ရုရှား၏ Kuril ကျွန်းများ ဆူနာမီဒဏ်သင့်
ပစိဖိတ်သမုဒ္ဒရာတွင် အလွန်ပြင်းထန်သောငလျင် လှုပ်ခတ်ပြီးနောက် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၃၀) နံနက်စောစောကာလအတွင်း ရုရှား၏ မြောက်ပိုင်း Kuril ကျွန်းများသို့ ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့သည်ဟု ဒေသဆိုင်ရာ အရာရှိများက အတည်ပြုခဲ့သည်။ ထိုအခြေအနေကြောင့် Severo-Kurilsk ကမ်းရိုးတန်းမြို့မှ နေထိုင်သူများ အရေးပေါ် ရွှေ့ပြောင်း ခဲ့ရသည်။
Kamchatka ကမ်းခြေအနီး၌ ရစ်ချက်စတာစကေး ၈.၈ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ပြီးနောက် ပထမဆုံးဆူနာမီလှိုင်းသည် Severo-Kurilsk ကမ်းခြေသို့ ရိုက်ခတ်ခဲ့ကြောင်း Sakhalin ဒေသအုပ်ချုပ်ရေးမှူး Valery Limarenko ကပြောကြားခဲ့သည်။ အာဏာပိုင်များက မြို့နေလူဦးရေ ၂,၅၀၀ ကျော်ခန့်ကို ကမ်းရိုးတန်းမှဝေးရာ အမြင့်ပိုင်းနေရာများသို့ အရေးပေါ် ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
MM-News-Category