် လေ့ကျင့်ပျိူးထောင်ပေးသော လက်တွေ့သင်ခန်းစာ များကြောင့် ကျောင်းတော်သားများသည် ဘာသာရပ်ပေါင်းစုံ၏ စုပေါင်းမှု စွမ်းအားကိုရရှိပေသည်။ ကျောင်းတော်သားများသည် ကျောင်းတော်ကြီးက သင်ကြားပေးလိုက်သော ပညာရပ်အရောင်အသွေးများဖြင့် စုံလင်သောသက်တန့် ရောင်စဉ်များ လွှမ်းခြုံနေသောသူများဖြစ်ကြောင်း တင်စားကာ ဆိုလိုက်ချင်ပါသည်။ သက်တန့်ရောင်စဉ်များသည် ဤဒီဂရီကောလိပ်များမှ စတင်ပေါ်ထွက်လာပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံး၏ နယ်နိမိတ်အဆုံးတိုင် တံတားသဖွယ် ဆက်သွယ်နိုင်ပေသည်။ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြည့်ဝသော ပညာရပ်အမြင် ကျယ်ပြန့်သော တိုင်းရင်းသားလူငယ်များသည် ဘွဲ့ရကျောင်းသားလူငယ်များ အဖြစ်ဖြင့် နိုင်ငံတော်၏ အစွန်အဖျားဒေသအသီးသီးတွင် နိုင်ငံတာဝန်ကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ရာ  သက်တန့်ရောင်စဉ်များ နိုင်ငံတစ်ဝန်းထွန်းလင်းဖြာလျက်  ရှိနေပေ တော့သည်။ 
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အပေါင်း ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရများက အစဉ်တစိုက် ရှေ့ရှုဆောင်ရွက်ခဲ့ကြသည်။ ထိုဆောင်ရွက်ချက်များ၏ အသီးအပွင့်များအဖြစ် ပေါ်ထွန်းလာခဲ့သည်မှာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ (စစ်ကိုင်း) ကျောင်းများ စသည်ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ပေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအား လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အတွက် ဝန်ထမ်းကောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပေသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံ စည်းလုံးတူယှဉ်ကာ ပွင့်လန်းနေသော ပန်းဥယျာဉ်ကြီးသာ ဖြစ်ပေတော့သည်။ မြန်မာပြည်ဖွားတိုင်းရင်းသားတို့၏ ချစ်ကြည်ပေါင်းစည်းမှုကို ဖော်ဆောင်သော ကဗျာတစ်ပုဒ်ဖြင့် ဂုဏ်ပြုတင်ပြအပ်ပါသည်။

မြောက်ဖျားမြန်မာ
ကချင်ပြည်မှာ
မေခ မလိခပေါင်းစုံကာ
တောလည်းတောင်သာ
ဖြတ်ကျော်တော့
ဧရာဝတီဖြစ်တည်ပေါ့။
ချင်းပြည်နယ်လည်းဖြတ်သန်းလာ
ဧရာချင်းတွင်းပေါင်းစုံကာ
မေတ္တာရေတွေ တိုးကာပွား
တောင်ပေါ်မြေပြန့် ညီအစ်ကိုများ။
ရှမ်းပြည်နယ်မှ
ကိုရွှေလီ ဧရာဝတီနဲ့
ပေါင်းစုံသည်
မြန်ပြည်အလှတိုးကာပွား
တစ်အူတုံဆင်းညီအစ်ကိုများ။

ရခိုင်ဒေသ ကစ္စပနဒီ
စီးဆင်းလာသည့် မြန်ရွှေပြည် ၊
ညီပုကလေးစစ်တောင်းလည်း
အားဖြည့်ကာပင် စီးဆင်းမြဲ။
ရွှေသံလွင်လည်း မနေသာ
ကရင်၊ ကယား ၊ မွန်  မကျန် သယ်ဆောင်လာ
မြန်ပြည်အင်အားတိုးကာပွား
အေးအတူ ပူအမျှ ညီအစ်ကိုများ။
ဤသို့သာပင်
မြန်ပြည်တခွင်
မြစ်နဒီတို့ အလှဆင်
ကချင်လည်းချစ် ချင်းလည်းချစ်
ရခိုင် မွန် ကယား ရှမ်းပါချစ်
တိုင်းရင်းသားတို့ မေတ္တာဝေ
တောင်တန်းမြေပြန့် မခွဲခြားပေ 
ပေါင်းစုံလာလို့ ချစ်ကြည်မဆုံး
မြန်ပြည်သားတို့ တစ်ပြုံးပြုံး
သွေးစည်းကြမည် တစ်သက်လုံး။     ။

Source- Myawady Webportal

မြတ်နိုးမေ