15 July 2025

15 July 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လားရှိုးမြို့အဝင် ရေပူစမ်းလမ်းဆုံအနီး၌ လားရှိုးမြို့မှ မူဆယ်မြို့သို့ ယုံလင်(၂၈)နှစ် မောင်းနှင်လာသော SHN-38/5Q-XXXX BYD F3 အမျိုးအစား အနက်ရောင် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်အနောက်ခန်း ထိုင်ခုံနောက်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၈,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၃၉၀) ဖမ်းဆီးရမိသဖြင့် ယုံလင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် ဒေသတွင်း လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် ရည်ရွယ်ချက်များဖြင့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအား အကြမ်းဖက်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၌ မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၇၈ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားရှိ တံတားအမှတ် ၉/၈၄၊ ဂုတ်တွင်းတံတားအား TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့သဖြင့် အရှည် ၂၁၀ ပေ၊ အကျယ် ၃၀ ပေရှိ နောင်ချိုမြို့ဘက်ခြမ်း P1 ပေါ်ရှိ ၁၁၀ ပေ Girder ကျိုးကျ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံတားအား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မော်စကို ဇူလိုင် ၁၄
ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ်သည် ယူကရိန်း စစ်မြေပြင်၌ တိုက်ပွဲဝင်နေသော ရုရှားတပ်များကို သွားရောက် စစ်ဆေးခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ရုရှားစစ်ဦးစီးချုပ်ဂျီရာဆီမော့ဗ် သည် ယူကရိန်းအရှေ့ပိုင်းဒွန်းနက်စ် ဒေသ ပိုကရော့ခ်နယ်မြေ၌ တိုက်ပွဲဝင်နေသည့် ရုရှားတပ်များကို သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ .
ပိုကရော့ခ် နယ်မြေသည် ဒွန်းနက်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ရုရှားတပ်များအတွက် အဓိက စစ်ရေးပစ်မှတ်တစ်ခုဖြစ်သည်။

ရှေ့တန်းနယ်မြေ ခရီးစဉ်အတွင်း ရုရှားတပ်မှူးများက စစ်မြေပြင် အခြေအနေများကို ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ်ထံ တင်ပြခဲ့ကြကြောင်း သိရသည်။ ဒွန်းနက်စ် စစ်မြေပြင်သို့ ဗိုလ်ချုပ်ကြီး ဂျီရာဆီမော့ဗ် သွား ရောက်ခဲ့သည့်အချိန်ကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
ရုရှားတပ်များသည် လက်ရှိအချိန်တွင် ယူကရိန်းတစ်နိုင်ငံလုံး အကျယ်အ၀န်း၏ ၁၉ ရာခိုင်နှုန်း နီးပါးကို ထိန်းချုပ်ထားကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper

14 July 2025
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် သာသနာ့အနွယ်ဝင်သံဃာတော်များ၊ အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ရနဲကျေးရွာနေ ဦးချိုမြင့်(၇၂)နှစ်နှင့် ဦးကျော်ကျော်(၅၁)နှစ်တို့အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၁၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးခံရသူ နှစ်ဦးအနက် ဦးချိုမြင့်မှာ ပြန်လည်လွတ်မြောက်လာပြီး ၎င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ်(၂)ရပ်ကွက်သို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ကော့ဝါလဲကျေးရွာဘက်မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးလှငြိမ်း(၆၅)နှစ်၏ နေအိမ်ပေါ်သို့ ရှော့တိုက်ဒုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ် ခေါင်မိုး၊ မျက်နှာကြက်များနှင့် ပရိဘောဂပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့မှုအပေါ် ဒေသခံ ပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်ခင်မာကြူ(၄၂)နှစ်သည် တစ်ရပ်ကွက်တည်းနေ ဦးမင်းသူ(၄၄)နှစ်ပါ အမျိုးသား လေးဦးတို့နှင့်အတူ ၎င်း၏နေအိမ်၌ စကားပြောနေစဉ် သေနတ်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဗီရိုအတွင်းမှ ငွေကျပ် သိန်း ၃၀၀ ခန့်နှင့် နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် MDY-14/ 7L-XXXX NISSAN CLIPPER အဖြူရောင် မော်တော်ယာဉ် တစ်စီးနှင့် MDY/72W-XXXX HONDA SCOPPY အပြာရောင် မော်တော်ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်၍ ဒေါ်ခင်မာကြူနှင့် ဦးမင်းသူတို့ နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘဲကြီးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ထိုင်းနိုင်ငံ၏ တပ်မတော်အကြီးအကဲသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားလျက်ရှိသော နယ်စပ်အရေး တင်းမာမှုပြေလျော့စေရန် နည်းလမ်းများကို အဆိုပြုကြောင်း သိရသည်။ ထိုနည်းလမ်းများတွင် နှစ်နိုင်ငံကြားနယ်စပ်ရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် တာဝေးပစ် လက်နက်များကို ဖယ်ရှားရန်တို့ပါဝင်သည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှု ချောမွေ့စေရေးနှင့် ပြည်သူများ ပိုမိုလွတ်လပ်စွာသွားနိုင်စေရေးတို့အတွက် နယ်စပ်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်မှုကို တစ်ပြိုင်နက် လုပ်ဆောင်သွားရန် အကြံ ပြုကြောင်း၊ တာဝေးပစ်လက်နက်များကို ၂၀၂၄ ခုနှစ်တွင် ချထားသည့်နေရာသို့ ရွှေ့ပြောင်းရန် တောင်းဆိုကြောင်း ထိုင်း တပ်မတော်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆောင်ဝစ်နွန်ပက်ဒီးက ပြောသည်။
အလားတူ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများအရ ပူးပေါင်းဆောင်ရွက်ရေးတွင် တိုးတက်မှုများ ရရှိထားပြီး သီတင်းပတ်တစ်ပတ်လျှင် နယ်စပ်တွင် ပူးတွဲကင်းလှည့်မှု သုံးကြိမ် လုပ်ဆောင်ရန် သဘောတူထားကြောင်း ဗိုလ်ချုပ်ကြီးဆောင်ဝစ်နွန်ပက်ဒီးက ပြောထားကြောင်း သိရသည်။
MWD Web Portal

13 July 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက် ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ များဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ ဇူလိုင် ၁၀ ရက် နံနက် ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ သူဌေးကုန်းရပ်ကွက်နေ မဝင်းသီရိအောင်(၁၄)နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မဝင်းသီရိအောင်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိ စေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက် ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တောင်ပြင်ရပ်ကွက်ရှိ “ကုန်းသာဦး” ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်း၌ ရောက်ရှိနေသည့် အဆိုပါရပ်ကွက်နေ ဒီပဲယင်းမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာဖြစ်သူ ဒေါ်သွယ်သွယ်စန်း (၅၂)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ရပ်ကွက်ရှိ ကျေးလက် ကျန်းမာရေးဆေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူ လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမား များက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မွန် ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွား ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကရင် (ခ)ဦးအစိန်(၄၈)နှစ်သည် အဘော်ကျေးရွာမှ ဒူးယားကျေးရွာသို့ ဆိုင်ကယ်ဖြင့် အဘော်-ဒူးယားကားလမ်း အတိုင်း တစ်ဦးတည်းပြန်လာစဉ် ဒူးယားကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် နောက်မှ မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ဦးကရင်(ခ)ဦးအစိန်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။