သတင်းများ

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

17 February 2025

    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် လီထေ့(ခ)လီထောင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၇၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် လီထေ့(ခ)လီထောင်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm 

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီ၌  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာအနီးတွင် TOYOTA NOAH အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ဒေါ်သူဇာဝင်း သယ်ဆောင်လာသည့် ဘိန်းဖြူ ၁ ဒသမ ၁ ကီလို (တစ်ကီလိုလျှင် ၂၅၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၇၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်သူဇာဝင်း (၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ချောက်မြို့နယ်၊ ကတောက်ချောင်းကျေးရွာနေ လင်းတကိုင်းကျေးရွာ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်(၂) ဦးတင်ဌေး(၄၇)နှစ်သည် ကတောက်ချောင်းကျေးရွာမှ ဂွေးပင်လေးကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဂွေးပင်လေးကျေးရွာအနောက်မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာ အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

17 February 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Wai Mar Lwin” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ တိုးတိုးအေး၊ “Tint Naung Mg” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အမှတ်(၄)ရပ်ကွက်နေ တင့်နောင်၊ “May Tha Zin Oo” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အမှတ်(၉) ရပ်ကွက်နေ မေသဇင်တို့ သုံးဦးအား မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ဘိုကလေးမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

DeepSeek ကို တောင်ကိုရီးယားက ယာယီပိတ်ပင်

တောင်ကိုရီးယားအစိုးရသည် နိုင်ငံအတွင်း တရုတ်ပိုင် chatbot တစ်ခု ဖြစ်သည့် DeepSeek အသုံးပြုမှုကို ယာယီ ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ရေးအချက်အလက် ကာကွယ်ရေးကော်မရှင်က ဖေဖော်ဝါရီ ၁၇ ရက်တွင် သတင်းထုတ်ပြန်လိုက်ပါသည်။

 chatbot ဖန်တီးသူများအနေဖြင့် DeepSeek ကို တောင်ကိုရီးယား ဥပဒေနှင့်အညီ လုပ်ဆောင်ချက်ကို အပြောင်းအလဲများပြုလုပ်ပြီးမှသာ အဆိုပါပိတ်ပင်မှုကို ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားထား ပါသည်။

တောင်ကိုရီးယားအာဏာပိုင်များသည် ပြီးခဲ့သည့်လက တရုတ်ဘက်သို့ DeepSeekနှင့်ပတ်သက်၍ တရားဝင်တောင်းဆိုမှုတစ်ခု ကမ်းလှမ်းထားပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များ စုဆောင်းခြင်းအပါအဝင် chatbot ၏ လုပ်ဆောင်ချက်အသေးစိတ်များကို ရှင်းပြရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်က ထောက်ပြထားပါသည်။

တောင်ကိုရီးယား၏ ထိပ်တန်းစွမ်းအင်ကုမ္ပဏီ Korea Hydro & Nuclear Power (KHNP) နှင့် KEPCO KPS တို့မှ ဝန်ထမ်းများ DeepSeek အသုံးပြုခြင်းကို ယခင်ကတည်းက တားမြစ်ခဲ့ပါသည်။

ကိုးကား- TASS

တာချီလိတ်မြို့တွင် တရားမဝင်အွန်လိုင်းလောင်းကစားများ ဆောင်ရွက်နေသည့် ထိုင်း(၇)ဦးနှင့် မြန်မာ(၂၂)ဦးတို့ကို နှစ်ရက်အတွင်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် တရားမဝင်အွန်လိုင်းလောင်းကစားများ ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံသား(၇)ဦးနှင့် မြန်မာနိုင်ငံသား(၂၂)ဦးတို့ကို နှစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့်ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်- https://npnewsmm.com/news/67b170e8794af861262cae06

Source: NP News

15 February 2025

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမား များက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်၊ သာပေါင်းလေးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးစိုးဝင်း(၄၆)နှစ်သည် သာပေါင်းမြို့နယ်၊ သစ်စင်ကျေးရွာမှ သာပေါင်းလေးကျေးရွာသို့ စက်လှေဖြင့် ပြန်လာစဉ် သာပေါင်းလေးကျေးရွာဆိပ်ကမ်းအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုးဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
    ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၆ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မြန်မာရေလျှံကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း(၆၂)နှစ်သည် ၎င်း၏ဇနီး ဒေါ်စန်းစန်း(၅၅)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     အလားတူ ည ၇ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကျခတ်တန်းကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကံဝင်း(၆၂)နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သူခိုးများက ဂျာမနီနိုင်ငံမြောက်ပိုင်းရှိ ဘဏ်တစ်ခုမှ ယူရို ၁၀ သန်းခန့် ခိုးယူလွတ်မြောက်

ဂျာမနီနိုင်ငံမှ ဘဏ်သူခိုးများသည် နိုင်ငံမြောက်ပိုင်း လူဘက်မြို့ရှိ လုံခြုံရေးလျော့ရဲသည့် Deutsche Bank ဘဏ်ခွဲတစ်ခုမှ ယူရို ၁၀ သန်းခန့် ခိုးယူလွတ်မြောက်သွားခဲ့ကြောင်း Bild သတင်းစာ၏ ဖော်ပြချက်ကို ကိုးကား၍ မီဒီယာတစ်ခုက ဖော်ပြသည်။

ဖော်ပြချက်များအရ သူခိုးလေးဦးသည် ဘဏ်၏ပိုင်နက်အတွင်းသို့ ဝင်ရောက်ပြီးနောက် ငွေကြေးများနှင့် အခြားအဖိုးတန်ပစ္စည်းများထားရှိရာ မီးခံသေတ္တာအတွင်းသို့ အလွယ်တကူ    ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့သည် ဘဏ်ပိတ်ချိန်အထိ စောင့်ဆိုင်းပြီးမှ   မီးခံ‌သေတ္တာအတွင်းရှိ အံဆွဲများကို ရိုးရိုးသာမန်သော့များဖြင့် ဖွင့်ကာ အတွင်းမှ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။

ထူးခြားသည့်အချက်မှာ မီးခံသေတ္တာအတွင်း၌ ကင်မရာနှင့်လူသား၏လှုပ်ရှားမှုကို စောင့်ကြည့်နိုင်သည့် စောင့်ကြည့်ရေးကင်မရာ တပ်ဆင်ထားမှုမရှိခြင်း ဖြစ်သည်။

ဘဏ်တွင် တပ်ဆင်ထားသည့် အချက်ပေးအသံမှာလည်း သူခိုးများထွက်ခွာသွားမှသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းနောက်တွင် သူခိုးများသည် ဘဏ်၏အနောက်ဘက်တွင် ရပ်ထားသည့် ကားများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းစာတွင်ဖော်ပြထားသည်။

သူခိုးများသည် မြေအောက်ရှိ မီးခံသေတ္တာ၏ အခြေအနေကို သိရှိနိုင်ရန်အတွက်   အဆိုပါမီးခံသေတ္တာမှ အံဆွဲအချို့အား ကြိုတင်ငှားရမ်းခဲ့ကြောင်းသိရသည်။ လက်ရှိတွင် Deutsche Bank အနေဖြင့် အဆိုပါဘဏ်၏ လုံခြုံရေးတင်းကျပ်ခဲ့ပြီး သူခိုးများအား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

သူခိုးများသည် ဘဏ်၏အဆောက်အအုံအတွင်း   လူမသိ၊သူမသိနေနိုင်ခဲ့သည့်အပြင် ငွေကြေးများကို ခိုးယူသွားခြင်းနှင့်စပ်လျဉ်း၍ ဘဏ်၌သာ တာဝန်ရှိသည်ဟု အဆိုပါဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုများ ရယူနေသူပြည်သူများ၏ ရှေ့နေကပြောကြားခဲ့ကြောင်း သိရသည်။

Ref: Ivt, Apa

Source: Myawady Web Portal

    အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောက်ကြီး မြို့နယ်၊ရမ်ကစ်ကျေးရွာနေ ဒေါ်ဖူးကူမာသီ(၄၅)နှစ်သည် သာစည်ကျေးရွာအနီးရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက် သမားများ  ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၂/၅) စစ်မြေပြင်ဆေးတပ်ခွဲသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကော့ကရိတ်မြို့နယ်၊ တံတားကျိုး ကျေးရွာနေ ကိုစိုးလင်းအောင်(ခ)ကျားလေး(၂၀)နှစ်သည် တံတားကျိုးကျေးရွာအနီးရှိ ရော်ဘာခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက် သမားများ ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။