တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ရန်ကုန်မြို့တွင် တွေ့မြင်ရမှုများ

News Image

  • တရုတ်နှစ်သစ်ကူးပွဲတော် အတွက် ရန်ကုန်မြို့တွင် တွေ့မြင်ရမှုများ

မကြာခင်ကျရောက်မည့် မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာသည်နှင့်အမျှ ရန်ကုန်မြို့၊ စျေးဝယ်စင်တာများတွင် တရုတ်နှစ်ကူးကို ကြိုဆိုရန် ပြင်ဆင်ထားသည့် မြင်ကွင်းများ ဖြစ်သည်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုသည့်အနေဖြင့်လည်း တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲဈေးကို လသာမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှလည်း ပြောသည်။

အဆိုပါပွဲတော်ကို ဇန်နဝါရီ (၂၅) ရက်မှ (၃၁) ရက်အထိ မဟာဗန္ဓုလလမ်း(လမ်းမတော်လမ်းမှ လသာလမ်း)တစ်လျှောက် နံနက် (၇) နာရီမှ နေ့လယ် (၁၁) နာရီထိ ၊ ညနေ (၄) နာရီမှ ည (၁၁) နာရီထိ (၇)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲတော်တွင် လူသုံးကုန်၊ အလှကုန်၊ အစားအသောက်မျိုးစုံကို ရောင်းချပေးမည့် ဈေးဆိုင်ခန်းများလည်းပါဝင်ကြောင်း၊ ထို့ပြင် ခြ‌င်္သေ့နဂါးအလှအကပြိုင်ပွဲများ၊ နာမည်ကြီး DJ များ၏ ဖျော်ဖြေတင်ဆက်မှု၊အနုပညာရှင်များ၊ အပျော်စီးလှေ၊ ကလေ-းကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ရန် နေရာများကို ဖန်တီးပေးထားခြင်းအစရှိသည့် ပျော်ပွဲရွှင်ပွဲများပါဝင်မည်ဖြစ်ပြီး အဆိုပါ တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်ပွဲဈေးကို လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည်။

ယင်းပွဲတော်တွင် ဈေးရောင်းချလိုသည့် မည်သူမဆို ပွဲတော်ကျင်းပရေးကော်မတီ ၀၉ ၆၈၈၂၃၇၇၉၉ ၊ ၀၉ ၇၆၅၀၃၁၀ ၉၇ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

Source: Popular Myanmar