EU က ရုရှားကို ၁၆ ကြိမ်မြောက် အရေးယူပိတ်ဆို့မှု ပြုလုပ်ရန် စီစဉ်နေကြောင်း Bloomberg ပြောကြား

News Image

  • EU က ရုရှားကို ၁၆ ကြိမ်မြောက် အရေးယူပိတ်ဆို့မှု ပြုလုပ်ရန် စီစဉ်နေကြောင်း Bloomberg ပြောကြား

ဥရောပသမဂ္ဂအနေဖြင့် ရုရှားနိုင်ငံအပေါ် ၁၆ ကြိမ်မြောက် အရေးယူပိတ်ဆို့မှုပြုလုပ်ရန် ပြင်ဆင်ဆွေးနွေးနေကြောင်း၊ ထိုပိတ်ဆို့မှုတွင် ရုရှားဘဏ် ၁၅ ခုကို SWIFT ဘဏ်စနစ်မှ ဖြတ်တောက်ရန် စီစဉ်နေကြောင်း၊ ရုရှားရေနံတင်သင်္ဘော ၇၄ စင်းကိုလည်း ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလာနိုင်ကြောင်း၊ ထို့အပြင် ရုရှားက အလူမီနီယမ်တင်သွင်းမှုကိုလည်း ကန့်သတ်လာနိုင်ကြောင်း၊ ထိုပိတ်ဆို့မှုအဆိုပြုချက်များအတွက် ဥရောပသမဂ္ဂနိုင်ငံများ၏ သဘောတူညီချက်ရယူရန် လိုအပ်ကြောင်း Bloomberg က အစီရင်ခံ ဖော်ပြထားပါသည်။

ကိုးကား-TASS

Photo: UNITED24 Media