05 August 2025

05 August 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း၌ စောင့်ဆိုင်းနေစဉ် ဂျိုးဖြူလမ်းရှိ ကားဂိတ်မှ ပါဆယ်ပစ္စည်းထုတ်ယူပြီး ထွက်လာသူ အောင်သူရဟိဏ်း(၂၇)နှစ်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းသယ်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၀၀၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၃၅၀ သိန်းနှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၇၀၃ ဒသမ ၁၅ သိန်း)နှင့် ကတ်တမင်း ၀ ဒသမ ၀၄ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၅၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၀) ဖမ်းဆီးရမိသဖြင့် အောင်သူရဟိဏ်း အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA

နေပြည်တော် သြဂုတ် ၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် သာယာကုန်းကျေးရွာအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၄ မျိုး၊ လူသုံးကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၇၇၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck သုံးစီး၊ Hino Profia Truck တစ်စီး၊ Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၅၇၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသည့် ကျောက်တုံးတစ်တုံးနှင့် ကျောက်ဖြတ်စရောရာ ငါးမျိုး(ခန့်မှန်း တန်ဖိုးငွေကျပ် ၈၈၅၀၀၀၀)နှင့် အဆိုပါကျောက်စိမ်းများ တင်ဆောင်လာသည့် Honda Insight မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၈၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး၊ လူသုံးကုန်ပစ္စည်းသုံးမျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၅၉၉၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း တရားမဝင်စက်သုံးဆီ၊ ဒီဇယ်ဆီကိုးပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၀၀၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂၉၉၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ သြဂုတ် ၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်သုံးစီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၉ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် သြဂုတ် ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၇၉၁၉၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်၍ တရားမဝင်ကုန်စည်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
MOI

03 August 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် ကလေးငယ် တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်တံခါးမြို့နယ်၊ ဆေးရိုးခင်ကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအနီး လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးလှဝင်း(၆၄)နှစ်နှင့် မလရိပ် ငါးနှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

04 August 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မွန်းလွဲ ၂ နာရီတွင် လားရှိုးမြို့နယ်၊ ခေးခမ်းကျေးရွာနေ ဦးအောင်နိုင်ကျော်(၃၈)နှစ်သည် ကျေးရွာထိပ်ရှိ တောအတွင်း၌ မှိုရှာနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက် နံနက် ၆ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းဒက်အင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မောင်စိုးမိုးနိုင်(၁၃)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နေပြည်တော် ဩဂုတ် ၃
ကျိုင်းတုံမြို့နှင့် ကျိုက်မရောမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂ ရက် ညနေ ၅ နာရီခွဲတွင် သတင်းအရ ကျိုင်းတုံမြို့ ရပ်ကွက်(၅) နောင်တုံကန်ပတ်လမ်း၌ လော်လန်း(ခ)လော်တီး မောင်းနှင်ပြီးနောက်တွင် လီဆန်လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇၀) ဖမ်းဆီးရမိခဲ့သည်။
အလားတူ ပူးပေါင်းအဖွဲ့သည် ညနေ ၅ နာရီခွဲတွင် သတင်းအရ ကျိုက်မရောမြို့ အောင်သုခရပ်ကွက် နန္ဒာလှိုင်လမ်းဆုံတွင် စောဖလှအောင်(ခ)စောလှအောင် မောင်းနှင်ပြီး ဘောလုံးနှင့် မလင်းအေး(ခ)မနှင်းအောင်တို့ လိုက်ပါလာသည့် အိုးဝေယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၀၀) နှင့် လက်လုပ်ကာဘိုင်သေနတ် တစ်လက်၊ LC-72 ကာဘိုင်ကျည် ၂၃ တောင့်၊ ကာဘိုင်ကျည်အိမ်တစ်ခု၊ လက်ပစ်ဗုံးသုံးလုံးတို့ကို ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့ နိုင်ငံရေးမှူး Mr. Jiang Guoli ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်တိုင်း မန်စီမြို့ရှိ YESTE ဟိုတယ်အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၆ ရက်တွင်တွေ့ဆုံကာ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် မူဆယ်ဒေသအတွင်း အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအား မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ကရင်ပြည်နယ် မြဝတီဒေသတွင်လည်း တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ နိုင်ငံခြားသား ၉၂၉၉ ဦးအား ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍ တရားမဝင်အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး သတင်းဖလှယ်ခြင်း၊ ဖမ်းဆီးရမိတရားခံများအား ပြန်လည်လွှဲပြောင်းလက်ခံခြင်းနှင့် ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့များ၊ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်မှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှုစစ်ဆေးဖော်ထုတ်ရေးအား ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်အတွင်း တရားမဝင်ဝင်ရောက်၍ အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၂၅၆ ဦးတို့အား အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၁၅ လုံး၊ ကွန်ပျူတာအလုံး ၃၀၊ Laptop ခုနစ်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃၁၁ လုံး၊ Wifi စက် ၁၄ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါဖမ်းဆီးရမိခဲ့သူများအား မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဆွေးနွေးပွဲသဘောတူညီ ချက်များအရ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် မြန်မာ- တရုတ်နှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် မန်ဝိန်းဂိတ်၌ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကျီးပင်ကျေးရွာနေ ဦးအောင်အောင်(၄၂)နှစ်သည် ၎င်းအလုပ် လုပ်ကိုင်သည့် အင်္ဂပူမြို့နယ်၊ ချင်ကိုက်ကွင်းကျေးရွာနှင့် လေးမျက်နှာမြို့နယ်၊ ဝါးတောကွင်းကျေးရွာ အကြားရှိ မန်ဂျန်ရှားစိုက်ခင်းမှ ကျီးပင်ကျေးရွာသို့ ၎င်း၏သားဖြစ်သူ မောင်ကောင်းခန့်အောင် ငါးနှစ် နှင့်အတူ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် စိုက်ခင်းအပြင်ဘက်အရောက် PDF အမည်ခံ အကြမ်းဖက် သမား သုံးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်အောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကွင်းကောက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် မောင်ကောင်းခန့်အောင်တွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီမှ ၁၀ နာရီ ၅၅ မိနစ်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ နိုင်ငံရေးမှူး Mr. Jiang Guoli ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ မန်စီမြို့ရှိ YESTE ဟိုတယ်အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မူဆယ်ဒေသအတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအား မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် နှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်၌ မူဆယ်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်၍ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၇၁၆ ဦးနှင့် ဒုတိယအကြိမ်တွင် တရုတ်နိုင်ငံသား ၁၆၆ ဦးအား ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်စစ်ဆေးရေးများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသား ၁,၀၂၆ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း။
အလားတူ ကရင်ပြည်နယ်၊ မြဝတီဒေသတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ နိုင်ငံခြားသား ၉,၂၉၉ ဦးအား ကယ်တင် နိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍ တရားမဝင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီးနိုင်ရေး သတင်းဖလှယ်ခြင်း၊ ဖမ်းဆီးရမိ တရားခံများအား ပြန်လည်လွှဲပြောင်းလက်ခံခြင်းနှင့် ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်း၍ မူဆယ်ဒေသအတွင်း တတိယ အကြိမ် အွန်လိုင်းလိမ်လည်မှုစစ်ဆေးရေးအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်အထိ တပ်မတော်မှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်၍ အွန်လိုင်း လိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၂၅၆ ဦးနှင့် မြန်မာနိုင်ငံသား ၂၃ ဦးတို့အား အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၁၅ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ Laptop ၇ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃၁၁ လုံး၊ Wifi စက် ၁၄ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင် ခဲ့ပါသည်။
တတိယအကြိမ် အွန်လိုင်းလိမ်လည်မှုစစ်ဆေးရေး သုံးရက်အတွင်း ဖမ်းဆီးရမိသည့် တရုတ် နိုင်ငံသား ၂၅၆ ဦး တို့အား မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဆွေးနွေးပွဲသဘောတူညီချက်များအရ ဇူလိုင် ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် မြန်မာ-တရုတ်နိုင်ငံ နယ်စပ်ဝင်/ထွက်ပေါက် မန်ဝိန်းဂိတ်၌ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များ၌ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအားလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက အမျိုးသား နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဩဂုတ် ၂ ရက် ည ၈ နာရီတွင် ကလော့သော့ကျေးရွာအရှေ့ဘက်ရှိ ရော်ဘာခြံသို့ PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ခြံအလုပ်သမားများ ဖြစ်ကြသည့် ကလော့သော့ကျေးရွာနေ ဦးထက်အာကာ(၄၁)နှစ်နှင့် ကိုညီညီလွင်(၂၅)နှစ်တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှု များအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။