သတင်းများ

အမေရိကန်နှင့် ဆက်ဆံရေး မရေရာမှုများကြား ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို ဥရောပသမဂ္ဂ ထုတ်ပြန်ကြေညာ

အနာဂတ်တွင် နေတိုးအဖွဲ့အား အမေရိကန်၏ ပံ့ပိုးမှုနှင့်ပတ်သက်၍ မရေမရာရှိနေချိန်တွင် ဥရောပကော်မရှင်က စစ်ရေးအရ အသင့်ရှိမှုကို တိုးမြှင့်ကာ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်မဟုတ်သော မဟာမိတ်များအပေါ် မှီခိုမှု လျှော့ချရန် ရည်ရွယ်လျက် အီးယူ၏ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေးအတွက် ကျယ်ပြန့်သော စီမံချက်တစ်ရပ်ကို မတ် ၁၉ ရက်က ကြေညာခဲ့သည်။

“ကျွန်မတို့ အမှီပြုနေသည့် လုံခြုံရေးဆိုင်ရာ အခင်းအကျင်းကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရတော့ပါဘူး။ ဥရောပဟာ အရှိန်မြှင့်ပြင်ဆင်သွားဖို့ အသင့်ရှိနေပါပြီ။ ကျွန်မတို့အနေဖြင့် ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံပြီး ကာကွယ်ရေးစွမ်းရည်ကို အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအတွက် ကြိုတင်ကာကွယ်သည့် ချဉ်းကပ်မှုပုံစံကို ကျင့်သုံးရမှာပါ” ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းစီမံချက်၏ အဓိကအကျဆုံး အစိတ်အပိုင်းမှာ White Paper for European Defence – Readiness 2030 ဟူသော ဥရောပကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းနှင့် ကာကွယ်ရေးစွမ်းရည်အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အီးယူအဖွဲ့ဝင်နိုင်ငံများအား ဘဏ္ဍာရေးအရ ထောက်ကူပေးမည့် ကာကွယ်ရေး အစီအမံတို့ပင်ဖြစ်သည်။

ယင်းတို့သည် ReArm Europe Plan/Readiness 2030 ကာကွယ်ရေးစီမံချက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ဥရောပကော်မရှင်က ဆိုသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများက ဖော်ထုတ်တွေ့ရှိရသည့် အလွန်အရေးပါသော ကာကွယ်ရေးဆိုင်ရာ ကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းရေး၊ စုပေါင်းဝယ်ယူဖြည့်တင်းမှု မြှင့်တင်ရေး ကြိုးပမ်းမှုများမှတစ်ဆင့် ဥရောပ၏ စစ်လက်နက် ထုတ်လုပ်ရေးကဏ္ဍ ခိုင်မာအားကောင်းရေး စသော အဓိကဦးစားပေးကိစ္စရပ်များကို အဆိုပါ စက္ကူဖြူစာတမ်း၌ ဖော်ပြ ထားသည်။
ထို့ပြင် ယူကရိန်းအတွက် စစ်ရေးအကူအညီများ တိုးမြှင့်ရန်၊ ထိရောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အတွက် စည်းမျဉ်းစည်းကမ်းများကို ပိုမိုရိုးရှင်းထိရောက်စွာ ချိန်ညှိခြင်းဖြင့် ဥရောပသမဂ္ဂတစ်ခွင်၌ စစ်လက်နက် ပစ္စည်းဈေးကွက် ချဲ့ထွင်ရန် လိုအပ်သည်ဟုလည်း ထိုစက္ကူဖြူစာတမ်း၌ အလေးအနက် ဖော်ပြထားသည်။

လက်ရှိတွင်မူ အီးယူအဖွဲ့ဝင်နိုင်ငံများက အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းစနစ်များကို အသုံးပြုလျက်ရှိသဖြင့် အပြန်အလှန် ချိတ်ဆက်နိုင်စွမ်းနှင့် ထိရောက်မှုတို့တွင် အကန့်အသတ်ဖြစ်ပေါ်လျက်ရှိသည်။

အနာဂတ်စီမံချက်သစ်ကို အီးယူအစိုးရခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်ခြင်းဖြစ်ရာ ဥရောပကာကွယ်ရေးကိစ္စရပ်က ထိပ်သီးအစည်းအဝေး၏ ထိပ်တန်းဦးစားပေးအဖြစ် ဆက်ရှိနေပါသည်။

ကိုးကား-ဆင်ဟွာ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ၁၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး(ခ)ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်းမောင်းနှင်ပြီး ရဲဝင်းထက်လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ၁၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး(ခ)ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်းမောင်းနှင်ပြီး ရဲဝင်းထက်လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ ယင်းနေ့ ည ၁၁ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးသီဟနှင့် အောင်ဖြိုးကိုတို့အား အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် ဖမ်းဆီးရမိခဲ့ပြီး မတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုကွက်သစ်၊ ၁၄၀(B)လမ်း၊ ၅၅ x ၅၆ လမ်းကြားရှိနေအိမ်တွင် ၎င်းတို့ ၂ ဦး ဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၆ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့သယ်ဆောင်ရန် စေခိုင်းသူ ဇော်မင်းထွန်း(ခ)ကိုဇော်(ခ)ပုံတူအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Source: www.moi.gov.mm

ရုရှားက ဥရောပကို တိုက်ခိုက်ရန် အစီအစဉ် မရှိသည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း ထရမ့် အထူးကိုယ်စားလှယ်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff က ရုရှားသည် ဥရောပတစ်လွှားကို စစ်ဆင်နွှဲလာနိုင်သည့် အစီအစဉ် ရှိကြောင်း ပြောဆိုနေမှုသည် လုံးဝ မဖြစ်နိုင်သည့် ရာခိုင်နှုန်းသည်   ၁၀၀ ရာခိုင်နှုန်း သေချာကြောင်း အမေရိကန်သတင်းထောက် Tucker Carison ၏ မေးမြန်းချက်ကို ပြတ်ပြတ်သားသား ဖြေကြားသွားပါသည်။

“ထိုသို့ပြောနေကြခြင်းကို မိမိအနေဖြင့် လုံးဝမဖြစ်နိုင်ကြောင်း ပြောကြားလိုပါကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးမှာတုန်းက မရှိခဲ့သည့် နေတိုး (မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့)ကို မိမိတို့ ခိုင်ခိုင်မာမာ ဖွဲ့စည်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း” အထူးကိုယ်စားလှယ်က ဖြေကြားသွားပါသည်။ 

ကိုးကား- TASS  

Photo: Mehr News Agency

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ယူကရိန်း တပ်မတော်သည် ရုရှားနိုင်ငံ၊ ဘဲလ်ဂိုရိုဒ်မြို့၏ စစ်မျက်နှာတွင် ၂၄ နာရီအတွင်း စစ်မှုထမ်း ၉၅ ဦးအထိ ဆုံးရှုံး

ယူကရိန်း တပ်မတော်သည် ဘဲလ်ဂိုရိုဒ် စစ်မျက်နှာတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း စစ်မှုထမ်း ၉၅ ဦးအထိ ဆုံးရှုံးခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

“ဘဲလ်ဂိုရိုဒ်မြို့ စစ်မျက်နှာတွင်၊ ရုရှားမြောက်ပိုင်းတပ်မ၏တပ်ဖွဲ့များသည် ယူကရိန်း တပ်မတော်၏ စက်တပ်တပ်ဖွဲ့နှင့် နယ်မြေကာကွယ်ရေး တပ်ဖွဲ့တို့ကို ဆူမီဒေသ၏ ဂရူနိုဗ်ကာ၊ လော့နီယာ၊ ဆက်ဒ်ကီနှင့် တူရီယာ ကျေးရွာများတွင် ထိခိုက်ဆုံးရှုံးစေခဲ့ပါသည်။ ယူကရိန်း တပ်မတော်သည် စစ်မှုထမ်း ၉၅ ဦး၊ တင့်ကား တစ်စီး၊ သံချပ်ကာကား နှစ်စီး၊ ကား ၁၄ စီး၊ နှင့် လက်နက်ကြီး ခြောက်လက်အထိ ဆုံးရှုံးခဲ့သည်" ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယူကရိန်း တပ်မတော်သည် ရုရှား အရှေ့ဘက် တပ်မ၏ တာဝန်ယူမှု နယ်မြေအတွင်း လွန်ခဲ့သော ၂၄ နာရီအတွင်း စစ်မှုထမ်း ၁၆၅ ဦးအထိ ဆုံးရှုံးခဲ့ရပါသည်။ “ရုရှား အရှေ့ ဘက်တပ်မ၏ တပ်ဖွဲ့များသည် ရန်သူ၏ ကာကွယ်ရေးနယ်မြေအတွင်းသို့ ဆက်လက်တိုးဝင်နိုင်ခဲ့ပါသည်။ ၎င်းတို့ သည် ယူကရိန်း တပ်မတော်၏ စက်တပ်တပ်ဖွဲ့၊ လေကြောင်းတပ်ဖွဲ့နှင့် ရိန်ဂျာ တပ်ဖွဲ့တို့ကို ဒိုနက်စ်က် ပြည်သူ့သမ္မတနိုင်ငံ၏ အိုထရာ့ဒ်နိုယေ၊ ဖီဒိုရိုဗ်ကာနှင့် ဗီဆီလိုယေ ကျေးရွာများတွင် အနိုင်ယူခဲ့ပါသည်။ ယူကရိန်း တပ်မတော်သည် စစ်မှုထမ်း ၁၆၅ ဦး၊ တင့်ကား တစ်စီး၊ ကား ခြောက်စီး နှင့် လယ်ကွင်းကျည်ကြီးသိုလှောင်ရုံ သုံးခုအထိ ဆုံးရှုံးခဲ့သည်" ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကိုးကား - Tass

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှုး ဆာဂေးရှိုးဂူသည် ဆားဘီးယား ဒုတိယဝန်ကြီးချုပ် ဗူလင်နှင့် တွေ့ဆုံ

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူသည် မော်စကိုတွင် ဆားဘီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန်ဒါ ဗူလင်နှင့် တွေ့ဆုံခဲ့ပါသည်။

ဆွေးနွေးပွဲများသည် ဆားဘီးယားနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်နေသော လက်ရှိအခြေအနေကို အထူးဂရုပြု၍ လုံခြုံရေးနယ်ပယ်၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအပေါ် အဓိကထားဆွေးနွေးခဲ့ကြပါသည်။

ဆာဂေးရှိုးဂှု နှင့် ဗူလင်တို့၏ ယခင်တွေ့ဆုံမှုသည် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပြီး၊ ထိုစဉ်က ၎င်းတို့သည် “နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ဆားဘီးယားနိုင်ငံရှိ လက်ရှိအခြေအနေ” တို့ကို ဆွေးနွေးခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် ရုရှားဘက်မှ အစိုးရသည် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရာတွင် “ဆားဘီးယား၏ ညီအစ်ကို ပြည်သူများ” အား ထောက်ပံ့ကူညီပေးရန် အဆင်သင့်ရှိကြောင်းကိုလည်း ပြန်လည်အတည်ပြုခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆားဘီးယားနိုင်ငံ၊ နိုဗီဆတ် ရထားဘူတာ၌ အဆောက်အဦတစ်ခု ပြိုကျပြီးနောက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများသည် တစ်နိုင်ငံလုံး၌ ပေါ်ပေါက်ခဲ့ပြီး ထိုအချိန်မှစ၍ ဆက်လက်ဖြစ်ပွားနေပါသည်။ ဆန္ဒပြသူများသည် ထိုအဖြစ်ဆိုးအတွက် အာဏာပိုင်များကို တာဝန်ခံစေလိုနေကြသည်။ ထိုဆန္ဒပြမှုများ၏ နောက်ခံ အခြေအနေတွင် ဆားဘီးယားသမ္မတ အလက်ဇန်ဒါ ဗူချစ်ခ်က ယူကရိန်း ၏ မိုင်ဒန်နှင့်ဆင်တူသော အရောင်ပြောင်းတော်လှန်ရေးသည် ဆားဘီးယား တွင် ဖြစ်ပွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံရှိ ငွေကြေးလိမ်လည်မှုလုပ်ငန်းနေရာမှ ဖမ်းဆီးထိန်းသိမ်း ထားသည့် ဂျပန်နိုင်ငံသား တစ်ဦးအား ဧပြီလအတွင်း ဂျပန်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်

မြန်မာနိုင်ငံရှိ ငွေကြေးလိမ်လည်မှုလုပ်ငန်းနေရာမှ ဖမ်းဆီးထိန်းသိမ်းထားသည့် အသက် (၃၆) နှစ် အရွယ် ဂျပန် နိုင်ငံသားတစ်ဦးအား ဧပြီလအစောပိုင်းတွင် ဂျပန်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းသည် Hokkaido ခရိုင်၊ Sapporo မြို့ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်မှ ငွေကြေးများ ခိုးယူမှုဖြင့် သံသယရှိသူ တစ်ဦးဖြစ်ကြောင်း ထောက်လှမ်းရေးအရင်းအမြစ်များက NHK သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

၎င်းအား ငွေကြေးခိုးယူမှုဖြင့် ဖမ်းဆီးရန် ဝရမ်းရရှိထားပြီး ငွေကြေးလိမ်လည်သည့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ခဲ့မှုနှင့်ပတ်သက်သည့် အခြေအနေများကိုလည်း မေးမြန်းရန် စီစဉ်ထားရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြား ခဲ့သည်။

အဆိုပါဂျပန်နိုင်ငံသားသည် မြန်မာနိုင်ငံ၌အခြေပြုသည် တရုတ်နိုင်ငံ၏ ငွေကြေးလိမ်လည်မှုလုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက အာဏာပိုင်များက ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်အများအပြားက ဆိုကြကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)

နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား အမေရိကန် က နှစ်လအချိန်ပေးထားဟု CNN သတင်းဌာန ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီထံ ပေးပို့ခဲ့သည့် စာတစ်စောင်၌ နျူကလီးယား သဘောတူညီချက်သစ် ရယူရန် အီရန်အား နှစ်လ အချိန်သတ်မှတ်ပေးထားကြောင်း ယင်းစာတွင် ပါဝင်သော အကြောင်းအရာများကို သိရှိထားသော သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက မတ် ၁၉ ရက်၌ ဖော်ပြခဲ့သည်။

နျူကလီးယား သဘောတူညီချက်သစ်အတွက် ဆွေးနွေးရန် ကမ်းလှမ်းထားသည့် စာတစ်စောင်ကို အီရန် ခေါင်းဆောင်ပိုင်းထံ ပေးပို့ထားသည်ဟု မတ်လအစောပိုင်းတွင် ထရမ့်က Fox Business Network သတင်းဌာနကို ပြောကြား ခဲ့သည်။
ထို့ပြင် အမေရိကန်အနေဖြင့် အီရန်နှင့် နောက်ဆုံးအဆင့် သဘောတူညီမှုအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အီရန်အား နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အိမ်ဖြူတော်၌ ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“အီရန်နှင့် မကြာခင်မှာ ဖြစ်လာနိုင်သည့် အခြေအနေတစ်ရပ်ရှိပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးသဘောတူညီမှု ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ “တခြားတစ်ခုခုထက် ငြိမ်းချမ်းရေးသဘောတူညီမှုရသည်ကိုသာ မြင်ချင်ကြောင်း ဆိုလိုခြင်းဖြစ်သော်လည်း တခြားတစ်ခုခုနှင့်လည်း ပြဿနာကို ဖြေရှင်းနိုင်မှာပါ” ဟု ထရမ့်က ဆိုသည်။
ယင်းစာအား ထရမ့်၏ အရှေ့အလယ်ပိုင်း သံတမန် စတိဗ် ဝစ်ကော့ဖ်က လွန်ခဲ့သောသီတင်းပတ်အတွင်း အဘူဒါဘီသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သမ္မတ ရှိတ်ခ်မိုဟာမက် ဘင်ဇာယက် အယ်လ်နာယန်ထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းရင်းမြစ်၏ အဆိုအရ သိရသည်။ နောက်ပိုင်းတွင် ယူအေအီးက ယင်းစာကို အီရန်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

မိုးညှင်းမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မိုးညှင်းမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မတ် ၁၉ ရက် နံနက် ၁၀ နာရီခွဲ တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ အုပ်စု နန့်စီးအောင် ကျေးရွာအနီးတွင် ဖြိုးငြိမ်းဦး မောင်းနှင်ပြီး သန်းထိုက်ဦး လိုက်ပါလာသည့်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို (တန်ဖိုးငွေကျပ်သိန်း ၁၁၀၀) ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ကော်ထူ (ခ) နေသူရိန် ငှားရမ်းနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၇ ကီလို (တန်ဖိုးငွေကျပ်သိန်း ၁၈၇၀) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် မတ် ၂၀ ရက် နံနက် ၁၁ နာရီခွဲတွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ လင်းထွဋ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၈၀၀၀ (တန်ဖိုးငွေကျပ် ၄၃၂ သိန်း) သိမ်းဆည်းရမိခဲ့ပြီး နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀၀ (တန်ဖိုးငွေကျပ် ၁၃၆ သိန်း) ကိုလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် ကွင်းဆက်တရားခံ စိုင်းအွန် (ခ) စိုင်းခမ်းကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ မွန်းလွဲ ၁၂ နာရီခွဲတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် မြို့ရှောင်လမ်းအနီးတွင် ၎င်းသိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ (တန်ဖိုးငွေကျပ်သိန်း ၉၆၀ ) ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးပေါ် လေယာဉ်ပစ် မစ်ဇိုင်းဒုံးစနစ် စမ်းသပ်ပစ်ခတ်မှုအား မြောက်ကိုရီးယားခေါင်းဆောင် ကြီးကြပ် ဆောင်ရွက်

မြောက်ကိုရီးယား Missile Administration က နောက်ဆုံးပေါ်လေယာဉ်ပစ် မစ်ဇိုင်းဒုံးစမ်းသပ် ပစ်ခတ်မှုတစ်ရပ်ကို မတ်လ၂၀ ရက်နေ့တွင် လုပ်ဆောင်ခဲ့ပြီး အဆိုပါစမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်က ကြီးကြပ်ခဲ့ကြောင်းနှင့် ၎င်းမစ်ဇိုင်းစနစ်ကို လုံလုံလောက်လောက်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ KCTV က မတ်လ ၂၁ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယခုစမ်းသပ်ပစ်ခတ်မှုအပေါ် ကင်က ချီးကျူးခဲ့ပြီး မြောက်ကိုရီးယားတပ်မတော်အား အခြားအရေးကြီးသည့် ကာကွယ်ရေးလက်နက်စနစ်များကိုလည်း ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားအနေဖြင့် ၎င်း၏လေကြောင်းရန်ကာကွယ်ရေးနည်းပညာနှင့် လက်နက်များကို ရုရှားထံမှ ရရှိခြင်းဖြစ်နိုင်ကြောင်း၊ ဤသည်မှာ ရုရှားထံသို့ မြောက်ကိုရီးယားတပ်ဖွဲ့များ စေလွှတ်ကူညီပေးခဲ့သည့်အပေါ် ပြန်လည် ကျေးဇူးတုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံသား ကျွမ်းကျင်သူတစ်ဦးက ထောက်ပြပြောဆိုခဲ့ပါသည်။

မြောက်ကိုရီးယားသည် ဒုံးကျည်အများအပြားကို နိုင်ငံအနောက်ဘက်ခြမ်းရှိ Onchon မြို့အနီးမှ ကိုရီးယား ကျွန်းဆွယ် အနောက်ဘက်ရှိ ပင်လယ်ဝါအတွင်းသို့ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနများက ရေးသားဖော်ပြခဲ့ကြ ပါသည်။

မြောက်ကိုရီးယားက ယခုပစ်ခတ်စမ်းသပ်ခဲ့သည့် missile အမျိုးအစားကို တောင်ကိုရီးယား စစ်ဘက်နှင့် အမေရိကန်တို့ ပူးပေါင်း၍ လေ့လာဆန်းစစ်လျက်ရှိပြီး မြောက်ကိုရီးယား၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်း လေ့လာစောင့်ကြည့်လျက်ရှိကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။