ဥရောပက လုံခြုံရေးအာမခံချက် ပေးမည်ဆိုပါက အမေရိကန် ပြုလုပ်မည့် မည်သည့် တရားဝင်ငြိမ်းချမ်းရေးလမ်းကြောင်းအတွက်မဆို အသင့်ရှိကြောင်း ယူကရိန်းပြောကြား
ဥရောပက လုံခြုံရေးအာမခံချက် ပေးမည်ဆိုပါက အမေရိကန် ပြုလုပ်မည့် မည်သည့် တရားဝင်ငြိမ်းချမ်းရေးလမ်းကြောင်း အတွက်မဆို အသင့်ရှိ ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၉ ရက် (တနင်္ဂနွေနေ့) က ဗြိတိန်ရုပ်မြင်သံကြား ITV နှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။
ရုရှားသဘောဆန္ဒမပါဘဲ သံတမန်နည်းလမ်းတကျ စစ်ပွဲရပ်တန့်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ယခင် Bloomberg သတင်းစာနှင့် အင်တာဗျူး တွင် ပြောကြားခဲ့သလို ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း ဇီလန်စကီး သည် စစ်ပွဲအတွက် ငြိမ်းချမ်းရေးဆွေးနွေးရမည့် တရားဝင် ယူကရိန်း ခေါင်းဆောင်တစ်ဦးဟု မိမိ အသိအမှတ်မပြုကြောင်း ကြိမ်ဖန်များစွာ ပြောကြားထားပါသည်။
ကိုးကား-TASS
MM-News-Category