သတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းသို့ ခြိမ်းခြောက်စာပေးပို့ခြင်း လုပ်ဆောင်

31 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်း သား၊ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ မောင်းမကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ခြိမ်းခြောက်စာ တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းဝင်ပေါက်သံပန်းတံခါးနှင့် ကျောင်းဝင်းအပြင်ဘက်လမ်းပေါ်တို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပေးပို့ပစ်ချထားခဲ့သည့် ခြိမ်းခြောက်စာသားများ ရေးထားသော စာရွက်များအား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းနှင့် အဆိုပါကျောင်းတွင် ကျောင်းဆရာ၊ ဆရာမ ၂၁ ဦးတို့မှ ကျောင်းသား၊ ကျောင်းသူ ၄၃၀ ဦးအား ပုံမှန်အတိုင်း ကျောင်းဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင် ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

နေပြည်တော် ဇူလိုင် ၃၁

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။

ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်းပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်း စစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့်ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းစစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (TeamWork) ရရှိခဲ့ပြီး နိုင်ငံချစ်စိတ် (Nationalism)၊ မျိုးချစ်စိတ် (Patriotism)၊ အဖွဲ့အစည်းစိတ် (Team Sprit)၊ ရဲဘော်ရဲဘက်စိတ် (esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြတော့မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါတယ်----

(၁) ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) မှာ ကျွန်တော်ရရှိခဲ့တဲ့ဆုကတော့ စံပြတပ်သားဆုပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နည်းပြတွေသင်ကြားပေးတဲ့ ပညာရပ်တွေကို သေချာလိုက်မှတ်တယ်။ ကြိုးစားအားထုတ်ပြီးလိုက်ပါလုပ်ဆောင်လို့ အခုလိုဆုရရှိခဲ့တယ်လို့ ထင်ပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်ကို ကာကွယ်ချင်တဲ့ စိတ်နဲ့ဝင်လာခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) သင်တန်းကျောင်းဆင်းသွားပြီးနောက် ကျွန်တော်ရောက်ရှိမယ့် မိခင်တပ်ရင်းကိုရောက်ရင် ပေးအပ်တဲ့တာဝန်နဲ့ အမိန့်တွေကို ကျေပွန်စွာထမ်းဆောင်သွားမယ်လို့ ခံယူထားပါတယ်။ ကျွန်တော်တို့လိုလူငယ်တွေက တိုင်းပြည်နဲ့လူမျိုးအတွက် ကာကွယ်ဖို့ ကျွန်တော်တို့လူငယ်တိုင်းမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

(၂) သင်တန်းမတက်ခင်ကတော့ ကျွန်တော်နေချင်သလိုနေခဲ့တယ်။ အပြင်မှာ အရပ်သားဘဝဆိုတော့လည်း လွတ်လွတ်လပ်လပ်နေခဲ့တာပေါ့။ အခုလိုတပ်မတော်သားတစ်ယောက်ဖြစ်လာတဲ့အချိန်ကျတော့လည်း စည်းနဲ့၊ ကမ်းနဲ့ ကျွန်တော်နေတတ်သွားပါတယ်။ အိပ်တာ စားတာကအစ စည်းကမ်းတကျ နေတတ်ထိုင်တတ်သွားပါတယ်။ တတ်မြောက်ထားတဲ့ပညာတွေနဲ့ နိုင်ငံနဲ့လူမျိုးအပေါ် ကျွန်တော်ကျရာအခန်းကဏ္ဍမှာ ကြိုးစားပြီးကာကွယ်စောင့်ရှောက်သွားပါမယ်လို့ ပြောချင်ပါတယ်။ နိုင်ငံသားတိုင်းမဖြစ်မနေတာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ဥပဒေဆိုတော့ ကျွန်တော်က မြန်မာနိုင်ငံသားဖြစ်တော့လည်း နိုင်ငံတော်ကို ကာကွယ်ရမယ့်တာဝန်ကို မလွဲမသွေထမ်းဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ဂုဏ်ယူဝံ့ကြွားစွာနဲ့ပဲ ကျွန်တော်အလှည့်ကျတဲ့ အချိန်မှာဒီပြည်သူ့စစ်မှုထမ်းတာဝန်ကို မငြင်းဆန်ဘဲ ထမ်းဆောင်ခြင်း ဖြစ်ပါတယ်။

ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

MOI

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးထံသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်

31 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီဝင်များနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်စာပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ် ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဆူးပဒေါင်းကျေးရွာ၌ ခြိမ်းခြောက်စာ ပေးပို့ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၂၉ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အဆိုပါကျေးရွာနေ ဆူးပဒေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ဦး(၃၈)နှစ်၏ နေအိမ်ခြံဝင်းအတွင်းသို့ ခြိမ်းခြောက်စာသားများ ရေးသားထားသည့် စာရွက် တစ်ရွက်အား ပေးပို့ခဲ့ကြောင်း သိရသဖြင့် သိမ်းဆည်းရှင်းလင်းခဲ့ကြောင်း သိရသည်။

 အထက်ပါဖြစ်စဉ်မှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးထံသို့ ခြိမ်းခြောက်စာများပေးပို့ခြင်း လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ရေမြောင်းဖုံးကွန်ကရစ်ပြား ပျက်စီးဆုံးရှုံး

31 July 2025

 အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု ၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ယုဇနရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ “IELT” အင်္ဂလိပ်မူကြိုကျောင်း၏ ခြံစည်းရိုးအုတ်နံရံဘေး ရေမြောင်းဖုံးကွန်ကရစ်ပြားပေါ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ရေမြောင်းဖုံးကွန်ကရစ်ပြား လေးလက်မခန့် ကျိုးပဲ့ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နေပြည်တော် ဇူလိုင် ၃၀

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လျက်ရှိရာ ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၉ ရက် အထိ TNLA အဖွဲ့ဝင် လေးဦး၊ DPLA အဖွဲ့ဝင် ၄၇ ဦးနှင့် MDY-PDF အဖွဲ့ဝင် ၆၁ ဦး၊ ရွာငံ PDF အဖွဲ့ဝင် ခြောက်ဦး၊ စုစုပေါင်း ၁၁၈ ဦးတို့သည် လက်နက်မျိုးစုံ ၁၄ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန် လည် ဝင်ရောက်လာခဲ့ကြသည်။

ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်း၌ DPLA အဖွဲ့ဝင် အမျိုးသားလေးဦး၊ MDY-PDF အဖွဲ့ဝင် အမျိုးသား ခြောက်ဦးနှင့် TNLA အဖွဲ့ဝင် အမျိုးသားနှစ်ဦး စုစုပေါင်း ၁၂ ဦး တို့သည် Type-81 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည် အိမ်တစ်ခု၊ ၎င်းကျည် ၂၅ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံလာခြင်းများကြောင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး ချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံ ပေးခဲ့သည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ပြောကြားချက်များအရ ၎င်းတို့သည် အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက် သူများဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အဖွဲ့သို့ မဝင်ရောက်ပါက မိဘဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မလူသစ် စုဆောင်းခြင်းကိုခံခဲ့ရကြောင်း၊ ထို့ပြင် တောတွင်း၌ ပင်ပန်းကြမ်းတမ်းစွာဖြင့် အနေဆင်းရဲ၊ အစားဆင်းရဲ နေထိုင်ခဲ့ရကြောင်း၊ ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက်အောက် အနိုင်ကျင့်ဗိုလ်ကျ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ အဆင့်အတန်းခွဲခြား ဆက်ဆံခံရခြင်းများရှိကြောင်း၊ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Opera-tion)များဆင်နွှဲမှုတွင် အကျအဆုံး များပြားလာသဖြင့် ခုခံနိုင်ခြင်းမရှိတော့၍ ဆက်လက်တိုက်ခိုက် လိုခြင်းမရှိဘဲ အသက်ရှင်သန်ရေးအတွက် အခက်အခဲဒုက္ခမျိုးစုံကြားမှ ထွက်ပြေးတိမ်းရှောင်နေရခြင်းများကြောင့် စိတ်ဓာတ်များကျဆင်းလာခြင်း၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူများအတွက် လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာသည်ကို သိရှိနားလည်လာခြင်း၊ မိသားစုများနှင့်အတူ ယခင်ကဲ့သို့ နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက် လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည်စွန့်ခွာလာပြီးနီးစပ်ရာ တပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား နွေးထွေးစွာ ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့်နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -

အလင်းဝင် - ၁

ကျွန်တော်ကတော့ DPLA ထဲကို ဘယ်လိုစရောက်ခဲ့သလဲဆိုတော့ ကျွန်တော်တို့ကို DPLA က စစ်ကောက် ကောက်တယ်ဗျ။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ ကောက်တယ်။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ကောက်တော့ ကျွန်တော်တို့က မောင်နှမသုံးယောက်ရှိတယ်။ မောင်နှမသုံးယောက်ရှိတဲ့အတွက် ညီတွေ၊ ညီမတွေကြောင့် ကျွန်တော်လိုက်ခဲ့ရတယ်။ လိုက်ခဲ့ရတဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ကို ညကြီးအချိန်မှာ ကားနဲ့သင်တန်းကွင်းကို ခေါ်သွားတယ်။ သင်တန်းစတက်တဲ့အချိန် အတွေ့အကြုံကတော့ ကျွန်တော်တို့က လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားပြီဗျ။ ကျွန်တော်တို့ဘဝတွေက ပြောရမယ်ဆိုရင် ရှင်လျက်နဲ့သေသလို ဖြစ်သွားပြီဗျာ။ ဘာလို့လဲဆိုတော့ ဘေးကိုကြည့်လိုက်ရင်လည်း တောတောင်တွေ၊ အောက်ကိုကြည့်လိုက်ရင်လည်း ရေတွေပဲမြင်ရပြီး အခြားဘာမှမမြင်ရဘူး။ သင်တန်းကွင်းကို ကျွန်တော်တို့ နံနက် ၄ နာရီကနေ ည ၉ နာရီအထိ နားချိန်မရှိဘဲသင်တန်းတက်ရပါတယ်။ အစားအသောက်ကျွေးရင်လည်း အငတ်ငတ်အပြတ်ပြတ်နဲ့ ဘာကျွေးလဲဆိုတော့ ရှူးရှဲနဲ့ စွန်တန်ပဲကျွေးတယ်။ တစ်ခါတလေမှာ ရှူးရှဲတောင်မှ နပ်မမှန်ဘူး။ တစ်ခါတလေ ဆားဖြူးစားရတဲ့အခါတွေလည်းရှိတယ်။ အဲဒီလိုအစားအသောက် နပ်မမှန်တော့ ကိုယ်ဘာသာတောထဲက အသီးအရွက်လေးတွေ ခူးချက်စားရတယ်။ အဲဒီလိုသွားခူးစားလို့ သိသွားရင် အရိုက်အနှက်ခံရတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူတို့ကျွေးတာမစားလို့၊ မင်းတို့က အဲဒီလိုခူးစားလား၊ လုပ်စားလား ဆိုပြီးတော့ ကျွန်တော်တို့ကို ရိုက်နှက်နှိပ်စက်တာတွေရှိတယ်။ ကျွန်တော်တို့ဟာဆိုရင် အစာအာဟာရ ပြည့်ပြည့်ဝဝမစားရဘူး။ အိပ်တာလည်း ဝဝလင်လင် မအိပ်ရဘူး။ ပြီးရင် လူမျိုးရေးခွဲခြားတာတွေလည်းရှိတယ်။ ဘယ်လိုလူမျိုး ရေးခွဲခြားတာလဲဆိုတော့ ပလောင်တွေက သူတို့လူမျိုးဆိုရင် တစ်ခုခုအမှားလုပ်တာတို့၊ အပြစ်လုပ်တာ တို့ဆိုရင်သက်သာတဲ့ အပြစ်ပေးတာပဲရှိတယ်။ ကျွန်တော်တို့ ဓနုလူမျိုးတစ်ယောက်က အမှားလုပ်ပြီဆိုရင် သေမလောက်အထိနှိပ်စက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ကြိတ်မှိတ်ပြီးနေခဲ့ရတယ်။ ကျွန်တော်တို့မှာ အဖိအနှိပ်ခံဘဝနဲ့ ရှင်လျက်နဲ့သေနေသလို သင်တန်းမှာနေခဲ့ရတယ်။ ရှေ့တန်းရောက်ရောက်ချင်း ဘာတွေအတွေ့အကြုံရလဲဆိုတော့ မဖြစ်နိုင်တဲ့အရာကို တက်ခိုင်း၊ လုပ်ခိုင်းတယ်။ ဒီနေရာ မဖြစ်ဘူးဆိုရင်လည်း ဆုတ်ခိုင်းမယ်မရှိဘူး။ တက်တက်ဆိုပြီးတော့ အတင်းတက်ခိုင်းတယ်။ ကျွန်တော့်ရှေ့မှာပဲ သူငယ်ချင်းတွေ သေတာတွေရှိတယ်။ အဲဒီအထဲမှာ ပလောင်လူမျိုးတစ်ယောက်မှမပါဘူး။ ကျွန်တော်တို့ကြေကွဲရတယ်။ ခံစားရတယ်။ ကျွန်တော်တို့ ပြေးချင်တယ်။ လွတ်လမ်းရှာချင်တယ်။ ဒါပေမယ့်အခွင့်မသာဘူး။ နောက်ဆုံး တာဝန်ကျတဲ့ကုန်းကတော့ ကျောက်ကြမ်းကုန်းပေါ့။ အဲဒီကုန်းမှာ အဖြစ်အပျက်က ပိုဆိုးသွားတယ်။ ဘယ်လိုအဖြစ်အပျက် ပိုဆိုးသွားလဲဆိုတော့ ပလောင်တွေအများစုကကျတော့ ခုနက ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့ ဓနုလူမျိုးကို လူမျိုးတုန်းသတ်ဖြတ်တာပေါ့ဗျာ။ အမှန်က သူတို့ကအရှေ့ကမတိုက်ဘူး။ ကျွန်တော်တို့ ဓနုလူမျိုး လူ အယောက်လေးငါးဆယ်ကို အရှေ့ကိုအတက်ခိုင်းပြီး အတိုက်ခိုင်းတယ်။ သူတို့လူမျိုးကျတော့ တစ်ယောက်နှစ်ယောက်ပဲပါတယ်။ ပြီးရင်သူတို့က တက်တက်ဆိုရင် မြန်မာလိုပြောပြီးတက်တယ်ဗျာ။ ဆုတ်ဆုတ်ဆိုရင် ပလောင်လိုပြောပြီး ဆုတ်သွားတယ်။ ကျွန်တော်တို့က ပလောင်စကား နားမလည်တော့ အဲဒီမှာခံရပါတယ်။ ဘာခံရလဲဆိုတော့ ကျွန်တော်တို့ ဘုမသိဘမသိနဲ့ ဓနုတွေပဲကျန်ခဲ့တဲ့အတွက်ကြောင့် ဓနုလူမျိုးတွေသေကြတယ်ဗျာ။ အဲ့ဒီလိုပလောင် စကားနားမလည်တဲ့ ဓနုလူမျိုး တွေသေဆုံးတဲ့အတွက် ကျွန်တော် တို့ မကျေနပ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ငါတို့အလင်းဝင်မှ ရတော့မယ်။ ငါတို့ဒီလိုအခက်အခဲ ဘဝနဲ့ အဆင်မပြေတော့ဘူး။ ဘာလို့လဲဆိုတော့ ငါတို့အသက် ရှင်အောင် ငါတို့ကြိုးစားမှရမယ်လို့ တိုင်ပင်ပြီး ကျွန်တော်နဲ့အတူ သူငယ်ချင်းလေးယောက် ည ၁၂ နာရီအချိန်မှာ ထွက်ပြေးလာပြီး ပြင်ဦးလွင်ရောက်ဖို့ နှစ်ရက်ဆက်တိုက် လမ်းလျှောက်ခဲ့ရတယ်။ ကျန်တဲ့သူငယ်ချင်းတွေကိုလည်း ပြောချင်တာကတော့ အဲဒီမှာ ပေကပ်မနေနဲ့တော့၊ ကိုယ့်အသက်ကို နှမြောတယ်ဆိုရင် တပ်မတော်နဲ့လာပူးပေါင်းပါလို့ ပြောချင်တယ်။ သူတို့ပလောင်တွေ ဝါဒဖြန့်သလို အလင်းဝင်သူတွေ ကို တပ်မတော်က သတ်တယ်၊ နှိပ်စက်တယ်တို့ ထင်ခဲ့မိတာ။ လက်တွေ့မှာတော့ ကျွန်တော်တို့ ထင်ခဲ့သလိုမဟုတ်ဘဲ တကယ်တမ်း အလင်းဝင်လာတော့ တပ်မတော်က ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ အဲဒီလိုတွေမြင်ရတော့ ဝမ်းသာကြည်နူးပြီး မျက်ရည်တောင် ကျမိတယ်။ သူငယ်ချင်းတွေကိုသိအောင် ပြောချင်တာက တပ်မတော်က တကယ်နွေးထွေးစွာကြိုဆိုတယ်။ ဒီရောက်လာမှ အစားအသောက်လည်း ကောင်းကောင်းစားရတယ်။ အိပ်ကောင်းချင်းလည်း အိပ်ရတယ်။ ပြောမယ် ဆိုရင် စိတ်လွတ်ကိုယ်လွတ်နေရ ထိုင်ရတယ်။ အရင်ကဆိုကြောက် စိတ်တွေနဲ့နေခဲ့ရတယ်။ ဘယ်နေ့သေမလဲ။ ဘယ်နေ့လက်နက်ကြီးကျမလဲ။ ဘယ်နေ့လေယာဉ်ကြဲမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့နေခဲ့ရတဲ့အချိန်တွေနဲ့ အခုအလင်းဝင်ရောက်တဲ့အခြေအနေနဲ့ တခြားစီကွာခြားသွားပြီလို့ ပြောချင်ပါတယ်။

အလင်းဝင် - ၂

ကျွန်တော် ဒီအဖွဲ့အစည်းထဲကို ကိုယ့်စိတ်ဆန္ဒနဲ့ဝင်သွားတာ မဟုတ်ပါဘူး။ ပြောချင်တာတော့ သူတို့ ကျွန်တော်တို့ကို တစ်အိမ်တစ်ယောက် မဖြစ်မနေ ဝင်ရမယ်ဆိုပြီးတော့ မဝင်ရင်လည်း ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေကို ဒုက္ခပေးမယ်ပေါ့။ တစ်ခုခုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ကျွန်တော် အခုလိုဝင်ရခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ထဲကိုဝင်တဲ့အချိန်မှာလည်း အဆင်မပြေမှုတွေအများကြီး ကြုံရတယ်။ ဘယ်လိုကြုံရလဲဆိုတော့ လူမျိုးရေးခွဲခြားတာတွေရှိတယ်။ နောက်ပြီးတော့သူတို့က လက်နက်ကိုင်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့လည်းသူတို့ခိုင်းတာကို မဖြစ်မနေလုပ်ရတာပဲဖြစ်တယ်။ သင်တန်းတွေဆက်တက်တဲ့အချိန်မှာလည်း လူမျိုးရေးခွဲခြားတယ်။ တစ်ယောက် နဲ့တစ်ယောက် အနိုင်ကျင့်ပြောဆို ဆက်ဆံခံရတာတွေ အများကြီးရှိတယ်။ အဲဒါတွေကြုံခဲ့ရတယ် အများကြီးဗျာ။ နောက်ပြီးတော့ ဒီသင်တန်းတက်ပြီးလို့ ရှေ့တန်းကို ထွက်လာတဲ့အချိန်မှာလည်း ကျွန်တော်တို့ကို ရှေ့ပဲထိုးခိုင်းတယ်။ အကြီးပိုင်း ပလောင်တွေကတော့ နောက်မှာပဲနေတယ်။ မဖြစ်မနေ ရအောင်တိုက်ဆိုပြီး ပြောထားတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့လည်း အသေခံတိုက်ရတယ်။ အဲဒီလိုမျိုးကြုံခဲ့ရတယ်။ သူတို့က နောက်မှာနေပြီးတော့ ကျွန်တော်တို့တိုက်လို့ နိုင်ထားတဲ့မြို့တွေ၊ သိမ်းလို့ရထားတဲ့ မြို့တွေ၊ ရွာတွေကို သူတို့ဝင်တယ်။ ဝင်ပြီးတော့ သူတို့အဲဒီမှာရှိတဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေကိုယူတယ်။ ယူပြီးတော့ အဲဒါတွေကိုလည်း ကျွန်တော်တို့ DPLA အဖွဲ့အစည်းတွေ ကောင်းစားဖို့အတွက်မဟုတ်ဘူး။ တကယ်တမ်းတော့ ပလောင်တွေ ကောင်းစားဖို့အတွက်ပဲ၊ သူတို့ကိုယ်သူတို့ ကောင်းစားဖို့အတွက်ပဲ သူတို့လုပ်ကြတယ်။ သူတို့က ပြည်သူတွေရဲ့ပစ္စည်းတွေ ကို ယူတယ်။ ယူပြီးတော့ သူတို့ပဲကောင်းစားဖို့အတွက်လုပ်တယ်။ သူတို့ကနောက်မှာ ထိုင်တယ်။ အေးဆေးပိုက်ဆံကို ဆီနဲ့ရေလိုသုံးကြတယ်။ ကျွန်တော်တို့ကိုကျတော့ ရှေ့တန်းမှာဆိုရင် ရှူးရှဲ၊ စွန်တန်နဲ့ ဖြစ်သလိုကျွေးတယ်။ ဖြစ်သလိုကျွေးပြီးတော့ အသေခံတိုက်ခိုင်းတယ်။ နောက်ဆုတ်လာ ပြီဆိုရင်လည်း ပစ်သတ်တာမျိုးတွေ၊ ခြိမ်းခြောက်တာမျိုးတွေ အများကြီးရှိတယ်ဗျာ။ အဲဒါကြောင့်မလို့ နောင်ချိုမြို့ကို မရမကထိုးမနိုင်ရင် မင်းတို့ကို သတ်မယ်ခြိမ်းခြောက်လို့ ကျွန်တော်တို့လည်း ရှေ့တန်းက အမြင်မှန်ရပြီးတော့ တပ်မတော်ထဲကို အလင်းဝင်ရောက်ခြင်း ဖြစ်ပါတယ်။ အခုမှဝင်လာတယ်ဆို ပေမယ့်လည်း ကိုယ့်ကိုယ်ကို နောင်တရလို့မဆုံးဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ ဒီထဲဝင်လာရင် တပ်မတော်ဘက်ကလည်း အေးအေးချမ်းချမ်းနဲ့ ကြိုဆိုတယ်။ ကောင်းကောင်းမွန်မွန်နွေးထွေးစွာနဲ့ ကြိုဆိုတဲ့အတွက် ကျွန်တော်တို့မှာ ပြောမပြ တတ်အောင် ဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်နောင် တပ်မတော်နှင့် ပြည်သူအတွက်ကို ဘယ်လိုတာဝန်ပဲပေးပေး ကျွန်တော်တို့ရဲရဲဝံ့ဝံ့နဲ့ တာဝန်ထမ်းဆောင်ပါ့မယ်လို့ ကတိပေးပါတယ်။ နောက်နောင်လည်း အကြမ်းဖက်အဖွဲ့အစည်းထဲကိုလည်း မဝင်တော့ပါဘူးလို့ ဝန်ခံကတိပြုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

31 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၂၉ ရက် ညနေ ၆ နာရီတွင် လောင်းလုံးမြို့နယ်၊ ပန်းဒက်အင်းကျေးရွာနေ ဦးစံဦး(၆၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်အနီးသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

31 July 2025

 လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ် သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာ၌ PDF အမည်ခံ အကြမ်း ဖက်အဖွဲ့က အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်နိုင် (၅၂)နှစ်၏နေအိမ်သို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး နေအိမ်ရှိ မော်တော်ယာဉ် တစ်စီး၊ ဆိုင်ကယ် နှစ်စီးနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်ကာ ဦးမြင့်နိုင်အား အကြမ်းဖက်ခြိမ်းခြောက်ဖမ်းဆီး၍ ညောင်ပင်ဝိုင်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

30 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ်တွင် စလင်းမြို့နယ်၊ ကျပင်း(တောင်)ကျေးရွာနေ ဦးထင်အောင်လင်း(၄၅)နှစ်သည် ၎င်း၏နေအိမ်မှ မြို့သစ်ကျေးရွာသို့ ပန်းရံလုပ်ငန်းလုပ်ကိုင်ရန် ထွက်ခွာလာစဉ် ကျပင်း(တောင်)ကျေးရွာတောင်ဘက် သုံးဖာလုံခန့်အကွာရှိ နတ်ကွန်းစင်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

30 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

30 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နမ့်ဆောင်ဟူးကျေးရွာနေ ဦးမျိုးမြင့်အောင်(၄၀)နှစ်သည် ကျေးရွာတောင်ဘက်ရှိ ပြောင်းစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် ၎င်းအနီးသို့ TNLA အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာနေ ဦးကျော်ဝင်း(၅၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ TNLA အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့် ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရပ်ကွက်/ကျေးရွာစာရေး တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

30 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာနေ ရပ်ကွက်/ကျေးရွာစာရေး ဖြစ်သူ ဒေါ်တင်အေး(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ဒေါ်တင်အေးအား အကြမ်း ဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာအနောက်ဘက် နွားထိုးကြီး-တောင်သာကားလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။