Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်မည့် အစီအစဉ် ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး
ဇန်နဝါရီ ၂၇ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် Iron Dome အမျိုးသားဒုံးကျည်ကာကွယ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါသည်။
ဒေါ်နယ်ထရမ့်သည် ကျမ်းသစ္စာကျိန်ဆိုသည့် ဇန်နဝါရီ ၂၀ ရက်က မိန့်ခွန်းပြောကြားရာတွင် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ပြည်တွင်း၌ ထုတ်လုပ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ယခု ဒုံးကျည်ကာကွယ်ရေးစနစ်အမိန့်ကို ထရမ့်က ဖလော်ရီဒါမှ မေရီလန်းသို့ သွားရောက်သည့် Air Force One လေယာဉ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပါသည်။
ကိုးကား-TASS
MM-News-Category