ကျောက်ဆည်မြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး(၄၂၆၄၇)ဧက စိုက်ပျိုးပြီးဖြစ်
ကျောက်ဆည်၊ဩဂုတ်-၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ရေရရှိမှု နည်းလမ်း အလိုက် မိုးစပါးများကို (၅၂၈၁၇) လျာထားစိုက်ပျိုးလျက်ရှိရာ (၄၂၆၄၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် မြေစာရင်း ဦးစီးဌာနမှ သိရသည်။
ထိုသို့ မိုးစပါးများစိုက်ပျိုးရာ၌ စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု(၉)အုပ်စု၊ ကွင်းပေါင်း (၃၅) ခုတွင် (၄၁၂၅) ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု(၁၈) အုပ်စု၊ ကွင်းပေါင်း(၃၇)ခုတွင် (၈၈၆၄)ဧက၊ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု (၁၂) အုပ်စု၊ ကွင်းပေါင်း(၃၂)ခုတွင် (၄၉၈၅)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ အုပ်စု (၁၅)အုပ်စု၊ ကွင်းပေါင်း(၃၆)ခုတွင် (၈၅၃၈)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ (၁၁)အုပ်စု၊ ကွင်းပေါင်း(၃၆)ခုတွင် (၈၄၄၀)ဧက၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု (၁၁)အုပ်စု၊ ကွင်းပေါင်း(၄၅)ခုတွင် (၇၆၉၅)ဧက စုစုပေါင်း(၄၂၆၄၇)ဧက လျာထားစိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးစပါးများစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ Gw-11 စပါးမျိုးများ အဓိကထားစိုက်ပျိုးကြပြီး ဧရာမင်း(၄၂၃၀၂) ဧက၊ မနောသုခ(၂၅၅)ဧက၊ ရွှေမနော်(၇၅)ဧက၊ အောင်နိုင်တိုး(၁၅)ဧက စုစုပေါင်း(၄၂၆၄၇)ဧက စိုက်ပျိုးပြီးကြောင်း နှင့် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ လျာထားမိုးစပါးသီးနှံများ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးသီးနှံများအောင်မြင်စေရေး သက်ဆိုင်ရာ ဦးစီးဌာနများမှ မျိုးစေ့များ၊ စိုက်နည်းစနစ်များနှင့် စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)