EU က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံ သက်တမ်းတိုး

News Image

  • EU က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံ သက်တမ်းတိုး

ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ကြကြောင်း သဘောတူညီခဲ့ကြပြီး EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Kaja Kallas က သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။

ဟန်ဂေရီသည် နိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှု လေးပုံသုံးပုံခန့်ကို ရုရှားအပေါ်မှီခိုနေရပြီး ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုများ သက်တမ်းတိုးခြင်းအား ကန့်ကွက်မည်ဟု ပြောဆိုထားခဲ့သည်။

ထို့အတူ ဆလိုဗက်ကီးယားသည်လည်း ၎င်း၏ဝယ်လိုအား ၆၀% ခန့်ကိုပြည့်မှီရန် ရုရှား၏ဓာတ်ငွေ့တင်ပို့မှုအပေါ် မှီခိုနေရပြီး ကိယက်ဗ်၏ စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ခဲ့မှုအပြီးတွင် ၎င်းတို့အနေဖြင့် ထောက်ပံ့မှုများ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်းပြောဆိုထားခဲ့သည်။

Orban နှင့် Fico တို့သည် ယူကရိန်းစစ်မြေပြင်တွင် ရုရှားကိုအနိုင်ယူ၍မရနိုင်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ကြကာ ကိယက်ဗ်အား အနောက်နိုင်ငံများ၏ စစ်ရေးအကူအညီသည် သွေးထွက်သံယိုမှုကိုသာ တာရှည်စေမည်ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုသည် ရုရှားကို ထိခိုက်သည်ထက် ဥရောပစီးပွားရေးကို ပိုမိုထိခိုက်စေသည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက အခိုင်အမာပြောဆိုခဲ့ကြသည်။ 

ကိုးကား-RT