ရုရှား - တရုတ် ခေါင်းဆောင်နှစ်ဦး အပြန်အလှန် လည်ပတ်မည်
တရုတ်သမ္မတရှီကျင်းဖျင်သည် လာမည့် မေ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ (Great Patriotic War) ၏ ၈၀ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း ကရင်မလင်က ထုတ်ပြန်လိုက်ပါသည်။
အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံက ရုရှားသမ္မတဗလာဒီမာပူတင်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာတွင် တရုတ်နိုင်ငံ၊ ပေကျင်း၌ ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ဖော်ပြထားပါသည်။
ကိုးကား - kremlin.ru
MM-News-Category