သတင်းများ

ကျားဖြန့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် လူပေါင်း ၇၀၀၀ကို (BGF) ပြန်လွှတ်ပေးဖွယ်ရှိနေ

မြန်မာနယ်ခြားစောင့်တပ်ဖွဲ (BGF)အနေဖြင့် အွန်လိုင်းမှတဆင့် လိမ်လည်နေသည့် ဂိုဏ်းများ သို့မဟုတ် ကျားဖြန့် ဂိုဏ်းများလက်ထဲတွင် ဖမ်းဆီးခံရသူ အနည်းဆုံး ၇၀၀၀ ကို ပြန်လွှတ်ပေးဖွယ်ရှိနေကြောင်း သိရသည်။ (BGF)သည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသကို အခြေပြုလှုပ်ရှားနေသည့် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းမည်ဖြစ်ပြီး အရေးယူအပြစ်ပေးနိုင်ရန် တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးဖွယ်ရှိနေကြောင်း ကတိပြုထားသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းကပြောသည်။

ကျားဖြန့် ဂိုဏ်းများလက်ထဲပိတ်မိနေသူများကို မိခင်နိုင်ငံထံ ပြန်ပို့ နိုင်ရန်အတွက် အင်ဒိုနီးရှား၊ ဂျပန် နှင့် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အာရှတိုက်နိုင်ငံများ၊ ဥရောပတိုက်နိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများ၊ အာဖရိက နိုင်ငံများ၏ သံရုံးများနှင့်တိုက်ရိုက်ဆက်သွယ်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူများကို ခွဲခြားပြီး သက်ဆိုင်ရာမိခင်နိုင်ငံသို့ လေယာဉ်ဖြင့် ချက်ချင်းပြန်ပို့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

BGF အဖွဲ့သည်ကျားဖြန့် ဂိုဏ်းများကို ဖေဖော်ဝါရီ ၁၃ရက်နေ့မှ စတင် ဖြိုခွင်းမည်ဖြစ်ပြီး ဂိုဏ်းများလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိ ဖမ်းဆီးခံရသူများကိုတစ်ရက်ကို ၅၀၀ နှုန်းဖြင့် ရက်ပေါင်း ၂၀ ကြာ ထိုင်းနှင့်မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်းသိရသည်။

ဝန်ကြီး ဝီချာယာချိုင်းက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် မြဝတီမြို့ရှိအွန်လိုင်းလိမ်လည်နေသည့်ဂိုဏ်းများကို ဖြိုခွင်းပေးမည်ဟု ကတိပြုထားပြီး မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်များလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိဖမ်းဆီးခံရသူ ဦးရေသည် ခန့်မှန်းခြေ အနည်းဆုံး ၁ သောင်းခန့်ရှိနေကြောင်း ပြောသည်။

ကိုးကား-NP News

ငွေကြေးလိမ်လည်ရန် အဓမ္မခိုင်းစေခံခဲ့ရဖွယ်ရှိသော နိုင်ငံခြားသား ၂၆၀ မြန်မာဘက်မှ ထိုင်းဘက်သို့ ရောက်လာ

မြန်မာနိုင်ငံတွင် ငွေကြေးလိမ်လည်မှုများအတွက် အဓမ္မခိုင်းစေခံခဲ့ ရကြောင်း ယူဆရသည့် နိုင်ငံခြားသား ၂၆၀ ဦးကို ထိုင်းနိုင်ငံဘက်က လက်ခံခဲ့သည်ဟု သိရှိရပြီး ၎င်းတို့သည် နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ထိုင်ဝမ် မှလာရောက်သူများဖြစ်သည်ဟု ထိုင်းနိုင်ငံကဆိုပါသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က အဆိုပါနိုင်ငံခြားသားများကို ထိုင်းမြန်မာ နယ်စပ်တစ်နေရာ၌ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက အကာအကွယ် ပေးခဲ့ကြောင်း ပြောသည်။

အဆိုပါနိုင်ငံခြားသားများတွင် အီသီယိုးပီးယားနိုင်ငံသား ၁၃၈ ဦး၊ ကင်ညာနိုင်ငံသား ၂၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၆ ဦးနှင့် မလေးရှား နိုင်ငံသား ၁၅ ဦးတို့ ပါဝင်သည်။

၎င်းတို့ကို မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ပို့ပေးခဲ့ကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။ ထိုင်းအာဏာပိုင်များက ၎င်းနိုင်ငံခြားသားများ မြန်မာနိုင်ငံထဲသို့ မည်ကဲ့သို့ဝင်ရောက်ခဲ့ပုံနှင့် အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးမည် ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာထိန်းမှုဖြစ်စဉ်နောက်ပိုင်း တရုတ် နိုင်ငံသားများနှင့် အခြားသူများ ပါဝင်သည့် လူလိမ်အုပ်စုများသည် ထိုင်းနယ်စပ်အနီးရှိ ဒေသများတွင် ပိုမိုလှုပ်ရှားလာကြပြီး နိုင်ငံခြားသား များ ချုပ်နှောင်ခံရကာ ရာဇ၀တ်မှုတွင်ပါဝင်ရန် အဓမ္မ ခိုင်းစေခံရမှုများ ဆက်တိုက်ဖြစ်ပွားနေပါသည်။

ကိုးကား-NHK World

ဗန်းမော်မြို့တိုက်ပွဲ ရက် (၇၀) ကျော်အတွင်း KIA PDFအဖွဲ့ဘက်တွင် အကျအဆုံးများနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲ ရက်ပေါင်း (၇၀) ကျော်အတွင်း KIA နှင့် PDFအဖွဲ့ဘက်တွင် အကျအဆုံးများနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ KIA လက်နက်ကိုင်အဖွဲ့က ဗန်းမော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် ရက်ပေါင်း (၇၀) ကျော်ကြာမြင့်လာပြီဖြစ်ကြောင်းသိရသည်။

ဗန်းမော်မြို့သည် ကချင်ပြည်နယ်အတွင်းမှ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးကောင်းမွန်သည့် မြို့ဖြစ်သည့်အပြင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၂၁) အပါအဝင် ခလရ (၂၃၆)၊ ခလရ (၄၇)၊ အမြောက်တပ်များဖြစ်သည့် အမတ(၃၃၆) ၊ (၃၀၄) နှင့် အမှတ် (၇၀ဝ၆) သံချပ်ကာတပ်၊ (၅၀၁၄)တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း(၅)ရင်း ခန့် အခြေစိုက်သည့် မြို့ဖြစ်သည်။

NP Newsက ဗန်းမော်မြို့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ စစ်ရေး သတင်းရင်းမြစ်များထံ မေးမြန်းအတည်ပြုမှုများ ပြုလုပ်ခဲ့ရာ ဗန်းမော် မြို့ကို တိုက်ခိုက်ရန်လာသော KIA PDFပူးပေါင်းအဖွဲ့များဘက်မှာ သေဆုံးသူအရေအတွက်မှာ ထောင်ဂဏန်းနီးပါး ကပ်နေပြီဖြစ်ကြောင်း နှင့် အရေအတွက် ထပ်မံတိုးပွားလာဖွယ် ရှိနေသေးကြောင်း သိရသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်း အကျအဆုံးများနေသည့် KIAသည် အညာ ဒေသမှ PDF များနှင့် နယ်မြေခံ PDF များကို ရှေ့တန်းတင် အသေခံ တိုက်ခိုက်စေသည့် ဖြစ်စဉ်များလည်း ရှိနေပြီး ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများမှ လူများအားဖမ်းဆီးကာ တိုက်ခိုက်စေခြင်းများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အခုဆို ရွှေမှော်တွေမှာ ပေါ်တာဆွဲတာတွေလုပ်နေတယ်။ KIAကသူတို့သိမ်းထားတဲ့ သတ္ထုတွင်းတွေဘက်မှာ လူသစ်စုဆောင်းတယ်။ တစ်နည်းအားဖြင့် ပေါ်တာဆွဲတာပေါ့။ အရင်ကတော့ ကချင်တွေပဲ ဆွဲတာ။အခုဆိုရင် ဘာလာလာဆွဲတယ်။ အစ္စလမ်ကော ဂေါ်ရခါးရော အကုန်လုံးဆွဲတယ်” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် KIAကဖော်ဆောင်ခဲ့သည့် ဗန်းမော်မြို့တိုက်ပွဲကြောင့် မြို့၏ (၃)ပုံ(၂)ပုံခန့်သည်လည်း ပျက်စီးနေလျက်ရှိကာ ဒေသခံများစွာသည်လည်း ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေရလျက်ရှိနေကြောင်း သိရသည်။

အမေရိကန်အစိုးရ၏ လက်နက်ခဲယမ်း အကူအညီထက်ဝက်ခန့်ကို ယူကရိန်းက မှောင်ခိုဈေးကွက်များ၌ ရောင်းချဟုဆို

အမေရိကန်အစိုးရ၏ လက်နက်ခဲယမ်း အကူအညီများအနက်မှ ထက်ဝက်ခန့်ကို ယူကရိန်းနိုင်ငံက မက္ကဆီကို မူးယစ်ဂိုဏ်းများ အပါအဝင် နိုင်ငံတကာ မှောင်ခိုဈေးကွက်များ၌  ရောင်းချခဲ့သည်ဟု အမေရိကန် သတင်းထောက်တစ်ဦးက ပြောသည်။

အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဒေါ်လာဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိ လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးအပ်ခဲ့သော်လည်း ယင်းလက်နက်များအနက်မှ ထက်ဝက်ခန့်မှာ အမေရိကန်အစိုးရ၏ တကယ့်ရန်သူများဖြစ်သည့် မူးယစ်ဆေးဝါး ဂိုဏ်းများ၏ လက်အတွင်းသို့ ရောက်ရှိသွားကြောင်း  အမေရိကန်သတင်းထောက် တက်ခါကာဆန်က အမေရိကန် ကြည်းတပ်မှ အငြိမ်းစားဒုတိယဗိုလ်မှူးကြီးလည်းဖြစ် အီရတ်နှင့်အာဖဂန်စစ်ပြန်လည်းဖြစ်သည့် ဒန်းနီယယ်ဒေးဗစ်နှင့် ဖေဖော်ဝါရီလ ၁၀ ရက်က ပြုလုပ်သည့်တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံမှ အမေရိကန်က ထောက်ပံ့ပေးထားသည့် လက်နက်များကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဝယ်နိုင်ခြင်းမှာ မနှစ်မြို့စရာ အခြေအနေများပင်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယူကရိန်းနိုင်ငံမှ တရားမဝင်ခိုးထုတ်လာသည့် အဆင့်မြင့် လက်နက်များကို စပိန်နိုင်ငံတောင်ပိုင်းရှိ   ရာဇဝတ်ဂိုဏ်းများက ရယူနိုင်ခဲ့သည်ဟု စပိန်မီဒီယာ တစ်ခုက ၂၀၂၄    ခုနှစ် ဇွန်လအတွင်း၌ ဖော်ပြခဲ့သည်။

Source:Myawady Web Portal

ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် ခဲ့ကြောင်း ဗြိတိန် ပညာရှင်အဖွဲ့ဆို

ယူကရိန်း-ရုရှား ပဋိပက္ခဖြစ်စဉ်အတွင်း ယခင်နှစ်၏ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးအသုံးစရိတ်သည် အမြင့်ဆုံးပမာဏကို ရောက်ရှိခဲ့ကြောင်း ဗြိတိန် ပညာရှင်အဖွဲ့တစ်ဖွဲ့က ဆိုပါသည်။

International Institute for Strategic Studies က ၎င်းတို့၏ နှစ်ပတ်လည် စစ်ရေးအသုံးစရိတ်နှိုင်းယှဉ်မှုဆိုင်ရာ အစီရင်ခံစာကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ် သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၄၆ ထရီလီယံအထိ ရှိလာခဲ့ကာ ယခင်နှစ်ကထက် ၇.၄ ရာခိုင်နှုန်း တိုးလာသည်ဟု အဆိုပါ သုတေသန ဌာနက ဆိုပါသည်။

အမေရိကန်ပြည်ထောင်စုသည် စုစုပေါင်းကာကွယ်ရေးအသုံးစရိတ်၏ ၄၀ ရာခိုင်နှုန်းခန့် သုံးစွဲခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၆၈ ဘီလီယံ၊ တရုတ် က အမေရိကန်ဒေါ်လာ ၂၃၅ ဘီလီယံနှင့် ရုရှားက ၁၄၅.၉ ဘီလီယံ ရှိကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားပါသည်။

ဂျပန်၏ အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံနှင့် နဝမ နေရာ၌ ရှိနေပြီး အသုံးစရိတ်မြင့်တက်သည့်နှုန်းအနေဖြင့် ၁၆.၅ ရာခိုင်နှုန်း ရှိကာ တရုတ်၏ ၇.၄ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ပါသည်။

တရုတ်၏ ကာကွယ်ရေးအသုံးစရိတ်သည် အာရှနိုင်ငံစုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းအထိရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပြီး တရုတ်သည် ၎င်း၏တပ်အင်အား ချဲ့ထွင်ဖွဲ့စည်းရန်နှင့် ခေတ်မီစေရန် တွန်းအားပေး ဆောင်ရွက်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားပါသည်။

မြောက်ကိုရီးယားနှင့်ပတ်သက်၍ ၎င်းသည် နျူကလီးယား လက်နက် စွမ်းရည်တိုးတက်မှုများကို ဆက်လက်ပြသနေပြီး နောက်ထပ် နျူကလီးယား စမ်းသပ်မှုများ လုပ်ဆောင်လာနိုင်ကာ စိုးရိမ်စရာများ ရှိနေဆဲ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ရေတပ် သင်္ဘောနှစ်စင်း ဖြတ်ကျော်ဝင်ရောက်

အမေရိကန်ရေတပ် သင်္ဘောနှစ်စင်းသည် ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့မှုနှင့်အတူ တရုတ်ဘက်မှ တင်းမာသည့်တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြတ်ကျော်ဝင်ရောက်မှုသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် စတင် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြတ်ကျော်ဝင်ရောက်မှု တစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်ရေတပ်သင်္ဘောနှစ်စင်း ဖြတ်ကျော် ဝင်ရောက်မှုသည် လုံခြုံရေးအန္တရာယ်များကို တိုးမြင့်စေသည်ဟု တရုတ် အစိုးရက သတင်းထုတ်ပြန်ပြောဆိုခဲ့ပါသည်။ မဟာမိတ်နိုင်ငံများ၏ သင်္ဘောများနှင့်အတူ ရံဖန်ရံခါလိုက်ပါလေ့ရှိသော အမေရိကန် ရေတပ် သည် ထိုင်ဝမ်ရေလက်ကြားကို တစ်လလျှင်တစ်ကြိမ်ခန့် ဖြတ်သန်းလေ့ ရှိကြောင်းလည်း သိရှိရပြီး ထိုင်ဝမ်ရေလက်ကြားကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက အခိုင်အမာပြောဆိုထားခဲ့ပါသည်။ ထိုင်ဝမ်ရေလက်ကြား ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် အမေရိကန်ရေတပ်သင်္ဘောများသည် Arleigh Burke- class ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Ralph Johnson နှင့် Pathfinder-class စစ်တမ်းသင်္ဘော USNS Bowditch တို့ဖြစ်သည်ဟု အမေရိကန်ရေတပ်က ထုတ်ပြန်ပြောကြားခဲ့ပါသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ခြိမ်းခြောက်မှုခံရမည် မဟုတ်ဟု ရုရှားပြော

မော်စကို၊ စစ်ရေး

ယူကရိန်းပဋိပက္ခပြီးဆုံးသွားပါက နေတိုးအဖွဲ့ဝင်နိုင်ငံများမှာ ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုကို ခံရမည်မဟုတ်ဟု ရုရှားအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြောကြားသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုကို ခံရမည်ဟူသော  ဒိန်းမတ်နိုင်ငံ၏ ပြောဆိုချက်သည် ယင်းနိုင်ငံပြည်သူများ၏ အခွန်ငွေကြေးများကို အသုံးပြု၍  စစ်အသုံးစရိတ်  တိုးမြှင့်ရေးအတွက်   အကြောင်းပြချက်ပြခြင်းသာဖြစ်ပြီး ရုရှားအနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအပေါ် မည်သည့်အခါမျှ ခြိမ်းခြောက်ခဲ့ခြင်း မရှိကြောင်း ဒီမီထရီပက်စကော့က သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

ယူကရိန်း လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ပြီးနောက် ၅ နှစ်အတွင်းမှာပင် ရုရှားနိုင်ငံက ဥရောပတွင် အကြီးစားစစ်ပွဲ တစ်ရပ်ဆင်နွှဲရန်   အသင့်ဖြစ်နေဖွယ်ရှိကြောင်း ဒိန်းမတ်စစ်ဘက် ထောက်လှမ်းရေး အဖွဲ့က အစောပိုင်းတွင် ပြောကြားပြီးနောက် ရုရှားအစိုးရ၏ တုံ့ပြန်မှုထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် ယူကရိန်း စစ်ပွဲဆင်နွှဲနေစဉ် တစ်ချိန်တည်းမှာပင် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံ သို့မဟုတ် နိုင်ငံများနှင့်   စစ်ပွဲဆင်နွှဲနိုင်မည် မဟုတ်ဟု ဒိန်းမတ်စစ်ဘက် ထောက်လှမ်းရေးအဖွဲ့က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

ဗြိတိန်ကလေးကစားကွင်းတစ်ကွင်း၌ ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံး ၁၇၀ ကျော်တွေ့ရှိ

လန်ဒန်  ဖေဖော်ဝါရီ ၁၁

အင်္ဂလန်မြောက်ပိုင်း ဝိုလ်လာမြို့ကလေးကစားကွင်းတစ်ကွင်း မြေအောက်၌ မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံး ၁၇၆ လုံးတူးဖော်တွေ့ရှိခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ဖေဖော်ဝါရီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကလေးကစားကွင်းပြန်လည် ပြင်ဆင်မွမ်းမံရေးလုပ်ငန်းများအတွက် မြေပြင်တူးဖော်မှုများပြုလုပ်နေစဉ် ပေါက်ကွဲခြင်းမရှိသေးသည့် အဆိုပါ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများ တွေ့ရှိခဲ့သော စစ်လက်ကျန်ဗုံးများအနက် ၆၀ တို့မှာ လေ့ကျင့်ရေးသုံး ၁၀ ပေါင် ဗုံးများဖြစ်ကြသည်။

၎င်း စစ်လက်ကျန်ဗုံးများမှာ ဖောက်ခွဲရေးစနစ် အသက်ဝင်နေဆဲဖြစ်ရာ ပေါက်ကွဲမည့်အန္တရာယ်ရှိနိုင်ကြောင်း ဗြိတိန်ဗုံးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဗြိတိန်ဗုံးကျွမ်းကျင်သူများသည် ဝိုလ်လာမြို့စကော့ကလေးကစားကွင်း၌ စစ်လက်ကျန်ဗုံးဟောင်းဆက် ရှိ၊ မရှိ ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။

စကော့ ကလေးကစားကွင်းနေရာသည် ဒုတိယကမ္ဘာစစ်က ပြည်တွင်းအပျော်တမ်း အစောင့်တပ် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးကွင်းဖြစ်ခဲ့ဖူးကြောင်း  သိရသည်။ 

Source: ရတနာပုံသတင်းစာ

အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ Yelahanka လေတပ်စခန်း၌ စတင်ကျင်းပသော Aero India 2025 အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် အမေရိကန်၏ F-35A နှင့် F-16 တိုက်လေယာဉ်များ ပါဝင်ပြသ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ Yelahanka လေတပ်စခန်း၌ စတင်ကျင်းပသော Aero India 2025 အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် အမေရိကန်၏ F-35A နှင့် F-16 တိုက်လေယာဉ်များ ပါဝင်ပြသခဲ့ကြောင်း၊ ထို့အပြင် ရုရှား၏ Su-57 တိုက်လေယာဉ်လည်း ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့ကြောင်း သိရသည်။ 

အိန္ဒိယ၏ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ၁၉၉၆ ခုနှစ် မှစတင်ပြုလုပ်သည့် ယခုလေကြောင်းပြပွဲတွင် ကမ္ဘာ့အဆင့်မြင့် တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည် ပြိုင်ဆိုင်မှုများကို ပြသနေကြပါသည်။ 

အထူးသဖြင့် အိန္ဒိယအပေါ် အာရှပစိဖိတ်မဟာဗျူဟာ၏ အဓိက မိတ်ဖက်အဖြစ် ရှုမြင်ထားသည့် အမေရိကန်နှင့် Made in India မူဝါဒအရ အိန္ဒိယနှင့် စစ်ဖက်ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်နေသည့် ရုရှားတို့၏ ဆဋ္ဌမ မျိုးဆက်တိုက်လေယာဉ်များဖြစ်သည့် F-35A နှင့် Su-57 တို့၏ တစ်ပြိုင်နက် ပြသမှုမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

ကိုးကား-TASS

Photo: Defense Security Asia

အမေရိကန်မှ အလိုရှိနေသည့် ရုရှားဟက်ကာများကို ထိုင်းတွင် ဖမ်းဆီးရမိ

ကုမ္ပဏီများကို ခြိမ်းခြောက်ငွေညှစ်ခဲ့သော အမေရိကန်နှင့် ဆွစ်ဇာလန် တို့မှ အလိုရှိနေသည့် ရုရှားနိုင်ငံသား လေးဦးအား ဖူးခက်တွင် ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

အသက် ၂၇ နှစ်မှ ၃၉ နှစ်ကြားရှိ သံသယရှိသူများအား Muang နှင့် Thalang ခရိုင်ရှိ နေအိမ်များတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း Cyber Crime Investigation Bureau အကြီးအကဲ Trairong Phiwpan က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

အခင်းဖြစ်ရာနေရာမှ ကွန်ပျူတာများနှင့် လက်ကိုင်ဖုန်းများကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူလေးဦးသည် ဆွစ်ဇာလန်နိုင်ငံရှိ ကုမ္ပဏီ ၁၇ ခုအား ပစ်မှတ်ထားရန် ransomware ကိုအသုံးပြုကာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နှင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်ကြားတွင် အပေးအယူလုပ်ထားသောစနစ်များ၏ Log ဖွင့်နိုင်ရေး ငွေပေးချေရန် တောင်းဆိုခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

၎င်းတို့သည် ခြိမ်းခြောက်သော အီးမေးလ်များပေးပို့ပြီး ငွေပေးချေရန် ငြင်းဆိုထားသည့် အဖွဲ့အစည်းများသို့ ဖုန်းခေါ်ဆိုမှုများလည်း ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဟက်ကာများသည် ကမ္ဘာတစ်ဝှမ်းရှိ သားကောင် ၁၀၀၀ ထံမှ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၆ သန်းတန်ဖိုးရှိ Crypto ငွေကြေးများကို ခိုးယူခဲ့သည်ဟု Trairong မှ ပြောကြားခဲ့သည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူများအား အရေးယူမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့အား အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း Trairong Phiwpan က ပြောကြားခဲ့သည်။

ကိုးကား-VN Express

Photo: Bangkok Post