သတင်းများ

အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၅)ဦး သေဆုံး

အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

ပေါက်ကွဲမှုသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းက ကန်းဒက်ဇ် ပြည်နယ်ရှိ ကာအူလ်ဘဏ်ခွဲတစ်ခုအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက ပြုလုပ်ခဲ့ခြင်းဆိုသည်ကိုမူ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ အာဖဂန်နစ္စတန် အာဏာရ တာလီဘန်အဖွဲ့ဝင်တစ်ဦး၊ အရပ်သား တစ်ဦးနှင့် ဘဏ်လုံခြုံရေးဝန်ထမ်း အပါအဝင် လူလေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါသည်။ ကန်းဒက်ဇ် ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျူမာဒင်ခါခ်ဆာက တိုက်ခိုက်မှုသည် အသေခံ ဗုံးဖောက်ခွဲခြင်းဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ကန်းဒက်ဇ်ပြည်နယ်ရဲကွပ်ကဲမှုအဖွဲ့က ရှာဖွေဖော်ထုတ်နေပြီး တရား မျှတမှုရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။

အာဖဂန်နစ္စတန်၌ ဗုံးပေါက်ကွဲမှုနှင့် အသေခံဗုံးခွဲတိုက်ခိုက်မှု အရေအတွက်သည် အမေရိကန်တပ်များ ရုပ်သိမ်းပြီးချိန် တာလီဘန် ကျောထောက်နောက်ခံပြု အစိုးရကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ဖြုတ်ချပြီးချိန်နောက် သိသိသာသာ ကျဆင်းသွားခဲ့သော်လည်း (ISIS) အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုများ ရှိနေဆဲပင်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-NP News

အမေရိကန်နျူကလီးယား ရေငုပ်သင်္ဘော ဘူဆန်၌ ဆိုက်ကပ်မှုအပေါ် မြောက်ကိုရီးယား အပြစ်တင်ရှုတ်ချ

နျူကလီးယားစွမ်းအင်သုံး အမေရိကန်ရေငုပ်သင်္ဘောသည် တောင်ကိုရီးယား၌ ဆိုက်ကပ်မှုတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါလုပ်ရပ်ကြောင့် ဒေသတွင်း တင်းမာမှုများပိုမိုပြင်းထန်လာစေကြောင်း မြောက်ကိုရီးယားက ဆိုပါသည်။

မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီသတင်းစာ Rodong Sinmun က ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်၌ မြောက်ကိုရီးယား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို “ပြောင်ပြောင်တင်းတင်းလျစ်လျူရှုခြင်း” အတွက် အမေရိကန်ကို ရှုတ်ချထားပြီး USS Alexandria သည် ဘူဆန်သို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်းဖော်ပြထားပါသည်။

မြောက်ကိုရီးယားစစ်တပ်အနေဖြင့် ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုမှန်သမျှကို ဟန့်တားမည်ဖြစ်ပြီး ရန်စလာသူများကို အပြစ်ပေးပိုင်ခွင့် ကျင့်သုံးမည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။

မြောက်ကိုရီးယားခေါင်းဆောင် Kim နှင့် ဆက်ဆံရေး ပြန်တည်ဆောက်ရန် လမ်းဖွင့်ထားသည်ဟု ပြောဆိုထားသည့် အမေရိကန်သမ္မတ Donald Trump အစိုးရကို မြောက်ကိုရီးယားက အကဲစမ်းနေခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြပါ သည်။

သို့သော် Kim သည် မကြာသေးမီက ရုရှားနှင့်မြောက်ကိုရီးယားတို့၏ မဟာမိတ်ဖွဲ့မှုကို အားကောင်းစေရန် အာရုံစိုက်လုပ်ဆောင်နေကြောင်း Yonhap သတင်းအေဂျင်စီက ဆိုသည်။

မြောက်ကိုရီးယားအား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တီထွင်နိုင်ရေးနှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ ကမ္ဘာ့လေထုပြန်ဝင်ရေးဆိုင်ရာ နည်းပညာများအတွက် ရုရှားက ကူညီပေးနေနိုင်ခြေရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများက ဆိုပါသည်။

ကိုးကား-NHK World

လုံခြုံရေးတပ်ဖွဲ့ဝင် အယောင်ဆောင်၍ VPN ပါသည်ဆိုသော အကြောင်းပြချက်ဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး ကားနှင့်ဖုန်းလုယက်မှု မန္တလေးတွင်ဖြစ်ပွား

မန္တလေးတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အယောင်ဆောင်၍ VPN ပါသည် ဆိုသောအကြောင်းပြချက်ဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး ကားနှင့်ဖုန်း လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရွှေကြေးစည်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက် ည ၉နာရီခွဲအချိန်ခန့်က မဟာအောင်မြေမြို့နယ် ၃၈လမ်း၊ ၇၆×၇၈ လမ်းကြားတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းကြားအတွင်းသို့ အသက် (၅၇) နှစ် အရွယ် အမျိုးသားတစ်ဦးက Max II ကားဖြင့်‌ရောက်ရှိလာပြီး အပေါ့ဆင်း သွားနေစဉ် ဆိုင်ကယ် (၂) စီးဖြင့် လူ (၄) ဦး က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းအမျိုးသားအား “ဘာလုပ်နေတာလဲ” ဟုမေးကာ ကိုင်ဆောင်ထားဖုန်းကို စစ်ဆေးပြီးနောက် VPN ပါရှိသည်ဆိုကာ ပုသိမ်ကြီးမြို့နယ်၊ မြကျောက်ဘုရား YANKON စားသောက်ဆိုင်အနီး တွင် ကားပေါ်မှဆွဲချကာထိုးကြိတ်၍ ကားနှင့်ဖုန်းအား လုယက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“မန္တလေးမြို့ထဲမှာဖြစ်တာ။ သူကအပေါ့သွားနေတဲ့အချိန် လူ (၄) ယောက် က ရောက်လာပြီး သူ့ကားကိုလုသွားတာ။ မျက်နှာတစ်ခုလုံးတော့ ထိုးကြိတ်ထားတာ။ စပြီးဖြစ်တာကတော့ ၃၈ လမ်းကြားထဲမှာ ဖြစ်တာပေါ့။ အဲဒီကနေ ပုသိမ်ကြီးမြို့နယ်ထဲကို ရောက်လာတာပေါ့။ မျက်နှာအထိုးခံထားရတာဆိုတော့ မျက်လုံးတွေဖူးယောင်နေတာ” ဟု ရွှေကြေးစည် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထိုးကြိတ်ရိုက်နှက်ခံရမှု‌ကြောင့် ဝဲယာမျက်ကွင်းဖူးရောင်ညိုမဲဒဏ်ရာ၊ ယာဘက်နို့အုံအောက်ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ဝဲဘက် ခြေထောက် ပြတ်ရှဒဏ်ရာ (၁) ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ထိခိုက် ဒဏ်ရာရရှိသူအမျိုးသားအား ရွှေကြေးစည်လူမှုကူညီရေးအသင်းက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ်အား တိုက်ခိုက်ခဲ့သည့်အမျိုးသားကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်ရေးကြိုးပမ်း

ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ၀န်ကြီးချုပ် Kishida Fumio အား လက်လုပ်ဖောက်ခွဲရေးပစ္စည်းနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်ရေး စုံစမ်းစစ်ဆေးရေး အရာရှိများက ကြိုးပမ်းနေပါသည်။

ဖောက်ခွဲရေးပစ္စည်းများနှင့်ပစ်ခတ်ခဲ့ခြင်းကြောင့် လူနှစ်ဦးဒဏ်ရာရရှိ ခဲ့ပြီး Kimura Ryuji သည် အဆိုပါပြစ်မှုအတွက် တရားစွဲဆိုခံထားရသည်။ Kishida သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ၌ Wakayama မြို့ရှိ ဆိပ်ကမ်းတစ်ခုသို့ သွားရောက်ခဲ့ကာ အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် မဲဆွယ်စည်းရုံးခဲ့ရာတွင် အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘေးလွတ်ရာသို့ အလျင်အမြန် ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။

အသက် ၂၅ နှစ်အရွယ်ရှိ တိုက်ခိုက်သူအမျိုးသားသည် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုနှင့်ပေါက်ကွဲစေတတ်သော ပစ္စည်းများထိန်းချုပ်ရေး အက်ဥပဒေ ချိုးဖောက်မှု အပါအဝင် စွဲချက် ၅ ခုနှင့် Wakayama ခရိုင် တရားရုံး၌ တရားရင်ဆိုင်နေရပါသည်။

၎င်းသည် ဝန်ကြီးချုပ်အား သတ်ဖြတ်ရန် ကြံရွယ်ထားကြောင်း စုံစမ်း စစ်ဆေးရေးအရာရှိများက ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြောကြားခဲ့ပြီး ၎င်း၏လုပ်ရပ်သည် တာဝန်ထမ်းဆောင်ဆဲဝန်ကြီးချုပ်ကို ပစ်မှတ်ထားပြီး ပတ်ဝန်းကျင်ရှိလူစုလူဝေးကို ထိခိုက်စေသည့်လုပ်ရပ်ဖြစ်ကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်ဟု ခေါ်ဆိုကာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ရန် တောင်းဆိုခဲ့ပါသည်။

Kimura ၏ ရှေ့နေများက စုံစမ်းစစ်ဆေးရေးအရာရှိများသည် ဖောက်ခွဲရေး ပစ္စည်းကျရောက်ခဲ့သည့်နေရာမှ ၂ မီတာအတွင်း သေဆုံးနိုင်မှုကိုသာ စမ်းသပ်စစ်ဆေးခဲ့သည်ဟု အခိုင်အမာဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် စီရင်ချက်ရန် တရားရုံးကစီစဉ်ထားပါသည်။

အမေရိကန်စစ်တပ်အတွင်း လိင်ပြောင်းထားသူများ ပါဝင်စစ်မှုထမ်းခြင်းကို တားမြစ်ပိတ်ပင်

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်သည် အမေရိကန်စစ်တပ်အတွင်း လိင်ပြောင်းထားသူများ ပါဝင်စစ်မှုထမ်းခြင်းကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ ထို့အပြင် အမေရိကန်စစ်ဌာနချုပ်သည် အမေရိကန်စစ်တပ် အတွင်း ပါဝင်ထမ်းဆောင်သူများကို လိင်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆေးဝါးဆိုင်ရာစမ်းသပ်ခြင်းစသည့်လုပ်ထုံးလုပ်နည်းများ လုပ်ကိုင်ခြင်း ကို ရပ်တန့်လိုက်ကြောင်းသိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်စစ်တပ်အတွင်း လိင်ပြောင်းထားသူများကိုတားမြစ်မည်ဟု ပြောဆိုခဲ့ပြီးနောက် မကြာမီ အမေရိကန်စစ်ဌာနချုပ်က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးပီတီဟတ်ဆီက “ထိရောက်မှုရှိစေရန် ကျား၊မမသန်စွမ်းမှု ရာဇဝင်ရှိသည့် လူတစ်ဦးချင်းစီအတွက် အသစ်ဝင်ရောက်ခွင့် အားလုံးကို ခေတ္တရပ်ထားကြောင်း၊ ထို့အပြင် ကျားမရေးရာ ကူးပြောင်းရန်အတွက် အတည်ပြုခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းတို့နှင့်ဆက်စပ်သည့် ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအားလုံးကို ခေတ္တရပ်ထားကြောင်း” ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် လိင်ပြောင်းထားသူများသည် “ဂုဏ်သိက္ခာနှင့် လေးစားမှု”ကို ဆက်လက်ရရှိမည်ဖြစ်ပြီး မူဝါဒအပြောင်းလဲများအတိုင်း စီမံညွှန်ကြားမှုအသစ်များထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း အမေရိကန် စစ်ဌာနချုပ်ကပြောသည်။ အမေရိကန်စစ်တပ်တွင် တပ်ဖွဲ့ဝင် အရေအတွက် (၁ ဒသမ ၃)သန်းကျော်ရှိနေပြီး လိင်ပြောင်းပြီး စစ်မှုထမ်းသူ အရေ အတွက် အနည်းဆုံး (၁၅,၀၀၀)ကျော်ရှိနေကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ယခင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က သတ်မှတ်ထားသည့် အမိန့်စည်းကမ်းများကို ပယ်ဖျက်ခြင်းများလုပ်ဆောင်ခဲ့ရာ လိင်ပြောင်းထားသူများကို တားမြစ်ပိတ်ပင်ခြင်းများပါဝင်ခဲ့ပြီး အမေရိကန်စာသင်ကျောင်းများတွင်လည်း လိင်ပြောင်းထားသူများ ပါဝင်ယှဉ်ပြိုင်ခြင်းကို တားမြစ် ကန့်သတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

11 February 2025

     လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ သုခရိပ်ငြိမ်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ရှော့တိုက်ဒုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်း၌ ရှိနေသည့် မြိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဦးသူရကျော်(ခ)ကိုဂျက်(၄၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဆရာတော် ဉူးပညာဝံသ သက်တော်(၆၂)နှစ်၊ ဝါတော်(၅)ဝါတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

နယ်စပ်ရှိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှုများတိုက်ဖျက်ရန် တရုတ်-ထိုင်းပူးပေါင်းမည်

ထိုင်းဝန်ကြီးချုပ်သစ် Paetongtarn Shinawatra သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ပေကျင်းမြို့၌ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်တစ်လျှောက် တရားမဝင် အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများတိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

နယ်စပ်ဒေသရှိ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများတိုက်ဖျက်ရေး အစီအစဉ်များအတွက် တရုတ်နိုင်ငံအနေဖြင့် မြန်မာ၊ ထိုင်းတို့နှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် Lin Jian က ပြောကြားထားပါသည်။ 

ကိုးကား- နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

ဂါဇာကမ်းမြောင်ဒေသ အရေးကြီးစင်္ကြံတစ်ခုမှ အစ္စရေးတပ်များ ဆုတ်ခွာ

ဂါဇာကမ်းမြောင်ဒေသ Netzarim စင်္ကြံမှ အစ္စရေးတပ်များ ဆုတ်ခွာသွားပြီဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့(ဟားမက်စ်) အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။

Netzarim စင်္ကြံရှိ စစ်ကင်းစခန်းများကို အစ္စရေးတပ်က ဖျက်သိမ်းသွားပြီဖြစ်ပြီး ဂါဇာကမ်းမြောင် တောင်-မြောက်ဆက်သွယ်ရာလမ်းဖြစ်သည့် Salah al-Din လမ်းရှိ တင့်ကားများ ဆုတ်ခွာကာ ကားလမ်းကြောင်း နှစ်ဖက်တွင် မော်တော်ယာဉ်များကို လွတ်လပ်စွာသွားလာခွင့်ပြုထားကြောင်း ဟားမက်စ် အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမက်စ် သဘောတူညီချက်ရရှိထားသည့် ဂါဇာကမ်းမြောင် အပစ်ရပ်ရေးသဘောတူညီချက်အရ အစ္စရေးစစ်တပ်က ယင်းနေ့တွင်Netzarim စင်္ကြံမှ ဆုတ်ခွာရမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့်အစ္စရေးတပ် အရာရှိတစ်ဦးက အေပီသတင်းဌာန သတင်းထောက်ကို ဖေဖော်ဝါရီ ၉ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

Netzarim စင်္ကြံသည် လူဦးရေသိပ်သည်းသည့် ဂါဇာကမ်းမြောင် တောင်ဘက်တွင် တည်ရှိရာ ၆ ကီလိုမီတာ အရှည်ရှိသည့် ယင်းစင်္ကြံသည် မြေထဲ ပင်လယ်ကမ်းခြေမှ အစ္စရေးနယ်စပ်အထိရှိပြီး ဂါဇာကမ်းမြောင်ဒေသကို တောင်နှင့်မြောက် နှစ်ပိုင်းခွဲခြားထားသည်။ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားသည့် ကနဦးကာလတွင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း၌ နေထိုင်သူအားလုံး တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် တောင်းဆိုခဲ့ပြီးနောက် Netzarim စင်္ကြံကို သိမ်းပိုက် ခဲ့သည်။

အပစ်ရပ်ရေး သဘောတူညီချက်အရ အစ္စရေးစစ်တပ်သည် ဇန်နဝါရီ ၂၇ ရက် နံနက် ၇ နာရီမှစ၍ ဂါဇာကမ်းမြောင်ဒေသ ပြည်သူလူထုအား Netzarim စင်္ကြံကို ဖြတ်သန်းကာ ၎င်းတို့၏နေရပ်ဖြစ်သော ဂါဇာ မြောက်ပိုင်းသို့ ပြန်သွားရန် ခွင့်ပြုခဲ့သည်။

နေရပ်ပြန်သွားသည့် လူအများအပြားက မိမိတို့၏နေထိုင်ရာ ရပ်ကွက်သည် စစ်မြေတလင်း ဖြစ်နေသည်ကိုတွေ့ရသဖြင့် လူအချို့သည် တောင်ပိုင်း ဒေသသို့ ပြန်လည်ခရီးနှင်ကြသကဲ့သို့ အချို့က ဖျက်ဆီးခံရသော မိမိတို့၏ နေအိမ်ဘေးတွင်း ရွက်ဖျင်တဲထိုး၍နေထိုင်ကြကြောင်း မီဒီယာများ၏ သတင်းများအရသိရသည်။

ဂါဇာကမ်းမြောင် အပစ်ရပ်ရေးသည် ဇန်နဝါရီ ၁၅ ရက်တွင် သဘော တူညီချက်ရရှိပြီး ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်ရေး ပထမအဆင့်ကို ရက်သတ္တပတ် ၆ ပတ် ဆက်တိုက် ဆောင်ရွက်ရာ ဟားမက်စ်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃၃ ဦး ကိုပြန်လွှတ်ရန် သဘောတူညီခဲ့ပြီး အစ္စရေးက ဖမ်းဆီးထိန်းသိမ်းထားသော ပါလက်စတိုင်း ၁,၀၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဖြစ်သည်။

လက်ရှိတွင် ပထမအဆင့်ကာလသည် တစ်ဝက်ကျော်ရှိပြီ ဖြစ်သည်။ ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးမှုများကို ယခုရက်ပိုင်းများတွင် စတင်ပြီ ဖြစ်ရာ ဘက်ပေါင်းစုံအနေဖြင့် အခြားသော ထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးရေးနှင့် အစ္စရေးတပ်ရုပ်သိမ်းရေးကိစ္စရပ်များကို ဆွေးနွေး မည်ဖြစ်သည်။ အေပီသတင်းဌာန၏ သတင်းများအရ အစ္စရေးအနေဖြင့် ကြားဝင်စေ့စပ်ညှိနှိုင်းပေးသော ကာတာနိုင်ငံသို့ စေလွှတ်သည့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အပြောင်းအလဲဖြစ်မည့် ရလဒ်ရရှိရန် ခဲယဉ်းနိုင်သည်ဟု ပြင်ပလောကက ခန့်မှန်းကြကြောင်း သိရသည်။

ထို့အပြင် ယခုကာလများတွင် အမေရိကန်ဘက်မှ ဂါဇာကမ်းမြောင်ကို ရှင်းလင်းရန်နှင့် လက်လွှဲယူရန် မျှော်လင့်ကြောင်းအဆိုပြုခဲ့ရာ ထိုအဆိုပြုချက်အပေါ် ပါလက်စတိုင်းနှင့် အခြားနိုင်ငံအများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

ကိုးကား-Myanmar National Post

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၃ လမ်း၊ ၁၄၂ x ၁၄၃ လမ်းကြားတွင် မူးယစ်ဆေးဝါးအရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသူ ဇော်မင်းနိုင်နှင့် ဇင်ကိုကိုလွင်တို့ နှစ်ဦးအား LIGHT TRUCK မော်တော်ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီး၊ ဘိန်းဖြူ ၁၁ ကီလိုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူများ အရောင်းအဝယ်ပြုလုပ်ရာတွင် ၁၀ ရာခိုင်နှုန်း အကျိုးဆောင်ခဖြင့် ပွဲစားပြုလုပ်ပေးသူ မကျော့ကေခိုင်(ခ)နန်းမွေလျန်းအား ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းနှင့် ၁၁၅ လမ်းထောင့်တွင်လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အိုက်စိုင်းအား ၇၂(A)လမ်း၊ ၁၁၇ x ၁၁၈ လမ်းကြားတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားနှင့်လည်းကောင်း၊ ခွန်မြတ်(ခ)နောနော်နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေးတို့အား ၁၅၁ လမ်း၊ ၇၁(A) လမ်းထောင့်တွင် PRADO မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း အသီးသီး ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့၏ ဖော်ထုတ်ချက်အရ ဘိန်းဖြူများရောင်းချခိုင်းသူ စိုင်းအိုက်ယုံအား ၁၁၂(B)၊ ၅၀ x ၅၁ လမ်းကြားရှိ နေအိမ်၌ ဘိန်းဆီခဲ ၂၅ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ၆၁ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားရှိ ဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။
     စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ အိုက်ပေါင်း၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားရှိ ဂိုဒေါင်ကို ငှားရမ်း၍ ကိုအောင်အား မူးယစ်ဆေးဝါးများ ထိန်းသိမ်းထားစေကြောင်း၊ စိုင်းမွန်း(ခ)စိုင်းမွန်လောဝ်နှင့် စိုက်အိုက်ယုံတို့မှ မကျော့ကေခိုင်(ခ)နန်းမွေလျန်းအား ပွဲစားခ ၁၀ ရာခိုင်နှုန်းပေး၍ မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အိုက်စိုင်း၊ ခွန်မြတ်(ခ)နောနော်နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေးတို့သည် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းရငွေများအား အဆင့်ဆင့် လွှဲပြောင်းလက်ခံယူသူများဖြစ်ကြောင်း သိရှိရပြီး စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄၂ သိန်းနှင့် ဘိန်းဆီခဲ ၂၅ ဂရမ်တို့ကို မူးယစ်ဆေးဝါးအရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် သုံးစီး၊ ဆိုင်ကယ် တစ်စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

     အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
     ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Aung Myo Htike” Facebook အကောင့်နှင့် “San Yati Lin Latt” Facebook အကောင့်ပိုင်ရှင်များဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဗိုလ်ကုန်းရပ်ကွက်နေ အောင်မျိုးထိုက်နှင့် မေဘရဏီအောင်တို့ နှစ်ဦးအား နံနက် ၁ နာရီတွင် ပဲခူးမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။