သတင်းများ

ယခင်လ အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်သမ္မတနှင့် အရာရှိကြီးများ ခြေထောက်ဒဏ်ရာ ကိုယ်စီရရှိခဲ့ကြောင်း သတင်းထွက်ပေါ်လာ

တီဟီရန်၊ ဇူလိုင် ၁၃ 

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က အစ္စရေးလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် အီရန်မြို့တော် တီဟီရန်ရှိ အမျိုးသားလုံခြုံရေးကောင်စီ (Supreme National Security Council) အစည်းအဝေး တက်ရောက်နေသူ အီရန် သမ္မတ Masoud Pezeshkian အပါအဝင် အဆင့်မြင့်အရာရှိများ ခြေထောက် ဒဏ်ရာ အနည်းငယ်ကိုယ်စီ ရခဲ့ကြကြောင်း အီရန်တာဝန်ရှိသူများ ဝန်ခံချက် ကို ကိုးကား၍ Fars သတင်းဌာနက ဇူလိုင်လ ၁၃ ရက်တွင် ထုတ်ဖော် ပြောကြားလာပါသည်။ 

ထိုဖြစ်စဉ်အတွင်း အီရန်သမ္မတနှင့် အဆင့်မြင့်အရာရှိများသည် အရေးပေါ် ထွက်ပေါက်မှတစ်ဆင့် အဆိုပါအဆောက်အဦမှ ထွက်ခွာခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားပါသည်။ အစ္စရေးဘက်မှ ထွက်ပေါက် လမ်းကြောင်းများကို ပိတ်ဆို့ရန် ဒုံးကျည် အနည်းဆုံး ၆ ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်း တိုက်ခိုက်မှုတွင် အစ္စရေး၏ ထောက်လှမ်းရေးကွန်ရက်များ ပါဝင် ပတ်သက် နိုင်ကြောင်း Fars က ဖြည့်စွက်ပြောကြားထားပါသည်။

ဇွန် ၁၃ ရက် နံနက်စောစောတွင် အစ္စရေးက အီရန်ကို စစ်ဆင်ရေး စတင်ခဲ့ပြီး ၂၄ နာရီအတွင်း အီရန်ဘက်မှ ပြန်လည်တုံ့ပြန်ခဲ့ပါသည်။ ထို့နောက် ၉ ရက်အကြာ ဇွန် ၂၂ ရက် နံနက်စောစောတွင် အမေရိကန်က Fordow၊ Natanz နှင့် Isfahan ရှိ အီရန်၏ နျူကလီးယားစက်ရုံ ၃ ခုကို တိုက်ခိုက်ကာ ပဋိပက္ခတွင် ပါဝင်လာခဲ့သည်။ နောက်တစ်နေ့ညတွင် တီဟီရန်က ကာတာရှိ အမေရိကန်၏ အကြီးဆုံးစစ်အခြေစိုက်စခန်း Al Udeid သို့ ဒုံးကျည်များ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်မှစတင်၍ အစ္စရေးနှင့် အီရန်တို့ လုံးဝ စစ်ပြေငြိမ်းရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ တရားဝင် အချက်အလက်များအရ ထိုပဋိပက္ခတွင် အီရန်နိုင်ငံသား ၁၀၆၀ ဦး သေဆုံးပြီး ၅၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဂါဇာဒေသ၌ အကူအညီရယူရန် ကြိုးပမ်းစဉ် သေဆုံးသူ လူဦးရေ ၈၀၀ နီးပါး ရှိလာဟု ကုလသမဂ္ဂဆို

လွန်ခဲ့သည့် ရက်သတ္တပတ် ၆ ပတ်အတွင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ၌ အကူအညီပစ္စည်း ရယူရန် ကြိုးပမ်းစဉ် သေဆုံးသူ လူဦးရေ ၈၀၀ နီးပါးရှိလာကြောင်း၊ ၎င်းအနက် အများစုသည် အမေရိကန်နှင့် အစ္စရေးပံ့ပိုးပေးသည့် “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” အကူအညီပစ္စည်း ခွဲဝေပေးရာနေရာ အနီးတစ်ဝိုက်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ဇူလိုင် ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၇ ရက်အထိ OHCHR က မှတ်တမ်းတင်မှုအရ လူ ၇၉၈ ဦး သတ်ဖြတ်ခံရပြီး ၎င်းအနက် ၆၁၅ ဦး သည် “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” အကူအညီပစ္စည်း ခွဲဝေပေးရာနေရာ အနီးတစ်ဝိုက်၌ သေဆုံးခဲ့ခြင်းဖြစ်ကာ အခြား ၁၈၃ ဦးကမူ ကူညီရေးပစ္စည်း ပို့ဆောင်သည့် ကားအဖွဲ့ မောင်းနှင်ရာ လမ်းကြောင်းတစ်လျှောက်၌ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သံသယရှိကြောင်း OHCHR ပြောခွင့်ရ ပုဂ္ဂိုလ် Ravina Shamdasani က ထို‌နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ သေဆုံးမှုအများစုသည် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဂါဇာဒေသပြည်သူအများစုသည် “သေနတ်အပစ်ခံရင်ခံ၊ မဟုတ်ရင်အငတ်ခံ” ဟူသော ရက်စက်သည့် ရွေးချယ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ အဆိုပါအခြေအနေသည် လက်ခံနိုင်ဖွယ်မရှိသော်လည်း အဆက်မပြတ် ဖြစ်ပွားလျက်ရှိကြောင်း Ravina Shamdasani က အလေးထားပြောကြားခဲ့သည်။

မေ ၂၇ ရက်မှစ၍ “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” သည် ကုလသမဂ္ဂအဖွဲ့အစည်းကို ဖယ်ရှောင်ကာ ဂါဇာကမ်းမြောင်ဒေသ အကူအညီပစ္စည်းများ ခွဲဝေမှုကို တစ်ဖက်သတ် “လက်လွှဲရယူ” ခဲ့သည်။ အဆိုပါ ပုဂ္ဂလိကအဖွဲ့အစည်း သတ်မှတ်ထားသည့်ပစ္စည်းများ ခွဲဝေရာနေရာ အနီးတစ်ဝိုက်၌ အစ္စရေးစစ်သားများက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အကူအညီပစ္စည်းရယူသူများ သေဆုံးသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေများ ပြောကြားချက်နှင့် ဘက်ပေါင်းစုံ၏ သတင်းများအရ သိရသည်။

အရပ်သားများသည် အစ္စရေးစစ်တပ်အပေါ် ခြိမ်းခြောက်မှုမရှိသည့်တိုင် အစ္စရေးစစ်သားများသည် အမိန့်ကိုလက်ခံရရှိပြီးနောက် အကူအညီပစ္စည်းများရယူရန် စောင့်ဆိုင်းနေသည့် လူအုပ်ထံသို့ အကြိမ်များစွာ “တမင်” သေနတ်ဖြင့်ပစ်ခဲ့ကြောင်း အစ္စရေး “Haaretz” သတင်းစာက ဇွန် ၂၇ ရက်တွင် အမည်မဖော်ပြလိုသည့် အစ္စရေးစစ်သားများစွာ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့ သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးတပ်ဖွဲ့ စသည်တို့က သက်ဆိုင်ရာစွပ်စွဲချက် များကို ငြင်းဆိုခဲ့သည်။

“ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” သည် အကူအညီပစ္စည်းများ ခွဲဝေပေးရာနေရာကို အစ္စရေး စစ်တပ် လှုပ်ရှားသည့်ဒေသအတွင်း သတ်မှတ်ထားကြောင်း၊ ကုလသမဂ္ဂဘက်က အဆိုပါကူညီမှုပုံစံ သည် စီစဉ်ရေးဆွဲမှုအနေအထားကပင် လုံခြုံမှုမရှိသည့်အပြင် လူသားချင်းစာနာမှုအကူအညီ၏ ကြားနေသည့် အခြေခံမူကို ချိုးဖောက်နေကြောင်း အကြိမ်များစွာ ဝေဖန်ခဲ့ဖူးကြောင်း မီဒီယာများက သတင်းဖော်ပြကြသည်။

“ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” လည်ပတ်မှု ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းနှင့် လူသားချင်းစာနာမှုအဖွဲ့ပေါင်း ၁၆၅ ဖွဲ့ကျော်က ဇူလိုင် ၁ ရက်တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့ပြီး အဆိုပါအဖွဲ့အစည်းသည် အကူအညီပေးသည့်ခေါင်းစဉ်ဖြင့် ရုန်းရင်း ဆန်ခတ်ဖြစ်မှုနှင့် အကြမ်းဖက်မှုများအား ပြုလုပ်နေသဖြင့် ရာနှင့်ချီသော အပြစ်မဲ့အရပ်သား ပြည်သူ များ ထိခိုက်သေဆုံးရကြောင်း ပြောဆိုခဲ့ကြသည်။ 

ကိုးကား- ဆင်ဟွာ

ယူကရိန်း ထောက်လှမ်းရေးအရာရှိကြီးတစ်ဦးကို လုပ်ကြံ သတ်ဖြတ် ခဲ့သည်ဟု သံသယရှိသူ ရုရှားအေးဂျင့်များကို သတ်ဖြတ်ခဲ့သည်ဟု SBU ပြောကြား

ယူကရိန်းလုံခြုံရေးအဖွဲ့အစည်း (SBU) က တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် လွန်ခဲ့သောရက်အနည်းငယ်က မြို့တော် Kyiv တွင် SBU အရာရှိကြီး တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု သံသယရှိသူ ရုရှားအထူးအေးဂျင့်များကို သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါလုပ်ရပ်အတွက် ရုရှား၏ ဖက်ဒရယ်လုံခြုံရေးအဖွဲ့အစည်း (FSB) က တာဝန်ရှိသည်ဟု SBU က ယုံကြည်နေသည်။

SBU အရာရှိ Ivan Voronych သည် ကြာသပတေးနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းတွင် Kyiv ၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု အာဏာပိုင် များက CNN သို့ ဖော်ပြခဲ့သည်။ SBU ၏ ထုတ်ပြန်ချက်အရ သံသယရှိသူ အမျိုးသားနှင့် အမျိုးသမီးတို့သည် ပစ်ခတ်သတ်ဖြတ်ပြီးနောက် ပုန်းအောင်းနေခဲ့ကြကာ နောက်ပိုင်းတွင် SBU နှင့် အမျိုးသား ရဲတပ်ဖွဲ့ တို့က Kyiv တွင် ၎င်းတို့၏နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ဝင်ရောက် စီးနင်း ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး သံသယရှိသူ နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

SBU သည် ယူကရိန်း၏ အဓိကလုံခြုံရေးဝန်ဆောင်မှုဖြစ်ပြီး ပြည်တွင်း လုံခြုံရေးနှင့် ရုရှားရှိပစ်မှတ်များကို တိုက်ခိုက်ရေးလုပ်ငန်းများအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ လွန်ခဲ့သောလက ရုရှားလေတပ်အခြေစိုက်စခန်းများကို ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကိုလည်း ယင်းအဖွဲ့အစည်းက အဓိကတာဝန်ယူဆောင်ရွက်ခဲ့သည်။

Voronych လုပ်ကြံခံရခြင်းသည် ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော သီတင်း ပတ်အတွင်း ပဋိပက္ခ၏ စတုတ္ထနှစ်တွင် အကြီးမားဆုံးနှင့် ဒုတိယ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

14 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ်(၂)ရပ်ကွက်သို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ကော့ဝါလဲကျေးရွာဘက်မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးလှငြိမ်း(၆၅)နှစ်၏ နေအိမ်ပေါ်သို့ ရှော့တိုက်ဒုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ် ခေါင်မိုး၊ မျက်နှာကြက်များနှင့် ပရိဘောဂပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့မှုအပေါ် ဒေသခံ ပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်ခင်မာကြူ(၄၂)နှစ်သည် တစ်ရပ်ကွက်တည်းနေ ဦးမင်းသူ(၄၄)နှစ်ပါ အမျိုးသား လေးဦးတို့နှင့်အတူ ၎င်း၏နေအိမ်၌ စကားပြောနေစဉ် သေနတ်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဗီရိုအတွင်းမှ ငွေကျပ် သိန်း ၃၀၀ ခန့်နှင့် နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် MDY-14/ 7L-XXXX NISSAN CLIPPER အဖြူရောင် မော်တော်ယာဉ် တစ်စီးနှင့် MDY/72W-XXXX HONDA SCOPPY အပြာရောင် မော်တော်ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်၍ ဒေါ်ခင်မာကြူနှင့် ဦးမင်းသူတို့ နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘဲကြီးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် သာသနာ့အနွယ်ဝင်သံဃာတော်များ၊ အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ရနဲကျေးရွာနေ ဦးချိုမြင့်(၇၂)နှစ်နှင့် ဦးကျော်ကျော်(၅၁)နှစ်တို့အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးခံရသူ နှစ်ဦးအနက် ဦးချိုမြင့်မှာ ပြန်လည်လွတ်မြောက်လာပြီး ၎င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

13 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက် ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ များဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ ဇူလိုင် ၁၀ ရက် နံနက် ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သူဌေးကုန်းရပ်ကွက်နေ မဝင်းသီရိအောင်(၁၄)နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မဝင်းသီရိအောင်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

13 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိ စေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက် ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တောင်ပြင်ရပ်ကွက်ရှိ “ကုန်းသာဦး” ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်း၌ ရောက်ရှိနေသည့် အဆိုပါရပ်ကွက်နေ ဒီပဲယင်းမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာဖြစ်သူ ဒေါ်သွယ်သွယ်စန်း (၅၂)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ရပ်ကွက်ရှိ ကျေးလက် ကျန်းမာရေးဆေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်း  သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးသေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

13 July 2025

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူ လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမား များက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မွန် ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွား ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကရင် (ခ)ဦးအစိန်(၄၈)နှစ်သည် အဘော်ကျေးရွာမှ ဒူးယားကျေးရွာသို့ ဆိုင်ကယ်ဖြင့် အဘော်-ဒူးယားကားလမ်း အတိုင်း တစ်ဦးတည်းပြန်လာစဉ် ဒူးယားကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် နောက်မှ မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ဦးကရင်(ခ)ဦးအစိန်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိုင်းတပ်မတော် အကြီးအကဲက ကမ္ဘောဒီးယားနှင့် နယ်စပ်အရေး တင်းမာမှုပြေလျော့စေရန် နည်းလမ်းများကို အဆိုပြု

ထိုင်းနိုင်ငံ၏ တပ်မတော်အကြီးအကဲသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားလျက်ရှိသော နယ်စပ်အရေး တင်းမာမှုပြေလျော့စေရန် နည်းလမ်းများကို အဆိုပြုကြောင်း သိရသည်။ ထိုနည်းလမ်းများတွင် နှစ်နိုင်ငံကြားနယ်စပ်ရေးရာ  ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် တာဝေးပစ် လက်နက်များကို ဖယ်ရှားရန်တို့ပါဝင်သည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှု ချောမွေ့စေရေးနှင့် ပြည်သူများ ပိုမိုလွတ်လပ်စွာသွားနိုင်စေရေးတို့အတွက်  နယ်စပ်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်မှုကို တစ်ပြိုင်နက် လုပ်ဆောင်သွားရန် အကြံ ပြုကြောင်း၊ တာဝေးပစ်လက်နက်များကို ၂၀၂၄ ခုနှစ်တွင် ချထားသည့်နေရာသို့ ရွှေ့ပြောင်းရန် တောင်းဆိုကြောင်း ထိုင်း တပ်မတော်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆောင်ဝစ်နွန်ပက်ဒီးက ပြောသည်။

အလားတူ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများအရ ပူးပေါင်းဆောင်ရွက်ရေးတွင် တိုးတက်မှုများ ရရှိထားပြီး သီတင်းပတ်တစ်ပတ်လျှင် နယ်စပ်တွင် ပူးတွဲကင်းလှည့်မှု သုံးကြိမ် လုပ်ဆောင်ရန် သဘောတူထားကြောင်း ဗိုလ်ချုပ်ကြီးဆောင်ဝစ်နွန်ပက်ဒီးက ပြောထားကြောင်း သိရသည်။

 MWD Web Portal