သတင်းများ

ဥရောပမြို့ကြီးတချို့တွင် အကြမ်းဖက်မှု လုပ်ဆောင်ရန်တိုက်တွန်းထားသည့် ဝက်ဆိုက်ကို IS စစ်သွေးကြွအဖွဲ့တည်ထောင်

IS စစ်သွေးကြွအဖွဲ့သည် ဥရောပ မြို့ကြီးတချို့တွင် အကြမ်းဖက်မှု လုပ်ဆောင်ရန် တိုက်တွန်းထားသည့် ဝက်ဆိုက်တစ်ခုကို တည်ထောင်လိုက် ကြောင်း Bild သတင်းစာက ဖော်ပြသည်။

စစ်သွေးကြွအဖွဲ့သည် ဂျာမနီ၊ ဩစတြီးယားနှင့် ဘယ်ဂျီယံနိုင်ငံများရှိမြို့ကြီးတချို့တွင် အကြမ်းဖက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းနိုင်ရေးအတွက် ဂျာမန်ဘာသာဖြင့် ရေးသားထားသည့် ဝက်ဆိုက်ကို တည်ထောင် ခြင်းဖြစ်သည်။ ထို့ပြင် စစ်သွေးကြွအဖွဲ့သည် ဘာလင်၊ မြူးနစ်၊ ဖရန့်ဖတ်၊ ဗီယင်နာ၊ဘရပ်ဆဲ၊ အန်သဝါ့နှင့် ဆားဘာ့ စသည့်မြို့ကြီးများတွင် လမ်းသွားလမ်းလာများအား မော်တော်ကားဖြင့် ဝင်တိုက်ရန် တိုက်တွန်းထား ကြောင်းသိရသည်။

 ထို့ကြောင့် ဂျာမနီ၊ ဩစတြီးယားနှင့် ဘယ်ဂျီယံနိုင်ငံများမှ အာဏာပိုင်အဖွဲ့များက စစ်သွေးကြွအဖွဲ့၏ ဝါဒ ဖြန့်ချိရေးဝက်ဆိုက်အပေါ် လုပ်ဆောင်လျက်ရှိသည်။

IS စစ်သွေးကြွအဖွဲ့သည် အန္တရာယ် ကြီးမားသည့် မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်လျက်ရှိပြီး တစ်ကိုယ်တော် တိုက်ခိုက်ရေးသမားများကို ဆွဲဆောင် စည်းရုံး၍ ၎င်းတို့အားအစွန်းရောက် ဝါဒများ သွတ်သွင်းပေးပြီးနောက် ၎င်းတို့၏နိုင်ငံများသို့ ပြန်လည်စေလွှတ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်စေလျက်ရှိကြောင်း သိရ သည်။

Ref: Tass

Source: Myawady Daily Newspaper

ဗြိတိန်နှင့် ပြင်သစ်တို့သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၃၀,၀၀၀ အထိ စေလွှတ်ရန်စီစဉ်

ဗြိတိန်နှင့် ပြင်သစ်တို့သည် ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင် ၃၀,၀၀၀ အထိ စေလွှတ်ရန် အစီအစဉ်ကို မူကြမ်းရေးဆွဲနေကြောင်း The Wall Street Journal သတင်းစာက ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် အမည်မဖော်လိုသော EU အရာရှိများ၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ 

သို့သော် အဆိုပါ အစီအစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရေးပါဝင်မှု ကန့်သတ်ချက်များအပေါ် မူတည်နေကြောင်း အစီရင်ခံစာ ကဖော်ပြသည်။ ဝါရှင်တန်သည် ယူကရိန်းသို့ စစ်သည်များစေလွှတ်ရန် ပယ်ချထားသော်လည်း ဗြိတိန်နှင့် ပြင်သစ်တို့က အမေရိကန်သည် အရေးကြီးသောပံ့ပိုးမှုများ အထူးသဖြင့် လေကြောင်းကာကွယ်ရေး၊ ထောက်ပံ့ရေးနှင့် ထောက်လှမ်းရေးတို့တွင် ကန့်သတ်ထားသော တပ်ဖွဲ့ တစ်ခုကို ထောက်ပံ့ရန် သဘောတူညီမည်ဟု မျှော်လင့်နေသည်။

EU တာဝန်ရှိသူများက အဆိုပါအစီအစဉ်သည် Trump ၏ သဘောတူညီချက်အပေါ် များစွာမူတည်နေသည်ဟု သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုးကား-RT

အစ္စရေး ဓားစာခံငါးဦးအား ဟားမက်အဖွဲ့ကပြန်လည် လွှဲပြောင်းပေး

ပါလက်စတိုင်းမှ ဟားမက်အဖွဲ့က အစ္စရေးဓားစာခံ ငါးဦးအား ဖေဖော်ဝါရီလ ၂၂ ရက်တွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဟားမက်အဖွဲ့သည် ဓားစာခံသုံးဦးအား ဂါဇာဒေသအလယ်ပိုင်းရှိ အယ်နူဆေရက်ဒုက္ခသည် စခန်း၌ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ပြီး အခြားနှစ်ဦးကို ရာဖာမြို့၌ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော်က အတည်ပြုထားသည်။

ဓားစာခံလွှဲပြောင်းခြင်းကိုဟားမက်နှင့်အစ္စရေးတို့ကြား ယခုနှစ် ဇန်နဝါရီလ  ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ  လုပ်ဆောင်ခြင်းဖြစ်ပြီး  ဟားမက်အဖွဲ့အနေဖြင့် လာမည့်ရက်သတ္တပတ် အတွင်း၌ အစ္စရေးဓားစာခံ ၃၃ ဦးကို ထပ်မံလွှတ်ပေးမည်ဖြစ်ပြီး အစ္စရေးနိုင်ငံကလည်း အပြန်အလှန်အားဖြင့် ပါလက်စတိုင်း အကျဉ်းသား ၁၅၀၀ ကျော်ကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal

အနောက်ဘက်ကမ်းခြေတွင် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ် အမိန့်ပေး

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အနောက်ဘက်ကမ်းခြေတွင် စစ်ဆင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အစ္စရေးစစ်တပ်ကို အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက်က အစ္စရေးနိုင်ငံ တဲအဲဗစ် မြို့ကို မောင်းနှင်လာသည့် ဘတ်စ်ကားပေါ်တွင် ပေါက်ကွဲမှု ဖြစ်လာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် အနောက်ဘက်ကမ်းခြေကို စစ်ဆင်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဘတ်စ်ကားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် လူအများပြား သေဆုံးစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း မျိုးဖြစ်ကြောင်း ပြောသည်။

တဲအဲဗစ်မြို့အစွန်ရှိ အစ္စရေး ဆင်ခြေဖုံးရပ်ကွက်နားက ဘတ်စ်ကား သုံးစီးပေါ်တွင် ပေါက်ကွဲမှုများ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပေါက်ကွဲ စေသောပစ္စည်းများကိုလည်း ဘတ်စ်ကားတစ်စီးအပေါ်တွင် ထပ်မံတွေ့ရှိ ခဲ့ ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဘတ်စ်ကားများပေါ်တွင် လူများမရှိသည့်အတွက် အသက်သေဆုံးခြင်းများ မရှိခဲ့ကြောင်း သိရသည်။ အစ္စရေး စစ်တပ်က လက်ရှိအချိန်တွင် ဘက်စ်ကားများပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အစ္စရေးစုံစမ်းထောက်လှမ်းရေးအဖွဲ့က စုံစမ်း စစ်ဆေးနေကြောင်းပြောသည်။ ဘတ်စ်ကားများပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ဝန်ခံထားသည့် လက်နက်ကိုင်အဖွဲ့အစည်း မရှိသေးကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်သည် ဘတ်စ်ကား သုံးစီးပေါ်တွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် အစ္စရေး ထောက်လှမ်းရေးအကြီးအကဲ၊ အစ္စရေးရဲတပ်ဖွဲ့အကြီးအကဲ၊ အစ္စရေး စစ်တပ်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အစ္စရေး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပေါက်ကွဲစေသော ပစ္စည်းများသည် အချိန်ကိုက်ပြုလုပ်ထားသည့်ဗုံးများဖြစ်ပြီး လူအများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းမျိုး ဖြစ်ကြောင်း သတင်းများအရ သိရှိရပါသည်။

ကိုးကား- NP News

လက်နက်ရောင်းချပေးရန် ဂျာမနီဝန်ကြီးချုပ် ကမ်းလှမ်းချက် ဘရာဇီး သမ္မတ ငြင်းပယ်

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva သည် ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ယူကရိန်းအတွက် လက်နက်ရောင်းချပေးရန် ကမ်းလှမ်းလာမှုကို ငြင်းပယ်လိုက်ပါသည်။ မိမိအနေဖြင့် ရုရှား သို့မဟုတ် မည်သူ့ကိုမျှ သတ်ရန်အတွက် လက်နက်များ ရောင်းချမည်မဟုတ်ကြောင်း ပြောကြားလိုက်ပါသည်။

Lula da Silva သည် ဖေဖော်ဝါရီ ၁၉ ရက် (ဗုဒ္ဓဟူးနေ့)က ပေါ်တူဂီ ဝန်ကြီးချုပ် Luis Montenegro နှင့် ပူးတွဲ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ရုရှား-ယူကရိန်းစစ်ပွဲ တင်းမာမှု လျော့ပါးစေရန် ဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 

ဂျာမနီသည် ယူကရိန်းအတွက် အဓိကထောက်ပံ့နေသည့်နိုင်ငံဖြစ်ပြီး စစ်ပွဲစတင်ကတည်းက ဘီလီယံများစွာ တန်သော စစ်လက်နက်များ ပံ့ပိုးပေးခဲ့ပါသည်။ 

ပြီးခဲ့သည့်လက ဘရာဇီးသမ္မတ Lula da Silva သည် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်တွင် အနိုင်ရရှိမှု နှစ် ၈၀ ပြည့်အခမ်းအနား ( Victory in World War II)  တက်ရောက်ရန် ရုရှား၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီး  အခမ်းအနား တက်ရောက်မည် ဖြစ်ကြောင်း ပြောကြားထားပါသည်။

ကိုးကား- RT

နေတိုးအဖွဲ့က ရုရှား၏ဆိပ်ကမ်းအခြေခံ အဆောက်အအုံများကို တိုက်ခိုက်ရန်အစီအစဉ်များ ရေးဆွဲနေဟု ရုရှားအစိုးရပြော

နေတိုးအဖွဲ့သည် ရုရှားနိုင်ငံ၏ ဆိပ်ကမ်းအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည့် အလားအလာရှိသော တိုက်ခိုက်ရေး စစ်ဆင်ရေးအတွက် အစီအစဉ်များရေးဆွဲနေသည်ဟု ရုရှားနိုင်ငံလုံခြုံရေး ကောင်စီ လက်ထောက်အတွင်းဝန် ဂရီဂိုရီမိုလ်ချန်နော့ဗ်က ပြောကြားခဲ့ ပါသည်။ အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ရေနံချက်စက်ရုံကြီးများ၊ လောင်စာဆီပို့ဆောင်ရန် ရည်ရွယ်ထားသော ရထားလမ်းများနှင့် တံတားကြီးများကို ပစ်မှတ်ထားရန် အတွက် ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်နေသည်ဟု ဂရီဂိုရီမိုလ် ချန်နော့ဗ်က ဆိုသည်။ ရုရှား၏ဆိပ်ကမ်း အခြေခံအဆောက်အအုံများ အတွက် ခြိမ်းခြောက်မှုများ

နေတိုးအဖွဲ့သည် ရုရှားနိုင်ငံ၏ ဆိပ်ကမ်းအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည့် အလားအလာရှိသော တိုက်ခိုက်ရေး စစ်ဆင်ရေးအတွက် အစီအစဉ်များရေးဆွဲနေသည်ဟု ရုရှားနိုင်ငံလုံခြုံရေး ကောင်စီ လက်ထောက်အတွင်းဝန် ဂရီဂိုရီမိုလ်ချန်နော့ဗ်က ပြောကြားခဲ့ ပါသည်။ အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သည် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ရေနံချက်စက်ရုံကြီးများ၊ လောင်စာဆီပို့ဆောင်ရန် ရည်ရွယ်ထားသော ရထားလမ်းများနှင့် တံတားကြီးများကို ပစ်မှတ်ထားရန် အတွက် ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်နေသည်ဟု ဂရီဂိုရီမိုလ် ချန်နော့ဗ်က ဆိုသည်။ ရုရှား၏ဆိပ်ကမ်း အခြေခံအဆောက်အအုံများ အတွက် ခြိမ်းခြောက်မှုများတွင် ပင်လယ်နက်၌ ယူကရိန်း၏ ရေအောက် သုံးဒရုန်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုများလည်း ပါဝင်ကြောင်း ၎င်းကမှတ်ချက်ပြုခဲ့ပါသည်။ ထို့အပြင် နေတိုးအဖွဲ့သည် ပင်လယ်ပြင်၌ စစ်ဆင်ရေးများလုပ်ဆောင်ရန် ရည်ရွယ်ချက်အတွက် အစီအစဉ်များကို ရေးဆွဲနေပြီး အဆိုပါအစီအစဉ်များကို မြေပြင်၊ ဝေဟင်၊ ပင်လယ်၊ အာကာသတို့အပြင် တိုက်ခိုက်ရေးပတ်ဝန်းကျင် အမျိုးအစားအသစ် တစ်ခု အဖြစ် ရှုမြင်ထားကြသည်ဟု ၎င်းကပြောခဲ့ပါသည်။ အဆိုပါ ခြိမ်းခြောက်မှု များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရေအောက်နှင့် ဆိပ်ကမ်းများ အတွက် အရေးပါသော အခြေခံအဆောက်အအုံများအပေါ် ခြိမ်းခြောက်မှု များလုပ်ဆောင်နိုင်သည့် နိုင်ငံခြားတိုင်းပြည်များ၏ လုပ်ဆောင်ချက်များ အပေါ် နီးကပ်စွာစောင့်ကြည့်ရန်နှင့် အခြေခံအဆောက်အအုံများ၏ကာကွယ်ရေးစနစ် ထိရောက်မှုများကိုတိုးမြှင့်ရန် ရုရှားလုံခြုံရေးကောင်စီ က အကြံပြုထားကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။

ကိုးကား-NP News

မူးမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးကြောင်း သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ မူးမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရန်အတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကိုသာ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ မြို့ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများကို လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူများအသိပင်ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်နယ်ထရမ့်က တရုတ်နှင့် နျူကလီးယားသဘောတူညီချက်တစ်ခုရယူရန် ကြိုးပမ်းနေကြောင်း New York Times ဖော်ပြ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံနှင့် နျူကလီးယား လက်နက်လုံခြုံရေးအပါအဝင် ကျယ်ပြန့်သော သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း အမေရိကန် အစိုးရ အကြံပေးများ၏ ပြောဆိုချက်များကိုကိုးကားပြီး New York Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။

အဆိုပါသဘောတူညီချက်သည် ကုန်သွယ်ရေး၊ များပြားသော တရုတ် ရင်းနှီးမြှုပ်နှံမှုများ ပေါင်းစပ်ခြင်းနှင့် အမေရိကန်ကုန်ပစ္စည်းများကို ဝယ်ယူရန် ကတိကဝတ်များထက် ကျော်လွန်ကြောင်း NYT ၏ ဖော်ပြချက်အရသိရသည်။

ယင်းသဘောတူညီချက်တွင် နျူကလီးယားလက်နက်လုံခြုံရေးကို ကိုင်တွယ်ဖြေရှင်းရန်လည်းပါဝင်ကြောင်း အကြံပေးများက ပြောကြားခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အတူ အမေရိကန်-တရုတ် နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက် တစ်ခုရယူလိုသည့်ဆန္ဒများကို ပြီးခဲ့သည့် လအနည်းငယ်တွင် ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောကြားခဲ့ကြောင်း ၎င်း၏ အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း ဒေါ်နယ်ထရမ့်အစိုးရသည် တရုတ်ထံမှ မည်သည့် အရာလိုချင်ကြောင်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခြင်းမျိုး မရှိသောကြောင့် သိသာထင်ရှားသည့် အတားအဆီးများ ရှိနေဆဲဖြစ်ကြောင်း အဆိုပါအကြံပေးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန် အတွက် အကြီးမားဆုံး အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း နျူကလီးယားလုံခြုံရေး၊ နည်းပညာနှင့် ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုအပါအဝင် အခြားကိစ္စရပ်များအတွက် အဓိကကျသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်းလည်း သိရသည်။

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ကျေးရွာနေ ကိုဇင်မင်းဦး(၂၄)နှစ်သည် ကျေးရွာအနီးရှိ တောအတွင်းသို့ ထော်လာဂျီယာဉ်ဖြင့် သွားရောက်စဉ် တံတားဦး-မြို့သာ-မြင်းခြံသွားကားလမ်းပေါ်အရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm 
 
ယူကရိန်း၌ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်မည့် အစီအစဉ်အား ဥရောပနိုင်ငံများက အမေရိကန်သို့ ကမ်းလှမ်းမည်

ဥရောပနိုင်ငံများက အရေအတွက်အားဖြင့် ၃၀၀၀၀ မကျော်သည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ယူကရိန်းနိုင်ငံအတွင်း ဖြန့်ကြက်မည့် အစီအစဉ်အား အမေရိကန်အစိုးရထံ  ကမ်းလှမ်းမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာကြီး တစ်စောင်က ဖော်ပြသည်။

ယူကရိန်းနိုင်ငံတွင် အနောက်နိုင်ငံများမှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များအား   ဖြန့်ကြက်မည့် အစီအစဉ်ကို   ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသည့် အလွတ်သဘော ဆွေးနွေးပွဲ၌ အတည်ပြုထားပြီး ဖြစ်ကြောင်း   The Daily Telegraph  သတင်းစာက ဖေဖော်ဝါရီလ ၁၉  ရက်တွင်ဖော်ပြသည်။

အဆိုပါ ကမ်းလှမ်းချက်အား   ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံသို့ လာမည့်ရက်သတ္တပတ်အတွင်း  ပေးပို့မည်ဖြစ်ကြောင်း သိရသည်။    အဆိုပါကမ်းလှမ်းချက်အား ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က တင်သွင်းခြင်းဖြစ်သည်။

အဆိုပါကမ်းလှမ်းချက်အရ  ဥရောပငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များအား ယူကရိန်းနိုင်ငံရှိ အကြီးဆုံးမြို့ကြီးများဖြစ်သည့် ပိုတာဗာ၊ နီပရို၊ ခရီဗွိုင်ရော့တို့တွင် ဖြန့်ကြက်မည်ဖြစ်သည်။   သို့သော် ယူကရိန်းတွင် အဆိုပါတပ်ဖွဲ့ဝင်များ ဖြန့်ကြက်မည့် အစီအစဉ်ကို ဂျာမနီ၊ စပိန်နှင့် အီတလီတို့က ကန့်ကွက်ထားကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ်  စတားမားနှင့် ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်တို့ အနေဖြင့်   ယူကရိန်း ပဋိပက္ခအား အဆုံးသတ်နိုင်ရေးအတွက် ယူကရိန်းနိုင်ငံသို့ လာမည့် ရက်သတ္တပတ်အတွင်း သွားရောက်မည်ဟု အမေရိကန်အစိုးရက မျှော်လင့်သည်ဟု အမေရိကန်သမ္မတ ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့က ဖေဖော်ဝါရီလ ၁၉ ရက်တွင် Fox News ရုပ်သံနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ပြောကြားခဲ့ကြောင်း သိရသည်။