ထရမ့်-ပူတင်တွေ့ဆုံမှုအပြီး အမေရိကန်၏ ထပ်ဆောင်း အခွန်မြင့်တင် စည်းကြပ်မှု ရုတ်သိမ်းမည်ဟု အိန္ဒိယ မျှော်လင့်

News Image

  • ထရမ့်-ပူတင်တွေ့ဆုံမှုအပြီး အမေရိကန်၏ ထပ်ဆောင်း အခွန်မြင့်တင် စည်းကြပ်မှု ရုတ်သိမ်းမည်ဟု အိန္ဒိယ မျှော်လင့်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ အလက်စကာတွင် ပြုလုပ်ခဲ့သော ထိပ်သီးဆွေးနွေးပွဲအပြီး ရုရှားမှ ရေနံ ဝယ်ယူမှုအတွက် အိန္ဒိယအပေါ် ဒုတိယအကြိမ်မြောက် (ထပ်ဆောင်း) အခွန် စည်းကြပ်ဒဏ်ခတ်မှု (secondary sanctions) ကို အမေရိကန်က ရုပ်သိမ်းရန် သို့မဟုတ် နောက်ထပ် ၃ လခန့် ဆိုင်းငံ့ပေးရန် အိန္ဒိယနိုင်ငံက မျှော်လင့်ထားကြောင်း အိန္ဒိယအစိုးရမှ အရာရှိတစ်ဦးက ပြောကြားချက် ကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြထားပါသည်။

ပူတင်နှင့် ထရမ့်တို့ တွေ့ဆုံမှုရလဒ်က နယူးဒေလီ-ဝါရှင်တန် ကုန်သွယ်ရေး ဆွေးနွေးပွဲများကို အရှိန်မြှင့်ပေးလိမ့်မည်ဟု ယုံကြည်ထားပါကြောင်း၊ မိမိတို့ ညှိနှိုင်းမှုများမှာလည်း အပြီးသတ်နီးပါးဖြစ်နေပြီ ဖြစ်ကြောင်း၊စက်မှု ကုန်ပစ္စည်း အများစုအတွက် သဘောတူညီချက်များ ရရှိပြီးသား ဖြစ်ကြောင်း အစိုးရအရာရှိက ဖြည့်စွက်ပြောကြားထားပါသည်။

အမေရိကန်သည် ရုရှားထံမှ ရေနံဝယ်ယူသည့်အတွက် အိန္ဒိယအပေါ် သြဂုတ် ၆ ရက်က ဒုတိယအကြိမ်မြောက် ၂၅% တင်သွင်းခွန် ချမှတ်ခဲ့ရာ အိန္ဒိယက အမေရိကန်သို့ တင်ပို့သည့် ကုန်ပစ္စည်းအပေါ် စုစုပေါင်းတင်သွင်းခွန်မှာ ၅၀% အထိ မြင့်တက်သွားခဲ့ပါသည်။ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုဆုံးဖြတ်ချက်မှာ မမျှတသော ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

Photo Crd to The Hindu