Gulf of Mexico ကို Gulf of America အဖြစ် ပြောင်းလဲရန် Google ကြေညာ

News Image

  • Gulf of Mexico ကို Gulf of America အဖြစ် ပြောင်းလဲရန် Google ကြေညာ

ဇန်နဝါရီ ၂၀ တွင် လက်မှတ်ရေးထိုးလိုက်သည့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ စီမံအုပ်ချုပ်ရေးအမိန့်အရ အမေရိကန်ရှိ Google အသုံးပြုသူများအတွက် Google Map ပေါ်တွင် မက္ကဆီကိုပင်လယ်ကွေ့ (Gulf of Mexico) အမည်ကို အမေရိကပင်လယ်ကွေ့ (Gulf of America) အမည်သို့ ပြင်ဆင်ပြောင်းလဲတော့မည်ဖြစ်ကြောင်း Google က ဇန်နဝါရီ ၂၇ ရက်(တနင်္လာနေ့)တွင် ကြေညာလိုက်ပါသည်။ 

ထို့ပြင် မြောက်အမေရိက၏ အမြင့်ဆုံးတောင်ထွတ် ဖြစ်သည့် Mount Denali ကို Mount McKinley အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ထိုပြောင်းလဲမှုများကိုအမေရိကန်အစိုးရက တရားဝင် ညွှန်ကြားလာပါက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

ကိုးကား -ALJAZEERA