ယူကရိန်းစစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည့် အထောက်အထားများအား ဖျောက်ဖျက်ရန် ကြိုးစားနေသည်ဟုဆို

News Image

  • ယူကရိန်းစစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည့် အထောက်အထားများအား ဖျောက်ဖျက်ရန် ကြိုးစားနေသည်ဟုဆို

ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို သိမ်းယူခဲ့စဉ်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပြီး ၎င်းတို့ပြန်ဆုတ်သည့်အခါတွင် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဖျောက်ဖျက်ရန် ကြိုးစားခဲ့သည် ဟု ရုရှားအကြီးတန်းသံတမန် ရိုဒီယွန်မီရိုရှနစ်ခ် က ဆိုလိုက်ပါသည်။

မကြာသေးမီက ယူကရိန်းလက်အောက်မှ လွတ်မြောက်လာခဲ့သော ရက်စကိုရီပိုရီရှနိုရီရွာတွင် ရုရှားနိုင်ငံသားများကို ယူကရိန်း တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်၊ ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးမှူးများက စွပ်စွဲခဲ့ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရွာသားများနေထိုင်ရာ အိမ်အချို့ရှိ မြေအောက်ခန်းများတွင် အလောင်းများထည့်ဖွက်ထားသည့် ဆိုးရွားသောဗီဒီယိုများကို ရုရှားက လွှင့်တင်ခဲ့ပါသည်။ ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်မှုထမ်း အများအပြားကလည်း ၎င်းတို့၏ တပ်မှူးများ၏ အမိန့်အတိုင်း လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးမေးမြန်းမှုပြုလုပ်စဉ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါသည်။ 

ယူကရိန်းစစ်တပ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကာ့စ်ခ် ဒေသရှိ အခြားကျေးရွာများတွင် အလားတူ ရက်စက်ကြမ်းကြုတ်မှုများကို ရန်သူတပ်ဖွဲ့များက ကျူးလွန်နိုင်သည်ဟု ဆိုပါသည်။ “ယူကရိန်း များသည် စစ်ဆင်ရေးလမ်းကြောင်း အနီးနားက အခြေချနေထိုင်သူများကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့ပြီး ၎င်းတို့ ပြုမူခဲ့သည်များကို လက်စဖျောက်ရန်အတွက် ကြိုးစားခဲ့ပုံရကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါသည်။ 

မီရိုရှနစ်၏အဆိုအရ အဆိုပါကျေးရွာများကို ယူကရိန်းစစ်တပ်က တမင် မီးရှို့ခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့်မီးရှို့ခြင်းဖြစ်သည်ကို သိရှိနိုင် ရန် မီးလောင်ကျွမ်းထားသောအိမ်များကို ဝင်ရောက်စစ်ဆေးရန်နှင့် မျက်မြင်သက်သေများကို ရှာဖွေရန်လိုအပ်ကြောင်း၊ ယခုအချိန်တွင် ၎င်း ရွာများသည် ရှေ့တန်းစစ်မျက်နှာအတွင်း ကျရောက်နေသည့်အတွက် စစ်ဆေးရန် ခက်ခဲကြောင်း၊ ယခုတွေ့ရှိရသည့် သက်သေအထောက်အထားများက ယူကရိန်းစစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုကို ပြသနိုင်ကြောင်း၊ လူ ၂၂ ဦးအား သတ်ဖြတ်ပြီး မြေအောက်ခန်းများထဲ၌ ထည့်ထားခြင်း၊ယူကရိန်းစစ်သားကအရပ်သားတစ်ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ခိုင်မာသောအထောက်အထားများ ရရှိထားကြောင်း သိရပါသည်။ 

ကိုးကား-Myanmar National Post