သတင်းများ

ဩစတြေးလျနှင့် နျူကလီးယားရေငုပ်သင်္ဘော သဘောတူညီချက်အတွက် အမေရိကန်ကို မြောက်ကိုရီးယားအစိုးရ ဝေဖန်ပြစ်တင်

AUKUS မိတ်ဖက်သဘောတူညီချက်အရ ဩစတြေးလျနှင့် နျူကလီးယား ရေငုပ်သင်္ဘောသဘောတူညီချက်အတွက် အမေရိကန်နိုင်ငံကို မြောက် ကိုရီးယားအစိုးရက ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရပါသည်။ အမေရိကန် နိုင်ငံသည် AUKUS မိတ်ဖက်သဘောတူညီမှု၊ အမေရိကန်၊ တောင် ကိုရီးယား၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတို့နှင့် ပတ်သက်ပြီးနောက်ဆက်တွဲအကျိုးဆက်များကို သတိထားသင့်သည်ဟု မြောက်ကိုရီးယားအစိုးရက သတိပေးပြောကြားခဲ့ပါသည်။

အမေရိကန်နှင့်နျူကလီးယားရေငုပ်သင်္ဘောသဘောတူညီချက်အတွက် ဩစတြေးလျသည် ပထမဆုံး အမေရိကန်ဒေါ်လာသန်း (၅၀၀) ပေးချေမှုကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ AUKUS မိတ်ဖက် သဘောတူညီချက်အရ ဩစတြေးလျနိုင်ငံသည် ရေငုပ်သင်္ဘောစွမ်းဆောင်ရည်များကို မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ (၃) ဘီလီယံ ပေးချေရမည်ဖြစ်ပြီး အမေရိကန်က ၂၀၃၀ ပြည့်နှစ် အစောပိုင်း၌ Virginia-class နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ဩစတြေးလျထံ ရောင်းချသွားမည်ဖြစ်သည်ဟု သိရပါသည်။

မြောက်ကိုရီးယားအား အထင်မသေးရန်နှင့် ရန်စမှုများကို ငြိမ်ခံနေမည် မဟုတ်ကြောင်းလည်း မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး ပြောဆိုခဲ့ပါသည်။ မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၊ဂျပန်နှင့် တောင်ကိုရီးယားတို့၏ သုံးနိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပြီး သင့်လျော်သည့် လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု အကြိမ်ကြိမ်သတိပေး ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။

ကိုးကား-NP News

အာဖဂန်နစ္စတန်နယ်စပ်အနီး၌ စစ်သွေးကြွ (၃၀) ဦးကို သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ် သတင်းထုတ်ပြန်

အာဖဂန်နစ္စတန်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်အနီးမှ South Waziristan ခရိုင်တွင် အစွန်းရောက် စစ်သွေးကြွ ၃၀ ဦး ကို သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဖေဖော်ဝါရီလ ၁၈ ရက်၌ သတင်းထုတ်ပြန်ခဲ့ပါသည်။ အစွန်းရောက် စစ်သွေးကြွများ၏ အဓိကနယ်မြေဖြစ်သည့် South Waziristan ခရိုင်သည် သတင်းထောက်နှင့် လူ့အခွင့်အရေးအဖွဲ့များ သွားရောက်ရန်အတွက် မလွယ်ကူခြင်းကြောင့် အချက်အလက်များကို တိတိကျကျ စစ်ဆေးရန် ခက်ခဲသည်ဟုလည်း သိရပါသည်။

အစွန်းရောက်စစ်သွေးကြွအဖွဲ့များသည် အစိုးရကိုဖြုတ်ချပြီး တင်းကျပ်သည့် အုပ်ချုပ်မှုစနစ်ကို အစားထိုးရန်အတွက် ပါကစ္စတန်နိုင်ငံအတွင်း၌ တိုက်ပွဲများဆင်နွှဲနေခြင်းဖြစ်သည်ဟုလည်း သိရပါသည်။ သို့သော်လည်း ပါကစ္စတန်စစ်တပ်သည် စစ်သွေးကြွများအကြောင်းနှင့် မည်သည့်အဖွဲ့ က စစ်သွေးကြွများဖြစ်သည်ဟူသော နောက်ထပ်အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပြောဆိုထားခြင်းမျိုး မရှိကြောင်း သိရပါသည်။ အစွန်းရောက်စစ်သွေးကြွများသည်  ၂၀၂၂ ခုနှစ်တွင် ပါကစ္စတန်အစိုးရ နှင့်အပစ်အခတ်ရပ်စဲရေးကို ရုတ်သိမ်းပြီးနောက်ပိုင်း စစ်တပ်၏ အခြေစိုက်စခန်းများကို ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ထို့အပြင် အစွန်းရောက်စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌ လေ့ကျင့်ရေးစခန်းများဖွင့်လှစ်ပြီး ပါကစ္စတန်နိုင်ငံအတွင်းတွင် တိုက်ခိုက်ရန် စီစဉ်နေကြောင်း ပါကစ္စတန်အစိုးရက စွပ်စွဲပြောဆိုထားသော်လည်း အာဖဂန်နစ္စတန်အစိုးရက အဆိုပါပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားသည်ဟု သိရပါသည်။

ကိုးကား-NP News

Photo: Al Arabiya

ယူကရိန်းလုံခြုံရေးကို အာမခံချက်ပေးရန် အတွက် တပ်ဖွဲ့ဝင်များစေလွှတ်ရန် အသင့်ရှိသည်ဟု ဗြိတိန်ပြော

 ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ရန်အတွက်  ယူကရိန်းနိုင်ငံ၏ လုံခြုံရေးကို အာမခံချက်ပေးရန်   ဗြိတိန်နိုင်ငံက ၎င်းတို့၏တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် အသင့်ရှိသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမားက ပြောကြားခဲ့ကြောင်း ဗြိတိန်သတင်းစာကြီးတစ်စောင်   ဖြစ်သည့် The Daily Telegraph တွင်  ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ၏ လုံခြုံရေးကိုအာမခံပေးနိုင်ရန် လုပ်ဆောင်မှုတွင်   ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန်အသင့်ရှိပြီး ယူကရိန်းတပ်မတော်သို့  အကူအညီအဖြစ် နှစ်စဉ် စတာလင်ပေါင်  ၃ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံခန့်)ကို လာမည့် ၂၀၃၀ ပြည့်နှစ်အထိ ပေးအပ်ရန်ကတိပြုပြီးဖြစ်ကြောင်း စတားမားကပြောသည်။

ထို့ပြင် လိုအပ်ပါက ဗြိတိန်အစိုးရက ၎င်းတို့တပ်ဖွဲ့ဝင်များအား ယူကရိန်းသို့ စေလွှတ်ရန်အတွက်လည်း အသင့်ရှိသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ယူကရိန်း၏ အနာဂတ်အရေးသည် ဥရောပဒေသတစ်ခုလုံးနှင့် သက်ဆိုင်သည့်ကိစ္စရပ်တစ်ခုဖြစ်သောကြောင့် ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့၏ ကာကွယ်ရေးအတွက် အသုံးစရိတ်ကို တိုးမြှင့်၍ နေတိုးအဖွဲ့တွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ရန်လိုအပ်ကြောင်း စတားမားက ပြောကြားခဲ့ကြောင်းသိရသည်။

ယူကရိန်းနိုင်ငံသို့ ဗြိတိန်တပ်များအား စေလွှတ်မည့်အစီအစဉ်အား စတားမားက ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း The Daily Telegraph သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။ 

Source: Myawady Web Portal

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်း ယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ရှိ ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသမီး သုံးဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ပရပိုက်တန်းကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်ရင်နု (၆၀)နှစ်၊ ဒေါ်သိန်းသန်းဌေး(၄၁)နှစ်နှင့် ဒေါ်လွင်လွင်ဦး(၄၀)နှစ်တို့သည် ကျောင်းကုန်းကျေးရွာမှ ပရပိုက်တန်းကျေးရွာသို့ ဆိုင်ကယ် နှစ်စီးဖြင့် တညောင်-ဆင်ဖြူကျွန်းသွားကားလမ်းအတိုင်း ပြန်လာစဉ် နွယ်တမင်ကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့သုံးဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm 

လက်နက်ကိုင်အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပခုက္ကူမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဦးအောင်ခိုင်ဦး(၄၀)နှစ်၊ အမှတ်(၃)ရပ်ကွက်နေသူများဖြစ်ကြသည့် မောင်ဖိုးခွား(၁၄)နှစ်နှင့် မောင်ကျော်မိုး ခြောက်နှစ်တို့သည် အမှတ်(၃)ရပ်ကွက်ရှိ ရှင်ပြုအလှူပြုလုပ်ရန် မဏ္ဍပ်ဆောက်လုပ်နေသည့်နေရာ၌ ကူညီလုပ်ကိုင် ပေးနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် မောင်ဖိုးခွားတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ဦးအောင်ခိုင်ဦးနှင့် မောင်ကျော်မိုးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဇရစ်မျှောင် ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွေး(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသန်းထွေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မခိုင်းစေခြင်းခံရသည့် ၎င်းတို့၏ နိုင်ငံသား ၂၀၀ ခန့်ကို မြန်မာနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ရန်စီစဉ်

ဖေဖော်ဝါရီ ၁၈

ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများကို နိုင်ငံစုံ ပူးပေါင်းဖြိုခွင်းခြင်း လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တရုတ်နိုင်ငံက အဆိုပါလုပ်ငန်းများမှ ထိန်းသိမ်းထားရှိသည့် ၎င်းတို့၏နိုင်ငံသား ၂၀၀ ခန့်ကို ပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံလုံခြုံရေးဆိုင်ရာ အရာရှိ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဒုစရိုက်အဖွဲ့များက ထိုင်း-မြန်မာနယ်စပ်အပါအဝင် အရှေ့တောင်အာရှဒေသတခွင်တွင် မယုံကြည်နိုင် လောက်အောင် ပျံ့နှံ့လာသည့် ယင်းကဲ့သို့သော တရားမဝင်အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းများတွင် အဓမ္မလုပ်ကိုင်စေရန်အတွက် လူထောင်ပေါင်းများစွာကို လူကုန်ကူးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြား ခဲ့သည်။

ထိန်းသိမ်းခံ တရုတ်နိုင်ငံသားများသည် ဖေဖော်ဝါရီ ၂၀ ရက် (ကြာသပတေးနေ့)တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ခရီးသည်တင်လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြမည်ဖြစ်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip Sawangsaeng က ပြောကြားခဲ့ကြောင်း Bangkokpost သတင်းစာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- Bangkokpost.com         

ဘာသာပြန်ဆိုသူ

ဦးထက်ထက်အောင်(နစက-၄)
 
နေတိုးအဖွဲ့ဝင်နိုင်ငံများ ယူကရိန်းတွင် တပ်ဖြန့်ခြင်းမပြုရန် ရုရှား သတိပေး

ငြိမ်းချမ်းရေးအကြောင်းပြကာ ယူကရိန်း ပိုင်နက်အတွင်း NATO အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖြန့်ထားရေးသဘောတူညီမှုအား လက်မခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်သည်။

ဆော်ဒီအာရေးဗီးယားတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ယူကရိန်း ရုရှားစစ်ပွဲ အဆုံးသတ်ရေးဆွေးနွေးပွဲအပြီးတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ယူကရိန်းတွင် အခြားနိုင်ငံများ၏ အလံအောက်မှ စစ်တပ်တချို့ ရောက်ရှိ နေရုံဖြင့် အခြေအနေ ကွာခြားသွားမည်မဟုတ်ဘဲ လုံးဝ လက်ခံမည်မဟုတ်ကြောင်း ၄င်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ယူကရိန်းမြေပေါ်တွင် ဗြိတိန်အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ စစ်တပ်များ တပ်ဖြန့်ချထားရန် အဆင်သင့်ရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ရုရှား နိုင်ငံခြား ရေးဝန်ကြီးက တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံသို့ အထူးစစ်ဆင်ရေးမဖော်ဆောင်မီ ယူကရိန်း သမ္မတ ဇီလန်စကီး၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုအား အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

Photo: Euractiv

လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ နွားထိုးကြီးမြို့နယ်၊ မကျီးကန်ကျေးရွာနှင့် ပဲချက်ကျေးရွာများသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် မကျီးကန်ကျေးရွာနေ ဦးသန်းအောင်(၅၀)နှစ်နှင့် ပဲချက်ကျေးရွာနေ ကိုချစ်သဲ(၂၃)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မလှိုင်မြို့နယ်၊ သရက္ကန်(တောင်)ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မလဲ့လဲ့အေး(၂၂)နှစ်နှင့် ဒေါ်ကောင်း(၆၅)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာအနီးတွင် ဧလိယ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မလှလှငြိမ်း(ခ)ရိုဇေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၁၂ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ဧလိယ(၂၅)နှစ်နှင့် မလှလှငြိမ်း(ခ)ရိုဇေ(၁၇)နှစ်တို့အား မူ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာအနီးတွင် ဧလိယ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မလှလှငြိမ်း(ခ)ရိုဇေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၁၂ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ဧလိယ(၂၅)နှစ်နှင့် မလှလှငြိမ်း(ခ)ရိုဇေ(၁၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာနေ မောင်ဟိန်းမင်းဦး(၁၇)နှစ်သည် ရေပုတ်ကလေးကျေးရွာအနောက်ဘက် တစ်မိုင်ခွဲခန့်အကွာရှိ ယာခင်းသို့ သွားရောက်စဉ် ယာခင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။