သတင်းများ

15 February 2025

     လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီတွင် မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘီးလင်းမြို့နယ်၊ ပြင်သာကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်သီတာအေး(၄၆)နှစ်နှင့် ၎င်း၏သမီး မချောစုလွင်(၁၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm 

     အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
     ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “မိုးညိုသူလေး” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရှစ်ကွက်ကျေးရွာနေ မိုးသီတာအား မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ “Myo Gyi” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ မျိုးယုမော်(ခ)သားသားအား ညနေ ၄ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊ “Aung Myo Thu20138” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်နေ အောင်မျိုးသူအား ညနေ ၅ နာရီတွင်လည်းကောင်း၊ “Kh Ant” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ ဆက်နိုင်ထွန်း(ခ)ယုန်လေးအား ညနေ ၆ နာရီ ၄၀ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

14 February 2025

     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ဓားဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေဘိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဒေါ်စန်းမြင့်ကြည်(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဓားဖြင့်ထိုးခုတ်သွားခဲ့သဖြင့် ဒေါ်စန်းမြင့်ကြည်တွင် ဓားဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျားဖြန့်တိုက်ဖျက်ရေးအတွက် တရုတ်- မြန်မာ-ထိုင်း အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးပြုလုပ်ဖွယ်ရှိ

အွန်လိုင်းလောင်းကစားမှု (ကျားဖြန့်)တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်-မြန်မာ-ထိုင်း (၃) နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပ ပြုလုပ် နိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက် အရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဖေဖော်ဝါရီလ ၁၄ ရက်၊ နံနက်ပိုင်း (၁၀) နာရီ အချိန်ခန့်က နေပြည်တော်၊ ရုံးအမှတ် (၁၀) ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် တရုတ် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အွန်လိုင်းအသုံးပြုလောင်းကစားမှုများနှင့် ဆက်သွယ်ရေး လိမ်လည်မှု များ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းတားဆီးနှိမ်နင်းရေးကိစ္စရပ်များ နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ကူညီကယ်တင်ပေးနိုင်ပါရန် မေတ္တာရပ်ခံထားသော တရုတ်နိုင်ငံသားများနှင့် ပတ်သက်သည့်အခြေအနေနှင့် ၎င်းတို့အား ကူညီကယ်တင်/ လွှဲပြောင်းနိုင်မှု အခြေအနေများ၊တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပြီး ပြည်နှင်၊ လွှဲပြောင်းမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာသို့ မျှဝေပြောကြားခဲ့ မှုအခြေအနေများ၊ ကရင်ပြည်နယ် မြဝတီနယ်မြေအတွင်း တရားမဝင် ရောက်ရှိနေသော နိုင်ငံခြားသားများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်နိုင်ရေး ဆောင်ရွက်နေမှုများကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟ ဒေသအတွင်း တရားမဝင် အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစား လုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခဲ့သည့်အခြေအနေများ၊ တရုတ်နိုင်ငံမှအလိုရှိသော တရားခံပြေးများနှင့်ပတ်သက်၍ ဖမ်းဆီးရမိမှုနှင့် ပြန်လည်လွှဲပြောင်းပေးနိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းအသုံးပြု လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်-မြန်မာ-ထိုင်း (၃) နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပ ပြုလုပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝန်ကြီးဌာန (၂) ခုအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုးကား-NP News

အွန်လိုင်းလောင်းကစားမှု (ကျားဖြန့်)တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်-မြန်မာ-ထိုင်း (၃) နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပ ပြုလုပ် နိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက် အရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဖေဖော်ဝါရီလ ၁၄ ရက်၊ နံနက်ပိုင်း (၁၀) နာရီ အချိန်ခန့်က နေပြည်တော်၊ ရုံးအမှတ် (၁၀) ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် တရုတ် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး ဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အွန်လိုင်းအသုံးပြုလောင်းကစားမှုများနှင့် ဆက်သွယ်ရေး လိမ်လည်မှု များ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများကို မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းတားဆီးနှိမ်နင်းရေးကိစ္စရပ်များ နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အွန်လိုင်းလိမ်လည်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ကူညီကယ်တင်ပေးနိုင်ပါရန် မေတ္တာရပ်ခံထားသော တရုတ်နိုင်ငံသားများနှင့် ပတ်သက်သည့်အခြေအနေနှင့် ၎င်းတို့အား ကူညီကယ်တင်/ လွှဲပြောင်းနိုင်မှု အခြေအနေများ၊တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပြီး ပြည်နှင်၊ လွှဲပြောင်းမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာသို့ မျှဝေပြောကြားခဲ့ မှုအခြေအနေများ၊ ကရင်ပြည်နယ် မြဝတီနယ်မြေအတွင်း တရားမဝင် ရောက်ရှိနေသော နိုင်ငံခြားသားများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်နိုင်ရေး ဆောင်ရွက်နေမှုများကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟ ဒေသအတွင်း တရားမဝင် အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစား လုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခဲ့သည့်အခြေအနေများ၊ တရုတ်နိုင်ငံမှအလိုရှိသော တရားခံပြေးများနှင့်ပတ်သက်၍ ဖမ်းဆီးရမိမှုနှင့် ပြန်လည်လွှဲပြောင်းပေးနိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းအသုံးပြု လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်-မြန်မာ-ထိုင်း (၃) နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပ ပြုလုပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ဝန်ကြီးဌာန (၂) ခုအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုးကား-NP News

14 February 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “soe tha zin 17” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်(၃)ရပ်ကွက်နေ စိုးဇင်ဇင်(ခ)စိုးသဇင်(ခ)စနိုးအား မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် ပဲခူးမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အစ္စရေး သို့မဟုတ် အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နျူကလီးယား စက်ရုံအမြောက်အမြား တည်ထောင်မည်ဟု အီရန်ကြေညာ

တီဟီရန်၊ နျူကလီးယားနည်းပညာ

အီရန်နိုင်ငံအား အစ္စရေး သို့မဟုတ်အမေရိကန်က တိုက်ခိုက်ခဲ့မည်ဆိုပါက နိုင်ငံအတွင်း၌   နျူကလီးယားစက်ရုံအမြောက်အမြားကို တည်ထောင်မည်ဖြစ်ကြောင်း အီရန်အစိုးရက ဖေဖော်ဝါရီလ ၁၃  ရက်တွင် ကြေညာသည်။

အစ္စရေးနိုင်ငံသည် နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများအား တိုက်ခိုက်ရန် ခြိမ်းခြောက်လျက်ရှိပြီး ၎င်းတို့အနေဖြင့် စက်ရုံများကို တိုက်ခိုက်နိုင်သော်လည်း စက်ရုံတည်ဆောက်သည့် အသိဉာဏ်ကို ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း အီရန်သမ္မတ    မာဆွတ်ပယ်ဇက်ခီးယမ်းက  ပြောကြားသည်။

အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံရှိ  နျူကလီးယားစက်ရုံများအပေါ် အကြီစားတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်မည့် အလားအလာကို ရှာဖွေဖော်ထုတ်လျက်ရှိသည်ဟူသော အမေရိကန်၏ ကောက်ချက်ချမှုကို ကိုးကား၍ Wall Street Journal က ဖေဖော်ဝါရီလ  ၁၂   ရက်တွင် ဖော်ပြခဲ့ပြီးနောက် အီရန်၏ ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်ရာတွင် အစ္စရေးနိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှထောက်ခံမှုကို မျှော်လင့်လျက်ရှိကြောင်းWall Street Journal ကဆက်လက်ဖော်ပြထားကြောင်းသိရသည်။  

Ref: Ivt

Source: Myawady Web Portal

မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဂိုဏ်းအဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်မည်ဆိုပါက အမေရိကန်လက်နက်ထုတ်လုပ်သူများအပေါ် တရားစွဲဆိုမှု တိုးမြှင့်လုပ်ဆောင်မည်ဟု မက္ကဆီကိုသမ္မတပြောကြား

အမေရိကန်အစိုးရက မက္ကဆီကိုရှိ မူးယစ်ဂိုဏ်းအဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ပါက အမေရိကန်လက်နက် ထုတ်လုပ်သူများအား မက္ကဆီကိုနိုင်ငံတွင် ဖြစ်ပွားသည့် ရာဇဝတ်မှုများတွင် ပါဝင်သူများ အဖြစ် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ Claudia Shein က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်သည့် နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မက္ကဆီကိုရှိ ရာဇဝတ်မှုကျူးလွန်သူအဖွဲ့များ အသုံးပြုသော လက်နက် များ၏ ၇၄% သည် နယ်စပ်ဒေသမြောက်ပိုင်းမှလာသည်ကို အမေရိကန် တရားရေးဌာနကပင် တရားဝင်အသိ အမှတ်ပြုထားကြောင်း သူမက ဆက်လက်ပြောကြားထားပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မက္ကဆီကို၊ ကိုလံဘီယာ၊ အယ်လ်ဆာဗေးဒိုးနှင့် ဗင်နီဇွဲလားရှိ ရာဇဝတ်မှုကျူးလွန်သူအဖွဲ့များကို “အကြမ်းဖက်အဖွဲ့များ” အဖြစ် သတ်မှတ်ရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြထားပါသည်။

အမေရိကန်က အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်မည့်အဖွဲ့များတွင် မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဆေးမှောင်ခိုကူးရာတွင် အဓိကအဖွဲ့နှစ်ဖွဲ့ ဖြစ်‌သောJalisco New Generation နှင့် Sinaloa တို့ ပါဝင်ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားပါသည်။ 

ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ထိုမူးယစ်ဂိုဏ်းအဖွဲ့များကို နှိမ်နင်း‌ဆောင်ရွက်ရန် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုအဖွဲ့ များသည် “သမားရိုးကျ ကျူးလွန်နေသည့် ရာဇဝတ်မှုထက် ကျော်လွန် နေသဖြင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည့် အန္တရာယ် တစ်ခု ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အမေရိကန်ထုတ်လုပ်သည့် လက်နက်အရေအတွက် ၂၀၀,၀၀၀ မှ ၇၅၀,၀၀၀ ခန့်ကို နှစ်စဉ် နယ်စပ်မှတစ်ဆင့် တရားမဝင် ခိုးယူ သယ်ဆောင်နေကြောင်း၊ အဆိုပါလက်နက် အများအပြားကို ရာဇဝတ်မှု ကျူးလွန်သည့်ဖြစ်စဉ်များတွင်လည်း တွေ့ရှိရကြောင်း မက္ကဆီကိုက ထုတ်ပြန်ထားပါသည်။

ကိုးကား- The Guardian

ရွှေကုက္ကိုတွင် ကျားဖြန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား (၂၀၀) ကို လွှဲပြောင်းပေးရန် စီစဉ်နေ

ကရင်ပြည်နယ်၊ ရွှေကုက္ကိုတွင် ကျားဖြန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား (၂၀၀) ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖော်ထုတ်ရမိခဲ့ရာ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၇ နာရီချိန်ခန့်တွင် မြဝတီ-ရွှေကုက္ကို နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မ လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား (၁၉၄)ဦး၊ အမျိုးသမီး (၆)ဦး၊ စုစုပေါင်း (၂၀၀) ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြေ

ကရင်ပြည်နယ်၊ ရွှေကုက္ကိုတွင် ကျားဖြန့်လုပ်ဆောင်ရန် လူကုန်ကူးခြင်းခံရသော တရုတ်နိုင်ငံသား (၂၀၀) ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖော်ထုတ်ရမိခဲ့ရာ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၇ နာရီချိန်ခန့်တွင် မြဝတီ-ရွှေကုက္ကို နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မ လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား (၁၉၄)ဦး၊ အမျိုးသမီး (၆)ဦး၊ စုစုပေါင်း (၂၀၀) ဦးတို့အား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသား (၂၀၀) ဦးအား စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

နယ်စပ်ဒေသများတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့က EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုများ၊  အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှု များလုပ်နေလျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် နှင့် ၁၃ရက်ကလည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်၌ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့် နေအိမ်၌ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသော ထိုင်းနိုင်ငံသား အမျိုးသား (၇)ဦး အပါအဝင် (၂၉) ဦးဖမ်းမိရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ကိုးကား- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့

ကျားဖြန့် ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် လူပေါင်း ၇၀၀၀ကို (BGF) ပြန်လွှတ်ပေးဖွယ်ရှိနေ

မြန်မာနယ်ခြားစောင့်တပ်ဖွဲ (BGF)အနေဖြင့် အွန်လိုင်းမှတဆင့် လိမ်လည်နေသည့် ဂိုဏ်းများ သို့မဟုတ် ကျားဖြန့် ဂိုဏ်းများလက်ထဲတွင် ဖမ်းဆီးခံရသူ အနည်းဆုံး ၇၀၀၀ ကို ပြန်လွှတ်ပေးဖွယ်ရှိနေကြောင်း သိရသည်။ (BGF)သည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသကို အခြေပြုလှုပ်ရှားနေသည့် ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းမည်ဖြစ်ပြီး အရေးယူအပြစ်ပေးနိုင်ရန် တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးဖွယ်ရှိနေကြောင်း ကတိပြုထားသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းကပြောသည်။

ကျားဖြန့် ဂိုဏ်းများလက်ထဲပိတ်မိနေသူများကို မိခင်နိုင်ငံထံ ပြန်ပို့ နိုင်ရန်အတွက် အင်ဒိုနီးရှား၊ ဂျပန် နှင့် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အာရှတိုက်နိုင်ငံများ၊ ဥရောပတိုက်နိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများ၊ အာဖရိက နိုင်ငံများ၏ သံရုံးများနှင့်တိုက်ရိုက်ဆက်သွယ်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူများကို ခွဲခြားပြီး သက်ဆိုင်ရာမိခင်နိုင်ငံသို့ လေယာဉ်ဖြင့် ချက်ချင်းပြန်ပို့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

BGF အဖွဲ့သည်ကျားဖြန့် ဂိုဏ်းများကို ဖေဖော်ဝါရီ ၁၃ရက်နေ့မှ စတင် ဖြိုခွင်းမည်ဖြစ်ပြီး ဂိုဏ်းများလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိ ဖမ်းဆီးခံရသူများကိုတစ်ရက်ကို ၅၀၀ နှုန်းဖြင့် ရက်ပေါင်း ၂၀ ကြာ ထိုင်းနှင့်မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်းသိရသည်။

ဝန်ကြီး ဝီချာယာချိုင်းက မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် မြဝတီမြို့ရှိအွန်လိုင်းလိမ်လည်နေသည့်ဂိုဏ်းများကို ဖြိုခွင်းပေးမည်ဟု ကတိပြုထားပြီး မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်များလက်ထဲတွင် သားကောင်အဖြစ် ပိတ်မိဖမ်းဆီးခံရသူ ဦးရေသည် ခန့်မှန်းခြေ အနည်းဆုံး ၁ သောင်းခန့်ရှိနေကြောင်း ပြောသည်။

ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များက ဥရောပတိုက်လုံခြုံရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ ပြောကြား

ဥရောပသမဂ္ဂ(EU)ခေါင်းဆောင်များက ဥရောပတိုက်လုံခြုံရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း NATO တပ်ဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကျင်းပပြီးနောက် ဘရပ်ဆဲလ် မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြောကြားခဲ့ပါသည်။

မကြာသေးမီရက်များအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "NATO တပ်ဖွဲ့ဝင် မဟာမိတ်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၅% အထိ တိုးမြှင့်သွားရန်" တိုက်တွန်းခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ခရိုင်မီးယားဒေသကို ရုရှားက အလျင်အမြန် သိမ်းယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ ရုရှား၏ ခြိမ်းခြောက်မှုအန္တရာယ်မှကာကွယ်ရန်အတွက် NATO တပ်ဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ စစ်အသုံးစရိတ်ကို GDP ၏ ၂% အထိ တိုးမြှင့်ရန် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် Wales ၌ ကျင်းပသည့် အစည်းအဝေးတွင် သတ်မှတ်ခဲ့ပြီး၊ GDP ၏ ၂% သည် အနည်းဆုံး ကာကွယ်ရေးအသုံးစရိတ်ဖြစ်သင့်ကြောင်း NATO တပ်ဖွဲ့ဝင် နိုင်ငံများက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပသည့် Vilnius အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

ကိုးကား-TASS

Photo: The Guardian