သတင်းများ

ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည် မဟုတ်ဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များကို ပေးပို့သွားမည်မဟုတ်ကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်ဟု သိရသည်။

ဒေါ်နယ်ထရမ့်သည် ယူကရိန်းနိုင်ငံသို့ ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်များဖြစ်သည့် JASSM ဒုံးကျည်များ ပေးပို့ရန် စဉ်းစားနေသည်ဟု ခိုင်လုံသော သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ Military Watch မဂ္ဂဇင်းက ဖော်ပြထားသည်။

ယင်းနောက် သတင်းထောက်များက တာဝေးပစ်လက်နက်များ ပေးပို့နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းရာ ထရမ့်က အစိုးရအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် စဉ်းစားထားခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါဒုံးကျည်များကို F-16 အမျိုးအစား တိုက်လေယာဉ်ပေါ်မှ ပစ်ခတ်ပါက ရုရှားနိုင်ငံ မော်စကိုမြို့နှင့် စိန့်ပီတာစဘတ်မြို့တို့ကိုပင် ခြိမ်းခြောက်နိုင်ကြောင်းနှင့် ဒုံးကျည်ရောက်ရှိနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁၀၀၀ အထိဖြစ်ကြောင်း သိရသည်။

MWD Web Portal
 
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။

16 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အတွင်း အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အဆောက်အအုံများ၊ လမ်း၊ တံတားများနှင့် လူစည်ကားရာ နေရာများ၌ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက် နံနက် ၁ နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)က ကွင်းကြီးကျေးရွာအရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာရှိ ရေစုပ်ပင်ကျေးရွာဘက်မှ ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီး သွားခဲ့သဖြင့် အလျား ၁၅ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ ရုံးအဆောက်အအုံ တစ်လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များအား ကျူးလွန်ခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက် ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးဝန်ထမ်း တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ(အရှေ့)ရပ်ကွက်နေ နွားထိုးကြီးမြို့နယ်ပညာရေးမှူးဖြစ်သူ ဦးဗိုလ်အောင်နိုင်(၅၆)နှစ်သည် နွားထိုးကြီးမြို့မှ ကျွန်းဒေါင့်ကျေးရွာသို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ကျွန်းဒေါင့်ကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) က မော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဦးဗိုလ်အောင်နိုင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 အလားတူ ညနေ ၆ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ န-ဂွေးချို ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ် ၁၀ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် န-ဂွေးချိုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးညွန့်(၄၃)နှစ်၊ ဒုတိယမူလတန်းပြဆရာမ ဒေါ်မာမာဆွေ(၃၅)နှစ်နှင့် လက်ထောက်မူလတန်းပြဆရာမ ဒေါ်နှင်းနှင်းဝေ(၂၆)နှစ်တို့ သုံးဦးအား ဖမ်းဆီးကာ လျော်တောင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပညာရေးဝန်ထမ်းများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် အဆိုပါအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
 ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “@moekyaw 3739” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကံဘဲ့ကျေးရွာနေ မိုးကျော် အား ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဘုရားကြီးနယ်မြေရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊  မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၄၆ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးအပ်သည်။
 ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Mr. Hoang Minh Hai နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
 ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၁၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၂၂၄ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉,၀၅၅ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၆၉ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
 နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ နေအိမ်အတွင်း ပစ္စည်းခိုးရန် ဝင်ရောက်ကာ မိသားစုဝင် သုံးဦးအား ဓားဖြင့် ထိုးခဲ့သဖြင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်မှ တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်မင်္ဂလာ(၂)လမ်းနေ  ဒေါ်တင်ထွေး(၄၂)နှစ်(ဘ)ဦးဖာကီးသည် နေအိမ်၌ အိပ်ပျော်နေရာမှ နိုးလာစဉ် ၎င်း၏အိပ်ခန်းအတွင်း လူတစ်ဦး ရပ်နေသည်ကိုတွေ့ရှိရ၍ မေးမြန်းစဉ် ထိုသူမှ ဓားဖြင့် ထိုးသဖြင့် မီးဖွင့်ကြည့်ခဲ့ရာ ခြံချင်းကပ်နောက်ဖေးအိမ်နေ ညွန့်ဝင်း(၄၃)နှစ်(ဘ) ဦးကြည်လွင်ဖြစ်ကြောင်း သိရှိရပြီး အော်ဟစ်အကူအညီတောင်းစဉ် အိမ်ရှေ့ခန်း၌အိပ်နေသည့် ခင်ပွန်းဖြစ်သူ ဦးစောသိန်းမြင့်(၄၂)နှစ်(ဘ)ဦးစောအွာသိမ့်နှင့် တစ်ဝင်းတည်းနေ ခေါင်းရင်းအိမ်၌ အိပ်နေသည့် သမီးဖြစ်သူ မနန်းလင်းကြည်ကြည်မွန်း(၁၆)နှစ် (Grade-11 ကျောင်းသူ)တို့ ရောက်ရှိလာပြီး ဝိုင်းဝန်းဖမ်းဆီးစဉ် ညွန့်ဝင်းမှ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့အား ဓားဖြင့် ထပ်မံထိုးကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးစောသိန်းမြင့်တွင် လည်ပင်း၊ ရင်ဘတ်၊ ချိုင်းအောက်၊ နောက်ကျောတို့၌ ထိုးသွင်းဒဏ်ရာ လေးချက်၊ မနန်းလင်းကြည်ကြည်မွန်းတွင် ဝဲဘက်ရင်အုံအပေါ်၌ ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ ရရှိကာ သေဆုံးခဲ့ပြီး ၎င်းတွင် လည်ပင်းဝဲဘက်၊ ယာနံဘေးတို့၌ ထိုးသွင်းဒဏ်ရာ နှစ်ချက် ရရှိခဲ့သဖြင့် ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရ သောကြောင့် ဘားအံမြို့မရဲစခန်း (ပ)၈၇/၂၀၂၅၊ အမှုကြီးအမှတ်စဉ် (၅/၂၀၂၅)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူတရားခံ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်မင်္ဂလာ လမ်းသွယ်(၃)လမ်းနေ ညွန့်ဝင်း(၄၃)နှစ်(ဘ)ဦးကြည်လွင်အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ညွန့်ဝင်းအား ဒေါ်တင်ထွေး၏ နေအိမ်ဈေးဆိုင်ရှေ့ ခုံတန်းပေါ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ညွန့်ဝင်းမှာ ပြစ်မှုကျူးလွန်ခြင်းကို အစပိုင်း၌ ဝန်ခံခြင်းမရှိသော်လည်း ၎င်းအသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများအား ဒေါ်တင်ထွေး၏ ခြံအနီးမြေကွက်လပ်အတွင်းမှ သိမ်းဆည်းရမိသည့် အချိန်မှ ၎င်းပြစ်မှုကျူးလွန်ခြင်းကို ဝန်ခံထွက်ဆိုခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံ ညွန့်ဝင်း၏ ထွက်ဆိုချက်အရ ၎င်းမှာ ၂၀၁၅ ခုနှစ်မှစ၍ ဒေါ်တင်ထွေးတို့ မိသားစုနှင့် ခြံချင်းကပ်နေထိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နှစ်အစပိုင်းတွင် ဒေါ်တင်ထွေးထံမှ ငွေကျပ် သိန်း ၅၀ အား အတိုးဖြင့်ရယူကာ ဝက်မွေးမြူရေးလုပ်ငန်းအား လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့လုပ်ကိုင်လျက်ရှိရာ ဒေါ်တင်ထွေးမှ ၎င်းချေးယူထားသည့် ငွေကျပ် သိန်း ၅၀ ကျပ်အား ဇူလိုင်လအကုန်တွင် ပြန်လည် ပေးဆပ်ရန် ပြောကြားခဲ့၍ ၎င်းတွင် ငွေကြေးအခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအခက်အခဲများအား ဖြေရှင်းနိုင်ရန်အတွက် ဒေါ်တင်ထွေး၏ နေအိမ်မှ ငွေကြေးများ ခိုးယူရန်ကြံစည်ခဲ့ပြီး ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီတွင် ဒေါ်တင်ထွေး၏ နေအိမ်အတွင်းသို့ အရိုး/အသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား ယူဆောင်ကာ တစ်ဦးတည်း ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်း၌ ငွေကြေးများ လိုက်လံရှာဖွေနေစဉ် ဒေါ်တင်ထွေးနိုးလာပြီး ၎င်းအားတွေ့ရှိသွား၍ ဓားဖြင့် နှစ်ချက်ထိုးခဲ့ကြောင်း၊ ဒေါ်တင်ထွေးမှ မီးဖွင့်၍ အော်ဟစ်အကူအညီတောင်းခံသဖြင့် ဒေါ်တင်ထွေး၏ခင်ပွန်းနှင့် သမီး ဖြစ်သူတို့ ရောက်ရှိလာကာ ဝိုင်းဝန်းဖမ်းဆီးသဖြင့် ၎င်းမှ ဓားဖြင့် ထိုးကာ ထွက်ပြေးခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် ဓားဦးချွန်နှင့် နက်ပြာရောင် မိုးကာအင်္ကျီတို့အား ဒေါ်တင်ထွေး၏ ခြံချင်းကပ်လျက် မြေကွက်လပ်အတွင်းသို့ စွန့်ပစ်ကာ ၎င်း၏နေအိမ်၌ ပြန်လည် နေထိုင်ခဲ့ကြောင်း၊ ခဏအကြာ ပတ်ဝန်းကျင်ရှိ လူများနှင့် ရောနှော၍ ဒေါ်တင်ထွေး၏ နေအိမ်အား သွားရောက်ကြည့်ရှုကာ ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ နေအိမ်အတွင်း ပစ္စည်းခိုးယူရန် ဝင်ရောက်စဉ် အိမ်ရှင်နိုးလာသဖြင့် အိမ်ရှင်နှင့် မိသားစုဝင်များအား ဓားဖြင့်ထိုးကာ ပတ်ဝန်းကျင်လူများနှင့် ရောနှောကာ ဖုံးကွယ်နေထိုင်ခဲ့သူ ညွန့်ဝင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်း ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိတရားခံ ညွန့်ဝင်း အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဆီးရီးယားရှိ ဒရုဇ်လူမျိုးများကိုကာကွယ်ရန် လေကြောင်းတိုက်ခိုက်မှု အစ္စရေးပြုလုပ်

ဂျေရုဆလင် ဇူလိုင် ၁၅ 
ဆီးရီးယားနိုင်ငံ တောင်ပိုင်း ဝီဒါဒေသရှိ ဒရုဇ်လူမျိုးများကို ကာကွယ်ရန် ဆီးရီးယားအစိုးရတပ်များကို အစ္စရေးနိုင်ငံက ယနေ့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိဒရုဇ်လူမျိုးစုကို အကာအကွယ်ပေးရေးအတွက် လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဒရုဇ်လူမျိုးများ အများဆုံး နေထိုင်သည့် ဝီဒါမြို့၌အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်နေချိန်တွင် အစ္စရေးနိုင်ငံက ဆီးရီးယား အစိုးရတပ်များကိုလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဝီဒါမြို့ရှိ ဒရုဇ်လူမျိုးများကို ဆီးရီးယား အစိုးရတပ်များက အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း အစ္စရေးတပ်မတော်က ပြောကြားထားသည်။

ဆီးရီးယားအစိုးရတပ်များနှင့် ဒရုဇ်လူမျိုးများကြား ရယူထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရတပ်များက ချိုးဖောက်နေကြောင်း ဒရုဇ်လူမျိုးအကြီးအကဲ အယ်လ် ဟာရီက ပြောကြားထားသည်။
ဝီဒါဒေသသည် ဒရုဇ်လူမျိုးများနှင့် ဘီဒိုးအင်းလူမျိုးများ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်နေရာဖြစ်သည်။

အဆိုပါ အခြေအနေကို ထိန်းသိမ်းရေးအတွက် ဇူလိုင် ၁၄ ရက်တွင် ဝီဒါဒေသသို့ရောက်ရှိလာသော ဆီးရီးယားအစိုးရတပ် များမှာလည်း ဒရုဇ်လက်နက်ကိုင် အုပ်စုများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
Ref : RT

Trs: KKO

YDNB Newspaper

Photo- The Australian

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ကျေးရွာအနီး၌ မန္တလေးမြို့မှ မြဝတီမြို့သို့ အောင်ကျော်ထွန်း မောင်းနှင်ပြီး မကြေးမုံဝင်း၊ ကျော်မျိုးအောင်နှင့် မရွှေရည်တို့ လိုက်ပါလာသော SHN-38/EE-XXXX NISSAN AD VAN မော်တော် ယာဉ်အား ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ၎င်းတို့သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၂,၈၃၆ ဘီလီယံ တန်ဖိုးရှိ ဘိန်းဆီခဲ ၁၉ ဒသမ ၅ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၃၅၁ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water ၂၂ ဒသမ ၆ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၆,၇၈၀)၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၇ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၄၂၅ သိန်း)၊ ကတ်တမင်း ၁၄ ကီလို (ဒေသကာလတန်ဖိုး ငွေကျပ် ၄,၂၀၀ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား (ဒေသကာလ တန်ဖိုး ငွေကျပ် ၁,၀၈၀ သိန်း)တို့အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မိုင်းရယ်မြို့နေ ညီညီထွေး(ခ)Sunသည် မိုင်းရယ်မြို့မှ မြဝတီမြို့နေ မျိုးဇော်ငြိမ်းထံသို့ ပို့ဆောင်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

ထရမ့်က ဇီလန်စကီးအား မော်စကိုကို တိုက်ခိုက်ခြင်းမပြုရန် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းခေါင်းဆောင် ဗလာ ဒီမာ ဇီလန်စကီးအား ရုရှား၏မြို့တော် မော်စကိုကို ဒုံးကျည် တိုက်ခိုက်မှုများ မပြုလုပ်ရန် သတိပေးခဲ့ကြောင်း အင်္ဂါနေ့ (ဇူလိုင် ၁၅) တွင် ပြောကြား ခဲ့သည်။ ထို့အပြင် ၎င်းကိုယ်တိုင်က ယူကရိန်းအား ရုရှားနယ်နိမိတ် အတွင်းသို့ တာဝေးပစ်ဒုံးကျည်များနှင့်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်ဟူသော မီဒီယာများတွင်ဖော်ပြခဲ့သည့် သတင်းများကို ပယ်ချခဲ့သည်။

Financial Times (FT) ၏ အင်္ဂါနေ့ (ဇူလိုင် ၁၅) ထုတ်သတင်းစာတွင် ဝါရှင်တန်မှ တာဝေးပစ်လက်နက်များ ထောက်ပံ့ပါက ဇီလန်စကီး အနေ ဖြင့် မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့များကို ပစ်မှတ်ထားနိုင်မည်လားဟု ထရမ့်၏ မေးမြန်းခဲ့မှုကို ဇီလန်စကီးက “မိမိတို့အနေဖြင့် လုပ်ဆောင် နိုင်ပါသည်” ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော် အမှန်တကယ်တွင် ထရမ့်က မော်စကိုကို တိုက်ခိုက်ခြင်းမပြုလုပ်ရန် တားမြစ်ခဲ့သည်ဟု ဆိုသည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ်က FT သတင်းစာ သည် သမ္မတ၏စကားလုံးများကို အဓိပ္ပာယ်လွဲမှားစွာ ဖော်ပြခဲ့သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး "၎င်းတို့၏သတင်းစာ အသက်ဆက်ရန် လူအများ၏စိတ်ဝင်စားမှုကို ရယူနိုင်ရန်အတွက် အချို့သော သတင်းစကား များကို လှည့်ပတ်ကာ ဖော်ပြလေ့ရှိသည်" ဟု ပြောဆိုခဲ့သည်။

လီဗစ်က "ထရမ့်သည် မေးခွန်းတစ်ရပ်ကိုသာ မေးမြန်းခြင်းဖြစ်ပြီး သတ်ဖြတ်မှုများကို အားပေးခြင်းမဟုတ်ကြောင်း၊ သမ္မတအနေဖြင့် စစ်ပွဲ အဆုံးသတ် ရန်နှင့် အသက်ဆုံးရှုံးမှုများကို ရပ်တန့်ရန် အချိန်ပြည့်ကြိုးပမ်းနေသည်" ဟု ထပ်လောင်းအတည်ပြုခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်ကလည်း ထို သတင်းနှင့်ပတ်သက်၍ "အများအားဖြင့် ထိုကဲ့သို့သတင်းများသည် မှားယွင်းသည့်အချက်အလက်များသာ ဖြစ်လေ့ရှိသည်" ဟု မှတ်ချက်ပြု ခဲ့သည်။ သို့သော် ၎င်းက "လွန်စွာခိုင်မာ စိတ်ချယုံကြည်ရသည်ဟု မိမိတို့ ယူဆထားသော မီဒီယာများတွင်ပင် တစ်ခါတစ်ရံ လိုရာဆွဲ၍ ဖော်ပြ တတ်ကြသည်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

FT ၏ အဆိုပါသတင်းသည် ထရမ့်မှ မော်စကိုသို့ အသိပေးခဲ့သော နောက်ဆုံးသတိပေးချက်နှင့် ဆက်စပ်နေပြီး ၎င်းတွင် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုမရှိပါက ရုရှား၏ ကုန်သွယ်ရေးမိတ်ဖက်များအပေါ် ပြင်းထန်သော အဆင့်မြင့် ကုန်သွယ်ခွန်များ စည်းကြပ်မည်ဟု ခြိမ်းခြောက်ထားသည်။ ထို့အပြင် ထရမ့်က ယူကရိန်းသို့ ဥရောပ NATO အဖွဲ့ဝင် နိုင်ငံများ၏ ငွေကြေးဖြင့် ခေတ်မီလက်နက်စနစ်များ ထောက်ပံ့မည်ဟု ကြေညာခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

16 July 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ် များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ချောင်းဖြူကျေးရွာနေ ဦးဇော်ထက်(၃၀)နှစ်သည် ကျေးရွာ ဆေးပေးခန်းသို့ သွားရောက်စဉ် ဆေးပေးခန်းဝင်းအတွင်းရှိ သရက်ပင်အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်း ပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါ သည်။