အီရန် Supreme Cyberspace Council သည် Whats App နှင့် Google Play app များပိတ်ပင်တားမြစ်ထားရှိမှုကို ရုတ်သိမ်းရန် မဲခွဲဆုံးဖြတ်
အီရန် Supreme Cyberspace Council သည် Whats App messenger နှင့် Google Play app များ ပိတ်ပင် ထားရှိမှုကို ရုတ်သိမ်းရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
Supreme Cyberspace Council သည် WhatsApp နှင့် Google Play အပါအဝင် နိုင်ငံခြားပိုင် အပလီကေးရှင်း အချို့အပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းရန် ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်သည့် အစည်းအဝေးတစ်ခု အတွင်း ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က ထုတ်ပြန်ခဲ့သည်။
ပြင်းထန်စွာဖိနှိပ်ခံခဲ့ရသော အမျိုးသမီး၊ ဘဝ၊ လွတ်လပ်သော ဆန္ဒပြပွဲများအပြီး ၂၀၂၂ ခုနှစ်တွင် အဆိုပါ Applications နှစ်ခုကို ကန့်သတ်ခဲ့သည်။
Supreme Cyberspace Council အစီအစဉ်၏ ပထမအဆင့်တွင် ပြည်တွင်းပလက်ဖောင်းများ အတွက် အခြေခံအဆောက်အအုံတည်ဆောက်ခြင်း ပါ၀င်မည် ဟု စာတမ်းတွင်ဖော်ပြထားသည်။
Whats App နှင့် Google Play တို့ကို ကောင်စီမှ ကန့်သတ်ထားမှုမှ ဖယ်ရှားခဲ့သော်လည်း၊ Facebook၊ X၊ Telegram နှင့် YouTube အပါအဝင် အခြားသော နာမည်ကြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို အီရန် တွင် အသုံးမပြုရန် ကန့်သတ်ထားဆဲဖြစ်သည်။
“ကန့်သတ်ချုပ်ချယ်မှုတွေက လူတွေရဲ့ဘဝကို ဒေါသနဲ့ ကုန်ကျစရိတ်တွေ ထပ်တိုးလာရုံကလွဲလို့ ဘာမှ မအောင်မြင်ခဲ့ဘူး” ဟု လူမှုရေးနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ Ali Rabiei က ဒီဇင်ဘာ ၂၄ ရက်က X တွင် ပြောကြားခဲ့သည်။
ဒုတိယသမ္မတ Mohammad Javad Zarif က သမ္မတ Masud Pezeshkian သည် ကန့်သတ်ချက်များကို ဖယ်ရှားပေးမည်ဟု ယုံကြည်ပြီး တားမြစ်ချက်များသည် ပြည်သူနှင့် နိုင်ငံအတွက် အကျိုးရှိမည်ဟု မယူဆကြောင်း ပြောကြားခဲ့သည်။
“ဒီပြဿနာဟာ နိုင်ငံရဲ့ လုံခြုံရေးအတွက် အကျိုးမရှိဘူးလို့ ကျွမ်းကျင်သူအားလုံးက ယုံကြည်ပါတယ်” ဟု Zarif က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ အခြား သူများကမူ ကန့်သတ်ချက်များကို ရုတ်သိမ်းရန် သတိ ပေးခဲ့သည်။
ဥပဒေပြုအမတ်များသည် အစ္စလာမ် လူ့အဖွဲ့အစည်း၏ တန်ဖိုးများကိုအလေးထားပြီး အီရန်၏ ဥပဒေများကို လိုက်နာသူများကိုသာ ကန့်သတ်ထားသော အွန်လိုင်း ပလက်ဖောင်းများသို့ ဝင်ရောက်ခွင့်ပေးသင့်ကြောင်း တောင်းဆိုခဲ့သည်။
ကိုးကား - Radio Free Europe