ထရမ့်၏ ဂါဇာဒေသခံများ ရွှေ့ပြောင်းရေးကိစ္စ တရုတ် ကန့်ကွက်
တရုတ်နိုင်ငံသည် ဂါဇာဒေသခံများကို အတင်းအကျပ် ပြောင်းရွှေ့မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို ဆန့်ကျင်ပါကြောင်း၊ ပါလက်စတိုင်း ပြဿနာကို နှစ်နိုင်ငံနိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပြောကြားလိုက် ပါသည်။
“ဂါဇာဒေသခံများကို အတင်းအကျပ်ပြောင်းရွှေ့ခြင်းကို တရုတ်က ဆန့်ကျင်ပါကြောင်း၊ ပစ်ခတ်မှုများ ရပ်စဲပြီးနောက် စီမံခန့်ခွဲရေးလုပ်ငန်းများကို အခွင့်အလမ်း အဖြစ် အသုံးချကာ ပါလက်စတိုင်းပြဿနာကို နှစ်နိုင်ငံနိုင်ငံရေးလမ်းကြောင်း ဖြေရှင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း” ၎င်းက ပြောကြားထား ပါသည်။
ထရမ့်အစီအစဉ်ကို အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီ၊ တရုတ်၊ ရုရှား၊ ပြင်သစ်အပါအဝင် နိုင်ငံအများအပြားက ဆန့်ကျင်နေကြပြီး နှစ်နိုင်ငံဖြင့် ဖြေရှင်းသည့် နည်းလမ်းကို ထောက်ခံကြောင်း ထုတ်ပြန်ထားကြပါသည်။
ကိုးကား-TASS
Photo: Ahram Online